YNI-ရန်ကုန်သတင်းပုံရိပ်

@yangonnewsimage


{ 𝐘𝐍𝐈-𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 }ရန်ကုန်သ
တင်းပုံရိပ်-သတင်းအေဂျင်စီသည်ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏မူပိုင်ခွင့်
နှင့် မှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ထားသော တရားဝင်ခွင့်ပြုလက်မှတ်ရရှိထားသည့်သတင်းမီဒီယာတစ်ခုဖြစ်သည်

YNI-ရန်ကုန်သတင်းပုံရိပ်

21 Oct, 08:47


ပုလောမြို့နယ် စက်လှေ တိမ်းမှောက်မှု ၊လူ(၇၀)ဦးခန့်ပျောက်ဆုံးကာ ၊ အလောင်း(၈)
လောင်းပြန်တွေ့ထား
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐎𝐜𝐭𝐨𝐛𝐞𝐫 , 𝟐𝟏 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ပုလော }

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ ကျောက္ကာရွာအနီး ကျောက္ကာချောင်းဝမှာ အောက်တိုဘာ ၂၀ ရက်၊ ည ၉ နာရီကျော်အချိန်ခန့်က ၊ စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းဒေသသတင်းအရင်းမြစ်မှသိရသည်။

စက်လှေတိမ်းမှောက်မှုကြောင့် အောက်တိုဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းအထိ ပျောက်ဆုံးနေသူများအနက် အလောင်း (၈)လောင်းကို ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်းခဲ့ကြပြီး ၊ သရဏဂုံတင်ပေးထားကြောင်းသိရသည်။

ဒေသခံဖြစ်သည့် ကျောက္ကာရွာဆရာတော် အရှင်သုန္ဒရက ၊ စက်လှေတိမ်းမှောက်မှုဖြစ်စဉ်တွင်
လူ(၇၀)ဦးခန့်ပျောက်ဆုံးနေကြောင်းနှင့် တွေ့ရှိရုပ်အလောင်းများကိုသရဏဂုံတင်ပေးထားကြောင်း သူ၏ လူမှုကွန်ယက်တွင်အသိပေးဖေါ်ပြထားသည်။


မြိတ်မြို့ကို ထွက်ခွာလာတဲ့ စက်လှေသည်
ကျောက္ကာချောင်းဝတွင် ပါလာသည့်ဝန်က ၊များပြီး ၊ ရေစီးသန်သည့်အတွက်ကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအရင်း
အမြစ်များမှသိရသည်။

ဓါတ်ပုံ-အရှင်သုန္ဒရ

#𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
#ပုလောမြို့နယ်
#ကျေက္ကာ
#စက်လှေတိမ်းမှောက်မှု

YNI-ရန်ကုန်သတင်းပုံရိပ်

21 Oct, 03:43


အထူးမိုးလေဝသသတင်း
-------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐎𝐜𝐭𝐨𝐛𝐞𝐫 , 𝟐𝟏 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏
ထုတ်ပြန်ချက်အားပြန်လည်ဖေါ်ပြလိုက်သည်

၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ နောက် (၆)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
၂။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာ ကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
၃။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
အကြုံပြုချက်
၄။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

#𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
#မိုးဇလ

YNI-ရန်ကုန်သတင်းပုံရိပ်

21 Oct, 03:20


ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐎𝐜𝐭𝐨𝐛𝐞𝐫 , 𝟐𝟏 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { မန္တလေး }

ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ၁၆၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြ
သာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ မအားဖိန်(ခ) လီဟိုဖိန် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မအားတုံ(ခ)စန်းသီရိအောင် အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၂၀၄၅ အချိန် မအားတုံ(ခ)စန်းသီရိအောင် ငှားရမ်းနေထိုင်သည့် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ ဟိုတယ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၇၀၀ ဂရမ်
(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၄၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်ကြောင့် မအားဖိန်(ခ)လီဟိုဖိန်(၃၆)နှစ် နှင့် မအားတုံ(ခ)စန်းသီရိအောင်(၂၉)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

#𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
#CCDAC

YNI-ရန်ကုန်သတင်းပုံရိပ်

16 Oct, 04:13


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင်ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ(၂)ဦး(သေဆုံး)ပြီး(၁၂)ဦး ထိခိုက်ဒဏ်ရာရ
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐎𝐜𝐭𝐨𝐛𝐞𝐫 , 𝟏𝟑 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

၁၆.၁၀.၂၀၂၄ ရက်နေ့၊ ၀၅ ၀၀ အချိန်ခန့်၊
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင်
ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ(၂)ဦး(သေဆုံး)
ပြီး(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုငံမီးသတ်တပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၁၆ရက်နေ့ နံနက်အစောပိုင်း
၀၅း၀၀နာရီအချိန်ခန့်က၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၄/၀) တွင် YUTONG အမျိုးအစား ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားရာသို့ သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)
စီး၊ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်များ ဆောင်ရွက်ပေးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၂၈)ဦးအနက် ကျား(၈)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

သေဆုံးသူတို့နင့်ဒဏ်ရာရသတို့အား 192 အရေးပေါ်ကူညီမှုအသင်းယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-MFSD

#𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
#Accident
#ရန်ကုန်-မန္တလေးအမြန်လမ်း
#၂ ဦးသေ(၁၂)ဦးဒဏ်ရာရ

YNI-ရန်ကုန်သတင်းပုံရိပ်

13 Oct, 12:29


𝗣𝗵𝗼𝘁𝗼 𝗡𝗲𝘄𝘀
{၁၀၄}နှစ်မြောက်မြန်မာ့ရုပ်ရှင်နေ့နှင့်{၄၇}ကြိမ်မြောက်ရုပ်ရှင်သက်ကြီးမိဘပူဇော်ကန်တော့ပွဲ
ပြုလုပ်
════════════════════════════════════
𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
𝐎𝐜𝐭𝐨𝐛𝐞𝐫 , 𝟏𝟑 , 𝟮𝟬𝟮𝟒 { ရန်ကုန်သတင်းပုံရိပ် }
𝗟𝗼𝗰𝗮𝗹𝗡𝗲𝘄𝘀 { ရန်ကုန် }

ယနေ့ အောက်တိုဘာလ၁၃ရက်၊နံနက်၉နာရီကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရွှေရတုခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-U Ayu Kyu Lay(fb)

#𝐘𝐚𝐧𝐠𝐨𝐧 𝐍𝐞𝐰𝐬 𝐈𝐦𝐚𝐠𝐞 { 𝐘𝐍𝐈 }
#မြန်မာ့ရုပ်ရှင်နေ့
#သက်ကြီးမိဘပူဇော်ပွဲ