Yaung Pyan Lay @yaungpyanlay Channel on Telegram

Yaung Pyan Lay

@yaungpyanlay


@Yaung_Pyan_Lay အကောင့်တွင် 1xbet unit များကို စိတ်ကြိုက်ထုတ်သွင်းလုပ်နိုင်ပါတယ်

Yaung Pyan Lay (Burmese)

သင်သည် လူ့အကောင့်တွင် အကောင့်တွင်တွင်ဖြစ်လာသော Yaung Pyan Lay channel မှ 1xbet unit များကို စိတ်ကြိုက်ထုတ်သွင်းလုပ်နိုင်ပါသည်။ ဤ channel သည် 1xbet unit များအတွက် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အကောင့်ရဲ့ အပေါ်တွင် သင်တွင် ရောင်းချတဲ့ အတွေ့အကြုံရှိသလား။ ဤနေရာတွင် 1xbet unit များအတွက် အပေါ်မှာဥပမာပြုလုပ်နိုင်သည်။ ဤနေရာတွင် ပါတ်ကိုင်ပိုင်ဆော့ဝဲသီးသန့်သေးကြပါ။

Yaung Pyan Lay

21 Nov, 09:16


ဆန်ချို

" ဂျာမနီကနေ ယူနိုက်တက်ဆီ ပြောင်းခဲ့မိတာက ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး မှားယွင်းမှုလို့ ထင်နေခဲ့တာ ချဲလ်ဆီးကို ရောက်မှ ပိုဆိုးနေခဲ့ရပါပြီ..

ချဲလ်ဆီးမှာ ကျွန်တော့်ဘဝ အမှန်ကို ပြန်ရလိမ့်မယ်လို့ ယူနိုက်တက်က မထွက်ခင်မှာ တွေးထင်မိခဲ့ပေမယ့် ယခုအချိန်မှာတော့ အရာအားလုံးက မှောင်မိုက်နေပါပြီ..

မာရက်စ်ကာ (ချလ်ဆီး နည်းပြ) ကလည်း အဲရစ်တန်ဟက် လို ကျွန်တော့် ကို ပြုမူနေပါပြီ.. ။ နေမကောင်းလို့ ကျွန်တော် မပါနိုင်တာပါလို့ မီဒီယာ ကို လိမ်တယ် ။ ကျွန်တော့်ကို လူတိုင်း ဘာကြောင့် စွရမ်းမုန်းနေကြလဲ စဥ်းစားလို့ မရအောင်ပါပဲဗျာ... "

#YaungPyanLay

Yaung Pyan Lay

21 Nov, 08:10


" ကျနော်နဲ့အတူတူတွဲကစားဖူးတဲ့ကစားသမားတွေထဲကမှ အကောင်းဆုံးကစားသမားဆိုရင်တော့ နေမာလို့ပဲဖြေရပါလိမ့်မယ်။ ကျနော့်အမြင်အရတော့ သူကဘလွန်းဒီအောဆု ငါးကြိမ်လောက်အထိရဖို့ထိုက်တန်ပါတယ်''

" မြက်ခင်းစိမ်းပေါ်မှာ ဇီဒန်း၊ ရော်နယ်ဒို၊ မက်ဆီစတဲ့ကစားသမားကောင်းများစွားနဲ့ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် နေမာကတော့တကယ့်ကိုထူးခြားတဲ့ ကစားသမားပါပဲ''

🗣ဘူဖွန်

#YaungPyanLay

Yaung Pyan Lay

21 Nov, 05:03


ရီးရဲလ်မက်ဒရစ်အသင်းဘက်က‌တော့ အန်းဒရစ်တစ်ယောက်လာမယ့်ဆောင်းရာသီဈေးကွက်မှာ အငှားထွက်ကစားမယ်ဆိုတာတွေဟာ သတင်းအမှားတွေသာဖြစ်ကြောင်း ငြင်းဆိုသွားခဲ့ပါတယ်။

အန်းဒရစ်ဟာ ယခုရာသီမှာ ပွဲထွက်ခွင့်ရဖို့အတွက်ရုန်းကန်နေရတာကြောင့် ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းဆီအငှားနဲ့သွားရောက်ဖို့ရှိတယ်လို့ ကျယ်ကျယ်ပြန်ပြန်သတင်းတွေထွက်ပေါ်လျက်ရှိနေတာဖြစ်ပြီး၊ ဒီသတင်းတွေဟာ အတုအယောင်တွေသာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းဘက်က အတည်ပြုသွားခဲ့တာပါ။

အန်းဒရစ်အနေနဲ့ကလည်း လက်ရှိမှာပွဲထွက်ခွင့်အတွက် တိုက်ပွဲ၀င်ဖို့ကြိုးစားသွားတော့မှာဖြစ်ပြီး အပျော်အပါးတွေကိုလျော့ကာ အပိုလေ့ကျင့်ခန်းတွေပါ အသင်းမှာလာရောက်ထရိန်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

#YaungPyanLay

Yaung Pyan Lay

21 Nov, 04:27


ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်သော အင်တာမီယာမီကလပ်သည် မေဂျာလိဂ် တွင် ဒုတိယဘာစီလိုနာ ကို ဖန်တီးမယ်လို့သတင်း‌တွေ ထွက်‌ပေါ်နေ ခဲ့ပါတယ်။ လက်ရှိ အသင်းမှာရှိပြီးသားဖြစ်သော

‣ မက်စီ
‣ ဆွာရက်ဇ်
‣ ဘက်စကွက်
‣ ဂျော်ဒီအယ်လ်ဘာ
‣ ဘာကာမန်နေဂျာဟောင်း Tata Martino

တို့ကဲ့သို့ ဘာကာ ကစားသမား‌ဟောင်းများ အပြင် ခေါ်ယူရန် စိတ်ဝင်စား‌နေသော ဘာကာ ကစားသမားဟောင်း များဖြစ်ကြသော

‣ အင်နီယေစတာ
‣ ရာကီတစ်


တို့ကိုသာအမှန်တကယ် ခေါ်ယူဖြစ်ပါက ဒုတိယ ဘာကာ အသင်းဖြစ်လာမှာ ကြိမ်းသေပါတယ်။ တစ်ချိန်က တောက်ပခဲ့ဘူးသော ဂန္ဓဝင် ကစားသမားကြီးတွေ ကို မေဂျာလိဂ်မှာ နောက်တစ်ကြိမ် စုစုစည်းစည်း တွေ့ရဦးမလားဆိုတာ ရင်ခုန်စရာကောင်းနေပါပီ။

#YaungPyanLay

Yaung Pyan Lay

20 Nov, 11:06


🏴󠁧󠁢󠁥󠁮󠁧󠁿 မားကပ်စ်ရက်ရ်ှဖို့ဒ်

🗣️🎙️ “၂၀၁၈ တုန်းက ခရစ္စတီယာနိုက လက်ဆောင်အနေနဲ့ ကျွန်တော့်ကို သူ့ဖိနပ်တစ်ရံနဲ့ အကျီတစ်ထည်ပေးပါတယ်။ ဒီနေ့အထိ အဲဒါတွေကို ကျွန်တော် ဘယ်သူ့ကိုမှ ပေးမကိုင်ပါဘူး။ ကလေးဘ၀ကတည်းက သူဟာ ကျွန်တော့်ဖေးဘရိတ်ပလေယာတွေထဲက တစ်ယောက်ပါ။ သူ ကျွန်တော့်ကို ပေးခဲ့တာကို ထာ၀ရသိမ်းထားချင်ပါတယ်”

ရုပ်သံရှိုး Sneaker Shopping မှာ ရက်ရ်ှဖို့ဒ်က အခုလိုဖွင့်ပြောခဲ့ပါတယ်။

#YaungPyanLay

Yaung Pyan Lay

20 Nov, 07:01


ရော်နယ်ဒို 🗣️ "  ဘရားဇီးအသင်းရဲ့လက်ရှိခြေစွမ်းက တခုခုတော့မှားယွင်းနေပါပြီ။ အရင်ကဆို ကျွန်တော်တို့ကတောင်အမေရိကရဲ့ဘယ်အသင်းကိုမဆို လှည့်ကြည့်စရာကိုမလိုပဲ အနိုင်ပိုင်းနိုင်ခဲ့တာပါ။ အခုကသရေတောင်မနည်းကစားနေရပြီး ဒီကစားကွက်အခြေအနေဆို လာမယ့်ကမ္ဘာ့ဖလားကိုပုံစံမျိုးနဲ့သွားကစားမလဲဆိုတာ မေးခွန်ထုတ်စရာတောင်ဖြစ်လာပါပြီ။"


ဘရားဇီးဂန္တ၀င်ကစားသမားကြီး ရော်နယ်ဒို( ဒိုကြီး)ကတော့ ယနေ့မနက်ဥရု ဂွေးအသင်းကိုသရေကျခဲ့ပြီးနောက်ပိုင်းမှာ ဘရားဇီးအသင်းရဲ့လက်ရှိခြေစွမ်းအပေါ်မေးခွန်းထုတ်သွားခဲ့တာပါ။

တကယ်လည်း ဘရားဇီးတို့ရဲ့ခြေစွမ်းဟာ အခုနောက်ပိုင်းမှာ ဆိုးရွားလာခဲ့ပြီး၊ နည်းပြသစ် ဟျူနီယာရဲ့လက်အောက်မှာ ရပ်ကွက်ဆန်ဆန်ကစားကွက်မျိုးပဲ ပုံဖော်နေတာ တွေ့ရပါတယ်။


ဒိုကြီးအနေနဲ့ကတော့ ဘရားဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်အောင်မဲဆွယ်နေပြီး၊ သူသာဥက္ကဌဖြစ်မယ်ဆိုရင် လက်ရှိနည်းပြကိုထုတ်ပယ်ကာ၊ မန်းစီးတီးနည်းပြ ပတ်ဂွာဒီယိုလာနဲ့အစားထိုးသွားမယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

#YaungPyanLay

Yaung Pyan Lay

20 Nov, 00:44


ယူနိုက်တက် ကို စပို့တင်း နည်းပြ အမိုရင် ရောက်ရှိလာမှုနဲ့အတူ နောက်ထပ် မီဒီယာ ထက်မှာ ရေပန်းစားလာသူကတော့ တိုက်စစ်မှူး ယိုခါရက်စ်ပါ ။

အမိုရင်ရဲ့ စပို့တင်း တိုက်စစ်မှာ အဓိက အားထားရသူလေးကို No.9 တိုက်စစ် ရှားနေတဲ့ ယူနိုက်တက် ကရော အာဆင်နယ် ၊ ချဲလ်ဆီးစတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေက သတိထား စောင့်ကြည့်နေကြပါတယ် ။

ဒီစောင့်ကြည့်မှုတွေကြားကပဲ ဒီနေ့မနက် နေးရှင်းလိဂ် မှာ အဆိုပါ တိုက်စစ်မှူးကတော့ ဆွီဒင်အတွက် ကစားပေးရင်း တစ်ဦးတည်း ၄ဂိုးအထိ သွင်းပြလိုက်ပါတယ် ။ နဂိုကမှ အသင်းကြီးတွေ မျက်စိ ဒေါက်ထောက် အကြည့်ခံနေရသူလေးဟာ ခုလို စူပါဟက်ထရစ် အထိ သွင်းပြလိုက်တော့ နွေစျေးကွက်မှာတောင် မဟုတ်ဘဲ လာမယ့် ဆောင်းရာသီ ကြားဖြတ်စျေးကွက်မှာပဲ စပို့တင်း တို့ စျေးကောင်းကောင်းနဲ့ ရောင်းထုတ်သွားဖို့တော့ ရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

#YaungPyanLay

Yaung Pyan Lay

20 Nov, 00:35


✔️✔️✔️✔️✔️✔️✔️✔️

        🔠🔠🔠🔠

💥💥💥💥💥💥💥💥

Yaung Pyan Lay

19 Nov, 14:57


❤️❤️❤️❤️❤️❤️❤️❤️

🛡 💘 AULFP 💘


ဒီနေ့အတွက် ကြေးအရ အကြိုက်ဆုံး

9️⃣0️⃣🛍 ပွဲလေးတစ်ပွဲပါ

Yaung Pyan Lay

19 Nov, 11:04


( 2= ) Sweden Vs Azerbaijan ( 3-30 )

* ဆွီဒင် *

ဆွီဒင်အသင်းအတွက်အုပ်စုနောက်
ဆုံးပွဲဖြစ်သလို ဒီပွဲသရေကျရုံနဲ့တင်
အဆင့်(၁)နေရာကနေနောက်တစ်ဆင့်တက်ရောက်နိုင်မှာမို့ဒီပွဲကိုဖိအားသိပ်မထားပဲကစားလာမှာပါ။

* အဇာဘိုင်ဂျန် *

အဇာဘိုင်ဂျန်အသင်းကတော့အုပ်စုတွင်းမှာနိုင်ပွဲမရရှိထားပဲ(၄)ပွဲထိရှုံးနိမ့်ခဲ့ရပြီး အုပ်စုနောက်ဆုံးနေရာကနေ
ထွက်ခွာခဲ့ရပါပြီ။

* ကြေးဖွင့်လှစ်မှု *

အိမ်ရှင်ဆွီဒင်အသင်းက သရေကျရုံနဲ့အုပ်စုနောက်တစ်ဆင့်ကိုတက်ရောက်မှာဖြစ်ပေမယ့်ဧည့်သည်အသင်း အ
ပေါ်ကြေးပေးမှုကအနည်းငယ်ပြင်းရှနေပါတယ်။

* ရွေးချယ်မှု *

ပထမကျော့မှာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ဆွီဒင်တို့ဂိုးပြတ်အနိုင်ရရှိခဲ့သ
လိုဧည့်သည်အသင်းနဲ့တွေ့ဆုံတိုင်းဂိုးပေါ်ထားခဲ့လို့ ဒီပွဲမှာလည်းသွင်းဂိုးတွေကိုမြင်တွေ့ရဖို့ရှိနေလို့နှစ်သင်းပေါင်းသွင်းဂိုးအပေါ်ကိုပဲရွေးချယ်ထားချင်ပါတယ်။

🎁ဆွီဒင် ဂိုးပေါ် 🎁

Yaung Pyan Lay

19 Nov, 08:12


မန်စီးတီးအသင်းဟာ ရာသီကုန်ထိအနားယူရမယ့်ကွင်းလယ်လူရိုဒရီရဲ့နေရာကို အတ္တလန်တာအသင်းရဲ့ကွင်းလယ်လူ အန်ဒါဆန်နဲ့အစားထိုးဖို့ရှိနေပါတယ်။

ရိုဒရီမပါဝင်တဲ့မန်စီးတီးအသင်းရဲ့ခြေစွမ်းဟာ ဒီရာသီမှာပုံမှန်အောက်ကျဆင်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ( ၄) ပွဲလုံးရှုံးနိမ့်ထားခဲ့တာပါ။

ဒါကြောင့်မန်စီးတီးဟာအသင်းရဲ့ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့  ဇန်နဝါရီအပြောင်းအရွှေ့မှာ အတ္တလန်တာအသင်းရဲ့ကွင်းလယ်ခံစစ်ကစားသမားအန်ဒါဆန်ကိုခေါ်ယူဖို့ စိတ်ဝင်စားလားတာပါ။

အန်ဒါဆန်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မန်ချက်စတာစီးတီးအသင်းရဲ့မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့သူဖြစ်ပါတယ်။

#YaungPyanLay

Yaung Pyan Lay

19 Nov, 06:36


မနေ့က ဆွစ်ဇာလန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ စပိန်ကြယ်ပွင့်လေး ပီဒရီ ကတော့ ပြိုင်ဘက် ကစားသမားရဲ့ မတော်တဆ တက်နင်းခြင်းကို ခံလိုက်ရပါတယ် ။

ဒါပေမယ့် ပီဒရီဟာ ဆေးကုသမှု ခံယူပြီးနောက် ပွဲကို ဆက်ကစားသွားခဲ့ပါတယ် ။ ရဲရဲတင်းတင်း ကစားတတ်တဲ့ ပီဒရီ ရဲ့ play style ကြောင့် စပိန် နဲ့ ဘာစီလိုနာ ပရိတ်သတ်တွေ ကတော့ ဒီကစားသမားအပေါ် စိုးရိမ်နေကြပေမယ့်လည်း ပီဒရီကတော့ သူ့ပုံစံကို မဖျောက်ဘဲ အသင်းအတွက်ဆို ပေးဆပ်လိုစိတ်အပြည့်နဲ့ ကစားပေးလျက်ရှိနေပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း ပါအူကူဘာစီဆို မျက်နှာမှာ ၈ ချက်လောက် ချုပ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပြီး အပြုံးမပျက်ခဲ့တာကို တွေ့ခဲ့ရပါတယ် ။ ဒါကို ကြည့်ခြင်းအားဖြင့် နောက်ပိုင်း ဘာကာ လာမာစီယာအကယ်ဒမီထွက်တွေဟာ မာရေကျောရေပါ တော်တော်လေးရှိလာတယ်လို့တောင် ဆိုရမလို ဖြစ်နေခဲ့ပါတယ် ။

#YaungPyanLay

Yaung Pyan Lay

19 Nov, 01:42


နေးရှင်းလိဂ် ရဲ့ နောက်ဆုံး အဆင့်ကို တက်ရောက်ထားပြီး ဖြစ်တဲ့ ပေါ်တူဂီ တို့ဟာ ခရိုးအေးရှားအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ် ။

မနေ့ညက နေးရှင်းလိဂ် A ပွဲစဥ် မှာ ဖြစ်ပြီး ပေါ်တူဂီ တို့ဟာ နောက်တဆင့်ကို တက်ရောက်ထားပြီး ဖြစ်တာကြောင့် ခရိုအေးရှား ကို ရော်နယ်ဒို ၊ ဘရူနို ၊ ဘာနာဒို ၊ နက်တို စတဲ့ အဓိက ကစားသမားတွေ မပါဘဲ ရင်ဆိုင်ခဲ့ပါတယ် ။ အဆိုပါ ကစားစမားတွေ ဟာ သက်ဆိုင်ရာ လိဂ်ရဲ့ အရေးကြီး ပွဲစဥ်တွေကို အားစိုက်ရဖို့ ရှိတာကြောင့်လည်း ယနေ့ပွဲ မတိုင်ခင် ကတည်းက အသင်း အသီးသီးဆီ ပြန်လွှတ် အနားပေးထားပြီး ဖြစ်ပါတယ် ။

ဒါကြောင့် ယနေ့ ပွဲစဥ်ကိုတော့ ဖီးလစ် ၊ လီယာအို တို့ ဦးဆောင် ပြီးတော့သာ ပွဲထုတ်ခဲ့ပြီး ပေါ်တူဂီ အတွက် ဦးဆောင်ဂိုးကို ဖီးလစ်က သွင်းယူခဲ့ပေမယ့် ခရိုးအေးရှားအတွက် နောက်ခံလူ ဗာဒီယောက ချေပဂိုး ပြန်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ် ။

#YaungPyanLay

Yaung Pyan Lay

19 Nov, 01:19


🔄🔄🔄🔄🔄🔄🔄🔄

🔠🔠🔠🔠🔠🔠

➡️➡️➡️➡️⬅️⬅️⬅️

Yaung Pyan Lay

18 Nov, 13:06


❤️❤️❤️❤️❤️❤️❤️❤️

🛡 💘 Q9RHN 💘


ဒီနေ့အတွက် ကြေးအရ အကြိုက်ဆုံး

9️⃣0️⃣🛍 ပွဲလေးတစ်ပွဲပါ

Yaung Pyan Lay

18 Nov, 09:29


အာဆင်နယ်အသင်းဆီ ရာထူးတစ်ခုခုနဲ့ ပြန်ဖြစ်မလား မေးခွန်းအပေါ် ဗန်ပါစီက

"အာဆင်နယ်ကို ပြန်ဖို့လား ၊ ကျနော်မမျှော်လင့်ထားပါဘူး ။

ယူနိုက်တက်ဆီ ကျနော် ပြောင်းရွှေ့ခဲ့မှုနဲ့ ပတ်သက်ပြီး တချို့တွေအတွက်တော့ အထိမခံနိုင်တဲ့ ကိစ္စအဖြစ် ခုထိ ရှိနေတုန်းပဲ။ မပြန်တော့ဘူး ဆိုတာကလည်း ကျနော့်အတွက် မဟုတ်ပါဘူး၊ အာဆင်နယ်ပရိသတ်တွေအတွက် အကဲဆတ်စရာ ကိစ္စအဖြစ် ရှိနေတုန်းမို့ပါ ။

#YaungPyanLay

3,273

subscribers

461

photos

35

videos