ကိုးရီးယားဇာတ်လမ်းတွဲများ (@nanghomsee) के नवीनतम पोस्ट टेलीग्राम पर

ကိုးရီးယားဇာတ်လမ်းတွဲများ टेलीग्राम पोस्ट

ကိုးရီးယားဇာတ်လမ်းတွဲများ
51,563 सदस्य
357 तस्वीरें
356 वीडियो
अंतिम अपडेट 12.03.2025 19:02

ကိုးရီးယားဇာတ်လမ်းတွဲများ द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री

ကိုးရီးယားဇာတ်လမ်းတွဲများ

07 Mar, 12:28

7,803

ယူတို့အချစ်တော် IU Serie အသစ်လေး လာပီနော်

When Life Gives You Tangerines (2025)

👉
https://t.me/Parasytetherey2024

ဂျယ်ဂျူကျွန်း ၁၉၅၀ ခုနှစ်မှာ မွေးကြတဲ့ ကက်ကက်လန်အောင်ပုန်ကန်တဲ့ ကောင်မလေးနဲ့ တရိုးတစ်သမတ်တည်း ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း။

Ae Sun ဆိုတဲ့ ကောင်မလေးဟာ အိမ်က ငွေကြေးမပြည့်စုံလို့ ကျောင်းမထားပေးနိုင်ပေမဲ့ စာအုပ်တွေကို ချစ်မြတ်နိုးတတ်ပါတယ်။ အိပ်မက်ကလည်း ကဗျာဆရာမဖြစ်ဖို့ပါတဲ့။ တစ်ခုခုဆို ပြောရဲဆိုရဲရှိပြီး ခံစားချက်တွေကို ထိမ်မချိန်ထားတဲ့ ဒီကောင်မလေးရဲ့ သူငယ်ချင်းဖြစ်သူ....

Gwan Sik ဆိုတဲ့ကောင်လေးကတော့ စကားနည်းပြီး ဇွဲလုံ့လကြီးတဲ့လူစားမျိုးပါ။ ရိုမန့်စ်ဆိုရင် ချိုနဲ့လားလို့ မေးလောက်တဲ့အထိ အချစ်ရေးရာဘက်မှာဘာမှမသိတဲ့ သူဟာ သူ့နှလုံးသားထဲမှာ Ae Sun တစ်ယောက်တည်းကိုသာသိမ်းထားတာပါ။ Ae Sun အတွက်ဆို အရာအားလုံး ပါဝင်အားဖြည့်ပေးတတ်တဲ့လူပေါ့။

ဒီလို သူတို့နှစ်ဦးရဲ့ ငယ်ရွယ်ချိန် စွန့်စားခန်းတွေကို ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုကြည့်ရင် ဒီအာရုံနောက်တဲ့လောကမှာ ခဏတာစိတ်အပန်းဖြေဖို့ ဒီကားကိုညွှန်းလိုက်ပါတယ်။
#Crdreview
ကိုးရီးယားဇာတ်လမ်းတွဲများ

06 Mar, 11:45

8,876

အားလုံး မျော်နေကြတဲ့ ဆောင်းဟေဂျိုရဲ့ Horror ကားအသစ်လေး လာပါပီ

Dark Nuns (2025)

👉
https://t.me/kcjmoviechannel/16

သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ  "Global Hit"အဖြစ် စံချိန်တင်ခဲ့ပြီး၊ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been,
Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ။

ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေးဟီးဂျွန် (Moon Woo Jin)ဟာ  ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။
ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။

ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက်
မတူတဲ့  ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့
ရင်ဆိုင်ရမလဲ ဆိုတာကိုတော..  ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားပေးကြပါဦး။

#Crdreview
ကိုးရီးယားဇာတ်လမ်းတွဲများ

01 Mar, 12:14

14,747

S1 တုန်းက တော်တော်ရယ်ရတဲ့ကားလေး
S2 ကရော ထပ်ခွီးရမလားဆိုတာ 👇

Hit Man 2 ( 2024 )

👉 https://t.me/kcjmoviechannel/15

S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ

သူ့ဘဝဇာတ်ကြောင်းကို
အခြေခံပြီး ရေးသားထားတဲ့ "လုပ်ကြံရေးသမားဂျွန်" ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို
ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မ‌အောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့
မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို လမ်းစပြုလာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကို
လုပ်ကြံဖိုအတွက် အကြမ်းဖက် လုပ်ရပ်တွေကို စတင် ပြုလုပ်လာပါတော့တယ်။
ဒါပေမဲ့လည်း အဲဒီ အကြမ်းဖက် လုပ်ရပ်တွေက ဂင်ဘုံဂျွန်ရဲ့ ဇာတ်လမ်းထဲကအတိုင်းတစ်ထပ်တည်း
ဖြစ်နေခဲ့တာကြောင့် ဂင်ဘုံဂျွန်ဟာ သံသယရှိတဲ့ တရားခံအနေနဲ့

သတ်မှတ်ခံလိုက်ရပြန်ပါတော့တယ်။
အဲဒီ အခြေအနေကို ဂင်ဘုံဂျွန် တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ..
ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှုစားပေးကြပါဦးနော်။

(ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။)
ကိုးရီးယားဇာတ်လမ်းတွဲများ

09 Feb, 06:25

27,619

Jisoo ရဲ့ ဇွန်ဘီ ဇာတ်ကားအသစ်လေး ♥️

Newtopia (2025)

👉
https://t.me/hompay2025

Jae Yun ဟာ အသက် ၂၆ နှစ်မှ ကာကွယ်‌ရေးလုပ်ငန်းကနေတစ်ဆင့် စစ်မှုထမ်းဖို့ စစ်တပ်ထဲ ‌ရောက်ရှိသွားသူပါ။ အနာဂတ်အတွက် စိုးရိမ်ပူပန်လာပြီး ချစ်သူကောင်မလေးအပေါ် အစွဲအလမ်းကြီးလွန်းလာတာမို့ ကောင်မလေးနဲ့ လမ်းခွဲလိုက်တဲ့အခါမှ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတဲ့ ဇွန်ဘီကပ်ဘေးကြီး ဖြစ်လာပါတော့တယ်။ နဂိုက ပျော့ညံ့ပြီး အားနည်းတဲ့သူဆိုပေမယ့် ဇွန်ဘီတွေနဲ့ ကြုံလာတဲ့အခါ သတ္တိမွေးပြီး ရင်ဆိုင်ခဲ့သူပါ။

Yeong Ju (Ji Soo) ကတော့ မိမိရဲ့ ခံစားချက်တွေကိုတောင် နားမလည်သေးပဲ ကောင်လေးဆီ‌ကနေ လမ်းခွဲစကား အပြောခံလိုက်ရလို့ အခက်တွေ့နေသူလေးပါ။ ဘာကြောင့်လမ်းခွဲတာလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ကောင်လေးရှိရာကို အသွား၊ လမ်းမှာ ဇွန်ဘီတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ သို့သော်လည်း ဇွဲမလျှော့၊ အားမလျော့ပဲ ဇွန်ဘီတွေကို ရင်ဆိုင်ရင်း ကောင်လေးရှိရာကို အရောက်သွားမယ့် သူမ။

သူတို့ချစ်သူနှစ်ဦး ဘေးကင်းကင်းနဲ့ ဆုံတွေ့နိုင်ပါ့မလား။ ဒီဇွန်ဘီတွေကရော ဘယ်ကနေ ဘယ်လိုဖြစ်လာကြတာလဲ။ ဇွန်ဘီတွေကို တိုက်ထုတ်နိုင်ပါ့မလားဆိုတာ

#Crdreview
ကိုးရီးယားဇာတ်လမ်းတွဲများ

28 Jan, 09:53

32,543

Moana 2 - 2024

👉
https://t.me/nangcartoon/226

IMDb Rating (7.0) / Rotten Tomatoes (61%)

Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne "The Rock" Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။

မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။

ဇာတ်လမ်းအကျဉ်း

မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။

ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။

ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။

ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။

(အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။)
ကိုးရီးယားဇာတ်လမ်းတွဲများ

23 Jan, 05:42

25,142

Sonic the Hedgehog 3 (2024)

👉
https://t.me/nangcartoon/225

IMDb: 7.2/10

အကြည်ကြည့်ရပြီးဖြစ်တဲ့ အပြာရောင်ဆူးကောင် Sonic ကားလေးအသစ်ထွက်ရှိလာပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရှဲဒိုးဆိုတဲ့ Sonic လို ဆူးကောင်ပုံစံ အကောင်လေးကို ဂန်းဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးလိုက်ပြီး စမ်းသပ်ခဲ့ကြပါတယ်။

အဲ့ဒီစမ်းသပ်တဲ့ ပရော်ဖက်ဆာရဲ့ သမီးနဲ့ ခင်မင်လာပြီးတော့ အဲ့သမီးက ရှဲဒိုးကိုထောင်ထဲက လွတ်အောင် လုပ်ရင်း မတော်တဆ ‌ဆုံးသွားပါတယ်။ အဲ့ဒါကြောင့် နောက်နှစ်တွေအများကြီး ကြာပြီးနောက်ပိုင်း ရှဲဒိုးက ထောင်ထဲကပြေးလွတ်လာတာနဲ့ လက်စားချေဖို့လုပ်လာပါတယ်။

အဲ့လိုလက်စားချေဖို့လုပ်တဲ့အချိန် Sonic က သူကမ္ဘာမြေပေါ်ရောက်လာတဲ့ နှစ်ပတ်လည်အခမ်းအနားကို ဂန်းတို့အဖွဲ့အစည်းက ရောက်ချလာပြီး ရှဲဒိုးကို ဖမ်းပေးဖို့ Sonic ကိုတောင်းဆိုလာပါတယ်

Sonic တို့က ဖမ်းနိုင်ပါ့မလား။ လက်စားချေချင်စိတ်ပြင်းနေတဲ့ရှဲဒိုးကရော ဘယ်သူတွေနဲ့ ပူးပေါင်းပြီး သူ့ရန်ငြိုးကို လောင်မြိုက်မလဲ။

Sonic တို့ကို ဆက်ဖမ်းမယ့် ပရော်ဖက်ဆာအက်ဂ်မန်းနဲ့ ဟာသတစ်ဖြတ်လေးတွေကြည့်ရမယ့်အပြင် Sonic တို့ ၃ယောက် အဖွဲ့မှာ ဘယ်လိုစည်းလုံးနိုင်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

#Crdreview
ကိုးရီးယားဇာတ်လမ်းတွဲများ

06 Jan, 10:51

39,877

လီမင်ဟို ရဲ့ Drama အသစ်လေး

When the star goosip (2025)

👉
https://t.me/Parasytetherey2024

Drama ဖန်စစ်စစ်ဆိုရင် ကျိန်းသေပေါက်ကို ကြည့်သင့်တဲ့ ကိုးရီးယားပထမဆုံး Space Office Drama

ကမ္ဘာမြေဆွဲအား Zero ဖြစ်နေတဲ့နေရာ Space Station မှာ အလုပ်လုပ်တဲ့ Space Scientist Eve နဲ့ လျှို့ဝှက်မစ်ရှင်ဆောင်ရွက်ဖို့ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည် Gong Ryong တို့ရဲ့ ကမ္ဘာအပြင်ဘက်က ဘဝဇာတ်လမ်း။

ဇာတ်လမ်းပုံစံလေးကတော့ Scientist Eve နဲ့အဖွဲ့ဝင်တွေဟာ ကမ္ဘာမြေမှာ ဖြစ်ပျက်နေတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အာကာသစခန်းကနေပြီးတော့ သီးထိုးယင်တို့ကြွက်တို့လို စမ်းသပ်ခံသက်ရှိတွေနဲ့ သုတေသနပြုလုပ်နေကြတာပါ။ Zero-gravity အရပ်ဖြစ်တဲ့ ကမ္ဘာမြေပတ်ဝန်းကျင်နဲ့ လုံးဝမတူတဲ့ အာကာသ သုတေသနစခန်းမှာတော့ အရာရာဟာ အသစ်အဆန်းဖြစ်ပြီီး အခက်တွေ့နေကြတဲ့အခြေအနေပါ။ သူတို့ရဲ့ အာကာသစခန်းက သုတေသနဟာ အောင်မြင်တဲ့ရလဒ်ထွက်လာနိုင်မလား။ ဒါ့အပြင် ကမ္ဘာမြေပူနွေးလာမှုကြောင့်  အာကာသမှာ ကောက်ပဲသီးနှံစိုက်ဖို့ ကြိုးစားပြီး လူတွေရဲ့ အစားအသောက်အခက်အခဲကို ဖြေရှင်းကြမဲ့ သူတို့ရဲ့အစီအစဥ်တွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုစောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

#Crdreview
ကိုးရီးယားဇာတ်လမ်းတွဲများ

08 Dec, 09:25

54,526

JUNG KOOK: I AM STILL - THE ORIGINAL (2024)

https://t.me/+I77GXru8RJw3NTU1

"Golden Maknae"လို့ တင်စား ခေါ်ဝေါ်ကြတဲ့ BTS မန်ဘာ JungKook ရဲ့ I AM STILL
Documentary ထွက်ရှိလာပါပြီ။
Solo Album "Golden" ဖြစ်မြောက်ရေးအတွက် ၈လတာ ကြိုးစားအားထုတ်ခဲ့မှုတွေကို
မှတ်တမ်းတင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။
Jung Kook ရဲ့ Global Hits Songs‌ တွေဖြစ်တဲ့ Seven၊ 3D နဲ့ Standing Next To You အပါအဝင်
B Side Track တွေအတွက်ပါ ရေကုန်ရေခမ်း ကြိုးစားထားပုံ‌‌တွေကို ရှူစားရမှာပါ။
စစ်မှု မထမ်းခင်မှာ Solo Album အတွက် ဘယ်လောက် အားထုတ်ထားခဲ့သလဲဆိုတာကို
မျက်ဝါးထင်ထင် မြင်တွေ့နိုင်မဲ့ Documentary ကောင်းတစ်ခု ဖြစ်တာမို့CM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။
ကိုးရီးယားဇာတ်လမ်းတွဲများ

05 Dec, 13:51

52,812

Love in the Big City (2024)

https://t.me/kcjmoviechannel/14?single

ပြင်သစ် ဘာသာ စကားကို အထူးပြုလေ့လာနေတဲ့ ဂူဂျယ်ဟီး (Kim Go Eun) ကတော့ ဘဝကို အပူအပင်မရှိ
ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေပြီး ရည်းစားထားရတာကို သဘောကျတဲ့ Straight Woman ဖြစ်ပြီး သူ့ရဲ့
ပွင့်လင်းတဲ့စရိုက်ကြောင့် ကျောင်းမှာလည်း မကြာခဏဆိုသလို အတင်းပြောခံရတဲ့ ကောင်မလေးပေါ့။
ဂူဂျယ်ဟီးနဲ့ တစ်ကျောင်းတည်းမှာ အတူတူ တက်နေတဲ့ ဂျန်ဟွန်းဆူကတော့ လိင်တူချင်း သဘောကြသူဖြစ်ပြီးဂေးဆိုတဲ့ ဖြစ်တည်မှုကို တစ်ဘဝလုံး လျှို့ဝှက်လာခဲ့သူ ဖြစ်ပါတယ်။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ မထင်မှတ်ဘဲ ဟွန်းဆူရဲ့ လျှို့ဝှက်ချက်ကို ဂျယ်ဟီးက သိရှိသွားပါတော့တယ်။
ဒါပေမဲ့ ဟွန်းဆူ ကြောက်ရွံ့နေသလိုမျိုး ဂျယ်ဟီးက သူ့ရဲ့ ဖြစ်တည်မှုကို ပြက်ရယ်ပြုတာမျိုး မရှိဘဲ
သူ့ကို ကာကွယ်ရပ်တည်ပေးခဲ့ပါသေးတယ်။
ဒီလိုနဲ့ ရင်ဘတ်ချင်းတူလို့ ဘော်ဒါဖြစ်သွားတဲ့ သူတို့နှစ်ယောက်ဟာ ရှာဖွေနေတဲ့ အချစ်ကို အတူတကွ ဘယ်လိုရှာဖွေသွားမလဲဆိုတာတွေကို အခုခေတ် လူငယ်တွေမှာဖြစ်လေ့ရှိတဲ့ နေထိုင်မှုဘဝ ပြဿနာတွေကို လက်တွေ့ဘဝမှာပါ ထင်ဟပ်အောင် ရိုက်ကူးထားတဲ့ ကားဖြစ်လို့ရှုစားကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။

#Crdreview
ကိုးရီးယားဇာတ်လမ်းတွဲများ

19 Nov, 11:14

57,145

Squid Game 2 ( Poster )

Dec 26 ရက်နေ့ ထွက်မယ်နော် ❤️