တိုက်ပွဲသတင်း (@warnewsmyanmar)の最新投稿

တိုက်ပွဲသတင်း のテレグラム投稿

တိုက်ပွဲသတင်း
တိုက်ပွဲသတင်းများ အချိန်နဲ့တပြေးညီသိရှိစေရန်
3,949 人の購読者
1,352 枚の写真
167 本の動画
最終更新日 11.03.2025 17:05

တိုက်ပွဲသတင်း によってTelegramで共有された最新のコンテンツ

တိုက်ပွဲသတင်း

28 Jan, 08:55

1,761

စည်ပင်ကအကိုကြီးက " ညီလေးကိုမြတ်ရေ ကလေးတွေညဖက်အချမ်းပြေသောက်ဖို့ " တဲ့
ထည့်ပေးလိုက်တာ

ကလေးတွေစိတ်ဆိုးနေတော့မှာပဲ

😁
တိုက်ပွဲသတင်း

27 Jan, 17:17

2,278

စစ်မီးက ကူးလာပြီ
တိုက်ပွဲသတင်း

25 Jan, 06:28

1,620

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၄

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တိုက်ပွဲသတင်း

21 Jan, 04:25

2,429

ကိုးကန့်တပ်နဲ့ နစက အကြား အပစ်ရပ်တာ မှန်ပေမယ့် လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူပြော

မိုင်းရူပ၊ ဇန်နဝါရီ ၂၁ ရက်၊ လားရှိုး

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် နစက နဲ့ ကိုးကန့်တပ် MNDAA တို့အကြား အပစ်ရပ်တာ မှန်ပေမယ့် ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ကိုးကန့်တပ်နဲ့ နစက တို့အကြား အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားလိုက်ပြီးနောက်ပိုင်း ကိုးကန့်တပ်အနေနဲ့ လားရှိုးကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

"လားရှိုးမှာ အေးဆေးပါပဲ။ ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်။ လားရှိုးပြန်မပေးပါဘူး။ အပစ်ရပ်တာတော့ မှန်ပါတယ်" လို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြောပါတယ်။

လားရှိုးဒေသခံတစ်ဦးကလည်း လက်ရှိ လားရှိုးမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်အတိုင်း လည်ပတ် နေတယ်လို့ ပြောပါတယ်။

"အုပ်ချုပ်ရေးက ပုံမှန်ပဲ လည်ပတ်နေတယ်။ တရုတ်နှစ်သစ်ကူး လုပ်ဖို့တောင် စီစဥ်နေကြတယ်"

ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ကိုးကန့်တပ်နဲ့ နစက တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေဆုံခဲ့ရာ ဇန်နဝါရီ ၁၈ ရက်ကစ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ မောနင်းက ထည့်သွင်းပြောကြားတာ မရှိပါဘူး။

ဓာတ်ပုံ - လားရှိးမြို့ ပြန်လည်ထူထောင်ရေး
~ ~ ~
တိုက်ပွဲသတင်း

20 Jan, 15:07

2,189

နွေဦး ကွန်ဒိုများကြောင့် ဘိလပ်မြေစျေးတက်
တိုက်ပွဲသတင်း

20 Jan, 11:25

1,803

ပြည်ထောင်စုမြန်မာနိုင်ငံတော်
အထူးဒေသ(၁)..လားရှိုးမြို့(မိမိနေရပ်ဇာတိ)ကို ပြန်လာချင်ရင်...
အစိုးရ ၀န်ထမ်းဆိုရင်
မည်သည့်ရာထူးဖြစ်ဖြစ်
အိမ်ကိုရောက်တာနဲ့
ရပ်ကွက်ရုံးကို အရင် အကြောင်းကြားပါ...
(အကြောင်းကြားမထားလို့ မိမိကို မလိုသူက တိုင်ရင် ဘယ်ကိုမှလိုက်မရအောင် အစအန ပျောက်တတ်ပါတယ်)..
အဲလိုအကြောင်းကြားရင် အဖမ်းမခံရဘဲ မိမိအိမ်မိမိနေထိုင်နိုင်ဟု လားရှိုးတွင်စတင်ကြေညာ။

ဘေးကင်း သာယာ
ပျော်ရွှင်အေးချမ်းကြပါစေ....
တိုက်ပွဲသတင်း

20 Jan, 05:33

1,555

တာယာနှင့် ကျွတ် အများအပြားထုတ်နိုင်လျှင်စီးပွား​ရေးဖွံ့ဖြိုးနိုင်ဟု ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်ဆို


တာယာ နှင့် ကျွတ် အများအပြားထုတ်လုပ်ရန် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုမည်ဟု ဦးမင်းအောင်လှိုင်က ပြောသည်။

ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်
တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ၎င်းကပြောခြင်းဖြစ်သည်။

"MSME လုပ်ငန်းမှာ စက်မှုကုန်ကြမ်းသိီးနှံများဖြစ်တဲ့ ဝါ၊ရော်ဘာ နဲ့ ကော်ဖီ သီးနှံများကို အရည်အသွေးပြည့်မီသည့် ကုန်ချောများဖြစ်အောင် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ရော်ဘာနဲ့ပတ်သက်၍ မိမိတို့နိုင်ငံမှာကုန် ကြမ်းများအလုံ
အလောက်ထွက်ရှိပြီးဖြစ်သ၍ နည်းပညာ နှင့်အရင်းအနှီးကြီးမားစွာဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ဆိုင်ကယ်တို့မှာအသုံးပြုသည့် တာယာ
နှင့်ကျွတ်များအများအပြားထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် မှုကိုများစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊သက် ဆိုင်ရာဝန်ကြီးဌာနများ
နှင့် တိုင်းနှင့်ပြည်နယ်အနေဖြင့် အရည်အသွေး
ပြည့်မီသည့် ရာဘာထုတ်ကုန်များထုတ်လုပ်ရေး ဆောင်ရွက်ရန်လိုကြောင်း" ၎င်းက က ဆိုခဲ့သည်။
တိုက်ပွဲသတင်း

19 Jan, 12:50

1,464

ဒါက
လှေပေါ်ကနေ ပေါ်လာတဲ့ခေါင်းကိုဝါးရင်တုတ်နဲ့ ရို က် xတ် တဲ့အကြွေး
လှေပေါ်ကိုဆွဲတင်ပြီး ဓါးနဲ့ထိုး xတ်တဲ့အကြွေး

ကျန်သေးတယ်ကမ်းထိုးပေါ်က မိသားစုဝင်တွေအတွက် အကြွေးတွေ
တိုက်ပွဲသတင်း

18 Jan, 17:12

1,504

ဘောမိကျေးရွာအား AA နှင့် ပူးပေါင်းအဖွဲ့များသိမ်းပိုက်

ဧရာဝတီ
ဇန်နဝါရီ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ဘောမိကျေးရွာအား အကြမ်းဖက် ရက္ခိုင့်တပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး ဘောမိကျေးရွာတဝိုက်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ၃ ရက်အကြာတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“ တိုက်ပွဲကနေ့လည်ပိုင်းလောက်ထဲက ရပ်သွားပြီ ပစ်ခတ်သံတွေတော့ မကြာတော့ဘူး၊ ဒါပေမယ့် လေယာဉ်နဲ့ ဗုံးလာကျဲတာတွေ လက်နက်ကြီးပစ်သံမျိုးတွေတော့ ကြားရတယ်။ စကစတပ်သားတွေတော့ ပြေးကုန်ပြီပြောတယ”ဟု ရွှေသောင်ယံမြို့နေ ဒေသခံအမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရွှေသောင်ယံမြို့မှ တဆင့် စစ်ကူအင်အား ၂၀၀ ကျော်နှင့် သာပေါင်းမြို့မှတဆင့် စစ်ကူအင်အား ၃၀၀ ကျော် ပို့ဆောင်ပြီး တပ်က ခံစစ်အခိုင်အမာပြုလုပ်ခဲ့သော်လည်း ထိုးစစ်ပြင်းထန်လာချိန်တွင် ခေတ္တနောက်ဆုတ်ပေးခြင်းဖြစ်သည်။
တိုက်ပွဲသတင်း

18 Jan, 14:19

1,574

ကူမင်းဆွေးနွေးပွဲ

ဒီဇင်ဘာလက နစကနဲ့MNDAA ပထမအကြိမ်ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဘဲ ဒုတိယ အကြိမ်ထပ်ဆွေးနွေးဖ်ို့ ချိန်းဆိုထားတဲ့အတိုင်း အခုဇန်နဝါရီလ၁၆ရက်နေ့ ကူမင်းမှာ ဆွေးနွေးကြတယ်ဆိုတဲ့သတင်းတွေ တက်လာပါတယ်။

တရားဝင်ထုတ်ပြန်ချက်တွေမရှိတဲ့အတွက် ဘာတွေဆွေးနွေးကြတယ် ဆိုတာ မသိကြရပေမယ့် နစကဘက်က MNDAAတပ်တွေလားရှိုးသိန္နီကနေ ပြန်ဆုတ်ခွာရေး၊MNDAAဘက်က သူတို့သိမ်းပိုက်နယ်မြေတွေကိုတရားဝင်အသိ အမှတ်ပြုရေးသာ ပြောကြမှာဖြစ်လို့ ဘာမှ ဖြစ်လာစရာမရှိဘူးလို့ သာ လေ့လာ သူအများစုက သုံးသပ်ကြပါတယ်။

MNDAAသိမ်းပိုက်နယ်တွေကို အစိုးရက အသိအမှတ်ပြု​ပေးဖို့ လုံးဝမဖြစ်နိုင်သလို MNDAAကလည်း အရင်းအနှီးများစွာပေးဆပ်တိုက်ယူထားတဲ့ နယ်မြေတွေကို ထိုက်တန်တဲ့ တန်ဖိုးတစ်ခုမရဘဲ ပြန်ဆုတ်မှာ မဟုတ်တဲ့အတွက် ဟန်ပြဆွေးနွေးပွဲမျိုးသာဖြစ်ပါလိမ့်မယ်။

တရုတ်လိုလားနေတဲ့နယ်စပ်ဒေသကုန်သွယ်ရေးလမ်းမကြီးပြန်ဖွင့်ဖို့ဆိုတာကလည်း မူဆယ်မြို့ကွက်ကွက်လေးမှာသာအစိုးရအုပ်ချုပ်မှုရှိနေပြီး ၁၀၅မိုင် နမ့်ဖတ်ကာ ကွတ်ခိုင် သိန္နီလားရှိုး သီပေါ ကျောက်မဲ နောင်ချိုအထိပြည်ထောင်စု လမ်းမကြီးတလျှောက်သူပုန်တွေသိမ်းထားတာဖြစ်လို့ အကြမ်းဖက်သူပုန်တွေနဲ့အစိုးရ အခွန်ခွဲဝေကောက်ယူကြဖို့ ဆိုတာ အစိုးရတစ်ရပ်အတွက်အရှက်ရစရာဖြစ်လို့ ဘယ်လိုမှ လက်ခံမှာမဟုတ်တဲ့အတွက် အောင်မြင်စရာအကြောင်းမရှိပါ။

ဆွေးနွေးပွဲပျက်ရင် စစ်ပွဲဆီပြန်သွားရတဲ့ ထုံးစံအတိုင်း ဟိုင်ဂင် ပျက်ပြီး ဒုတိယလှိုင်း ပေါ်လာသလို တတိ ယလှိုင်းဆိုတဲ့အသံတွေ ထွက်လာတာကို သတိပြုကြရပါမယ်။

ကျားဖြန့်တတိယလှိုင်းဆိုပြီး စစ်ရေးသတင်းတွေ ထွက်နေတာကို အထိတ်တလန့်ဖြစ်အောင်ခြောက်လှန့်နေတာပါလို့ ပေါ့ပေါ့လျော့လျော့ လျှော့တွက်လို့မရဘဲ သတင်းဟူသည် မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ စိစစ် သုံးသပ် အကဲဖြတ် အသုံးချရမှာဖြစ်ပါတယ်။

မြေပြင်သတင်းတွေမှာလည်း သူပုန်မျိုးစုံ စစ်ရေးတိုးချဲ့ပြင်ဆင်မှုတွေ ရှိနေတဲ့အတွက်မိမိဘက်ကလည်း အချိန်နဲ့အမျှရန်သူထက် သာလွန်တဲ့စစ်ပြင်ဆင်မှု တွေလုပ်ထားနိုင်ဖို့ က အလွန်အရေးကြီးနေပါတယ်။