𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

@trendzone12


𝘛𝘳𝘦𝘯𝘥 𝘯𝘦𝘸𝘴

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

29 Apr, 21:56


Exhuma (2024)
================
အလောင်း တစ်ခုကိုမှားယွင်းပြီး တူးဖော် မိတဲ့
လူလေးယောက်ရဲ့ ဇာတ်လမ်း ဒီနှစ်အတွက် အကောင်းဆုံး တောင်ကိုရီးယားးဟော်ရာ ရုပ်ရှင်လို့ ရီဗျူးကောင်းရထားပါတယ်

၀င်ငွေအရရော ပရိတ်သတ်တွေရဲ့Review တွေ
Rating တွေအရရော လုံး၀ ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့
တောင်ကိုရီးယား Horror Mystery ရုပ်ရှင်
Exhuma 2024 ကတော့ မနေ့က Digital အကြည်
ထွက်ရှိလာခဲ့ပါပြီ။

Movie link - https://t.me/weconnect1243/454

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

22 Apr, 04:42


Project Wolf Hunting (2022)

ထောင်သားတွေကို ဖိလစ်ပိုင်ကနေ
တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့
သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ်

နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ
လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦး ...

*** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့်
ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး ***


Movie link =
https://t.me/weconnect1243/449

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

18 Apr, 09:41


Luck-Key (2016)
ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအလုပ်မှန်သမျှမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူလည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘ၀ကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်… ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်…
သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်…
အ၀တ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့ အရမ်းချမ်းသာပုံရတဲ့လူတစ်ယောက်ကိုဆိုပါတော့… အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာဆေးရုံရောက်သွားတယ်…စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့ရေချိုးခန်းအ၀တ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်..တခြားသူက ဆေးရုံရောက်သွားပေမယ့် ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ...နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်…

Movie link - https://t.me/weconnect1243/445

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

03 Apr, 03:21


Movie Link - https://t.me/weconnect1243/435

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

03 Apr, 03:21


The jungle book 2016

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

27 Mar, 05:36


အလင်းမဲ့မီးအိမ် (စဆုံး)

နေဝင်း၊ ဟိန်းဇေ၊ မင်းအာကာ၊ ခေးဆက်သွင်၊ ဖြူသဲဦး၊ စောယုနန္ဒာ

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

20 Mar, 09:58


အဂျေးရဲ့ Shaitaan (2024) ဇာတ်ကားသစ်

တောင်ပိုင်းမင်းသမီး ကျောင်းအုပ်ဆရာမဂျိုသီကား
အဂျေးနဲ့တွဲပြီး ပထမဆုံးရိုက်တဲ့ ဘောလီးဝုဒ်
ရုပ်ရှင် Shaitaan ရုံတင်တာ ၄ ရက်နဲ့ ကုဋေ
၆၀ ကျော်ရပြီး Hit ဖြစ်နေလို့ B-Town က
အဂျေးနဲ့ အုပ်ကြီးဖန်တွေအတွက် Shaitaan
ရုံကူးအကြည်ကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။
Shaitaan က ၂၀၂၄ ထွက်ပြီးသမျှ ရုပ်ရှင်တွေထဲ
အကောင်းဆုံးဖြစ်သလို အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

Shaitaan မှာ အဂျေးနဲ့ ဂျိုသီကားက လင်မယားတွေ
ဖြစ်ပြီး ဆယ်ကျော်သက်အရွယ် သမီးလေး တစ်ယောက်
ရှိပါတယ်။ တစ်နေ့ အဂျေးအိမ်ကို 3idiots ရုပ်ရှင်ထဲ
ဖရ်ဟန်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ရောက်လာပြီး
၁၅မိနစ် ဖုန်းအားသွင်းချင်လို့ဆိုပြီး ခွင့်တောင်းပါတယ်။
ဂျိုသီကား ကန့်ကွက်တဲ့ကြားက အဂျေးက ခွင့်ပြုပေးပြီး
အိမ်ထဲဝင်ခွင့်ပေးလိုက်ရာက တစ်အိမ်လုံးဗြောင်းဆန်ပြီး
မထင်မှတ်ထားတာတွေ ဖြစ်ကုန်တာပါ။ အတော်လေး
ခြောက်ခြားစရာကောင်းပြီး ရုပ်ရှင်ရီဗြူးရလဒ်တွေ
ကောင်းထားပါတယ်။

Movie Link - https://t.me/weconnect1243/420

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

17 Mar, 05:27


Percy Jackson and the Olympians (2023)Season 1 မြန်မာစာတန်းထိုး
==========================

နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစက‌နေ ပြန်ရိုက်တာပါ။

ပါစီဂျက်ဆန်က ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေက‌နေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ


Movie Link - https://t.me/weconnect1243/414

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

12 Mar, 06:00


Damsel (2024) ဇာတ်ကားသစ်
***
Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး
Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်
မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာ
မိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့
မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့
မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။
ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို
ဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်
ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်း
**
မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီး
အငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့
အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့
အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့
မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေ....


Movie Link - https://t.me/weconnect1243/392

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

03 Mar, 05:35


​Guillermo del Toro’s Pinocchio

သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရို
ရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။
ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။
မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး
အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။
ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။
ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့
လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။
Pan’s Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို
ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။
ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။
မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။
၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။
ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ တွေးစရာတွေထည့်သွင်းနေကျမို့ ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းမှာပါ။
ဥပမာ ကောင့် ဗိုပီဆိုတဲ့ ဗီလိန်ဆိုရင် (ဗိုပီဆိုတာက အီတလီလို မြေခွေး) နှာခေါင်းအရှည်ကြီးဖြစ်နေတာကြောင့်
“လိမ်ပြောလေလေနှာခေါင်းရှည်လေလေ” ဆိုတဲ့ ပုံပြင်ကို လူသားမှာပါ သရုပ်ဖော်ထားသလိုဖြစ်နေတာမျိုးပေါ့။
ပီနိုခီရိုပုံပြင်ကို ခဏခဏကြည့်ဖူးဖတ်ဖူးပေမဲ့ ဒီတစ်ခါတော့ တစ်မျိုးခံစားကြည့်လိုက်ကြပါဦး။

Movie link - https://t.me/weconnect1243/344

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

22 Feb, 05:05


In the Tall Grass (2019)

ကားလေးပေါ်မှာလူနစ်ယောက်ရှိတယ်။ဘက်ကီကကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်

သူ့ဘေးနားကကားမောင်းနေတဲ့ကာလ်ကသူ့အကိုကားတောက်လျှောက်မောင်းလာရင်းနဲ့တစ်နေရာ

အရောက်မှာစကားပြောရင်းနဲ့ခဏနားဖြစ်ကြတယ်။ရှင်းလင်းနေတဲ့လမ်းမကြီးအလယ်မှာကာလ်တို

ကားလေးရယ်ဘေးတစ်ဖက်မှာဘုရားကျောင်းတစ်ရယ်ရှိတယ်။ကျန်တဲ့ဘေးတစ်ချက်မှာတော့

မျှော်မဆုံးအောင်ထူထပ်နေတဲ့မြက်ရိုင်းရှည်တွေရှိပါတယ်။

ရုတ်တရက်ကောင်လေးတစ်ယောက်အော်ဟစ်အကူအညီ တောင်းတာကြားလိုက်ရတော့သူတိုလည်း ကောင်လေးကိုကယ်ဖို မြက်ခင်းပြင်တွေထဲဝင်လိုက်တာပေါ့။ နောက်တော့တဖြည်းဖြည်း ဒီမြက်ခင်းပြင်အရှည်ကြီးတွေက ပုံမှန်မဟုတ်တဲ့အကြောင်းနဲ့ မကောင်းတာ

တစ်ခုခုရှိနေတယ်ဆိုတာကိုသိလာကြရတော့တယ်......

ဒီဇာတ်ကားလေးကအရမ်းကြည့်လိုကောင်းတယ်စိတ်ဝင်စားဖိုအရမ်းကောင်းပြီးစိတ်ပိုင်းဆိုင်ရာမေးခွန်းတွေ

နဲ့မကုန်ဆုံးနိုင်တဲ့မေးခွန်းတွေကျန်ခဲ့မှာပဲကြည့်ပြီးရင်တော့ဒီကားကို ကြည့်ပြီးတာနဲ့ google ချက်ချင်းပြေး

ပြီးကိုယ်မသိလိုက်တဲ့ plote hole တွေလိုက်ရှာမိမယ့်ကားလေးပေါ့နော်။.....

Movie Link = https://t.me/weconnect1243/320

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

14 Feb, 14:45


Samson (2018)

မြင်းမှေးရိုးတစ်ချောင်းထဲနဲ့....

Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကို
ဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ ့ရဲ ့လား။သူရဲ ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက်အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ


Link - https://t.me/weconnect1243/303

𝙏𝙧𝙚𝙣𝙙 𝙕𝙤𝙣𝙚

10 Feb, 09:33


Chor Nikal Ke Bhaga (2023)
-------------------

IMDb - 7.3/10

သက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီးတွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။

နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို
သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။

ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း
အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။

သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ...

အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား...

နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ ....


ဇာတ်လမ်းကြည့်ရန် - https://t.me/weconnect1243/281

1,364

subscribers

21

photos

259

videos