Myanmar Focus - MF

@myanmarfocuschannel


ပြည်တွင်းပြည်ပသတင်းများ နှင့် နည်းပညာဗဟုသုတများဖျော်ဖြေရေးအစီစဥ်များကိုလွှင့်တင်ပေးပါမည်။

Myanmar Focus - MF

22 Oct, 14:54


သုခဒဂုံ ပြည်သူ့အငှါး အိမ်ရာမှ တိုက် ၇၁ လုံးအား အခန်းများ ငှားရမ်းပေးသွားမည်


သုခ ဒဂုံ ပြည်သူ့အငှါး အိမ်ရာသည် စုစုပေါင်း တိုက်(၁၉၄) လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများ ငှါးရမ်းခွင့် ပြုလျက်ရှိရာ ပြီးစီးမှုအလိုက် အခန်းများ ငှါးရမ်းခွင့် ပြုလျက်ရှိကြောင်း သိရသည်။


ပထမအဆင့် တိုက် ၇၃ လုံး၊ ဒုတိယအဆင့် တိုက် ၅၀ လုံးတို့ကို နေရာ ချထားပေးခဲ့ပြီး တတိယအဆင့် တိုက် ၇၁ လုံး လျာထားခဲ့ပြီး ပြီးစီးမှုအရ အဆင့်ဆင့် နေရာချသွားမည်ဖြစ်ကြောင်း သိရသည်။

တတိယအဆင့်အတွက် တင်ပြလာသော လျှောက်လွှာများ အနက် အချက်အလက် ကိုက်ညီသူများ နှင့် ယခင် မဲနှိုက်ခွင့်ရရှိပြီးမဲမပေါက်သူများ စုစုပေါင်း တစ်သောင်းကျော်ကို အုပ်စုများခွဲပြီး အုပ်စုအလိုက် မဲနှိုက်ခွင့်ရရှိမည့် တိုက်များကို ကော်မတီမှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ အုပ်စုနှင့် တိုက်များအလိုက် ခွဲဝေပြီး ပြီးစီးသည့် တိုက်၄၃ လုံးနှင့် စည်းကမ်းပျက်၍ သိမ်းဆည်းထားသည့်အခန်းများနှင့် အကြောင်း အမျိုးမျိုးကြောင့် လစ်လပ် အခန်းများ ကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲနှိုက်ခွင့် ရရှိပြီးဖြစ်သော်လည်း မိမိတို့ ရရှိမည့်တိုက်များမှာ မပြီးစီးသေးပါက ပြီးစီးသည့်အချိန်တွင် မဲနှိုက်ရန် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

#myanmarfocus

Myanmar Focus - MF

22 Oct, 14:53


သုခဒဂုံ ပြည်သူ့အငှါး အိမ်ရာမှ တိုက် ၇၁ လုံးအား အခန်းများ ငှားရမ်းပေးသွားမည်
#myanmarfocus

Myanmar Focus - MF

22 Oct, 14:35


မုန်တိုင်းငယ်သည် မြန်မာနို်ငငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသော်လည်း ဒေသအလိုက် မိုးကြီးခြင်းများ ဆက်ဖြစ်နေမည်


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၂၁၀ မိုင်ခန့်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။


အဆိုပါ မုန်တိုင်းငယ်သည် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။


သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြု နိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးနှိုးဆော်ထားပါသည်။
#myanmarfocus

Myanmar Focus - MF

22 Oct, 14:35


မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသော်လည်း ဒေသအလိုက် မိုးကြီးခြင်းများ ဆက်ဖြစ်နေမည်
#myanmarfocus

Myanmar Focus - MF

22 Oct, 14:19


ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ ဒေသခံလူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာ ကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းအမှားများအား လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ
#myanmarfocus

Myanmar Focus - MF

22 Oct, 13:40


#ထူးခြားနိုင်ငံတကာသတင်းတိုများ (၂၂-၁၀-၂၀၂၄)❗️❗️❗️❗️

📌 ၁။ ဗီယက်နမ်လွှတ်တော်သည် နိုင်ငံ၏သမ္မတသစ်အဖြစ် စစ်ဗိုလ်ချုပ်ကြီး Luong Cuong(လွန်ကွန်)ကို အတည်ပြုခန့်အပ်။

📌 ၂။ အိန္ဒိယနှင့် တရုတ် နိုင်ငံတို့သည် နယ်စပ်ဇုန်များတွင် ကင်းလှည့်မှုများ ပြုလုပ်ရန် သဘောတူခဲ့ကြ။

📌 ၃။ ထိုင်းနိုင်ငံတွင် (၁၀)နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စံချိန်တင် မြင့်တက်။

📌 ၄။ ဂရိကျွန်းအနီးတွင် လှေတိမ်းမှောက်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦး သေဆုံးပြီး နှစ်ဦးပျောက် ဆုံးနေ။

📌 ၅။ အီတလီနိုင်ငံ၊ Tuscany တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေ။

📌 ၆။ ကျူးဘားနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း Oscar သည် အဆင့် ၁ ဟာရီကိန်းမုန်တိုင်းအဖြစ်
ဝင်ရောက်ခဲ့။

📌 ၇။ အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းသို့ ထိုးစစ်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ။

📌 ၈။ အီဂျစ်နိုင်ငံအား ငှက်ဖျားကင်းစင်သည့်နိုင်ငံအဖြစ် WHO သတ်မှတ်။

📌 ၉။ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကန္တာရကြီးဖြစ်သည့် Taklimakan အတွင်း ဖရဲသီးများ စိုက်ပျိုးခြင်းအားဖြင့် ဒေသခံများ ဝင်ငွေများ တိုးပွားလျက်ရှိ။

📌 ၁၀။ အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Erumely မှ လူငယ်လေးသည် ကမ္ဘာ့အသေးဆုံး ရေခဲသေတ္တာကို တီထွင်ခဲ့။
#myanmarfocus

Myanmar Focus - MF

22 Oct, 13:20


#ပြည်တွင်းထူးခြားသတင်းတိုများ (၂၂-၁၀-၂၀၂၄)❗️❗️❗️❗️

📌 ၁။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်။

📌 ၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား။

📌 ၃။ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်။

📌 ၄။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူများအနက် ဦးရေ(၂)သန်းပြည့်မြောက်သည့် ဘုရားဖူးပြည်သူအား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်။

📌 ၅။ လာအို-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး။

📌 ၆။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းမှား မဟုတ်မမှန် ဝါဒဖြန့်ဝေလျက်ရှိ။

📌 ၇။ ဧရာဝတီတိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် စစ်မှုထမ်းကိစ္စများကိုပါ မေးမြန်းကောက်ယူနေကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက်ရှိ။

📌 ၈။ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကထိန်ပွဲပြုလုပ်ခဲ့သည့် အင်ပထိုးကျေးရွာအနီးကို အောက်တိုဘာ ၂၀ရက်နေ့က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ရေးသား။

📌 ၉။ ရန်ကုန်မြို့တစ်ပတ် ပြေးဆွဲနေသည့် မြို့ပတ်ရထားလက်မှတ်ခနှုန်းထားများ တိုးမြှင့်သတ်မှတ်။

📌 ၁၀။ သီတင်းကျွတ်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည်(၁၀၀၀၀)ကျော် လာရောက် လည်ပတ်။
#myanmarfocus

Myanmar Focus - MF

22 Oct, 12:58


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးသတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း သတိပေး


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးအသိဖြင့် သတိရှိကြရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်းက ယနေ့ အောက်တိုဘာ (၂၂) ရက်တွင် သတိပေးစာ ထုတ်ပြန်ထားသည်။


ထိုသို့ သတိပေးချက် ထုတ်ပြန်ထားသည်မှာ ယမန်နေ့ညက လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေ (၅)ပိဿာပါ သေတ္တာသုံးလုံးကို လူ (၆) ဦးက ‌ေ-သနတ်ဖြင့် ပစ်ခတ်လုယက်သည့် ဓ-ားပြတိုက်မှု ဖြစ်စဉ်ကြောင့် သတိပေးခြင်းဖြစ်သည်ဟု သိရသည်။

သတိပေးချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များအနေဖြင့်မိမိရွှေဆိုင်များတွင် CCTV များ တပ်ဆင်သည့်အတိုင်း မိမိတို့နေထိုင်သည့် အိမ်နေရာ ပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း၊ မိမိတို့ ရွှေငွေ သယ်ဆောင်သည့် ကားများတွင် Camera တပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြရန် တိုက်တွန်းထားသည်။
#myanmarfocus

Myanmar Focus - MF

22 Oct, 12:57


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးသတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း သတိပေး
#myanmarfocus

Myanmar Focus - MF

22 Oct, 12:42


ဟောင်ကောင်ကို အနိုင်ရအောင် ကစားနိုင်မယ်လို့ ယုံကြည်တယ်ဟု မြန်မာအမျိုးသမီးလက်‌ရွေးစင် ကစားသမား ဝင်းသိင်္ဂီထွန်း ပြော


ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းနှင့် YUSC ကွင်းတို့တွင် အောက်တိုဘာ ၂၃ ၊၂၆ ရက် ယှဉ်ပြိုင် ကစားမည့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အမျိုးသမီး လက်ရွေးစင်အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၂ ရက် (ယနေ့) ညနေပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာအမျိုးသမီးလက်‌ရွေးစင် ကစားသမား ဝင်းသိင်္ဂီထွန်းက အသင်းမှာ ရှိတဲ့ကစားသမားတွေ အားလုံးလေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားထားလို့ ဟောင်ကောင်ကို အနိုင်ရအောင် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကစားဖော်တွေကိုလည်း ကျွန်တော့်လို ပြည်ပထွက်ကစားနိုင်ဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေကို စိတ်ဝင်စားနေတဲ့ ပြည်ပကလပ်အသင်း အများအပြားရှိနေပါတယ်ဆိုသည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ်ကလည်း ဟောင်ကောင်နဲ့ တွေ့ဆုံဖူးပေမယ့် ရလဒ်ကောင်းထပ်ယူနိုင်ဖို့ သေချာ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့အသင်းဟာ ဒီနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲတွေ မရှိပေမယ့်ခြေစမ်းပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေ ကျေနပ်မှု ရစေဖို့ ကစားသမားတွေ အကောင်းဆုံး ကြိုးစားမယ်ဆိုတာ ယုံကြည်ပါတယ်။ ဟောင်ကောင်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီဟု ဆိုသည်။


ဟောင်ကောင် အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြချုပ် Jose Ricardo Rambo က မြန်မာအသင်းဟာ ခြေစွမ်းကောင်းမွန်တဲ့ အသင်းဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အကျိုးရှိစေမယ့် ခြေစမ်းပွဲဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာလည်း ပြည်ပထွက်ကစားနေတဲ့ ကစားသမားအချို့ပါဝင်လာပါတယ်။ အသင်းကို တည်ဆောက်ရာမှာ အတွေ့အကြုံရှိသူရော လူငယ်ကစားသမားတွေကိုပါ ထည့်သွင်းရွေးချယ်ထားပါတယ်။ မတူညီတဲ့ ကွင်းနှစ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်ဟု ဆိုသည်။

ဟောင်ကောင် အမျိုးသမီး လက်ရွေးစင်အသင်း ကစားသမား Chang Wing Sze က မြန်မာအသင်းနဲ့ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးပါတယ်။ မြန်မာအသင်း ကစားတဲ့ ပွဲစဉ်တွေကို လေ့ လာထားပါ တယ်။ ရလဒ်ကောင်း ယူနိုင်ဖို့ ကြိုးစားသွားမှာပါဟု ဆိုသည်။
#myanmarfocus

Myanmar Focus - MF

22 Oct, 12:42


ဟောင်ကောင်ကို အနိုင်ရအောင် ကစားနိုင်မယ်လို့ ယုံကြည်တယ်ဟု မြန်မာအမျိုးသမီးလက်‌ရွေးစင် ကစားသမား ဝင်းသိင်္ဂီထွန်း ပြော
#myanmarfocus

Myanmar Focus - MF

22 Oct, 12:28


အောက်တိုဘာ ၂၃နှင့် ၂၆ ရက်တို့၌ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲအတွက် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဟောင်ကောင် အမျိုးသမီး လက်ရွေးစင်အသင်းတို့သည် ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်းရှိ လေ့ကျင့်ရေးကွင်း - ၅တွင် Official Training ပြုလုပ်ခဲ့ကြသည်။
#myanmarfocus