မြန်မာ့ခရီးသည်

@mgmaung969


သတင်းမှန်များ အတွေးမှန်များ မျှဝေခြင်း

မြန်မာ့ခရီးသည်

22 Oct, 17:01


အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄)
----------------------------------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန် ထုတ်ပြန်ချက်
=========================

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
========================
ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း (Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

ခန့်မှန်းချက်
===========
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၅-၁၀-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်
=======
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

မြန်မာ့ခရီးသည်

22 Oct, 16:11


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှု မှတ်တမ်းဓာတ်ပုံများ


တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

22 Oct, 16:11


ယနေ့ကမ်ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရကြောင်း၊ မိမိနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း တစ်ရာ ကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး ၎တို့အလိုက် လွတ်လပ်ပြီး အချုပ် အျခာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည့်အတွက် အချုပ် အျခာအာဏာ ပိုင်ခွင့်မဆုံးရှုံး အောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန် အလို့ငွာ သတိပြုနိုင်ရေးအတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော် ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဉီးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများကိုတွေ့မြင်ရမည်ဖြစ် ကြောင်း။

လွတ်လပ်ရေးနေ့အခမ်းအနားများကို ချမှတ်ထားသည့် အမျိုးသားရေးဦးတည် ချက်များဖြင့် အဓိပ္ပာယ်ပြည့်ဝစွာ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့် အညီ ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ဘက်စုံထောင့်စုံမှ လစ်ဟာမှုမရှိစေရန် သတိ၊ ဝီရိယအပြည့် အဝဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ် ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ် ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ ကြိုတင်ပြင် ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သကျဆိုငျရာကဏ်ဏ္႑အလိုကျ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆပ်ကော်မတီများအနေဖြင့် ငွေကြေးသုံးစွဲမှုများတွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါရှိစေ ရေး၊ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် လုံခြံရေးအသိ၊ လုံခြုံရေးသတိ ဖြင့် ဆောင်ရွက်ပြီး လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

22 Oct, 16:11


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ - ၂၂

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။

ဦးစြာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း ၊ ယခုနှစ်၏(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ် ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သေဘာ ထားကြဲလြဲမွုမ်ားကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိ သော နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင် ရေး၊ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် ဆောင်ရွက်ရေး၊ ရှေ့သို့ချီမည် ပန်းတိုင်ဆီ ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုး သားရေး၊ စရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇြဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်ရေးတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးနေ့အတွက်ချမှတ်ထားသည့် ဦးတည်ချက်များသည် လွတ်လပ်ရေး ၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေကြောင်း၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်သည် အနှောင် အဖွဲ့ကင်းလွတ်ခြင်းကို ဆိုလိုကြောင်း၊ အချုပ်အခြာအာဏာဆိုသည်မှာ လွတ်လပ်ခြင်း နှင့် မိမိကိုယ်ပိုင်စီမံဆုံးဖြတ်ခွင့်ရှိခြင်းဖြစ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် နိုင်ငံ သည် လွတ်လွတ်လပ်လပ်နှင့် နိုင်ငံသားအားလုံးက ကိုယ်တိုင်စီမံလုပ်ကိုင်ဆုံးဖြတ် နိုင်ခွင့်ရှိခြင်း၊ အနှောင်အဖွဲ့ကင်းပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိသောနိုင်ငံများကို အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် သတ်မှတ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးသည် အရေးကြီးကြောင်း၊ အချို့နိုင်ငံများသည် လွတ်လပ်ကြသော်လည်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုမရှိကြကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာ အာဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ထိုသို့သောနိုင်ငံများကို ကမ်ဘာပေါ်တွင် တွေ့မြင်နေရကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေး မ်ားကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ လွတ်လပ် ရေးရရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီးဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံးသွားနိုင်သည့် အခြေအနေများကို ကမ်ဘာ့နိုင်ငံများတွင် တွေ့မြင်ရကြောင်း၊ ယနေ့အချိန်အခါတွင် ကမ်ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရ သည်မှာ Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း၊ နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့်နေရာမျိုး တွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ်ဘာ့ရွာကြီးဖွံဖြိုးတိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့်အစား ကမ်ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆြဲ၍ ရန္စကား ပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေရကြောင်း၊ Hegemony ဗိုလ္က် စိုးမိုးခြင်း ကိစ္စရပ်များ၊ Multilateralismနှင့် Unilateralism အင်အားပြိုင်မှုကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန္သူဆို၍ ဖိအားပေးသော ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုက် ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ် ရုပ်သေးအစိုးရ ဖြစ်စေရေး ကြိုးစားမှုများကို

မြန်မာ့ခရီးသည်

22 Oct, 16:07


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀ / ၂၀၂၄ ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

မြန်မာ့ခရီးသည်

22 Oct, 16:06


ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ  ဒေသခံလူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာ ကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းအမှား များအား လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၂၂
          ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ  ဒေသခံ လူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျေးရွာရှိ လူနေအိမ်များ ပြောင်းရွေ့ရန်စေခိုင်းမှု လုံးဝမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေရန် ရည်ရွယ်ချက်ရှိရှိ ကောလာဟလ သတင်းအမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်ဝေရေးသားခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ခရီးသည်

22 Oct, 16:01


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ အောက်တိုဘာ ၂၂
            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
            ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “KO KYAW” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်နေ ကျော်လင်းထွန်း(ခ)ကျင်ဝှက်အား ညနေ ၄ နာရီ ၄၅ မိနစ်တွင် အေးသာယာနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။
            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူ များအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာ့ခရီးသည်

22 Oct, 15:59


ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ
၂၀၂၄/အောက်တိုဘာ(၂၂)ရက်
                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အဏ္ဏဝါသီရိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့သည်။
                  ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်များအကြား ရေကြောင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်များ အကြား အပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များ၊ စစ်ရေယာဉ်များချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

22 Oct, 15:58


တောင်ငူမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့်      ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေး
နေပြည်တော်၊ အောက်တိုဘာ -၂၂
         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချ လေ့ကျင့်ရေးဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များက သွားရောက်တွေ့ဆုံအားပေးသည်။ ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ကြပြီး သင်တန်းသားများအား အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

22 Oct, 15:58


ကုန်သွယ်ရေဇုန်အားလုံးနီးပါး
ရပ်ဆိုင်းသွားပြီ
ဘယ်သူ့ကို ထိခိုက်မှာလဲ
#AungMoeKyaw

မြန်မာ့ခရီးသည်

22 Oct, 15:57


လှည်းကူးမြို့နယ်၊ စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၂၂
            ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စံပြမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
            ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၀ ပါးနှင့် ဒေသခံပြည်သူ ၇၃ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရောဂါ၊ ကလေးရောဂါ၊ အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
            ယင်းသို့ဆောင်ရွက်နေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။