Korean/Japan/Thai Movie Channel @nanghomlee Channel on Telegram

Korean/Japan/Thai Movie Channel

@nanghomlee


Korean/Japan/Thai Movie Channel (English)

Are you a fan of Korean, Japanese, and Thai movies? If so, you're in luck! Join our Telegram channel 'Korean/Japan/Thai Movie Channel' curated by the username @nanghomlee, where you can discover and indulge in the best of East Asian cinema. From romantic Korean dramas to thrilling Japanese anime to action-packed Thai films, this channel has something for every movie enthusiast.

Who is it? This channel is for anyone who enjoys watching movies from Korea, Japan, and Thailand. Whether you're a seasoned fan of East Asian cinema or just starting to explore this genre, you'll find a diverse range of films to enjoy. The channel is perfect for those looking to discover hidden gems, stay updated on the latest releases, or simply connect with like-minded individuals who share a passion for Korean, Japanese, and Thai movies.

What is it? 'Korean/Japan/Thai Movie Channel' is a curated collection of the best movies from Korea, Japan, and Thailand. From classic films to modern blockbusters, this channel offers a wide selection of titles to suit every taste. Whether you're in the mood for a heartwarming romance, an edge-of-your-seat thriller, or an epic historical drama, you'll find it all here. The channel also provides recommendations, reviews, and discussions on the latest trends in East Asian cinema, making it the go-to destination for movie lovers.

Join us on 'Korean/Japan/Thai Movie Channel' today and immerse yourself in the captivating world of Korean, Japanese, and Thai cinema. Don't miss out on the opportunity to discover new movies, connect with fellow fans, and stay updated on the latest releases. With @nanghomlee as your guide, you're sure to have a fantastic movie-watching experience!

Korean/Japan/Thai Movie Channel

01 Mar, 14:06


My Name is Loh Kiwan - 2024

👉
https://t.me/Nangyaungray/78

မြောက်ကိုရီးယားနိုင်ငံကကူးပြောင်းလာသူ ဖြစ်တဲ့ရိုဂီ၀န်းက ရင်းနှီးကျွမ်း၀င်မှုမရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံကို သူ့ရဲ့မိခင်ကြောင့်ရောက်ရှိလာခဲ့ပါတယ် ဘယ်လ်ဂျီယံအစိုးရဆီက‌နေ ခိုလှုခွင့်ရပြီး အခြေချနေထိုင်ချင်တဲ့ လိုဂီ၀န်းတစ်ယောက် ခိုလှုခွင့်ရဖိုတိုက်ခိုက်ရင်း လက်ရှိမှာ ဘယ်လ်ဂျီယံနိုင်ငံသားခံယူထားတဲ့ ကိုရီးယားနိုင်ငံသားဖြစ်ဖူးသူ မာရီဆိုတဲ့မိန်းကလေးနဲ့တွေ့ဆုံခဲ့ပြီး တစ်ချိန်ကသေနတ်ပစ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့မာရီကတော့ ဘယ်လ်ဂျီယံမှာဘ၀အသစ်စတင်ပြီး အသက်ရှင်‌နေထိုင်ဖိုအကြောင်းပြချက်ပျောက်ဆုံးနေသူပါ သူတိုနှစ်ဦးရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုကအခြေအနေမလှခဲ့ပေမယ့်လည်း တစ်ဦးနဲ့တစ်ဦးချစ်မိသွားတဲ့အခါမှာတော့... လွမ်းမောဖွယ်ရာအချစ်ဇာတ်လမ်းလေးကိုကြည့်ရှုရဦးမှာပါနော်

#Credit_Review_by_One

Korean/Japan/Thai Movie Channel

23 Feb, 10:40


ကြိုက်ကြမယ်ထင်လို့ ♥️

Avatar The Last Airbender - 2024 Season 01

https://t.me/Nanghompen/355

Korean/Japan/Thai Movie Channel

15 Feb, 05:57


Alienoid : Return to the Future (2024)

👉
https://t.me/nangkhamhonn/95

Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့
ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီ

ဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့
ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါ

ဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို
အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့
ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်

Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင်
Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့
Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်..

#Credit_Review

Korean/Japan/Thai Movie Channel

26 Jan, 12:08


Badland Hunters (2024)

👉
https://t.me/nangkhamhonn/94

အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။
ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။

Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။
Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ
သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။

Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ
လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့
ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို ....

#Credit_Review

Korean/Japan/Thai Movie Channel

23 Jan, 03:33


Monster (2023)

👉
https://t.me/Nangyaungray/77

ဆာအိုရီမုဂိနိုဟာ Single mother တစ်ဦးဖြစ်ပြီး
မီနတိုမုဂိနို ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။
တစ်နေ့မှာတော့ ထူးဆန်းလာတဲ့ မီနတိုရဲ့အပြုအမူတွေကြောင့် ကျောင်းက မိခင်ဖြစ်သူ ဆာအိုရီ့ကို ခေါ်တွေ့ပါတော့တယ်။

မီနတို ထူးဆန်းလာရတဲ့အကြောင်းအရင်းကတော့
ဟိုရှိခါဝယိုရီ ဆိုတဲ့ သူငယ်ချင်းကောင်လေးကြောင့်ပါ။်

သူများနဲ့မတူဘဲ ထူးခြားနေပြီး အများက “မကောင်းဆိုးဝါး” လို့ ခေါ်ကြတဲ့
ယိုရီကြောင့် မီနတိုတစ်ယောက် ဘယ်လို‌တွေ ထူးဆန်းလာခဲ့သလဲ။
ဘာကြောင့်များ ယိုရီက သူများနဲ့မတူဘဲ ထူးခြားနေရတာလဲ။
ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ စတာတွေကို
စိတ်ဝင်တစားကြည့်ရှုရမယ့် ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။

#Credit_Review

Korean/Japan/Thai Movie Channel

19 Jan, 07:28


Live Stream (2023)

👉
https://t.me/Nangyaungray/76

Freelancer PD အဖြစ် အလုပ်လုပ်နေတဲ့ ချွဲဒုံဂျူ(Park SunHo)ဟာ

အမှတ်မထင်ရခဲ့တဲ့ Link ထဲ ဝင်ကြည့်မိရင်းက သူ့ရဲ့ကောင်မလေး

ချောင်းရိုက်ကင်မရာနဲ့ တိုက်ရိုက် Live လွှင့်ခံနေရတာကို တွေ့လိုက်မိတဲ့အခါ...

Coins ရဖိုအတွက် ကြည့်ရှုသူတွေစိတ်တိုင်းကျ အဖော်အချွတ်ဗီဒီယိုတွေ

ရောင်းဖို ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးဖြစ်သူကို ဘယ်လိုရအောင်

ကယ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်သွားရမယ့်

ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

အဲဒီထုတ်လွှင့်မှုရဲ့ အဓိကဗီလိန်ကြီးအဖြစ် သရုပ်ဆောင်ထားတာကတော့

The Killing Vote ထဲက မင်းသားကြီး Park SungWoong ဖြစ်တာမိုလို

ဇာတ်ကား စ၊လယ်၊ဆုံး မျက်တောင်မခတ်စတမ်း စိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပါ။

#Credit_Review

Korean/Japan/Thai Movie Channel

03 Jan, 13:27


(Channel အရင် Join ပီးမှ ကြည့်ပေးပါ)

Channel Link 👇
https://t.me/+HNYBmTU8I_FlZjQ1

Rurouni Kenshin 1: Origins (2012) 👇
https://t.me/c/2020129040/6

Rurouni Kenshin 2: Kyoto Inferno (2014)👇
https://t.me/c/2020129040/7

Rurouni Kenshin 3: The Legend Ends (2014)👇
https://t.me/c/2020129040/8

Korean/Japan/Thai Movie Channel

02 Jan, 08:51


Punch (2011)

👉
https://t.me/Nangyaungray/75

အသက်18နှစ်အရွယ်ဒိုဝမ်ဒုက ခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်
အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်
ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်

တစ်နေ့မှာ 17နှစ်ကြာအောင် အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့ အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲ
အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါ
အလှောင်ခံရပြီး ပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲ

မသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက် အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကို အောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ ...

#Credit_Review_by_Cm

Korean/Japan/Thai Movie Channel

01 Jan, 11:05


Loan Boy a.k.a Usury Academy (2023)

👉
https://t.me/Nangyaungray/74

Plot ကောင်းကောင်းနဲ့ School Action ကားတွေကိုမှ နှစ်သက်သူ‌တွေ အကြိုက်တွေ့စေမယ့် Loan Boy (2023)

ဇာတ်လမ်းအကျဉ်းကတော့ စီးပွားပျက်သွားတဲ့ မိဘတွေရဲ့အတိုးရှင်ကြောင့်
ငွေတိုးချေးလောကထဲကို ရောက်ရှိသွားခဲ့တဲ့ အထက်တန်းကျောင်းသားလေး ဂန်ဂျင်းရဲ့အကြောင်းကို ရိုက်ကူးထားတာပါ

စာသင်ခန်းကို ငွေချေးရုံးခန်းအဖြစ် ပြောင်းလဲပြီး ကျောင်းသားတွေကြားထဲမှာ
ငွေတိုးချေးသမားအနေနဲ့နာမည်ကြီးလာတဲ့ ဂန်ဂျင်းတစ်ယောက် ဘယ်အခြေအနေထိ ဒီပုံစံအတိုင်း ဆက်သွားနိုင်လောက်မလဲ

တဖြည်းဖြည်း သူလည်း ငွေတိုးချေးလောကမှာ ကျင်လည်ရင်း ပိုက်ဆံရဲ့သားကောင် ဖြစ်သွားမလား ဆိုတာ ...

#Credit_Review_by_Cm

Korean/Japan/Thai Movie Channel

30 Dec, 03:31


Unforgivably (2023)

👉
https://t.me/nangkhamhonn/93

Crime, Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက်
Kim Jung Hyun ရဲ့ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပါဦးမယ်နော်

ဇာတ်လမ်းအကျဉ်းကိုပြောရရင် အများသုံးသန့်စင်ခန်းမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်..
အဲဒီအလောင်းရဲ့ပါးစပ်ထဲကနေ လွန်ခဲ့တဲ့ ၁၀ နှစ်က ရက်စွဲနဲ့ စာတိုတစ်ခုထွက်လာခဲ့ပါတယ်

အဲဒီအမှုရဲ့ အရင်တုန်းကဆက်စပ်တဲ့ ကိစ္စတွေကိုပါ လိုက်စုံစမ်းရင်းနဲ့
စုံထောက်အီဒုံဂွန်းဟာ ဆန်းကြယ်တဲ့အမှုရဲ့ နောက်ဆက်တွဲကို ဖော်ထုတ်နိုင်မလား...

ဒီအမှုက ထင်ထားသလို ရိုးရှင်းမနေဘဲ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီးရှိနေတာကို
စုံထောက်အီသိသွားတဲ့အခါမှာ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်..

#Credit_Review

Korean/Japan/Thai Movie Channel

28 Dec, 16:33


Our Season (2023)

👉
https://t.me/nangkhamhonn/92

ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ...
ခပ်မိုက်မိုက်မင်းသားတွေလည်းမပါမင်းသမီးကြီးတွေဖြစ်တဲ့ Kim Hae Sook ,Shin Min Ah wတို့ပါတယ်ဆိုသော်ငြားလည်း

ကောင်းပါ့မလားလို့ ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်...
သို့သော် ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကို ထည့်ကိုထည့်ရမယ်ထင်တယ်...

ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာ နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်..

သေလွန်ပြီးလို့ ဝိဉာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ် ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာ လုပ်ချင်တာလုပ်ပါစေဆိုတဲ့သဘောပေါ့...
ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့ သမီးဖြစ်သူ အနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်...

ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့...

အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင်လောဆယ်ဒေါင်းသိမ်းထားကြပါ..
အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့
တိုက်တွန်းချင်ပါတယ်...

#Credit_Review_by_Cm

Korean/Japan/Thai Movie Channel

24 Dec, 05:37


Single in Seoul (2023)

👉
https://t.me/nangkhamhonn/90

Lee Dong Wook  နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိ

ပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ....သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်...

Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့  ဆယ်လီတစ်ယောက်ဆိုပါတော့..

အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့်

သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်...

Im Soo Jung ကတော့ သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့.....ဘဝမှာ အိမ်သာတက်တောင် 

ဖုန်းလေးနဲ့ ချစ်သူဆက်စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့...

သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်း ဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကို

ကျွန်မဘဲပါလို့ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး...သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့

ဆယ်လီတစ်ချို့နဲ့  စာရေးဆရာတွေရဲ့ အကြောင်းကို စာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့...

ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့...

#Credit_Review_by_Cm

Korean/Japan/Thai Movie Channel

17 Dec, 10:06


The Wild (2023)

ဇာတ်ကားကြည့်ရန် 👇
https://t.me/Nangyaungray/73

ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့

ဖိုက်တာတစ်ဦးဖြစ်ပါတယ်... သူက လူမိုက်အမိုက်အပေါင်းအသင်းတွေလည်းရှိသလို

မြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါ

အချီကြီးထိုးလေ့ရှိတယ်...

တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီးထိုးဖို့ဖြစ်လာတယ်..

အတွေ့အကြုံလည်းများသလို  ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့

သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့  တစ်ဖက်ပြိုင်ဘက်က

ပွဲအပြီးသေဆုံးသွားပါတယ်.....ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်...

နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာ လွတ်လာပြီး

အေးဆေးလေးနေမယ်လို့ကြိုးစားခါမှ

သူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော်ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့...

သတ်ဖြတ်ခန်းတွေနဲ့ အဖော်အချွတ်ကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...

#Credit_Review_by_Cm

Korean/Japan/Thai Movie Channel

15 Dec, 15:46


လာမယ့် ၁ လပိုင်း ၁၀ ရက်နေ့တဲ့ ❤️

Alienoid Part: 2

Korean/Japan/Thai Movie Channel

03 Dec, 13:08


Persona: Sulli (2023)

ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/Nangyaungray/72

လူတိုင်းက ကျွန်မကို ကုန်ပစ္စည်းလိုဆက်ဆံကြတယ်။ ဘယ်သူမှ ကျွန်မကို နင့်ဘာသာနင် ရွေးချယ်... နင် ဘယ်လိုထင်လဲလို့ မပြောခဲ့ မမေးခဲ့ကြဘူး...

Sulli ရဲ့ နောက်ဆုံးအင်တာဗျူးကို အခြေခံပြီး ထုတ်လုပ်ခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ Sulli မဆုံးပါးခင် 2019 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အဆုံးမသတ်နိုင်ဘဲ 4 နှစ်တိုင်တိုင် ကျန်ရစ်နေခဲ့ရပြီး အခုမှ ပြန်လည်ထွက်လာတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဒီကားလေးထဲမှာဆိုရင် Sulli ရဲ့ နောက်ဆုံးအင်တာဗျူးအနေနဲ့ သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ စိတ်ဖိအား တိုက်ခိုက်ခံရမှုတွေကို သိနိုင်သလို....

အားလုံး သဘောကျ အားကျရတဲ့ အိုင်ဒေါလ်ဆိုတဲ့ တောက်ပတဲ့ အလုပ်အကိုင်တစ်ခုရဲ့ တစ်ဖက်ခြမ်းက နာကျင်ရာတွေ ဖိအားပေးခံရမှုတွေကိုပါ သိရှိနိုင်ပြီး တွေးစရာတွေ အများကြီးပေးနိုင်တဲ့ ဇာတ်ကားလေးပဲဖြစ်လို့ ကြည့်ပေးကြပါဦးနော်။

#Credit_Review

Korean/Japan/Thai Movie Channel

30 Nov, 17:56


Love Reset (2023)

ဇာတ်ကားကြည့်ရန်လင့်👇
https://t.me/nangkhamhonn/89

Kang Ha Neul နဲ့ Jung So Min တို့ရဲ့အချစ်ဟာသ ရုပ်ရှင် Love Reset/30Days
Love Reset ရုပ်ရှင်ဟာ Oct 3 ရက်နေ့က စရုံတင်ခဲ့ပြီး 11 ရက်ကြာ Box Office No 1

နေရာမှာရှိနေခဲ့ပြီး နောက်မှာတော့ အခုဆိုရင်ကြည့်ရှုသူ 1 millionထိများခဲ့တာ
အတော်များများသိကြမှာပါ....
ဒီကားကထရေလာမှာပဲ နင်းကန်ရယ်ရမယ်ထင်ထားတာ....

ကားထွက်တော့ ထင်ထားတာထက်ပိုရယ်နေရတယ်....

ဇာတ်လမ်းအကျဉ်း....

ရှေ့နေစာမေးပွဲဖြေပြီး ဉပဒေလောကထဲတိုးဝင်ဖို့ကြိုးစားနေတဲ့
ငမွဲငတေကောင်လေးတစ်ယောက်ရှိတယ်....

အခြေခံလူတန်းစားဖြစ်ပြီး ရိုးသားတဲ့သူဟန်ကြောင့်
ကံကောင်းထောက်မစွာ ရွှေဇွန်းကိုက်မွေးလာတဲ့ ဘောစိမလေးနဲ့
ဖူးစာပါလာတယ်.... အခက်အခဲတွေကြားထဲကမှ သူတို့

အိမ်ထောင်ကျခဲ့ကြလေသတည်းပေါ့..

ဇာတ်လမ်းက ခုမှစတာ....
မင်္ဂလာဆောင်ပြီးကတည်းက ပြဿနာပေါင်းစုံတက်တာ...
၂ယောက်လုံးရဲ့အပြုအမူတွေက ဆိုးဝါးစွာထင်းကနဲပေါ်လာသလို
ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူတော့ သူတို့စရိုက်နဲ့ခံယူချက်တွေကလည်း
လုံးဝကွဲပြားနေတယ်...ဒီလိုနဲ့ပဲ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...

#Credit_Review

Korean/Japan/Thai Movie Channel

22 Nov, 02:40


Hopeless (2023)

ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/Nangyaungray/71

ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို
မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး
အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။

Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့
မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး
Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်..

ဇာတ်လမ်းအကျဥ်း

၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ
သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။
တစ်နေ့မှာ‌တော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက်
Chi-geon ဆီက အကူအညီယူမိပြီး သူ့ဂိုဏ်းထဲကို ရောက်သွားပါတော့တယ်။
ငရဲတွင်းကနေ လွတ်မြောက်ဖိုလုပ်ရင်း ငရဲတွင်းဆီ ခုန်ဆင်းမိပြီး
ဒုစရိုက်လောကထဲမှာ နစ်မြောမှန်းမသိ နစ်မြောလာတဲ့အခါမှာ‌တော့..

#Credit_Review_by_Cm

Korean/Japan/Thai Movie Channel

18 Nov, 14:30


Brave Citizen 2023

ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/Nangyaungray/70

ဒီတစ်ခေါက်တော့ မမ ရှင်းဟယ်ဆွန်းကို တမူထူးခြားတဲ့ ဇာတ်ကောင်အနေနဲ့ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဆိုရှီမင်ဟာ ကျောင်းသူဘဝတုန်းက အရည်အချင်းရှိတဲ့ လက်ဝှေ့ကစားသမားကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေကြောင့် ကစားသမားအဖြစ်ကနေ အနားယူလိုက်ရပြီး မိသားစုအတွက်အထက်တန်းကျောင်းမှာ အချိန်ပိုင်းယာယီဆရာမအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ တရားဝင်အချိန်ပြည့်ဆရာမ ဖြစ်လာဖို့က သူ့ရည်ရွယ်ချက်ဖြစ်ပြီး ရည်ရွယ်ချက်ပြည့်မြောက်ဖို့ဆို မျက်စိပိတ်နားပိတ်ပြီး ပြဿနာကို မမြင်ချင်ယောင်တဲ့အထိ နေလာခဲ့ပါတယ်

ဒါပေမယ့် တစ်ရက်မှာ သူ အလုပ်လုပ်နေတဲ့ ကျောင်းမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုပြဿနာတွေကို သိလိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင် သူ့ဆီကို အကြမ်းဖက်ခံရတဲ့ ကျောင်းသားလေးက အကူအညီလာတောင်းပါတော့တယ်

ရှီမင်တယောက် အကြမ်းဖက်မှုတွေရဲ့ လက်သည်ကို သူ ဘယ်လိုရင်ဆိုင်ပညာပေးမလဲ။ ခေါက်ရိုးကျိုးလောကကြီးရဲ့ နည်းလမ်းတွေကို သူ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော...

#Credit_Review_by_Hp

Korean/Japan/Thai Movie Channel

17 Nov, 13:54


Believer 2 (2023)

ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/Nangyaungray/69

2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။

စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ ..
ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။
ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က
Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။

ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို
Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။
သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ Han Hyo Joo ရဲ့ ကွဲပြားတဲ့ဇာတ်ရုပ်ကိုမြင်ရဦးမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

#Credit_Review

Korean/Japan/Thai Movie Channel

10 Nov, 16:36


Ji Soo ပါဝင်တဲ့ကားလေး

Dr. Cheon and the Lost Talisman - 2023

ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/nangkhamhonn/88

စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie  လာပါပြီ...
အပနှင်တဲ့သူလိုလို နတ်ဆရာလိုလို
အာပလာ ပရော်ဖက်ဆာချွန်းနဲ့
သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့က
အပနှင်ဖို့ အလုပ်လာအပ်တိုင်း
အပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ်
ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီး

အောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့
အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလို

သူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ်

ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့
သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ်
ကောင်မလေးအိမ်ကို ရောက်တဲ့အခါမှာ‌တော့ အလွန်ကြောက်စရာ ပရောဂစွဲကပ်နေသလို

အောက်လမ်းဆရာကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့..

#Credit_Review_by_Cm

54,486

subscribers

205

photos

29

videos