ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ @myanmarmovieszone Channel on Telegram

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

@myanmarmovieszone


ကြော်ညာကိစ္စပြောလိုပါက @Myanmarworldstar
ကိုဆက်သွယ်စုံစမ်းလိုရပါတယ်

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ (Burmese)

နောင်ထပ် အသင်းဆိုရင်သိပ်မဟုတ်ပါ။ သင့်ရဲ့ အတွင်းသင်္ဘောအတွေ့အကြုံ ကို ယုံကြည်စိတ်မှု ပြင်မချောင်းမထားခြင်းအတွက် သင်တစ်ဦးပေါင်းပေါင်း ရှိသေးပါသည်။ myanmarmovieszone ဆိုပြီး သင်ပြောနေသော အသင်းတွေကို အတွက်တင်ဆက်ရန် အသီးချုပ်များဟာ ရရှိသော အိုင်ရင်ကချစ်ရသေးပါသည်။ ဒီအတွင်း အထူးကြီးကို ချစ်ရမှိပဲ တင်ဆက်နိုင်ပါ။ သင့်ရဲ့ တင်ဆက်သော ချစ်ရယူသော အသီးချုပ်များကို လုံခြုံရလိမ့်မယ်။ ဒါကြောင်း၊ အိုင်ရင်ရှိသော ရုပ်ရှင်များနှင့် အဖွဲ့များကို တင်ဆက်ပေးပါ။ အထူးအသင်းများ သင်္ဘောသီးချုပ် များဟာ သင့်ရဲ့ ဇာတ်လမ်း မင်္ဂလာစီးကြိုက်အတွက် အားထူး သိမ်းဆည်းလိုပါက ဒီအတွင်း လုပ်ငန်းဖြစ်သည်။ သင့်ရဲ့ စာမေးပွဲကို အင်္ဂလိပ်လ္လ္လ္လ္လ္လ္ လိုအပ်ဆုံးတင်ဆက်နိုင်ပါပြီ။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

21 Nov, 13:23


Smile 2 (2024) ဇာတ်ကားသစ်
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/52
ပထမရုပ်ရှင်ထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ ဂျိုးလ်က ကျိန်စာကို အဆုံးသတ်ဖို့ ကြိုးစားရင်း နောက်တစ်ယောက်ဆီကို ကူးသွားတာကနေ စထားတာပါ။
ဒီရုပ်ရှင်ထဲမှာတော့ ဒီကျိန်စာကိုအဆိုးဆုံးရင်ဆိုင်ရမှာက နာမည်ကြီးပေါ့အဆိုတာ စကိုင်းရိုင်လီဆိုတဲ့ ဇာတ်ကောင်ပါပဲ။
သူက ကားအက်ဆီးဒန့်ဖြစ်ထားပြီး တစ်နှစ်လောက် ဆေးတွေ အရက်တွေ ဖြတ်ပြီး လိမ္မာလာပြီမို့ ဖျော်ဖြေပွဲပြန်လုပ်ဖို့ စီစဉ်နေတဲ့သူပါ။
ဖျော်ဖြေပွဲနီးလာလေလေ ကျိန်စာကြောင့် ကြောက်စရာတွေ ဆက်တိုက်တွေ့လာလေလေဖြစ်ပြီး လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကြည့်ရမှာပါ။
ထုံးစံအတိုင်း ကျောချမ်းစရာ ကြောက်စရာတွေနဲ့ ကြည့်ရမှာပါ။
အသည်းငယ်သူတွေ မျက်နှာအုပ်ပြီး လက်ချောင်းကြားထဲက ကြည့်တာတို့ စောင်နဲ့ကွယ်ကြည့်တာတို့လုပ်ဖို့တော့လိုပါလိမ့်မယ်။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

21 Nov, 13:23


ကိုးရီးယားရဲ့ နာမည်ကြီး Horror ရုပ်ရှင်

➪➪➪➪➪➪➪➪➪➪➪➪➪➪
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/51

တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြိုလေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်း အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။

မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လိုဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။ သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတိုရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

19 Nov, 12:53


The Child Who Would Not Come (2021)
_ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/48_

IMDB (6.2/10)

Horror ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကိုရီးယား Horror ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်

(IMDB 6.2) ရရှိထားပြီးတော့ ဒါရိုက်တာ ယူယောင်းဆွန်းရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်..ဒီဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Yoon-seok Jeong , So-hye Kim , Kyu Hyun Lee တို့ဖြစ်ကြပါတယ်

လူမှုဆက်ဆံရေးတွေ အများအားဖြင့် ကျောင်းတွေမှာ ကြောက်စရာအကောင်းဆုံးအကြီးအမားဆုံးအရာကတော့ အမေ့ခံရတာပါပဲ

ကြောက်စရာကောင်းတဲ့အရာတွေဟာ လုပ်ငန်းသင်ဆရာမလေးဂျောင်ဆူအာက ကျောင်းကို မလာတဲ့ကျောင်းသားလေး ဘူယောင်းဆော့နဲ့ တွေ့ရာကနေ စတင်ခဲ့ပါတယ်

အတန်းတွင်းလူခေါ်တဲ့နာမည်စာရင်းထဲမှာရှိပေမယ့် အခေါ်မခံရတဲ့ကျောင်းသားတစ်ယောက်အကြောင်းပိုပြီး သိချင်လာလေလေ၊ ကြောက်စရာကောင်းတဲ့အဖြစ်တွေ ပိုမိုပြီး ဖြစ်ပျက်လာလေလေဆိုတော့ ဘယ်လိုမျိုး မြုပ်ကွက်တွေနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင် တင်ဆက်ထားလဲဆိုတာကိုတော့

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

19 Nov, 12:53


Knock at the Cabin  (2023)
======================
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/47
Horror, Mystery, Thriller
IMDB: 6.4/10

M. Night Shyamalan ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ Horror, Mystery, Thriller အမျိုးအစားဖြစ်တဲ့အတွက် ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးကျမှပဲ အဖြူအမည်း သဲကွဲမယ့် ရုပ်ရှင်မျိုးပါ။ The Sixth Sense လို ရုပ်ရှင်မျိုးကို ရိုက်ခဲ့တဲ့ဒါရိုက်တာပီပီ သို့လော သို့လောလေးတွေနဲ့ ရိုက်ပြတဲ့နေရာမှာတော့ တော်ပါတယ်။ မင်းသား ဒေးဗစ် ဘာတစ်စတာကလည်း GotG ဇာတ်ရုပ်လို ဟာသမဟုတ်ဘဲ တကယ်ကို အလေးအနက်နဲ့ သရုပ်ဆောင်သွားတာပါ။ဇာတ်လမ်းအကျဉ်းအဲရစ်နဲ့ အန်ဒရူးဆိုတဲ့ လိင်တူစုံတွဲဟာ ဝန်လင်ဆိုတဲ့ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ အားလပ်ရပ်ခရီးအဖြစ် ရှုခင်းလှပြီး လူသူမရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်လေးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် လူလေးယောက်ရောက်ရှိလာခဲ့ပါတယ်။ လူလေးယောက်ဟာ အလွန်ထူးဆန်းတဲ့အကြောင်းနဲ့ရောက်လာပြီး ထူးဆန်းတဲ့လက်နက်ကိုယ်စီနဲ့ အဲရစ်တို့ကို ဖမ်းထားပြီး မယုံနိုင်စရာ တောင်းဆိုမှုတွေလုပ်လာတဲ့အခါ…

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

18 Nov, 13:46


Don't Breathe ( 720P )

2016 ‧ Horror/Thriller 
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/46

လက်ရှိ နာမည်ကြီး လူကြိုက်များနေတဲ့ Horror/Thriller တစ်ကားကို တင်ပေးလိုက်ပါတယ်။ Evil Dead ကို ဖန်တီးခဲ့သူ Fede Alvarez ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။ ဘက်ဂျက် ၉ သန်းပဲ အသုံးပြုခဲ့ပြီး လက်ရှိ သန်း ၁၄၀ အထိ Box office မှာတက်နေပါပြီ။ အိမ်လေးတစ်လုံးထဲမှာ သရုပ်ဆောင်လေး ၄-၅ ယောက်ကိုပဲ အားပြုပြီး တင်ဆက်သွားတာပါ။ဒါပေမယ့် ဇာတ်လမ်း၊ မထင်မှတ်တဲ့လှည့်ကွက်တွေ၊ သရုပ်ဆောင်၊ အသံပိုင်းတွေမှာ ပြောစရာမရှိအောင် ကောင်းမွန်လွန်းတဲ့အတွက် ဒီလို အောင်မြင်သွားတာပဲ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိတော့ IMDb 7.1 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် မျက်မမြင်အဘိုးကြီးဟာ သူတို့ထင်သလို အဆိပ်မရှိတဲ့ ရေမြွေမဟုတ်တဲ့အခါ……တံခါးတွေ အားလုံးပိတ် မီးအမှောင်ချပြီး အကုန်လုံးကို သတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါ…. အသက်မရှုလိုက်နဲ့ ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်း အသက်ရှုသံ တစ်ချက် ခြေသံတစ်ချက်က သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလာပြီဆိုရင်……။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

18 Nov, 13:46


“ဘောလ်တိစ်” ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/45
သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။

စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။

ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။

မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။

တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။

မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။

မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။

ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊
သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။

ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင်

ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊
အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက်
အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက်
ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

17 Nov, 13:52


Lightyear (2022)
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/44
ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင်
တစ်ကောင်ဖြစ်တဲ့  ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။
ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ
အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်
ဆောင်ရရှိခဲ့ပါတယ်။ အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး
အန်ဒီက အဲဒီရုပ်ရှင်ကိုအရမ်းကြိုက်တဲ့သူပါ။ အခု ကြည့်ရမယ့် ရုပ်ရှင်ကတော့
အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့
ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့
ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့
ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။
ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့
ကြိုးစားရပါတော့တယ်တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့
ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။

#Crd

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

17 Nov, 13:52


Pe......dro Par......amo (2024) ဇာတ်ကားသစ်
------------------------------------ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/43
1995 မှာထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။
မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။
အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။
ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။
မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလို
အန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။
The Wolf of Wall Street , The Irishman , Killers of the Flower Moon , Barbie တို့မှာလည်း စီနီမာတိုဂရပ်ဖာက သူပါပဲ။
ဒီနှစ်မှာတော့ တခြားကားတွေ စီနီမာတိုဂရပ်ဖာလုပ်တာ မရှိခဲ့ဘဲ သူ့ရဲ့ ဒီရုပ်ရှင်ကိုပဲ အားစိုက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကတော့Alejandroရဲ့ Bardoအငွေ့အသက်မျိုးနည်းနည်းတော့သင်းပါတယ်။
ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ Bardoက ဒီဝတ္တုကနေပဲ စိတ်ကူးရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
လူတစ်ယောက်ဟာ သူ့အမေမသေခင်မှာသွားတဲ့အတိုင်း ဝေးလံခေါင်သီတဲ့တစ်နေရာကို ရောက်လာပြီး ပက်ဒရိုပါရာမိုဆိုတဲ့ သူ့အဖေကိုလာရှာတာကနေ ဒီဇာတ်လမ်းကို စထားတယ်။
သူ့အမေပြောဖူးတဲ့ တစ်ချိန်က သာယာလှပတဲ့မြို့ကလေးဟာ သူရောက်တဲ့အချိန်မှာ မြို့ပျက်ပြီးဖြစ်နေခဲ့ပြီ။ တစ္ဆေမြို့လို မြို့တစ်မြို့ဖြစ်နေခဲ့ပြီ။
ဒီတစ္ဆေမြို့မှာ တစ္ဆေတွေရဲ့ စကားနားထောင်ရင်း သူ့အဖေအကြောင်း သူဘာတွေသိလာရမလဲ။
ဒီတစ်မြို့လုံးက တစ္ဆေတွေဟာ သူ့အဖေလက်ချက်နဲ့မကင်းဘဲ သေကြသူတွေဖြစ်နေတဲ့အခါ သူ့အဖေက ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို တစ္ဆေတွေနဲ့တွေ့ရင်းတစချင်းသိလာတာကို ကြည့်ရမှာပါ။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

16 Nov, 13:45


Ne Zha [2019]
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/42
ဒီဇတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ်

နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ်ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ်

ပုလဲလုံးလေး က သူလိုအပ်တဲ့ စွမ်းအင်တွေကို
အလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး

ပင်ကိုယ်စိတ်ရင်းကောင်းပေမဲ့မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့
ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီးမိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီးဂါထာအုပ် ပြီး တပည့်ဖြစ်သူ ဆရာတော် တစ်ပါးကိုထိန်းသိမ်းစေခဲ့တယ်…

သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမဆီ
ကိုယ်ဝန်မှာ ၀င်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင်၊အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ်

ဒါပေမဲ့ အလွဲလွဲ အမှားမှားတွေ လုပ်တက်တဲ့ ဆရာတော်ကြောင့်သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ်

သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ ကစစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ်…

မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္တာ “နီကျား ” ဖြစ်ပါတယ်…

#Credit

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

16 Nov, 13:45


Up 2009
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/41

Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက
explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။
ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို
သူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက်
Paradise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။
Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘဝနဲ့ တွေ့ကြပုံက စပြီး
သူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊
လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊
ကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီ

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

16 Nov, 09:57


https://vt.tiktok.com/ZSjPoFUeL/

ပံသကူ 😁😁😁

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

15 Nov, 13:26


Pe......dro Par......amo (2024) ဇာတ်ကားသစ်
------------------------------------ဇာက်ကားလင့် 👇👇👇👇

https://t.me/moviemmsub2025/40
1995 မှာထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။
မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။
အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။
ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။
မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလို
အန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။
The Wolf of Wall Street , The Irishman , Killers of the Flower Moon , Barbie တို့မှာလည်း စီနီမာတိုဂရပ်ဖာက သူပါပဲ။
ဒီနှစ်မှာတော့ တခြားကားတွေ စီနီမာတိုဂရပ်ဖာလုပ်တာ မရှိခဲ့ဘဲ သူ့ရဲ့ ဒီရုပ်ရှင်ကိုပဲ အားစိုက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကတော့Alejandroရဲ့ Bardoအငွေ့အသက်မျိုးနည်းနည်းတော့သင်းပါတယ်။
ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ Bardoက ဒီဝတ္တုကနေပဲ စိတ်ကူးရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။
လူတစ်ယောက်ဟာ သူ့အမေမသေခင်မှာသွားတဲ့အတိုင်း ဝေးလံခေါင်သီတဲ့တစ်နေရာကို ရောက်လာပြီး ပက်ဒရိုပါရာမိုဆိုတဲ့ သူ့အဖေကိုလာရှာတာကနေ ဒီဇာတ်လမ်းကို စထားတယ်။
သူ့အမေပြောဖူးတဲ့ တစ်ချိန်က သာယာလှပတဲ့မြို့ကလေးဟာ သူရောက်တဲ့အချိန်မှာ မြို့ပျက်ပြီးဖြစ်နေခဲ့ပြီ။ တစ္ဆေမြို့လို မြို့တစ်မြို့ဖြစ်နေခဲ့ပြီ။
ဒီတစ္ဆေမြို့မှာ တစ္ဆေတွေရဲ့ စကားနားထောင်ရင်း သူ့အဖေအကြောင်း သူဘာတွေသိလာရမလဲ။
ဒီတစ်မြို့လုံးက တစ္ဆေတွေဟာ သူ့အဖေလက်ချက်နဲ့မကင်းဘဲ သေကြသူတွေဖြစ်နေတဲ့အခါ သူ့အဖေက ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို တစ္ဆေတွေနဲ့တွေ့ရင်းတစချင်းသိလာတာကို ကြည့်ရမှာပါ။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

15 Nov, 13:26


Terrifier 3 (2024) အကြည်ဗားရှင်း
ဇာက်ကားလင့် 👇👇👇👇

https://t.me/moviemmsub2025/39
တောင်တဲ့သူများလို့ပြန်တင်ပေးတာပါဗျ

နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့

သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင်
ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာကလက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင်တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကိုဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြုလုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေးဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီးပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာအဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ သူ့ရဲ့အပေါင်းအပါတို့ပြန်ပေါ်လာပြီး လူတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လုပ်ရင်းနဲ့ ဆီရန်နာကို ဖျက်ဆီးဖို့ ကြိုးစားကြပါတော့တယ်။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

15 Nov, 12:47


🔤🔤🔤လို ထိထိမိမိပေါက်ချင်သူများ

3D ဝယ်ဂဏန်းတင်ပေးပါမယ်

အောကွက် channel ကိုjoin ပြီးဝင်ကြည့်ပါ
🔽🔽🔽🔽🔽

▶️ https://t.me/thailandmarket2d
▶️ https://t.me/thailandmarket2d
▶️ https://t.me/thailandmarket2d

ဝယ်ယူရန် 👉 @ThailandZ9 👈hi
အသဲများများပေးသွားလူတိုင်းရမယ်😍

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

14 Nov, 13:07


Subservience (2024)
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/37
မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ် လန်းတဲ့ကားပေါ့နော်...ဇာတ်လမ်းကတော့ Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး စူးရှတဲ့ သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာ မျိုးပါ။အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိ တဲ့နောက်မှာ...AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ ရှုပ်ထွေးမှု တွေကိုပါ အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့...။

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

14 Nov, 13:07


ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြမယ့်သူတို့
ဇာက်ကားလင့် 👇👇👇👇
https://t.me/moviemmsub2025/36
The Sea Beast ( 2022 )

ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။

မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ….

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

13 Nov, 19:18


The Pirayes the last Royal

😱🔗 အောက်က 𝑳𝒊𝒏𝒌 ကိုအရင် 𝑱𝒐𝒊𝒏 ပါ
https://t.me/+_SVX6LfOCus2NmM1


▶️ ကြည့်ရန်နှိပ်ပါ
https://t.me/c/1935422480/3110

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

12 Nov, 12:03


ရဲတက္ကသိုလ်‌ သင်တန်းတက်နေတုန်း မျက်စိရှေ့မှာ မိန်းကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အခါ

😱🔗 အောက်က 𝑳𝒊𝒏𝒌 ကိုအရင် 𝑱𝒐𝒊𝒏 ပါ
https://t.me/+_SVX6LfOCus2NmM1

ကြည့်ရန်နှိပ်ပါ⬇️

https://t.me/c/1935422480/2898

Midnight Runners (2017)
IMDB: 7.3/10

သဘာဝမတူ၊ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူ၊ စတွေ့ကတည်းက မျက်နှာကြောမတည့်တဲ့ ကောင်လေး ၂ ယောက်ရဲတက္ကသိုလ်ဝင်ခွင့်အတွက် အစမ်းသင်တန်းကာလ ၂ ပတ်အတွင်းမှာ ကြုံရတဲ့ အခက်အခဲတွေကို မမျှော်လင့်ဘဲ တူတူ‌ဖြေရှင်းခဲ့ရာမှ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်ရဲတက္ကသိုလ်‌ေကျာင်းသားဘဝမှာ နှစ်ယောက်လုံး FA ဘဝက ကျွတ်ချင်လို့ ပိတ်ရက် ကလပ်တစ်ခုကို သွားရာကနေ မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတဲ့အမှုတစ်ခုကို မျက်မြင်တွေ့ခဲ့ရပြီး ကြည့်မနေနိုင်လို့ ဝင်ကူညီဖြေရှင်းခဲ့တာ အခက်အခဲတွေ ကြုံ ကျောင်းထုတ်ခံရတဲ့ထိ ဖြစ်လုဆဲဆဲ ဖြစ်ခဲ့ပုံကို ရိုက်ကူး ပြထားပါတယ်

ᴄɪɴᴇᴍᴀ ᴍᴏᴠɪᴇ ᴢᴏɴᴇ ᴇɴᴛᴇʀᴛᴀɪɴᴍᴇɴᴛ

12 Nov, 12:02


Miracle in Cell No.7 (2013)

😱🔗 အောက်က 𝑳𝒊𝒏𝒌 ကိုအရင် 𝑱𝒐𝒊𝒏 ပါ
https://t.me/+_SVX6LfOCus2NmM1


▶️ ကြည့်ရန်နှိပ်ပါ
https://t.me/c/1935422480/3114

125,003

subscribers

1,149

photos

1

videos