أحدث المنشورات من ရုပ်ရှင်အညွှန်း (@yoteshin003) على Telegram

منشورات ရုပ်ရှင်အညွှန်း على Telegram

ရုပ်ရှင်အညွှန်း
3,293 مشترك
5 صورة
5 فيديو
آخر تحديث 01.03.2025 12:23

قنوات مشابهة

2D Myanmar VIP
3,641 مشترك

أحدث المحتوى الذي تم مشاركته بواسطة ရုပ်ရှင်အညွှန်း على Telegram


The Crow 1994

Halloween မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ စုံတွဲလေးဟာ တစ်ရက်အလိုမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။

The Crow (ကျီးကန်း) ဟာ သေသူတွေရဲ့ ဝိဉာဉ်ကို သယ်ဆောင်ပေးတဲ့ အချိတ်အဆက်လေးပေါ့။

ထူးဆန်းစွာ တစ်နှစ်ကြာအပြီးမှာ သေဆုံးသွားတဲ့ လူရွယ်ဟာ ထူးဆန်းစွာ  ပြန်လည်နိုးထလာခဲ့တယ်..

နာကျဉ်းမှုတွေနဲ့နှိုးထလာခဲ့တဲ့ သူဟာ သူနဲ့ သတို့သမီးလောင်းလေးကိုသတ်ဖြတ်ခဲ့တဲ့ လူမိုက်တွေကိုလက်စားချေဖို့ကြိုးစားပါတော့တယ်…

The Crow ဆိုတဲ့ အက်ရှင်ကားဟာ Bruce Lee ရဲ့ သား Brandon Lee မကြွေလွင့်ခင်ရိုက်ခဲ့တဲ့ နောက်ဆုံး ကားလေးပေါ့။

ဒီကား‌လေး ရုံတင်ဖို့ ရက်အနည်းငယ် အလိုမှာပဲ Brandon Lee ဟာ သေဆုံးသွားခဲ့တာပါ။

1994 တုန်းက အင်မတန် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေး။အက်ရှင်ကားကြိုက်သူတို့လက်မလွှတ်သင့်ပါ။

The Water Man 2021


မျှော်လင့်ချက် ဆိုတာမရှိရင် ဘာမှမအောင်မြင်နိုင်သလိုမျှော်လင့်ချက် ပြင်းထန်ရင်လည်း အံ့ဩစရာကောင်းလောက်အောင်ကို မထင်ထားမိတာတွေ ဖြစ်တတ်ပါတယ်။

Water Man (ရေလူသား ) လို့ခေါ်ဆိုကြပါတယ်…

“မသေနိုင်တဲ့လူသား” ဆိုပြီး နာမည်ကြီးနေတဲ့ ဒဏ္ဍာရီလူသားတစ်ဉီးပါ။

သူကတော့ အခုချိန်ထိ သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့အလောင်းကို မရမက လိုက်ရှာနေတဲ့သူပေါ့..

သူ့မှာရှိတဲ့ ကျောက်တုံးလေးက သေရာကနေပြန်ရှင်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိလို့တဲ့။

အဲ့ဒါကြောင့်ပဲ သူတောင် သေရာကနေ ပြန်ရှင်လာခဲ့တာပါ။

ရေလူသားရှိတဲ့ မြို့ထဲကို ဂန်းနားတို့မိသားစု ပြောင်းလာတာမကြာသေးပါဘူး။

ဂန်းနားအမေက တကယ်တော့ နောက်ဆုံးအဆင့်ကင်ဆာကုထုံး ခံယူနေရတဲ့သူပါ။

မကြာခင်သေတော့မယ့်သူပေါ့။

အမေဖြစ်သူ သေဆုံးမှာကို လက်မခံနိုင်တဲ့ ဆယ်ကျော်သက်ဂန်းနား တစ်ယောက်လမ်းသရဲမလေး ဂျို နဲ့ပေါင်းမိပြီး ရေလူသား ကိုရှာဖွေမယ့် အစီအစဉ်ဆွဲပါတော့တယ်။

ဆယ်ကျော်သက်တွေရဲ့ စွန့်စားချင်စိတ်၊ စိတ်ကူးယဉ်စိတ်အပြည့်နဲ့ တောထဲဝင်သွားကြတဲ့ ဂန်းနား နဲ့ ဂျို နှစ်ယောက် ရေလူသားနဲ့ဘယ်လိုမျိုးတွေ့ဆုံကြမလဲ?

Gravity  2013

ဒီနေ့မှာတော့ ၂၀၁၃မှာထွက်ရှိထားတဲ့ Thriller Scifi ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒါရိုက်တာ Alfonso Cuarón ရိုက်ကားပုံဖော်ထားတဲ့ ရုပ်ရှင်လေးဟာဆိုရင်တော့ ၂၀၁၃ ရဲ့ရုပ်ရှင်ဆုတွေကိုပိတ်သိမ်းခဲ့တဲ့ကားလေးဖြစ်ပြီး Oscar award ၇ခုတိတိ ရရှိခဲ့တာဖြစ်ပါတယ်။

Alfonso Cuarón ဆိုရင်လည်း ဒီရုပ်ရှင်လေးနဲ့ ပထမဆုံး Best Director Oscar ဆုရှိခဲ့တဲ့ Hispanic Mexican လူမျိုးဖြစ်ခဲ့ရပါတယ်။ရုံတင်ဝင်ငွေရဆိုလည်း 732 million အထိရရှိခဲ့ပြီး ratingတွေအနေနဲ့ Rotten Tomatoes 96% အထိရရှိထားတဲ့ရုပ်ရှင်လေးဖြစ်ပါတယ်။

မင်မင်ငယ်ငယ်က အာကာသယာဉ်မှုးအလုပ်ကို ရူးသွတ်ခဲ့ဖူးပါတယ်။

အာကာသပေါ်သွားရတာပျော်ဖို့ကောင်းမှာပဲလို့ အမြဲတွေးခဲ့ပြီး ဒီရုပ်ရှင်လေးကြည့်အပြီးမှာတော့ အာကာသပေါ်သွားရတာတော်တော်ကြောက်ဖို့ကောင်းမှာပဲလို့ အတွေးပြောင်းပေးခဲ့တဲ့ ရုပ်ရှင်လေးလည်းဖြစ်ပါတယ်။

တစ်ဇာတ်လမ်းလုံးပျင်းရတယ်ကိုမရှိပဲ လူကိုအသဲယားပြီး ဆန့်ငင်ဆန့်ငင် ဖြစ်အောင်လုပ်ပေးနိုင်တဲ့ကားလေးဖြစ်တာကြောင့် ပရိသတ်ကြီးတို့အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

Resurrected 2023

သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။

တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။

ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး သူတို့သားလေး နစ်ခ်ကိုလက်စ်ကို ပြန်အသက်သွင်းခဲ့ပါတော့တယ်။

ဒီလိုနဲ့ပဲ အချိန်အပိုင်းတစ်ခုကို ကျော်သွားတဲ့အခါမှာ အသက်ပြန်သွင်းတယ်ဆိုတဲ့ ကိစ္စဟာ Trend တစ်ခုလိုဖြစ်လာခဲ့ပြီး...

ခရစ်ယာန်ဂိုဏ်းတွေမှာ သေဆုံးပြီးတဲ့သူတွေကို ပြန်အသက်သွင်းဖို့လုပ်တာကလည်း တရားဝင်ကျင့်သုံးလာတဲ့ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ဒီပြန်အသက်သွင်းတယ်ဆိုတဲ့ ကိစ္စကသွေးရိုးသားရိုးကောဟုတ်ရဲ့လား…

ဒီလို သေဆုံးပြီးတော့ ပြန်အသက်သွင်းခံလိုက်ရတဲ့သူတွေရော ပုံမှန်လူတွေလိုပြန်ဖြစ်သွားတာပဲလား…

ဗာတီကန်ရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးမှာသည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ်ရှုစားရမှာပဲဖြစ်ပါတယ်။

Alone 2007

ဖင် နဲ့ ဖလွိုင်ဆိုတာ မွေးကတည်းကခန္ဓာကိုယ်ချင်းဆက်နေတဲ့ အမြွှာညီအစ်မနှစ်ယောက်။

သူတို့နှစ်ယောက်ဟာ အချင်းချင်းချစ်ကြပြီးအဆင်ပြေပြေနေလာခဲ့ကြတာ ဝီးဆိုတဲ့ကောင်လေးနဲ့မတွေ့ခင်အထိ။ ဝီး ချစ်တာက ဖင်မ်ဖြစ်ပြီး ဖလွိုင်ကဝီးကိုချစ်နေတဲ့အခါ...

ရင်ချင်းဆက်အမြွှာနှစ်ယောက်ကြားမှာ ပဋိပက္ခတွေစဖြစ်လာပါတော့တယ်။

ဒါကြောင့် ဖင်မ်ဟာခွဲစိတ်ပြီး ဖလွိုင်တဲ့ကိုယ်ချင်းဆက်နေတဲ့ဘဝကနေ သူမဘာသာတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေချင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာဘဲ ခွဲစိတ်မှုလုပ်ခဲ့ပေမယ့် ဖလွိုင် ဆုံးပါးသွားခဲ့ပြီး ဖင်မ်တစ်ယောက်သာအသက်ရှင်ကျန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖင်မ်နဲ့ဝီးဟာ တောင်ကိုရီးယားကိုပြောင်းရွှေ့အချေချပြီးနေထိုင်ခဲ့ကြပါတယ်။

သို့သော်လည်း ထိုင်းကိုပြန်လာဖို့အကြောင်းဖန်လာတာကတော့ ဖင်မ်ရဲ့အမေလေဖြတ်ပြီးဆေးရုံတင်ထားရတာကြောင့်ပါ။

ထိုင်းကိုပြန်ရောက်ပြီး အရင်အိမ်မှာပြန်နေတဲ့အခါ ဖလွိုင်ရဲ့အရိပ်အ​ယောင် အငွေ့အသက်တွေကိုမြင်လာရပြီး ခြောက်ခြားစရာအဖြစ်အပျက်တွေတစ်ခုပြီးတစ်ခု ဖင်မ်ကြုံရပါတော့တယ်။

ဖလွိုင်တစ်ယောက် မကျွတ်မလွတ်ဘဲ ဘာမကျေနပ်ချက်တွေရှိနေတာလဲ။

The Medium (2021) Shutter (2004) နဲ့ Pee Mak (2013) တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Banjong Pisanthanakun ရဲ့လက်ရာ horror ကားကောင်းတစ်ခုမို့ ကြည့်ရှုခံစား ခြောက်ခြားလိုက်ကြပါဦး။

Land Of Bad  2024


ဒီကားလေးကတော့ စစ်အက်ရှင်ကကြမ်းကြမ်းကို သဘောကျသူများအကြိုက်တွေ့မယ့်ကားလေးပါ။

စီအိုင်အေအေးဂျင့်တစ်ယောက် ပြန်ပေးဆွဲခံရတာကို ကယ်ဆယ်ဖို့ လေတပ်ကအထူးတပ်သားတစ်စုနဲ့အတူ အတွေ့အကြုံနုသေးတဲ့တပ်သားသစ်လေး ကန်နီပါ ပူးတွဲပါ၀င်ခဲ့ပါတယ်။

ကန်နီတို့အဖွဲ့ဟာ အထက်ကဝေဟင်မြင်ကွင်းနဲ့ အော်ပရေးရှင်းကို ထိန်းချုပ်နေတဲ့ ရီပါ-၁ ရဲ့ အထောက်အကူနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နယ်မြေထဲဆင်းသက်ခဲ့ကြတဲ့အချိန် အော်ပရေးရှင်းတန်းလန်းမှာတင် စစ်စတမ်ချို့ယွင်းမှုကြောင့် ခဏတာအဆက်အသွယ်ပြတ်ချိန်..မြေပြင်က သူတို့လူတသိုက်နဲ့  နယ်ခံလူဆိုးတစ်အုပ်ကြားသူတို့ဘယ်လိုဆက်ပြီး ရုန်းကန်တိုက်ကြမယ်ဆိုတာ....

ဒီကားဟာ စိတ်စင်စားစရာ ခပ်ကြမ်းကြမ်းတရစပ်ရိုက်ချက်တွေ ဝေဟင်မြင်ကွင်းတွေ လက်ရုံးချင်းယှဥ်တိုက်ရမယ့်တိုက်ကွက်တွေ ဖောက်ခွဲရေးအထူးပြုလုပ်ချက်တွေအစုံအလင်နဲ့ မရိုးနိုင်အောင်ရှုစားရမယ့် စစ်အက်ရှင်ကားလေးပါ။

Salute 2022

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။

"ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွလက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင်ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး။

အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို
ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား...

ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ

အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူကရဲဌာနကိုဖိအားပေးလာပါတော့တယ်။

အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့်ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ

အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကိုသူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ်။

အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကိုလိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ..

အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်...

Kurup (2021)
____

IMDB (7.9/10)

1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်

မာယာလာရမ်း ဘာသာစကားပြော ဒီရုပ်ရှင်ဟာ IMDB မှာ 7.9 ထိရထားတဲ့ ကြည့်ရတာတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ

အက်ရှင်တွေမပါပဲ ဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိ ဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး

Chup 2022

အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့အိမ်ထဲမှာမှောင်နေတယ်။


သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့အိမ်သာထဲမှာ တွေ့လိုက်ရတာက

တစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ်။

သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး
သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ်။

အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာလူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီး...

သူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာသူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု
ရှိနေခဲ့တယ်။

အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး..

ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက
ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ..

မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကိုပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Aeon Flux (2005)


IMDB (5.5/10)

ဒီဇာတ်ကားဟာ ခါတိုင်းတွေ့ဖူးနေကြကားတွေလို မင်းသားဇာတ်ကားမျိုးမဟုတ်ပဲ မင်းသမီး Charlize Theron အဓိကပါ၀င် သရုပ်ဆောင်ထားတဲ့ Action, Adventure, Sci-Fi အမျိုးအစားပဲဖြစ်ပါတယ်

Aeon flux ဟာ လူသတ်သမားတစ်ယောက်ဖြစ်ပြီး အစိုးရကိုဖြုတ်ချဖို့ ကြိုးစားနေတဲ့ သူပုန်အုပ်စုတစ်စုကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်ဖို့ အလုပ်လုပ်ပေးနေရသူလည်း ဖြစ်ပါတယ်

သူမဟာ အလုပ်တစ်ခုမလုပ်ခင် စနစ်တကျ သုံးသပ်လေ့လာတတ်တဲ့ အကျင့်ရှိပြီး အလုပ်ကိုလည်း ပိပိရိရိနဲ့ သေသပ်ကျွမ်းကျင်စွာ လုပ်ကိုင်တတ်သူလည်း ဖြစ်ပါတယ်

ဇာတ်ကားတစ်ကားလုံး မင်းသမီး Charlize Theron ရဲ့ အက်ရှင်တိုက်ခိုက်ခန်းများနဲ့ ထူးဆန်းတဲ့ သိပ္ပံလက်နက်တွေကိုပါ မြင်တွေ့နိုင်မယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်