Some - သေချာပေမယ့် သီးသန့်မသတ်မှတ်ရသော ပမာဏတစ်ခုကိုရည်ညွန်းပြောဆိုချင်တဲ့အခါ some ကိုသုံးပါတယ်
Example:"There is some milk in the fridge."
"ရေခဲသေတ္တာထဲမှာ နို့အချို့ရှိတယ်။"
ဒါ့အပြင်တစ်စုံတစ်ခုကို ကမ်းလှမ်းခြင်း၊ တောင်းဆိုခြင်းတွင်လည်း အသုံးပြုပါတယ်
Example: "Would you like some more coffee?"
"ကော်ဖီနည်းနည်းထပ်သောက်မလား?"
Any- Negative နဲ့ interrogative sentences တွေမှာ သေချာပေမယ့် သီးသန့်မသတ်မှတ်ရသောပမာဏကို ရည်ညွန်းပြောဆိုချင်တဲ့အခါ Any ကိုသုံးပါတယ်။
Example: "Is there any milk in the fridge?"
"ရေခဲသေတ္တာထဲမှာ နို့မရှိဘူးလား?"
ဒါ့အပြင် any ကို ဘယ်ဟာကိုမဆို လို့ရည်ညွန်းပြောဆိုတဲ့အခါမှာလည်းအသုံးပြုပါတယ်
Example: "You can take any seat but this one."
"ဒီထိုင်ခုံမှအပ မည်သည့်ထိုင်ခုံမဆိုရွေးထိုင်နိုင်သည်။"
ဒီလောက်ဆိုသားသားမီးမီးတို့ နားလည်မယ်ထင်ပါတယ်၊ နောက်နေ့တွေမှာလည်း english စာနဲ့ပတ်သတ်ပြီး တင်ပေးသွားမှာမို့ page ကို like & follow လုပ်ထားဖို့မမေ့နဲ့နော်။
#AELCKIDS #some #any #younglearners