Последние посты Ultimate Cinephile 2 (@ultimate_cinephile2) в Telegram

Посты канала Ultimate Cinephile 2

Ultimate Cinephile 2
4,923 подписчиков
341 фото
334 видео
Последнее обновление 01.03.2025 09:02

Похожие каналы

Hudson Rainbow Channel
7,553 подписчиков
Anime News & Facts (Tokyo)
5,422 подписчиков

Последний контент, опубликованный в Ultimate Cinephile 2 на Telegram


The Childe(2023)

***

ဒီကားက မထွက်ခင်ကတည်းက လူစိတ်ဝင်စားတဲ့ အကြောင်းတွေအများကြီးရှိတယ်...

တစ်ချက်က အဓိက မင်းသားဖြစ်သူဟာ ဒီလို  လက်မရွှံကြေးစားလူသတ်သမားဟန်ပန်မျိုး

တစ်ခါမှမရိုက်ဖူးတဲ့ မင်းသား Kim Seon-Ho ဖြစ်နေလို့ပါပဲ.... ဒါ့အပြင် A List သရုပ်ဆောင်တွေများစွာ

ပါဝင်ထားတယ်..ထရောလာလေးပဲကွက်ကြမ်းနေတဲ့ ကားမျိုးမဟုတ်ဘူး..

တစ်ကားလုံးကြမ်းသလို သတ်ဖြတ်ခန်းတွေဆိုလည်း အတော်ကြီးကိုမိုက်တယ်...

ဖိလစ်ပိုင်ရဲ့မြေအောက်ကြေးစားလက်ဝှေ့လောကမှာကျဉ်လည်နေတဲ့

ဖိုက်တာတစ်ယောက်ရှိတယ်....သူက အဖေက ကိုရီးယားလူမျိုးဖြစ်ပြီး အမေက ဖိလစ်ပိုင်လူမျိုးဖြစ်တယ်...

လက်ရှိမိခင်နဲ့အတူနေပြီး မိခင်ကျန်းမာရေးမကောင်းတော့ ကြုံရာလူကြိုးဝိုင်းမှာထိုးပြီး

ပိုက်ဆံရှာနေတယ်..သူ့ရဲ့ရည်မှန်းချက်က ကိုရီးယားမှာရှိတဲ့ဖခင်ကိုရှာဖွေပြီး မိသားစုလေး

ပျော်ပျော်ရွှင်ရွှင်နေဖို့ဖြစ်တယ်..တစ်နေတော့ကံကောင်းထောက်မစွာ အဖေဘက်က လူတွေက

သူ့ကိုရှာတွေ့သွားပြီး ကိုရီးယားကိုလိုက်ခဲ့ဖို့ခေါ်ခဲ့တယ်...

ကိုရီးယားကိုအဖေနဲ့တွေ့ဖို့သွားတဲ့အခါမှာ မမျှော်လင့်ဘဲ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့

ကြေးစားလူသတ်သမားတွေသူ့နောက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့...

♦️ ဇာတ်ကား Link
👉 https://t.me/hudson_mv3/570

Moon Man

🎭 Genres: Comedy, Sci-Fi,
📆 Year: 2022
🌟 Rating: 6.5

♦️ ဇာတ်ကား Link
👉 https://t.me/hudson_mv3/568

Minions : The Rise of Gru (2022)

မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦး

Channel အရင် join ပါ

https://t.me/+91TTVcIBJc9mNWY1

♦️ ဇာတ်ကား Link
👉 https://t.me/c/1998201590/672

Maharaj (2024)

Channel အရင် join ပါ

https://t.me/+91TTVcIBJc9mNWY1

♦️ ဇာတ်ကား Link
👉 https://t.me/c/1998201590/670

Soulmate (2023)

Soulmate ဆိုတဲ့ စကား‌ကြားလိုက်ရင် ကြင်ဖော်ဆိုပြီး သတိရမိတတ်ကြပေမယ့် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ သူငယ်ချင်း နှစ်ယောက်ကြားက သံယောဇဉ်ကို အချစ် အလွမ်း သည်းခံမှု‌ နားလည်မှု‌ေတွကို ရှုထောင့်ပေါင်းစုံကနေ ရိုက်ပြထားတာပဲဖြစ်ပါတယ်

မတူညီတဲ့ ‌မိသားစုနှစ်ခုကနေ မွေးဖွားလာသလို မတူညီတဲ့ အကျင့်စရိုက် ရှိကြတဲ့ အန်းမီဆောနဲ့ ဟာအွန်း
သူတို့နှစ်ဦးက မူလတန်း အရွယ်လောက်ကတည်းက တွေ့ဆုံခဲ့ကြပြီး အထက်တန်းရောက်တဲ့ အထိကို တတွဲတွဲနဲ့ ညီအစ်မအရင်း‌ေတွလို နေခဲ့ကြပါတယ်

ရင်ခုန်တတ်တဲ့ အရွယ်ရောက်တဲ့အခါ ဟာအွန်းမှာ ချစ်ရတဲ့ ဂျင်ဝူဆိုတဲ့ ကောင်လေးတစ်‌ေယာက်က သူတို့နှစ်ယောက်ဘဝထဲကို ဝင်ရောက်လာတဲ့ အခါ

ဘယ်သူက ဘယ်သူရဲ့ Soulmate ဖြစ်မလဲ
သုံးပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်လာမှာလား
ဖြစ်လာခဲ့ရင်ကော ညီအစ်မကြားက သံယောဇဉ်က ဘယ်လောက်ထိ ခိုင်မာနိုင်မှာလဲ
ဘယ်သူကကော ဘယ်လိုတွေ ရွေးချယ်ဖြစ်မှာလဲဆိုတာ သိချင်ရင် ကြည့်လိုက်တော့

Channel အရင် join ပါ

https://t.me/+91TTVcIBJc9mNWY1

♦️ ဇာတ်ကား Link
👉 https://t.me/c/1998201590/668

Acharya (2022)

♦️ ဇာတ်ကား Link
👉 https://t.me/hudson_mv3/566

Guthlee Ladoo (2023)

♦️ ဇာတ်ကား Link
👉 https://t.me/hudson_mv3/564

Hope or Dope [Juvenile delinquency]

ပြစ်မှုကျူးလွန်သူတွေဆိုတာ ပတ်ဝန်းကျင်ရဲ့ အနိမ့်ကျခံအဖြစ်နဲ့ သတ်မှတ်ခံရသူတွေပါ။ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့နောက်ဆက်တွဲကြောင့် အပြစ်ဒဏ်ကို ခံယူကြရတဲ့အခါ ဝေဖန်မှုတွေကိုပါ ဆက်တိုက်မျှဝေယူကြရပါတယ်။
ဒါပေမယ့် ဒီလိုပြစ်မှုကျူးလွန်မိကြသူတို့ရဲ့ အကြောင်းပြချက်တွေကို ဝေဖန်အပြစ်တင်ကြတဲ့ လူ့အသိုင်းအဝိုင်းကဆိုသူတွေ မေးမိကြရဲ့လား။ ဒါမှမဟုတ် အရေးမကြီးဘူးလို့ သတ်မှတ်ပြီးသားမလို့လား။
တကယ်ဆို တစ်ဖက်သားနာကျင်ထိခိုက်အောင် ပြုမိသူတွေမှာ ဘယ်အချိန်ကစခဲ့လဲ၊ ဘာအကြောင်းပြချက်ကြောင့်လဲ၊ ကိုယ်တိုင်ရွေးချယ်မှုလား၊ ရွေးချယ်စရာပဲမရှိခဲ့တာလား၊ မှားနေမှန်းရော သိကြရဲ့လား။
ဒီလိုအရာတွေအတွက် ပြစ်မှုကျူးလွန်ပြီးမှ ဝေဖန်ကြသူတွေ ဒီလိုမဖြစ်ခင်ကြိုပြီး နှစ်သိမ့်အားပေးကူညီကြခဲ့ရင်ရော ရလဒ်တွေပြောင်းလဲလာနိုင်မလား။
ဒီလိုအကြောင်းပြချက်တွေနဲ့ ဆယ်ကျော်သက်အရွယ်တည်းက မိသားစုရဲ့ အသုံးချခံ မူးယစ်ဆေးသယ်ဆောင်ပေးသူအဖြစ် လုပ်ကိုင်ကျွမ်းဝင်နေခဲ့တဲ့ ၁၈ နှစ်အရွယ် Kyung Da-Jung။ မိဘကိုယ်တိုင်က လမ်းခင်းပေးခဲ့တဲ့လမ်းမှားကိုလျှောက်ရင်း သူမှားနေမှန်းရောသိခဲ့ရဲ့လား။
တစ်နေ့ မူးယစ်ဆေးသွားပို့ရင်း အမှားအယွင်းဖြစ်သွားတဲ့အခါ အကျိုးဆက်တွေကို မရင်ဆိုင်နိုင်လို့နယ်မြို့လေးတစ်မြို့ကို ထွက်ပြေးလာခဲ့တဲ့သူမ။
အဲ့ဒီနေရာလေးက သာမန်ဘဝနဲ့ ရုန်းကန်နေရတဲ့ Gong Yoon-Tak နဲ့ဆုံတွေ့ခဲ့တဲ့အခါ
Gong Yoon-Tak ဟာ ပုံမှန်ရိုးရိုးရှင်းရှင်းဘဝနဲ့ အဖေရယ် ညီနှစ်ယောက်ရယ်အတွက် အိမ်ထောင်ဦးစီးတာဝန်ကို ထမ်းဆောင်နေသူပါ။
Kyung Da-Jung ကလဲ ကံအားလျော်စွာ ဒီနေရာမှာ ဘိန်းစိုက်ခင်းတွေတွေ့ခဲ့ချိန်မှာတော့ မိဘကိုယ်တိုင်ရဲ့ လမ်းမှား၊ တစ်ချိန်လုံးကျွမ်းဝင်လာတဲ့ အတတ်မှားတွေကို အသုံးချပြီး ပိုက်ဆံရှာဖို့ကြိုးစားရင်း Gong Yoon-Tak ကိုပါဆွဲသွင်းမိတဲ့အခါ
ဆယ်ကျော်သက်အရွယ် ပညာရေးနောက်ကလိုက် တက်ကြွနေရမယ့်အချိန် ဝမ်းစာနောက်ကိုမှ လမ်းမှားကလျှောက်မိကြတဲ့သူတို့ နောက်ဆက်တွဲအနာဂတ်မှာ ဒီလမ်းမှားအတိုင်းပဲလား၊ ခလုတ်မထိဆူးမငြိဘဲ ဆက်လျှောက်နိုင်ကြပါ့မလား။
ဒီလူငယ်တွေကို လမ်းပြပေးနိုင်မယ့်သူပေါ်လာနိုင်မလား၊ သံယောဇဉ်တွေကပဲ အရာအားလုံးကိုကုစားပေးသွားနိုင်မလား၊ ဘဝတွေရဲ့အစက လူတိုင်းမတူနိုင်ပေမယ့် အဆုံးသတ်လှဖို့ ကြိုးစားနိုင်ကြမလားဆိုတာ ဒီ Juvenile delinquency ကားလေးမှာ တင်ဆက်ပြသပုံတွေကို ကြည့်ရှုရင်း ခံစားသက်ဝင် အတွေးနယ်ချဲ့နိုင်ဖို့ gold channel drama မှတင်ဆက်ပေးလိုက်ရပါတယ်။

Reviewed by Phyo
Translated by Snowflake,Phyo,Elsa,Anna

Channel အရင် join ပါ

https://t.me/+91TTVcIBJc9mNWY1

♦️ ဇာတ်ကား Link
👉 https://t.me/c/1998201590/634

Kalki 2898 AD (2024)

Channel အရင် join ပါ

https://t.me/+91TTVcIBJc9mNWY1

♦️ ဇာတ်ကား Link
👉 https://t.me/c/1998201590/633

Morbius (2022)

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။

မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး

ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။


ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ

သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုး

ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့

ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို

ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။

ကြည့်ကြည့်လိုက်ကြပါဦး။

♦️ ဇာတ်ကား Link
👉 https://t.me/hudson_mv3/562