Dernières publications de Nang Tin Moe Thu (@nangtinmoethu) sur Telegram

Publications du canal Nang Tin Moe Thu

Nang Tin Moe Thu
With Love
3,223 abonnés
32 photos
7 vidéos
Dernière mise à jour 06.03.2025 19:38

Canaux similaires

Telegram Tips
13,201,641 abonnés
SK2D
2,046 abonnés

Le dernier contenu partagé par Nang Tin Moe Thu sur Telegram

Nang Tin Moe Thu

16 Dec, 17:44

2,306

https://vt.tiktok.com/ZS6dEW9Yo/
Nang Tin Moe Thu

20 Jun, 13:10

6,478

Motivation နဲ့ ပါတ်သက်တဲ့ Video လေးတွေ
နန်းရဲ့ TikTok Account လေးမှာ ဝင်ကြည့်လို့ ရပြီနော် ❤️

https://www.tiktok.com/@nangtinmoethu?_t=8nLfN2ALj5c&_r=1
Nang Tin Moe Thu

19 Jun, 13:17

5,563

မှန်
***

မှန်တွေက သစ္စာရှိတယ်
အပိုတွေ မလုပ်ဘူး

သူ့ကို ရယ်ပြတဲ့သူကို ရယ်ပြတယ်
သူ့ကို မဲ့ပြတဲ့သူကို ပြန်မဲ့ပြတယ်
သူ့ကို လက်ညှိုးထိုးတဲ့သူကို လက်ညှိုးပြန်ထိုးတယ်
သူ့ကို လက်သီးဆုပ်ပြတဲ့သူကို လက်သီးပြန်ပြတယ်
သူ့ကို ငိုပြရင် သူလည်း ပြန်ငိုပြတယ်

သူ့ကို ဘယ်သူ ဘယ်လိုဆက်ဆံဆက်ဆံ
သူ့ကို ဆက်ဆံတဲ့အတိုင်းလေးပဲ
အပို အလိုမရှိ ကွက်တိ ပြန်ဆက်ဆံတယ်

"မှန်" ဆိုတဲ့အတိုင်း သူလုပ်တဲ့ပုံစံက တကယ် မှန်တယ်

လူအများစုက သူတို့ဆက်ဆံသလို ပြန်ဆက်ဆံမှ
အဆင်ပြေကြတယ်

ပိုချစ်လို့ မရဘူး
ပိုမုန်းလို့ မရဘူး
သူတို့ ရယ်မပြဘဲ ရယ်ပြလို့မရဘူး

သူတို့ ဆက်ဆံတာထက် ပိုပြီးကောင်းပြတော့ "ငပေါ" လို့ ထင်တတ်ကြတယ်

သူတို့ကို လိုတာထက် ပိုရိုကျိုးမိတော့ အထင်သေးပြီး နင်းဖို့ ကြိုးစားကြပြန်ရော …

လောကမှာ မှန်လို ကျင့်ကြံတတ်ရင် အကောင်းဆုံးပဲ…
ကျွန်မလည်း မှန်လိုဖြစ်ဖို့ ကြိုးစားနေဆဲပါ …

မှန်လို ကျင့်တတ်ဖို့ဆိုရင်
- အားနာတတ်တဲ့စိတ်တွေ
- သနားတတ်တဲ့စိတ်တွေ
- ငါသာဆိုရင် ဆိုတဲ့ သူများအတွက် တွေးပေးတတ်လွန်းတဲ့ စိတ်တွေကိုတော့ ဖျောက်ဖို့ လိုနေတာပေါ့လေ …

With Love @ ချစ်ခြင်းအားဖြင့်

နန်းတင်မိုးသူ

စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻

#နန်းတင်မိုးသူ
#NangTinMoeThu
#LadyGraceDiamondLand
Nang Tin Moe Thu

13 Jun, 14:47

3,734

ဘာကြောင့် လက်ထပ်လက်စွပ်ကို လက်သန်းကြွယ်မှာ
ဝတ်တာလဲ 🤔

ဗဟုသုတ Video လေးတွေကို နန်းရဲ့ TikTok လေးမှာ တင်ပေးသွားမှာမို့ ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ရှင့် ❤️
https://www.tiktok.com/@nangtinmoethu?_t=8nASkoxSt0S&_r=1
Nang Tin Moe Thu

11 Jun, 11:09

3,636

အလှည့်
*******
နာမည်ကိုက အလှည့်ဆိုမှတော့
ငြိမ်ငြိမ်လေး နေတာမဟုတ်ဘူး
ဟိုဖက် ဒီဖက် လည်နေတာ

ကိုယ်သူတပါးအပေါ် မတရားလုပ်တဲ့အလှည့်ပြီးရင်
ကိုယ့်အပေါ် သူတပါး မတရားလုပ်တဲ့အလှည့်ပြန်လာလိမ့်မယ်

ဒီလိုပဲ …
ကိုယ် မတရားခံရတဲ့အလှည့်ပြီးရင်
ကိုယ် မတရားလုပ်နိုင်တဲ့အလှည့်လည်းပြန်လာလိမ့်မယ် …

အလှည့်လည်တာကို ရပ်ချင်ရင် …
ကိုယ် မတရားလုပ်ခွင့်ကြုံတဲ့ အလှည့်ရောက်ရင်
စိတ်ကို အလိုလိုက်ပြီး မလုပ်မိဖို့ပဲ …

ဒီလိုမှ မဟုတ်ရင် အဲ့ဒီအလှည့်ဆိုတာကြီးက
ဟိုဖက် ဒီဖက် လည်နေတာနဲ့တင် ပြီးတော့မှာ မဟုတ်ဘူး …

ကိုယ့်ကို မတရားလုပ်ဖူးတဲ့သူကို
ကိုယ့်အလှည့်ရောက်တဲ့အချိန် ပြန်မလုပ်လိုက်ရုံနဲ့
သူ လွတ်မြောက်သွားမယ်မထင်ပါနဲ့ …

ကိုယ် မလုပ်တဲ့တိုင်အောင်
သူ့ အကုသိုလ်အကျိုးဆက်ရဲ့ အလှည့်က
တစ်နည်းနည်းနဲ့ သူ့စီ တန်ပြန်ကို ပြန်မှာပါ …

အကုသိုလ်လုပ်တဲ့သူအတွက်
အကုသိုလ်အကျိုးက မလွဲမသွေ အကျိုးပေးမှာမို့
ကိုယ်က အကုသိုလ်အလှည့်ကို
အမွေဆက်ခံသူမဖြစ်အောင် ကြိုးစားကြစို့နော် ❤️

With Love @ ချစ်ခြင်းအားဖြင့်

နန်းတင်မိုးသူ

စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻

#နန်းတင်မိုးသူ
#NangTinMoeThu
#LadyGraceDiamondLand
Nang Tin Moe Thu

08 Jun, 16:07

2,794

မနက်ဖြန် Talk Show လေးမှာ ဆုံကြမယ်နော်

ဘယ်သူမဆို အခမဲ့ လာရောက် နားဆင်နိုင်ပါတယ်ရှင့်❤️
Nang Tin Moe Thu

08 Jun, 16:06

2,889

ရန်ကုန် Sedona Hotel မှာ ကျင်းပတဲ့ပွဲမှာ
( ၈ ) နှစ်မှာ တစ်ကြိမ်သာ ရမယ့် Up to 22% အထိ

အထူး Discount တွေနဲ့ ဝယ်ယူရင်း

မမနန်းရဲ့ Talk Show လေးကို အခမဲ့လာရောက် နားဆင်နိုင်ပါိတယ်ရှင် 🙏🏻🙏🏻🙏🏻

4th Myanmar Wedding & Beauty Expo 2024 ပွဲမှာ မနက်ခင်းအဖွင့်ကနေ တနေကုန် ကြိတ်ကြိတ်တိုး အားပေးခဲ့ကြတဲ့ Customer များရဲ့ အားပေးမှုကြောင့် အခုမှပဲ ကျေးဇူးတင်ကြောင်းပိုစ့်လေး တင်လိုက်ရပါတယ်ရှင်...🙏🏻🙏🏻🙏🏻

ဘယ်နေရာပဲရောက်ရောက်...
Lady Grace Diamond Land ကို ချစ်လို့ ယုံကြည်လို့
မအားလပ်တဲ့ကြားက ပွဲအထိ လာရောက်ဝယ်ယူအားပေးခဲ့ကြတဲ့ ကျေးဇူးရှင် Customer တစ်‌ဦးတစ်‌ယောက်ချင်းစီတိုင်းကို
မင်မင်တို့ Lady Grace Diamond Land မိသားစုက
အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် ... 🙏🙏

Lady Grace Diamond Land အပေါ်ထားရှိတဲ့ Customer တစ်‌ဦးတစ်‌ယောက်ချင်းစီတိုင်းရဲ့ ယုံကြည်မှု၊ ချစ်ခင်မှုများအားလုံးအတွက် Lady Grace Diamond Land မိသားစုနှင့် ဝန်ထမ်းများအားလုံးက အလေးအနက်ကျေးဇူးတင်ရှိပါတယ်။

ပွဲက မနက်ဖြန် တစ်ရက်ရှိသေးတာကြောင့် Discount များများ လက်ဆောင်ပစ္စည်းများများ ရဖို့ အစောဆုံးသာ အရောက်ကြွလှမ်းခဲ့ကြဖို့ ထပ်လောင်း ဖိတ်ခေါ်လိုက်ပါရစေနော် ချစ်ချစ်လေးတို့ရေ😘

Lady Grace Diamond Land စိန်တိုက်အနေနဲ့ ဆိုင်သက်တမ်း (၈) နှစ်အထိ
ကိုယ့်ဆိုင်မှာကလွဲရင် အပြင် Outdoor Area တွေမှာ တစ်ခါမှ ပွဲမကျင်းပခဲ့ဖူးခဲ့တာ Lady Grace Diamond Land ရဲ့ ချစ်သူလေးတွေ အသိဆုံးပါနော် 💎💎💎

အခု စနေနေ့နဲ့ တနင်္ဂနွေနေ့ မှာတော့
Sedona Hotel မှာကျင်းပမယ့်
Myanmar Wedding & Beauty Expo 2024 မှာတော့
မင်မင်တို့💜 LadyGrace Diamond Land လေးက
Platinum Sponsor အနေနဲ့ ပါဝင် ခင်းကျင်း ပြသရောင်းချသွားမှာ ဖြစ်ပါတယ် 💎💎💎

(၈) နှစ်မှာမှ တစ်ကြိမ်သာ ခင်းကျင်းပြသရောင်းချတဲ့ပွဲဖြစ်တာကြောင့် အရင်က တစ်ခါမှ မပေးဖူးတဲ့ Discount နှုန်းထားတွေ ပေးသွားမှာလည်း ဖြစ်ပါတယ်လို့ 💰💰💰🥰🥰🥰

မိတ်ဟောင်းမိတ်သစ်ချစ်ရတဲ့ Customers များကိုအမိုက်စား Discount(%)တွေအပြင် လက်ဆောင်တွေလည်းအများကြီးပေးသွားမှာဖြစ်လို့ပွဲလေးကိုလာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်😍💜💜💜

" သာယာချမ်းမြှေ့တဲ့ နေ့လေးဖြစ်ပါစေရှင် ''
Nang Tin Moe Thu

07 Jun, 07:01

3,423

လင်ကောင်းသားကောင်း လိုချင်တဲ့ ညီမလေးတို့ရေ …

ယောက်ျားကောင်းရဖို့ဆိုရင်
ကိုယ်ကိုယ်တိုင်က မိန်းမကောင်းဖြစ်နေဖို့လိုတယ်

အိမ်ထောင်ကားထဲက "သူချစ်ခင်" ကို အားမကျလေနဲ့

အဲ့ဒီလိုစိတ်ဓာတ်နဲ့ မိန်းကလေးတွေ အပြင်လောကမှာ တကယ်ရှိပေမယ့်

အပြင်လောက က ယောက်ျားတွေကိုတော့
"သူချစ်ခင်" လှည့်သမျှ ခံရတဲ့ ဇာတ်ကောင်တွေလို ဖြစ်လိမ့်မယ်လို့ ထင်ရင် .
ညီမလေးတို့ အမှားကြီး မှားသွားလိမ့်မယ်နော်

ခုခေတ် ယောက်ျားလေးတွေက လည်လိုက်တာမှ မွတ်နေတာ
ကိုယ်တိုင်က ဘယ်လောက်ဆိုးဆိုး
ဘယ်လောက်ကဲကဲ .
သူတို့ယူမယ့် မိန်းကလေးကိုတော့
နာမည်ပျက်မရှိတဲ့ မိန်းကလေးပဲ လိုချင်ကြတာ
(နာမည်ပျက်ရှိတယ်ဆိုတာ ရှုပ်လွန်း ပွေလွန်းလို့
လူတကာနဲ့ နာမည်ထွက်နေတာကိုပြောတာ …
ရည်းစားထားဖူးတာ ၊ အိမ်ထောင်ကျဖူးတာနဲ့
မဆိုင်ဘူး ၊ ရိုးရိုးသားသား ကံမကောင်းအကြောင်းမလှလို့ ရည်းစားကွဲ၊ အိမ်ထောင်ကွဲ ဖြစ်ဖူးတာကို
သူတို့ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြထားရင် လက်ခံတဲ့သူက လက်ခံနိုင်ကြတယ်)

ပိုက်ဆံရှိ၊ အသိုင်းအဝိုင်းကောင်းတဲ့ အိမ်ထောင်ရှိပြီးသား ယောက်ျားတွေဆို ပိုဆိုးတယ်
လည်လိုက်တာမှ ဂျင်က အဖေခေါ်ရလောက်တယ်

မိန်းကလေးတွေ ဘယ်လောက်ပဲ မာယာနဲ့ သိမ်းသွင်း . သိမ်းသွင်း . သူတို့စိတ်ထဲမှာ အဲ့ဒီမိန်းကလေးက ပျော်တော်ဆက်တစ်ယောက်ထက်မပိုဘူး

သူတို့အတွက်က …
ပါတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးသိတဲ့
ဂုဏ်သိက္ခာရှိရှိ လက်ထပ်ယူထားတဲ့ ဇနီးမယားကိုသာလျှင်
လူရှေ့ထွက်တဲ့အခါ
လက်ချင်းတွဲသွားလို့ရတဲ့
ပွဲတက်မဟေသီအနေနဲ့ သတ်မှတ်တာ

သူချစ်ခင်လို မိန်းကလေးကို အပျော်ရှာရုံအပြင် မပိုဘူး
တစ်ချို့ဆို အပျော်ဘဝတောင်မရောက်လိုက်ဘူး
"တစ်ခါသုံး"အနေနဲ့ပဲ ဇာတ်လမ်းပြီးသွားကြရတာ

ပိုက်ဆံရှိ ပညာတတ် ယောက်ျားတွေက ပိုလည်တယ်
အိမ်အပြင်မှာရှာတဲ့မီးကို
ကိုယ်တိုင်အပြင်မှာပဲ ရအောင်ငြိမ်းခဲ့ကြတာ

တစ်ချို့ကိစ္စတွေဆို
အိမ်ကမိန်းမကို အသိတောင်မပေးဘဲ
သူတို့ဇာတ်လမ်း သူတို့ပဲ ရှင်းခဲ့ကြတာ

လောကကြီးမှာ
တုံးအတဲ့ယောက်ျားမရှိဘူးကွယ့်
တုံးချင်ယောင်ဆောင်ထားတဲ့ ယောက်ျားတွေပဲရှိတာ

ဒီတော့
ယောက်ျားတွေကို အချဉ်ထင်ပြီး
ငွေမြင်တာနဲ့ အပိုင်လင်အဖြစ် ဖမ်းလို့ရမယ် မထင်လေနဲ့

ထောင်ချောက်ထဲဝင်တိုးတဲ့ ကျားဆိုတာ
ခုခေတ်မှာ မရှိတော့ဘူးကွဲ့

"သူချစ်ခင်" character ကို အားကျတဲ့ မိန်းကလေးတွေ
စိတ်လေးတွေ အချိန်မီ ပြင်နိုင်ကြပါစေကွယ်

https://www.facebook.com/share/MZBXbDqXH5aTySZr/?mibextid=LQQJ4d

Edited : အရင်နှစ်က ရေးထားပေးတဲ့ စာလေးပါ ❤️

With Love @ ချစ်ခြင်းအားဖြင့်

နန်းတင်မိုးသူ

စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻

#နန်းတင်မိုးသူ
#NangTinMoeThu
#LadyGraceDiamondLand
Nang Tin Moe Thu

31 May, 04:53

3,417

လွှတ်ချချင်စိတ်
****************

"လွှတ်ချလိုက်ချင်စိတ်” ဆိုတာ လူတိုင်း ဘဝမှာ တစ်ခါ လောက်တော့ ဖြစ်ဖူးကြမှာပါ …

ကိုယ်က ကောင်းတာတွေ ဘယ်လောက်ပဲလုပ်လုပ် . အမြဲ အထင်အမြင်လွဲခံနေရတဲ့အခါတွေ .
အကောင်းပြောမခံရတဲ့အခါတွေမှာ .
"ကောင်းတာတွေလုပ်နေလဲ အပြောခံနေရတာပဲ .
မထူးပါဘူးလေ" ဆိုပြီး ကောင်းတဲ့စိတ်လေး/ ကောင်းတဲ့ လုပ်ရပ်လေးတွေကို လွှတ်ချချင်စိတ် ပေါ်လာတတ်တဲ့အပြင် … ပိုဆိုးလာရင် . အရွဲ့တိုက်ချင်စိတ်ပါ ပေါ်လာတတ်ပါတယ် …

အဲ့ဒါ ကိုယ့်အတွက် ပျက်စီးခြင်း လမ်းစပဲ …

ကိုယ့်အပေါ် အထင်အမြင်လွဲအောင်လုပ်တဲ့သူတွေ .
မကောင်းပြောတဲ့သူတွေ လိုချင်တာလည်း အဲ့ဒါပဲ …

သူတို့ရဲ့ ရည်ရွယ်ချက်ကိုက
ကိုယ့်ကို ကောင်းတာမမြင်ချင်ကြတာ .

အဲ့ဒါကို ကိုယ်က လိုက်ခံစား.
ကောင်းတဲ့လုပ်ရပ်တွေကို လွှတ်ချပြီး အရွဲ့တိုက်တော့
သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားတာပေါ့ …

"ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး” ဆိုတဲ့စကားပုံရှိပါတယ်
ကိုယ်သာကောင်းအောင်နေရင် ကိုယ့်ကိုအထင်အမြင်လွဲလည်း ခဏပေါ့ …

အချိန်တစ်ခုကြာလာရင် လုပ်ရပ်တွေ . ရလဒ်တွေက သက်သေပြသွားပါလိမ့်မယ် …

ကိုယ့်ရဲ့ စိတ် . ကိုယ့်ရဲ့လုပ်ရပ်တွေကို ပြောင်းလဲလိုက်တာ ပါတ်ဝန်းကျင်လို့ပြောနေပေမယ့် …
တကယ်တန်းတော့ ပါတ်ဝန်းကျင်စကားကို နားယောင်မိတဲ့ ကိုယ်ကိုယ်တိုင်ပါပဲ …

တစ်ချို့သော လွှတ်ချလိုက်ခြင်းတွေက
နောက်ပြန်လှည့်လို့မရတော့တဲ့ ဆုံးရှုံးမှုတွေ ဖြစ်သွားတတ်တယ် …

With Love @ ချစ်ခြင်းအားဖြင့်

နန်းတင်မိုးသူ

စာလေးတွေ copy ယူမယ်ဆိုရင်
နာမည်လေး မဖြုတ်ခဲ့ဖို့တော့ တောင်းပန်ပါရစေရှင် 🙏🏻

#နန်းတင်မိုးသူ
#NangTinMoeThu
#LadyGraceDiamondLand
Nang Tin Moe Thu

31 May, 04:16

4,324

Facebook သုံးရတာ အဆင်မပြေလို့ Telegram ပြန်သုံးမယ်ဆိုရင် ချစ်တဲ့သူတွေ ရှိသေးရဲ့လား