အိပ်ယာထဲ မရောက်တောင်
ကြုံရာနေရာမှာ ခွေသွားတတ်လို့
မိဘကအိပ်ရာထဲ ချီပြီးပို့ခဲ့ရတဲ့
အသက်အရွယ်ကနေ၊
အိပ်ယာထဲကျောခိုင်းပြီးတာတောင် တောင်တွေး၊မြောက်တွေး
ဟိုပူ၊ဒီပူနဲ့ တစ်နာရီလောက်
အိပ်လို့မပျော်တော့တဲ့
အသက်အရွယ်ကိုတောင်
ရောက်လာပြီပဲ။
"လျှပ်စစ်မီးနဲ့ညတွေဟာ
မှုန်ပြပြဖယောင်းတိုင်လေးရဲ့
လင်းအားလောက် လူကို
အိပ်မောမကျစေနိုင်ဘူးထင်တယ်
အမေ။"
#crd