126 Media

@peopleimagenewsagency


ပြည်သူ အရှေ့ အရောက်လာပြီ၊

126 Media

04 Oct, 11:34


ဒဂုံတောင်မြို့နယ်ရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ မွေးနေ့အထိမ်းအမှတ်အလှူငွေအဖြစ် ရန်ကုန်တိုင်းပါတီကော်မတီဝင်မှ လာရောက်လှူဒါန်း

၄. အောက်တိုဘာ. ၂၀၂၄

ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၁၀၄ ရပ်ကွက်ရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းပါတီ ကော်မတီဝင် ဒေါက်တာထွန်းထွန်းဝင်း၏ မွေးနေ့အလှူအဖြစ် အလှူငွေ (၁၅) သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။

ထိုလှူဒါန်းမှုကို ပြည်ခိုင်ဖြိုးပါတီ ဒဂုံမြို့သစ်ခရိုင်ဥက္ကဌဒေါ်စမ်းစမ်းဌေး၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီအဖွဲ့များမှ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

126 Media

04 Oct, 04:37


သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းသည့် အချက် ၆၈ ချက်

လာရောက်မကောက်ယူခင် ကြိုတင်၍ ရေးချထားလျှင် ပိုမိုမြန်ဆန်စွာဖြေကြားနိုင်မည်ဟုယူဆပါသည်။

နေနည်

126 Media

27 Sep, 11:19


ကဲ....သိကြပြီလား

" ပြသနာက UFC ကိုယ်တိုင်က မြန်မာဆိုတာ နိုင်ငံတစ်ခုလို့ မသိသေးပဲ ဖြစ်နေတာပါ။

အဲဒီ အကြောင်းရင်းကြောင့် ကျနော့် အနေနဲ့ မြန်မာအလံကို အဌဂံဝိုင်းထဲ ယူလာခွင့် မရသေးတာ ဖြစ်ပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျနော် တို့ ဘက်ကတော့ ခွင့်ပြု ပေးဖို့ တောင်းဆိုထားတာပေါ့။

မကြာခင် အားလုံး အဆင်ပြေသွားဖို့ မျှော်လင့်ပါတယ်။

ကျနော်လဲ ကိုယ့်နိုင်ငံ အလံကိုသယ်ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုသွားချင်တာပေါ့"

ဗန်

Joshua “ The Fearless “ Van

👏👏👏
#Myanmarsports

126 Media

26 Sep, 14:53


ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အတွက် နိုင်ငံတာဝန်ထမ်းဆောင်ရင်း အသက်ဆုံးပါးသွားသော ပါတီဝင် ၂ ဦးအား အားပေးစကားပြောကြားကာ ထောက်ပံ့ကူညီ

၂၆. စက်တင်ဘာလ. ၂၀၂၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့အတွက် နိုင်ငံတာဝန်ထမ်းဆောင်ရင်း အသက်ဆုံးပါးသွားသော ပါတီဝင် ၂ ဦးအား အားပေးစကားပြောကြားကာ ထောက်ပံ့ကူညီမှု ပေးခဲ့သည်။

ယနေ့ နေ့လည် ၃ နာရီခွဲ အချိန်ခန့်တွင် ဒဂုံံတောင်မြို့နယ် အမှတ် ၁၀၇ ရပ်ကွက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးအတွက် နိုင်ငံတာဝန်ထမ်းဆောင်ရင်း လုပ်ကြံသတ်ဖြတ်ခံရသော ပါတီဝင် ၂ ဦးအား ပထမဦးစွာ ဒဂုံံတောင်ပြည်ခိုင်ဖြိုးပါတီမှ ၁ ဦးလျှင် ကျပ် ၁ သိန်းကျပ်စီ ထောက်ပံ့ကူညီပေးခဲ့ကာ အားပေးစကားပြောကြားခဲ့သည်။

အဆိုပါသွားရောက်ထောက်ပံ့ရာတွင် ဒဂုံံမြို့သစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ ခရိုင်အတွင်းရေးမှူး ဦးဝဏ္ဏမျိုး၊ ခရိုင်ကော်မတီဝင် ဦးဇော်ရဲထွဋ်နှင့် ဒဂုံတောင်မြို့နယ်ပါတီကော်မတီဝင်များမှ သွား​ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၁ ဦးမှ သားသမီး ၂ ဦး၏ ပညာရေးအား အဆုံးတိုင်သည့်အထိ ဒဂုံံတောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ကူညီမှု ပေးမည် ဖြစ်ကြောင်း သိရပါသည်။

126 Media

26 Sep, 04:51


ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ..