Latest Posts from Yaung Pyan Lay (@yaungpyanlay) on Telegram

Yaung Pyan Lay Telegram Posts

Yaung Pyan Lay
@Yaung_Pyan_Lay အကောင့်တွင် 1xbet unit များကို စိတ်ကြိုက်ထုတ်သွင်းလုပ်နိုင်ပါတယ်
2,816 Subscribers
799 Photos
38 Videos
Last Updated 09.03.2025 02:29

Similar Channels

ItPhoeKwar
4,110 Subscribers
M Football 2
1,836 Subscribers

The latest content shared by Yaung Pyan Lay on Telegram

Yaung Pyan Lay

02 Mar, 14:12


Yaung Pyan Lay pinned «✍️အကြောင်းအမျိုးမျိုး ကြောင့် ပွဲပေးတာခဏ နားခဲ့ပေမယ့် ခုရက်ထဲ ကျနော့်ရဲ့ " ရွေးချယ်မှုတွေ" ပြန်လာပါ့မယ် 🎮»
Yaung Pyan Lay

02 Mar, 14:11

21

✍️အကြောင်းအမျိုးမျိုး ကြောင့်

ပွဲပေးတာခဏ နားခဲ့ပေမယ့်

ခုရက်ထဲ ကျနော့်ရဲ့ " ရွေးချယ်မှုတွေ"

ပြန်လာပါ့မယ် 🎮
Yaung Pyan Lay

02 Mar, 06:54

23

ရီးရဲလ်မက်ဒရစ်ရဲ့ ဘက်တစ်ကို
ရှူံးနိမ့်မှုက အေတီကိုတို့ အတွက် လာလီဂါ အမှတ်ပေး ဇယားကို
ပြန်လညိ ဦးဆောင်စေပါတယ်။
ဘာစီလိုနာ အတွက်လည်း လာမ့ယ် ဆိုဆီဒက်ပွဲမှာ အနိုင်ရတာနဲ့ ရီးရဲလ်ကို ၃မှတ်ဖြတ် အေတီကိုကို ၁မှတ် ဖြတ်ရင်း ပထမ နေရာကို ပြန်လည် တက်လှမ်းနိုင်ဦးမှာပါ။
သုံးသင်း အကျိတ်အနယ် ပြိုင်နေတဲ့ အမှတ်ပေးဇယားမှာ ခြေချော်တဲ့ အသင်းကတော့ အမှတ်ဖြတ်ခံရမှာ ဖြစ်တာကြောင့် လာလီဂါ တိုက်ပွဲကတော့ အဆုံးစွန်ထိ ရင်ခုန်သွားရမယ် ထင်ပါတယ်။



#YaungPyanLay
Yaung Pyan Lay

25 Feb, 12:22

8

ကိုပါဒယ်ရေးမှာ လာတွေ့လေတဲ့
ဘာစီလိုနာနဲ့ အက်သလက် တီကို တို့က‌တော့ ပထမ အကျော့ ပွဲစဉ်ကို ဒီကနေ့ ညမှာ ယှဉ်ပြိုင် ကစားတော့မှာပါ။
လာလီဂါမှာ ပထမ အကြိမ် တွေ့ဆုံတုန်းကတော့ အေတီကိုတို့က အိမ်ရှင် ဘာစီလိုနာကို အနိုင်ရရှိထားခဲ့ပြီး ကိုပါဒယ်ရေးမှာရော ဆက်လက် အသာရသွားမလား ဘာစီလိုနာက ကပဲ ရှူံးကြွေး ပြန်ဆပ် သွားမလားဆိုတာ ရင်ခုန် ရပါဦးမယ်။
ပွဲချိန်ကတော့ စံတော် ချိန် နံနက် ၃:၀၀
ဖြစ်လို့ ညဉ့်နက်သည့်တိုင်အောင် အိပ်ရေးပျက်ရကျိုးတော့ နပ်စေမှာ အသေချာပါပဲ။
ညီအကိုများရော ဒီညမှာ ဘယ်အသင်းဘက်ကနေ ရှိနေမလဲ အကြိုက်လေးတွေကို ခန့်မှန်း ဆွေးနွေးပေး သွားပါဦးဗျာ။



#YaungPyanLay
Yaung Pyan Lay

25 Feb, 09:43

10

ယူနိုက်တက် ဘုတ်အဖွဲ့ကတော့ ဘဏ္ဍာရေး ချွေတာမှုဆိုတဲ့ အကြောင်း ပြချက်နဲ့အတူ ဝန်ထမ်းတွေကို လျှော့ချလာခဲ့တာ မနှစ်ကတည်းက ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း နောက်ထပ် ဝန်ထမ်း ၁၅၀ ကနေ ၂၀၀ အကြားကို အပိုဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံ လျှော့ချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ ရက်ကလည်း အပိုငွေ ကုန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ဝန်ထမ်းတွေကို ကျွေးထားတဲ့ အခမဲ့ အစားအသောက် မှန်သမျှကို ကျွေးမွေး ခြင်းကနေ ပိတ်သိမ်းလိုက်ပါတယ်။


#YaungPyanLay
Yaung Pyan Lay

24 Feb, 09:09

18

စပိန် မြေကနေ ရွက်လွှင့်လာတဲ့
အီဆက် တစ်ယောက် အင်္ဂလန်မြေမှာတော့ သွင်းဂိုးတွေနဲ့အတူပဲ အကာင်းဆုံး ခြေစွမ်းပြလျက် ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆွီဒင်သားဟာ ပြီးခဲ့တဲ့ညက ဖောရက်စ်ကိုနိုင်တဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး Premier League မှာ ၇၆ ပွဲကစားပြီးဂိုး ၅၀ ပြည့်သွားခဲ့ပါပြီ။ ၇၆ပွဲ ထဲနဲ့ ဂိုး ၅၀ သွင်းယူနိုင်ဖို့ ဆိုတာ လွယ်ကူနေတဲ့ အရာတော့ မဟုတ်နေပါဘူး။

သူ့ရဲ့နေရာစုံကနေ ဂိုးသွင်းယူနိုင်မှု၊ အဆုံးသတ်သေချာမှုနဲ့ ခန္ဓာကိုယ်နဲ့
မလိုက်အောင် ကောင်းမွန် လှတဲ့ ကြံ့ခိုင်မှုတွေဟာ အီဆက် ဆိုတာကို ဖြစ်လာစေခဲ့ပါတယ်။

လူတွေဟာ ဆာလာ အကြောင်းကို
ပြောကြပေမယ့် ဒုတိယနေရာကနေ ၁၉ ဂိုးအထိ သွင်းထားတဲ့ အီဆက်ကိုတော့
အနည်းငယ် မေ့လျော့ နေခဲ့ကြပါတယ်။
အသက် အရွယ်အရလည်း အရွယ်ကောင်းမှာပဲ ရှိနေသေးတာကြောင့် ဥရောပ အသင်းကြီးတွေရဲ့ အထူးစိတ်ဝင်စားမှုကို ခံနေရတဲ့ တိုက်စစ်မှုး တစ်ဦးလည်းဖြစ်ပါတယ်။

အီဆက်တစ်ယောက် တိုက်စစ်မှုး ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အသင်းကြီးတွေ ဆီကို ရောက်သွားမလား
သူ့ရဲ့ သွင်းဂိုးတွေဟာ ဘယ်လောက်ထိ များပြားနိုင်မလဲဆိုတာ တော့ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရပါမယ်။


#YaungPyanLay
Yaung Pyan Lay

24 Feb, 04:17

17

လီပါပူးလ်ရဲ့ အီဂျစ်နတ်ဘုရား
ဆာလာကတော့ ပရီးမီးလိဂ်သမိုင်းမှာ ဂိုးပါဝင် ပက်သက်မှု အကြိမ် ၄၀ နဲ့အထက် နှစ်ရာသီဆက်တိုက် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။


#YaungPyanLay
Yaung Pyan Lay

23 Feb, 12:10

15

ဒီပွဲစဉ်က မန်စီးတီးနဲ့ လီပါပူးလ် တို့ရဲ့ နောက်ထပ် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်မလား စောင့်ကြည့်ရမှာ ဖြစ်သလို ၊ အာဆင်နယ် ပရိသတ်တွေ အတွက်လည်း အပြာရောင် ဂျာစီ ငှားဝတ်ရမယ့် ပွဲတစ်ပွဲ လည်းဖြစ်တယ်။ သူတို့အတွက် ဒီည ဆုတောင်းက ကြိုးကြာနီ ရှုံးပါစေ တစ်ခုကလွဲ ကျန်တာ မရှိနိုင်ဘူး။

ဒါတွေက ပွဲကောင်းတစ်ပွဲအတွက်ဖြစ်ရိုးဖြစ်စဉ် အားပေးမှု ၊ ပွဲဆူမှုတွေ
ပါပဲ။ ကျွန်တော် အဓိက ပြောလိုတာကတော့  အီဂျစ်နိုင်ငံရဲ့ လက်ရှိ ဘုရင်နဲ့ နောင်ဖြစ်လာမယ့် ဘုရင်လောင်း တို့အကြား အားပြိုင်မှုဟာ တစ်နိုင်ငံလုံးကို TV ရှေ့ ရောက်လာစေမယ် ဆိုတာပါပဲ။

ဟုတ်ပါတယ် ဆာလာနဲ့ အိုမာ မာမွတ် တို့ အကြောင်းပါ။ ဆာလာနဲ့ ပက်သက်ရင် ကျွန်တော်တို့ ပြောစရာမလိုအောင် ပြီးပြည့်စုံ နေပြီးသား ဖြစ်သလို သူဟာ လက်ရှိ အီဂျစ်ရဲ့ ဘောလုံး နတ်ဘုရား တစ်ပါး ဖြစ်နေဆဲပါ။ အိုမာ ကတော့ မန်စီးတီးရဲ့ တော်ကောက်ခြင်း ခံရပြီးနောက် အကောင်းဆုံး ခြေစွမ်းပြ ကစားရင်း ကမ္ဘာ့ ဘောလုံး စင်မြင့်ထက်မှာ နေရာ တစ်နေရာ ရဖို့ အရှိန်တစ်ခုနဲ့ တိုးဝင်လာခဲ့သူပါ။ တစ်နည်းအားဖြင့် ဆာလာသိမ်းပိုက်ထားတဲ့ အီဂျစ် နန်းဆောင်အတွက် ဆာလာ အကျ အိုမာအတက်နဲ့ အတူ နန်းစံဖို့ ပြင်နေသူဆိုလည်း ဟုတ်ပါတယ်။
ဆိုတော့ ကျန်တဲ့ ကမ္ဘာကြီးက မန်စီးတီးနဲ့ လီပါပူးလ်ဆိုပြီး မြင်နေချိန် အီဂျစ်သားတို့ အတွက်တော့ ဆာလာနဲ့ အိုမာ ဘယ်သူ ပိုကောင်းနိုင်မလဲ ဆိုတဲ့ အချက်ကပါ သူတို့ရင်ကို လှုပ်ကိုင်စေမယ့် အကြောင်းတရား တစ်ခု ဖြစ်စေပါတယ်။
အီဂျစ်အတွက် ဂုဏ်ယူစရာလည်း ဖြစ်သလို ရင်ခုန်စရာလည်း ဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ ထုတ်ကုန်တွေဟာ ဥရောပ အင်အားကြီး အသင်းတွေရဲ့ အကောင်းဆုံး ယှဉ်ပြိုင်မှုမှာ အရေးကြီး ကစားသမားတွေ အဖြစ် ပါဝင်နေတယ်ဆိုတာ အရမ်းကောင်းတဲ့ အရာတစ်ခုပဲ မဟုတ်လား ။ဒီညဟာ မန်စီးတီးနဲ့ လီပါပူးလ်ရဲ့ ပရီးမီးယားလိဂ် ညဖြစ်တယ်။
အာဆင်နယ် အသင်းအတွက် ဆုတောင်းရမယ့် ညလည်းဖြစ်တယ်။ ပြီးတော့ အီဂျစ်သားတို့ ပျော်ရွင် ရင်ခုန်ရမယ့် ညလည်းဖြစ်ပါတယ်။


#YaungPyanLay
Yaung Pyan Lay

23 Feb, 02:43

14

မားကိုစ့် အဆန်စီယိုရော မားကတ်စ်ရက်ဖို့ဒ်ရော နှစ်ယောက်စလုံးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်လို အသင်းကြီးတွေကနေ မွေးဖွားလာတဲ့ သူတွေပါ။
သို့ပေမယ့် အလှည့် အပြောင်း အချိုးအကွေ့တွေ ကြားမှာ အဆန်စီယိုဟာလည်း ဘာနေဗြူးကိုစွန့်ခွာပြီး ပြင်သစ်မြေ ၊ နောက် ပြင်သစ်ကနေမှ ယခုဆို ဗီလာပါခ့်မှာ
ယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ ရက်ဖိုဒ့်နဲ့ လာရောက် ဆုံခဲ့ပါပြီ။
ဒီအတွဲဟာ ချဲလ်ဆီးနဲ့ ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားကြပြီး ရက်ဖိုဒ့်က ၂ဂိုးဖန်တီး၊ အဆန်ဆီယိုက နှစ်ဂိုးသွင်းရင်းနဲ့ ဗီလာရဲ့ နိုင်ပွဲ တစ်ပွဲကို အကောင်းဆုံး ဖော်ဆောင် နိုင်ခဲ့ကြပါတယ်။
အိမ်ပြေး မင်းသား နှစ်ပါးရဲ့ အင်္ဂလန်မြေက တွေ့ဆုံခန်းမှာ ဘယ်လောက်ထိ အသင်းအပေါ် အတူတူ အကျိုးပြုကြမလဲဆိုတာ ဆက်လက်ရင်ခုန် ကြည့်ရှုကြရပါဦးမယ်။


#YaungPyanLay
Yaung Pyan Lay

22 Feb, 11:57

19

ရာသီအစ ရလာဒ် ကောင်းလေး တွေနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်အထိ အိမ်မက် မက်ခဲ့တဲ့ ခြင်္သေ့ပြာတို့ဟာ လက်တလော ယိမ်းယိုင်လာတဲ့ ရလာဒ်ပိုင်းတွေကြောင့်
အဆင့် ၆ နေရာအထိ ဆင်းပေးခဲ့ရပါတယ်။ အထောင် တိုက်စစ်မှုးတွေ ဒဏ်ရာ ရနေခြင်းကလည်း ချဲလ်ဆီးအသင်းရဲ့ ဟန်ချက်ကို ပျက်သွားစေတယ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ အဆင့်၄ နေရာနဲ့ ၁မှတ်သာ ကွာသေးတာကြောင့် အမှီပြန်လိုက်
နိုင်သေးတဲ့ အခြေနေမှာ ဗီလာပါ့ခ် မှာ အနိုင်ရလာဒ်တစ်ခု ဖော်ဆောင်နိုင်ဖို့တော့ လိုပါတယ်။
အက်စတွန်ဗီလာ လိုအသင်းကလည်းအသင်းကြီးတွေနဲ့တွေ့ရင် ရလာဒ်ကောင်းတတ်တဲ့ အစဉ်လာရှ်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ နီးကပ်မယ့် အခြေနေကို သူတို့ လက်လွတ်ခံမယ် မထင်ပါဘူး။
နှစ်သင်းစလုံး ဒီညမှာ အကောင်းဆုံး ပုံစံနဲ့အတူ အမှတ်ပြည့် ရရှိရေး အစွမ်းကုန် အားထုတ်လာဖို့ ရှိတာကြောင့် စနေညရဲ့ အကောင်းဆုံး ပွဲတစ်ပွဲ အဖြစ် ရွေးချယ်ပေးလိုက်ရပါတယ်ခင်ဗျာ။
ညီအကိုများရော ဘယ်လိုရလာဒ်တွေ ထွက်ပေါ်မယ်လို့ ထင်လဲဗျာ။



#YaungPyanLay