RSN WEB

@rsnweb


REVOLUTIONARY CHANNEL

Contact us - 📬 @Inform_RSN

RSN WEB

22 Oct, 15:46


🟠 လှိုင်မြို့နယ်

ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ၇ ရပ်ကွက်၊ သရက်မြိုင်ထဲ အကြမ်းဖက်တပ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ – HSC (Hlaing Scout Channel)

22 Oct 2024
#rangooscoutnetwork

RSN WEB

22 Oct, 03:32


DAILY HIGHLIGHTS (21 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း မလုပ်တော့ – KT

ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ – KT

တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေတပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ၊ ရဟတ်ယာဉ် ၁ စီးနှင့် Y12 လေယာဉ် ၁ စီး ပျက်စီးဟုဆို – KT

⚠️ မိတ်ဖက်ပြဿနာ

BNRA တပ်ဖွဲ့ဝင် ၂၂ ဦး နဲ့ ပြည်သူ ၁၄ ဦးကို NUG MOD ရွှေဘိုခရိုင် တပ်ရင်း ၃ က ဖမ်းဆီးထိန်းသိမ်း – THN

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ စီးပွားရေးသမားများ ၊ အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေး သတိပြုကြရန် တရုတ်အစိုးရ သတိပေး၊ မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သူများကို ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူရန် တရုတ်တောင်းဆို – KT

ရုရှားစစ်သင်္ဘောများ ရေကြောင်းလုံခြုံရေး လေ့ကျင့်ရန် သီလဝါသို့ ရောက်လာ – TI

📊 စီးပွားရေးထူးခြားသတင်းများ

စပါးတင်း ၁၀၀ အခြေခံရည်ညွှန်းဈေး ကျပ် ၉ သိန်းခွဲ သတ်မှတ် – DVB

ရွှေရည်ညွှန်းဈေး တကျပ်သား ကျပ် ၅၅ သိန်းကျော်လာ – DVB

🔴 သဘာဝဘေး

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကာ မြန်မာနိုင်ငံတစ်ဝန်း မိုးကြီး၊ ရေကြီးနှင့် မြေပြိုမှုများဖြစ်နိုင်ဟု သတိပေး – KT

ရန်ကုန်မြို့ရေကြီးရေလျှံ – TI

#rangoonscoutnetwork

RSN WEB

21 Oct, 08:11


ရန်ကုန်မှတ်တမ်း (အောက်တိုဘာ ၁၄ - ၂၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
⚠️ မြို့ပြစစ်ဆင်ရေး

ယခုရက်သတ္တပတ်တွင် ရန်ကုန်တိုင်းအတွင်း၌ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့ပြင် စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ဓားထိုးခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ် ၁ ခုလည်း ရှိသည်။

အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သည့် ဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လှည်းကူးမြိုနယ်၊ လှည်းကူးမြိုမရဲစခန်းကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ဝန်းကျင်က..

(ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် 'မြို့ပြစစ်ဆင်ရေး၊ သပိတ်၊ အဖမ်းအဆီး၊ ဧည့်စစ်လူရှာ၊ လူဦးရေသန်းခေါင်စာရင်း၊ ရပ်ကျေးပျူလူမိုက်၊ စစ်မှုထမ်း၊ သီတင်းကျွတ်ဈေးရောင်းပွဲ၊ ရုရှားရေတပ်၊ စစ်ကောင်စီယာဉ်တန်းများ' ဆိုသည့် ခေါင်းစဉ်ငယ်များပါပြီး အောက်ပါ Comment Box တွင် အပြည့်အစုံဖော်ပြထားသည် ⬇️)

RSN WEB

21 Oct, 04:55


⚫️ သာကေတမြို့နယ်

အောက်တိုဘာ ၂၀ ရက် ည ၁၀နာရီခွဲ ဝန်းကျင်ခန့်အချိန်တွင် သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်၊ မာန်ပြေ ၂ လမ်းအတွင်းရှိ အိမ်တအိမ်သို့ စစ် DC ၃ စီး၊ ရဲ DC ၂ စီး၊ အိမ်စီးကား ၅ စီးခန့်ဖြင့် အကြမ်းဖက်တပ်သားများနှင့် အရပ်ဝတ်များ အင်အား ၄၀ကျော်ဖြင့် လူဝင်ရှာခဲ့ပြီး လမ်းမှဖြတ်သွားသော လူငယ် ၂ ဦးကိုလဲ ထိုးကြိတ်သွားခဲ့ပြီး အနီးရှိအပြစ်မဲ့ ပြည်သူ ၁ ဦးကိုလဲ ကားပေါ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

21 Oct 2024
#rangooscoutnetwork

RSN WEB

21 Oct, 03:32


DAILY HIGHLIGHTS (20 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ် – MZM

ဂွမြို့နှင့် အနီးတဝိုက် တိုက်ပွဲရက်ဆက် ဖြစ်ပွား – TI

မြဝတီမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်ခန့် စခန်းစွန့်ခွာထွက်ပြေး – RFA

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီပိုင် ဂျက်တိုက်လေယာဉ်ကို တရုတ်စစ်တပ်ပစ်ခတ်တဲ့ ဗီဒီယိုပျံ့နှံ့ – RFA

မန္တလေး တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်သည့်လုပ်ရပ် NUG ရှုတ်ချ – TI

🗑 ကျားဖြန့်

မိုင်းရယ် ပြည်သူ့စစ်နယ်မြေကို နယ်စပ်က ကျားဖြန့်တချို့ ပြောင်းရွှေ့လာ – DVB

🔴 သဘာဝဘေး

မုန်တိုင်းအရှိန်ကြောင့် ၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ်တချို့ မိုးကြီးပြီး လေပြင်းတိုက်မည် – TI

#rangoonscoutnetwork

RSN WEB

20 Oct, 16:27


🔴 မရမ်းကုန်းမြို့နယ်

ယနေ့ည ၁၀:၅၃ ခန့်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း အလယ်ဗဟိုလမ်း၊ ဦးရွှေနုလမ်းအောက်ဘက်၌ DC တစ်စီး အမှောင်ထဲ ရပ်ထားပြီး ရပ်ကျေးအဖွဲ့အဝင်များ အပါအဝင် အကြမ်းဖက်တပ်သားများ အင်အား အများအပြားဖြင့် တိုက်တစ်တိုက်အား စစ်ဆေးနေကြောင်း သတင်းရရှိသည်။

20 Oct 2014
#rangooscoutnetwork

RSN WEB

20 Oct, 15:48


🔴 လှိုင်သာယာမြို့နယ်

ယနေ့ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းရဲကျော်စွာ ၉ လမ်းအောက်ဘက်၌ အကြမ်းဖက် စစ်သား ၇ ယောက်၊ အုပ်ကြီး နေလင်းမိုးအပါအဝင် နောက်လိုက် ၉ ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေပြီး အဆောင်များအား အဓိကထား၍ စစ်ဆေးနေကြောင်း သိရှိရသည်။ – HTY Scout Channel

20 Oct 2014
#rangooscoutnetwork

RSN WEB

20 Oct, 03:31


DAILY HIGHLIGHTS (19 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းသို့ စစ်ကြောင်းဖြင့် ချီတက်ဝင်ရောက် – KT

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို – KT

မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးပစ်ခံရမှု အထိအခိုက်မရှိဟု စစ်ကောင်စီဆို – TI

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင် ကူမင်း GMS အစည်းအဝေး တက်မည် – TI

ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ညတွင်းချင်း တရုတ်က KIA နယ်မြေနှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ချ၊ တိုက်ပွဲနှင့် ထိုးစစ်များ ရပ်ရန် KIA ကို တရုတ် ဖိအားပေး – KT

🔴 သဘာဝဘေး

ရန်ကုန်တွင် မိုးသက်လေပြင်းကျ၊ တိုင်းနှင့်ပြည်နယ်တချို့တွင် မိုးကြီး လေတိုက်နိုင် – DVB

#rangoonscoutnetwork

RSN WEB

19 Oct, 03:32


DAILY HIGHLIGHTS (18 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပန်ဝါမြို့ အနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး မြို့အနီးရှိ စေတီကုန်းကာကင်းစခန်းတစ်ခုကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်၏ ကာကင်းစခန်း ၄ ခုကိုလည်း သိမ်းပိုက်ထားပြီး ဆက်ထိုးစစ်ဆင်နေ – KT

မြဝတီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ကြေညာ၊ စစ်သုံ့ပန်းများနှင့် ၁၂၀ မမ အမြောက် ၂ လက်၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ – KT

ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး – MN

ပန်ဝါမြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာချိန် တရုတ်ဘက်သို့ စစ်ဘေးရှောင်ရန် ကြိုးစားသည့် ပြည်သူများကို တရုတ်အာဏာပိုင်များက ပေးမဝင်ဘဲ နယ် စပ်ဂိတ်ကို ပိတ်ဆို့ထား – KT

နေပြည်တော် ဝန်ထမ်းများကို စစ်အရာရှိများက ရုရှားဘာသာစကားသင်တန်းပေး – MN

ကမ္ဘာ့အစာငတ်မွတ်မှု အညွှန်းကိန်းတွင် မြန်မာ အဆင့် ၇၄ ရပ်တည် – DVB

အမေရိကန်က မြန်မာကို ‌‌ဒေါ်လာ ၄၀၅ သန်းထောက်ပံ့ခဲ့ပြီး အများဆုံးသော အလှူရှင်နိုင်ငံအဖြစ် ရပ်တည်နေ – AT

📊 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာနှင့် ဘတ်ငွေ ဈေးကျသော်လည်း ကုန်ဈေးနှုန်းများ မကျဆင်း – DVB

MAI လေကြောင်းလိုင်းနဲ့ အာရှထိပ်တန်း ခရီးသွားဝန်ဆောင်မှု AirAsia MOVE ပူးပေါင်း – TI

#rangoonscoutnetwork

RSN WEB

18 Oct, 03:47


🔴 ကြည့်မြင်တိုင်မြို့နယ်

ယနေ့ မနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ် သီတာလမ်း အနောက်ပိုင်းဆေးရုံအနီး ဗုံးတွေ့သောကြောင့်ဟုဆိုကာ အဆိုပါနေရာတဝိုက် လူနေအိမ်များကို အကြမ်းဖက်တပ်သားအများအပြားဖြင့် ဝင်ရောက်‌စစ်ဆေးသွားကြောင်း သတင်းရရှိသည်။

18 Oct 2014
#rangooscoutnetwork

RSN WEB

18 Oct, 03:32


DAILY HIGHLIGHTS (17 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက် – PS

ချီဖွေက စစ်ကောင်စီစခန်း ဆယ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထား – RFA

လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော် လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး – KT

သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ – KT

ချင်းလဲန်အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော စစ်ကောင်စီ၏ အော်တို တပ်စခန်းကို ပြန်လည်လက်လွှတ်ခဲ့ရ – AT

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးရွာများတွင် RCSS တပ်များ လှုပ်ရှား – DVB

⚠️ မိတ်ဖက်ပြဿနာ

စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP-AD နှင့် ပူးပေါင်းသွားသည့် မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ မှ တပ်မှူးတပ်သားများနှင့် ပါတီဝင် အားလုံးပြန်လာရန် မွန်ပြည်သစ်ပါတီက ပြန်ခေါ် – KT

နမ္မတူမြို့နယ် NLD လွှတ်တော်အမတ် ၁ ဦးကို TNLA က ဖမ်းဆီးထား – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

5G Mobile စနစ် တပ်ဆင်နိုင်ရေး အိန္ဒိယက မြန်မာကို ကမ်းလှမ်း – DVB

ပစ်ခတ်ရပ်စဲရေး ကျိုးပျက်မှုကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ကြန့်ကြာခဲ့ရဟု စစ်ကောင်စီ သံအမတ် ဆို – AT

မြန်မာ့အရေးကို နိုင်ငံတကာပါလီမန်များညီလာခံ၏ အရေးကြီးကိစ္စတစ်ခုအဖြစ် ထည့်သွင်းရန် ထိုင်းလွှတ်တာ်အမတ် အဆိုပြုထောက်ခံ၊ NUG ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် – KT

📊 စီးပွားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ – KT

#rangoonscoutnetwork

RSN WEB

17 Oct, 13:49


⚫ ကြည့်မြင်တိုင်မြို့နယ်

အောက်တိုဘာလ၊ ၁၆ ရက်နေ့ ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်းရှိ အလတ်ချောင်းရပ်ကွက်၌ အမျိုးသားလူငယ် ၃ ဦးအား PDF ဟုစွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီ စစ်သားများမှ ဖမ်ဆီးသွားကြောင်းနှင့် အတည်ပြုစုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။ – Kyimyindaing Scout Channel

17 Oct 2024
#rangoonscoutnetwork

RSN WEB

17 Oct, 13:22


⚫️ လှိုင်သာယာမြို့နယ်

အောက်တိုဘာ ၁၅ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝန်းတွင် သွားလာနေသော အမျိုးသားများကို အရပ်ဝတ်အဖွဲ့တစ်ခုမှ ဖမ်းခေါ်ကာ စစ်မှုထမ်းအတွက် အတင်းအဓမ္မစုဆောင်းသွားကြောင်း သိရသည်။ စုစုပေါင်း အမျိုးသား ၆၄ ဦးခန့် ဖမ်းခေါ်စုဆောင်းခံရပြီး ထိုသူတို့ကို သွေးစစ်၊ ဆံပင်ညှပ်ကာ မေးခွန်းများမေး၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အဓမ္မဖမ်းဆီးခံရသူများကို ကျိုင်းတုံသို့ လေယာဉ်ဖြင့် ပို့ဆောင်နေစဉ် တချို့ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းလည်း သိရှိရသည်။ – Khit Thit

17 Oct 2024
#rangoonscoutnetwork

RSN WEB

17 Oct, 09:19


⚫️ ကျောက်တံတားမြို့နယ်

ယနေ့ညနေ ၃ နာရီခွဲခန့်တွင်၊ ပန်းဆိုးတန်းလမ်း၊ ပန်းဆိုးတန်းဂုံးတား၊ ရွှေကံကော်လက်ဖက်ရည်ဆိုင်ရှေ့တွင် အကြမ်းဖက် စစ်သားများ အရပ်ဝတ်ပုံစံဖြင့် အင်အား ၄ ဦး (လက်နက်အရှည်ပါ) မှ အရပ်သား ကျား ၂ ဦးကို လက်နက်ထောက်ပြီး အိမ်စီးကားအမဲပေါ်ဖမ်းတင်သွားသည်ဟု သတင်းရရှိသည်။

17 Oct 2024
#rangoonscoutnetwork

RSN WEB

17 Oct, 03:32


DAILY HIGHLIGHTS (16 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပန်ဝါမြို့အနီး အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် – DVB

ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ BGF စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိ – KT


ကရင်နီပြည်၊ ထူးချောင်းစခန်းကို သိမ်းပိုက်နယ်မြေရှင်းစဉ် မရေတွက်နိုင်သော ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းများပါ ရရှိ – KT

AA ထိုးစစ် ဂွမြို့အနီး ရောက်လာ – DVB

မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ – TI

စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ – KT

⚠️ မိတ်ဖက်ပြဿနာ

ဗိုလ်ကော်လာဖိုးဦးဆောင်သည့် KTLA က အရပ်သား ၆ ဦးထက်မနည်း သတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ – PS

“၀” ဒေသကနေ MNDAA ထိန်းချုပ်ဒေသကို ကုန်စည်သယ်ယူခွင့် ပိတ်ခံရ – RFA

💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်တပ်၊ NCA အပစ်ရပ်အဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး – DVB

EAO အချို့ ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေ၊ လက်နက်ကိုင်တောင်းဆိုမှုကို လိုက်လျော ဖြေရှင်းမည်မဟုတ်ဟုစစ်ခေါင်းဆောင်ပြော – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာ့အရေး ထိုင်းနိုင်ငံ၏ ဆောင်ရွက်ချက်များကို အာဆီယံနိုင်ငံများ ထောက်ခံ – DVB

ရခိုင်တွင် ကုလသမဂ္ဂ ‘ဘေးကင်းဇုန်’ ထူထောင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို – TI

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဉ် ဖြစ်နိုင်ခြေနည်းဟု နာဂအဖွဲ့များ သုံးသပ် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

သီတင်းကျွတ်မတိုင်မီ ဘတ် သန်း ၂၀၀ နှင့် ဒေါ်လာ ၆ သန်း စစ်ကောင်စီ ထပ်မံထုတ်ရောင်း – DVB

တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိမှု တန်ဖိုး ခန့်မှန်းငွေ ကျပ် ၉၉ ဘီလီယံခွဲကျော်ရှိ – DVB

🗑 ကျားဖြန့်

လူကုန်ကူးခံရသည့် ကင်ညာနိုင်ငံသားများထံက တရုတ်ကျားဖြန့်ဂိုဏ်း ငွေညှစ် – DVB

🖥 အခြားထူးခြားသတင်းများ

သန်းခေါင်စာရင်း ရက်တိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင် – RFA

လျှပ်စစ်ကား(EV)အားသွင်းခ တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီကော်မတီကြေညာ – PS

#rangoonscoutnetwork

RSN WEB

16 Oct, 14:44


⚫️ တောင်ဒဂုံမြို့နယ်

ယနေ့ ည ၉ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်ထဲ ကောင်လေး ၂ ယောက်ကို လူစိမ်းဟု စွပ်စွဲကာ ရပ်ကွက်စာကြည့်တိုက်ထဲထည့်ပြီး အသည်းအသန် ရိုက်နှက်စစ်ဆေးနေကြကြောင်း သတင်းရရှိသည်။

16 Oct 2024
#rangoonscoutnetwork

RSN WEB

16 Oct, 03:32


DAILY HIGHLIGHTS (15 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပန်ဝါမြို့ကို ကာကွယ်ထားသည့် အမှတ် ၁၀၀၂ BGF ပင်မတပ်စခန်းကြီးနှင့်အတူ တပ်စခန်း ၄ ခု ကို KIA က ထပ်မံ သိမ်းပိုက်ရရှိ – KT

သီပေါမြို့ရှိ စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိ – KT

အာရှလမ်းကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ် – DVB

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

ဘင်္ဂလားပင်လယ်အော်တွင် ဓားပြတိုက်ခံရပြီး စွန့်ပစ်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထံသို့ တရားဝင် ပြန်လည် လွှဲပြောင်းပေး – KT

ဩစတြေးလျက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်း ထောက်ပံ့မည် – DVB

အိန္ဒိယနှင့် မြန်မာကြား ဒေါ်လာ ၂ သိန်းခွဲ တန်ဖိုးရှိ MoU ၅စောင် ရေးထိုး – TI

မြန်မာ-အိန္ဒိယနယ်စပ်မှာ ဖောက်ခွဲရေးပစ္စည်းအမြောက်အမြား ဖမ်းမိ – RFA

စစ်ခေါင်းဆောင် မကြာမီ တရုတ်ပြည်သွားမည် – TI

ရေဘေးသင့်မြန်မာပြည်သူများအတွက် သီရိလင်္ကာက လက်ဖက်ခြောက်ထုပ်များ လှူဒါန်း – DVB

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတ စစ်မှန်သည့်ရွေးကောက်ပွဲ မဖြစ်နိုင်ဟု အမေရိကန်ပြော – DVB

📊 စီးပွားရေးထူးခြားသတင်းများ

စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းကျော် ပြည်ပ တင်ပို့ – DVB

စိုးဝင်းအမိန့်ဖြင့် ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် စျေးများအတွင်းမှ ထိုင်း၊ တရုတ် အပါအဝင်​ ပြည်ပမှ တင်သွင်းသော စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဖမ်းဆီးသိမ်းယူ – KT

မြန်မာပြည်သူများ ဒီမိုကရေစီနှင့်အလှမ်းဝေးပြီး NLD အစိုးရကြောင့် တိုင်းပြည်ဘဏ္ဍာနှင့် ပြည် တွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားဆုံးရှုံးဟု မင်းအောင်လှိုင် ပြော – KT

🖥 အခြားထူးခြားသတင်းများ

၁၅ ရက်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှု မပြီးစီး – DVB

#rangoonscoutnetwork

RSN WEB

15 Oct, 17:21


🔴 လှိုင်သာယာမြို့နယ်

ယနေ့ည ၁၁ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးပုညလမ်း ရပ်ကွက်ရုံးရှေ့ အကြမ်းစစ်သားအများအပြားဖြင့် ဧည့်စစ်ဝင်သွားကြောင်း သိရှိရသည်။ – HTY Scout Channel

15 Oct 2024
#rangoonscoutnetwork

RSN WEB

15 Oct, 16:02


🔴 မင်္ဂလာတောင်ညွန့်မြို့နယ်

ယနေ့ည ၁၀:၁၆ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၆ လမ်းအတွင်း၌ အကြမ်းဖက် စစ်သားနှင့် ရဲများမှ ဧည့်စစ်ဝင်သွားခဲ့ အဖမ်းအဆီး မရှိကြောင်း ကနဦး သတင်းရရှိသည်။ – MGTN Spring News and Scout Channel

15 Oct 2024
#rangoonscoutnetwork

RSN WEB

15 Oct, 15:55


🔴 သာကေတမြို့နယ်

ယနေ့ည ၁၀:၂၀ ခန့်တွင် သာကေတမြို့နယ်၊ ၂ မြောက်ရပ်ကွက်၊ ထူပါရုံ ၂၃ လမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

15 Oct 2024
#rangoonscoutnetwork

8,493

subscribers

979

photos

40

videos