Top Popular Telegram Posts | Trending Posts Across Channels| discovertelegram.com

Popular Telegram Posts

◼️ '၀' တောင်ပိုင်း ၁၇၁ စစ်ဒေသမှ UWSA တပ်စခန်း ၉ ခုကို ထိုင်းက ဖယ်ရှားခိုင်း

'၀' ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသ အတွင်းမှ တပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းခဲ့တဲ့ တောင်းဆိုမှုကို UWSA 'ဝ' တပ်ဖွဲ့က ငြင်းဆိုထားကြောင်း သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောဆိုရာမှာ-

"၀ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသ အတွင်းမှ တပ်စခန်း ၉ ခုကို ဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးကို ကျနော်တို့နဲ့ မပြီးဘူး။ နိုင်ငံတော် အချင်းချင်း ဆွေးနွေးရမယ့် ကိစ္စရပ် ဖြစ်တယ်” လို့ ဆိုပါတယ်။

ထိုင်းဘက်က အကြောင်းကြားလာမှုကို နိုင်ငံတော် ခေါင်းဆောင်ပိုင်းသို့ သတင်းပို့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ပြည်နယ်၊ ပိုင်ခရိုင်နဲ့ ထိစပ်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်ရှိ UWSA တပ်စွဲထားသော စခန်း ၇ ခုကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။

ထိုင်းနယ်စပ် ပြသနာဟာ ရှမ်းမြောက်ဒေသမှာ နယ်မြေတွေ ဆုံးရှုံးနေတဲ့ အကြမ်းဖက် စစ်တပ်အတွက် နောက်ထပ် ခေါင်းခဲရမယ့် ပြသနာတစ်ခု ဖြစ်ပြီး-

ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA 'ဝ' တပ်ဖွဲ့ကပါ ကိုယ်တိုင် မရှင်းပဲ စစ်ရှုံးကောင်စီ အပေါ်ကို ခေါင်းထိုးတင်ပေးလိုက်တာဟာ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်အတွက် ဖိအားတွေ ပိုတိုးစေမှာ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာ တရုတ်ရဲ့ ဖိအားနဲ့ နယ်မြေကိစ္စ ရှုပ်ထွေးမှု ဖြစ်နေချိန်နဲ့ အချိန်ကိုက်ပြီး ထွက်ပေါ်တာကြောင့် ဒီပြသနာဟာ တိုက်ဆိုင်မှု တစ်ခုလို့ ပြောဖို့ရာ အလွန်ခက်ပါတယ်။

စစ်ရှုံးကောင်တွေ ဘာဆက်လုပ်မလဲ စောင့်ကြည့်ရမှာပါ..။

#4C_TruthNews
သတင်းမှန် ဖိုးစီ
25 Nov, 16:35