The Be-Unique Thriving Community

@tharhtoobeuniquecommunity


On a mission to Mindful Living, Inner Peace Self-discovery, and Transformation 🌻🕊️✨🦋 More on www.tharhtoobeunique.com

The Be-Unique Thriving Community

21 Jan, 00:26


လမ်းပျောက်နေတာထက်
မိမိကိုယ်ကိုယ်ပြန်လည်
မရှာဖွေရသေးတာ...၊

ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့အခါ
ကိုယ့်ရဲ့တိုးတက်မှုခရီးစဥ်ကို
ကိုယ်တိုင် တာ၀န်ယူတတ်လာစေမယ်၊
ကိုယ့်ရဲ့အနာဂတ်ဆိုတာ
ကိုယ်တိုင်ပုံဖော်ရမှာကိုမြင်လာမယ်၊
အခြားလူကို နှောက်ယှက်ဖို့တောင်
မတွေးတော့ဘူး။

တဖက်မှာလည်း မိမိကိုယ်ကိုယ်
တိုးတက်အောင်လုပ်ခြင်းနှင့်
အရာတွေအပေါ်မှာ အားသာမှုရှိခြင်းနှင့်
မတူတာကိုလည်းတွေ့မြင်လာမယ်။

ဥပမာ
စာမေးပွဲမှာတော်တာ၊
ပြိုင်ပွဲမှာအနိုင်ရတာ၊
ကျော်ကြားတာ၊ဆုရတာ စတာတွေက
လူကောင်းဖြစ်ခြင်း မဖြစ်ခြင်းကို
တိုင်းတာလို့မရဘူး။
လူကောင်းဖြစ်ခြင်းဆိုတာ
သူ့ရဲ့လုပ်ရပ်တွေမှာ
တွေ့ရလေ့ရှိတယ်။
လူတွေကိုဘယ်လိုဆက်ဆံနေလဲ၊
ပြုမူကျင့်ကြံနေလဲပေါ့...။

နောက်ပိုင်း ဒါကိုလည်းမြင်လာတယ်။
အတန်းထဲမှာတော်တာ၊ စာရတာ၊
ကို လူကြီးတွေက ချီးကျူးကြတယ်။
ဒါပေမဲ့ ကလေးတွေရဲ့ကျောင်းပြင်ပ
လုပ်ရပ်ကောင်းလေးတွေကို
မြင်ဖို့မေ့နေတာမျိုး။
အရာတွေမှာတော်နေတာနှင့်
လူတော်လူကောင်းဖြစ်နေတာနှင့်
ကွာတာကို မြင်ဖို့လိုပါတယ်။

ဒီအချက်ကလည်းကျွန်တော့်ကို
အမြင်ပွင့်သွားစေတယ်...။
ဒါကြောင့်လည်း တော်နေပြီး
လူကောင်းဖြစ်ဖို့ ခက်နေတာကို
မျက်၀ါးထင်ထင်မြင်လာရတယ်...။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:26


သတိမူမိခြင်းဟာစွမ်းအား,
Awareness is Power. ဆိုတဲ့
အချက်ကို တစ်နေ့တစ်ခြားမြင်မိလာတယ်။

မိမိတို့ကြုံဆုံနေရတဲ့ဘ၀အခက်အခဲ၊
စိတ်အကျပ်အတည်း၊ ပြဿနာများ၊
မွန်းကျပ်မှုများစတဲ့ ဘ၀ရေးရာ
ကိစ္စအ၀၀တွေကို ကျော်လွှားနိုင်ဖို့
သတိမူမိခြင်းမှာအဖြေတွေ
ကိန်းအောင်းနေကြတယ်ဆိုတာ
သေချာလာစေတယ်...။

ဗုဒ္ဓမြတ်စွာ အနေနှင့်လည်း ဒုက္ကရစရိယာ
ကို (၆)နှစ်တိုင်တိုင်ကျင့်ကြံနေခဲ့ပြီးမှ
သိမြင်တော်မူလာတာက ဒီနည်းလမ်းဟာ
လမ်းဆုံး မဟုတ်နေဘူးဆိုတာကို သတိမူ
လက်ခံပြီးမှာ နောက်ထပ် မှန်ကန်တဲ့လမ်းကြောင်းကို
ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့်လည်း
သဗ္ဗညုတဉာဏ်တော်ရရှိခဲ့တယ်။

တဖန် ဘ၀ရေးရာကိစ္စတွေ မှာလည်း
ကိုယ်ဖြေရှင်းရမဲ့ အရာတွေကတစ်နေရာ
အာရုံစိုက်နေတာက နောက်တစ်နေရာ
ခုတ်ရာတစ်ခြား၊ ရှရာတခြား လိုဖြစ်နေတတ်တယ်။
Steven Bartlett နဲ့ Dr.K တို့ပြောကြတဲ့ Podcast
မှာလည်း Awareness ဆိုတာဟာ
စိတ်ဒဏ်ရာတွေထိကို ကုစားရာမှာ
အသုံးပြုနိုင်တဲ့ အစွမ်းထက်တဲ့
လက်နက်ဖြစ်တယ်လို့ဆိုတယ်...။
Productivity, Personal Development
တွေကိုဇွတ်မိတ်လုပ်နေပေမဲ့
မိမိရဲ့ ဖြစ်နေတဲ့ နဂိုအခြေအနေကို
ပြန်မကြည်တာ၊ မျက်နှာလွဲထားနေတာဟာ
အချိန်သာကြာစေပြီး စိတ်ဒဏ်ရာတွေကိုသာ
ဘ၀ခရီးတစ်လျှောက်သယ်သွားနေရမှာဖြစ်တယ်။
ငွေကြေးဖူလုံပြီး ဘ၀တိုးတက်နေတဲ့အချက်က
စိတ်ဒဏ်ရာတွေကိုကုစားနိုင်ခြင်းမဟုတ်ဘဲ
သီးခြားဆီဖြစ်နေတာကိုလည်း
သူတို့ဆွေးနွေးခဲ့တယ်။

ကျွန်တော့်အတွက်ဆိုရင်လည်း
ကိုယ်ရဲ့ဖြစ်တည်မှုကို သိနေပေမဲ့
လက်ခံဖို့ တွန့်ဆုတ်နေခဲ့မိတယ်။
လက်ခံလိုက်မှ ကြုံဆုံနေရတာတွေကို
ဖြေရှင်းနိုင်မယ်ဆိုတဲ့ 'သတိမူမိခြင်း'ကို
မြင်လာတာမို့ အရှက်နှင့်သိက္ခာတွေကို
လက်ခံ‌ကျော်လွှားပြီး လုပ်သင့်လုပ်ထိုက်တာကို
လုပ်လိုက်တာမျိုးလို့ပြောနိုင်ပါတယ်။
ကိုယ်သွားချင်တဲ့လမ်းခရီးကလည်း
လူတွေကို မြှင့်တင်ပေးဖို့နှင့် အလင်းပေးဖို့
ဖြစ်နေပေမဲ့ ကိုယ်တိုင် လက်ခံဖို့ တွန့်ဆုတ်နေမယ်၊
သိရက်နှင့် မမူနေဘူးဆိုရင် စစ်မှန်တဲ့
အပြောင်းအလဲလို့ခေါ်ဆိုနေဖို့ခက်ပါလိမ့်မယ်။

(တကယ်လည်းကျွန်တော့်အတွက်
အဆင်ပြေလောက်တယ်ဆိုတဲ့အချိန်ကို
ယူမယ်ဆိုပြီးလုပ်နေပေမဲ့ နေ့ရွေ့ညရွေ့နေခဲ့တယ်။
ပြောင်းလဲမှုက အရွေ့လုပ်မှဆိုတာကို
ကိုယ်တွေ့နားလည်လာတယ်၊ ဒီလမ်းကြောင်းသာ
မလျှောက်ခဲ့ဘူးဆိုရင် တစ်မျိုးတစ်ဖုံဖြစ်နေလိမ့်မယ်။
သို့ပေမဲ့ အချိန်တန်ရင် လူတွေကသိလာမှာကိုတော့
သတိချပ်ထားခဲ့ပါတယ်။ ဒီလိုလက်ခံမှုအပြီးမှာလည်း
သူ့အလိုက်အထိုက် စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေ၊
အရှိန်တွေကျန်နေသေးတာကိုလည်းခံစားသိမြင်ရပါတယ်။)

အချုပ်မှာတော့ ဘ၀မှာ
သတိမူမိခြင်းနှင့်ပဲ အရွေ့တွေကို
လုပ်နိုင်ကြပါတယ်။
ကိုယ်စီးနေတဲ့မြင်းဟာ
အထီးအမသိနေဖို့လိုတယ်။
ကိုယ်သွားချင်တဲ့လမ်းဟာလည်း
ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေခြင်းနှင့်သာရောက်နိုင်ပြီး
ဒီလိုချဥ်းကပ်ခြင်းဟာလည်း
အဓိပ္ပာယ်ရှိတဲ့ဘ၀တွေကို
ပိုင်ဆိုင်နိုင်ကြမှာဖြစ်တယ်။

Awareness is Power.
Acceptance is Power.
You are Power.

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:25


ဘ၀အချိန်အပိုင်းအခြား
တစ်ခုရောက်လာတဲ့အခါ
သင်ယူရလိုက်တာက
ကိုယ်ရှာဖွေနေတဲ့
ချစ်ခြင်းမေတ္တာတွေ၊
ဂရုစိုက်ခံရမှုတွေ၊
အသိအမှတ်ပြုမှုတွေ၊
သနားညှာတာခံရမှုတွေ၊
စတဲ့ကိုယ်လိုအပ်နေတဲ့
အရာတွေက ပြင်ပမှာ
ရှာဖွေလေလေပိုပြီး
မရှိလေလေပါဘဲ။

(ကိုယ့်ကိုယ် စစ်မှန်စွာနှင့်
ပေးနေသူရှိရင်တော့တစ်မျိုးပေါ့၊
ဒါကလည်းရေတိုဆန်ပါတယ်)

ပြောနေကျဆိုရိုးလို
ကိုယ့်အိမ်ထဲပျောက်သွားတဲ့
ပစ္စည်းကို မဆီမဆိုင်
လမ်းထဲထွက်ပြီး
မီးခွက်ထွန်းရှာနေခြင်းပါ။
တဖက်မှာလည်း ကိုယ့်ကြောင့်
ပျောက်တဲ့ပစ္စည်းက
ဘေးကလူတွေကြောင့်ဆိုပြီး
တလွဲ မှားယွင်းစွာ
နှလုံးသွင်းထားခြင်းပါ။
ကိုယ်လုပ်ပျောက်လိုက်တဲ့ပစ္စည်းဟာ
ကိုယ့်ကြောင့်လို့
အရင်လက်ခံရမယ်၊
ကိုယ်အနေနှင့် ၀န်ခံရမယ်...။

၀န်ခံခြင်းဟာ
အညံ့ခံခြင်းမဟုတ်ဘဲ
ကိုယ့်ရဲ့အမှားအပေါ်မှာ
လိပ်ပြာသန့်စွာနှင့်
တာ၀န်ယူမှုတာ၀န်ခံမှု
ရှိစေတာဖြစ်တယ်။

ဒီအချက်က
သစ္စာဆိုတဲ့အခါမှာလည်း
မိမိမှာစင်းလုံးချော
အမှားမရှိရဘူးလို့မဟုတ်ဘဲ
မိမိရဲ့ကောင်းခြင်းဆိုးခြင်းတွေအပေါ်မှာ
ရဲရဲကြီး၀န်ချတောင်းပန်တာ၊ ၀န်ခံတာမျိုး
လုပ်နိုင်ပါမှ သစ္စာဆိုတဲ့အခါ
ထိရောက်မှုရှိတယ်။

ဒါကြောင့်မိမိတို့ရဲ့
တစ်ဦးတစ်ယောက်ခြင်းဆီကနေ
စတင်ပြီး မိမိတို့ရဲ့
ကောင်းခြင်းဆိုးခြင်းတွေကို
စတင် 'အသိအမှတ်ပြု'ဖို့လိုပါမယ်။
လွယ်တော့မလွယ်ပေမဲ့ မလွယ်တာက
လိုအပ်ချက်ဖြစ်နေတာမို့
နိုင်သလောက် အရွှေ့တွေလုပ်နေဖို့လိုပါတယ်။

ကိုယ့်မှာရှိတာတွေပဲ ကိုယ်နှင့်အပြင်ကို
ထုတ်လွတ်နိုင်မယ်၊ ဖြန့်ဖြူးနိုင်မယ်။
'You emit what you have inside of you'
ကိုယ်မှာ ကောင်းတဲ့အရာတွေရှိမှ
ကောင်းတာတွေကို ထုတ်လွတ်နိုင်မယ်၊
မကောင်းတာများရင် မကောင်းတာဘဲ
ပိုမိုထုတ်လွတ်နေလိမ့်မယ်။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:24


ကြောက်နေတာတွေကို
ပြန်မဆင်းကြည့်လို့
ပိုကြောက်နေတတ်တယ်...။

သေချာအဖြူအမည်း
သည်းကွဲတဲ့အခါ
ကြောက်ရကောင်းမှန်း
မကောင်းမှန်း
သိလာလိမ့်မယ်..။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:24


ရှင်းလင်းဖို့က မိမိတို့ရဲ့ အပျက်သဘောဆောင်တဲ့အမူအကျင့်တွေ၊အတွေးတွေကို ယတိပြတ် ထုတ်ပယ်တာမျိုးမဟုတ်ဘဲ မိမိတို့အနေနှင့် အပြုသဘောဆောင်တဲ့ အမူအကျင့်တွေကိုသာ ပိုမိုရွေးချယ်လုပ်ဆောင်တာဖြစ်တယ်။ ထိုအခါ အချိန်ကြာလာတာနှင့်အမျှ အပျက်သဘောဆောင်တာတွေအားပျော့သွားမှာဖြစ်တယ်။

Clarity: Instead of eliminating negative behaviors or thoughts, focus on adding positive ones. Over time, as your positive actions grow, the negative ones will weaken.

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:23


တစ်ခါတစ်ရံ
ကိုယ့်ရဲ့အတွေးတွေထဲမှာ...
ခေါင်းထဲမှာ...
အဆိုးဆုံး မြင်ကွင်းတွေ၊
လုပ်ရပ်တွေ၊ ဖြစ်ရပ်တွေ၊
ပြောဆိုမှုတွေ၊
စတာတွေကို မဖြစ်သေးခင်
ပုံဖော်ထားခြင်းက
လက်တွေ့နှင့်
ကင်းကွာနေတတ်တယ်။

ဒီလိုနှင့် အခြေအမြစ်မရှိတဲ့
ပုံဖော်မှုတွေက အမှန်သဖွယ်
စွဲကိုင်ထားတတ်လေ့ရှိတယ်။
တစ်နည်းအားဖြင့်
ကိုယ့်ရဲ့ reality လို
ဖြစ်နေလေ့ရှိတယ်။

ဒါကိုကျော်လွှားဖို့
အချိန်တစ်ခုလိုတယ်၊
ကျွန်တော့်အတွက်
မသိတာကိုမေးလေ့ရှိတယ်၊
ရှာဖွေဖတ်လေ့ရှိတယ်၊
ကိုယ့်ထက်သိသူတွေရဲ့
အမြင်တွေကိုလေ့လာဖြစ်တယ်၊

တဖက်မှာလည်း ဒါကို
စွဲကိုင်ထားတာကို သတိမမူနေသေးတဲ့
အခိုက်အတန့်တွေရှိနေခဲ့တယ်။
ပြောင်းလဲမှုအချိန်မတန်သေးလိုဘဲ
ပြောရမလားပေါ့။

တကယ်တော့လည်း
ဘ၀ရဲ့ တိုးတက်မှုဖြစ်စဥ်က
သူမတူကြတာတော့သေချာတယ်။
အရေးကြီးသည်မှာ
ကိုယ်ရောက်ရှိနေတဲ့ဘ၀ဇာတ်ခုံ
မှာ ကိုယ့်ရဲ့အကောင်းဆုံးတွေကို
လုပ်နေဖို့၊ ညစ်အားသုံးပြီး
လုပ်နေဖို့၊ မဖြစ်လာသေးတာကို မပူပန်ဖို့၊
'What' တွေကိုများများအာရုံစိုက်ပြီး
'How' တွေက တဖြည်းဖြည်း
ပေါ်လာမယ်ဆိုတာ
ယုံကြည်နေဖို့လိုပါတယ်။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:23


"ကိုယ့်ရဲ့ asset(အဖိုးတန်သောအရာ)
ကလည်းကိုယ့်ရဲ့ဘ၀ဖြတ်သန်းမှု
အတွေ့အကြုံတွေ
ဖြစ်နေလေ့ရှိတယ်...။"

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:23


"တစ်ဖက်မှာလည်းဗုဒ္ဓဘာသာတရားအဆုံးအမဖြစ်တဲ့ 'မဇ္စျိမ ပဋိပဒါ' ဆိုတဲ့ အလည်အလတ်လမ်းစဥ်ကိုနှင်းရမှာဖြစ်တယ်။မဇ္စျိမ ပဋိပဒါ ဆိုတဲ့လမ်းစဥ်ဟာ သိမ်မွေ့ပါတယ်။ အများစုနားလည်ထားတာက အလည်အလတ်လို့ပြောလိုက်ရင် 'ခြံစည်းရိုး'ခွထိုင်တယ်လိုထင်ကြတယ်။ တကယ်တော့ အစွန်းနှစ်ဖက်ရဲ့ ဆီကိုအလေးပေးပြီးမရောက်နေစေဘဲ မိမိအနေနှင့်ချင့်ချိန်ပြီး မိမိအတွက်အလုပ်ဖြစ်စေတဲ့ အနေအထားမှာ နေထိုင်တာဖြစ်ပါတယ်။

အချုပ်မှာတော့ မိမိတို့ရဲ့အတွေးတွေဟာမိမိတို့မဟုတ်ဘဲ စိတ်ကနေလုပ်ဆောင်တာသာဖြစ်တယ်။ ဖြစ်လာသမျှကို တာ၀န်ယူဖြေရှင်းရင်း ဘ၀ကို သူမတူစွာနှင့် ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးအပ်ပါတယ်ဗျာ။"

— @TharHtooBeUnique ရဲ့ အပတ်စဉ် စနေနေ့တိုင်း ပေးပို့သော သတင်းစာစောင်မှရွေးနုတ်တင်ပြချက်

The Be-Unique Thriving Community

21 Jan, 00:23


တကယ်ချစ်ကြတယ်ဆိုတာ ကိုယ့်မှာရှိနေတဲ့ကောင်းခြင်းတွေကို သူ့ကို ဝေမျှပေးချင်လို့ပဲမဟုတ်လား၊ သူ့ကို စိတ်ဒဏ်ရာတွေ၊ ဝေဒနာတွေပေးချင်လို့မှမဟုတ်တာ...။

— P.79, Right Person Right Love

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:22


"Be gentle with yourself. Nourish your soul. Nurture your healing. Be kind to your existence.”

သင့်အပေါ်မှာညှင်သာပါ၊ သင့်ရဲ့၀ိဥာဏ်ကို အားဖြည့်ပေးပါ၊ ကုစားမှုခရီးစဥ်အပေါ်မှာပြုစုပျိုးထောင်ပေးပါ၊ မိမိရဲ့ရှင်သန်မှုအပေါ်မှာ ကြင်နာပေးပါ။


#TheGoodQuote
@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:21


ကိုယ့်ရဲ့အတွေးတွေတိုင်း
ခံစားချက်တွေတိုင်း အပေါ်မှာ
အဓိပ္ပာယ်ဖွင့်ဖို့မလိုပါဘူး။

တစ်ခါတစ်ရံ စိတ်ထဲမှာ
တည်ငြိမ်နေမယ်၊
လှုပ်ခတ်နေမယ်၊
နေရတာ သက်တောင့်သက်သာ
ဖြစ်ချင်မှဖြစ်မယ်၊

ဒါတွေကို အကောင်းဆုံးက
'သတိကပ်မိနေခြင်း'ဖြစ်တယ်။
ပေါ်လာတဲ့ခံစားချက်တိုင်းကို
တုံ့ပြန်ဖို့မလိုသလို၊ အရေးတယူ
လုပ်နေဖို့မလိုဘူး။
ခံစားချက်တွေရဲ့ခိုင်းတာတွေကိုလည်း
လိုက်လုပ်စရာမလိုဘူး။

ဘ၀မှာ မိမိခံစားချက်တွေနှင့်
ထွေးလုံးရစ်ပတ်နေသွားကြရမယ်။
ရေတိုမဟုတ်လို့
ဖြစ်နေတဲ့ အတွေးတွေ၊
စိတ်ခံစားချက်တွေမှာ
အသိ၀င်နေပြီး
ထိုအရာတွေကို
ထိန်းကျောင်းနေဖို့သာလိုတယ်။

စိတ်ရှုပ်လာတဲ့အခါ
မိမိရဲ့၀င်လေထွက်လေကိုပြန်စွဲစုတာ၊
လုပ်နေတဲ့အလုပ်ထဲ အာရုံပြန်စိုက်တာ၊
ရောက်နေတဲ့အခန်း(သို့)နေရာကိုသတိပြန်မူတာ၊
မိမိရဲ့ ခန္ဓာကို ပူသည်၊အေးသည်ကိုပြန်ခံစားတာ၊
ခေတ္တလမ်းလျှောက်လိုက်တာ၊
ကိုယ်လက်အကြောလျှော့လိုက်တာ၊
၀င်လေထွက်လေကို ပြင်းပြင်းရှုသွင်းရှူထုတ်တာ၊
အတတ်နိုင်ဆုံးပြုံးတာ၊
ဖြစ်နေတဲ့ ခံစားချက်တွေ၊
အတွေးတွေကို လက်ခံတာ၊

စတဲ့ အခြေခံကျတဲ့အရာတွေကိုလုပ်ဖို့
လိုအပ်ပါမယ်...။

(အိပ်ရေးပျက်များတာ၊
ရေ၀လင်အောင်မသောက်တာ၊
၀မ်းချုပ်တာ၊
အိမ်ထဲနေများတာ၊
အခန်းအောင်းများတာ၊
လူတွေနဲ့ထိတွေမှုနည်းတဲ့အခါမှာ
စိတ်တွေဂယောက်ကယက် ပိုဖြစ်တတ်တာကို
သတိထားဖို့နှင့် ပြုပြင်ဖို့လိုပါတယ်)

အကောင်းဆုံးကတော့
တစ်နေ့တာကို
လုပ်စရာရှိတာတွေကို
လုပ်ပြီးပစ္စုပ္ပန်မှာပိုမိုနေထိုင်ဖို့၊
ကိုယ့်ရဲ့ အတိတ်နဲ့ နေသားတကျ
နေနိုင်အောင်ကြိုးစားဖို့၊
မဖြစ်လာသေးတဲ့အရာအပေါ်မှာ
ကြိုတင်မပူဖို့၊
ဘာသာတရားလုပ်ဖို့
စတဲ့အရာတွေကို တတအားသရွှေ့
ကြိုးစားအားထုတ်သွားရမှာဖြစ်တယ်။

@BUNIQCoaching

The Be-Unique Thriving Community

21 Jan, 00:20


အခြားလူမကောင်းကြောင်း
ပြောတဲ့အခါ တာ၀န်တစ်ခု
ပါလာလေ့ရှိပါတယ်။
ကိုယ်လည်း အဲ့ဒီလူရဲ့
အကျင့်တစ်ချို့ရှိမရှိ
ပြန်ဆန်းစစ်ဖို့လိုပါမယ်။

ဖြစ်လေ့ရှိတာက
ကိုယ်နှင့်မတည့်သူရဲ့အကြောင်းကို
ကျန်သူတွေကို
ဖောက်သည်လိုက်ချတာက
ပိုပြီးအမုန်းတရားတွေပွားစေတယ်။
ကိုယ်မှန်ကြောင်းပြောပြီး
ကျန်သူက မှားတယ်၊
ဒီလိုဖြစ်တယ်၊ ဟိုလိုဖြစ်တယ် စသဖြင့်...၊

ဒါကြောင့် ပြင်ပေးစရာရှိပြင်ပေးတာက
အနောက်မှာ တီးတိုးပြောဆိုတာထက်
ပိုထိရောက်မယ်...။

မလိုတာတွေကိုမယူတာကလည်း
ကိုယ့်ရဲ့စိတ်ကို
ငှဲ့ညာစေခြင်းဖြစ်တယ်။

@followers
@BUNIQCoaching

The Be-Unique Thriving Community

21 Jan, 00:20


"Drive တွေမတူရင်
Destiny တွေ
ခြားနားသွားတယ်။"

ကိုယ့်ဘ၀ကိုအရှိန်တင်ပြီး
မောင်းနှင်ပေမဲ့ အရာကို
ပြန်လည်ရှာဖွေဖို့လိုမယ်။

ကျွန်တော့်အတွက်တော့
ကိုယ့်မှာ'ပါရှိလာတဲ့အရာ'၊
'ဖြစ်တည်လာတဲ့အရာ'ကို
ပြန်လည်စူးစမ်းလေ့လာပြီး
ကိုယ့်ကိုယ်ကိုယ်နေ့စဥ်
ရှာဖွေနေပါတယ်။

ဘ၀အစမှာ
အကောင်းတွေချည်းသာ
ရခဲ့ရင်၊ လိုတရတွေသာဖြစ်နေခဲ့ရင်၊
ကိုယ်ဖြစ်ချင်သလိုသာဖြစ်ခွင့်ရခဲ့ရင်၊
ကျွန်တော့်ရဲ့Drive ကလည်း
တစ်မျိုးတစ်ဖုံဖြစ်နေလိမ့်မယ်လို့ထင်တယ်။

တဖက်မှာလည်း
အတိတ်ကံအရ
ပေးဆပ်ရမှာတွေ၊
ဖြည့်ဆည်းရမှာတွေဟာလည်း
ကျော်သွားလို့မရလို့
လိုက်လျှောညီထွေရှိစွာနှင့်
နေထိုင်နိုင်ဖို့သာလိုတယ်။

အလင်းနှင့်အမှောင်ပေါင်းစည်းထားတဲ့
လောကရဲ့နိယာမထဲမှာ
ဟန်ချက်ညီညီနေဖို့ပဲလိုနိုင်မယ်။

အမှတ်ရဖို့က မိမိတို့မှာ
မကုန်ဆုံးနိုင်တဲ့ မိမိကိုယ်ကိုယ်
ပြန်လည်ရှာဖွေရမဲ့ 'အိမ်စာ'
ပါလာပြီးသားဖြစ်တယ်။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:19


ဘ၀ခရီးမှာ သွားရင်းနှင့် ကိုယ့်ကိုယ်ကိုယ်အမြဲပြုပြင်သွားရမှာဖြစ်တယ်။ ယာဥ်တွေလိုပဲ အမြဲမောင်းနှင်ပြီး မစစ်ဆေး၊မပြုပြင်ရင် ကြာရှည်မခံနိုင်သလို၊ ကိုယ့်ဘ၀မှာလည်း အပေါ်ကိုတက်သာတက်နေတာ ပြန်လည်ကြည့်ရှုမှု မလုပ်ဘူးဆိုရင် ရေရှည်မှာ အခက်တွေ့နိုင်တာမို့ ကျွန်တော့်အနေနှင့် အရိုးရှင်းဆုံး အပိုင်း (၃)ပိုင်းနှင့် ပြောပြထားပါတယ်ဗျာ။ အားတဲ့အချိန်နားထောင်ပြီး ဗဟုသုတတွေတိုးပွားနိုင်ကြပါတယ်။ Happy Thadingyut! @TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:18


အာရှနိုင်ငံတွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာ
Subject Matter ကိုပဲ သည်းကြီးမည်းကြီး
ထည့်ထားကြတာကိုတွေ့ရတယ်။
ဒါကလည်း အထက်က
လွှမ်းမိုးမှုနှင့် အလုပ်မနားတမ်းလုပ်ရင်
ပိုပြီးဂုဏ်ရှိတယ်ဆိုတဲ့ ယဥ်ကျေးမှု လို့လည်းမြင်မိတယ်။

ကိုးရီးယားတို့၊ဂျပန်တို့က ကျောင်းသားတွေကို
ညသန်းခေါင်းယံအထိစာတွေလုပ်ကြတယ်။
ကျန်းမာရေးနှင့်မကိုက်ညီတာကိုတော့မြင်မိတယ်။

အနောက်တိုင်းက သင်ရိုးညွှန်းတမ်းတွေမှာတော့
လူတစ်ယောက်ရဲ့ လိုအပ်တဲ့
အခန်းကဏ္ဍတွေကို သမမျှတစွာထည့်ထားတယ်။
ဥပမာ 'ဖင်လန်နိုင်ငံ' သင်ရိုးညွှန်းတမ်း။
သူတို့ဆီမှာ စိတ်ပိုင်းဆိုင်ရာ၊
တကိုယ်ရည်တကာယ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေပါတယ်။

ဒါကြောင့်လည်းအနောက်နိုင်ငံတွေတစ်ချို့မှာ
ကျောင်းပြီးတဲ့အခါလူ့လောကနှင့်
အဆက်မပြတ်စေဘဲ ၀င်ဆန့်နိုင်တယ်။

ကိုယ်တွေမှာကကျောင်းပြီးရင်
တစ်ခါ လိုအပ်တဲ့ဖြည့်စွက်သင်တန်းတွေ
ထပ်တက်ရတာက
အလုပ်တစ်လုပ်လိုဖြစ်တော့
အချိန်တွေပုပ်စေပြီး စွမ်းအင်တွေ
ဖြုန်းသလိုခံစားရတယ်။

ရှင်းရှင်းပြောရရင် အမှတ်ကောင်းရဖို့ကိုပဲ
ပြူးပြဲအာရုံစိုက်ပြီး ကလေးတွေရဲ့
'ဘက်စုံ' တိုးတက်ရေးကို လေ့လျူရှုထားတယ်။
တဖန် မိဘတွေလည်း ကလေးတွေ 'အမှတ်မကောင်း'
ရင် ဆူဆောင့်တယ်။
ကလေးရဲ့ စိတ်ထဲ၊ရင်ထဲမှာ
ဘာဖြစ်နေတာလည်းကိုမတွေးမိကြဘူး။
(သူတို့လည်းဒီလိုပဲကြီးပြင်းလာရလို့ထင်တယ်)

ဒီတော့ကလေးတွေက
အသက်သာကြီးလာတယ်
သူတို့အတွက် ပိုပြီးပြည့်စုံတဲ့အတွေ့အကြုံ
မရတာမျိုး၊ လိုအပ်တဲ့မွန်းမံမှုမျိုးမရတာမျိုး
ဖြစ်နေကြတယ်။

တကယ့်ပညာရေး
အစစ်အမှန်ကိုမျက်ကွယ်ပြုပြီး
အပြိုင်အဆိုင်တွေနှင့်
အချိန်ကုန်နေတတ်ကြတယ်။

အကြံပြုရရင်တော့
ကျောင်းပြီးတာနဲ့
သင်ယူမှုခရီးစဥ်ဟာမပြီးဘူးဆိုတာပါ။
(ကျောင်းဆက်မတက်ရင်တောင်
စာပေတွေပုံမှန်လေ့လာခွင့်ရှိတယ်၊
ကိုယ့်နှင့်မဆိုင်တော့ဘူး လို့တွေးတာဟာ
ရေတိုဆန်နေတတ်တယ်)

သင်ယူမှုအားကောင်းလေ
ဘ၀မှာ ပိုမြင်လာရလေ၊
ကိုယ့်ဘ၀အဆင့်အတန်းတက်လေလေ၊
ဘေးကလူတွေကို ပြန်တွဲခေါ်လာနိုင်လေလေပါပဲ။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:18


အားလုံးတည်ငြိမ်အေးချမ်းတဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်ပြီး ကျန်ရှိနေသေးသော ၂၀၂၄ ကိုအားမာန်အပြည့်ဖြင့် ချီတက်သွားကြပါလို့ ဆန္ဒပြုရင်း....။
(Thar Htoo-Be Unique ရဲ့ အပတ်စဥ်ပေးပို့သော Newsletter မှကူးယူတင်ပြပါတယ်) စာစောင်ယူရန်- https://tharhtoobeunique.ck.page/647621db40

The Be-Unique Thriving Community

21 Jan, 00:18


စိတ်ခံတပ်ကို တည်ဆောက်ခြင်း...
ခံတပ်ဆိုတာ အင်္ဂလိပ်လို Fortification, ခိုင်ခံ့စွာတည်ဆောက်ထားခြင်း၊ အားဖြည့်စေခြင်း စသော နေရာများ ကိုဆိုလိုတယ်။ စစ်ဘက်ဆိုင်ရာအရ 'ရန်သူကိုခုခံရန်အုတ်၊ကျောက်၊သစ်စသည်တို့ဖြင့်အခိုင်အခံ့လုပ်ထားသောစစ်စခန်း' ဟု၍ခေါ်ဆိုကြပါတယ်။ ခံတပ်ခိုင်ခံစွာတည်ဆောက်ထားမှုအပြင် ခံတပ်အတွင်းနေသော စစ်သည်များ အနေဖြင့်လည်း ရဲစွမ်းသတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုတွေရှိမှ ရန်သူ့ကိုတော်လှန်နိုင်မှာဖြစ်တယ်။
ထို့နည်းတူ မိိမိတို့ရဲ့ ဘ၀မှာလည်း ပြင်ပဒဏ်တွေကို အန်တုနိုင်ဖို့ မိမိတို့ရဲ့ 'စိတ်ခံတပ်' ကိုတည်ဆောက်ထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်၊ ကိုယ်ရဲ့ထင်မြင်ယူဆချက်၊ နှလုံးသွင်းမှု၊ ရွေးချယ်မှု၊ ပြုမူပြောဆိုမှု၊ ခံယူမှု၊ စသောအရာတွေကို ကိုယ်တိုင်နိုင်နှင်းစွာရှိနေဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့တိလျှော့ရဲ ဖြစ်နေတယ်ဆိုရင် အပြင်က သွေးထိုးလှုံ့ဆော်မှု၊ဖြားယောင်းသွေးဆောင်မှု၊ ရန်ထောင်မှု၊ စသောအရာတွေကို ကျော်လွှားနိုင်ဖို့နှင့် ဓမ္မဓိဌာန်ကျကျ အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်းအားနည်းနေမှာဖြစ်ပါတယ်။
ဒီတော့စိတ်ခံတပ်ကိုဘယ်လိုတည်ဆောက်ကြမလဲ?
အရိုးရှင်းဆုံးခွဲခြမ်းစိတ်ဖြာရရင် နှစ်ခုပဲရှိပါတယ်။
ဘာကို 'ရှောင်' မလဲနှင့် 'ဆောင်'မလဲဆိုတာ တွေဖြစ်တယ်။ 'Don'ts & Dos' လို့ခေါ်နိုင်ပါတယ်။
၁။ အရင်ဆုံး Don'tsကိုပြောရရင်...
-ကိုယ့်အတွက်ဘယ်အရာတွေက အန္တရာယ်ဖြစ်စေတာလဲ၊
-ကိုယ့်ကို နောက်ပြန်ဆုတ်စေတဲ့ အကျင့်ဆိုးတွေ၊ နှလုံးသွင်းမှုတွေကဘာတွေလဲ၊
-ဘယ်သူတွေနှင့် ကာရံနေထိုင်နေလဲ၊
-အလုပ်မဖြစ်တာတွေကို ရပ်တန့်ဖြစ် ဘာကြောင့် အချိန်ကြန့်ကြာနေတာလဲ၊ စတာတွေကို ပြန်ပြီး မေးခွန်းထုတ်ပြီး လိုအပ်တာတွေကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။
၂။ ဘာတွေကို Dos လုပ်ရမလဲဆိုရင်...
-မိမိစိတ်ကိုဘယ်လိုနည်းလမ်းတွေနှင့်တည်ငြိမ်အောင်လုပ်မလဲ?
-မိမိရဲ့အတွေးအကြံအလုပ်တွေ တိုးတက်လာဖို့ ဘယ်လိုအကျင့်တွေမွေးမလဲ?
-ဘယ်သူတွေနှင့် ပေါင်းသင်းချိတ်ဆက်မှုလုပ်မလဲ?
-ဘယ်လိုတွေလေ့လာလိုက်စားပြီး အဆင့်တက်အောင်လုပ်ကြမလဲ? စတဲ့ ဆောင်ရမဲ့အရာတွေကို သေချာ ချရေးကာ ကူညီနိုင်သူတွေနှင့် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။
ကျွန်တော့်အတွက်လည်း၂၀၂၂ မတိုင်ခင်ကျွန်တော်နှင့် ၂၀၂၂ အလွန်ကျွန်တော် အတော်လေးကွာသွားခဲ့တယ်လို့မြင်လာမိတယ်...။ အကြောင်းက ကျွန်တော့်အတွက် ဘာတွေကို လိုတိုးပိုလျှော့လုပ်ပြီး 'ရှောင်'ရန်နှင့် 'ဆောင်'ရန်တွေကို အချိုးကျကျလုပ်လာနိုင်တယ်လို့မြင်မိတယ်။ စင်းလုံးချောတော့မဟုတ်နေသေးတာကိုလက်ခံတယ်။ နေ့စဥ်အစဥ်အမြဲတိုးတက်ဖို့နေရာတွေရှိနေပါသေးတယ်။
အကြံပြုချက်အချို့ကိုပေးရရင်တော့
ဗုဒ္ဓစာပေတွေကိုလေ့လာတာ (ဗုဒ္ဓဘာသာ၀င်ဖြစ်မယ်ဆိုရင်)
-Stoicism ကိုလေ့လာတာ
-Mindfulness လေ့ကျင့်တာ
-Healing & Inner work လုပ်ဆောင်တာ
လိုအပ်တဲ့ coaching & counseling ယူတာ
စတာတွေကို လုပ်ဆောင်ဖို့အကြံပြုပါတယ်။ ဒါတွေက လွယ်သယောင်နှင့် နေ့စဥ်နှင့်အမျှ တစတစနှင့် သွားရတာတွေဖြစ်တယ်။
*Buddhism ကိုလေ့လာလိုတယ်ဆိုရင်တော့
-http://www.kbrl.gov.mm/Catalog/Featured​
-အခြေခံကစတင် ဖတ်ချင်ရင်တော့ 'ကိုယ်ကျင့်အဘိဓမ္မာ' စာအုပ် (အရှင်ဇနကာဘိ၀ံသ)
-ပါချုပ်ဆရာတော်ဘုရားကြီးရဲ့တရားတော်များ
*Stoicism ကိုလေ့လာလိုတယ်ဆိုရင်တော့
​The Daily Stoic: 366 Meditations on Wisdom, Perseverance, and the Art of Living ကိုနေ့စဥ်ဖတ်ဖို့အကြံပြုပါတယ်။ အခမဲ့ PDF file တွေကိုဒေါင်းနိုင်ပါတယ်။
*Mindfulness အတွက်ဆိုရင်တော့
-Control Your Mind & Master Your Feelings (Eric Robertson) လေးကိုလဲဖတ်ဖို့အကြံပြုပါတယ်။
-Don't Believe Everything You Think (Joseph Nguyen)
-Think Like a Monk (Jay Shetty)
ဆက်လက်ပြီး အခြားသော ကိုယ့်အတွက်ရှာကြံပြီးလုပ်လို့ရတဲ့အလေ့အထတွေလုပ်နိုင်ပါသေးတယ်။ ဥပမာ နေ့စဥ် စိတ်ငြိမ်အောင် ၀င်လေထွက်လေမှတ်တာစသဖြင့်...။
*Healing & Inner Work တွေကတော့
သက်ဆိုင်ရာ မန်တာတွေ၊ နည်းပြတွေ၊ ကောင်ဆယ်လာတွေနှင့်လုပ်တာအကောင်းဆုံးဖြစ်မယ်လို့ယူဆပါတယ်။ သေချာစနစ်တကျနှင့်ဖော်ပြနိုင်မယ်၊ ဖွင့်အံနိုင်မှာမို့ဖြစ်ပါတယ်။
မိမိအနေနှင့်ပေါ့ပါးပဲတစ်ဦးထဲလေ့လာပြီး အခြေခံကစတင်ချင်ရင်တော့ Mindvalley Platform-ရဲ့ဗီဒီယိုသင်ခန်းစာတွေကိုလည်းအကြံပြုပါတယ်။
*Coaching & Counseling တွေကိုလည်း
အတွေ့အကြုံရှိသူတွေနှင့် သွားဖို့လိုအပ်ပါတယ်။
ကျွန်တော့်အတွက်ဆိုရင်တော့ B'UNIQ-Coaching ကနေကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘ၀အတွေ့အကြုံအပေါ်မူတည်ပြီးပြန်လည်ကူညီနိုင်တာကတော့ လူငယ်တွေနှင့်လူရွယ်တွေ အတွက်
-Self-discovery
-Self-Acceptance
-Coming out process
-Professional development (content, personal branding and social media building) စတာတွေကိုကူညီပေးနိုင်ပါတယ်။
ပိုကောင်းတဲ့သင်ဖြစ်လာဖို့ အတွင်းကနေ၊သင်ဆိုတဲ့လူကနေ စတင်နိုင်ဖို့လိုအပ်ပါတယ်။ ဆိုရိုးစကားလေးရှိပါတယ် 'အတွင်းအန္တရာယ်ကင်းရင် အပြင်ကိုလည်းကာကွယ်ထားပြီးသားဖြစ်တယ်' အပြင်မှာအန္တရာယ်မရှိပေမဲ့ အတွင်းပူလောင်နေရင် ဘ၀ဟာ ဒုက္ခပင်လယ် ေ၀နေသလိုဖြစ်နေတတ်ပါတယ်။

The Be-Unique Thriving Community

21 Jan, 00:17


ပြောင်းလဲမှုက
ငါဒီနေရာမှာ ထိုင်နေတာ၀ပြီး
ငါဆက်မထိုင်ချင်တော့ဘူးမှ
ဖြစ်လေ့ရှိတယ်လို့မြင်မိတယ်။
(သူများတွေပြောင်းလဲလို့
လိုက်ပြောင်းကြည့်ပေမဲ့ ပြန်ပြီး
reverse ဖြစ်နေတတ်တယ်)

လူ့အကျင့်က တစ်ခုခုကို
ကျော်ဖြတ်ခဲ့ဖို့တွန့်ဆုတ်နေတတ်တယ်။
ကိုယ့်ရဲ့လက်ရှိ ထိုင်နေတဲ့နေရာမှာ
လုံခြုံတယ်လို့ထင်တယ်။
စိတ်နှင့်လူလည်း နေသားကျနေတော့
မထွက်ခွာချင်ဘူး...။

ဒါကြောင့် တစ်ချို့သော
ပြောင်းလဲမှုတွေက
ကြန့်ကြာနေတတ်လေ့ရှိတယ်။
ပြောင်းသွားရင်လည်း
နေရာဟောင်းကို
ယတိပြတ်ကျောခိုင်းနိုင်ပြီး
ပြန်မလှည့်ကြည့်ဖြစ်တော့
တာမျိုးဖြစ်တယ်။

@TharHtooBeUnique

The Be-Unique Thriving Community

21 Jan, 00:17


ချက်ချင်းလက်ခံဖို့ မဖြစ်နိုင်ပေမဲ့
လက်ခံမှုရဲ့ အလွန်မှာ
လွတ်မြောက်မှုတွေ ရှိ‌နေပါတယ်။

May you accept more and move on...

@TharHtooBeUnique

1,170

subscribers

837

photos

24

videos