Latest Posts from MOD News (@modnugmyanmar) on Telegram

MOD News Telegram Posts

MOD News
An Official channel of MOD,NUG.
6,376 Subscribers
878 Photos
29 Videos
Last Updated 28.02.2025 18:06

The latest content shared by MOD News on Telegram


ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂၉) ဗျုဟာ၊ အပတ်စဥ် (၄) ရဲဘော်များ၏ လေ့ကျင့်ရေး ရုပ်သံမှတ်တမ်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေပြ သရုပ်ဖော်ပုံများ
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေပြ သရုပ်ဖော်ပုံများ
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်မှတ်တမ်းများ

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ PDF တပ်ရင်းများ၊ ပကဖများကို တွေ့ဆုံအားပေးခဲ့
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ သည် နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များကို တွေ့ဆုံအားပေးခဲ့ကြသည်။

ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဗျုဟာ (၃၂) ကော်ဘရာစစ်ကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄)နှင့် ရှေ့တန်းစစ်ဆင်ရေးနယ်မြေရှိ ထိခိုက်ဒဏ်ရာရ ရဲဘော်များကို တွေ့ဆုံကာ အားပေးစကားပြောခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းနှင့်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

တွေ့ဆုံမှု ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပညာရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဦးမျိုးသန့်၊ ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၊ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတို့ လိုက်ပါခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ရွှေဘို စခတ-၈ စစ်ကြောင်းမှ လက်နက် (၄၅) လက် သိမ်းဆည်းရမိ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား အမှတ်(၁) စစ်ဒေသ၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ (၄၅) လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ့ထံမှ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၅) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံး သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့သည်။

၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာသဖြင့် ရွှေဘိုမြို့နယ်ရှိ ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ မိမိတို့ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီလ (၅) ရက်တွင်ပင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှ ထွက်လာသော ဗက အေးမျိုးထွန်း ဦးစီး တပ်မ-၃၃ လက်အောက်ခံ စကစ (တပ်စိစစ်ဆဲ) အင်အား (၈၃) ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

သတင်းထုတ်ပြန်ချက်
ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တပ်သားနှင့်ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်။
ဒုရဲအုပ် (၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၂၈) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ (၂၈) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ (၁၃) ဦး ရှိသည်။ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဒီဇင်ဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၃) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့သည်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

2024 Military Progress Report
(January 4, 2025 – Independence Day)
Ministry of Defence
National Unity Government

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း(၃)၊၃၈၀၃ တပ်ရင်း၊အပတ်စဉ်-၂ အခြေခံစစ်သင်တန်းဆင်းပွဲပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

သတင်းထုတ်ပြန်ချက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းစံပြုတည်မြဲအမိန့် (ပထမမူ) ထုတ်ပြန်
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့)
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့) ယနေ့ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းစံပြု တည်မြဲအမိန့်(ပထမမူ)ကို ကနဦးထုတ်ပြန်လိုက်သည်။
စံပြုတည်မြဲအမိန့်တွင်
(၁) ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများ၊
(၂) စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊
(၃)တပ်ရင်းများစံပြုဖွဲ့စည်းပုံ၊
(၄) အခြေခံတာဝန်ဝတ္တရားများ၊
(၅) သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားများ၊
(၆) စံပြုလုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းသတ်မှတ်ချက်များ၊
(၇) ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စသည့် ကဏ္ဍများ ပါဝင်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများအားလုံးသည် အဆိုပါ တပ်ရင်းစံပြုတည်မြဲအမိန့် နှင့်အညီကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်သည်။
ဤစံပြုတည်မြဲအမိန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၂၅ ခုနှစ် မေလ ၅ရက်တွင် အတည်ပြုထုတ်ပြန်သွားမည် ဖြစ်ကြောင်း အသိပေးအပ် ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ