ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာအသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ပိုးသတ်ဆေးကိုအရက်ထဲထည့်တိုက်လို့လူလေးယောက်သေဆုံးပြီးနှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။
ဒီအမှုကအဲ့ရွာမှာဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကိုအရက်ထဲပိုးသတ်ဆေးခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။
ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီးအချိန်ပေးကြည့်ရတာတန်မယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
https://t.me/c/1673873006/2969
အရင်Join ပါ link
https://t.me/+QmYltwrLi6phMjE1
ဇာတ်ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1