ဇိမ်ခံရွက်လှေစီးပြီး အပန်းဖြေခရီးထွက်တဲ့ စုံတွဲသုံးတွဲမထင်မှတ်ထားတဲ့အရာနဲ့ကြုံတွေ့လိုက်ရတဲ့အခါ။
ကျောင်းတုန်းက ငယ်သူငယ်ချင်းတွေ အတူပြန်ဆုံပြီး အပန်းဖြေခရီးထွက်ဖို့အတွက် အတွဲကိုယ်စီနဲ့ ရွက်လှေပေါ်ကို ရောက်လာကြတယ်။
ရောက်ရောက်ချင်းနေ့ရဲ့ ညနေခင်းမှာ မွေးနေ့ပွဲကျင်းပရင်းသောက်စားမူးယစ်ပြီး အကုန်အိပ်ပျော်သွားကြတယ်။
ဒါပေမဲ့မနက်မိုးလင်းတဲ့အခါမှာတော့ လှေပေါ်မှာ ရိက္ခာတွေရောဆီတွေပါမရှိတော့တဲ့အပြင်ကျောက်ဆူးပါ မချထားတဲ့အတွက်ပင်လယ်ပြင်ကြီးထဲ မျောပါသွားကြတယ်။
အားလုံးအထိတ်တလန့်ဖြစ်နေတဲ့အချိန်မှာပဲ ဝေါကီတောကီကနေ လူတစ်ယောက်ဆက်သွယ်လာပြီး တောင်းဆိုမှုတွေလုပ်လာပါတော့တယ်။