MW Sereis Channel S5L @mwserieschannel Channel on Telegram

MW Sereis Channel S5L

@mwserieschannel


admin acc
@moviesworldmwchannel

MW Series Channel S5L (English)

Welcome to MW Series Channel S5L, your ultimate destination for all things related to the popular MW series! This Telegram channel is dedicated to providing fans with the latest updates, news, and discussions about MW series. Whether you're a die-hard fan or just getting started, this channel is the perfect place to stay connected with other fans and stay informed about everything happening in the world of MW series. From tips and tricks to behind-the-scenes insights, MW Series Channel S5L has got you covered. Join us today and be a part of the MW series community like never before!

MW Sereis Channel S5L

25 Dec, 04:44


❗️❗️❗️❗️ Member Fee - 1️⃣8️⃣0️⃣0️⃣0️⃣mmk
(1/12/2024 မှစတင်ပြီး ယခုပြသထားသော ဈေးနှုန်းဖြစ်သွားပါပြီ )

✔️ 4️⃣🔤 Movies Channel
✔️ကိုယ်ပိုင် ဘာသာပြန် series များ
💸24 Legacy  စဆုံးရပါပြီ
💸No Ordinary Family
💸Good Girls Season 1 + 2 + 3+4
💸The Simpsons Season 1,2,3,4,35,36
💸Scream Queen စဆုံး
💸Rick And Morty စဆုံး
💸Garfield and Friend (uploading)
💸Mr.Bean Animation (uploading)
💸Tom & Jerry စဆုံး
💸 Modern Family Season 1,2
💸 Family Guy Season 1,2,22
💸 2brokegirls S1

➡️Eng Subtitle Channel (IFLIMTV)

✔️Series ပေါင်း 6️⃣0️⃣0️⃣ ကျော်ပါဝင်သော ( paid series channel )

Series Collection များ
🙂
💎VAM Vampire Collection (သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွဲရှည်များ)
💎SC Sitcom Collection Series (မိသားစု ဟာသကားများ )
💎WK Walking Dead (ဇွန်ဘီ) Collection Series
💎MCU Marvel Collection Series
💎(Buddha,Mahakali,ashoka) bollywood ျseries အရှည်

✔️ Movies ပေါင်း 3️⃣0️⃣0️⃣0️⃣ ကျော်ပါဝင်သော ( vip movies channel )
✔️ Animation Series များ

မန်ဘာဝင်ရန်
Bot Link
➡️ :@moviesworldmwchannelbot
Channel Link
➡️ : @pro_plus_vip

တိုက်ရိုက်မန်ဘာဝင်ရန် (pro plus ဟုစာပိုပေးပါ )
🦋 Admin Acc :@moviesworldmwchannel

MW Sereis Channel S5L

25 Dec, 03:31


🎄 Merry Christmas ❄️

ခရစ်စမတ်မှာ ကိုချစ်ရသူကို Telegram ကနေ လက်ဆောင်လေးတွေပို့လို့ရတယ်နော်
🎁

Star လေးတွေသုံးပြီး ကိုချစ်သူအတွက် အခုလို အသေးအမွှားအမှတ်တရလေးတွေ ဖန်တီးပေးလို့ရပါတယ်

⭐️ Star Price List ⭐️

💜50 stars = 7000 ks
💜100 stars = 14000 ks
⭐️250 stars = 29000 ks
⭐️500 stars = 51000 ks

Available in 30 Minute .....

Payment -
💳💳  09799464428 (Thandar Zaw )

Chat
😎 💌 : @moviesworldmwchannel 🌟

MW Sereis Channel S5L

24 Dec, 10:14


[18+] Those About to Die (2024)
Synopsis
ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။



ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။



ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။



လောင်းကစားဒိုင် တန်းနက်စ်ကတော့ မြင်းထက် လူ့အသက်ကတန်ဖိုးမဲ့တဲ့ အောက်တန်းစားပတ်ဝန်းကျင် မြောင်းထဲကနေ ကိုယ်ထူကိုယ်ထ ကြိုးစားပြီး လောင်းကစားဝိုင်းဒိုင် သူ့ပတ်ဝန်းကျင်မှာ ဩဇာရှိတဲ့သူဖြစ်လာတာပါ။



သူက အမြင့်ကိုမှန်းတယ်။ အထက်တန်းစားမျိုးရိုးမဟုတ်ပေမဲ့ လူရည်လည်ပြီး လုပ်ရည်ကိုင်ရည်ရှိလို့ တဖြည်းဖြည်း တစ်ဆင့်ချင်း တက်သွားတာကို စီးရီးထဲမှာတွေ့ရမှာပါ။ သူက ရက်စက်တယ်၊ လူမဆန်ဘူးလို့ နာမည်ကျော်ပေမဲ့ သူ့ရဲ့လူသားဆန်တဲ့အပိုင်းတွေကိုလည်း တွေ့ကြရမှာပါ။ သမိုင်းမှာ နာမည်ကြီးတဲ့ မြင်းရထားမောင်းသမား စကောပတ်ရဲ့ အကြောင်းကိုလည်း တန်းနက်စ်နဲ့ ဆက်နွယ်ပြီး တွေ့ရပါလိမ့်မယ်။



ရောမခေတ်ရဲ့ Peaky Blinder စီးရီးလို့ ခေါ်လို့ရအောင် ခပ်ဆင်ဆင်ဖြစ်တယ်လို့ ထင်ပါတယ်။ မြင်းလောင်းကစားဒိုင် လူမိုက်လေးဘဝကနေ တဖြည်းဖြည်း အဆင့်တွေ တက်လာတာချင်းတူလို့ပါပဲ။



(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)

https://t.me/series_mmsub_vol2/216

MW Sereis Channel S5L

23 Dec, 14:43


You are Ms. Servant (2024)
သူကတော့ Rom-com ဆိုပေမဲ့လည်း ကျွန်တော် ကြည့်ရသလောက် Slice of life ပုံစံလေးရယ် နွေးထွေးတဲ့ မေတ္တာတရားအကြောင်းကို ဖော်ပြထားသလိုဆိုရင်လည်း မမှားပါဘူး။

ဇာတ်လမ်းလေးကတော့ တစ်ယောက်တည်းနေထိုင်တဲ့ အထက်တန်းကျောင်းသားလေး Hitoyoshi ရဲ့ အိမ်ကို နွေရာသီကျောင်းပိတ်ရက်မှာ

ထူးခြားပြီး လှပချောမောတဲ့ အိမ်ဖော်အဝတ်အစားလေးနဲ့ အစေခံအဖြစ် လုပ်ကိုင်ပါရစေဆိုပြီး ပဟေဠိဆန်ဆန် ရောက်ချလာပါတယ်။

ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူ့တစ်ဘဝလုံး လူတွေသတ်လာတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားဟောင်းပါ၊

ဒီတော့ Hitoyoshi တစ်ယောက်ခင်ဗျာ လုပ်ကြံရေးသမားတော့ မလိုဘူး တစ်ယောက်တည်းနေတာမို့

အိမ်အကူအဖြစ် အိမ်ဖော်အဖြစ်လုပ်ချင်ရင်တော့ လုပ်လို့ရတယ် လုပ်မှာလားဆိုပြီး အတူတူ နေထိုင်ခဲ့ရာကနေ အစပြုထားပါတယ်…။

ငယ်စဉ်ကတည်းက မိဘနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာရှိပြီး ရိုးသားဖြူစင်စွာ နေထိုင်တတ်သူ Hitoyoshi ရယ် လူမဆန်စွာ ကြီးပြင်းခဲ့ရပြီး

အတိတ်ဆိုးပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား ကောင်မလေးရယ်

ဘယ်လိုမျိုး တစ်ဦးအပေါ်တစ်ဦး လိုအပ်ချက်တွေကို ဖြည့်စည်း ကူညီဖေးမရင်း ရှေ့ဆက်ကြမလဲဆိုတာ

ဟာသတွေရော အချစ်ရေးလေးတွေရော ဒရမ်မာလေးတွေရော စသဖြင့် ပုံဖော်တင်ဆက်ထားတဲ့ အသစ်ထွက် Anime လေးပဲ ဖြစ်ပါတယ်။

သူနဲ့ အတူတူထွက်ရှိထားတဲ့ Yakuza Fiancé ထဲက Toxic ဆက်ဆံရေးတွေ Red flag ဆန်ဆန် ဇာတ်ကောင်တွေနဲ့ သူက ဆန့်ကျင်ဖက်ဖြစ်ပြီး

ကြည့်ရတာ အေးချမ်းပြီး ဇာတ်ကောင်လေးတွေကလည်း Green Flag ဖြစ်တာကြောင့် သာယာစီးမျောနိုင်ဦးမှာ အမှန်ပါပဲ။

https://t.me/series_mmsub_vol2/215

MW Sereis Channel S5L

23 Dec, 10:56


Who Is She (2024)

ဒီဇာတ်လမ်းလေးကတော့ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Miss Granny ဆိုတဲ့ ရုပ်ရှင်ကို
ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။
အဘွားအို အိုမယ်ဆွန်း ( Kim Haesook ) ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားရပြီး
စားသောက်ဆိုင်သေးသေးလေး ဖွင့်ရင်း ကလေးတွေကို ပျိုးထောင်လာခဲ့တာ အသက် ၇၀ ကျော်နေပါပြီ။
တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ကနေ ထွက်လာတဲ့ အိုမယ်ဆွန်းဟာ အသက် ၂၀ အရွယ်
ရုပ်သွင်ကို ပြန်ပြောင်းသွားခဲ့ပါတယ် ။
ဒီအခွင့်အရေးကို အသုံးချပြီး အိုမယ်ဆွန်းဟာ အိုဒူရီ ( Jung Jiso ) ဆိုတဲ့ နာမည်အသစ်နဲ့
သူ့အိပ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ဖို့ အရေး ကြိုးပမ်းပါတော့တယ်။
Idol trainee တစ်ယောက် ဖြစ်လာတဲ့ အိုဒူရီဟာ Unis Entertainment ကို ဝင်သွားခဲ့ရာကနေ
ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ်ဟန် ( Jung Jinyoung ) နဲ့ တွေ့ဆုံရပါတော့တယ်။
တိကျသေချာတဲ့ ပရိုဂျူဆာ ဒန်နီရယ်ဟန်ရဲ့ ဘဝထဲကို အဘွားအို တစ်ဖြစ်လဲ idol trainee အိုဒူရီ
ရောက်လာပြီးတော့မှ ဘယ်လိုတွေ ကမောက်ကမဖြစ်မလဲ ။
သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း
စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။
(အညွှန်းကိုတော့ Hazelle မှ ရေးသား‌ထားပါတယ်။)

Aired: Dec 18, 2024 - Jan 23, 2025
Aired On: Wednesday, Thursday
Genres: Mystery, Comedy, Drama, Fantasy
Episodes: 12
Original Network: KBS2
Translated by ToeToe Aung, Stary, Milkeux, Yati Naing & Theint 
Encoded by Tiff

https://t.me/korea_series_movies_world/303

MW Sereis Channel S5L

23 Dec, 10:56


Check in Hanyang
ယုံးချွန်းရူဆိုတာကတော့ ဂျိုဆွန်းခေတ်မှာ ခမ်းနားကြီးကျယ်ဆုံးသော တည်းခိုဆောင်တစ်ခုပဲ ဖြစ်ပါတယ်။

ဂျိုဆွန်းမင်းသားတစ်ပါးဖြစ်ပေမဲ့လည်း သူ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ပြီး Lee Eun Ho ဆိုတဲ့နာမည်ပွားကို အသုံးပြုကာ ယုံးချွန်းရူမှာအလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်နေသူ Lee Eun .....
အထွေထွေစီမံခန့်ခွဲသူဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယုံးချွန်းရူမှာ
ယောက်ျားလေးယောင်ဆောင်ပြီး အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Hong Seok Soo...
ယုံးချွန်းရူရဲ့ ဆက်ခံသူတစ်ဦးဖြစ်သော်လည်း ယုံးချွန်းရူကို စီမံကွပ်ကဲဖိုအတွက်တစ်စက်လေးတောင် စိတ်မဝင်စားပေမဲ့ အဖေဖြစ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့်
အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေရတဲ့ Chu Jun Hwa ....
မိသားစု ဂုဏ်အဆင့်အတန်းကို မြှင့်တင်ဖိုအတွက် ယုံးချွန်းရူမှာ အမြဲတမ်းဝန်ထမ်းတစ်ယောက်ဖြစ်ဖို ရည်မှန်းချက်နဲ့ အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Goo Soo Ra ....
ဒီလိုမျိုး မတူညီတဲ့ အကြောင်းပြချက်တွေ ရည်မှန်းချက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်လေး
၄ ယောက်ဟာ အလုပ်သင်အဖြစ် လုပ်ကိုင်ရင်း ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲ ..

https://t.me/korea_series_movies_world/304

MW Sereis Channel S5L

23 Dec, 10:50


ယနေ့အသစ်ထွက်ကိုရီးယားအပိုင်းသစ်များ
Iron Family (2024) Episode 22 to 26
https://t.me/ongoing_update_series/1028

The Tale of Lady Ok (2024) Episode 3 to 6
https://t.me/ongoing_update_series/1029

Marry You (2024) Episode စဆုံးရပါပြီ
https://t.me/ongoing_update_series/1030

Parole Examiner Lee Episode 9,10
https://t.me/ongoing_update_series/1031

My Merry Marriage (2024) Episode 48 to 52
https://t.me/ongoing_update_series/1032

Desperate Mrs. Seonju (2024) Episode 15 to 19
https://t.me/ongoing_update_series/1033

Cinderella Game (2024) Episode 11 to 15
https://t.me/ongoing_update_series/1034

Light Shop (2024) Update စဆုံး ရပါပြီ
https://t.me/ongoing_update_series/1035

Who Is She (2024)
https://t.me/ongoing_update_series/1036

Sorry Not Sorry (2024) Episode 3
https://t.me/ongoing_update_series/1037

Family Matters (2024) Episode 4,5
https://t.me/ongoing_update_series/1038

Check in Hanyang
https://t.me/ongoing_update_series/1039

MW Sereis Channel S5L

22 Dec, 06:26


The Simpsons Season 34 Episode 5
IT Chapter အပိုင်းနှင့် simpsons

(ယခုအပိုင်းကို သရဲကြောက်တတ်သူများ သွေးသံရဲရဲကြည့်ရန်ကြောက်သူများ မကြည့်ရန် အသိပေးပါသည် )

Telegram Link နဲ့ Download Link နှစ်မျိုးတင်ပေးထားပါတယ်နော
အဆင်ပြေတဲ့ဟာ ကြည့်လိုရပါတယ်
ကြိုက်နှစ်သက်ရင်လည်း ရှယ်တာဖြစ်ဖြစ် ပြန်တင်တာဖြစ်ဖြစ်လုပ်လိုရပါတယ်
မင်မင်တိုကိုယ်တိုင် Free တင်တဲ့အပိုင်းမို လွတ်လပ်စွာပြန်လည်ကူးယူတင်နိုင်ကြောင်း
အသိပေးအပ်ပါတယ်

📱Telegram Link
https://t.me/+kfJNT1bOzRE4NGQ1

📱Megaup Link (VPN ဖွင့်ပေးပါ)
https://megaup.net/8dd9224c218f9ebf62ac90c96a0ad3d2/MW_The_Simpsons_Season_34_Episode_5.m4v

MW Sereis Channel S5L

20 Dec, 05:38


One Hundred Years of Solitude (2024)
1967မှာ ကိုလမ်ဘီယာစာရေးဆရာ Gabriel García Márquezက One Hundred Years of Solitudeဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့တယ်။ ဒီစာအုပ်ဟာ ကမ္ဘာ့စာပေအနေနဲ့ရော စပိန်ဘာသာစကားနဲ့ရေးသားထားတဲ့ စာပေအနေနဲ့ရော စာပေသမိုင်းရဲ့အရေးပါတဲ့အထင်ကရမှတ်တိုင် တစ်ခုဖြစ်ခဲ့သလို Magical Realism Genreရဲ့ စံနမူနာစာအုပ်တစ်ခုလည်း ဟုတ်ခဲ့တယ်။ 1982မှာ Márquezဟာ စာပေနိုဘယ်ဆုရခဲ့ပြီး ဒီဆုရခဲ့တဲ့အဓိကအကြောင်းရင်းကလည်း သူ့ရဲ့မာစတာပိစ်ဖြစ်တဲ့ One Hundred Years of Solitudeကြောင့်ဖြစ်ခဲ့တယ်။

Márquezမသေခင် ၂၀၁၄အထိကို ရုပ်ရှင်ရိုက်ဖို့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလို့ စာရေးသူကိုယ်တိုင် ပြောခဲ့ဖူးတယ်။ သူ့ပရိသတ်တွေကလည်း စာပေက မဖြစ်နိုင်တဲ့ကမ္ဘာတွေကို စာဖတ်သူ ကိုယ်တိုင်စိတ်ကူးပုံ‌ဖော်ကြည့်လို့ရတဲ့ ကိုယ်ပိုင်ခရီးတစ်ခုဖြစ်ပြီး ဒီအရသာက ဘာနဲ့မှသွားတုလို့မရဘူးတဲ့အတွက် ရိုက်လို့ရမှာမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတယ်။

Márquezကိုယ်တိုင်ကလည်း ရုပ်ရှင်ဆိုတာနဲ့ ဒီစာအုပ်က ပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ Márquezနိုဘယ်ဆုမရခင် 1981မှာတုန်းက ဂျပန်ကဗျာဆရာ ဒါရိုက်တာ Shūji Terayamaက ရုပ်ရှင်အနေနဲ့ ရိုက်ဖူးတယ်။ စာရေးဆရာကတော့ ဒီဝတ္တုကို စပိန်လိုပဲပြောပြီး နာရီတစ်ရာနဲ့ ရိုက်ပြမှရောင်းမယ်အော်ခဲ့ဖူးတော့ Shūjiဘယ်လိုနားချလိုက်လဲဆိုတာက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒီစီးရီးမှာတော့ စပိန်လိုပြောပြီး ကိုလမ်ဘီယာမှာပဲ ဒေသခံသရုပ်ဆောင်တွေကိုသုံးပြီး လက်တင်အမေရိက ဒါရိုက်တာတွေနဲ့ပဲရိုက်ခဲ့တဲ့အတွက် စာရေးဆရာ ဖြစ်ချင်သလောက်နီးနီး ဖြစ်သွားတယ်ပြောရမယ်။

သူ့ပရိသတ်တွေဆီကတော့ ချီးကျူးစကားတော်တော်ခံထားရတဲ့ ဇာတ်လမ်းတွဲပါပဲ။ Narrativeတွေ စာအုပ်ထဲက ရွေးချယ်ထုတ်နုတ်ထားတဲ့အပိုင်းအထိပါ ချီးကျူးခံထားရတယ်။ အခုလက်ရှိမှာတော့ ၁၆ပိုင်းမှာ ပထတစ်ခြမ်း၈ပိုင်းပဲ ထွက်ထားပါသေးတယ်။ နက်ဖလစ်အနေနဲ့တော့ မကြာသေးခင်ကမှ ကိုလမ်ဘီယာ magical realismကား Pedro Páramoကို ထုတ်ထားခဲ့ပြီး ခုဒါကိုဆက်ထုတ်တာဆိုတော့ တော်တော်တော့စိပ်ပါတယ်။ ဒီလိုင်းကကားတွေ ထပ်ထုတ်ချင်လည်း ထုတ်နိုင်လောက်သေးတယ်။

ဇာတ်လမ်းကတော့ Buendía မိသားစုရဲ့ မျိုးဆက်၇ဆက်ရဲ့ ဇာတ်လမ်းကို ပြသထားတဲ့ဇာတ်ပါပဲ။ မိသားစုတစ်ခုရဲ့ မျိုးဆက်၇ဆက်အကြောင်းပဲဆိုပေမဲ့ ဒီမိသားစုက လူတွေရဲ့ မတူတဲ့ဖြစ်တည်မှုတွေ မတူတဲ့စရိုက်တွေ မတူတဲ့ဝိသေသတွေကိုကြည့်ရင်း ကျွန်တော်တို့ခေါင်းထဲ တန်းစီဝင်လာမယ့် ကမ္ဘာ့သမိုင်းတစ်လျှောက်က နာမည်ကျော်ပုဂ္ဂိုလ်တွေကိုပြေးမြင်မိလောက်တဲ့အထိ မိသားစုတစ်စုရဲ့သမိုင်းကို ကမ္ဘာတစ်ခုရဲ့သမိုင်းလို တင်ဆက်ထားတာကို တွေ့ရပါလိမ့်မယ်။

ဒါက ဒီဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းစေတဲ့အချက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီပထမ၈ပိုင်းမှာတော့မျိုးဆက်၃ဆက်အထိ ခရီးပေါက်ထားပါတယ်။ ၇ဆက်မြောက်မှာက လူလည်းမကျန်တော့ဘူးဆိုတော့ တစ်ဝက်ကျိုးသွားပြီပြောရပါမယ်။ ဒါပေမဲ့လည်း Joseသေတဲ့ ပထမခြမ်းရဲ့နောက်ဆုံးနားမှာ ၆ဆက်မြောက်က Aureliano Babilonia ဒီအဖြစ်တွေကိုပြန်ဖတ်နေတဲ့အခန်းကိုတော့ ထည့်ထားတယ်။

ဒီဇာတ်လမ်းမှာတင်ဆက်ထားတဲ့ Buendíaမိသားစုက လူတွေကလည်း မတူတဲ့ဗီဇအသီးအသီးနဲ့ စိတ်ဝင်စားစရာကောင်းသလို သူတို့မိသားစုရဲ့ ကြမ္မာကလည်း စိတ်ဝင်စားစရာကောင်းနေတယ်။ Magical Realism Genreဖြစ်တာနဲ့အညီပဲ ဇာတ်လမ်းတစ်လျှောက်မှာလည်း သူတို့မိသားစုဆီ ရောက်လာတတ်တဲ့ တစ္ဆေတွေ သူထူးတွေ အိပ်မက်ဆန်ဆန်အဖြစ်တွေရှိနေတယ်။ သူတို့ကမ္ဘာကြီးမှာ အစဉ်အလာတွေရော အသစ်တွေရောရှိနေသလို လက်တွေ့ကျတာတွေရော အယူသီးတာတွေရော ရှိနေတယ်။

သူတို့ကမ္ဘာကြီးမှာ လက်ခံခြင်းတွေရော လက်မခံခြင်းတွေရောရှိသလို သူတို့ကမ္ဘာကြီးမှာ လူမဆန်ခြင်းတွေရော ချစ်ခြင်းတွေရောရှိတယ်။ သူတို့ကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးလည်းဆန်သလို သူတို့ကမ္ဘာကြီးက အိပ်မက်လည်းဆန်တယ်။ ဒီဇာတ်လမ်းတွဲမှာ García Márquezရဲ့ အဲဒီလိုကမ္ဘာကို ကျွန်တော်တို့မြင်ရပါလိမ့်မယ်။

https://t.me/series_mmsub_vol2/214

MW Sereis Channel S5L

20 Dec, 05:21


Star Wars: Skeleton Crew (2024)
စတားဝေါ စကြဝဠာရဲ့ နောက်ထပ် စီးရီးအသစ်တစ်ခုလာပါပြီ။

မင်းသားကြီး Jude Law ပါဝင်ထားပြီး ကလေးသရုပ်ဆောင်လေးယောက်ကိုအဓိက

ရိုက်ကူးထားတာဖြစ်ပါတယ်။

အချိန်အရတော့ The Return of the Jedi အပြီး

အင်ပါယာကျဆုံးပြီးချိန်နောက်ပိုင်း ပြည်ထောင်စုသစ် ကာလတစ်ခုထဲမှာ

ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီတော့ မန်ဒါလိုရီးရန်း တို့ အာရှိုးကာတို့နဲ့ လိုအပ်ရင် ချိတ်ဆက်ပါလိမ့်မယ်။

ဇာတ်လမ်းအကျဉ်း

ပြည်ထောင်စုသစ် စနစ်အောက်က ဂြိုလ်တစ်ခုမှ

ကျောင်းတက်နေတဲ့ နီးနဲ့ ဝင်းဆိုတဲ့ ကျောင်းသားသူငယ်ချင်းနှစ်ယောက်ဟာ

တစ်နေ့မှာ တောထဲမှာမြှပ်နေတဲ့ယာဉ်ကြီးတစ်ခုကို တူးမိသွားပါတယ်။

သူတို့တွေနဲ့ အပြိုင်တူးမိတဲ့ ကျောင်းသူနှစ်ယောက် ဖန်း နဲ့ ကေဘီတို့နဲ့အတူ

လေးယောက်သား ယာဉ်ကြီးနဲ့ပါသွားပြီးဂလက်ဆီကြီးထဲက

ဂြိုလ်တွေထဲမှာ လမ်းပျောက်သွားပါတော့တယ်။

အဲဒီကနေ အိမ်ပြန်နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရင်း ပြည်ထောင်စုသစ်နဲ့

အင်ပါယာရဲ့ အရှုပ်တော်ပုံ ကြားထဲရောက်သွားတဲ့အခါ

https://t.me/series_mmsub_vol2/212

MW Sereis Channel S5L

19 Dec, 11:35


Before (2024)
ဒီဇာတ်လမ်းလေးကတော့ အခုမှ အသစ်ထွက်ရှိထားတဲ့ Thriller ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Eli လို့ခေါ်တဲ့ ကလေးစိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ သူ့မိန်းမ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးနောက် အရင်လိုအလုပ်ကိုမလုပ်နိုင်တော့ဘဲ လေ‌လွင့်နေတဲ့သူတစ်ယောက်ပါ။
အိမ်မက်ဆိုးတွေကလည်းအမြဲခြောက်လှန့်နေပြီး သူကိုယ်တိုင်တောင် ဆရာဝန်ပြနေရတဲ့အဆင့်ဖြစ်နေပါတယ်။ တစ်နေ့ Noah လို့ခေါ်တဲ့ကောင်လေးက ထူးထူးဆန်းဆန်း သူ့အိမ်ကိုရောက်လာပြီး သူ့ကိုတစ်ခုခုပြောချင်နေခဲ့ပါတယ်။ Noah ဟာ အမည်မသိအရာဝတ္ထုတွေကိုမြင်နေရလို့ စိတ်ဒါဏ်ရာဖြစ်ကာ စကားပါမပြောတော့တဲ့ကလေးတစ်ယောက်ပါ။

ဒီလိုနဲ့ Noah လေးကို Eli တစ်ယောက် တာဝန်ယူကုသရပါတော့တယ်။ ဒီလိုနဲ့ Noah လေးကရော ဘာဖြစ်နေတာလဲ။
Eli ရဲ့အတိတ်နဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးကိုကြည့်ရင်းအဖြေရှာသွားဖို့ အကြံပေးချင်ပါတယ်။

IMDb မှာလည်း 6.3 လောက်ထိရရှိထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်လို့ လက်လွှတ်မခံဘဲစောင့်ကြည့်သင့်ပါတယ်

https://t.me/series_mmsub_vol2/211

MW Sereis Channel S5L

19 Dec, 11:34


ယနေ့ ဒိုင်းမွန်း အရောင်းဈေးနှုန်း (မလေး,စက်ာပူ,ဖိလစ်ပင်း မပါပါ )
မလေး,စက်ာပူ,ဖိလစ်ပင်း - DM တွင်ဈေးမေးပေးပါ
Indo Server လုံးဝ အရောင်းပိတ်သည်

💎1 weekly Pass - 5900

💎86 - 5100
💎172 - 10400
💎257 - 15900
💎343 - 21100
💎429 - 26000
💎514 - 31500
💎600 - 36200
💎706 - 41800
💎878 - 52200
💎964 - 57000
💎1049 - 61800
💎1135 - 68000
💎2195 - 125,000
💎3688 - 208,000
💎5532 - 310,000
💎9288 - 520,000

Pubg All Sever UC Price
Korea မရပါ

60 Uc -5000
180 Uc - 14000
325 Uc - 22000
660 Uc - 45200
1800 Uc - 110,000
3850 Uc - 220,200
8100 Uc - 443,200

Honor Of King Token
Weekly Card  = 5800KS
Weekly card plus  =18000ks

80+=5700
160+=10800
240+=18800
400+=29900
560+=40200
800+=52500
1200+=82000
2400+=160,000
4000+=300,000
8000+=525,000
12000+=810,000
16000+=1,037,000

Love and Deepspace

60 Crystals မှစပြီးရောင်းချပေးနေပါပြီ

60 Crystal - 4250
300 Crystal - 20,000
450 Crystal - 31,900
980 Crystal - 68,000
1980 Crystal - 126,500
3280 Crystal - 211,000
6480 Crystal - 40,9000

Companion pack - 83900 mmk
Aurum Pass - 20400 mmk


Available in 3 - 10 Minute .....

Payment -
💳💳  09799464428 (Thandar Zaw )

Chat 😎 💌 : @moviesworldmwchannel 🌟

MW Sereis Channel S5L

19 Dec, 11:19


The Agency (2024)
IMDb 7.2/10 နဲ့ Rotten Tomatoes 67% ရထားတဲ့ Series ကောင်းတစ်ခုပါပဲ။

ဇာတ်လမ်းကတော့ ခြောက်နှစ်လောက်သူလျှိုလုပ်နေတဲ့ CIA Agent မာရှန်က လန်ဒန်စခန်းကို ပြန်အခေါ်ခံလိုက်ရတာကစပါတယ်။ အကြောင်းရင်းက သူတို့ CIA Agent တစ်ယောက်ဖြစ်တဲ့ ခါရိုတီက DUI charge နဲ့အဖမ်းခံလိုက်ရလို့ပါ။ ပြဿနာက ဘာလဲဆိုတော့ ခါရိုတီပျောက်သွားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီအေးဂျင့်က CIA ရဲ့ အော်ပရေးရှင်းတော်တော်များများကိုသိနေပြီး သူလျှိုအေးဂျင့်အများအပြားကိုပါ ဖော်လိုက်နိုင်စွမ်းရှိနေတဲ့သူဖြစ်နေပါတယ်။

ဒါကြောင့် မာရှန်က ခြောက်နှစ်တာမစ်ရှင်ကိုပစ်ထားခဲ့ရပြီး ခါရိုတီရှာပုံတော်ဖွင့်ရပါတော့တယ်။ Cast တွေအနေနဲ့ကတော့ မာရှန်အဖြစ် Michael Fassbender , ဘောစကိုအဖြစ် Richard Gere နဲ့ နယိုမီအဖြစ် Katherine Waterston ကပါ၀င်ထားပါတယ်။ စပိုင်ဇာတ်ကားတွေကြိုက်ရင်တော့ မလွှတ်သင့်ပါဘူး။

https://t.me/series_mmsub_vol2/210

MW Sereis Channel S5L

19 Dec, 11:03


Interior Chinatown (2024)
ဒီဇာတ်လမ်းကတော့ အရာမဝင်တဲ့ လူတစ်ယောက်ရဲ့ အရာဝင်ချင်တဲ့ ဇာတ်လမ်းလေးလို့ ဆိုရမယ်။ မိသားစုထဲမှာ မိဘဦးစားပေးခြင်း မခံရတဲ့ မိဘရဲ့ fav child ဖြစ်ခွင့်မရတဲ့ နောက်လူတစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။

ဝီလစ်ဆိုတဲ့ အမျိုးသားဟာ ငယ်စဉ်ကတိုင် ကွန်ဖူးသိပ်တော်တဲ့ သူ့ရဲ့ အစ်ကိုကို အားကျခဲ့ရတယ်။ သူ့ရဲ့ အစ်ကိုလို လူတိုင်းအထင်ကြီးတဲ့ ကောင်လေးတစ်ယောက် ဖြစ်ဖို့ဟာ သူ့အိပ်မက်ပဲ။ ဒါပေမဲ့ တချို့သောသူတွေအတွက် အိပ်မက်ဆိုတာ အိပ်မက်အဆင့်ကနေ တက်မလာပါဘူး။ ဒီအုပ်စုမှာ ဝီလစ်လည်း ပါသည်ပေါ့။

တိုက်ရည်ခိုက်ရည်အပြည့်နဲ့ သူရဲကောင်းကြီး ဖြစ်ဖို့ မွေးဖွားလာပေမဲ့ ကံအကြောင်းမလှစွာ ရွှေ‌နန်းတော်ဆိုတဲ့ ဦးလေးဖြစ်သူရဲ့ တရုတ်တန်းက စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေရပါတယ်။ ဝီလစ်ဟာ သိပ်ကို တိုက်ချင်ခိုက်ချင်တယ်။ စုံထောက်တွေလို အမှုတွေ လိုက်ချင်တယ်။ တစ်နေ့တော့ သူတို့ဆိုင် နောက်ဖေးလမ်းကြားထဲမှာ အမျိုးသမီးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတယ်။

ဝီလစ်ဟာ ဒါကို တပ်အပ်မြင်လိုက်တဲ့ မျက်မြင်သက်သေဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဇာတ်လိုက်‌ကျော်ကြီး ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ဟာ အကောင်အထည်ပေါ်ဖို့ လမ်းစလေး ပွင့်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် ဝီလစ်အဖြစ် အားလုံးနဲ့ မစိမ်းတဲ့ Stand-up Comedian နဲ့ သရုပ်ဆောင်ဖြစ်သူ Jimmy O.Yang က ပါဝင်သရုပ်ဆောင်ထားပါတယ်

https://t.me/series_mmsub_vol2/209

MW Sereis Channel S5L

17 Dec, 02:48


Hunter x Hunter Event မှာ ဂုန်ဆင်းကြမယ်

Recharge Token တွေကတော့
Jan 11 ( 1 st phase)
Jan 25 (2 nd phase)

ဆိုတော့
ဒီနေ့က စပြီး Jan 10 ရက်နေ့အထိ order လေးတွေကြိုတင်လို့ရပါပြီ

Order ကြိုတင်ရင် ငွေလုံးဝ လုံးဝ ကြိုချေစရာမလိုဘဲ

Event စချိန် 2 ခွဲမှသာ ငွေချေပေးရမှာဖြစ်ပါတယ်

ဆိုတော့ ဒီ Event မှာ သေချာပေါက်ကို ဒီ skin တွေယူမယ့်သူကတော့ WP လေးနဲ့ မှီသလောက်စုထားပါ

စျေးလေးတွေကျတုန်း ဝယ်ထားနော်
Event နီးရင်စျေးတွေတက်လို့ပါ

💎1 weekly Pass - 5900

Available in 3 - 10 Minute .....

Payment -
💳💳  09799464428 (Thandar Zaw )

Chat 😎 💌 : @moviesworldmwchannel 🌟

MW Sereis Channel S5L

14 Dec, 05:47


Doctor Odyssey
ဒီဇာတ်လမ်းတွဲကတော့ ဆေးပညာနောက်ခံကိုမှ အ‌ပျော်စီး
သင်္ဘောကြီးတစ်စီးဖြစ်တဲ့ အိုဒက်စီ သင်္ဘောကြီးပေါ်မှာ
ကြုံရတွေ့ရမယ့် ထူးထူးဆန်းဆန်း ဆေးပညာပြဿနာ
တွေကို သင်္ဘောဆရာဝန်အဖွဲ့က ဘယ်လိုပုံစံမျိုးတွေနဲ့
ဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။
မက်ဇ်ဘန့်မန်းက အိုဒက်စီသင်္ဘောပေါ် အသစ်ရောက်တဲ့
ဆရာဝန်ကြီးဖြစ်ပြီး အေဗရီနဲ့ ထရစ်စတန်တို့က လုပ်သက်
ရင့်နေပြီဖြစ်တဲ့ သူနာပြုနှစ်‌ယောက်ပါ။
ဆေးအဖွဲ့ထဲကိုအသစ်ရောက်လာတဲ့ ဆရာဝန်နဲ့ နဂိုရှိပြီးသား သူနာပြု
နှစ်ယောက်ကြားက အားပြိုင်မှုတွေ၊ အချင်းချင်းနားလည်မှု
ရသွားပုံတွေ၊ သင်္ဘောပေါ်က ခရီးသည်ပေါင်းစုံရဲ့ မျိုးစုံ
သော ပြဿနာပေါင်းစုံ၊ ရောဂါပေါင်းစုံ၊ အရေးပေါ်ကိစ္စ
ပေါင်းစုံတို့ကို ‌‌‌‌‌‌‌‌အတူတူဖြေရှင်းကြပုံတွေကို ကြည့်ရမှာပဲ
ဖြစ်ပါတယ်။ IMDb – 5.8နဲ့ RT 71% ရထားပြီး အပတ်စဉ်
ပုံမှန်တင်ဆက်ပေးသွားပါမယ်။

https://t.me/series_mmsub_vol2/207

MW Sereis Channel S5L

14 Dec, 05:38


ယနေ့အသစ်ထွက် ကိုရီးယားကားများ

My Merry Marriage (2024) Episode 47
https://t.me/ongoing_update_series/1013

Sorry Not Sorry (2024) Episode 2
https://t.me/ongoing_update_series/1012

Cinderella Game (2024) Episode 10
https://t.me/ongoing_update_series/1011

Face Me (2024) Episode စ ဆုံး
https://t.me/ongoing_update_series/1010

Light Shop (2024) Episode 6
https://t.me/ongoing_update_series/1009

Brewing Love (2024) စဆုံး
https://t.me/ongoing_update_series/1008

Desperate Mrs. Seonju (2024) Episode 14
https://t.me/ongoing_update_series/1007

Parole Examiner Lee Episode 7,8
https://t.me/ongoing_update_series/1005

Marry You (2024) Episode 8
https://t.me/ongoing_update_series/1004

MW Sereis Channel S5L

14 Dec, 05:31


ယနေ့ ဒိုင်းမွန်း အရောင်းဈေးနှုန်း

💎1 weekly Pass - 5900

💎86 - 5100
💎172 - 10400
💎257 - 15900
💎343 - 21100
💎429 - 26000
💎514 - 31500
💎600 - 36200
💎706 - 41800
💎878 - 52200
💎964 - 57000
💎1049 - 61800
💎1135 - 68000
💎2195 - 125,000
💎3688 - 208,000
💎5532 - 310,000
💎9288 - 520,000

⌛️Available in 1 - 3 Minute .....

Payment -
💳💳  09799464428 (Thandar Zaw )

Chat 😎 💌 :
@moviesworldmwchannel 🌟

MW Sereis Channel S5L

01 Dec, 04:11


The Trunk (2024)

ပရိသတ်ကြီးတို့ အချိန်အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့...

မှင်စာဦးလေးကြီးရဲ့ ကားသစ်လေး ထွက်ရှိလို့လာပါပြီ ..

ဒီကားလေးထဲမှာတော့ ပရိသတ်ကြီးတို့ရဲ့ အသည်းစွဲ မင်းသား Gong Yoo နဲ့...

မင်းသမီး Seo Hyun Jin တို့လို ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ထားတာမိုလို့...

မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပါနော် ..

ဇာတ်လမ်းအညွှန်း
-------------

Han Jeong Won (Gong Yoo) ကတော့ သီချင်းထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီး...

အတိတ်က နာကျင်မှုကြောင့် စိုးရိမ်ပူပန်မှုတွေ အထီးကျန်မှုတွေ ခံစားနေရတဲ့ လူတစ်ယောက်ပါ ..

Noh In Ji (Seo Hyun Jin)ကတော့ NM လို့ခေါ်တဲ့ ယာယီအိမ်ထောင်ဖက်ကို စာချုပ်သက်တမ်းနဲ့...

စီစဉ်ပေးတဲ့ အကျိုးဆောင်ကုမ္ပဏီမှာ လုပ်ကိုင်နေသူပဲဖြစ်ပါတယ် ..

သူမဟာ နှစ်တိုင်း တစ်နှစ်စာချုပ်နဲ့ ဟန်ဆောင်လက်ထပ်ပြီး နေလာရတာကြောင့်...

အထီးကျန်မှုကို ပြင်းပြင်းထန်ထန် ခံစားလာရပါတော့တယ် ..

အဲဒီအချိန်မှာပဲ Jeong Woo က သူနဲ့ အရင်က ဟန်ဆောင်လက်ထပ်ခဲ့တဲ့ မိန်းကလေးကို...

မေ့မရတဲ့အတွက်  In Ji နဲ့ ဒုတိယအကြိမ် ဟန်ဆောင်လက်ထပ်ခဲ့ပါတယ်...

အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ရင်းနှီးလာပြီးနောက် တစ်နေ့မှာ...

လျှို့ဝှက်ဆန်းကြယ်တဲ့ သေတ္တာတစ်လုံးကို ရေကန်ထဲကနေ ပြန်လည်ဆယ်ယူရရှိပြီးနောက်...

NM ကုမ္ပဏီရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ ထွက်ပေါ်လာပါတော့တယ်....

သူတို့ဘဝကို ဗြောင်းဆန်သွားအောင် လုပ်ခဲ့တဲ့ အဲဒီသေတ္တာရဲ့ သရုပ်မှန်က ဘာဖြစ်မလဲ...

သူတို့နဲ့ရော ဘယ်လိုပတ်သက်မှုတွေ ရှိနေမလဲ ..
ဟန်ဆောင်လက်ထပ်ရင်းကနေ နှစ်ယောက်သား တကယ်ချစ်မိသွားကြမလား...
အစရှိတာတွေကို  chemistry မိမိနဲ့ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲဆိုတာ...
CM နဲ့အတူတူ စောင့်ကြည့်ပေးကြပါဦးနော် ..


https://t.me/korea_series_movies_world/295

MW Sereis Channel S5L

30 Nov, 02:12


12000 kyat နဲ့မန်ဘာဝင်ချင်ပါက ဒီနေ့နောက်ဆုံးဖြစ်ပါတယ်နော်

ဘာတွေပါလဲအောက်ကလင့်မှာကြည့်ပေးပါ
မနက်ဖြန်ဆို 18000 ဖြစ်သွားပါပြီ
လစာထုတ်ပြီးရင် မန်ဘာဝင်ထားလိုက်နော်
ဝင်ပြီးနောင်တမရစေရပါဘူး အာမခံတယ်

12000 Member
https://t.me/pro_plus_vip/711

18000 Member
https://t.me/pro_plus_vip/775

MW Sereis Channel S5L

29 Nov, 12:19


မန်ဘာမဝင်ရသေးသူတွေ အခု သိချင်ကြမယ်ထင်တဲ့မေးခွန်းလေးကို ဒီနေ့ဖြေပေးမယ်နော်
ခုလက်ရှိ
The Simpsons VIP Group (6000 mmk)
Upload Day : Mon to Fri
1 Months : 20 Episode
Total Episode : 97 Episode

❗️❗️❗️❗️❗️❗️❗️SS  ဟု စာလေးရေးပိုပေးပါရန်
Admin Acc :
@moviesworldmwchannel

Family Guy VIP Group (5000 mmk)
Upload Day : Mon to Fri
1 Months : 20 Episode
Total Episode : 26 Episode

❗️❗️❗️❗️❗️❗️❗️GUY  ဟု စာလေးရေးပိုပေးပါရန်
Admin Acc :
@moviesworldmwchannel

နှစ်ကားလုံးက တစ်ပတ်ကို ငါးပိုင်းတင်ပါမယ်
ခုချိန်ထိတော့ ဒီဈေးနှုန်းလေးပဲ သတ်မှတ်ပေးထားတာဖြစ်ပြီး အပိုင်းများလာရင် ဈေးနှုန်းထပ်တက်ပါမည္်
Free သမားတွေအတွက်လည်း တစ်ပတ်တစ်ပိုင်းဝန်းကျင်တင်ဖြစ်မှာဖြစ်ပါတယ်


Free Link
https://t.me/the_simpsons_mmsub/1859

MW Sereis Channel S5L

29 Nov, 12:03


From(2022) Season 1 to 3 စဆုံး Free Link
ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲလေးလာပါပြီ
နိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့
လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီး
ပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲ
ပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြိုကြီးတစ်မြိုထဲကို
တဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ
အဲဒီမြိုကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလိုရပေမယ့်
ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါ
အဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို
တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖိုဖွင့်ပေးလိုက်ရင်တော့ သူတိုပြုသမျှ
နုရတော့တာပါပဲ
ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့
စုပေါင်းပြီး လက်ဖွဲအဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီး
သူတိုမလာအောင်လို ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့
နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ်
ရောက်လာတဲ့ ကားနှစ်စီးထဲမှာ အင်ဂျင်နီယာနှစ်ယောက်ပါလာပြီးတော့
အဲဒီမြိုကြီးထဲကနေ ထွက်လိုရအောင် ပြင်းပြင်းထန်ထန်ကြိုးစားကြပါတော့တယ်
ဒါပေမဲ့ တကယ့်ပြဿနာက မြိုကြီးလား မကောင်းဆိုးဝါးတွေလား သူတိုသေပြီးလို
ကောင်းကင်ဘုံမရောက်ခင်ငရဲခံရတဲ့နေရာလား ဒါမှမဟုတ် အဲဒီနေရာကြီးကို
ဖန်တီးထားတဲ့လူတွေရှိနေတာလား ဆိုတာကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့
ခံစားလိုကောင်းမယ့် ဇာတ်လမ်းတွဲလေးပါပဲ

ကြည့်ရန်
https://t.me/series_mmsub_vol2/187

MW Sereis Channel S5L

29 Nov, 08:17


❗️❗️❗️❗️ Member Fee - 1️⃣2️⃣0️⃣0️⃣0️⃣mmk
ဒီလကုန် 18000 ကျပ်ဖြစ်သွားပြီမို့ 12000 နဲ့ရတုန်းမန်ဘာဝင်ထားစေချင်ပါတယ်
ကဲ ၁ ရက်နေ့ဆိုတာနဲ့ 18000 ဖြစ်ပြီနော် ၁ ရက်နေ့မှ မရတော့ဘူးလားလို့ မလုပ်နဲ့နော်
ခုရတုန်းလေး မန်ဘာဝင်ပေးပါ နောက်ဆုံးရက်ကပ်နေပြီနော်

✔️ 4️⃣🔤 Movies Channel
✔️ကိုယ်ပိုင် ဘာသာပြန် series များ
💸24 Legacy  စဆုံးရပါပြီ
💸No Ordinary Family
💸Good Girls Season 1 + 2 + 3
💸The Simpsons Season 1,2,3,4,35,36
💸Scream Queen စဆုံး
💸Rick And Morty စဆုံး
💸Garfield and Friend (uploading)
💸Mr.Bean Animation (uploading)
💸Tom & Jerry စဆုံး
💸 Modern Family Season 1
💸 Family Guy Season 1,2,22

✔️Series ပေါင်း ၆၀၀ ကျော်ပါဝင်သော ( paid series channel )

Series Collection များ
🙂
💎VAM Vampire Collection (သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွဲရှည်များ)
💎SC Sitcom Collection Series (မိသားစု ဟာသကားများ )
💎WK Walking Dead (ဇွန်ဘီ) Collection Series
💎MCU Marvel Collection Series
💎(Buddha,Mahakali,ashoka) bollywood ျseries အရှည်

✔️ Movies ပေါင်း 3000 ကျော်ပါဝင်သော ( vip movies channel )
✔️ Animation Series များ

မန်ဘာဝင်ရန်
Bot Link
➡️ :@moviesworldmwchannelbot
Channel Link
➡️ : @pro_plus_vip

တိုက်ရိုက်မန်ဘာဝင်ရန် (pro plus ဟုစာပိုပေးပါ )
🦋 Admin Acc :@moviesworldmwchannel

MW Sereis Channel S5L

28 Nov, 14:09


Parole Examiner Lee (2024)

မှုခင်းကားချစ်သူများအတွက် Missing : The Other Side မှ မင်းသား
Ko Soo နဲ့ Girls' Generation အဖွဲ့ဝင် Kown Yuri တို့ရဲ့
မှုခင်းဒရမ်မာသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ..

- ဇာတ်လမ်းအကျဉ်း -

အီဟန်ရှင်း (Go Soo) ကတော့ ရှေ့နေတစ်ဖြစ်လဲ အကျဉ်းသားတွေကို ယာယီလွတ်ငြိမ်းခွင့်
ပေးသင့်မပေးသင့်ကို ဆုံးဖြတ်ချက်ချပေးရတဲ့ စစ်ဆေးရေးမှူးတစ်ယောက်ပါ ..
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပိုက်ဆံ ၊ နောက်ခံ ၊ အဆက်အသွယ် အစရှိတာတွေနဲ့
ယာယီလွတ်ငြိမ်းခွင့်စနစ်ကို ကြိုးကိုင်ခြယ်လှယ်ပြီး
ထောင်က လွတ်ဖို့ ကြိုးစားနေတဲ့လူတွေကို တားဖို့ပေါ့ ..

ချွဲဟွာရန်း (Baek Ji-Won) ကတော့ ငွေတိုးချေးစားသူဖြစ်ပြီး
သူပြန်မရတဲ့အကြွေးတွေကို ပြန်ယူဖို့အတွက် ဟန်ရှင်းနဲ့ လက်တွဲလုပ်ကိုင်နေသူပါ ..

အန်ဆောယွန်း (Kwon Yuri) ကတော့ ace စုံထောက်မလေးပါ
ဆောယွန်းအတွက် အကြီးမားဆုံး အဖြစ်အပျက်တစ်ခုကတော့ သူ့ညီမလေးရဲ့ သေဆုံးမှုပါပဲ ..
သံသယတော့ရှိနေပေမဲ့ သက်သေမရှိတဲ့အတွက် အမှုပိတ်သိမ်းခဲ့ရပါတယ် ..

တောင်ကိုးရီးယားရဲ့ စုံထောက်တစ်ဦးအနေနဲ့ ဥပဒေဘောင်အပြင်ဘက်က
တရားမျှတမှုကို စိတ်ကူးတောင် မယဉ်ကြည့်နိုင်ခဲ့တဲ့သူ ဖြစ်ပေမဲ့
တစ်ခါတစ်ရံမှာ ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းလို့မရနိုင်တဲ့ အမှုတွေရှိမှန်း
နားလည်သွားတဲ့ ဆောယွန်းတစ်ယောက် .. အီဟန်ရှင်း ချွဲဟွာရန်းတို့နဲ့ လက်တွဲပူးပေါင်းပြီး
ညီမဖြစ်သူကိုသတ်တဲ့ တရားခံအစစ်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်...

မသမာတဲ့နည်းလမ်းနဲ့ ထောင်ထဲက လွတ်ဖို့ ကြံစည်နေတဲ့ အကျဉ်းသားတွေကို
သူတို့ ၃ ယောက် ဘယ်လိုတားဆီးသွားမလဲဆိုတာကိုတော့ ဒီဒရမ်မာလေးထဲမှာ
အပတ်စဉ် တနင်္လာ အင်္ဂါနေ့တိုင်း စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ ..}

https://t.me/korea_series_movies_world/293

MW Sereis Channel S5L

26 Nov, 04:35


The Simpsons Season 32 Episode 20
မိဘဆိုတာ သားသမီးကို သူတိုရှေးခတ်ကလိုပဲ ဘောင်ထဲထားချင်တယ်
သားသမီးဆိုတာလဲ ကိုဝါသနာပါရာ ရှေ့ရေးကို ကိုယ်တိုင်လျှောက်ချင်ကြတာပါပဲ

လီဆာ သမ္မတဖြစ်တဲ့အပိုင်းလေးပါ

📱Telegram Link
https://t.me/+w1cEtUm6WPc0MDE9

📱Megaup Link (VPN ဖွင့်ပေးပါ)
https://megaup.net/ea1031a6b27ed09d33176c62338f162d/MW_The_Simpsons_S32_E20-1.m4v

MW Sereis Channel S5L

26 Nov, 03:40


Today Price 🔣26.11.2024🔣

Smile One
🇧🇷SC BRL
1K = 76,500 MMK
5K = 382,000 MMK
10K = 765,000 MMK

🇵🇭SC PHP
1.12KCoins= DM


Smile Coin Group Chat (Group ထဲမှာပဲဝယ်ပေးပါ)
https://t.me/smile_one_seller
....................................
📱Telegram
⭐️ Star Price List ⭐️

💜50 stars = 7000 ks
💜100 stars = 14000 ks
⭐️250 stars = 29000 ks
⭐️500 stars = 51000 ks

⭐️ Telegram Premium Price ⭐️

⚡️3 Months = 64,000 ks
⚡️6 Months = 88,000 mmk
⚡️1 Year = 149,000 mmk

⭐️Paid Channel :@star_Paid/4
..............................................
🎮🎮🎮Diamond အရောင်းဈေးများ

💎1 weekly Pass - 6100
Dia 11 လုံးမှစတင်ပြီး ဝယ်လိုရပါပြီ

💎MLBB Dia Shop : @shwe5lay_game_shop

Available in 3 - 10 Minute .....

Payment -
💳💳  09799464428 (Thandar Zaw )

Chat 😎 💌 : @moviesworldmwchannel 🌟

MW Sereis Channel S5L

25 Nov, 05:47


ယနေ့အသစ်ထွက် အပိုင်းများ

Gangnam B-Side (2024) Update Episode 5 , 6
https://t.me/ongoing_update_series/935

Face Me (2024) Update Episode 5,6
https://t.me/ongoing_update_series/936

My Merry Marriage (2024) Update Episode 35
https://t.me/ongoing_update_series/937

Scandal Update Episode 97
https://t.me/ongoing_update_series/938

Desperate Mrs. Seonju (2024) Update Episode 5,6
https://t.me/ongoing_update_series/939

When the Phone Rings
https://t.me/ongoing_update_series/940

Marry You (2024) Update Episode 3,4
https://t.me/ongoing_update_series/941

Love Your Enemy (2024)
https://t.me/ongoing_update_series/942

Iron Family (2024) Update Episode 17,18
https://t.me/ongoing_update_series/943

The Empress of Ayodhaya Update Episode 8,9
https://t.me/ongoing_update_series/944

MW Sereis Channel S5L

25 Nov, 05:42


Love Your Enemy (2024)


Princess Hours, Along with the Gods, Kingdom စတဲ့ဇာတ်‌ကားတွေထဲက မင်းသား Ju Ji Hoon နဲ့ ...

Train to Busan ထဲက မင်းသမီး Jung Yu Mi တို အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့...

Rom-Com ကားသစ်ကလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Rom-Com မို မရယ်ရဖိုတော့ မပူနဲ့နော်။

ဇာတ်လမ်းအကျဉ်း

တစ်မြိုတည်း တစ်နေ့တည်း မွေးကြတဲ့ နာမည်လည်းတူတဲ့ ဆော့ဂျီဝန်းနဲ့ယွန်းဂျီဝန်း....

သူတိုရဲ့မိသားစုတွေက မျိုးရိုးစဉ်ဆက် ရန်သူတော်တွေ...နှစ်ယောက်က ကျောင်းလည်းအတူတူတက်ကြပေမယ့်...

ပြိုင်ဘက်တွေဖြစ်ပြီး မျက်နှာချင်းဆိုင်တွေ့တာနဲ့ ရန်စောင်နေကြတဲ့နှစ်ယောက်ပါ။ ဆော့ဂျီဝန်းက...

မိသားစုအခြေအနေကြောင့် မြိုကနေထွက်သွားခဲ့ပေမယ့်...နောက်ပိုင်း သူ့ဇာတိမြိုကိုပြန်ရောက်လာပြီး...

ငယ်ငယ်ကသူတို တက်ခဲ့တဲ့အထက်‌တန်းကျောင်းရဲ့ ဥက္ကဌဖြစ်လာခဲ့တယ်။ ယွန်းဂျီဝန်းကလည်း...

အဲဒီကျောင်းမှာပဲကာယဆရာမဖြစ်လာတော့...ရန်သူတော် နှစ်ယောက် ဘယ်လိုတွေ ဘုနဲ့ဘောက်ဖြစ်ကြပြီး...အချစ်ပန်းလေးတွေ ပေါက်ဖွားလာမလဲဆိုတာကို...အားလုံးပဲ စောင့်မျှော်ကြည့်ရှုခံစားပေးကြပါဦး။

https://t.me/korea_series_movies_world/292

MW Sereis Channel S5L

25 Nov, 05:27


When the Phone Rings (2024)


Baek Sa Eon ကတော့ ဂုဏ်သရေရှိ နိုင်ငံရေးမိသားစုကနေ ဆင်းသက်လာပြီး ကိုရီးယားမှာ
အသက်အငယ်ဆုံး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

Hong hui Ju ကတော့ သတင်းစာတိုက်ပိုင်ရှင်ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကဖြစ်ခဲ့တဲ့
အက်ဆီးဒင့်ကြောင့် သူမရဲ့အသံကို ဆုံးရှုးလိုက်ရပြီး အခုချိန်မှာတော့ တရားရုံးနဲ့ ရုပ်မြင်သံကြားဌာနမှာ
လက်သင်္ကေတဖြင့် စကားပြန်လုပ်နေသူတစ်ယောက်ပါ။
ဒီလိုနဲ့ပဲ Baek Sa Eon နဲ့ Hong Hui Ju တိုက လူကြီးတွေရဲ့ စီစဉ်ပေးမှုကြောင့် လက်ထပ်ခဲ့ရပြီး
အချစ်မပါတဲ့ အိမ်ထောင်ရေးကို စတင်ခဲ့ရတဲ့ သူတိုနှစ်ဦးဟာ လက်ထပ်ထားတဲ့ ၃ နှစ်အတွင်း
တစ်ယောက်နဲ့ တစ်ယောက် အခေါ် အပြောမရှိဘဲ စိမ်းသက်သက်နဲ့ နေလာခဲ့ရာကနေတစ်နေ့  Hui Ju က အမည်မသိလူတစ်ယောက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့အခါ....
ဘာတွေ ဆက်ဖြစ်သွားမလဲ.. ပြန်ပေးဆွဲမှုရဲ့ နောက်ကွယ်က အကြောင်းအရာကရော ဘာဖြစ်မလဲ...
သူတိုနှစ်ယောက်ရဲ့ အေးစက်နေတဲ့ အိမ်ထောင်ရေးအခြေ‌အနေကရော ပြောင်းလဲသွားမလားဆိုတာတွေကို
ရန်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။

https://t.me/korea_series_movies_world/291

MW Sereis Channel S5L

25 Nov, 01:21


Paid Series Update

911 Season 8 Episode 7
https://t.me/ongoing_update_series/932

Arcane season 2 Episode 9
https://t.me/ongoing_update_series/933

FromEpisode S3 E10
https://t.me/ongoing_update_series/934

MW Sereis Channel S5L

24 Nov, 04:57


❗️❗️❗️❗️ Member Fee - 1️⃣2️⃣0️⃣0️⃣0️⃣mmk
ဒီလကုန် 18000 ကျပ်ဖြစ်သွားပြီမို့ 12000 နဲ့ရတုန်းမန်ဘာဝင်ထားစေချင်ပါတယ်

✔️ 4️⃣🔤 Movies Channel
✔️ကိုယ်ပိုင် ဘာသာပြန် series များ
💸24 Legacy  စဆုံးရပါပြီ
💸No Ordinary Family
💸Good Girls Season 1 + 2 + 3
💸The Simpsons Season 1,2,3,4,35,36
💸Scream Queen စဆုံး
💸Rick And Morty စဆုံး
💸Garfield and Friend (uploading)
💸Mr.Bean Animation (uploading)
💸Tom & Jerry စဆုံး
💸 Modern Family Season 1
💸 Family Guy Season 1,2,22

✔️Series ပေါင်း ၆၀၀ ကျော်ပါဝင်သော ( paid series channel )

Series Collection များ
🙂
💎VAM Vampire Collection (သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွဲရှည်များ)
💎SC Sitcom Collection Series (မိသားစု ဟာသကားများ )
💎WK Walking Dead (ဇွန်ဘီ) Collection Series
💎MCU Marvel Collection Series
💎(Buddha,Mahakali,ashoka) bollywood ျseries အရှည်

✔️ Movies ပေါင်း 3000 ကျော်ပါဝင်သော ( vip movies channel )
✔️ Animation Series များ

မန်ဘာဝင်ရန်
Bot Link
➡️ :@moviesworldmwchannelbot
Channel Link
➡️ : @pro_plus_vip

တိုက်ရိုက်မန်ဘာဝင်ရန် (pro plus ဟုစာပိုပေးပါ )
🦋 Admin Acc :@moviesworldmwchannel

MW Sereis Channel S5L

22 Nov, 13:02


Like a Dragon: Yakuza (2024)
ယာကူဇာဂိုဏ်းကြီးတွေရဲ့အားပြိုင်ဆိုင်မှုတွေ ဂိုဏ်းတွင်းမှာတင် အချင်းချင်းအာဏာလုမှုတွေ ယာကူဇာဂိုဏ်းသားတွေရဲ့ဘ၀တွေကိုမျက်စိထဲမြင်သာအောင် ရိုက်ကူးပြသထားတဲ့ Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။Series ရဲ့နာမည်ကတော့ Like A Dragon : Yakuza ဖြစ်ပြီး IMDb Rating 5.7 အထိရရှိထားပါတယ်။နာမည်အကြီးဆုံးယာကူဇာဂိမ်းတွေကို Live Action အနေနဲ့ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့အတွက်ကြည့်မကောင်းမှာတော့စိတ်ပူစရာကိုမလိုပါဘူး။ဒီ Series မှာအဓိကအချိန်ကာလ ၂ ခုပါရှိပြီး ၁၉၉၅ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်ကို နောက်ကြောင်းပြန်လိုက် လက်ရှိကာလကိုပြလိုက်နဲ့ရောထွေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီ Series ရဲ့အဓိကဇာတ်ကောင်တွေကတော့ ကီရူ အာကီရာ ယူမီနဲ့ မီဟိုဆိုတဲ့ မိဘမဲ့ဂေဟာမှာနေကြတဲ့ မောင်နှမ ၄ ယောက်ပဲဖြစ်ပါတယ်။အဖေအမေတွေတော့မတူကြပေမဲ့ မိဘမဲ့ဂေဟာမှာအတူတူနေလာကြတာကြာတဲ့အခါမှာတော့ သံယောဇဉ်တွေတွယ်လာပြီး မောင်နှမအရင်းတွေလိုဖြစ်လာပါတော့တယ်။ဒါပေမယ့်လူငယ်မြှီးကောင်ပေါက်အရွယ်လေးတွေရောက်လာတဲ့အခါမှာတော့ မိဘမဲ့ဂေဟာမှာမနေချင်တော့ပဲ ၄ ယောက်သားအတူတူထွက်သွားချင်ခဲ့ကြပါတော့တယ်။ဆယ်ကျော်သက်လေး ၄ ယောက်အတွက်တစ်နေရာရာကိုထွက်သွားဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်ပါဘူး။အထူးသဖြင့်အဲ့လိုထွက်သွားဖို့ပိုက်ဆံအရမ်းလိုအပ်တဲ့အတွက် ပိုက်ဆံတွေသိမ်းထားတယ်လို့သူတို့သိထားတဲ့ ဂိမ်းဆိုင်ကြီးတစ်ခုကနေ အားလုံးပူးပေါင်းပြီး ပိုက်ဆံထုတ်ကြီးကိုခိုးလာခဲ့ကြပါတော့တယ်။သူတို့မသိလိုက်တာကတော့ အဲ့ဒီပိုက်ဆံတွေက သူတို့နေထိုင်တဲ့မြို့မှာဒိတ်ဒိတ်ကြဲ လူတိုင်းကြောက်ရတဲ့ယာကူဇာဂိုဏ်းကြီးကပိုင်တဲ့ပိုက်ဆံတွေဖြစ်နေတယ်ဆိုတာကိုပါပဲ။နောက်နေ့ယာကူဇာဂိုဏ်းကအဲ့ဒီပိုက်ဆံကိုပြန်လာတောင်းတဲ့အခါမှာတော့ ယာကူဇာပိုက်ဆံကိုခိုးမိတဲ့ ကလေး ၄ ယောက်အတွက်သေဖို့ကနီးလာပါတော့တယ်။ဒါပေမယ့် ယာကူဇာဂိုဏ်းမှာအလုပ်လုပ်မယ်လို့အပေးအယူလုပ်ခဲ့တဲ့အတွက်‌ သေဘေးကလွတ်လာပြီးနောက်ပိုင်းမှာတော့ ယာကူဇာလောကထဲမှာ မောင်နှမ ၄ ယောက် ဘယ်လိုအရာတွေတွေ့ကြုံရမလဲ ကြီးလာတဲ့အခါမှာရောဘယ်လိုပုံစံတွေဖြစ်လာမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Frigg ဖြစ်ပါတယ်။

https://t.me/series_mmsub_vol2/181

MW Sereis Channel S5L

22 Nov, 12:55


ယနေ့ ဒိုင်းမွန်း အရောင်းဈေးနှုန်းများ

💎1 weekly Pass - 6300

💎86 - 5300
💎112 - 8600
💎172 - 10600
💎257 - 16300
💎343 - 21300
💎429 - 26500
💎514 - 32000
💎600 - 36800
💎706 - 43500
💎878 - 54000
💎963 - 57800
💎1049 - 62800
💎1135 - 68600
💎1412 - 84400
💎2195 - 127,200
💎3688 - 212,000
💎5532 - 318,000
💎9288 - 525,000
💎12976 - 731,200
💎14720 - 834,700

Available in 3 - 10 Minute .....

Payment -
💳💳  09799464428 (Thandar Zaw )

Chat 😎 💌 : @moviesworldmwchannel 🌟

MW Sereis Channel S5L

20 Nov, 14:53


🙂The Simpsons Season 36 Episode 4 🙂

ongoing ခုလက်ရှိပြသနေတဲ့အပိုင်းလေးဖြစ်ပါတယ်
တစ်ပတ်တစ်ပိုင်းတော့ပုံမှန်ထွက်တာမို မင်မင်အချိန်မှီတော့ တင်ပေးနိုင်အောင် ကြိုးစားပေးပါမယ်
Telegram Link နဲ့ Download Link နှစ်မျိုးတင်ပေးထားပါတယ်နော
အဆင်ပြေတဲ့ဟာ ကြည့်လိုရပါတယ်
ကြိုက်နှစ်သက်ရင်လည်း ရှယ်တာဖြစ်ဖြစ် ပြန်တင်တာဖြစ်ဖြစ်လုပ်လိုရပါတယ်
မင်မင်တိုကိုယ်တိုင် Free တင်တဲ့အပိုင်းမို လွတ်လပ်စွာပြန်လည်ကူးယူတင်နိုင်ကြောင်း
အသိပေးအပ်ပါတယ်

📱Telegram Link
https://t.me/+IU34UdE8QBg0ZTg9

📱Megaup Link (VPN ဖွင့်ပေးပါ)
https://megaup.net/a03dca39f8a99a289ee7e3fa35fd16b2/The_Simpsons_Season_36_Episode_4.m4v

MW Sereis Channel S5L

18 Nov, 14:45


ယနေ့အသစ်ထွက် အပိုင်းများ
Doubt (2024) Episode စဆုံးရပါပြီ
https://t.me/ongoing_update_series/907

The Brave Yong Soo Jung (2024) စဆုံးရပါပြီ
https://t.me/ongoing_update_series/908

Scandal Episode 92
https://t.me/ongoing_update_series/909

My Merry Marriage (2024) Episode 30
https://t.me/ongoing_update_series/910

Mr. Plankton (2024)
https://t.me/korea_series_movies_world/287

The Fiery Priest Season 2 Episode 4
https://t.me/ongoing_update_series/912

Iron Family (2024) Episode 16
https://t.me/ongoing_update_series/913

Face Me (2024) Episode 4
https://t.me/ongoing_update_series/914

Marry You (2024)
https://t.me/ongoing_update_series/915

Jeongnyeon: The Star Is Born (2024) Episode စဆုံးရပါပြီ
https://t.me/ongoing_update_series/916

The Empress of Ayodhaya Episode 4 to 7
https://t.me/ongoing_update_series/917

ပုလဲမိန်းကလေးရဲ့ပုံပြင်
The Story of Pearl Girl (2024) Episode 32
https://t.me/ongoing_update_series/918

MW Sereis Channel S5L

18 Nov, 14:15


Marry You (2024)
************
ဂင်ချားနားကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးတို့အတွက် အချစ်ဇာတ်လမ်းရသကို
ဟာသအနှောနဲ့ရိုက်ကူးထားတဲ့ “Marry You” အမည်ရတဲ့ဇာတ်ကား ရောက်ရှိလာခဲ့ပါပြီ။

နယ်ကျွန်းမြို့လေးပေါ်မှာ အမြွှာတူ တူမ နှစ်ယောက်နဲ့အတူ နေထိုင်ကာ အိမ်ထောင်ပြုဖို့
လုံးဝကို စိတ်ကူးမရှိတဲ့ ရွာသားလေး ဘုံချောဟီ..။

စီမံရေးအစိုးရအမှုထမ်းတစ်ယောက်အနေနဲ့ အလုပ်အတည်တကျရှိသော်လည်း
အတိတ်အကြောင်းတွေနဲ့ ကိုယ်ပိုင်ခံယူချက်တွေကြောင့် အိမ်ထောင်ရေးဆိုတာကို
အယုံအကြည်မရှိဘဲ အပျိုကြီးလုပ်ဖို့ သိန္နိဌာန်ချထားတဲ့ ဂျောင်ဟာနာ..။

တစ်နေ့မှာတော့ ဂျောင်ဟာနာဟာ အလုပ်က အထက်လူကြီးရဲ့အပေးအယူကြောင့်
“အိမ်ထောင်ရေးဘဝ ထူထောင်ရေး” ဆိုတဲ့အဖွဲ့နဲ့အတူ ဘုံချောဟီကို လက်ထပ်ထိမ်းမြားခြင်း
လမ်းကြောင်းပေါ်ရောက်အောင်လုပ်ဖို့ တာဝန်ပေးစေခိုင်းခံရပါတယ်။

တစ်ကိုယ်တည်းသမား ဘုံချောဟီနဲ့ အောင်သွယ်တော် ဂျောင်ဟာနာတို့ နှစ်ယောက်ကြား
ဘယ်လိုနီးစပ်မှုတွေရှိလာပြီး ဘယ်လိုခံစားချက်တွေပြောင်းလဲကာ ဘယ်လိုခံယူချက်အသစ်တွေ
ပေါ်ပေါက်လာမလဲ..။

ဂျောင်ဟာနာရဲ့တာဝန်ကရော ပြီးမြောက်သွားမလဲဆိုတာကို အပတ်စဉ် စနေ တနင်္ဂနွေနေ့မှာ
စိတ်ကူးယဉ်ဆန်ဆန် ရယ်မောမောနဲ့ စောင့်မျှော်ခံစားကြည့်ရှုနိုင်ပါတယ်ရှင်။

(အညွှန်းကိုတော့  Thinn မှ ရေးသား‌ထားပါတယ်။)

Aired: Nov 16, 2024 - ?
Aired On: Saturday, Sunday
Genres: Romance, Melodrama
Episodes: 10
Original Network: Channel A
Translated by  Lai Laii, Yati Naing, Lucien, Saung Yupar, Theint & Milkeux
Encoded by Tiff

https://t.me/korea_series_movies_world/288

MW Sereis Channel S5L

18 Nov, 13:53


Mr. Plankton (2024)

အခုထွက်မဲ့ Mr. Plankton ကတော့ It’s Okay to Not Be Okay ရဲ့ ဇာတ်ညွှန်းရေးဆရာမနဲ့
Juvenile Justice ဒါရိုက်တာ နှစ်ဦး ပူးပေါင်းထုတ်လုပ်ထားတာမို့ ခံစားချက်တွေ ရောပြွန်းနေတဲ့
အချစ်ဒရမ်မာဟာသ စီးရီးတစ်ခုပဲဖြစ်ပါတယ်။

ကိုရီးယား အက်ရှင်ကားတွေရဲ့ ပင်တိုင်မင်းသားချော ဝူဒိုဟွမ်၊ Squid Game ထဲက သရုပ်ဆောင်ချက်ကြောင့်
နာမည်တက်လာတဲ့ မင်းသမီး အီယူမီနဲ့အတူ ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွေမှာ ခက်ခဲတဲ့ ဇာတ်ကောင်တွေကိုပဲ
ရွေးသရုပ်ဆောင်တတ်တဲ့ မင်းသားကြီး အိုဂျောင်ဆယ်တို့ ပါဝင်ထားတာဖြစ်လို့ ဇာတ်လမ်းကတော့
သာမန်ဇာတ်လမ်းတွေနဲ့ မတူဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောနိုင်ပါတယ်။

-ဇာတ်ကောင်မိတ်ဆက်-
• နောက်ဆုံးအဆင့် ဦးနှောက်အကြိတ်ရောဂါကို ရရှိနေပြီဖြစ်ကြောင်း သတင်းကြားထားတာကြောင့်
ကျန်ရစ်တဲ့ အချိန်တိုအတွင်းမှာ ဘဝကို ကိုယ်စိတ်ရှိတိုင်း ပျော်သလိုနေဖို့ ဆုံးဖြတ်ထားတဲ့ ဟယ်ဂျို။

• အမေတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသော်ငြား အချိန်မတိုင်ခင် သွေးဆုံးနေကြောင်း
မိမိကိုယ်ကို သိရှိလိုက်ရတဲ့ (ဟယ်ဂျိုရဲ့ ရည်းစားဟောင်းတစ်ဖြစ်လဲ) သတို့သမီးလောင်း ဂျယ်မီ။

• မင်္ဂလာဆောင်မဲ့နေ့မှာ ဟယ်ဂျိုက သူ့ဇနီးလောင်းလေးကို ပြန်ပေးဆွဲလိုက်တာကြောင့်
ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရတဲ့ ချစ်စရာ သတို့သားလေး အောဟွန်း။

မိသားစု တည်ထောင်လို့မရတဲ့ ဟယ်ဂျို၊ ကမ္ဘာ့ကံအဆိုးဆုံး သတို့သမီးလောင်း ဂျယ်မီ၊
ဖြူစင်တဲ့အချစ်ကို ရှာဖွေနေတဲ့ အမေကြောက်သားလေး အောဟွန်း....
သူတို့ ၃ ဦးရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ဘယ်လိုရှေ့ဆက်မလဲ..။
ဘယ်လို ဟာသစွန့်စားခန်းမျိုးကို မြင်တွေ့ရမလဲဆိုတာ လက်မလွတ်စတမ်း ရှုစားလိုက်ရအောင်နော်။

https://t.me/korea_series_movies_world/287

MW Sereis Channel S5L

16 Nov, 13:32


Arcane Season 1 + 2
နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကို

ပရိသတ်တော်တော်များများ သိကြမှာပါ… ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့

ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်…

ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ…

ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်…

အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်…
ဒါကတော့ အခုတင်ဆက်ပေးမယ့် ‘Arcane’ ဆိုတဲ့ စီးရီးပါ… LOL အခြေတည်ရာကမ္ဘာကတော့

Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့

universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်… ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..

နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ…

ဒီ universe ကြီးကို ဟိုးအရင်တည်းက ချန်ပီယံ မိတ်ဆက် cinematic trailer… short video တွေ စသဖြင့် နည်းမျိုးစုံနဲ့

မိတ်ဆက်ခဲ့ပြီး အခုမှသာ ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်… ဒီတော့ ပရိသတ်ကြီးအနေနဲ့

ဒီဇာတ်လမ်းဇာတ်ကြောင်းတွေကို အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်တော့မှာပါ… အခု စတင်ထွက်ရှိလာတဲ့

Arcane ဇာတ်လမ်းတွဲကတော့ LOL ရဲ့ ချန်ပီယံ နှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်…

မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး Vi နဲ့ ဒုတိယဟာလေကွင်းလို့တောင် တင်စားရမယ့် ရူးကြောင်ကြောင်

Jinx တို့ရဲ့ဇာတ်လမ်းဟာ ဘာကြောင့် ဘယ်လိုတွေ ဖြစ်လာသလဲဆိုတာကို ဒီ Arcane ဆိုတဲ့ဇာတ်လမ်းကြီးထဲမှာ ကြည့်ရှူခံစားကြပါဦး…

သူတို့နှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး တခြားချန်ပီယံတွေရဲ့အကြောင်းကိုလည်း သိရမှာဦးမှာမို့ သေချာလေးကြည့်ဖို့တော့ လိုမယ်နော်…

https://t.me/series_mmsub_vol2/179

MW Sereis Channel S5L

16 Nov, 08:58


The Fiery Priest Season 2 (2024)
****************************

အပိုင်းသစ် ၁

2019 SBS Drama Awardမှာ ဆုပေါင်း ၈ဆုရရှိခဲ့ပြီး...

Kim Nam Gilရဲ့ပထမဆုံး Daesangဆုကြီးကို ဆွတ်ခူးရရှိစေခဲ့တဲ့ The Fiery Priestဟာ...

2024ခုနှစ်မှာ ပရိသတ်ကြီးရှေ့မှောက်ကို Season2အနေနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

Season2 မှာတော့ Season1 တုန်းက ပါဝင်ခဲ့တဲ့  Kim Nam Gil , Lee Hanee, Kim Sung Kyunတို့အပြင်..

BiBi, Sung Joonနဲ့ Seo Hyunwooတို့ကပါ ပါဝင်သွားမှာဖြစ်ပါတယ်။
  
ဇာတ်လမ်းအကျဥ်း
----------------

ဂင်ဟယ်အီဟာ ဒေါသကြီးပြီး မတရားမှုကို မျက်ကွယ်မပြုနိုင်တဲ့ ဖာသာတစ်ဦးပါ။

တစ်နေ့မှာတော့ ဂူဒမ်ဒေသကနေ အစပြုခဲ့တဲ့ မူးယစ်ဆေးမှုကို လိုက်ရင်း....

ဘူဆန်မြို့ကို ရောက်လာခဲ့ပါတော့တယ်။ ဘူဆန်မြို့ကြီးမှာ ဖာသာနဲ့အတူ...

သူ့ရဲ့အပေါင်းအဖော်တွေက အမှုကို ဘယ်လိုစုံစမ်းရှာဖွေကြမလဲ။ ဒေါသကြီးတဲ့ ဖာသာကရော...

ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဟာသလေးနှောပြီး စိတ်လှုပ်ရှားစွာနဲ့...

Channel Myanmarနဲ့အတူ အပတ်စဥ် သောကြာ စနေနေ့တိုင်း ခံစားကြည့်ရှုလိုက်ကြရအောင်နော်။

ဇာတ်လမ်းတွဲအညွှန်းကို Htoo Pyae Pyae Aung မှ ရေးသားပေးထားပါတယ်။

Drama: The Fiery Priest Season 2
Genres: Action, Comedy, Crime, Drama
Country: South Korea
Episodes: 12
Aired: Nov 8, 2024 - ?
Aired On: Friday, Saturday
Original Network: SBS
Duration: 60 min.
Translated by Lai Lai, Wutyi, Htoo Pyae, Hsu Pyae, Hnin Wai & Miri
Encoded by Heather Oo

https://t.me/korea_series_movies_world/286

MW Sereis Channel S5L

16 Nov, 06:50


MLBB Weekly Pass ဒီနေ့ညနေ ၆နာရီ မဲဖောက်ပါမယ်

Link
https://t.me/shwe5lay_game_shop/47

MW Sereis Channel S5L

16 Nov, 04:39


Sweetpea (2024)
IMDB rating 7.2/10အထိရရှိထားတဲ့ Dark comedy, drama စီးရီးစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်

ဒီဇာတ်ကားမှာ “Miss Peregrine and The peculiar chilchildren”ဇာတ်ကားထဲက အမ်မာဖြစ်တဲ့ Ella Purnell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်း ရီယန်းနန်လူးဝစ်ဟာ လူတွေအားလုံးကိုအကောင်းမမြင်တတ်တဲ့ကောင်မလေးပါ ဒီလိုဖြစ်နေတာကလည်း သူ့အပေါ်မှာကောင်းပေးတဲ့လူမရှိလို့လို့ပြောရမှာပါပဲ သူ့ဘဝတစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့လူတွေမှန်သမျှဟာ သူ့ကိုအရေးမစိုက် ဂရုမပြုဘဲ အနိုင်ကျင့်ဖိနှိပ်ခဲ့ကြတာကြောင့်ပါ

သူမအားကိုးရတဲ့တစ်ဦးတည်းအဖေဖြစ်သူကိုဆုံးရှုံးရပြီးနောက် သူ့ရဲ့အစ်မရင်းကိုယ်တိုင်ကပါ သူ့ဘက်ကိုမကြည့်ဘဲ သူတို့အဖေပိုင်ဆိုင်တဲ့အိမ်ကြီးကိုရောင်းဖို့လုပ်ပါတယ် ရောင်းဖို့အတွက်အကျိုးဆောင်လုပ်ပေးမယ့်အေးဂျင့်ကလည်း သူမကို ငယ်စဥ်ကတည်းက စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ကျောင်းကအနိုင်ကျင့်သူဖြစ်နေပါတယ် ဒါတင်မကသေးဘဲ ရီယန်းတစ်ယောက်ဟာ အလုပ်မှာလည်းအဆင်မပြေပါ မိမိကို ငဲ့မကြည့်ဘဲအနိုင်ကျင့်ဖိနှိပ်ဖို့ပဲသိတဲ့လူတွေကြောင့် ရီယန်းရဲ့စိတ်ခံစားချက်တွေမထိန်းနိုင်လောက်တဲ့အထိများလွန်းလာပြီး ပေါက်ကွဲထွက်လာတဲ့အခါ……….

https://t.me/series_mmsub_vol2/176

MW Sereis Channel S5L

16 Nov, 03:27


Silo (2023)
Sci-fi seriesတွေထဲမှာ ပရိသတ်အားပေးမှုတော်တော်လေးရရှိထားတဲ့ The last of us , The Walking dead နဲ့
The sweet toothတိုလို Post apocalyptic seriesတစ်ခုဖြစ်တဲ့ Siloကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားလေးကရော ရှေ့ကနာမည်ကြီးစီးရီးတွေလိုပဲ ပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်မလားဆိုတာကတော့
ရဗျူးကောင်းတွေလည်းရရှိထားတာဆိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရင်း အကဲဖြတ်လိုက်ကြပါဦး။

Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြိုတော်ကြီးတစ်ခု၊
အထဲမှာ မြိုတစ်မြိုနဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။
ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို ယူဆကြပြီးတော့
ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို လုံးဝမပြောပါဘူးဆိုတဲ့
အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။

ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။
ဒီလို အပြင်ထွက်ချင်တယ်လို ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။
အလဲအလှယ်အနေနဲ့ Siloရဲ့အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။
ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်။

ရှေ့ကလူတွေရဲ့ သေဆုံးခြင်းကိုပဲ မျက်ဝါးထင်ထင်မြင်နေရချိန်မှာတော့ Siloမြိုကပြည်သူတွေအနေနဲ့ အထွန့်မတက်ရဲတော့ဘဲ
စည်းမျဉ်းစည်းကမ်းတွေများလွန်းတဲ့ ဒီမြိုမှာပဲ အသက်ရှင်ဖိုကိုသာ အဓိကထားနေထိုင်ကြရင်း နှစ် ၁၄၀ ကျော်ကြာခဲ့ပါတယ်။
ဒါပေမဲ့ ပုန်ကန်မှုဖြစ်ထားတယ်ဆိုတဲ့ မရေမရာအကြောင်းပြချက်တစ်ခုနဲ့ ဒီနှစ် ၁၄၀ ရှေ့မှာ ဘာတွေဖြစ်ခဲ့လဲ။
ဘာလိုမြေအောက်မှာရှင်သန်နေရလဲဆိုတာကိုတော့ ဘယ်သူမှမသိကြသလို အပြင်ဘယ်တော့ပြန်ထွက်နိုင်မှာလဲဆိုတာအတွက်လည်း အဖြေမရှိပါဘူး။

ဒါပေမဲ့ တားမြစ်ထားရင် ပိုသိချင်တဲ့လူ့စိတ်ကို ကြာကြာထိန်းထားမရတော့ Siloအပြင်ဘက် မြေပြင်ပေါ်ကဘဝကဘယ်လိုလဲ၊
ဘာလိုမြေအောက်မှာရှင်သန်နေရတာလဲနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သူက ပြန်လည်ထွက်လာပြန်ပါတယ်။
ဒီလူကတော့ ပဋိညာဉ်တည်တံ့ရေးအတွက် တာဝန်ယူထားတဲ့ တရားရေးအဖွဲရဲ့ အရေးပါတဲ့လူတစ်ယောက်ဖြစ်တဲ့ Sheriff ဟိုလ်စတန်ရဲ့ဇနီးအယ်လစ်ဆန်ပါပဲ။
နှစ် ၁၄၀ ရှေ့ပိုင်းက ပျက်သွားပါပြီဆိုတဲ့ ဒေတာတစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရတဲ့ အယ်လစ်ဆန်ဟာ
Siloအပြင်ဘက်ကိုထွက်ချင်တဲ့ Siloရဲ့လျှိဝှက်ချက်တွေကို လူတွေကိုစူးစမ်းချင်စိတ်တွေကို ပြန်လည်နိုးထစေခဲ့တဲ့ သော့ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့….

မေးခွန်းမြောက်များစွာနဲ့ Siloကြီးရဲ့အတိတ်က ဘာများဖြစ်မလဲ။
Siloရဲ့အပြင်ဘက်ကမ္ဘာမှာ ဘာတွေရှိနေမလဲ။
ဒီနှစ် ၁၄၀ မတိုင်ခင်က ဘာတွေဖြစ်ပျက်ခဲ့တာလဲ။
ဒီလောက်ကြီးမားတဲ့မြေအောက်မြိုတော်ကို ဘယ်သူကတည်ဆောက်ခဲ့တာလဲ အစရှိတဲ့ပဟေဠိတွေကို အတူအဖြေညှိဖိုအတွက် ဒီစီးရီးလေးကို အခုပဲကြည့်ရှုလိုက်ရအောင်ပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

Genre….. Drama, Sci-fi & Fantasy

https://t.me/series_mmsub_vol2/174

MW Sereis Channel S5L

13 Nov, 15:17


SEAL Team (2017)
SEAL Team (2017)
CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲလိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။

အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲမျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတိုရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ၀င်အစစ်တွေရဲ့ အကူအညီကိုရယူထားပြီး ရိုက်ကူးရေးအဖွဲရဲ့ ၇၀ရာခိုင်နှုန်းလောက်က စစ်ရေးအတွေ့အကြုံရှိတဲ့စစ်မှုထမ်းဟောင်းတွေလို ဆိုပါတယ်။

Trent အဖြစ်သရုပ်ဆောင်ထားတဲ့ Tyler Grayဟာဆိုရင်လည်း Delta Forceရဲ့ တပ်ဖွဲ၀င်ဟောင်းတစ်ဦးဖြစ်ပါတယ်။ IMDb 7.8 ရရှိထားတဲ့ Seal Team ဟာ အပိုင်းတိုင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ အက်ရှင်နဲ့ ဒရာမာကိုအချိုးညီညီ လက်တွေ့ဆန်အောင် ပေါင်းစပ် ရိုက်ကူးထားတာကြောင့် ပရိတ်သတ်တွေရဲ့တခဲနက်ထောက်ခံအားပေးမှုကိုရရှိထားပြီး user reviews တွေလည်းအတော်ကောင်းတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ဇာတ်အိမ်ကောင်းကောင်း အက်ရှင်ကောင်းကောင်းနဲ့ Militaryစီးရီးကောင်းကောင်းကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီစီးရီးကို‌ သေချာပေါက်ကြည့်ကြည့်ဖို အကြံပြုလိုက်ပါတယ်။

https://t.me/moviesworld1day/156

MW Sereis Channel S5L

13 Nov, 15:08


Nobody Wants This (2024)
IMDb Rating (7.9) / Rotten Tomatoes (94%)



ဒီဇာတ်လမ်းကတော့ rating 7.9 ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသ စီးရီးလေးပါ။

ဂျိုအန်ဆိုတဲ့ အမျိုးသမီးဟာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ထားပြီး သူကြုံခဲ့ရတဲ့ အတွေ့အကြုံတိုင်းကို သူ့ညီမနဲ့အတူ ပေါ့ကတ်စ် ပြန်လုပ်ပါတယ်။

ပေါ့ကတ်စ်ကလည်း သူ့အရှိန်လေးနဲ့သူ အောင်မြင်သင့်သလောက် အောင်မြင်ပြီး အလားအလာ ကောင်းတယ်လို့ ပြောရမှာပေါ့။

ဂျိုအန့်အတွက် အလားအလာမကောင်းတာကတော့ လူကြီးမင်းတို့လိုပဲ အချစ်ကံခေတာပါ။

သူက အတည်တကျနဲ့တွဲဖို့ ချစ်သူတစ်ယောက်လည်း လိုချင်နေသူပါ။

တစ်နေ့တော့ သူ့ရဲ့ ပေါ့ကတ်စ်အတွက် ကုန်ကြမ်းရှာဖို့ ပါတီတစ်ခုကို သွားရင်း ဂျူးဘာသာဝင် တရားဟောသူ နိုအာဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံပြီး ဂျိုအန်ဟာ စိတ်ကစားမိပါတော့တယ်။

သူ အတည်တွဲမယ်ကြံကာမှ သူသဘောကျမိသူက သူနဲ့ စရိုက် အနေအထိုင် ခံယူချက် အကုန်ဆန့်ကျင်ဘက်ဖြစ်နေတော့ ဂျိုအန်နဲ့ နိုအာတို့ကြား ချစ်မှုရေးရာ အခက်အခဲတွေ ကြုံလာရပါတော့တယ်။



(အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)

https://t.me/series_mmsub_vol2/171

MW Sereis Channel S5L

13 Nov, 01:12


Cinderella at 2 AM (2024)

ဒီတစ်ခါတော့ မမနဲ့ မောင်လေး ဇာတ်လမ်းမျိုး တောင့်တနေသူတွေအတွက် ယောက္ခမမြေက ဖြည့်ဆည်းပေးလိုက်ပါပြီ
Main cast တွေအနေနဲ့ မင်မင်တို့ရဲ့ အချစ်တော် Moon Sang Min နဲ့
Reborn Rich, Tell Me That You Love Me တို့က မင်းသမီး Shin Hyun Been တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ရိုရိုချိုချိုလေးစောင်ကိုက်ကြည့်ချင်သူတွေအတွက် ကွက်တိပါပဲနော်

ဇာတ်လမ်းအကျဉ်း
---------------

ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့်
မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါ
လက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါ
သူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့
ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ်
မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ဟာယွန်းဆောကို ပိုက်ဆံပေးပြီး
သူ့သားနဲ့ လမ်းခွဲပေးဖို့ တောင်းဆိုလာပါတော့တယ်
ဒဏ္ဋာရီပုံပြင်တွေဆိုတာ လက်တွေ့မှာမရှိဘူး လို့ ခံယူထားပြီး
ဂျူဝန်းအမေဆီက ပိုက်ဆံယူ ၊ လမ်းခွဲလိုက်ဖို့ စိတ်ကူးထားတဲ့ ဟာယွန်းဆော နဲ့
အချစ်ကို ယုံကြည်ပြီး နှလုံးသားနောက်ကိုပဲ လိုက်တတ်တဲ့ သူဌေးသား ဆောဂျူဝန်းတို့ ဘယ်လို နှစ်ပါးသွားကြမလဲ
ဆောဂျူဝန်းကပဲ ဟာယွန်းဆောကို စိတ်ပြောင်းသွားအောင် လုပ်နိုင်မလား
ဒါမှမဟုတ် တကယ်ပဲ သူတို့ လမ်းခွဲဖြစ်သွားကြမလားဆိုတာကိုတော့
Cinderella at 2 AM ဆိုတဲ့ စီးရီးမှာ စနေ ၊ တနင်္ဂနွေနေ့တိုင်း ကြည့်ရှုရမှာဖြစ်ပါတယ်

အညွှန်းကို Hazelle မှ ရေးသားပေးထားပါတယ်

Drama: Cinderella at 2 AM
Genres: Comedy, Romance
Country: South Korea
Episodes: 10
Aired: Aug 24, 2024 - Sep 22, 2024
Aired On: Saturday, Sunday
Original Network: Channel A, COUPANG TV
Translated by Wutyi, Lucien, Shwe Pwint, Jennie Muse, Milkeux, Shwe Pyae & Hazelle
Encoded by Heather Oo

https://t.me/korea_series_movies_world/283

MW Sereis Channel S5L

12 Nov, 14:15


Face Me (2024)

လျှိဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုမှာ ချစ်ရတဲ့မိန်းကလေးကိုဆုံးရှုးခဲ့ရတဲ့ ဆရာဝန်ဖြစ်သူ ချာဂျောင်းအူ ..
အဲဒီဖြစ်ရပ်အပြီးမှာတော့ ချာဂျောင်းအူဟာ သာမန်အရေးပေါ်ခန်းမှာ တာဝန်ထမ်းဆောင်တဲ့ဆရာဝန်အဖြစ်ကနေ...
အလှအပရေးရာခွဲစိတ်ဆရာဝန်ဖြစ်အောင်လုပ်ဖိုဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီလိုနဲ့တစ်နေ့မှာ သူ့ဘက်ကခွဲစိတ်ပေးဖိုငြင်းလိုက်တဲ့ လူနာတစ်ယောက်က...
သတ်သေတဲ့အထိဖြစ်သွားပြီး အဲဒီလူနာချန်ခဲ့တဲ့ သူ့ကိုအပြစ်ဖိုထားတဲ့သေတမ်းစာကြောင့် ...
သူ့ရဲ့ဂုဏ်သတင်းဟာ ကျဆင်းသထက် ကျဆင်းသွားပါတော့တယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်ရာဇဝတ်မှုဌာနမှာ...
အလုပ်လုပ်ကိုင်နေတဲ့ စုံထောက် အီမင်ဟျောင်းဟာဆိုရင်...အကြောက်အလန့်မရှိ ယုံကြည်ချက်အပြည့်နဲ့...
ရာဇဝတ်သားတွေကို ရေဆုံးမြေဆုံးလိုက်ဖမ်းတတ်သူဖြစ်ပြီး နစ်နာသူတွေကို စာနာထောက်ထားတတ်တဲ့သူတစ်ယောက်ပါ။
ဒီလိုနဲ့ချာဂျောင်းအူနဲ့...မမျှော်လင့်ဘဲဆုံတွေ့ရာကနေ ချာဂျောင်းအူရဲ့လူနာဟောင်းသေဆုံးရတဲ့ နောက်ကွယ်ကအမှန်တရားကို...
ဖော်ထုတ်ဖိုဖြစ်လာပါတော့တယ်။ နှစ်ယောက်သား ဒီလူသေမှုရဲ့နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလား ..

❗️❗️❗️
https://t.me/korea_series_movies_world/282

MW Sereis Channel S5L

11 Nov, 12:56


The Simpsons Season 11 Episode 17

March 19, 2000
တွင်ယခုအပိုင်းကိုထုတ်လွှင့်ပြသထားခြင်းဖြစ်ပါသည်

2000 ခုနှစ်ကထုတ်လွှင့်ခဲ့တာဖြစ်ပြီး ထရမ့်သမ္မတဖြစ်ပြီးနောက်ပိုင်း အမျိုးသမီးသမ္မတ တက်တဲ့အခန်းကို ရှေ့ပြေးနမိတ်လိုပြောရမလိုပဲပေါ့
သူတိုနိုင်ငံထဲခိုလှုတဲ့သူ နေရပ်ပြန်ပိုမယ်ဆိုတာတော့ပါတယ် ဒီကာတွန်းကြီးက နမိတ်ဖတ်တာလား ရေးသူက အချိန်ခရီးသွားလား မပြောတတ်တော့ပါဖူး

📱Telegram Link
https://t.me/+IU34UdE8QBg0ZTg9

📱Megaup Link (VPN ဖွင့်ပေးပါ)
https://megaup.net/e8d25a8317ea99d9a5476ae378a37708/MW_The_Simpsons_Season_11_E_17.m4v

MW Sereis Channel S5L

10 Nov, 13:01


ခုချိန်💎 Dia 1000 ထည့်ရင် 💎Promo Dia 800 ရမှာနော်
Event အတွက် Ticket လဲ Free ရမှာမို့
Dia 1000 ဖိုးဒီအချိန် ဝယ်ရင်းရတာ တော်တော်တန်နေပြီ

💎 Dia 1049 - 64800 mmk

Waiting Time - 15 min
🌼Channel - @shwe5lay_game_shop

🗓 Business Hours
( 9Am - 9:30Pm )

❗️❗️❗️❗️❗️❗️❗️(ML Dia) ဟုစာပိုပေးပါ 📌
Admin Acc :
@moviesworldmwchannel

MW Sereis Channel S5L

10 Nov, 12:03


The Day of the Jackal (2024)
ဇာတ်ကားနာမည်ကတော့ နာမည်ကြီး ဂန္ဓဝင်ဝတ္ထုနာမည်အတိုင်းပဲ ယူထားပြီး အဲဒီဝတ္ထုကိုပဲ စီးရီးအဖြစ် ရိုက်ကူးထားတာပါ။

အရမ်းကို တိကျတဲ့ တော်တဲ့ လုပ်ကြံရေးသမားတစ်ယောက်နဲ့ ထောက်လှမ်းရေးတစ်ယောက်တို့ ဉာဏ်ချင်းပြိုင်ကြပုံတွေကိုမှ

ကမ္ဘာနိုင်ငံရေးနဲ့ အချိုးကျကျ ရောစပ်ထားတဲ့ ဗြိတိန်စီးရီးမို့ The Bodyguard (2018) အပြီးမှာ ခပ်ဆင်ဆင် စီးရီးကောင်းတစ်ခုကို ကြည့်ရတော့မှာပါ။

ဇာတ်လမ်းအစမှာတော့ ဂျာမန် ဝန်ကြီးချုပ်လောင်းလျာတစ်ယောက်ကို ၃၈၁၅ မီတာ အကွာကနေ

စနိုက်ပါတစ်ချက်တည်းနည်း မယုံနိုင်စရာ လုပ်ကြံသွားတဲ့ ထူးဆန်းတဲ့သူကို လိုက်စုံစမ်းရတာကနေ စပါတယ်။

ဒီရုပ်ရှင်က မနှစ်က ရိုက်ထားတာဖြစ်လို့ ကမ္ဘာ့စံချိန် အဝေးဆုံး စနိုက်ပါ ပစ်ချက်ကို ယူကရိန်းရဲ့ 2023 ခုနှစ် ၃၅၄၀ မီတာအကွာက

ပစ်ထားတာကို ထည့်ပြောထားပြီး ၃၈၀၀ မီတာကနေ ပစ်တာကို မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း ငြင်းခုန်တဲ့အခန်းတွေ ပါပါတယ်။

ဒါပေမဲ့ ၂၀၂၃ နိုဝင်ဘာမှာတော့ ကမ္ဘာ့အဝေးဆုံး စနိုက်ပါ အတည်ပြု အသေပစ်ချက်က ၃၈၀၀ မီတာ (နှစ်မိုင်ခွဲနီးပါး) ဖြစ်သွားပါပြီ။

အဲဒီ ကမ္ဘာစံချိန်အသစ်ကိုလည်း ယူကရိန်း စနိုက်ပါတစ်ယောက်ကပါ ရုရှားကိုပစ်ပြီး စံချိန်တင်သွားတာပါ။

ပစ်သွားတဲ့လူကလည်း ယူကရိန်းစစ်သားမဟုတ်ဘဲ စစ်ဖြစ်မှ ဝင်တိုက်ပေးတဲ့

၅၈ နှစ်အရွယ် ယူကရိန်း စီးပွားရေးသမားတစ်ယောက်ပါပဲ။

အဲဒီတော့ ဒီရုပ်ရှင်ထဲမှာတော့ နိုင်ငံရေး ရည်ရွယ်ချက်တွေ အရှုပ်တော်ပုံတွေကြားထဲမှာ စနိုက်ပါသမားတစ်ယောက်နဲ့

ထောက်လှမ်းရေးတွေ ဘယ်လိုအားပြိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။

မင်းသားကလည်း လူကြိုက်အများဆုံးတွေထဲက တစ်ယောက်မို့ ကြည့်ကိုကြည့်သင့်တဲ့ စီးရီးစာရင်းထဲကို ထည့်ထားလိုက်ပါတော့။

❗️❗️❗️Series
https://t.me/series_mmsub_vol2/166

MW Sereis Channel S5L

09 Nov, 14:52


The Wheel of time
အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။
Game of Thrones ကို အမီလိုက်နိုင်မယ်လို့လည်း ပြောနေကြပါပြီ။
ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။
first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။
ဇာတ်လမ်းအကျဉ်္
စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ
အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့
မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။
အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။
အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို
အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ
မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။
ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက်
အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။
ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက
ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး
ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။
ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။
ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့
ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။
ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော
အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ…
ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။

Free Link
https://t.me/free_english_series_moviesworld/295

MW Sereis Channel S5L

09 Nov, 08:04


Season 5 ဇာတ်သိမ်းပိုင်း but မြန်မာလိုကြီး

Crd All About Stranger things

MW Sereis Channel S5L

08 Nov, 03:48


တစ်ခါပဲမန့်ရုံနဲ့ တစ်ပတ်စာ ကံစမ်းလို့ရမှာနော်
ဒီနေ့တစ်ထောင်မဲထပ်ဖောက်ပေးမှာမို့ မမန့်ရသေးရင် သွားမန့်ပေးကြပါ
မန့်ပြီးသားသူက ထပ်မမန့်ပါနဲ့တော့နော်
Weekly Pass ရောပဲ မဲဖောက်ပေးမှာနော်

ကံစမ်းရန် Link
https://t.me/shwe5lay_game_shop/9

MW Sereis Channel S5L

07 Nov, 11:27


Gangnam B-Side (2024)

CM ပရိသတ်ကြီးတို့အတွက် The Worst of Evil ထဲက ဘဲကြီး Ji Chang Wook နဲ့
အဆိုတော် BIBI၊ မင်းသားကြီး Jo Woo Jin ၊ ဝူယောင်းဝူထဲမှ နွေဦးရဲ့နေရောင်ခြည်လေး
Ha Yoon Kyung တို့ ပါဝင်ထားတဲ့ Action , Thriller ကားကောင်းလေးတစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအညွှန်း ~

နေ့ဘက်မှာ လူတွေပျားပန်းခပ် သွားလာလှုပ်ရှားရာနေရာဖြစ်ပြီး ညဘက်မှာလည်း
မီးအလင်းတွေ ထိန်ထိန်ညီးနေတတ်တဲ့ ဆိုးလ်မြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ ဂန်နမ်မှာ
ကွင်းဆက်လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ဂန်နမ်ရဲ့ ဘားတစ်ခုမှာ အလုပ်လုပ်နေပြီး ပျောက်ဆုံးမှုရဲ့နောက်ကွယ်က
အဖြစ်မှန်ကိုသိထားတဲ့ တစ်ဦးတည်းသောသက်သေဖြစ်တဲ့ Jae Hui (BIBI) ဆိုသူပါ
ပျောက်ဆုံးသွားတဲ့အခါမှာတော့..။
ဒီလိုနဲ့ပဲ ဝရမ်းပြေးဖြစ်တဲ့ Yun Gil Ho (Ji Chang Wook) ၊ စုံထောက်ဖြစ်တဲ့
Kang Dong Woo (Jo Woo Jin) နဲ့ အမှုစစ်ဖြစ်တဲ့ Min Seo Jin (Ha Yoon Kyung) တို့က
သီးခြားစီ သက်သေကို ရှာဖွေဖို့ ဖြစ်လာကြပါတော့တယ်။
ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိကြတဲ့ သူတို့တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Jae Hui ကို
ဘယ်လိုလိုက်ရှာကြမလဲ။
သူတို့ရဲ့ရည်ရွယ်ချက်တွေကရော ဘာလဲ..။
ပျောက်ဆုံးမှုရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းကရော ဘာတွေလဲဆိုတာကို
တစ်ပတ်နှစ်ပိုင်းစီ ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။

https://t.me/korea_series_movies_world/281

MW Sereis Channel S5L

07 Nov, 08:23


[18+] The Idol (2023)

ဒီစီးရီးကတော့ အမေရိကန် ပေါ့စတား အဆိုတော်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ဒရာမာအနေနဲ့တင်ဆက်ထားတာပါ။ ထူးခြားချက်အနေနဲ့တော့ BlackPink အဖွဲဝင် Jennie ပါဝင်ထားတာပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ကတော့ Lily-Rose Depp က ပါဝင်ထားပြီး သူဟာလည်း Johnny Depp ရဲ့ သမီးပဲဖြစ်ပါတယ်။ အဖော်အချွတ်၊ အသုံးအနှုန်း၊ ဇာတ်လမ်း အားလုံးကြမ်းတမ်းတာမို အသက်မပြည့်သေးရင် မကြည့်သင့်ပါဘူး။

Free Link
https://t.me/free_english_series_moviesworld/249

MW Sereis Channel S5L

07 Nov, 07:06


Ph Bill မဲဖောက်ပေးမယ်
Weekly Pass ရောပဲ မဲဖောက်ပေးမှာနော်

ကံစမ်းရန် Link
https://t.me/shwe5lay_game_shop/9

MW Sereis Channel S5L

06 Nov, 15:23


Nautilus (2024)
ဒီတစ်ခေါက် CMက‌ နေတင်ဆက်ပေးမဲ့ စီးရီးကတော့

Twenty Thousand Leagues Under the Seasဆိုတဲ့

ဝတ္ထုစာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Nautilus ဆိုတဲ့

စီးရီးပဲဖြစ်ပါတယ်။

ဒီစီးရီးဟာ ဗြိတိသျှနေမဝင်အင်ပါယာ ကြီးစိုးစဉ်ကာလကို

အ‌ခြေတည်ထားတာပါ။

“ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ”ဟာ ကိုယ်ပိုင်စစ်တပ်နဲ့ အခြားနိုင်ငံ

တွေကို ကျူးကျော်သိမ်းပိုက်ပြီး သယံဇာတမြောက်မြားစွာကို

ခိုးယူကာ အရှေ့တိုင်းနိုင်ငံ‌တွေကို လက်ဝါးကြီးအုပ်နေတာကြောင့်

ဘယ်နိုင်ငံထက်မဆို အင်အားပိုကြီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လို့

နေပါတယ်။ အတောမသတ်နိုင်တဲ့လောဘနဲ့ တရုတ်စီးပွားရေး

ဈေးကွက်ထဲ စိမ့်ဝင်နေရာယူချင်တာကြောင့် အစိုးရမသိအောင်

ရေငုပ်သင်္ဘောတွေ ကြိတ်ပြီးတီထွင်လာပါတော့တယ်။

အဲဒီမှာ နော်တီလက်စ်ဆိုတဲ့ ရေငုပ်သင်္ဘောကို ဒီဇိုင်းဆွဲ

တည်ဆောက်ပေး‌နေတဲ့ ဗြိတိသျှအ‌ရှေ့အိန္ဒိယကုမ္ပဏီရဲ့

အကျဉ်းသားတွေဖြစ်တဲ့ နီမိုနဲ့ ဘန်ဟွာတို့ဟာ အဖွဲ့သားတွေနဲ့အတူ

နော်တီလက်စ်ရေငုပ်သင်္ဘောကြီးကိုခိုးယူကာ ကုမ္ပဏီ

လက်အောက်ကနေ ထွက်ပြေးပါတော့တယ်။

နီမိုနဲ့ဘန်ဟွာတို့ဟာ ဒီရေငုပ်သင်္ဘောကိုခိုးပြီး ပြင်သစ်ကို

ထွက်ပြေးမယ်လို့ သဘောတူထားခဲ့ကြပေမဲ့ တကယ်တမ်းကျ

နီမိုဟာ Pillars of Halvarမှာရှိတဲ့ ဒဏ္ဍာရီလာ ရတနာသိုက်ဆီ

သွားဖို့ဆုံးဖြတ်ထားပြီးသားပါ။

ဒီလိုနဲ့ Nautilus ရေငုပ်သင်္ဘောကြီးနဲ့အတူ ကပ္ပတိန်နီမိုတို့တွေ

ရတနာသိုက်ဆီစွန့်စားခန်းထွက်တာကို ကောင်းကောင်းကြီး

ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

စွန့်စားခန်းဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ အခက်အခဲတွေ၊

ပင်လယ်မိစ္ဆာကြီးတွေ၊ ပင်လယ်ရေအောက်အလှအပတွေကိုပါ

တစ်ပါတည်းခံစားကြည့်ရှုနိုင်မှာဖြစ်လို့ အချိန်ပေးရတာနဲ့တန်မဲ့

စီးရီးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

https://t.me/series_mmsub_vol2/159

MW Sereis Channel S5L

06 Nov, 12:26


9-1-1 or 911 Season 2

9-1-1 ပါတဲ့ ဟုတ်ပါတယ်…
9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်
ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး
9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းက
အော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း – သဘာဝဘေး စတဲ့
ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါ
မီးသတ် – ရဲ – ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်
ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကို
Episode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူး
ဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့
သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်
ဒီဇတ်လမ်းတွဲကို
August , Sai Wai Naing , YK , Maythu Aung , Dolly , Naw Phoo
Htoo Htoo Ka Joe , Charm Wave , Aye Chan Nyein , Thet Hnin Su
Daniel Lawwai , Amelia , Jerrica , Laurence White , Pyi Ti Nyein
Shinn Monlat , Thu Khant
တို့မှ ဘာသာပြန်တင်ဆက်ပေးထားပြီး Thit San Khant , August မှ Encode ပေးထားပါတယ်

Free Series
https://t.me/movies_world_mwchannel/9329

MW Sereis Channel S5L

06 Nov, 12:04


အကောင်းဆုံးထဲကအကာင်းဆုံး ဂိမ်း၀ဘ်ဆိုဒ်

🤩🤩🤩🤩 🤩🤩🤩🤩🤩


🤩🤩🤩🤩 ဂိမ်းအကောင့်

🎰 ပိုမိုစုံလင်သောဂိမ်းအသစ်နဲ့ စနစ်သစ်မှာ အရင်ထက်အပေးကြမ်းနေပါတယ်ရှင့်

🎰 နေ့စဉ်ရှုံးကြေးပြန်ပေး 🤩🤩

🎰 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 🤩🤩 မှ 🤩⚡️⚡️

💵🔼 ထီ၀ါသနာများအတွက်ထီထိုးနိုင်ပါပြီရှင့်

🇲🇲🇹🇭မြန်မာနိုင်ငံ , ထိုင်းနိုင်ငံ ကစားနိုင်ပြီး ကိုယ်တိုင်ငွေထုတ်/သွင်းစနစ်ဖြစ်လို့ ငွေကြေးပိုင်းမှာစိတ်ချလိုက်ပါရှင့်...

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

MW Sereis Channel S5L

06 Nov, 06:03


🙂Family Guy Season 23 Episode 1 🙂

ongoing ခုလက်ရှိပြသနေတဲ့အပိုင်းလေးဖြစ်ပါတယ်
တစ်ပတ်တစ်ပိုင်းတော့ပုံမှန်ထွက်တာမို မင်မင်အချိန်မှီတော့ တင်ပေးနိုင်အောင် ကြိုးစားပေးပါမယ်
Telegram Link နဲ့ Download Link နှစ်မျိုးတင်ပေးထားပါတယ်နော f
အဆင်ပြေတဲ့ဟာ ကြည့်လိုရပါတယ်
ကြိုက်နှစ်သက်ရင်လည်း ရှယ်တာဖြစ်ဖြစ် ပြန်တင်တာဖြစ်ဖြစ်လုပ်လိုရပါတယ်
မင်မင်တိုကိုယ်တိုင် Free တင်တဲ့အပိုင်းမို လွတ်လပ်စွာပြန်လည်ကူးယူတင်နိုင်ကြောင်း
အသိပေးအပ်ပါတယ်

📱Telegram Link
https://t.me/+IU34UdE8QBg0ZTg9

📱Megaup Link (VPN ဖွင့်ပေးပါ)
https://megaup.net/ed6b924f294e0a11a08bc436aa518815/MW_Family_Guy_Season_23_Episode_1.m4v

MW Sereis Channel S5L

06 Nov, 04:39


Georgie & Mandy’s First Marriage (2024) (English Subtitle ongoing)

⭐️Member Channel Link ⭐️
https://t.me/c/2150544216/13

Free ရယူရန် အောက်ကနှစ်ချက်လိုက်လုပ်ပေးပါ

No .1 အောက်မှာပေးထားသော channel link ကို Join ပေးပါ
Channel Link :
https://t.me/english_series_mwofficial

No .2 မန့်မှာ U လိုမန့်ပေးပါ

ဒီနှစ်ချက် လုပ်ပြီးတာနဲ့ အောက်ကလင့်ကို Join ထားလိုရပါပြီ

Free Channel Link
📌
https://t.me/+mCLjhhie7WcxOGM1

MW Sereis Channel S5L

05 Nov, 14:48


Brewing Love (2024)
**************

ရိုမန့်စ်ဘုရင်မဖြစ်တဲ့ Business Proposal ထဲက မင်းသမီး Kim Se-jeong နဲ့
Knight Flower ထဲက မင်းသား Lee Jong-won တို့ရဲ့ ရိုမန့်တစ်ဆန်ဆန်
ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။

-ဇာတ်လမ်းအညွှန်း-

ချယ်ယုံးဂျူ (Kim Se-jeong) ဟာ သွက်လက်တက်ကြွပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သော်ငြား
ခံစားချက်အမှန်ကို အမြဲဖုံးကွယ်ထားတတ်တဲ့သူလေးပေါ့။
လက်ရှိမှာတော့ ယမကာကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်း
အရောင်းဘုရင်မရာထူးကို ရရှိထားသူပီပီ အလုပ်အရမ်းကြိုးစားပေမဲ့လည်း
သူမလုပ်ကိုင်တဲ့ဌာနခွဲဟာ ပိတ်သိမ်းခံရမဲ့ ကိန်းစိုက်လာပါတော့တယ်။

သူမဟာ ဌာနပိတ်သိမ်းခံရမှာကို ကာကွယ်ဖို့အတွက် ဘီယာအသစ်ရောင်းချဖို့
ဆုံးဖြတ်ချက်ချပြီး ဘီယာချက်သူ တစ်ဖြစ်လဲ ဘီယာထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင်
ယွန်းမင်ဂျူ (Lee Jong-won) နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။
စိတ်ဆတ်ပေမဲ့ တခြားသူရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းအာရုံခံနိုင်တဲ့သူဖြစ်တဲ့
ယွန်းမင်ဂျူရှေ့ကို ချယ်ယုံးဂျူတစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ သူ့ဘဝဟာ
စတင်ပြောင်းလဲလာပါတော့တယ်။

ဒီလိုနဲ့ အရောင်းသမလေးနဲ့ ဘီယာချက်တဲ့ကောင်လေးတို့ကြား ဘယ်လိုတွေဆက်ဖြစ်ပြီး
ချစ်ခြင်းတွေပေါက်ဖွားလာမလဲဆိုတာကို CM Team နဲ့အတူ ရင်ခုန်စွာနဲ့  ကြည့်ရှုလိုက်ကြရအောင်နော်။

(အညွှန်းကိုတော့  Hsu Pyae မှ ရေးသား‌ထားပါတယ်။)

Aired: Nov 4, 2024 - ?
Aired On: Monday, Tuesday
Genres: Comedy, Romance, Drama
Episodes: 12
Original Network: ENA
Translated by Hnin Wai Oo, Yati Naing , Theint, Kay Zin & KhinNi
Encoded by Tiff

https://t.me/korea_series_movies_world/280

MW Sereis Channel S5L

05 Nov, 14:31


ယနေ့အသစ်ထွက်အပိုင်းများ

640.Fight Night: The Million Dollar Heist (2024) စဆုံးရပါပြီ
https://t.me/ongoing_update_series/857

634.Teacup (2024) ❗️❗️❗️Series Update Episode 2
https://t.me/ongoing_update_series/858

Grotesquerie (2024) ❗️❗️❗️Series စဆုံးရပါပြီ
https://t.me/ongoing_update_series/859

MW Sereis Channel S5L

29 Oct, 13:49


Wednesday (2022)
ဒီစီးရီးကတော့ နာမည်ကျော် အဒမ်စ်မိသားစုရဲ့ထဲက သမီးဖြစ်သူ
Wednesday ကို အဓိက ဇာတ်ကောင်အဖြစ်ရိုက်ကူးထားတာ
ဖြစ်ပါတယ်။ အဒမ်စ်မိသားစုကို ရုပ်ရှင်တွေ၊ ကာတွန်းတွေ၊ ဇာတ်လမ်း
တွဲတွေထဲမှာ မြင်ဖူးသူတွေရှိမှာပါ။ စွမ်းအားကိုယ်စီနဲ့၊ ပေါက်ကရ
ဂွစာတွေ၊ လူ့ကန့်လန့်တွေပါပဲ။ ရယ်လည်းရရသလို ကြောက်ဖိုလည်း
ကောင်းပါတယ်။
ဒီစီးရီးကို အဓိက ရိုက်ကူးသူကတော့ ဒါရိုက်တာ တင်ဘာတန်ပါပဲ။
သူ့ကိုမသိကြရင်တောင် သူရိုက်ခဲ့တဲ့ Corpse Bride,Edward Scissorhands,
Frankenweenie, Sweeney Todd: The Demon Barber of Fleet Street
တိုလို ထူးထူးခြားခြား ကျောချမ်းစရာဇာတ်လမ်းတွေကို သိကြမှာပါ။ ဒီစီးရီး
ကလည်း သူ့လက်ရာဖြစ်နေတာရယ် ကမ္ဘာကျော် ဇာတ်ကောင်ဖြစ်နေတာရယ်
ကြောင့် လူအတော်များများ စောင့်မျှော်နေကြပါပြီ။
ဇာတ်လမ်းအကျဉ်း
Wednesday ဟာ လူသတ်မှုနဲ့ ကျောင်းကနေ အထုတ်ခံရပြီး သင်းကွဲတွေ
လူထူးဆန်းတွေချည်းပဲ တက်တဲ့ နဲဗားမောဆိုတဲ့ကျောင်းကို ရောက်သွားခဲ့ပါ
တယ်။ အဲဒီကျောင်းအုပ်ဟာ သူ့ရဲ့အမေနဲ့ ကျောင်းနေဖက်ဖြစ်ခဲ့ပြီး၊ သူ့အမေနဲ့
အဖေကလည်း ဒီကျောင်းမှာပဲ တွေ့ပြီး ချစ်မိခဲ့ကြတာပါ။ အဲဒီကျောင်းမှာ
သွေးစုတ်ကောင်တွေ၊ ဝံပုလွေတွေ လို သဘာဝလွန်မျိုးနွယ်တွေ လာစုနေကြတာ
ဖြစ်ပါတယ်။ အဲဒီကျောင်းပတ်လည်မှာတော့ ထူးထူးဆန်းဆန်း လူတွေတစစီ
လုပ်ပြီး အသတ်ခံရတဲ့အမှုတွေ ဖြစ်နေပါတယ်။ Wednesday တစ်ယောက်
ကျောင်းကိုရောက်အပြီးမှာတော့ သဘာဝလွန်ပဟေဠိတွေ ကြောက်စရာဖြစ်ရပ်
တွေနဲ့ တွေ့ကြုံပြီး ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို Mr.Andersonမှ ရေးသားပေးပြီး၊ ဘာသာပြန်ရေး
သားပေးသူများကတော့ CM Teamမှ ဖြစ်ပါတယ်။)

Free Link
https://t.me/series_mmsub_vol2/135

MW Sereis Channel S5L

29 Oct, 13:41


ပီတာရဲ့ စိတ်ထားလေးတစ်ခု

🔣Part 13🔣

Family Guy စဆုံး Lifetime - 5000 mmk
💲
Promotion time - 3000 mmk (5 ယောက်သာရပါတော့မည်)

အပိုင်း 400 ကျော်ရှိတဲ့အတွက် စဆုံးရဖိုတော့ နှစ်အနည်းငယ်ဝန်းကျင်လောက် ခန့်မှန်းကြာပါမယ်
ခုလက်ရှိတင်ထားသလောက် ဘာသာပြန်ပြီးသလောက်ကိုတော့ 3000 ဝန်းကျင်နဲ့ရမှာဖြစ်ပြီး
ဇာတ်ကားများလာတာနဲ့ ဈေးနှုန်းက ပြောင်းလဲသွားမှာဖြစ်ပါတယ်
ငွေကျပ် ၃၀၀၀ ဆိုတာ မင်မင်တို ဘာသာပြန်ခနဲ့စာတန်းထိုးခ တစ်ပိုင်းစာကုန်ကျငွေတောင် မရှိပါဘူး
မိတ်ဆွေတိုက ဒီကားကို ဒီဈေးနှုန်းငွေတစ်ခါချေယုံနဲ့ ကြည့်လိုရပေမဲ့ မင်မင်က ဒီကားအပိုင်း ၄၀၀
မပြီးမချင်း ရအောင်တာဝန်ယူပြီး ဘာသာပြန်မှာမိုလို ဒီကားလေးကိုတကယ်နှစ်သက်ရင်တော့
မန်ဘာဝင်ကြည့်ပေးဖို မေတ္တာရပ်ခံပါတယ်
ဒါမှ မင်မင်လည်း တခြားကားတွေ ဘာသာဆက်ပြန်ဖို အရင်းအနှီးရမှာမို အားပေးကြပါဦး မိတ်ဆွေတို

ခုလက်ရှိတင်ထားသော အပိုင်းများ
🔣15🔣


❗️❗️❗️❗️❗️❗️❗️GUY  ဟု စာလေးရေးပိုပေးပါရန်
Admin Acc :
@moviesworldmwchannel

MW Sereis Channel S5L

29 Oct, 05:09


ဓားပြလာတိုက်သော်လည်း ကလေးမြင် စချင်သောအခါ 😆😆😆
...........................................................
Short Synopsis
ပိုက်ဆံမရှိလို စတိုးဆိုင်သေးသေးလေးကို ဓားပြတိုက်ကာမှ စတိုးဆိုင်က ပိုက်ဆံကငွေမဲ (တရားမဝင်ငွေ)ဖြစ်နေတဲ့အပြင်
အဲ့ပိုက်ဆံတွေက ဂိုဏ်စတားပိုင်တဲ့ပိုက်ဆံဖြစ်နေသောအခါ
ဒါတင်မပြီးသေးဘဲ ငွေအတုတွေဖြစ်နေတဲ့အခါမှာတော့ အိမ်ထောင်ရှင်မ သုံးယောက်ဘယ်လိုတွေရှင်ဆိုင်ဖြေရှင်းကြမလဲ
ဒေါ်လာအတုတွေထုတ်ပြီး ငွေမဲကို ငွေဖြူဖြစ်အောင်လုပ်တဲ့ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်

Main Channel :
https://t.me/good_girls_mmsub
Free Link :
https://t.me/mw_movies_world_official_series/91

Good Girls Lifetime Member Fee - 3000 kyats
မန်ဘာဝင်ရန် GG1 လိုစာပိုပေးပါ
🤝Admin Acc :
@moviesworldmwchannel

#goodgirls

MW Sereis Channel S5L

29 Oct, 05:05


🔠🔠🔠🔠 🅱️🔠🔠🔠🅰️

အော်တိုစနစ်နဲ့ ကိုယ်တိုင်ငွေထုတ်/သွင်းလုပ်နိုင်တဲ့ ဂိမ်း၀ဘ်ဆိုဒ်ဖြစ်လို့ ယုံကြည်စိတ်ချဆော့ကစားလိုက်ပါရှင့်

💎 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 5️⃣🔣

💎နေ့စဉ် Cash Back 5️⃣🔣

🔣  ဘောနပ်လေးနဲ့ 3️⃣🔠 , 2️⃣🔠 ထီများ,စလော့အမျိုးမျိုးကိုစိတ်ကြိုက်ဆော့ကစားလိုက်ပါရှင့်

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

MW Sereis Channel S5L

28 Oct, 15:35


9-1-1 or 911

9-1-1 ပါတဲ့ ဟုတ်ပါတယ်…
9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်
ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး
9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းက
အော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း – သဘာဝဘေး စတဲ့
ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါ
မီးသတ် – ရဲ – ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်
ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကို
Episode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူး
ဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့
သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်
ဒီဇတ်လမ်းတွဲကို
August , Sai Wai Naing , YK , Maythu Aung , Dolly , Naw Phoo
Htoo Htoo Ka Joe , Charm Wave , Aye Chan Nyein , Thet Hnin Su
Daniel Lawwai , Amelia , Jerrica , Laurence White , Pyi Ti Nyein
Shinn Monlat , Thu Khant
တို့မှ ဘာသာပြန်တင်ဆက်ပေးထားပြီး Thit San Khant , August မှ Encode ပေးထားပါတယ်

Free Series
https://t.me/movies_world_mwchannel/9313

MW Sereis Channel S5L

28 Oct, 15:04


English Series တွေ Free တင်ပေးမဲ့ Group ဖြစ်ပါတယ်
Video တိုက်ရိုက်တင်မှာပါ
ဒါပေမဲ့ ၃ ရက်နေရင် auto ပျက်တဲ့ စနစ်ထားတာမို့
ကြည့်မယ့်ကားဆို ဒေါင်းထားပါ
ပျက်သွားတာတွေတော့ ထပ်မတင်ပေးပါဘူး
GP ထဲဝင်လိုက်ထွက်လိုက်လုပ်တဲ့သူကိုတော့ တစ်ခါတည်းဘန်းမှာပါ
ဘာလို့လဲဆို gp က လူတိုင်းဆီမှာ noti တက်တော့ အများသူလည်း စိတ်အနှောင့်ယှက်ဖြစ်မှာဆိုးလို့ပါ အဲ့စည်းကမ်းလေးတော့ လိုက်နာပေးပါ

Join ပေးပါ
https://t.me/free_english_series_moviesworld

MW Sereis Channel S5L

28 Oct, 11:32


Hellbound Season 2 (2024)
လူတွေက မိမိသေဆုံးရတော့မယ်ဆိုတဲ့အရာကို ကြိုတင်အသိပေးခံထားရပြီး သေဆုံးရမဲ့ရက်ကို ရောက်တဲ့အခါမှာတော့ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ ငရဲသားတွေရဲ့ ရက်ရက်စက်စက် နာကျင်စွာ သတ်ဖြတ်ခံရပြီးတဲ့နောက်မှာ ငရဲကို ဆွဲခေါ်သွားခံရပါတယ်။
ကြောက်လွန်အားကြီးပြီး ကိုယ့်ကိုယ်ကို သတ်သေရင်တောင်မှ ဝိဉာဉ်ကိုပြန်ခေါပြီး မိမိလုပ်ခဲ့တဲ့
အရာအတိုင်း နာကျင်မှုကို ထပ်တူပြန်ခံစားစေကာ မကောင်းတာလုပ်တဲ့သူတွေက ရှောင်ပြေးပုံးကွယ်နေလိုမရဘဲ မကောင်းခဲ့တဲ့အတိုင်း သေချာပေါက်ကို မျက်ဝါးထင်ထင်
အပြစ်ပေးခံရမယ်ဆိုတဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာတာမျိုးပေါ့။
အဲဒီဖြစ်ရပ်ကို နောက်ခံထားပြီး ပေါ်ပေါက်လာတဲ့ ဘာသာရေးအဖွဲအစည်းတွေ...
အဲဒီဘာသာရေးအဖွဲအစည်းရဲ့ နောက်ကွယ်က လျှိဝှက်ချက်တွေ...
ဘာကိုမှမသိ ဘာကိုမှမစဉ်းစားကြတော့ဘဲ ကြောက်ချီးပန်းကာ မျက်စိစုံမှိတ်ပြီးယုံကြည်ကိုးကွယ်နေကြတဲ့လူတွေ.....

Season 1 တုန်းက အကောင်အထည်မပေါ်လိုက်တဲ့ ပရိသတ်ကြီးတွေ သိချင်နေခဲ့ကြတဲ့မေးခွန်းပေါင်းများစွာရဲ့အဖြေကို တစ်ခုချင်းစီပြန်လည်ဖြေရှင်းချက်ပေးသွားတော့မှာမို ကြည့်ရှုလိုက်ကြပါဦးနော်။

https://t.me/korea_series_movies_world/279

MW Sereis Channel S5L

28 Oct, 11:24


🔠🔡🔡🔡 🔠🔡🔡🔡🔡

🎰 သီတင်းကျွတ်မုန့်ဖိုးလေးယူဖို့အမြန်လှမ်းခဲ့တော့နော်

သီတင်းကျွတ်ဘောနပ် အနေဖြင့်
💎 မန်ဘာသစ်      5️⃣0️⃣🔣

💎 မန်ဘာဟောင်း 2️⃣0️⃣🔣

💎 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 5️⃣🔣

🔣 ထီ၀ါသနာများအတွက် 3️⃣🔠 , 2️⃣🔠

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်ပြီး အရမ်းအဆင်ပြေတဲ့ ကိုယ်တိုင် ငွေထုတ်/သွင်းစနစ်ဖြစ်လို့ ယုံကြည်မှုအပြည့်နဲ့ ကစားလိုက်ပါရှင့်...

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

MW Sereis Channel S5L

27 Oct, 04:33


🔠🔡🔡🔡 🔠🔡🔡🔡🔡

🎰 သီတင်းကျွတ်မုန့်ဖိုးလေးယူဖို့အမြန်လှမ်းခဲ့တော့နော်

သီတင်းကျွတ်ဘောနပ် အနေဖြင့်
💎 မန်ဘာသစ်      5️⃣0️⃣🔣

💎 မန်ဘာဟောင်း 2️⃣0️⃣🔣

💎 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 5️⃣🔣

🔣 ထီ၀ါသနာများအတွက် 3️⃣🔠 , 2️⃣🔠

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်ပြီး အရမ်းအဆင်ပြေတဲ့ ကိုယ်တိုင် ငွေထုတ်/သွင်းစနစ်ဖြစ်လို့ ယုံကြည်မှုအပြည့်နဲ့ ကစားလိုက်ပါရှင့်...

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

MW Sereis Channel S5L

27 Oct, 04:21


No Ordinary Family Free ကြည့်ရန်

မြန်မြန်ဝင်မန့်ပေးကြနော် မင်မင် ဒီကားကိုထုတ်ရောင်းတော့မှာမို့
မှန်တဲ့သူက Free ကြည့်ရမှာပါ

https://t.me/movies_world_mwchannel/9281

MW Sereis Channel S5L

26 Oct, 12:32


Ghosts Season 1 (2021) +2 (2022) + 3 (2024)
ဒီတစ်ခါတော့ ခြောက်လိုက်ရအောင်ပါ CM ပရိသတ်ကြီးတို့ 2021 Oct တုန်းကမှ ပူပူနွေးနွေး ထွက်ရှိထားပြီး နာမည်တူ British series ကနေ adaptation ယူထားတဲ့ sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။

တစ်ခါက သရဲ ၈ ကောင် ရှိသဗျာ။ ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုးနဲ့ အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ သရဲ ၈ ကောင်ပါ။

ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ် သူတို့ကတော့ မပြောင်းလဲပေါ့။

တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူ ဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့ လင်မယား ရောက်ရှိပါတယ် …

ဒါကို အလိုမရှိတဲ့ သရဲ ၈ ကောင်ဟာ နည်းအမျိုးမျိုးနဲ့ သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ ကြိုးစားကြတော့မှာပဲ ဖြစ်ပါတယ်

အဲဒီလို ကြိုးစားရင်းနဲ့ အိမ်ရှင်စုံတွဲနဲ့ ဘော်ဒါတွေ ဖြစ်သွားပြီး အပြန်အလှန် သောက်တလွဲတွေ ကူညီကြတာကို တခွီးခွီးနဲ့ ကြည့်ရမှာပါပဲ။

ရယ်စရာဟာသတွေ အပြည့်နဲ့ အပန်းပြေစေနိုင်မယ့် ကားတစ်ကားပါပဲ

https://t.me/series_mmsub_vol2/126

MW Sereis Channel S5L

26 Oct, 12:18


Fire country (2024) Season 3
မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ Fire Country season 1 က
၂၀၂၂ခုနှစ်မှာ rating ကောင်းကောင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလမှာ season 2 ထွက်ရှိလို့လာပါပြီ။

Season 1မှာ အဓိကဇာတ်ကောင် Bode က သူ့အတိတ်ကနေ ထွက်ပြေးနေသူတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို
ရောက်ရှိသွားတယ်လေ။ ထောင်ကျရင်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သရီးရော့ခ် အကျဉ်းသားမီးသတ်တပ်ဖွဲ့မှာ
လုပ်အားပေးခဲ့တယ်။ (season 1မကြည့်ရသေးရင် CM မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။)
အခု season 2 မှာတော့
Bode ဟာ ထောင်ထဲပြန်ရောက်နေပါတယ်။ အကြောင်းရင်းက သူ့သူငယ်ချင်း ဖရက်ဒီအစား အပြစ်ဝန်ခံပေးရင်း အစားထောင်ကျခံနေတာပါ။
သူ့မိဘတွေ ဗင့်စ်နဲ့ရှာရွန်ကတော့ သူတို့သား ထောင်ကျတာအတွက် စိတ်မကောင်းဖြစ်နေကြရပါတယ်။
“Bode ဟာ ထောင်ထဲမှာ ဘယ်လိုရှင်သန်နေလဲ။ သူ့ဘဝအတွက် ရှင်သန်ရတဲ့အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။
အတ်ဂျ်ဝါးတားမြို့ဆီကိုရော သူပြန်ရောက်လာနိုင်မလား။”ပေါ့
လူတွေဟာ အသက်ရှင်သန်ဖို့အကြောင်းရင်း ပျောက်ဆုံးရတဲ့အခါ ဘဝကိုလက်လျှော့ကျောခိုင်းတတ်ကြတယ်။
ထို့နည်းတူပဲ အသက်ရှင်သန်ဖို့အကြောင်းရင်းတစ်ခုလေးကို ဆုပ်ကိုင်မိရင်တောင်
စိတ်ခွန်အားတွေနဲ့ ဘဝကိုပြန်လည်ရှင်သန်လာနိုင်ကြပါတယ်။ ဒါဟာ ဘဝရဲ့ ဒုတိယအခွင့်အရေးဖြစ်မလား။
ဒီဇာတ်လမ်းတွဲမှာ အကျဉ်းသားတွေဟာ လွတ်ငြိမ်းခွင့်ရဖို့ သရီးရော့ခ်အဖွဲ့မှာ
မီးသတ်သမားအဖြစ်လုပ်အားပေးခြင်းဟာ သူတို့အတွက် ဒုတိယအခွင့်အရေးရခြင်းပါ။
Bode တစ်ယောက် ဒုတိယအခွင့်အရေးကို ဘယ်လိုဖမ်းဆုပ်ထားမလဲဆိုတာ
ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရပါဦးမယ်။
မီးလောင်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ မီးသတ်သမားတွေရဲ့ဘဝအကြောင်းတွေ၊
ခံယူချက်တွေအကြောင်းတွေကို ရိုက်ကူးပုံဖော်ပြထားတာတွေကို စိတ်ဝင်တစား ကြည့်ရှုကြရဦးမှာဖြစ်ပါတယ်။
ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါဦး။
ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။

Series Link
https://t.me/series_mmsub_vol2/125

#mmusb
#moviesworld
#မြန်မာစာတန်းထိုး

MW Sereis Channel S5L

26 Oct, 12:03


Fight Night: The Million Dollar Heist (2024)
ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Fight Night:

The Million Dollar Heist စီးရီးကတော့ Crime ၊Drama

အမျိုးအစားဖြစ်ပြီး Kevin Hart ၊ Samuel L. Jackson နဲ့

Terrence Howard တို့လိုအကျော်အမော်တွေပါဝင်သရုပ်ဆောင်

ပေးထားပါတယ်။ ခရမ်းချဥ်သီးပုပ်မှာတော့ ၉၃ ရာခိုင်နှုန်းက

review ကောင်းတွေပေးထားပြီး rating ကတော့ 7.1/10 ဖြစ်ပါတယ်။



ဇာတ်လမ်းအကျဉ်း
*************

၁၉၇၀ ပြည့်နှစ်က မိုဟာမက်အလီနဲ့ဂျယ်ရီကွာရီရဲ့သမိုင်းဝင်လက်ဝှေ့ပွဲ

ညမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင်လုယက်မှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူး

ထားတာဖြစ်ပါတယ်။ အတ္တလန်တာမြို့မှာ ပိုက်ဆံရဖို့မကောင်းတဲ့

လုပ်ငန်းအကုန်လုပ်တဲ့ချစ်ကန်းမန်းဟာ မိုဟာမက်အလီရဲ့လက်ဝှေ့ပွဲ

အတွက် ရောက်ရှိလာတဲ့ နာမည်ကြီးရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေ

အတွက် ပါတီကျင်းပပေးဖို့ကြိုးစားခဲ့ပါတယ်။

ချစ်ကန်းမန်းရဲ့ရည်ရွယ်ချက်က လုပ်ကွက်နဲ့ငွေရဖို့ဖြစ်ပေမယ့် တကယ်တမ်း

ပါတီကျင်းပချိန်မှာတော့ တစ်နေရာတည်းမှာစုပေးလိုက်သလိုဖြစ်သွားတဲ့

ဒီဂိုဏ်းခေါင်းဆောင်တွေကိုလုယက်ဖို့ကြံစည်ထားတဲ့အဖွဲ့တစ်ခုရှိနေတယ်

ဆိုတာတော့ ချစ်ကန်းမန်းတစ်ယောက်မသိရှိခဲ့ဘဲ ထောင်ချောက်ထဲတိုးဝင်

သွားခဲ့မိပါတော့တယ်။

https://t.me/series_mmsub_vol2/124

MW Sereis Channel S5L

26 Oct, 11:15


🔠🔡🔡🔡 🔠🔡🔡🔡🔡

🎰 သီတင်းကျွတ်မုန့်ဖိုးလေးယူဖို့အမြန်လှမ်းခဲ့တော့နော်

သီတင်းကျွတ်ဘောနပ် အနေဖြင့်
💎 မန်ဘာသစ်      5️⃣0️⃣🔣

💎 မန်ဘာဟောင်း 2️⃣0️⃣🔣

💎 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 5️⃣🔣

🔣 ထီ၀ါသနာများအတွက် 3️⃣🔠 , 2️⃣🔠

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်ပြီး အရမ်းအဆင်ပြေတဲ့ ကိုယ်တိုင် ငွေထုတ်/သွင်းစနစ်ဖြစ်လို့ ယုံကြည်မှုအပြည့်နဲ့ ကစားလိုက်ပါရှင့်...

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

MW Sereis Channel S5L

25 Oct, 13:32


မုန့်နဲ့ မြူစွယ်လို့ကတော့ ဟိုမားတို့များ နှစ်ခါမစဥ်းစားဖူး
ငတ်လိုက်တာ မင်မင်အတိုင်းပဲ 🤧

မနက်ဖြန် Free တင်မယ့် အပိုင်းသစ်လေးဖြစ်ပါတယ်

ကြည့်ချင်တယ်ဆို အောက်ကလင့်ကို Join လုပ်ပေးထားနော်....😘

Link
https://t.me/the_simpsons_mmsub

#thesimpsons

10,829

subscribers

403

photos

77

videos