Millimetre - Structural Consultants @millimetretraining Channel on Telegram

Millimetre - Structural Consultants

@millimetretraining


Engr Aung Myat Thu

Millimetre - Structural Consultants (English)

Are you looking for professional structural design and consultancy services? Look no further than Millimetre - Structural Consultants! Our Telegram channel, @millimetretraining, offers valuable insights and training resources for aspiring structural engineers and architects. Millimetre is a team of experienced professionals dedicated to providing innovative and cost-effective solutions for your construction projects. Our channel provides updates on the latest trends and technologies in structural engineering, as well as tips and tricks to improve your design skills. Join us on @millimetretraining to stay informed and inspired in the world of structural design. Whether you're a student, a professional, or simply passionate about construction, Millimetre - Structural Consultants is your go-to source for all things structural engineering. Join our community today and take your skills to the next level!

Millimetre - Structural Consultants

21 Feb, 16:37


survivability, serviceability, habitability limit state .. တဲ့ .. strength limit လောက်နဲ့ပဲ ကျေနပ်နေလို့မရတော့ဘူး .. အသိပညာတွေက တိုးတက်နေကြတယ် ..

Millimetre - Structural Consultants

19 Feb, 12:02


Forensic Engineering Community (Part-1)

Engineer တွေက အမှားနဲ့ရှင်သန်ကြသူတွေဖြစ်ပါတယ် ..
ပိုရှင်းအောင်ခွဲပြောရရင် အမှားနဲ့ယှဥပြိုင်ကြသူတွေ
သို့မဟုတ် .. အမှားမဖြစ်အောင် ကာကွယ်သူတွေဖြစ်ပါတယ်

ဒါပေမယ့်လည်း မမှားသောရှေ့နေ မသေသောဆေးသမားဆိုတဲ့
ဆိုရိုးအတိုင်း မမှားဖူးသောအင်ဂျင်နီယာဆိုတာလည်း မရှိရိုးအမှန်ပါပဲ
ကျနော်ကိုယ်တိုင်လည်း အင်ဂျင်နီယာပေါက်စဘဝမှာ
ကွန်ကရစ် mix design မှားလို့ တိုင် (၃) လုံး ပြန်ဖြိုချရဖူးတယ် ..
ကျနော့် senior ကိုယ်တိုင်လည်းလဲ .. site ဆင်းခါစမှာ drawing မဖတ်တတ်လို့
footing ဆိုတာကို ၁ ပေထုလေးပဲလောင်းရမယ်မထင်တာနဲ့ တူးထားတဲ့
မြေကျင်း ၅ ပေအနက်အပြည့် အားရပါးရလောင်းထည့်ခဲ့ဖူးသတဲ့လေ …

ဒီလိုပါပဲ … အမှားတွေကနေ သင်ယူကြရတာပါ ..
အမှားတွေကနေ မသင်ယူနိုင်သရွေ့ကလည်း အမြဲမှားနေမှာပါ ..
နောက်မမှားအောင် learn from mistake လုပ်နိုင်ဖို့က အဓိကပါပဲ …

“Community”
အဲ့ဒီအတွက် ကျနော့်နဲ့အတူတူ problem solving တွေကို
တစ်ပါတ်တစ်ခါ အတူတူ brain-storming လုပ်ပြီးဖြေရှင်းခွင့်ရမယ့်
Forensic Engineering (community) ရှိပါမယ် … အခုလာမယ့်
March, 2025 မှာစတင်ပါမယ် …
Forensic Engineering (Part – 1)
Forensic Engineering (Part – 2)
၂ ပိုင်းခွဲထားပါမယ် .. Part (2) ကိုတော့ သကြန်ကာလပိတ်ရက်မှာ
ရက်တို on-job-training (workshop) အဖြစ် ဆက်သင်သွားပါမယ် …
မတ်လမှာစမယ့် Part (1) ကိုတော့ telegram channel နဲ့စပါမယ်
သင်တန်းတစ်ခုလို စာသင်မယ့်ပုံစံတော့မဟုတ်ပါဘူး …
တကယ့်လက်တွေ့ real project တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့
Construction mistake (or) Design mistake လေးတွေချပြမယ်
အဖြေကို အတူတူရှာမယ် .. တစ်ပါတ်တစ်ခါ meeting ဆုံပြီးဆွေးနွေးမယ်

‘’For Example’’
ဥပမာ - ဒီပုံထဲက လှေကားလေးလိုပေါ့ .. သံဆင်တာမှားနေတာတွေ့မယ်
ဘာလို့မှားတာလဲ .. ဘယ်လိုပြန်ပြင်မလဲ ဆိုတာကို အဖြေရှာတာပါ့ ..
အဖြေရှာတယ်ဆိုတာမှာ လေနဲ့ပဲရှာတာမျိုးမဟုတ်ဘူး …
- Drawing discrepancies တွေပြန်ရှာတာ ..
- Design flaws တွေပြန်ခြေရာကောက်တာ ..
- Construction imperfections တွေ မှတ်တမ်းပြန်ကြည့်တာ ..
- Reference theory တွေနဲ့ report ပြန်ထုတ်တာ ..
- လိုအပ်ရင် လိုအပ်သလို test တွေ ပြန်လုပ်တာ …
- Design simulation တွေပြန်လုပ်တာ စသဖြင့် …

‘’Main Objective’’
အမှားတစ်ခုကို ကန်ထရိုက်တာဆန်ဆန် မေ့ပစ်လိုက်တာမဟုတ်ပဲ
အင်ဂျင်နီယာဆန်ဆန် ဆန်းစစ်ပြီး အဖြေရှာလေ့လာသက်သေပြတာမျိုးပါ ..

ဒီအလေ့အထက အထူးသဖြင့် construction industry မှာ
လုပ်ကိုင်နေကြတဲ့ အင်ဂျင်နီယာတွေအတွက် ပိုလိုအပ်ပါတယ် ….
လူငယ်အင်ဂျင်နီယာတွေအတွက် အဲ့ဒီလို အမှားနဲ့အမှန်ကို
သေချာဝေဖန်ပိုင်းခြားနိုင်တဲ့ အလေ့အထနဲ့ community တစ်ခု
ဖန်တီးပေးချင်တာပါ …. ခေတ်ကာလအရ online (WFH) ပဲပေါ့

ဒီ community ထဲဝင်ဖို့ ဘာတွေလိုအပ်မလဲ …
(1) Engineering diploma တစ်ခုခုရထားရပါမယ်
(2) Engineering identity တစ်ခုခုပြနိုင်ရပါမယ်
(3) လုပ်သက်အတွေ့အကြုံတော့ရှိစရာမလိုပါ
(4) member ကြေးပေးသွင်းရပါမယ် ..
(5) တစ်ပါတ်တစ်ရက် meeting တက်နိုင်ရပါမယ် ..

Registeration
Part (1) အတွက် membership (၄) သောင်း …
တစ်ခါထဲသွင်းရင်တော့ Early Bird = (၃)သောင်း ..

What will you learn ?
ဘာတွေပြန်ရမှာလဲဆိုတော့ … တစ်လကို case study (၈) သိရမယ်
လိုအပ်တဲ့ powerpoint, reference book, solution တွေနဲ့အတူ
major case (၄)ခု + minor case studies (၄) ခု သိရမယ်ပေါ့ …
ဒါက Part (1) အထိရည်ရွယ်ထားတဲ့ ဦးတည်ချက်ပါ …
Part (2) ကတော့ Part (1) ထက်ပိုကြမ်းမယ် …
နောက်မှ ထပ်ပြောတာပေါ့ …

Deadline
February လမကုန်ခင် join ပါ …

စဥဆက်မပြတ်လေ့လာမယ်
ပြန်လည်မျှဝေမယ် ..

Engr Aung Myat Thu

Millimetre - Structural Consultants

16 Feb, 11:27


Feedback of Structural Steel Design Course

Millimetre - Structural Consultants

15 Feb, 07:39


For Qualified Builders (101)

Engineer ရှိတဲ့ site တွေဆိုတာ
Beam-column joint တွေမှာ seismic tie တွေပါရမယ်
ဒီ practice လေးကို ဂုဏ်ယူစွာဆောင်ရွက်သင့်ပါတယ် .. သူများနိုင်ငံတွေမှာ 1970 ကတည်းက သိခဲ့ကြတဲ့ဆောက်လုပ်ရေးဆိုင်ရာအသိပညာ Ductile Detailing တစ်ခုပါ .. ကျနော်တို့ဆီမှာပဲ မသိလို့မလုပ်တာနဲ့/ သိရက်သားနဲ့မလုပ်တာပေါ့
ဘာမှမခက်ခဲပါဘူး .. စေတနာလေးပါပဲ
ဒါပေမယ့် ဒီစေတနာလေးတစ်ခုထားလိုက်ရုံနဲ့
ဒီအိမ်/ဒီအဆောက်အဦတွေဟာ ငလျင်လှုပ်တဲ့အခါ
Joint tie ကွင်းမထည့်ထားတဲ့အဆောက်အဦထက် ပိုစိတ်ချရပါလိမ့်မယ်
B-C-Joint မှာ Tie ကွင်းမပါရင် “unreinforced” joints လို့ပဲခေါ်ပါတယ်
တစ်ခြားနေရာတွေမှာ သံထည့်ထားလဲ အလကားပဲ ..
Joint ကစပြီး failure ဖြစ်ခဲ့ရင် ကျန်တဲ့ ဘင့်သံ/ စလစ်သံတွေက
Lateral Load-transfer အတွက် အသုံးဝင်မှာမဟုတ်ပါဘူး ..
Tie ကွင်းထည့်တာအပြင် ထပ်ဂရုစိုက်ရမယ့်အရာတွေက
1.joint area,
2.concrete strength,
3.joint aspect ratio,
4.beam flexural strength,
5.column axial load,
6.distribution of column longitudinal reinforcement.
7.Rebar strength
ဒါတွေကိုတော့ structural designer က တွက်ပေးထားရပါမယ်
Millimetre – Structural Consultants

Millimetre - Structural Consultants

09 Feb, 09:01


2008 မှာလှုပ်ခဲ့တဲ့ တရုတ်ငလျင်တစ်ခု ..
Magnitude – 8.0
အဲ့ဒေသမှာ အဲ့အချိန်ကရှိတဲ့ seismic zone အရ
PGA = 0.1g နဲ့ structure design လုပ်ကြတယ် ..
တကယ်လှုပ်တဲ့အချိန်မှာ PGA > 0.3g – 0.6g အထိ သက်ရောက်မှုရှိခဲ့တယ် ..
(Code ကို update လုပ်တဲ့အခါမှာ ပိုများလာတဲ့သဘောကိုသတိပြုကြည့်ပါ)

သေဆုံးခဲ့သူ - ၁ သိန်းနီးပါး
ထိခိုက်ဒဏ်ရာရသူ - ၄ သိန်းနီးပါး (တောင်ကြီးမြို့ရဲ့လူဦးရေနဲ့ညီမျှတယ်)
ပျောက်ဆုံးရှာမတွေ့တော့သူ - ၂ သောင်းနီးပါး ရှိခဲ့ပြီး
ငွေကြေးတန်ဖိုးအရ ပျက်စီးဆုံးရှုံးမှုတွေက $184 billion ရှိခဲ့တယ် ..

အဲ့ဒီကာလအထိရှိတဲ့ knowledge အရ 0.1g ပဲမှတ်ယူခဲ့တော့
OMRF – frame တွေနဲ့ပဲ design လုပ်ခဲ့ကြတယ် …
URM - Unreinforced Masonry အဆောက်အဦတွေပြိုတယ် ..
Soft-storey အဆောက်အဦတွေပြိုတယ် ..
Pre-cast panel slab အဆောက်အဦတွေပြိုတယ် ..
လမ်း၊ တံတား ၃၀၀၀ ကျော်ပြိုတယ်၊
မီးရထားလမ်းတွေလိမ်ကောက်ကုန်တယ်
Designed life = 100-500 ရှိတဲ့ Dam ဆည်တွေလဲထိခိုက်ခဲ့တယ် …

ဒီမှာထူးခြားချက်ကို ပြောချင်တာက
0.1 g လို့ထင်ထား/သတ်မှတ်ထားတဲ့နေရာက
0.6 g အထိ သက်ရောက်မှုရှိစေခဲ့ဖူးတာပါပဲ …

Structural Designer တွေထက်
Code တွေကိုရေးတဲ့/ပြုစုတဲ့သူတွေမှာ
အရမ်းကိုတာဝန်ကြီးတာကိုလည်းမြင်ရပါတယ် ..

ငလျင်နဲ့ပတ်သတ်ရင် လူတွေနားလည်ဖို့ခက်နေဆဲပါပဲ …
ကျန်တဲ့ပညာတွေတိုးတက်နေပေမယ့် Earthquake Engineering ကို
ပြည့်ပြည့်ဝဝနားလည်ဖို့က ကျနော်တို့ လူ့သက်တမ်းတစ်ခု (နှစ် ၅၀/၁၀၀)နဲ့
မလုံလောက်ပါဘူး .. ဒါကြောင့် generation to generation လက်ဆင့်ကမ်းရမယ့်
ပညာရပ်တစ်ခုပါ
https://www.iitk.ac.in/nicee/wcee/article/14_S31-031.PDF
Engr Aung Myat Thu

Millimetre - Structural Consultants

08 Feb, 16:45


360-22 Update: There are revisions for composite beam-column design, including enhanced design criteria for composite slabs and beams to address changes in material strengths and updated research findings.

360-16 Basis: The 2016 edition included provisions for composite construction, but the newer edition refines these rules for better accuracy in modern designs.

5. Fatigue and Fracture Provisions
360-22 Update: This version improves the fatigue and fracture provisions, especially concerning serviceability and durability of structures. It offers updated guidance on fatigue strength categories and inspection requirements.

360-16 Basis: While fatigue and fracture considerations were addressed, the guidelines in 360-22 have been expanded based on the latest research.

6. Welding and Bolting Provisions
360-22 Update: Updates to welding procedures and bolting requirements to conform with the latest standards for fabrication and erection. New criteria for high-strength bolts and welds are introduced.

360-16 Basis: The previous welding and bolting provisions followed older standards, which may not reflect the latest best practices or material advances.

7. Design by Advanced Analysis
360-22 Update: The newer edition offers more explicit recommendations for using advanced structural analysis tools and approaches, including nonlinear analysis, for direct design of structural systems.

360-16 Basis: While advanced analysis was mentioned, the 2022 update provides more thorough guidelines to encourage its application in design.

8. User-Friendly Modifications
360-22 Update: There is an effort to enhance the document’s usability by reorganizing sections for better clarity and introducing more detailed commentary to explain code provisions.

360-16 Basis: The document structure in the 2016 edition may be less accessible, especially for complex or nuanced provisions.

Millimetre - Structural Consultants

06 Feb, 17:31


https://www.youtube.com/watch?v=Azz8GmGjyOE

Millimetre - Structural Consultants

06 Feb, 17:29


https://youtu.be/yI6xCrEXkvM?si=suf0Wwk7g4bZAmCX

Millimetre - Structural Consultants

06 Feb, 16:11


တစ်ရက်က MPCE group ထဲမှာ
ညီမလေးတစ်ယောက်မေးထားတာတွေ့မိတယ်
အခုမှ အားလို့ ပြန်တင်ပေးတာပါ …

သူသိချင်တာက ငလျင်တွေလှုပ်ပေမယ့်
အရည်အသွေးမမှီတဲ့ တိုက်တွေ အိမ်တွေက
ဘာလို့မပြိုတာလဲပေါ့ ..

ပြောရရင်တော့ အချက်တွေက များပါတယ် …
တကယ် Theory ကျကျကောင်းကောင်းနားလည်ဖို့ဆိုရင်
နာရီ (၃၀) စာလောက်တော့ ဆွေးနွေးကြရမယ်ထင်တယ် ..

အတိုချုံးပြောရရင်တော့ …
ဒါလေးတွေအရင်သိဖို့လိုပါတယ် …
ဇာတ်လမ်းအစမှာ တိုတိုနဲ့လိုရင်းရောက်မယ့်
ခေါင်းစဉ်ကိုပဲပြောရရင် ၂ ခုသိထားရပါမယ် ..

နံပါတ် (၁)
Seismic Risk ဆိုတာဘယ်ပေါ်မူတည်လဲ?
Risk = Hazard xExposure xVulnerability
အဲ့ဒီမှာ hazard, exposure, vulnerability
(၃) ခုကဘာတွေနဲ့သက်ဆိုင်လဲသိရမယ် …
သိရမယ်ဆိုတာမှာ မြန်မာနိုင်ငံမှာ ကိုးကားရမယ့်
data တွေမရှိသေးလို့ သိဖို့လိုသေးတယ်ဆိုလိုတာပါ …

နံပါတ်(၂)
2% Probability of Exceedance in 50 yr
ဆိုတဲ့ သီအိုရီဘယ်ကစဖြစ်လာလဲဆိုတာနဲ့
Seismic Map of Myanmar ကိုထုတ်ထားတဲ့
နောက်ခံသီအိုရီတွေနဲ့သမိုင်းသေချာသိရမှဖြစ်မယ် …

ထပ်သိရမယ့်အချက်တွေရှိသေးတာမို့လို့ ..
ဆရာဦးစောထွေးဇော် ပြုစုပေးထားတဲ့
PPT လေးတစ်ခု Myanmar Earthquake Committee မှာ
ရှာတွေ့မိလို့ ပြန်မျှဝေပေးလိုက်ပါတယ် … ဒီ ppt လေးက
2022 တုန်းကမှ လုပ်ထားတာဖြစ်လို့ Update ဖြစ်ပါတယ်

Earthquakes Risk Reduction in MNBC Provisions
https://mes.org.mm/sites/default/files/earthquake%20and%20mnbc%20provisions%20220910.pdf

ဆရာဦးစောထွေးဇော်ရဲ့ ppt က အနှစ်သာရတွေ
အပြည့်ထည့်ပေးထားတာကြောင့် slide တစ်ခုချင်းစီ
သေချာနားလည်အောင် ဖတ်ကြည့်ပါ … slide တစ်ခုခုကို
နားမလည်တာရှိခဲ့ရင် ကျနော့်ကိုလာမေးလို့ရပါတယ် …

Earthquake Committee မှာ open access အနေနဲ့
တင်ပေးထားတာဖြစ်လို့ ဆရာလဲ free education အဖြစ်
မျှဝေပေးထားတယ်လို့ ယူဆပါတယ်ခင်ဗျာ …

ကျနော်ကိုယ်တိုင်လည်း ဆရာဦးစောထွေးဇော်ကို
အခုရက်ပိုင်းဆက်သွယ်ပြီး မေးချင်တာလေးတွေရှိလို့ …
ဆရာ့ရဲ့ gmail လေးသိရင် cb မှာ ပြောပြပေးပါခင်ဗျာ..

စဉ်ဆက်မပြတ်လေ့လာမယ် … ပြန်မျှဝေမယ်
Engr Aung Myat Thu

#earthquake
#engineering

Millimetre - Structural Consultants

03 Feb, 14:31


“Cracks in Constructed Facilities”

Crack ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းတိုင်းမှာ
အဆောက်အဦပဲဖြစ်ဖြစ်၊ လမ်းတံတားပဲဖြစ်ဖြစ်၊
မမြင်ချင်လဲ ကြုံရမြင်ရတဲ့ အရာတစ်ခုဖြစ်ပါတယ် …

အဓိကအုပ်စုအနေနဲ့
(1) Structural Cracks
(2) Non-structural cracks
(3) Environmental cracks

(၃) စုခွဲလို့ရပါမယ် … ဒါကိုမှ အခြေခံပြီး
ထပ်ခွဲရင် (၉) ခုအထိ Category ခွဲလို့ရပါတယ် …

Category & Characteristics ဘယ်လိုခွဲလို့ရလဲ?
အချိန် (၇) ရက်ယူပြီး စုစည်းလိုက်တာ 48 page ရှိတယ်

မျက်စိထဲပုံဖော်လို့လွယ်အောင် ပုံတွေခပ်များများ
စာနည်းနည်းနဲ့ လုပ်ပေးထားပါတယ် … facebook မှာပုံ
အကုန်မတင်တော့ပါဘူး … ကျစ်ကျစ်လစ်လစ်နဲ့
PDF version ပဲ လာယူလိုက်ပါ …

လေ့လာမယ် .. ပြန်မျှဝေမယ် ..

Engr Aung Myat Thu
Millimetre - Structural Engineer

Telegram:
https://t.me/millimetretraining

Join Millimetre - Structural Consultants on Viber https://invite.viber.com/?g2=AQBeTsuw%2F21MUlMOqElnXmTrw1Dlg5qWV9KCP7WFB4nW8vbu%2FUdr8jbuRSKXvuQV

Millimetre - Structural Consultants

01 Feb, 13:35


Quantity Surveyor to join our team in Yangon.

Millimetre - Structural Consultants

28 Jan, 13:52


“Experience Sharing”

လွန်ခဲ့တဲ့ အသက် ၂၅ လောက်ကိုပြန်သွားပြီးတော့
ကိုယ့်ကိုကိုယ်ပြောချင်တဲ့စကားလေးတွေကို …
Junior Engineer တွေကို ပြောပြဖြစ်ခဲ့တယ် …

Engineering အပြင် … တစ်ခြားကနေ ငွေဝင်နိုင်တဲ့
Second Income တစ်ခုဖန်တီးတတ်အောင်လေ့လာဖို့…

လုပ်ငန်းလုပ်တဲ့အခါ ဝန်ထမ်းစိတ်နဲ့မလုပ်ပဲ
ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့စိတ်နဲ့ လုပ်ရင်းလေ့လာဖို့ …

Engineering Entrepreneur အပိုင်းကိုလေ့လာချင်ရင်
AIT မှာ master တန်းလဲ တက်လို့ရတဲ့အကြောင်းလဲ
အသိပညာ မျှဝေပေးခဲ့ပါတယ် …

တစ်နှစ်တစ်ခါပဲ လုပ်ဖြစ်တဲ့အစီအစဉ်လေးပါ …
လာမယ့် Sunday (February 2) မှာ ထပ်ဆုံကြပါမယ် …

Engr Aung Myat Thu
Engineer X Entrepreneur

Youtube link:
https://youtu.be/cg85u7_EYWY?feature=shared

Millimetre - Structural Consultants

26 Jan, 15:49


အင်ဂျင်နီယာလောကမှာ
မိမိရှင်သန်နေရခြင်း အဓိပ္ပါယ် ..

Millimetre - Structural Consultants

22 Jan, 07:41


PSHA (Probabilistic Seismic Hazard Assessments) for Myanmar
မြန်မာနိုင်ငံနိုင်ငံက နာမည်ကျော် စစ်ကိုင်းပြတ်ရွေ့အနီး တည်ရှိတဲ့
မြို့ကြီးတွေအတွက် လိုအပ်နေဆဲဖြစ်တဲ့ PSAH ကိုလုပ်ထားတာရှာနေရင်း
Research Letter တစ်ခုတွေ့ပါတယ် .. 2023 ကမှာထွက်ထားတဲ့
Geoscience Letter ဖြစ်လို့ အရမ်း update ဖြစ်ပါတယ် …

Earthquake Engineering ကိုစိတ်ဝင်စားတဲ့
လူငယ်လူကြီးအင်ဂျင်နီယာတိုင်းဖတ်သင့်ပါတယ် …
မဖြစ်မနေ လေ့လာထားရမယ့် Keyword လေးတွေက …
• seismic activities
• earthquake catalogs and fault parameters
• ground shaking attenuation
• Vs30 maps
• Micro tremor surveys
• city scale assessments
• building code legislation

ကျနော်စိတ်ဝင်စားမိတာက technical အပိုင်းအပြင်
Research Fund အပိုင်းကိုပါ … Fund ထောက်ပံ့ပေးတာ
Taiwan ကဖြစ်ပါတယ် ..
Ministry of Science and Technology, Taiwan .. က
၂၀၂၃ ခုနှစ်လိုအနေအထားမှာတောင် ဒီလို research ပိုင်းမှာ
Investment လုပ်ရဲတာထူးခြားပါတယ် … ဒီလို ပညာရပ်ဆိုင်ရာ
Research တွေမှာ investment လုပ်တဲ့အခါ Profit ကို
သူတို့ဘယ်လိုမျှော်လင့်ကြသလဲ .. ပြန်ရှာကြသလဲဆိုတာ
သိချင်မိပါတယ် … အတွေးရှိရင် မျှဝေဆွေးနွေးပေးပါဦး

Millimetre - Structural Consultants

21 Jan, 17:20


https://www.youtube.com/watch?v=WVzoRkx3Q90&t=38s

Millimetre - Structural Consultants

20 Jan, 20:27


types of mechanics

Millimetre - Structural Consultants

19 Jan, 15:29


Eccentric Footing (1)

တစ်ရက်က ဆွေးနွေးကြတာ
Eccentric Footing တွေသုံးတဲ့အခါမှာ
ဖြစ်လာတတ်တဲ့ .. အားနည်းချက်တစ်ခု

Eccentricty ဆိုတာ မရှိတာ အကောင်းဆုံးပါပဲ
ဒါပေမယ့်လဲ Ecc ဆိုတာ အကြောင်းအမျိုးမျိုးနဲ့
Column တွေမှာရော Footing တွေမှာပါ ရှိနေမှာပါပဲ …

Ecc ဆိုတာ မရှိတာ အကောင်းဆုံးဆိုတာနဲ့
e > L/6 မဖြစ်ရင်ကောင်းတယ် … သိကြပေမယ့်
နောက်ဆက်တွဲအနေနဲ့ e > L/6 ဖြစ်လာရင်
ဘာဆက်ဖြစ်မလဲဆိုတာကို verify လုပ်ပြထားတာလေး
Case Study တွေကို ဆက်ပြီးလေ့လာချင်တဲ့သူတွေအတွက်ပါ …

ပုံကိုကြည့်ရင် အကြမ်းဖျင်းသိပါမယ် ..
အဝါရောင်က e = 0 အနေအထားပါ
အစိမ်းရောင်က e = L/6 = (0.167)
အနီရောင်ကတော့ e > L/3 = (0.3)
Settlement ကို 30 mm မှာပဲ limit လုပ်မယ်ဆိုရင်
Load carrying capacity က တဆင့်စီကျသွားတာတွေ့မယ်
အဝါရောင် (e=0) မှာ 380 kN/m
အစိမ်းရောင် (e = L/6) မှာ 240 kN/m
အနီရောင် (e > L/3) 140 kN/m
380/ 140 = 2.71 ~ nearly 3 times (1/3)
၃ ပုံ ၁ပုံပဲကျန်တော့တာ သတိထားမိပါမယ် …

ဒါကိုတော့ eccentricity ကိုပဲ ဦးတည်ဖော်ပြတာပါ
နောက်ထပ်ဆွေးနွေးရမယ့် factor တွေကတော့
အများကြီးရှိပါသေးတယ် …

ဥပမာ -
(1) footing ၂ ခုကြားက spacing (S)
(2) soil bearing capacity factors (Nq, Nr, phi, etc.)
(3) soil-structure interaction (Ks)

စိတ်ဝင်စားရင်တော့ တစ်ပါတ်ကိုတစ်ခုလောက်ရေးတင်ပါမယ် ..
အဲ့ဒီထက်ပိုပြီး စိတ်ဝင်စားလို့ မိမိဘာသာဖတ်ချင်တယ်ဆိုရင်တော့
ကျနော် collection လုပ်ထားတဲ့ စာတမ်းလေးတွေရှိပါတယ် ..
CB (or) Telegram မှာ လာတောင်းလို့ရပါတယ် …

Engr. AMT @ Millimetre

Millimetre - Structural Consultants

19 Jan, 04:02


‘’Engineer x Entrepreneur’’
အခမဲ့အတွေ့အကြုံမျှဝေခြင်း …

Bangkok ရောက်တာ (၆) လပြည့်ခဲ့ပြီ …
ရက်ပေါင်း ၁၈၀ အတွင်းမှာပဲ ကြိုးစားရင်း
နောက်ထပ် level up ခဲ့တာကို ခံစားရတဲ့အတွက်
Transition Period ရဲ့ရလဒ်ကို ကျေနပ်မိပါတယ် ..

ပညာရေးဖက်မှာလည်း semester တစ်ခုကို
အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ် …
အခု 2nd semester မှာ … Assignment တွေ
Deadline တွေကို မကြောက်တတ်တော့ဘူး …
AIT ကလည်း ဒါမျိုးဖြစ်အောင် train ပေးလိုက်တာပဲ

ကိုယ်တကယ် passion ဖြစ်ပြီး သင်ယူချင်နေတဲ့ …
• Earthquake Engineering
• Tall Building Design
• Forensic Engineering
• Structural Health Monitoring
• Pre-stressed Concrete .. ဘာသာရပ်
(၅) ခုကိုလည်း စပြီး learning လုပ်နေရပြီ …

တစ်ဖက်က business လုပ်ငန်းဖက်မှာလည်း
မြန်မာမှာ တည်ဆောက်ခဲ့တဲ့လုပ်ငန်း (၃)ခုဟာ …
နေ့စဉ် viber နဲ့ zoom meeting လေး ဝင်ထိုင်ရုံနဲ့
project (၂)ခုလုံးကို တစ်ပြိုင်နက် လည်ပတ်နေပြီ
Build2Develop အနေနဲ့ အခု တောင်ငူမှာ (၁) လုံး၊
တောင်ကြီးမှာ (၁) လုံး ပြိုင်တူတည်ဆောက်နေတယ် …

မကြာခင် ၂၀၂၅ သကြန်မရောက်ခင်မှာ
မူလစိတ်ကူးရှိတဲ့ .. business dream ဖြစ်တဲ့
- low cost housing နဲ့ carpentry work
လုပ်ငန်းလေးတွေဆက်လုပ်သွားမယ် …

အရာရာကိုတွေးပြီး စိတ်ပူ၊ စိတ်အားငယ်နေလို့ရှိရင်
Action မရှိပဲ .. အသက်တွေပဲကြီးလာရုံရှိမယ် …
အသက်ကြီးလာတာနဲ့အမျှ အချိန်စီးဖို့လိုပါတယ် …

2025 ထဲမှာ မိမိရဲ့ Brand လုပ်ငန်းခွဲတွေကို
Franchise ပေးနိုင်အောင်လည်း လျာနေပါပြီ …

ဒီလိုဖြစ်အောင်လို့ဆိုတာကလဲ manifesting
၃ လလောက်လုပ်ရုံနဲ့ရလာတာမဟုတ်ပါဘူး
Start-up လုပ်ငန်းတိုင်းကို ၃ နှစ်တည်ဆောက်ခဲ့တာပါ …

ကိုအောင်မြတ်သူနဲ့ဆိုရင် ယုံကြည်ရတယ် ..
အလုပ်အတူတူတွဲလုပ်ချင်တယ်ဆိုတဲ့ရလဒ်ရအောင်
မိမိရဲ့ Profile ကို (၁၅) နှစ်တည်ဆောက်ယူခဲ့တာပါ …

ဒီအကြောင်းတွေကို life experience အဖြစ်
လူငယ်တွေကို အတွေ့အကြုံမျှဝေပေးချင်ပါတယ် …
ဒီလ ၂၇ ရက်နေ့ဟာ ကျနော့်ရဲ့မွေးနေ့ဖြစ်ပါတယ် …
အဲ့ဒီနေ့မတိုင်ခင် ၂၆ ရက်နေ့မှာ ကျနော့်အနေနဲ့
ဝန်ထမ်းအဖြစ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းတွေ
ဘယ်လိုစလုပ်ခဲ့သလဲဆိုတာကို (အခကြေးငွေမယူပဲ)
Experience Sharing အတွေ့အကြုံဒါနပြုပါမယ် …


❇️ခေါင်းစဉ်။ ။
" Engineer x Entrepreneur (အခမဲ့)ဆွေးနွေးပေးခြင်း‘’

❇️အချိန်။ ။ Jan (26) – Sunday ည (၇) နာရီစမည်။

❇️Zoom link ကိုယူရန် viber group ကို join ပါ ..

https://invite.viber.com/?g2=AQBeTsuw%2F21MUlMOqElnXmTrw1Dlg5qWV9KCP7WFB4nW8vbu%2FUdr8jbuRSKXvuQV


🛑စည်းကမ်းချက် .. တစ်ခုသာရှိပါသည်။
ဝင်ရောက်သည့်အခါ ကင်မရာများဖွင့်ထားရမည်
မဖွင့်နိုင်သောအခြေအနေရှိလျင် ပေးမတက်ပါခင်ဗျာ

အခမဲ့တက်ခွင့်ရချင်သူများအနေနဲ့
ဒီပို့စ်ကိုshare ပြီး screenshot မန့်ပေးပါ …

ပို့စ်ကိုမရှယ်ပေးနိုင်တဲ့သူတွေကတော့ …
Business Owner တစ်ဦးရဲ့ mindset နဲ့
strategy တွေကို နားထောင်ခွင့်ရဖို့ဆိုရင်
Register fees - ၅ သောင်းကျပ်ပေးသွင်းရပါမယ် …

The biggest asset in the world is your mindset.
The real risk is doing nothing.

Engr Aung Myat Thu
Engineer x Entrepreneur

Millimetre - Structural Consultants

18 Jan, 14:49


Engineer x Entrepreneur

Millimetre - Structural Consultants

18 Jan, 04:11


Scholarship for August 2025

https://www.facebook.com/share/p/19ytAbfoog/?mibextid=wwXIfr

Millimetre - Structural Consultants

17 Jan, 17:32


“အချိန်နဲ့ပညာ”
‘’ပေးရမယ့်အချိန်နဲ့ပြန်ရမယ့်ပညာ”

Earthquake Engineering .. လို ခက်ခဲနက်နဲတဲ့ပညာရပ်ကို
ဘယ်သင်တန်း၊ ဘယ်ကျောင်းမှာမှ အလုံးစုံတတ်မြောက်အောင်
မသင်ကြားပေးနိုင်ပါဘူး … ဒါဆိုရင် ဘယ်လိုလေ့လာရမလဲ ..

ပညာရပ်တစ်ခုကို ဘယ်အချိန်မှာ တကယ်တတ်သလဲဆိုတော့
မိမိဘာသာလေ့လာသွားတတ်တဲ့အချိန်ပဲလို့ ခံယူပါတယ် . .

ကျနော်နဲ့အတူတူ ရက် (၆၀) လောက် လေ့လာကြည့်ရင်
လေ့လာရမယ့် Approach & Consistency ကိုရသွားပါလိမ့်မယ် …
လေ့လာချင်သူများအတွက (၂) လတာ study camp ရှိပါမယ် …

ဘာတွေလေ့လာရမလဲဆိုတော့
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊
စင်ကာပူစတဲ့ နိုင်ငံတွေက research paper တွေကို
(တစ်ရက်ကို ၁ နာရီခန့်) စာအတူတူလိုက်ဖတ်ရပါမယ် ..

ကျနော်နဲ့အတူတူ ၁ ရက်ခြား ၁ ခါ .. စာဖတ်ပြီး
Online (messager or viber) ကနေဆွေးနွေးမယ် ..
(Sat/Sun) မှာ Zoom Meeting ဆုံမယ် ..
Group member တွေနဲ့လဲဆွေးနွေးလို့ရမယ်

ဥပမာပေးရရင် ..
English Speaking ကို Practice လုပ်သလိုပေါ့
အဖော်မရှိပဲနဲ့ English လို အသံထွက်မပြောဖြစ်ဘူး
ဒီလိုပဲ .. Earthquake Engineering မှာလည်း
စကားပြောဖော်မရှိရင် ဆွေးနွေးရတာမရှိရင် ခရီးမတွင်ဘူး …
ဒီအတွက် camp / environment တစ်ခုဖန်တီးပေးတာပါ

အခမဲ့ .. ပညာဒါနဆိုရင် အများကြီးလာ join မှာကိုလဲ
သိပါတယ် .. အဲ့ဒီအခါ အုတ်ရောရော သဲရောရောမဖြစ်စေချင်တာပါ
တစ်လ အရင် join ကြည့်ပြီးမှ မ Join ချင်ရင်
Membership ရပ်လိုက်ရုံပါပဲ …

ပထမဆုံး ၂ ရက်ကိုတော့ ငလျင်နဲ့ဆိုင်တဲ့
Basic Knowledge Level တူအောင် ..
အင်ဂျင်နီယာဆိုင်ရာ ငလျင်ဗဟုသတတွေနဲ့
အရင်ဆုံးစာသင်သလိုသင်ပေးပြောပြပေးပါဦးမယ် …

နောက်ပိုင်းမှာတော့ စာသင်သလိုသင်ပေးနေမှာမဟုတ်ပဲ
continuous learning အနေနဲ့ ဘယ်လိုလေ့လာရမလဲဆိုတာကိုပဲ
mentor တစ်ယောက်အနေနဲ့ အဓိက monitoring လုပ်ပေးမှာပါ

ဘယ်သူတွေ Group join သင့်လဲဆိုတော့
(1) Earthquake Engineering ကို အခြေခံလုံးဝမသိသူများ
(2) မြန်မာနိုင်ငံက ငလျင်နိုင်ငံဖြစ်တယ်ဆိုတာကိုနားလည်သူများ
(3) ဒီဇိုင်းလုပ်မယ့်မြို့ပြအင်ဂျင်နီယာများနှင့်
(4) ကန်ထရိုက်တာလုပ်မယ့် မြို့ပြအင်ဂျင်နီယာများ
(5) လေ့လာချင်ပေမယ့် ဘယ်ကစလေ့လာရမလဲမသိသူများ
(6) Master ဆက်တက်ဖို့ရည်ရွယ်ထားသူများ ..

Disclaimer
(1) သင်တန်းတစ်ခုလိုစာသင်ပေးမှာမဟုတ်ပါဘူး
(2) စာမသင်ပဲနဲ့ စာဖတ်တတ်အောင်လုပ်ပေးမှာပါ
(3) တစ်နေ့တစ်ခုတော့ ဗဟုသုတသိရပါလိမ့်မယ်
(4) Mentorship ဆိုတာကို လိုအပ်မှ Join ပါ

ပထမဆုံး Day (1) ကို ပညာဒါနလုပ်ပေးပါမယ်
အဲ့ဒီတစ်ရက်တက်ကြည့်ပြီးမှ တက်ချင်လား
မတက်သင့်လားဆုံးဖြတ်လို့လဲရပါတယ်

Membership fees ကတော့
၁ လကို 50000 mmk ဖြစ်ပါတယ် …
အခက်အခဲရှိတဲ့သူက ၁ လကို (၁)ခါ ခွဲသွင်းသွားရမှာပါ ..
၂ လစာပေါင်းသွင်းရင် Early Bird အနေနဲ့ (80000 mmk) ရပါမယ်


ပညာရပ်တစ်ခုကို ဘယ်အချိန်မှာ တကယ်တတ်သလဲဆိုတော့
မိမိဘာသာလေ့လာသွားတတ်တဲ့အချိန်ပဲလို့ ခံယူပါတယ် . .

ကျနော်ကသင်တန်းပုံစံသင်မှာမဟုတ်ပါဘူး ..
ကိုယ့်ဘာသာလေ့လာတတ်အောင်သင်ပေးမှာပါ …

Engr. Aung Myat Thu
Millimetre – Structural Consultant

Millimetre - Structural Consultants

13 Jan, 17:39


https://www.youtube.com/watch?v=XKvXWL3Zt4Y

Millimetre - Structural Consultants

13 Jan, 16:28


It is predicted that water level would reach the ground
surface and pore water pressure distribution would reach hydrostatic condition by 2032

Millimetre - Structural Consultants

13 Jan, 05:15


••Learned as Theory, Applied in Practise••

`Lapping=40.Dဆိုတာဘယ်ကဖြစ်လာလဲ?´

Answer:
Design of Concrete Structures
by Arthur H.Nilson(12th edition)
Ch(5):Bond Anchorage and
Development Length
ဆိုတဲ့သီအိုရီက မြစ်ဖျားခံလာပါတယ်

Table မှာပြထားတဲ့ Formula ထဲက
No. 6 and smaller bars နဲ့ဥပမာတွက်ကြည့်ရ အောင် ..
(၃ မတ်, ၆မူး, ၅မူး, ၃မူး, etc.)

Ld/ d = fy/ 25 x sq.root of (fc´)
factor အားလုံး 1 လို့အလွယ်ယူဆပါမယ်
reinforcement location factor
(အယ်လ်ဖာ = 1)
coating factor (ဘီတာ = 1)
light weight concrete factor
(လန္မ္ဒါ = 1)

Assume :
fy = 40000 psi, fc'= 2500 psi
(ဘယ်မြို့မှာဖြစ်ဖြစ် ရနိုင် တဲ့
အနည်းဆုံး Material Strength ကိုယူလိုက်ပါတယ်)

Ld/ d = fy/ 25 x sq.root of (fc´)
= 40000/ 25x(sq. root 2500)
Ld/ d = 32
Ld = 32 d

Development length=32xbar dia

for tension splice,
(Tension zone မှာ lapping ပေးရင်
case 2 မျိုးရှိပါတယ်)
Class A - splice = Ld
Class B - splice = 1.3 x Ld

Class A ဖြစ်ဖို့ Chance နည်းလို့
စိတ်ချရ အောင် splice length ကို
Class B လို့ယူဆဖို့ recommand လုပ်ပါတယ်

Splice = 1.3 x Ld
= 1.3 x (32 x bar dia)
= 41.6 x bar dia

တစ်နည်းအားဖြင့်
Splice length = 42 times Bar dia
Lapping က 42xbar dia. ပေါ့

fy=50000psi ရတယ်ယူဆကြည့်ပါ

Ld = 50000/25(sq. root of 2500)
= 40 x bar dia
(Lapping က 40xbar dia. ပေါ့)

အဲ့ဒါကြောင့် ကျနော်တို့ Site Use
အဖြစ်သုံးနေတဲ့ Lapping = 40 D
ဆိုတာ သီအိုရီအပြင် မထွက်သွားပါဘူး
fc' နဲ့ fy ပေါ်မူတည်ပြီး မှန်နေပါတယ်
Theory နဲ့ Practical ဆိုတာ
မကွာခြားပါဘူး(not difference,Same)
ကွာဟတာလေးတွေတော့ရှိတာပေါ့ ...
(ဒါကလဲ ACI.code တော့ရှိပြီးမြန်မာတွေ
ထုတ်တဲ့ MCI.code မရှိသေးလို့ပါ)

for Compression splice,
(Table အောက်က formula ပါ)
fy = 60000 psi and less

Splice length = 0.0005 fy x d
= 0.0005 x 60000xd
= 30xd

compression zone ထဲမှာဆက် ရင်
40 D မလိုပါဘူး ... တချို့တွေသုံးတဲ့
30 D နဲ့တင် လုံလောက်ပါတယ် ...
ဒါပေမယ့် fc'=3ksi ပြည့်မှရပါမယ်

Splice = 30 x d x 1.3 (130%)
= 39 x d

point to remember*
30, 40, 50 D ဆိုတာ ပုံသေမရှိပါဘူး..
Materialပေါ်မူတည်ပြီးmodification
factor တွေပြောင်းလဲသွားမှာပါ
55-D ပုစ္ဆာတစ်ခေါက်တင်ပေးဖူးပါတယ်

ပြောနေကျအတိုင်းပါပဲ ... ကျနော်တို့
Engineering မှာ ပုံသေမမှတ် ရပါဘူး
common sense နဲ့ပုံရှင် မှတ်ပေးပါ

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
written by - Aung Myat Thu
MilLimetRe-Training & Design Group
(written in 2012)

Millimetre - Structural Consultants

10 Jan, 17:47


https://www.t.kyoto-u.ac.jp/en/divisions/departments/ar/index.html

Millimetre - Structural Consultants

09 Jan, 12:45


viber မှာလည်း Millimetre viber channel ရှိပါတယ် ... မသိသေးရင် join ထားလို့ရအောင်ပါ .. https://invite.viber.com/?g2=AQBeTsuw%2F21MUlMOqElnXmTrw1Dlg5qWV9KCP7WFB4nW8vbu%2FUdr8jbuRSKXvuQV

Millimetre - Structural Consultants

08 Jan, 12:58


Active Faults in Thailand

Millimetre - Structural Consultants

08 Jan, 10:01


1972 - CMU - Engineering Faculty

Millimetre - Structural Consultants

07 Jan, 10:21


https://www.bangkokpost.com/thailand/general/1727123/new-active-fault-line-found

Millimetre - Structural Consultants

06 Jan, 03:52


New Year လက်ဆောင်အနေနဲ့ ဗဟုသုတမျှဝေပေးထားပါတယ် ..

အိမ်ဆောက်တဲ့အခါ အင်ဂျင်နီယာပါရင်ပိုကောင်းတယ်လို့ ပြောကြတယ်
ဒါပေမယ့် တကယ်ပဲပိုကောင်းတာလား .. အင်ဂျင်နီယာပါရင်ရော
အမှားမပါတော့ဘူးလား … ဘယ်လိုအရာလေးတွေက အမှားလို့ခေါ်လဲ
ဘယ်ဟာတွေကမှားလို့ရလဲ .. ဘယ်ဟာတွေက မှားလို့မရဘူးလဲ …
အမှားတွေကနေ သင်ခန်းစာမယူနိုင်သေးသရွေ့ .. မတိုးတက်ဘူး ..
အင်ဂျင်နီယာပါရင် မမှားသင့်တဲ့အမှားတွေကို သိစေနိုင်ဖို့
ရည်ရွယ်ပြီး Video (၁၀) ခု (10 hour) ဆွေးနွေးပေးထားပါတယ် ..

• Common Mistakes in RC design and drawing (Part 1) -
• https://youtu.be/9NHxs79ZWHg?si=IcLt6f1pbznE0NtE

• Common Mistakes in RC design and drawing (Part 2) -
• https://youtu.be/igwYL4OTRLk?si=yuj8lEXOGCfbNfA4

Engr. Aung Myat Thu
Millimetre – Structural Consultants

Millimetre - Structural Consultants

03 Jan, 03:48


https://youtu.be/igwYL4OTRLk

Millimetre - Structural Consultants

31 Dec, 13:14


Be a happy new year to you all. 2025 မှာ ကံကောင်းခြင်းတွေကိုသာ ပိုကြုံရပါစေ .. မိသားစုဝင်တွေလဲ ကိုယ်စိတ်နှစ်ပါးလုံးကျန်းမာကြပါစေ ..

Millimetre - Structural Consultants

25 Dec, 05:56


5 Days with Millimetre (2025-New year) ရက်တိုသင်တန်းဆင်းသူများရဲ့ Feedback အမှတ်တရ

Millimetre - Structural Consultants

25 Dec, 03:05


အကောင့်ပျက်သွားလို့ .. facebook account အသစ်ဖွင့်ထားပါတယ် .. you can search me on facebook

Millimetre - Structural Consultants

24 Dec, 16:58


သဘောကျမိသော Hand Sketch of a Civil Engineer .. (source - pinterest)

Millimetre - Structural Consultants

23 Dec, 08:34


Facebook account ကို ရက် ၁၈၀ suspended လုပ်ခံထားရလို့ messager မှာ ဆက်သွယ်လို့ရမှာ မဟုတ်ကြောင်း အသိပေးပါတယ် ..

Viber +66 992781605
Viber +95 9960336000

Millimetre - Structural Consultants

20 Dec, 08:28


Engineer တွေပါရင် ဒီလို RC basement wall လက်ရာဖြစ်သင့်လား .. ?

Millimetre - Structural Consultants

22 Nov, 13:38


paid internship program @ Bangkok - https://www.sei.org/people/jobs/internship-hydrological-modelling/

Millimetre - Structural Consultants

17 Nov, 15:58


မနက်ဖြန် မနက် - 9:30 - YGN time

Millimetre - Structural Consultants

16 Nov, 13:31


https://www.youtube.com/watch?v=KrYxuVOumFw

Millimetre - Structural Consultants

16 Nov, 04:56


https://www.youtube.com/watch?v=Sult2iy18Wc

Millimetre - Structural Consultants

16 Nov, 02:05


Finite Element Method အကြောင်းစိတ်ဝင်စားတယ်ဆိုရင် တက်သင့်တဲ့ တန်ဖိုးရှိတဲ့ webinar လေးပါ .. မြန်မာစံတော်ချိန် 9:30 AM မနက်ပိုင်းစပါမယ် ...

Millimetre - Structural Consultants

13 Nov, 15:51


Pre-stressed Concrete

Millimetre - Structural Consultants

13 Nov, 14:11


While 3D concrete printing has the potential to revolutionize the construction industry, it's unlikely to completely replace conventional concrete construction in the near future. Here's a breakdown of the current state and future potential:

Advantages of 3D Concrete Printing:

* Faster construction: 3D printing can significantly reduce construction time, especially for complex structures.
* Reduced labor costs: Automation of the printing process can lead to lower labor costs.
* Reduced material waste: 3D printing uses only the necessary amount of material, minimizing waste.
* Design flexibility: 3D printing allows for the creation of complex and customized designs.
* Potential for sustainable construction: 3D printing can be used with sustainable materials and energy-efficient designs.

Challenges and Limitations:

* Limited scale: Current 3D printers have limitations in terms of size and complexity of structures they can print.
* Material constraints: The types of concrete suitable for 3D printing are still limited.
* Post-processing requirements: 3D-printed structures may require additional finishing and reinforcement.
* High initial costs: The initial investment in 3D printing equipment and materials can be significant.
* Regulatory hurdles: Regulations for 3D-printed construction are still evolving and may vary by region.

The Future:

While 3D concrete printing is still in its early stages, it has the potential to become a major player in the construction industry. As technology continues to advance, we can expect to see larger and more complex structures being 3D printed.

In the short term, 3D printing is likely to complement traditional construction methods, rather than completely replace them. It can be used for specific applications, such as creating custom architectural elements or rapidly building temporary structures.

In the long term, as 3D printing technology matures and becomes more cost-effective, it could become a mainstream construction method, particularly for residential and commercial buildings. However, it's important to note that this transition will take time and significant investment in research and development.

Millimetre - Structural Consultants

13 Nov, 13:50


AI ကနောက်မှ .. 3D - concrete printing ကအရင် .. လုပ်သားလူသားတွေကို နေရာဖယ်သွားမယ် ...

Millimetre - Structural Consultants

13 Nov, 13:49


https://www.youtube.com/watch?v=aSDcKmfkPHc

Millimetre - Structural Consultants

13 Nov, 13:49


https://www.youtube.com/watch?v=ERY3_Wa8Ej8

Millimetre - Structural Consultants

13 Nov, 13:36


https://www.youtube.com/watch?v=qG7KMjV8zMk

Millimetre - Structural Consultants

12 Nov, 16:23


https://www.youtube.com/watch?v=qiF89HFLY2A

Millimetre - Structural Consultants

09 Nov, 19:33


AIT မှာ တက်ရတာ Structure တစ်ခုထဲမဟုတ်ဘူး .. Entrepreneurship အပိုင်းတွေပါတက်ရတာ .. တန်အောင်သာအကုန်တက်ပစ်တယ် ..

Millimetre - Structural Consultants

09 Nov, 11:46


မနက်ဖနြ် ဟောပြောမယ့်သူ ရေးထားတဲ့စာအုပ်ပါ

Millimetre - Structural Consultants

09 Nov, 06:43


Free Seminar ဖြစ်လို့ လက်လွတ်မခံသင့်ပါ
Architect တွေကို Structural Engineering သင်တဲ့ ဆရာကြီးတစ်ယောက်ဖြစ်ပါတယ် …

📢 We are excited to invite you all to another insightful knowledge-sharing session titled ‘𝗜𝗻𝗰𝗿𝗲𝗮𝘀𝗶𝗻𝗴 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗮𝗹 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲’ by 𝐏𝐫𝐨𝐟 𝐀𝐧𝐝𝐫𝐞𝐰 𝐂𝐡𝐚𝐫𝐥𝐞𝐬𝐨𝐧, Adjunct Teaching Fellow at the Wellington School of Architecture, University of Wellington, New Zealand.

🗓 Date: Monday, 18th November 2024
🕙 Time: 10:00 - 11:30 Hrs (Bangkok Time)
📍 Online Platform: Zoom
🔗 Meeting ID: 996 5403 4945
🔐 Passcode: 807371

This session is free to attend, and anyone interested in resilient design is welcome to join! Let’s connect, learn, and work towards a more resilient future.

https://ait-ac-th.zoom.us/j/99654034945?pwd=aKQseMpbZg5TjKC2hXsEh4kM8BNpxH.1

About the speaker: https://www.wgtn.ac.nz/architecture/about/staff/andrew-charleson

#StructuralResilience #Architecture #Engineering #Webinar #ResilientDesign #UniversityOfWellington #SmartCities

Millimetre - Structural Consultants

04 Nov, 01:59


ကမ္ဘာအမြင့်ဆုံး Hotel ကို
Design လုပ်တဲ့ Archi Firm ..

Worldwide level ကို သွားချင်ရင်
ဒီလို level တွေပြောတာ နားထောင်မှ ဖြစ်မယ် …

Free seminar ဖြစ်လို့အခွင့်အရေးကို
လက်လွတ်မခံသင့်ပါ .. အမျိုးတို့ခင်ဗျာ

Millimetre - Structural Consultants

03 Nov, 18:04


Worldwide level ကို သွားချင်ရင်
ဒီလို level တွေပြောတာ နားထောင်မှ ဖြစ်မယ် …
Free seminar ဖြစ်လို့အခွင့်အရေးကိုလက်လွတ်မခံသင့်

Millimetre - Structural Consultants

19 Oct, 09:50


still using it from 2017 to 2024

Millimetre - Structural Consultants

17 Oct, 15:12


သီတင်းကျွတ်လပြည့်ညမှာ …
ကျနော့် Page ရဲ့ followers တွေကို
လက်ဆောင်တစ်ခုပေးချင်ပါတယ် 🎁

ကျွန်တော်တို့ကျောင်းဆင်းခါစ …
အင်ဂျင်နီယာပေါက်စလေးအရွယ်မှာ
လုပ်ငန်းခွင် စဝင်ဝင်ချင်းနေ့တွေဆိုရင် …

အထူးသဖြင့် ကိုယ့်အထက်မှာမေးမြန်းရမယ့်
စီနီယာအင်ဂျင်နီယာတစ်ယောက်မှမရှိတဲ့ Site မျိုးမှာ
အလုပ်ဝင်ရတဲ့အခါ .. ယုံကြည်မှုအားနည်းပြီး …
ယောင်တောင်တာင်ဖြစ်နေရတတ်ကြပါတယ်။

အဲ့ဒီအချိန်လေးကို ပြန်လည်ခံစားကြည့်ပြီး
ကျောင်းဆင်းခါစ Graduate Engineer တွေအတွက် စာအုပ်လမ်းညွှန်အနေနဲ့ ၂၀၁၆ ကစပြီးရေးဖြစ်ခဲ့ပါတယ်။

Fresh Concrete လေးလို နုနုနယ်နယ် ..
plastic stage မှာတော့ လူငယ်အင်ဂျင်နီယာ
ဘ၀ဟာ Stress များ၊ ခက်ခဲပြီးမိမိရဲ့ကိုယ်ပိုင်
Strength ကပျော့နေသေးသယောင်ယောင်
ခံစားရတတ်ပါတယ်။

ဒါပေမယ့် …
အချိန်တစ်ခုပေးပြီး .. curing လုပ်လိုက်တဲ့အခါ
Harden concrete လိုမာကျောတည်ငြိမ်လာပြီး
Tension … Compression ဘာပဲလာလာပြန်ပြီး
Resist လုပ်နိုင်တဲ့ Young Engineer ဖြစ်လာမှာပါ။

စာမျက်နှာ ၅၀ ခန့်ပါဝင်တဲ့ စာအုပ် ၃ အုပ်ဟာ ..
Early-aged Concrete လို ညီလေးညီမလေးတို့ရဲ့
အင်ဂျင်နီယာပေါက်စဘ၀အတွက် ..
Internal Curing လုပ်ပေးနိုင်တဲ့
အထောက်အကူဖြစ်ပါစေလို့
ရည်ရွယ်၍ . . .

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ

Engr Aung Myat Thu
Millimetre - Structural Engineer

https://drive.google.com/drive/folders/1NS6PhnBSS5h9cHUveiHaV7VhegfyrY4W?usp=sharin

Millimetre - Structural Consultants

17 Oct, 12:43


I love Fourier’ series

https://www.facebook.com/share/v/i2HywYWwDCDw1YVy/?mibextid=WC7FNe

Millimetre - Structural Consultants

17 Oct, 05:28


Wave Propagation Analysis:

Millimetre - Structural Consultants

16 Oct, 14:36


moti

Millimetre - Structural Consultants

16 Oct, 03:06


ဘန်ကောက်မှာက slab on ground မသုံးပဲ.. suspended slab ပဲသုံးကြတယ် .. မြေပျော့တာအဓိကအချက်ပါ... ရန်ကုန်ထက်မြေပျော့တယ် .. ၂ ထပ်တိုက်ဆောက်လဲ Pile Cap နဲ့ပဲ

Millimetre - Structural Consultants

15 Oct, 03:09


AI talk by Lenovo

https://www.lenovo.com/us/en/events/techworld/?orgRef=https%253A%252F%252Fgo2.lenovo.com%252F&cid=all:email:xpfcx3&mkt_tok=MTgzLVdDVC02MjAAAAGV5teMrWIIWZpkssRb0xngG5LJZRCvR8KugMYpdPZCZoVh1LFSkVgPmBMSfMZCJSjvxloxSvjDptHNDGsUBlcE3tz-CpLN6dTStkZSKwzh5EgkpY4XiA

Millimetre - Structural Consultants

08 Oct, 17:41


https://chartreuse-option-9bf.notion.site/Engr-Aung-Myat-Thu-Elon-Myat-11905dc7a0ee801ca435ff10793c4f27?pvs=4

Millimetre - Structural Consultants

08 Oct, 17:15


https://www.youtube.com/watch?v=NkG5a28zAQk&t=840s