Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service @tkcounsellingservice Channel on Telegram

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

@tkcounsellingservice


📌 စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
📌 relationship ပြဿနာများ
📌 personality test (or) psycho test စစ်​ဆေး​ပေးခြင်း

☎️ 09450334140 booking ယူထားနိုင်ပါတယ်ရှင့်။

🔰​mental health counseling session fee - 40,000 Ks ပါရှင့်။

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service (Burmese)

သင့်အား စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် ဆွေး​နွေးမှု ရယူခဲ့ပါ။ @tkcounsellingservice မှ အောက်ပါအတိုင်း ဆွေး​နွေးမှု ရယူရန် သက်ဆိုင်မြင်ပါသည်။ မိုဘုတ်စောင့်မှသည်။ @khinayesoe တွင် အကြံပြုလိုပါက Message ပို့ပါ။ သို့မဟုတ် ဖုန်း​ခေါ်ဆို၍ 09450334140 နံပါတ်သို့ ဖုန်း​ခေါ်ပါ။ ဪူခယ်ယူထားပြီးတစ်ခုတည်းနိုင်ပါတယ်။ သင်တို့၏ စိတ်ပိုင်းဆိုင်ရာလက်ရှိ သက်ဆိုင်ရာ အခမဲရှိသည့် စိတ်ပိုင်းဆိုင်ရာ ရရှိပါသည်။ ဆွေး​နွေးမှု ရယူရန် သင့်အား လက်ရှိ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ လက်မှတ်သည့် အကြံပြုအမှုလိုအပ်သည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ 40,000 Ks တန်ဖိုးပါခဲ့သည်။ သင်လက်မှတ်ရယူအတွက် လူသိနိုင်ပါတယ်။ သင့်အား စိတ်ပိုင်းဆိုင်ရာနှင့် ဆွေး​နွေးမှု ရယူလိုပါက @tkcounsellingservice မှ အသုံးပြုနိုင်ပါတယ်။

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

30 Nov, 15:39


Mental Disorder Vs Personality Disorder

Mental Disorder နဲ့ Personality Disorder က မတူဘူးဆိုတာ တချို့လူ​တွေက မသိနားမလည်ကြ​​လို့ ​​ရေးတင်​ပေးလိုက်ပါတယ်​နော်။

Mental Disorder ဆိုတာ...

လူတစ်ဦးရဲ့  ​နေ့စဥ် ပုံမှန်လုပ်ဆောင်မှု​တွေကို အနှောင့်အယှက်ဖြစ်စေပြီး အဲ့လူရဲ့ စိတ်ခံစားချက်၊ အတွေး နှင့် အမူအကျင့်တို့ကို ထိခိုက်​စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ ဖြစ်ပါတယ်။

သူနဲ့မတူတဲ့ Personality Disorder ဆိုတာ လူတစ်​ယောက်မှာ healthy personality ရှိမ​နေဘဲ  မိမိကိုယ်တိုင်နှင့် တခြားသူ​တွေအ​ပေါ်မှာ ထိခိုက်​စေနိုင်တဲ့ ရေရှည် ပြောင်းလဲရန်ခက်ခဲသော စိတ်ခံစားချက်၊ သ​ဘောထားအမြင်၊ အတွေး နှင့် အပြုအမူများ ပါဝင်ပါတယ်။

Mental Disorder က ဘယ်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပြီး ခံစားရတဲ့ကြာချိန်က တစ်​ယောက်နဲ့တစ်​ယောက် မတူကွဲပြားမှု ရှိနိုင်ပါတယ်။

Personality Disorder ကျ​တော့.........များ​သောအားဖြင့် ကြီးကောင်ဝင်စ သို့မဟုတ် အရွယ်ရောက်ခါစတွင် ဖြစ်​လေ့ရှိပြီး ၎င်းကို ကုသမှု မခံယူပါက လူတစ်ဦးရဲ့ ဘဝတစ်လျှောက်လုံးတွင် ဆက်လက်ပြီး တည်ရှိနေနိုင်ပါတယ်။

ဒီရောဂါနှစ်မျိုးစလုံးကို ကုသလို့ ရ​သော်လည်း ကုသတဲ့အခါမှာ ချဉ်းကပ်တဲ့ပုံစံ နှင့် treatment ​ပေးတာ​တွေက ကွဲခြားပါတယ်။

Mental Disorder အမျိုးအစားဖြစ်တဲ့ depression သို့မဟုတ် anxiety ​ရောဂါ​တွေကို​တော့ ဆေးဝါးနှင့် ရေတိုကုသလို့ရနိုင်သော်လည်း Personality Disorder ကျ​တော့ ​ဆေးဝါးတစ်ခုတည်းနဲ့ကုသလို့ မရသလို long term treatment(ရေရှည်ကုသမှု) နှင့် psychotherapy စသဖြင့်လိုအပ်ပါတယ်။

Mental Disorder ထက် Personality Disorder ကို ကုသရတာ ပိုပြီးခက်ခဲပါတယ်။

ဘာလို့လဲ ဆို​တော့ Personality Disorder ရှိတဲ့ သူတွေက သူတို့ရဲ့ အယူအဆ(belief)၊ သဘောထား (attitude) နှင့် အပြုအမူ​( behaviour) ​တွေက အစွန်း​ရောက်​နေမှန်း၊ လွှဲ​နေမှန်း သူတို့ကိုယ်တိုင် လက်မခံနိုင်တဲ့ အတွက် သူတို့ကို ပုံမှန် လမ်း​ကြောင်းမှန်သို့​ရောက်​အောင် ကုသရာမှာ အခက်အခဲ ရှိပါတယ်။

တချို့က သူတို့ကိုယ်တိုင် Personality Disorder ရှိမှန်း​တောင်မသိကြဘဲ ဒီအတိုင်း​နေထိုင်သွားတတ်ကြပါတယ်။ ဒါ​​​ကြောင့်မို့လို့လဲ  ကုသမှု ခံယူတာမျိုး မရှိကြပါ။

သို့​သော် ဒီလူ​တွေက သူတို့ကိုယ်တိုင်လည်း အဆင်မ​ပြေကြသလို၊ အများနဲ့ဆက်ဆံ​ရေး​တွေမှာ အဆင်​မပြေ ကြတာများပါတယ်။

Mental Disorder ဖြစ်ဖြစ် Personality Disorder ဖြစ်ဖြစ် ရှိ​နေခဲ့ရင်လည်း ဒီပြဿနာ​တွေ ဖြစ်​နေတာကို မိမိကိုယ်တိုင် လက်ခံလိုက်ပြီး​တော့ ကုသမှု ခံယူလိုက်ပါက ပိုမို​ကောင်းမွန်​သော ဘဝကို ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။

Personality Disorder ​, Mental Disorder နဲ့ပတ်သက်လို့ အမျိုးအစား တစ်ခုချင်းစီကို သိထားချင်ရင်​တော့ ....

တီချယ်ရဲ့ page မှာ ​ရေးတင်​ပေးထားတာ​တွေ အများကြီး ရှိပါတယ်​​နော်။ စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ ရပါတယ်​ရှင့်။

TK Counselling Service မှာ Mental Disorder Test, Personality Disorder Test စစ်​ဆေး​ပေးသလို ကုသမှုလည်း လုပ်​ပေး​လျက်ရှိပါတယ်​နော်။

အ​သေးစိတ်သိလိုပါက page messenger / ☎️ 09450334140 သို့ ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

28 Nov, 14:34


တစ်စုံတစ်ခုအ​ပေါ် မှာ  အဆိုးမြင်ခြင်း ( negative thinking ) နဲ့ အဆိုးကို ကြိုတင်စဥ်းစား​တွေး​တောခြင်း ( negative visualization) နဲ့ မတူပါဘူး​နော်။

အဆိုးမြင်ခြင်း (negative thinking) ဆိုတာက တစ်ခုလုပ်​တော့မယ်ဆိုရင် ...
ငါက ဒီအလုပ်ကို မလုပ်နိုင်ပါဘူး၊
ငါက အဲ့​လောက်​ အရည်အချင်းမရှိဘူး၊
ငါလုပ်ရင်လဲ အောင်မြင်မှာ မဟုတ်ဘူး၊

စသဖြင့် ​အရာရာကို အဆိုးမြင်တဲ့ စိတ်​တွေနဲ့ တွေးမြင်ခြင်းဖြစ်ပါတယ်။

တနည်းအားဖြင့်​ပြောရရင် negative thinking အ​တွေး​တွေက ကိုယ်ဘဝတိုးတက်ရာ တိုးတက်​ကြောင်း လုပ်​ဆောင်ဖို့ ကိုယ့်ကိုယ်ကို ဆွဲချ​နေတဲ့ အဖျက်စိတ်​တွေ ပါ​နော်။ ဒီလိုအ​တွေး​တွေ ရှိ​တဲ့သူ​တွေက ဘဝမှာ ​အောင်မြင်ဖို့ ခဲယဥ်းနိုင်ပါတယ်။

အဲ့တာနဲ့မတူတဲ့ negative visualization ကျ​တော့

လုပ်ငန်း တစ်ခု ဒါမဟုတ် ကိစ္စတစ်ခုခုကို ရွှေးချယ်မှု လုပ်​တော့မယ်ဆိုရင် ဖြစ်လာနိုင်​ချေ ရှိတဲ့ ဆိုးကျိုး​တွေ အခက်အခဲ​တွေ၊ စိန်​ခေါ်မှု​တွေ၊ ဆုံးရှုံးမှု ​တွေကို ကြိုတင်စဥ်းစားပုံ​ဖော်ကြည့်တာမျိုးဖြစ်တယ်။

ကျွန်မတို့က အလုပ်တစ်ခုကို လုပ်​​တော့မယ်ဆိုရင် အမြဲတမ်း​ အဆင်​ပြေ​ချော​မွေ့  မယ်လို့ တစ်ထစ်ချ ​မျှော်လင့်ထားလို့ မရပါဘူး။

ဖြစ်လာနိုင်​ချေ ရှိတဲ့ အခက်အခဲ​တွေ၊ စိန်​ခေါ်မှု​​တွေ၊ ဆုံးရှုံးမှု​​တွေ စသဖြင့် ဆိုးကျိုး​တွေကို ကြိုတင်စဥ်းစားထားမှ လိုအပ်တာ​​တွေကို ကြိုတင်ပြင်ဆင်ထားလို့ ရနိုင်မှာ ဖြစ်ပါတယ်။

ဒီလို Negative visualization လုပ်ကြည့်တဲ့အခါမှာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ရရင်​တောင် ကြိုတင်ပြင်ဆင်မှုရှိနေတာမို့လို့ အောင်မြင်မှု ရရှိဖို့အခွင့်အလမ်း ပိုများပါတယ်​။

“Rehearse for the Worst, Hope for the Best” ဆိုတဲ့အတိုင်း ဖြစ်လာနိုင်​တဲ့ အဆိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးတွေ ဖြစ်လာဖို့ မျှော်လင့်တာမျိုးပါပဲ။

ဘဝရဲ့ မသေချာမှု​တွေ ၊အခက်အခဲ​တွေအတွက် ကြိုတင် ပြင်ဆင်မှုရှိခဲ့ရင် တစ်ခုခုလွှဲ​​လျှော်သွားရင်​တောင်မှ ပြန်ထနိုင်ပါ​တယ်နော်။

လူတိုင်း လူတိုင်း မိမိတို့ရဲ့​လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းမှာ အဆင်​ပြေ​ချော​မွေ့ကြပါ​စေရှင့်။

❗မိမိလိုချင်​သောဘဝကို ပုံ​ဖော်ချင်တဲ့သူ​တွေ

❗မိမိဘဝမှာစိတ်​ကျေမှု ၊​ ပျော်ရွှင်မှု ရမ​နေဘူးလို့ ခံစား​​​နေရတဲ့သူ​တွေ၊

❗ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ရည်ရွယ်ချက်​မရှိ၊ လမ်းပျောက်နေတဲ့သူ​တွေ၊

❗မိမိဘဝတက်လမ်းအတွက် မိမိနဲ့ကိုက်ညီတဲ့ career မျိုး ဘယ်လိုရှာရမလဲ မသိတဲ့သူ​တွေ

❗တစ်ခုခုကို လုပ်​ဆောင်ဖို့ ယုံကြည်မှု မရှိဘူး၊ ယုံကြည်မှုတည်​​ဆောက်ချင်တဲ့သူ​တွေ အတွက်

TK Counselling Service မှာ #self_transformation_package ယူလို့ရပါတယ်​ရှင့်။

အ​သေးစိတ် သိလိုပါက
📩telegram chatbox / ☎️09450334140 သို့ဆက်သွယ်​မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

27 Nov, 13:41


အ​ကောင်းဆုံးကို​ မျှော်လင့်ထားသလို အဆိုး​ဆုံးအရာ​တွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုရှိပါ​စေ။

ကျွန်မတို့ လုပ်ငန်းတစ်ခု ဒါမဟုတ် ကိစ္စတစ်ခုခုကို ရွှေးချယ်မှု လုပ်​တော့မယ်ဆိုရင် အရင်ဆုံး ကြိုတင်စဥ်းစား​တွေး​​ခေါ် ပြီး plan ချကြည့်ကြတယ်။

ဒီအလုပ်ကို လုပ်လိုက်ရင်​တော့ ၊ ဒီဟာကို ​ရွေးချယ်လိုက်ရင်​တော့...ကိုယ့်အတွက် ​ကောင်းကျိုး​တွေ၊ အကျိုးအမြတ်​တွေ ဘာ​တွေ ရှိလာနိုင်လဲ ကိုယ့်အတွက် အဆင်​ပြေနိုင်​ချေ ရှိရဲ့လား စသဖြင့် ယေဘုယျ ခြုံငုံသုံးသပ်ကြည့်တာမျိုး လုပ်​လေ့ရှိကြတယ်။

ဒီအလုပ်က​​တော့ ငါ့အတွက် ဂွင်ပဲ၊ ဒီထက်ပို​ကောင်းတဲ့အခွင့်အ​ရေး ရှိဦးမှာလား ၊ ငါ့အတွက် အ​ကောင်းဆုံး​တွေပဲ ဖြစ်လာမှာ စသဖြင့် " ကောင်းတာ​တွေပဲ ​မျှော်လင့် ပုံ​ဖော် ခံစားကြည့်တာမျိုးကို (positive visualization) ဖြစ်တယ်။

သူနဲ့မတူတဲ့ negative visualization ကျ​တော့ လုပ်ငန်း တစ်ခု ဒါမဟုတ် ကိစ္စတစ်ခုခုကို ရွှေးချယ်မှု လုပ်​တော့မယ်ဆိုရင် ဖြစ်လာနိုင်​ချေ ရှိတဲ့ ဆိုးကျိုး​တွေ အခက်အခဲ​တွေ၊ ဆုံးရှုံးမှု ​တွေကို ကြိုတင်စဥ်းစားပုံ​ဖော်ကြည့်တာမျိုးဖြစ်တယ်။

​ကိစ္စတစ်ခုခု ​ရွေးချယ်တာ ဒါမှမဟုတ် ဆုံးဖြတ်ချက် ချ​တော့မယ်ဆိုရင် positive visualization ကိုပဲ အမြဲတမ်း ​မျှော်လင့်ထားလို့ မရပါဘူး negative visualization ကိုပါ ကြိုတင်​တွေးထားပြီး ပြင်ဆင်စရာရှိတာကို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

အဲ့​ကြောင့်မို့လဲ တစ်ခုခုအဆင်မ​ပြေခဲ့ရင် ကျန်တစ်ခုကို ​ရွေးချယ်လို့ရ​အောင် plan A , plan B စသဖြင့် ကြိုတင်ပြင်ဆင်ထားကြသလို ...

plan A ရှိပြီး plan B မရှိ​တောင်မှ ဖြစ်လာနိုင်​ချေရှိတဲ့ ဆိုးကျိုး​တွေကို ကြိုတင်စဥ်းစားခြင်းအားဖြင့် လိုအပ်တာ​​တွေကိုကြိုတင်ပြင်ဆင်ထားလို့ ရနိုင်ပါတယ်။

“Rehearse for the Worst, Hope for the Best” ဆိုတဲ့အတိုင်း ဖြစ်လာနိုင်တဲ့အဆိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်တာမျိုးပါပဲ။

Negative visualization သုံးတဲ့အခါမှာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ရရင်​တောင် ပြင်ဆင်မှုရှိနေတာမို့လို့ အောင်မြင်မှု ရရှိဖို့အခွင့်အလမ်း ပိုများပါတယ်။

ဘဝမှာ ကိုယ်ထင်မှတ်မထားသလို ဖြစ်လာနိုင်တယ်လို့ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားတဲ့လူက အဆိုးလောကဓံနဲ့ကြုံရတဲ့အခါ တအားနာကျင်ခံစားရတာမျိုး မဖြစ်တော့ပါဘူး။

အဲ့လိုမှ မဟုတ်ဘဲ အကောင်းတွေကြီးပဲ တအားမျှော်လင့်နေတဲ့အခါ လက်တွေ့ မှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ရင်၊ ဆိုးဆိုးရွားရွား​​တွေကြုံလာခဲ့ရင် ပြန်မထနိုင်တော့ပဲ စိတ်ဓာတ်ကျသွားနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်ရှင့်။

ဒါကြောင့်မို့ ဘယ်အ​ခြေအ​နေမျိုးမှာမဆို ​အ​ကောင်းဆုံး​ကို​ပဲ မျှော်လင့်လို့ရသလို အဆိုး​​တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါမယ်​နော်။

လူတိုင်း လူတိုင်း မိမိတို့ရဲ့ ​လျှောက်လှမ်းရမယ့် ဘဝခရီးမှာ အဆင်​ပြေ​ချော​မွေ့ ကြပါ​စေရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Package များ အတွက် ကြိုတင် booking ယူလိုပါက page messenger က​နေတစ်ဆင့် စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

25 Nov, 11:24


ဘဝကို လွတ်လပ်​ပေါ့ပါးစွာ ရှင်သန်ကြည့်ပါ။

ဘဝကို ​လေး​လေးပင်ပင် ဖြတ်သန်းတာထက် လွတ်လပ်​ပေါ့ပါးစွာ ရှင်သန်ကြည့်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

ဒီစကားက ​ပြောတာလွယ်​ပေမယ့် တကယ့် လက်​တွေ့မှာ​တော့ ဘယ်လွယ်မလဲ​နော်...

လူဘဝဆိုတာ အစစအရာရာ ပန်းခင်းလမ်း​​တွေနဲ့ပဲ ဖန်တီးထားတာမျိုး ဟုတ်မ​နေဘူး...

သမုဒ္ဒရာ ဝမ်းတစ်ထွာ ကအစ လူတစ်လုံး သူတစ်လုံး အဖြစ် ရပ်တည် ရှင်သန်​နေထိုင်ဖို့ ကြိုးစားတည်​ဆောက် ယူကြရ​တော့

ဘဝမှာ စိတ်ပင်ပန်း ကိုယ်ပင်ပန်း နဲ့ ဖြတ်သန်းခဲ့ရတဲ့ ​နေ့များစွာလည်း ရှိခဲ့ကြတာပါပဲ.....

ဒီအတွက်မို့လို့လဲ စိုင်းထီးဆိုင် သီချင်းထဲကလို ...

အပူပင်ကင်းတဲ့ က​လေး​လေးဘဝကို တစ်ခါပြန်ပြီး ရချင်​သေးတယ် ...​ဆိုပြီး တောင်းတမိကြတာပဲ မဟုတ်ပါလား ...

ငယ်ရွယ်တဲ့အချိန်တွင် ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုများ၊ လွတ်လပ်မှုများက အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း ​ပျောက်ဆုံးကုန်​လာ​တယ်....

ဒီကြားထဲ စိတ်မထားတတ်ရင် မထားတတ်သလို စိတ်ဖိစီးတာ ၊ စိုးရိမ်ပူပင်ရတာနဲ့တင် ရုပ်ကျတာအပြင်..​ကိုယ့်ရဲ့ ပျော်ရွှင်မှု​တွေ၊ လွတ်လပ်မှု​တွေပါ ​ပျောက်ဆုံး ကုန်​တယ်...

တကယ်တမ်းမှာ​တော့ လွတ်လပ်​​သော ဘဝဆိုတာ ...

လူတိုင်း ရရှိခံစားနိုင်တဲ့ အခွင့်အ​ရေးတစ်ခုပါ​နော်...ဒါကိုကျွန်မတို့ သတိမထားမိလို့၊ ​မရွေးချယ်တတ်လို့သာ ကိုယ့်ရဲ့ဘဝကို လှောင်ပိတ် ထားသလို ခံစား​နေကြရတာ ဖြစ်ပါတယ်....

လွတ်လတ်​သောဘဝကို ရဖို့ ဆင်းရဲ၊ ချမ်းသာ ငွေ​ကြေး၊​ ဂုဏ်ပကာသန​၊ ​အောင်မြင်မှု​တွေနဲ့လည်း ဆိုင်မ​နေပါဘူး​ ....

ကိုယ် ရရှိ​နေတဲ့ လက်ရှိအ​နေအထားအ​ပေါ် ကိုယ်က ဘယ်လို ရွေးချယ် ဖြတ်သန်း​နေလဲ...ဆိုတဲ့ ကိုယ့်ရဲ့ ​ရွေးချယ်အ​ပေါ် ပဲ မူတည်​ပါတယ်​...

ကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာ ကြုံ​တွေ့ ရနိုင်တဲ့ ဖိအား​တွေ၊ စိုးရိမ်​ကြောင့်ကြမှု​တွေ၊ မ​သေရှာမ​ရေရာမှု​တွေ ဆိုတာ ကျွန်မတို့နဲ့အတူ ယဥ်တွဲပြီး ရှိ​နေမှာပါပဲ....

ဒါ​တွေရှိ​နေလို့ မ​ပျော်ရွှင်ရဘူး၊ အမြဲစိတ်ညစ်​နေရတယ်ဆိုပြီး အမြဲရှောင်လွှဲလို့ ရ​နေမှာ မဟုတ်ပါဘူး၊ သူနဲ့အတူ ဘယ်လိုယှဥ်တွဲ​နေထိုင်ရင် ရမလဲ ဆိုတာကိုပဲ ​တွေး​တောကြံဆ အ​ဖြေရှာကြည့်ဖို့ လိုအပ်ပါတယ်။

ဒါမှသာ ကျွန်မတို့ရဲ့ဘဝကို လွတ်လပ်​ပေါ့ပါးစွာ ​ရှင်သန်​နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာ...တချို့ ပြဿနာတွေ အခက်အခဲ​တွေက ​ဖြေရှင်းရင်​ပြေလည်သွားမယ့်ကိစ္စကို ကိုယ်က အရမ်းကြီး ​တွေးပူ​တတ်ပြီး စိတ်ဆင်းရဲ​နေတာမျိုး..

တစ်ခါတ​လေ ကိုယ်ရရှိ​နေတဲ့ လက်ရှိဘဝအ​နေအထားကို လက်မခံနိုင်ဘဲ သူများဘဝနဲ့နှိုင်းယဥ်မိကာ ပူ​ဆွေး​သောက ​ရောက်​​​နေတာမျိုး ​...

လက်ရှိအချိန်မှာ ​ပျော်ရွင်စရာ​တွေ ရှိ​နေပါလျက်နဲ့ အတိတ်က နာကျင်မှု​တွေကို လွှတ်မချနိုင်ဘဲ ခံစား​​မိနေတာမျိုး...

လက်ရှိအ​​နေအထားမှာ ကိုယ့်မှာရှိသမျှ အရာအားလုံးအ​ပေါ် ​ကျေးဇူးတင်တတ်တဲ့စိတ်နဲ့​​နေထိုင်မယ့် အစား ကိုယ့်မှာ မရှိ​သေးတာ မပြည့်စုံ​​သေးတာ အ​ပေါ် အာရုံစိုက်ပြီး မ​ပျော်ရွှင်နိုင်တာမျိုး စသဖြင့်

တစ်ခါတရံမှာ ဒီလို ကိုယ့်ရဲ့​အ​တွေး၊ ကိုယ့်ရဲ့​ရွေးချယ်မှု​တွေက ကိုယ့်ကို လွတ်လပ်​ပေါ့ပါးမှုမရှိ​အောင် ကိုယ်ကိုယ်တိုင် ဖန်တီးယူ​နေသလို ဖြစ်​နေတတ်ပါတယ်​နော်။

ဒါ့​ကြောင့် လွတ်လပ်​သော ဘဝကို ရရှိရင်​တော့ ကိုယ့်ရဲ့ လက်ရှိ ဘဝအ​နေအထား အားလုံးကို လက်ခံပါ။ တန်ဖိုးထားပါ။ ကိုယ့်ရဲ့လက်ရှိဘဝကို အပြစ်မမြင်ဘဲ ကျေးဇူးတင်စိတ်နဲ့ အပြည့်အဝ အကောင်းဆုံး ရှင်သန်ကြည့်လိုက်ပါ။ ဒီလိုသာဆိုရင် ​အေးချမ်းမှု၊ ​ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။

စစ်မှန်တဲ့ လွတ်လပ်​​သောဘဝဆိုတာ ရှိတာ​လေးနဲ့ ​ရောင့်ရဲ​​ကျေနပ်ပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်း​နေထိုင်တတ်ခြင်းပါပဲ။

လူတိုင်း လူတိုင်း ​ကျန်းမာ​ပျော်ရွှင်ကာ လိုရာခရီးပန်းတိုင်ကို ​လျှောက်လှမ်းနိုင်ကြပါ​စေရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Package များ အတွက် ကြိုတင် booking ယူလိုပါက page messenger က​နေတစ်ဆင့် စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

19 Nov, 13:40


မိမိကိုယ်ကို ကြင်နာခြင်း (self-compassion)

များ​သောအားဖြင့် ကျွန်မတို့က သူများတွေအပေါ် ကြင်ကြင်နာနာဆက်ဆံ​တာ၊ အားပေးနှစ်သိမ့်တာ​တွေ လုပ်​နေ​ကြပေမယ့်

ကိုယ့်ကိုယ်ကို ကျတော့.....ကြင်နာစွာ ဆက်ဆံဖို့၊ အားပေးဖို့ ​​​​မေ့​နေတတ်ကြပါတယ်။

ကိုယ့်ကိုယ်ကို ကြင်နာ၊ အား​ပေးမယ့်အစား ....ဒါလေးတောင် မလုပ်နိုင်ဘူးလား၊ ဒီလောက်တော့ ခံနိုင်ရည်ရှိရမှာပေါ့ ဆိုပြီး ကိုယ့်စိတ်ကို တင်းထားတတ်ကြတယ်....

တကယ်တမ်းမှာ​တော့ သူများ​တွေအ​ပေါ် ကြင်နာစွာ ဆက်ဆံသလိုပဲ ကိုယ့်ကိုယ်ကိုလည်း ချစ်ခင်ကြင်နာမှု​ပေးဖို့ အထူးလိုအပ်ပါတယ်​။

လူ​တွေမှာ ကိုယ့်ကိုယ်ကို ကြင်နာမှုရှိခြင်းဟာ အခြားသူများက ပေးနိုင်တဲ့ အားပေးမှုထက် ပိုပြီး​တော့ စွမ်းအားကြီးမားပါတယ်​။

ဘဝမှာ အဆင်မပြေမှုတွေ၊ အမှားတွေ၊ နာကျင်မှု​တွေ ခံစားလာရရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ ကြင်နာစိတ်နဲ့ ပြန်လည်ခွင့်လွှတ်ကြည့်ဖို့ ကြိုးစားသင့်ပါတယ်။

ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အမှားတွေကို ပြစ်တင်ခြင်းမရှိဘဲ ကြင်နာတတ်ခြင်းဟာ....

ကိုယ့်ကိုယ်ကို ရိုးသားစွာ အသိအမှတ်ပြု လက်ခံလိုက်တာမို့ ကိုယ့်ရဲ့ ယုံကြည်မှုကိုပါ တည်ဆောက်ပေးနိုင်တဲ့ စွမ်းအားကို ဖြစ်​စေပါတယ်။

ကိုယ့်ကိုယ်ကို ကြင်နာလိုက်တဲ့အခါမှာ ကိုယ့်စိတ်ရဲ့ လွတ်လပ်မှု၊ တည်ငြိမ်​အေးချမ်းမှုကို ရရှိစေရုံသာမက ကိုယ်ရဲ့ စွမ်းဆောင်ရည်ကိုပါ မြှင့်​တင်ပေးနိုင်ပါ​​သေးတယ်​။

ဒါ​ကြောင့် ကျွန်မတို့ရဲ့ဘဝမှာ ဘာပဲကြုံရ ကြုံရ ၊ ဘာပဲ ဖြစ်လာဖြစ်လာ ကိုယ့်ကိုယ်ကို ပြစ်တင်မှုမရှိဘဲ မိမိကိုယ်ကိုကြင်ကြင်နာနာမေတ္တာထား၍ ရှေ့ဆက်မယ်ဆိုရင် အခက်အခဲများကို ရင်ဆိုင်​ကျော်လွှားနိုင်ဖို့ ခွန်အားကို ရရှိ​စေမှာ ဖြစ်ပါတယ်။

အဲ့လိုမှ မဟုတ်ဘဲ တစ်ခုခုအဆင်မ​ပြေ ဖြစ်တိုင်း ကိုယ့်ကိုယ်ကို အားမလို အားမရ စိတ်နဲ့ အပြစ်တင်တယ်.....

အမှားတစ်ခုခု လုပ်မိတိုင်းမှာ ....ငါကိုယ်တိုင်က အသုံးမကျတာ၊ ငါကိုယ်၌က မှားတာပါ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တယ်...

တစ်ခုခုလုပ်​ဆောင်လို့ မ​အောင်မြင်ခဲ့ရင်လည်း ....ငါက အရည်အချင်းမရှိဘူး ၊ ညံ့လိုက်တာ၊ တုံးလိုက်တာ ဆိုပြီး အပြစ်တင်ပြန်တယ်...

စသဖြင့် ဒီလို အပြစ်တင်တတ်တဲ့ အ​တွေး၊ အမူအကျင့်​ဟာ ကျွန်မတို့အတွက် ​ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်သွား​စေနိုင်ပါတယ်။

အထူးသဖြင့် မိမိကိုယ်ကို အပြစ်တင်ပဲဖြစ်ဖြစ် တခြားသူ​တွေကို အပြစ်တင်တာပဲ ဖြစ်ဖြစ် ...

" အပြစ်တင်တတ်တဲ့စိတ်ဟာ" အားငယ်စိတ်၊ သိမ်ငယ်စိတ်ကို ဖြစ်​စေရုံသာမက တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှု ​ပျောက်ဆုံး​လာကာ ​နောက်ဆုံး စိတ်ဓါတ်ကျလာသည်အထိ ဖြစ်သွား​စေနိုင်ပါတယ်​နော်။

ဒါ​ကြောင့် ဘာ​တွေပဲဖြစ်လာဖြစ်လာ၊ ဘယ်လိုပဲကြုံရကြုံရ၊ ဘယ်အ​ခြေအ​နေမျိုးမှာမဆို ကိုယ့်ကိုယ်ကို အပြည့်အဝ ချစ်​​ပေးပါ။ ကြင်နာ​​ပေးပါ​နော်။

လူတိုင်း လူတိုင်း ကျန်းမာ​ပျော်ရွှင်ကာ မိမိတို့ရဲ့ လိုရာခရီးပန်းတိုင်းကို ​လျှောက်လှမ်းနိုင်ကြပါ​စေရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Package များ အတွက် ကြိုတင် booking ယူလိုပါက telegram chatbox က​နေတစ်ဆင့် စုံစမ်း​မေးမြန်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

15 Nov, 15:01


" အ​လင်း​ရောင်ကို ရှာ​တွေ့  ခြင်း "

အလင်း​ရောင်ကို ရှာ​တွေ့ ခြင်းဆိုတာနဲ့ပတ်သက်လို့ James ဆိုတဲ့ က​လေးတစ်​ယောက်က Dr. James ဖြစ်လာဖို့ သူ့ဘဝကို သူဘယ်လို ဖန်တီးတည်​ဆောက်ယူခဲ့သလဲ ...ဆိုတာကို စာ​ဖတ်သူ​တွေ စိတ်ခွန်အား ရရှိ​စေဖို့ သူ့ရဲ့ story ​လေးကို အကျဥ်းချုပ်​လေး ​​မိတ်ဆက်​ပေးပါရ​စေ...

ဒီ story မှာ Dr. James ဖခင်က အရက်သမား၊ မိခင်က Depression ခံစားနေရတဲ့လူ၊ အစိုးရရဲ့ ထောက်ပံ့ငွေနဲ့ သူတို့နေထိုင်ကြရတယ်။

ဆင်းရဲတဲ့အတွက် သူ့အမေ depression ရောဂါ သွားပြရင် ဆေးရုံ ဆေးခန်းမှာလဲ သူတို့ကို အဖက်မလုပ်ကြပါဘူး။

Dr. James မဖြစ်ခင်  ဒီကလေးလေးက သူ့ကိုယ်သူ တစ်နေ့ကျရင် ဆရာဝန်ဖြစ်လာမယ် ဆိုတာ သူကိုယ်တိုင်တောင် မျှော်လင့်ချက်မရှိခဲ့ပါဘူး။ ဆေးကျောင်းတက်ဖို့ ငွေကြေးမရှိပါဘူး။

ဒါပေမဲ့ သူ့မှာ ​ကောင်းမွန်တဲ့ စိတ်ထား​လေး​တွေ ရှိတယ်။ အဲ့တာက ဘာလဲဆို​တော့ အခြားလူ​တွေအ​ပေါ်  ဂရုစိုက်တတ်တတ်တယ်၊ ကူညီ​စောင့်​ရှောက်​ပေးတတ်ပါတယ်။

သူ့မိသားစုအတွက်၊ အခြားလူအတွက် တတ်နိုင်သမျှ ကူညီ​စောင့်​ရှောက်​ပေးတယ်၊ ရောဂါသည် မိခင်ကိုလဲ ပြုစုတယ်။

မိသားစုက ဆင်းရဲ​တော့ ငယ်ငယ်က​​ အနှိမ်ခံရ​တာ​မျိုး​တွေ ရှိ​တော့ သူ့စိတ်ထဲမှာ သူ့ဘဝကို ဒီအတိုင်း သူမကြီးပြင်းချင်ဘူး၊ ပတ်ဝန်းကျင်ရဲ့အထင်သေးမှုကိုလဲ သူမခံချင်ဘူး။

ဒီ​တော့ သူ့မှာ ကြိုးစားချင်တဲ့ စိတ်​က ငယ်ငယ်ကတည်းက​ အမြဲကိန်း​အောင်းပြီး ရှိ​နေခဲ့တယ်။

တစ်နေ့မှာတော့ သူ့ဘဝကို အလင်းဖွင့်​ပေးမယ့် အဖွားတစ်ယောက်နဲ့ မထင်မှတ်ပဲ တွေ့မိရာကနေ ....

အဲ့ဒီကလေးလေး နောင် ၁၆ နှစ်ကြာမှာ Neurosurgeon ဦးနှောက်ခွဲစိတ်ဆရာဝန် တစ်ယောက် ဖြစ်လာရုံတင်မကဘူး၊

မိဘမဲ့တွေ ကလေးအတွက် ငွေကြေးထောက်ပံ့မှုပေးနေတဲ့ Millionaire တစ်ယောက်ဖြစ်လာခဲ့တယ်။

James ရဲ့ဘဝမှာ အဆင်မပြေမှု အရမ်းများတဲ့အခါ၊ သူ့အတွေးက လုံးဝထွက်ပေါက်မရှိဘူး။ တစ်နေ့ တစ်နေ့ သူ့ကိုယ်သူ အပြစ်တင် နေတာပဲများတယ်။

ဒီ​တော့ တစ်​နေ့မှာ အဖွားတစ်​ယောက်နဲ့မထင်မှတ်ပဲ​ တွေ့ဆုံခဲ့တယ်...

အဲ့ဒီ အဖွားက James ရဲ့အ​ခြေအ​နေ​လေးကို ကြားသိရ​တော့ ပထမဦးဆုံး သူ့ကို အတွေးကို ရှင်းထုတ်တဲ့နည်း (meditation) ကို စပြီး သင်ပေးလိုက်တယ်။

James က ပထမ လိုက်မလုပ်ချင်ပေမဲ့ သူ့အိမ်မှာ သူအမြဲမနေလိုတော့ အဲဒီအဖွားနဲ့ သူအချိန်ပေးရတာ၊ အဲဒီအဖွားက သူ့ကို မေတ္တာနဲ့ ဂရုစိုက်မှု ပေးတော့ သူက အဲဒီ တရားထိုင်နည်းကို သွားသင်ယူတယ်။ (၆)ပတ်ပဲ သူတို့နှစ်ယောက် တွေ့ရတယ်။

ဒါပေမဲ့ အဲဒီ (၆) ပတ်ပြီးတဲ့ အချိန်မှာ James ရဲ့ ဘဝက စတင်ပြောင်းလဲလာခဲ့တယ်လို့ ဆိုထားပါတယ်။ သူ့စာအုပ်ထဲမှာ သူထည့်ရေးထားတာက သူသာ အဲဒီအဖွားနဲ့ မတွေ့ ခဲ့ရင်၊ သူ ယနေ့ neurosurgeon တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူ့မိသားစုထဲမှာ၊ တစ်ယောက်မှ ပညာတတ်မဖြစ်ခဲ့သလို၊ university လဲတက်ခဲ့ရ ဖူးဘူးသူမရှိဘူး၊ အဲဒီလို ပတ်ဝန်းကျင်ကနေ ကြီး လာတဲ့ သူဟာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ သူအိမ်မက် မမက်ရဲဘူး၊ မဖြစ်နိုင်ဘူးလို့ပဲ အစက သူထင်ခဲ့တယ်။

ဒါပေမဲ့ အဲဒီအဖွားကြီး သူ့ကို ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့ဘဝကို လုံးဝ ပြောင်းလဲ သွား​စေခဲ့တယ်။

James...

" မင်းဘဝကို မင်းပုံမဖော်မှသာလျှင် အခြားလူရဲ့ပုံဖော်ခြင်းကိုခံရတာ၊ မင်းဘဝကို မင်း ပုံဖော်နေသရွေ့ ဘယ်သူမှ မင်းဘဝကို ပုံဖော်လို့မရဘူး”  ဆိုတဲ့ စကား​လေးပဲ ဖြစ်ပါတယ်...

​နောက်ပြီး​ အဲဒီအဖွားသူ့ကို သင်ပေးလိုက်တဲ့ တရားထိုင်နည်းတွေက သူ့ဘဝကို သူကိုယ်တိုင် control လုပ်လို့ရတယ်ဆိုတာကို ပြပေးလိုက်မှန်း သူနောက်ပိုင်းမှာ နားလည်လာခဲ့တယ်..

တစ်နည်းအားဖြင့် James ဟာ အဲ့အဖွားနဲ့​တွေ့ပြီး​နောက် သူ့ဘဝရဲ့အလင်း​ရောင်၊ သူ့ဘဝရဲ့ တန်ဖိုးကို သူကိုယ်တိုင် ရှာ​တွေ့ သွားခဲ့တယ် ဆိုတာပါပဲ....

ဒီစာအုပ်က Dr. James ကိုယ်တိုင်ရေးထားတဲ့ သူ့ဘဝ ဇာတ်ကြောင်း အကြောင်း​လေးပါ​နော်။

ဒီ story ​လေးက​နေ စာဖတ်တဲ့သူ​တွေကို message ​ပေးချင်တာက​တော့

လူတစ်​ယောက်က သူ့ဘဝရဲ့အလင်း​ရောင်ကို သူ့ကိုယ်တိုင်ရှာ​တွေ့ဖို့ရာ...

စာအုပ်တစ်အုပ်လည်း ဖြစ်နိုင်သလို ...လူတစ်​ယောက်​​ကြောင့်လည်း ဖြစ်နိုင်တယ်...

ဒါမှမဟုတ် တစ်စုံတစ်ဦးရဲ့ စကား​လေး တစ်ခွန်း​​ကြောင့်လည်း ဖြစ်နိုင်သလို...

ကိုယ်မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခု​၊ အဖြစ်အပျက်တစ်ခု​ကြောင့်လည်း ဖြစ်နိုင်ပါတယ်​​နော်..

လူတိုင်း လူတိုင်း ကိုယ့်ဘဝရဲ့ အလင်း​ရောင်ကို ရှာ​တွေ့နိုင်ကြပြီး​တော့ ကိုယ့်ရဲ့ဘဝကို အ​ကောင်းဆုံး ထုဆစ် ပုံ​ဖော်တည်​ဆောက်နိုင်ကြပါ​စေရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Packages များ ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

09 Nov, 15:56


လူတစ်​ယောက်အ​တွေး​​ဟာ သူ့ရဲ့ဘဝပါပဲ...

စိတ်ညစ်စရာတွေ ပူစရာတွေ နာကျင်စရာတွေ မကျေမနပ်တာတွေ ရင်ထဲမှာ ကိန်းနေပြီး ဒါတွေပဲ အမြဲတွေး​နေမိရင်...

အတိတ်ထဲမှာပဲ ပိတ်မိ​နေပြီး အမြဲလိုလို စိတ်ဆင်းရဲ စိတ်ဓာတ်ကျ​နေရင်...

အနာဂတ်ကိုပဲ တွေးပြီး အမြဲပူပန်​နေရင်....

ကိုယ့်ရဲ့ energy က ကျပြီးရင်း ကျလာပြီး ဘာလုပ်လုပ် အဆင်မ​ပြေတာများလာတယ် .....

အဲ့အခါကျရင် ကျွန်မတို့က ကံမ​ကောင်းဘူး ​ပြောဆိုတတ်ကြတယ်။

ကံ ဆိုတာ ကိုယ်ပြောသမျှ၊ တွေးသမျှ၊ လုပ်သမျှ ကနေဖြစ်တည်လာတာ ဖြစ်ပါတယ်။

ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အတွေးတွေက ကောင်းတဲ့ကံကို ဖြစ်စေတယ် ဆိုတာ လူတိုင်းက သိပြီးသားဖြစ်မှာပါ။

​ကျွန်မတို့ရဲ့ ကောင်းတဲ့ အ​တွေး စိတ်ဆန္ဒ ကသာ ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်ကို လုပ်​ဆောင်ဖို့ တွန်းအားကို ဖြစ်​စေပါတယ်။

သို့​​သော်လည်း ကျွန်မတို့ရဲ့ အတွေးတွေကို ​ကောင်း​အောင်လုပ်ဆောင်​နေဖို့ အမြဲသတိ မကပ်ထားနိုင်​တော့ ​...

ဒေါသနဲ့​​ပြောမိတာ၊ တစ်ခုခုအဆင်မ​ပြေရင် စိတ်ကလိုမကျ​တော့တာ စသဖြင့် ရှိ​နေနိုင်တယ်။

တစ်​နေ့ တစ်​နေ့ ကိုယ့်ရဲ့အ​​တွေး​တွေကို သတိထားပြီးကြည့်မယ်ဆိုရင်​တောင်  ​ကောင်းတဲ့အ​တွေး​တွေထက် မ​ကောင်းတဲ့အ​တွေး ​တွေးဖြစ်မိတာက ပိုများပါတယ်။

ဒါကလည်း လူ့စိတ်ရဲ့ သဘာဝ ဖြစ်​ပေမယ့် ကျွန်မတို့က ပိုကောင်းတဲ့ဘဝကို လိုချင်တယ်ဆိုရင်တော့ ....

ကောင်းတဲ့အတွေးတွေနဲ့ နေတတ်သူဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ကျွန်မတို့ရဲ့စိတ်ကို ​လေ့ကျင့်ကာ ကြိုးစားပြီး ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။

ဘာလို့လဲဆို​တော့ ကျွန်မတို့ ကြံစည်​တွေး​တောသမျှဟာ ကျွန်မတို့ရဲ့ ကံဖြစ်လာတာမို့ ...

ကောင်းတဲ့အတွေးတွေ ကိန်း​အောင်း​နေဖို့ သတိနဲ့ နေထိုင်တတ်ခြင်းဟာ ကံ ပိုကောင်းလာဖို့ကို ဦးတည်​စေပြီး​တော့ ကျွန်မတို့ရဲ့ ဘဝဟာလည်း ပိုမိုလင်းလက် လာစေမှာ ဖြစ်ပါတယ်​။

အဲ့လိုမှ မဟုတ်ဘဲ ကျွန်မတို့ကိုယ်တိုင်က မ​​ကောင်းတဲ့ အ​တွေး​​တွေထဲမှာ အဖန်တလဲလဲ နစ်မွန်းနေရင်​တော့...

ကြာလာရင် သိမ်ငယ်စိတ်​တွေ ဝင်လာမယ်.. ယုံကြည်မှု​တွေ နည်းလာမယ်..လုပ်​ဆောင်နိုင်စွမ်း​တွေလည်း ကျလာမယ်...အဲ့​တော့ ဘာလုပ်လုပ် အဆင်မ​ပြေ ဖြစ်လာပါလိမ့်မယ်...

ဒါ​ကြောင့်မို့ ကိုယ့်ရဲ့အ​တွေး​တွေကို သတိကပ်ဖို့ လိုပါမယ်.. ဂရုစိုက်ရပါမယ်... ကိုယ့်ရဲ့အ​တွေး​ကြောင့် ကိုယ့်ဘဝကို မနစ်မွန်းမိပါ​စေနဲ့။

လူတိုင်း လူတိုင်း ကျန်းမာ​ပျော်ရွှင်စွာဖြင့် မိမိတို့ရဲ့ လိုရာခရီး ပန်းတိုင်ကို ​လျှောက်လှမ်း နိုင်ကြပါ​စေရှင့်။

TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Package များ ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness
#positivethoughts

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

08 Nov, 14:02


မျှော်လင့်ချက်ထားပါ အလျင်မလိုပါနဲ့။

လူသားတိုင်းမှာ မျှော်လင့်ချက်ရှိတာ သဘာဝပါပဲ။

ဒါ​ပေမယ့် ကိုယ့်ရဲ့မျှော်လင့်ချက် အကုန်ဖြစ်လာဖို့ဆိုတာ လူ့ဘဝက ကိုယ့်အလိုကျ တည်ဆောက်ထားပေးတာ မဟုတ်ပါဘူး။

တစ်ခါတစ်ရံမှာ ကိုယ့်စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ အတိုင်းဖြစ်မလာတဲ့အခါ လက်ရှိအခြေအနေကို လက်ခံနိုင်ဖို့၊ စိတ်အေးချမ်းအောင် နေဖို့ လိုပါတယ်။

ကိုယ်က ဖြစ်ချင်တဲ့ဆန္ဒ​​ဇောနဲ့ အ​လောတကြီး လုပ်​​နေ​သော်လည်း ဖြစ်ချင်မှ ဖြစ်လာတာပါ...

တချို့အရာ​တွေက ဖြစ်ချိန်တန်မှ ဖြစ်လာတဲ့ သ​ဘောမှာ ရှိပါတယ်..

ဒီသ​ဘောတရားကို ပိုပြီး​တော့ နားလည်လာတဲ့အခါ...

ဘာ​လိုအရာ​တွေနဲ့ပဲ ကြုံရ ကြုံရ ....ဘာ​တွေ ပဲ ဖြစ်လာပါ​စေ ..
စိတ်ပျက်ခြင်းမရှိဘဲ လက်ခံနိုင်လာပါလိမ့်မယ်။

အဓိက ကိုယ်လုပ်စရာ ရှိတာကိုပဲ ဖြည်းဖြည်း မှန်မှန် ပုံမှန်​လေး ဆက်လုပ်​သွားပါ။

တစ်ချိန်​ချိန်မှာတော့ ကိုယ်​မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။

လူတိုင်း လူတိုင်း မိမိတို့ရဲ့​လျှေက်လှမ်းရမယ့် ဘဝခရီးလမ်းမှာ ကျန်းမာ​ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါ​စေရှင့်။

TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Package များ ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness
#foodforthought

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

06 Nov, 12:58


ကိုယ့်ကိုယ်ကို အားလျော့လာတယ်လို့ ခံစားမိတိုင်း ကိုယ့်ကိုယ်ကို မေးခွန်းလေးတွေ မေးကြည့်ပါ...

💁‍♀️ငါဘာအတွက်၊ ဘယ်သူ့အတွက် အသက်ရှင် နေတာလဲ...?

💁‍♀️ငါ့ရဲ့ အသက်ရှင်သန်နေရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...?

ဒါလေးတွေကို အဖြေထွက်အောင် ပြန်မေးကြည့်ပြီး ပြန်အားယူလို့ရပါတယ်​နော်။

ဥပမာပြရရင်....

ကိုယ်ဘာကြောင့် အသက်ရှင်နေတာလဲဆိုတဲ့ မေးခွန်းကို ​မေးလိုက်ခြင်းဖြင့်...

ကိုယ့်ရဲ့ life journey ကို ပြန်လည် ပုံ​ဖော် စဥ်းစားခြင်းက​နေ ရှေ့ဆက်ရမည့် အနာဂတ်ကို ရင်ဆိုင်ဖို့ ခွန်အား​တွေ ရရှိ​စေပါတယ်။

ဘာလို့လဲဆို​တော့...လူ​တစ်ဦးတစ်​ယောက် ရှင်သန်​နေရခြင်းရဲ့​နောက်ကွယ်မှာ မတူညီတဲ့ အ​ကြောင်းအရင်း​ကိုယ်စီ ရှိတတ်စမြဲပါ...အဲ့အရာကပဲ သူ့ဘဝကို ​ရှေ့ဆက်ဖို့ ခွန်အားကို ဖြစ်​စေနိုင်ပါတယ်....

​​နေ့စဥ်​နေ့တိုင်း သူများဘာ​တွေ လုပ်​နေလဲ လိုက်ကြည့်​နေတာထက် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ အိပ်မက် ​တွေအ​ပေါ် သာ အာရုံစိုက်ပါ ....

ကိုယ့်ဘဝရဲ့ စိတ်ကူးအိပ်မက်ကို ကိုယ်ကိုယ်တိုင် ပုံ​ဖော်တည်​ဆောက်ရခြင်းဟာ ဘဝကို အရှုံးမ​ပေးဘဲ အားမာန်အပြည့်နဲ့​ရှေ့ဆက်သွားဖို့ရာ စိတ်ခွန်အားအပြည့်ကို ရရှိ​စေနိုင်ပါတယ်​နော်။

ဒါ​ကြောင့် ကိုယ့်ကိုယ်ကို အားလျော့လာတယ်လို့ ခံစားမိတိုင်း၊ကိုယ့်ကိုယ်ကို ...​မေးခွန်း​လေး​တွေ မေးကြည့်ပါ....

ဒီလို လုပ်​ဆောင်ခြင်းက ​ကိုယ့်ဘဝကို အားမာန်အပြည့်နဲ့​ရှေ့ဆက်သွားဖို့ သတ္တိခွန်အားကို ဖြစ်​စေနိုင်ပါတယ်ရှင့်။

လူတိုင်း လူတိုင်း မိမိတို့ရဲ့​လျှေက်လှမ်းရမယ့် ဘဝခရီးလမ်းမှာ ကျန်းမာ​ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါ​စေရှင့်။

TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် Mental Health Counselling Sessions or Package များ ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Tr. Khin Aye Soe
(Counselling Psychologist)
#psychological_guidance
#mental_health_service
#mentalhealthawareness

😊sharing is caring.✅
🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

05 Nov, 14:15


Psycho test လုပ်တာက counseling session ယူလို့ရပြီး​တော့ psychosomatic illness ​ပျောက်ချင်ရင်​တော့ mental health counseling package ကို ယူရပါမယ်ရှင့်။

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

05 Nov, 14:05


ဘယ် Counselling Package မှာ မဆို...

1.Discussion Session
2.Therapy Session
3.Guided Practice Session
4.Follow Up Session

ဆိုပြီး session 4 ခု လုပ်​ပေးတာဖြစ်ပြီး client ကိုက်ညီတဲ့ psychotherapy ကိုပဲ သုံး​ပေးတာပါ​နော်။

အဲ့ ၄ ခု အတွက် price ကို  130,000 Ks ပဲ ယူထား​ပါ​​သေးတယ်နော်။ ​နောက်ဆိုရင် ​စျေးတက်ဖို့ ရှိပါမယ်ရှင့်။

ဒီ session 4 ခု က အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ ခံစား​နေရတဲ့သူ​အ​နေဖြင့် သူရဲ့စိတ်ပိုင်းဆိုင်ရာ ပြန်ပြီး နလန်ထူလာ​စေဖို့ များစွာ အ​ထောက်အကူ ပြု​ပေးနိုင်ပါတယ်ရှင့်။

Client အ​နေနဲ့ ဘယ် package ယူရမလဲ မသိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။  first time , discussion session မှာ client အ​နေအထားကို သုံးသပ်ပြီး သူနဲ့ ကိုက်ညီတဲ့ package ကို ​​​ရွေးချယ်နိုင်ဖို့ လမ်းညွှန်​ပေး​လေ့ရှိပါတယ်ရှင့်။

1,176

subscribers

291

photos

14

videos
Best Similar Channel