O D I N's The Myths

@odinmyanmarfacts


( O D I N ) Team မှ အသိပညာနှင့် ဗဟုသုတ အချက်အလက်များ ‌မျှဝေပေးရန်အတွက် ပြုလုပ်ထားသော Channel ဖြစ်ပါသည်။
Facebook Page: https://www.facebook.com/odin.myanmar
YouTube Channel
https://youtube.com/@odin.burmese

O D I N's The Myths

19 Oct, 03:25


ADS 📣
Online နဲ့ ပတ်သက်နေရသူတွေအတွက် မရှိမဖြစ် ဆောင်ကိုဆောင်ထားရတဲ့ Canva ကို အသုံးပြုနည်းတွေနဲ့ function တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံတွေကို ကျွန်တော်တို့ရဲ့ PSS Telegram Channel မှာ အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။

O D I N's The Myths

19 Oct, 03:23


လူသားတွေနဲ့ သားမွှေးပါတဲ့ သတ္တဝါတွေသာ အဲ့ဒီယုဂ်ရဲ့ အအေးဒဏ်ကို ကျော်လွှားနိုင်ခဲ့ကြပြီး ခံနိုင်ရည်မရှိတဲ့ သတ္တဝါတွေကတော့ မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြရပါတယ်။

ကွာတာနရီယုဂ်မှာ သတ္တဝါအကြီးစားကြီးတွေ ပျောက်ကွယ်ပြီး လူသားဖြစ်စဉ် မြန်ဆန်တိုးတက်လာကာ လူသား‌တွေ စတင်ကြီးစိုးလာကြပါတယ်။

အခုဖော်ပြပေးထားတဲ့ အကြောင်းအရာကတော့ သိပ္ပံပညာရှင်တွေက သူတို့ ဖော်ထုတ်တွေ့ရှိထားတဲ့ အထောက်အထားအချက်အလက်တွေပေါ်ကို အမှီပြုပြီး ရေးဆွဲထားတဲ့ ဘူမိသမိုင်းပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ရှာဖွေမတွေ့ရှိသေးတဲ့ ဆန်းကြယ်တဲ့ သတ္တဝါတွေ အထောက်အထားတွေလည်း ဆက်ရှိနေသေးတာကြောင့် ဒီဘူမိသမိုင်းအချိန်ဇယားဟာ နောင်တစ်ချိန်ချိန်မှာ ပြောင်းလဲသွားနိုင်ပါတယ်။

ဖတ်ရှု‌ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကပ်တွေနဲ့ ယုဂ်တွေကို အသေးစိတ်ရှင်းပြဖို့အတွက်ကတော့ သက်သက် ထပ်မံ ရေးသားတင်ပေးပါ့မယ်။

O D I N's The Myths

19 Oct, 03:23


တာရှရီယုဂ်နောက်ပိုင်း ကွာတာနရီယုဂ်ကတော့ သက်နှောင်းကပ်ရဲ့ သက်တမ်းအနု‌ဆုံး နောက်ဆုံးအပိုင်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တစ်သန်းကနေ စတင်ပါတယ်။ အဲ့ဒီအချိန်မတိုင်ခင် သက်နှောင်းကပ်ကာလတွေကို တာရှရီယုဂ်လို့ပဲ မှတ်ထားလို့ရပါတယ်။

ဒီယုဂ်မှာ သတ္တဝါကြီးတွေ ပျောက်ကွယ်သွားစေမယ့် အကြောင်းအရင်းတစ်ခုဖြစ်တဲ့ ရေခဲခေတ် ဒါမှမဟုတ် ပလိုင်းစတိုဆင်း အဏုယုဂ် Pleistocene epoch ဖြစ်ပေါ်လာ‌ပါတယ်။ ကမ္ဘာတစ်ခုလုံး နေရာအနှံ့အပြား ရေခဲပြင်တွေ၊ နှင်းတွေနဲ့ လွှမ်းမိုးခဲ့ပါတယ်။

O D I N's The Myths

19 Oct, 03:23


သက်နှောင်းကပ် (Cenozoic era) ကတော့ သက်တမ်းအနုဆုံးကပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၆ သန်းခန့်လောက်ကနေ အစပျိုးပြီး မျက်မှောက်ကာလအထိ အကျုံးဝင်ပါတယ်။

ဒီကပ်ကို တာရှရီယုဂ် (Tertiary period) နဲ့ နှောင်းပိုင်း ကွာတာနရီယုဂ် (Quaternary period) ဆိုပြီး အကြမ်းဖျင်း နှစ်မျိုးခွဲပါမယ်။

တာရှရီယုဂ်မှာ နို့တိုက်သတ္တဝါတွေ ကြီးစိုးလာကြပြီး မြက်ပင်တွေနဲ့ သီးပင်၊ စားပင်တွေ စတင်ပေါ်ပေါက်လာကြပါတယ်။

ဒီယုဂ် အစပိုင်းမှာ ခွေးတစ်ကောင်လောက်ပဲရှိတဲ့ ရှေးဦးမြင်းမျိုးတွေလည်း စတင်ပေါ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ ဝေလငါး၊ လင်းနို့နဲ့ မျောက်မျိုးနွယ်တွေ စတင်ဖြစ်တည်လာကြပါတယ်။

ယုဂ်နှောင်းပိုင်းမှာတော့ ဆင်တွေ၊ မြင်းတွေနဲ့ အသားစား သားရဲသတ္တ‌ဝါကြီးတွေ မြေပြင်ပေါ်မှာ ကြီးစိုးလာပြီး လူဖြစ်စဉ် စတင်ကာ အစပြုလာပြီဖြစ်ပါတယ်။

O D I N's The Myths

19 Oct, 03:22


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ လောက်မှာတော့ သက်လယ်ကပ် (Mesozoic era) စတင်ပါတယ်။ နှစ်သန်းပေါင်း ၁၈၀ နီးပါးလောက် ကြာပြီးတော့ "တွားသွားသတ္တဝါများခေတ်" ဒါမှမဟုတ် "ဒိုင်နိုဆောများခေတ်" လို့ ခေါ်ကြပါတယ်။

ဒိုင်နိုဆောတွေကြီးစိုးတဲ့ ကပ်ဖြစ်ပြီး ရှေးဦးနို့တိုက်သတ္တဝါတူ တွားသွား‌ကောင်တွေလည်း ဒီကပ်မှာပဲ ပေါ်လာကြပါတယ်။ ကပ်ရဲ့ အစောပိုင်းယုဂ်တွေမှာ ဒိုင်နိုဆောတွေနဲ့ တွားသွားသတ္တဝါ‌တွေ မျိုးစုံပေါ်ခဲ့ပြီး ကမ္ဘာတစ်ခွင်ကို ကြီးစိုး‌ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒိုင်နိုဆောတွေ မျိုးသုဉ်း‌ကွယ်ပျောက်ခဲ့ရပါတယ်။

ပထမ‌ဆုံး ငှက်တွေ စတင်ပေါ်လာပြီး ပန်းပွင့်တဲ့ အပင်မျိုးတွေလည်း ဒီကပ်ကာလမှာ စတင်ပေါ်ပေါက်လာပါတယ်။

O D I N's The Myths

19 Oct, 03:22


သက်ဦးကပ် (Palaeozoic era) ကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၀ ကာလတွေမှာ စတင်ခဲ့ပြီး နှစ်သန်းပေါင်း ၃၀၀ နီးပါးလောက် ကြာမြင့်ခဲ့ပါတယ်။

သက်ဦးကပ်ကာလမှာ ကုန်းပေါ် အပင်တွေ စတင်ပေါ်လာခဲ့ပါတယ်။ ကုန်းနေရေနေသတ္တ‌ဝါတွေ၊ တွားသွားသတ္တဝါတွေနဲ့ အင်းဆက်ပိုးမွှားတွေ စတင်ပေါ်ပေါက်လာကြပြီး ၃ မီတာ အထိရှည်တဲ့ ရေနေ ကမ္ဘာဦး ကင်းမြီးကောက်တွေ ပါဝင်ပါတယ်။

သက်ဦးကပ်နှောင်းပိုင်းမှာတော့ ငါးတွေ စတင်ဖြစ်ပေါ်လာကြပါတယ်။ ဒီကပ်ကို "ငါးများခေတ်" လို့ ခေါ်ပါတယ်။

O D I N's The Myths

19 Oct, 03:22


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀၀ လောက်မှာ ကမ်ဗရီယန်အကြိုကာလ (pre-Cambrian) စလာပြီး ဒီကာလက နှစ်သန်းပေါင်း ၁၀၀ လောက်ကြာပါတယ်။

ဒီကာလမှာ အခွံပါတဲ့ ကျောရိုးမဲ့သတ္တဝါတွေ စပေါ်လာကြပြီး ထရိုင်လိုဗိုက် (Trilobite) လို့ခေါ်တဲ့ ပီလားကောင်တွေရဲ့ ဘိုးဘေးတွေက အများဆုံး ပေါ်လာခဲ့ကြပါတယ်။

တခြားသတ္တဝါတွေကတော့ ပင်လယ်ခူ၊ ရေမြှုပ်‌၊ ယောက်သွား၊ ရေမှော်တွေနဲ့ အယ်လ်ဂျီ (Algae) လို့ခေါ်တဲ့ ရေညှိတွေ ဖြစ်ကြပါတယ်။

ဒီကာလမှာ သတ္တဝါများများစားစားမပေါ်ပေါက်ခဲ့ပေမယ့် "သက်ရှိများခေတ်" လို့ ခေါ်ကြပါတယ်။

O D I N's The Myths

19 Oct, 03:22


ပထမဦးဆုံးသက်ရှိသတ္တဝါလို့ ခန့်မှန်းခံထားရတဲ့ သက်ရှိက မိုက်ခရိုစကုပ် (အဏုမြူမှန်ပြောင်း) နဲ့ ကြည့်မှ မြင်နိုင်တဲ့ အမီးဗား Amoeba ဖြစ်ပါတယ်။

သာမာန်မျက်စိနဲ့ ကြည့်လို့မြင်နိုင်တဲ့ သတ္တဝါတွေကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀၀ လောက်ကမှ ရေထဲမှာ စတင်ပေါ်လာပြီး အပင်တွေနဲ့ ကျောရိုးမဲ့သက်ရှိတွေဖြစ်ကြပါတယ်။

O D I N's The Myths

19 Oct, 03:22


ဘူမိသမိုင်းကို ဖော်ပြတဲ့နေရာမှာ အချိန်ကာလ အပိုင်းအခြားတွေကို ကပ် (Era) ၊ ယုဂ် (Period) နဲ့ အဏုယုဂ် (Epoch) ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ ကပ်ကြီးတွေကို သက်ဦးကပ် (Palaeozoic era)၊ သက်လယ်ကပ် (Mesozoic era) နဲ့ သက်နှောင်းကပ် (Cenozoic era) ဆိုပြီး ထပ်ခွဲပါတယ်။

ကပ် (era) ကို ယုဂ်‌‌တွေ (periods)၊ ယုဂ် (period) ကို အဏုယုဂ်တွေ (epochs) တွေ အဖြစ် အဆင့်ဆင့်ထပ်မံခွဲခြားပါတယ်။

ကပ်ကြီးတွေထက် ပိုရှေးကျတဲ့ ကာလကိုတော့ ကမ်ဗရီယန်အကြိုကာလ (pre-Cambrian) လို့ ခေါ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၇၀၀ ခန့်က စတင်ဖြစ်ပေါ်လာပါတယ်။ သက်ရှိတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀၀ ကျော်ကာလတွေမှာ စတင်ပြီး ဖြစ်ပေါ်လာပါတယ်။

ကမ္ဘာ့အစောဆုံးကာလကလို့ ပြောလို့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀၀ ကျော်ကာလက ရုပ်ကြွင်းတွေဖြစ်ပါတယ်။

အဲ့ဒီရုပ်ကြွင်းတွေက ရေ‌ထဲမှာ ပေါက်ရောက်ခဲ့တဲ့ ကမ္ဘာဦးအပင်တွေရဲ့ ရုပ်ကြွင်းတွေပါ။

O D I N's The Myths

19 Oct, 03:21


ကျွန်တော်တို့ ကမ္ဘာမြေကြီးဖြစ်တည်လာတာ ဘယ်လောက်ကြာပြီလဲ။
ဒီလောက်ကြာတဲ့ သက်တမ်းတွေကို သိပ္ပံပညာရှင်တွေက ဘယ်လိုခွဲခြားမှတ်တမ်းတင်ထားသလဲ။
ဘူမိဗေဒပညာရှင်တွေက ကမ္ဘာကြီးရဲ့ ဖြစ်တည်ခဲ့ပြီးတဲ့ အချိန်ကာလအပိုင်းအခြားတွေကို ခွဲခြားဖော်ပြဖို့အတွက် ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အထောက်အထားယူပြီး ဘူမိသမိုင်းကို ရေးဆွဲခဲ့ကြပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ ဟိုး အရင့်အရင် အချိန်က အသက်ရှင်လျက်ရှိနေခဲ့တဲ့ သတ္တ‌ဝါတွေနဲ့ အပင်တွေရဲ့ ရုပ်အကြွင်းအကျန်တွေ ဖြစ်ပါတယ်။ အဲ့ဒီရုပ်အကြွင်းအကျန်တွေ အပေါ်မှာ ကျောက်လွှာတွေ တစ်ထပ်ပြီး တစ်ထပ် အချိန်ကာလကြာမြင့်စွာ ဖြစ်တည်လာတာကနေ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာတယ်လို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းတွေက ဘူမိ (မြေကြီး) ရဲ့ သက်တမ်းကို ခန့်မှန်းရာမှာ အလွန်အရေးပါတယ်လို့ ပြောလို့ရပါတယ်။
ဘူမိဗေဒပညာရှင်တွေက ဘူမိသမိုင်းကို ပြုစုတဲ့နေရာမှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုသာမကပဲ ရေဒီယိုသတ္တိကြွနှုန်း၊ ဓာတုဖွဲ့စည်းပုံနဲ့ အနည်ကျပြီးဖြစ်တဲ့ ကျောက်လွှာတွေရဲ့ ထု အထူတွေကိုပါ အထောက်အထားအဖြစ် ယူပြီးမှ ပြုစုပါတယ်။ ဒီအထောက်အထားတွေက ဘူမိသမိုင်းတစ်လျှောက် ကာလတွေရဲ့ ရာသီဥတုအခြေအနေတွေကိုပါ ဖော်ပြပေးပါတယ်။
ကျွန်တော်က ဒီနေ့မှာတော့ ဘူမိသမိုင်းအကြောင်းကို အကြမ်းဖျင်း ဖော်ပြပေးပါမယ်။ တစ်ပုံချင်းလိုက်ကြည့်လိုက်ကြရအောင်ပါ။
Author and Graphic Design - Udin
Reference -
သုတရတနာသိုက်၊ တတိယအကြိမ်၊ ၂၀၁၈ ခုနှစ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ပညာရေးဝန်ကြီးဌာန
National Geographic Museum

O D I N's The Myths

16 Oct, 04:06


O D I N's The Myths pinned «Article 1* အာရပ်-အစ္စရေး နဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ (ပဋိပက္ခကို ဝင်ရောက်ခြင်း) * အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ 2. အင်ကာအင်ပါယာ 3. ကမ္ဘာဖျက် ချိန်ကိုက်ဗုံးကို တီထွင်မိကြခြင်း 4. ဘူမိသမိုင်း 5. CRISPR-Cas system»

O D I N's The Myths

11 Oct, 04:10


ADS 📣
Online နဲ့ ပတ်သက်နေရသူတွေအတွက် မရှိမဖြစ် ဆောင်ကိုဆောင်ထားရတဲ့ Canva ကို အသုံးပြုနည်းတွေနဲ့ function တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံတွေကို ကျွန်တော်တို့ရဲ့ PSS Telegram Channel မှာ အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။

O D I N's The Myths

11 Oct, 04:10


CRISPR-Cas system က မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေအတွက် ကုသဆေးဖြစ်လာနေသလို မျိုးရိုးဗီဇဆိုင်ရာ လက်ကိုင်ခြယ်လှယ်ခြင်းရဲ့ အတိတ်နိမိတ်လည်း ဖြစ်လာနေပါတယ်။ ဒီနည်းပညာရပ်ရဲ့ အကျိုးဆက်တွေဟာ ပျော်ရွှင်မှုနဲ့အတူ စိုးရိမ်ပူပန်စရာတွေကိုလည်း ယူဆောင်လာနိုင်ပါတယ်။ ဒီနည်းပညာက အခုမှ အစောပိုင်း (စမ်းသပ်ဆဲ) ကာလမှာပဲ ရှိနေပေမဲ့ အောင်မြင်တဲ့ စမ်းသပ်မှုရလဒ်တွေကို ဆက်တိုက်ရရှိနေပါတယ်။ ဘယ်အရာမဆို အကောင်း အဆိုး ဒွန်တွဲနေတဲ့အတွက် မျိုးရိုးဗီဇတစ်ခုပြောင်းလဲတာမှာ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေလည်း ရှိနေတာကြောင့် ဒါဟာ သိပ္ပံပညာရှင်တွေ ခေါင်းစားရမဲ့ အလုပ်လည်းဖြစ်နေပြန်ပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးဟာ စဉ်ဆက်မပြတ်တိုးတက်နေတာကြောင့် ဒီ CRISPR-Cas system အများပြည်သူကြားထဲကို ရောက်လာတဲ့တစ်နေ့ဟာ အရာရာပြောင်းလဲသွားမဲ့နေ့ဖြစ်ဖို့ အလားအလာရှိပါတယ်။ မျိုးရိုးဗီဇကို လိုသလို တည်းဖြတ်လာနိုင်တဲ့ ဒီနည်းပညာရပ်ကို ဘယ်လိုတာဝန်သိသိ သုံးကြမလဲဆိုတာကတော့ ကျွန်တော်တို့ပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်တို့ဟာ ဒီနည်းပညာရပ်ကို အများပြည်သူကြားထဲချပေးမလား ဒါမှမဟုတ် စပြီးပဲ ထိန်းချုပ်ကန့်သတ်ကြရတော့မှာလား...။

O D I N's The Myths

11 Oct, 04:10


ဒီလိုမျိုး အကျိုးကျေးဇူးတွေ တစ်လုံးတစ်သီကြီး ရှိပေမဲ့လို့ တစ်ဖက်မှာလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ငြင်းခုံမှုတွေက အားကောင်းစွာရှိနေပြန်ပါတယ်။

CRISPR-Cas system က လူသားတွေရဲ့ မျိုးရိုးဗီဇတွေကို ပြောင်းလဲနိုင်တယ်ဆိုရင် လူသားတွေရဲ့ သန္ဓေသားလောင်းတွေကိုလည်း မျိုးရိုးဗီဇဆိုင်ရာ တည်းဖြတ်လာနိုင်တယ်ဆိုတဲ့ ထောက်ပြမှုမျိုးပါ။ "မွေးလာကတည်းက ရုပ်ရည်ချောချောလှလှလေးဖြစ်နေအောင်၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းနေအောင်၊ ဘက်ပေါင်းစုံမှာတော်နေအောင် စသဖြင့် မိဘတွေအကြိုက် စရိုက်လက္ခဏာ မျိုးရိုးဗီဇတွေကို ထပ်ပေါင်း၊ တည်းဖြတ်လာမယ်ဆိုရင်" ဆိုတဲ့ အကြောင်းအရာပေါ်ကို ဒီထောက်ပြမှုက မူတည်ပါတယ်။ ဒီမေးခွန်းရဲ့ ဦးတည်ချက်က မတူကွဲပြားတဲ့ လူတန်းစားစုံ ကမ္ဘာကြီးထဲမှာ ဒီလိုလုပ်လာခဲ့ရင် မျှတသလားဆိုတဲ့ ထပ်ပွားမေးခွန်းကို ဦးတည်ပါတယ်။ ချမ်းသာသူတွေပဲ တတ်နိုင်မဲ့ ဒီလို တည်းဖြတ်မှုမျိုးက ကမ္ဘာ့အလွှာတွေကြား မညီမျှမှုကို အဆမတန်ဖောင်းပွလာစေမှာဖြစ်ပါတယ်။

O D I N's The Myths

11 Oct, 04:10


၂။ စိုက်ပျိုးရေးနယ်ပယ်
လူသားတွေ၊ သတ္တဝါတွေမှာတင်မကပဲ အပင်တွေမှာလည်း မျိုးရိုးဗီဇတွေရှိတဲ့အတွက် CRISPR-Cas system ရဲ့ လွှမ်းမိုးမှုဟာ စိုက်ပျိုးရေးနယ်ပယ်ကိုလည်း သက်ရောက်ပါတယ်။ အပင်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေ၊ ကျရောက်တတ်တဲ့ ပိုးမွှားတွေနဲ့ ရေကြီးတာ၊ ရေလျှံတာ၊ မိုးခေါင်တာလိုမျိုး ရာသီဥတုတွေကြောင့်ဖြစ်လာတဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ သီးနှံတွေကို ဖန်တီးဖို့ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်း မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတဲ့ နည်းပညာရပ်တွေကို သုံးနေခဲ့ကြပြီးဖြစ်ပါတယ်။ မြင်သာအောင်ပြရရင် အပင်သေးသေး၊ ရက်တိုတိုနဲ့ ပြုံနေအောင်သီးတဲ့ သင်္ဘောပင်လိုမျိုးပေါ့။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေက အစားအသောက်တွေကို ပိုမိုကြာရှည်ခံစေတာ၊ ခံနိုင်ရည်ပိုရှိစေတာတွေဖြစ်လာလို့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေ လွတ်ကင်းစေတဲ့အပြင် ထွက်နှုန်းလည်းတိုးစေတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အခုလို CRISPR-Cas system နည်းပညာ ရှေ့တန်းရောက်လာချိန်မှာတော့ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုအောင်မြင်လာနိုင်တာကြောင့် စိုက်ပျိုးရေးနယ်ပယ်မှာ သက်ရောက်မှုကြီးလာပါမယ်။

O D I N's The Myths

11 Oct, 04:09


၁။ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေကို ကုသတဲ့နယ်ပယ်
CRISPR-Cas system က ဆေးပညာအတွက် အရမ်းကို အလားအလာရှိတဲ့ နည်းပညာတစ်ခုပါ။ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ဖြစ်လာရတဲ့ ရောဂါတွေဖြစ်တဲ့ တံစဉ်ဆဲလ်သွေးအားနည်းရောဂါ (sickle cell anemia) နဲ့ Cystic Fibrosis (မျိုးရိုးဗီဇအရ အကျိ၊ အချွဲ၊ အရည်တွေထုတ်ပေးတဲ့ ဂလန်းတွေ ပျက်စီးတဲ့ ရောဂါ ) တွေမှာဆိုရင် ပြောင်းလဲ ယိုယွင်းနေတဲ့အပိုင်းကို CRISPR-Cas system က ပြုပြင်ပေးနိုင်ပြီး ထာဝရပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အခုလောလောဆယ်မှာဆိုရင် ကင်ဆာရောဂါတချို့အတွက် ကင်ဆာအကျိတ်တွေကိုကြီးထွားစေတဲ့ မျိုးရိုးဗီဇတွေကို ဒီနည်းပညာရပ်နဲ့ ဖယ်ရှားဖို့ သုတေသနပြုလုပ်လျက်ပါ ရှိပါတယ်။

O D I N's The Myths

11 Oct, 04:09


ဒါနဲ့ CRISPR-Cas system က ဘာတွေကို ပြောင်းလဲပေးနိုင်မှာလဲ။

O D I N's The Myths

11 Oct, 04:09


အကြောင်းအရင်းကတော့ Clustered Regularly Interspaced Short Palindromic Repeats (CRISPR-Cas system) နည်းပညာ‌ ပေါ်လာလို့ပါပဲ။ CRISPR-Cas system က နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇ (genes) တွေကို ပိုပြီး လွယ်ကူစွာ တည်းဖြတ်နိုင်ပါတယ်။

CRISPR-Cas system ကို အသုံးချပြီး ဂျီနုမ်း (genome) တွေထဲမှာရှိတဲ့ မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်တောက်နိုင်ပြီး ကိုယ်လိုချင်တဲ့ အရာတွေနဲ့ အလွယ်တကူ အစားသွင်းနိုင်အောင် ပံ့ပိုးကူညီပေးပါတယ်။ ကျွန်တော်တို့ရဲ့ DNA တွေအတွင်းမှာရှိတဲ့ မျိုးရိုးဗီဇသင်္ကေတ တနည်းအားဖြင့် genetic code တွေကိုလည်း တိုက်ရိုက်ပြောင်းလဲနိုင်စွမ်းရှိလာခဲ့ပါတယ်။ ဒါဟာ တစ်ချိန်က ဒီနယ်ပယ်ရပ်မှာ မဖြစ်နိုင်ဘူးလို့ ယူဆထားခဲ့ကြတဲ့ ကိန်းသေတွေကို လှုပ်ရှားလာစေခဲ့ပါတယ်။

O D I N's The Myths

11 Oct, 04:08


မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာပညာရပ်ရဲ့ အနာဂတ်လား ဒါမှမဟုတ် ကမ္ဘာကြီးအတွက် အိပ်မက်ဆိုးလား
စာရွက်ပေါ်မှာ ရေးထားတဲ့ စာသားတွေကို ခဲတံနဲ့ ခြစ်ချတာ၊ ကော်ရက်ရှင်နဲ့ ဖျက်လိုက်တာမျိုး၊ ဗွီဒီယိုတည်းဖြတ်တာမှာ ကလစ်တွေကို Mouse လေးရွှေ့ပြီးဖြတ်လိုက်တာမျိုး၊ ကိုယ်ဖြည့်ချင်တာ ရေးချင်တာလေးတွေကို မူရင်းရှိပြီးသားမှာ ပေါင်းထည့်တာလိုမျိုး စသဖြင့် တည်းဖြတ်တဲ့နည်းပညာရပ်ကို ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ မျိုးရိုးဗီဇ (genes) တွေမှာလည်း အသုံးချလို့ရတယ်ဆိုတာ မိတ်ဆွေသိပြီးပြီလား။
တနည်းပြောရရင် ကျွန်တော်တို့ သတ္တဝါတွေ (သက်ရှိတွေ) ရဲ့ ခန္ဓာကိုယ်တွင်းက မျိုးရိုးဗီဇတွေကို ပြုပြင်ပြောင်းလဲလို့ ရလာတာကြာပါပြီ။ လူသားတွေနဲ့ တွင်တွင်ကျယ်ကျယ် မစမ်းသပ်၊ အသုံးမပြုကြပေမဲ့ အခြားသော တိရစ္ဆာန်တွေနဲ့ အပင်တွေမှာ ပြုပြင်ပြောင်း လဲမှုတွေလုပ်ခဲ့ကြပါတယ်။ အောင်မြင်တာလည်းရှိသလို ကတ်ထူပုံးထဲ ပစ်ထည့် ချိတ်ပိတ်ခံရပြီး ဖျက်သိမ်းခဲ့ရတဲ့ ကျရှုံးမှုတွေလည်းရှိခဲ့ပါတယ်။
အခုထိလည်း သိပ္ပံနဲ့ ဆေးပညာနယ်ပယ်ရပ်မှာ မျိုးရိုးဗီဇ တည်းဖြတ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြဆဲ၊ ချဲ့ထွင်နေကြဆဲဖြစ်ပါတယ်။ ဒီလို မျိုးရိုးဗီဇတည်းဖြတ်တဲ့ လုပ်ငန်းတွေကို မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာပညာရပ် (Genetic Engineering) လို့ခေါ်ပြီး ဒီပညာရပ်ရဲ့ အအောင်မြင်ဆုံးအချိန်ကို မြင်ရလာဖို့ရှိနေပါပြီ။
ပုံတွေအောက်မှာ ဆက်လက်ဖတ်ရှုပါ။
Author - Udin
Graphic - Fox
© 2024 Udin/O D I N
#သိပ္ပံ #CRISPR #GeneticEngineering #Biotechnology #FutureOfMedicine #Bioethics