Hometown🌻 @mhaing_wpfic Channel on Telegram

Hometown🌻

@mhaing_wpfic


ဒီ channel ကနေ bl fic, gl fic, novel, manhua,manga and webtoon လေးတွေကို link ချပေးပြီး review လေးတွေရေးပေးသွားပါမယ်❤🌰

Hometown🌻 (Burmese)

Hometown🌻 အမည်ဖြင့် mhaing_wpfic ကို သူများအားလက်ခံရေးသွားပါရေးပေးသွားပါမယ်။ ဒီ channel ကနေ bl fic, gl fic, novel, manhua, manga နှင့် webtoon လေးတွေကို link ချပေးပြီး review လေးတွေရေးပေးသွားပါမယ်❤🌰 သို့မဟုတ် အကြောင်းပြန်တိုက်လေ့လာရန် ယေဘုယျကနေ တည်းခိုမှုနှင့် တည်းခိုနှစ်စားထားတဲ့ နေရာများကို မိမိဝယ်ယူနိုင်ရန်ဖြစ်ပြီး အမှားအပြားများဖြင့်ကြည့်ပါ။ အထူးသဖြင့် သင်တို့အကြောင်းအရာတွေကို မိမိရွေးပြီး ဖော်ပြနိုင်ပါတယ်။

Hometown🌻

08 Dec, 17:30


💘 ကျေးဇူးတင်စာလွှာ 💘

☆ 9. 12. 2024 ☆
အားလုံးပဲ မဂ်လာပါငယ်လေးတို့ရေ။
ဒီနေ့လေးကတော့ ဒီးတို့channelရဲ့ 3years & 4months anniversary ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်နော်။ နောက်လဆို New Yearရောက်ပြီနော်...

Hometown channelလေးဆိုတာနဲ့ သိရှိပြီး အားပေးနေကြ အားပေးခဲ့ကြတဲ့ ငယ်လေးတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်။ channelလေးကတော့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယနေ့ထိတိုင် နွေးထွေးစွာ တည်ရှိနေတာပဲ ဖြစ်ပါတယ်ရှင်။ စတင်တည်ထောင်ခဲ့တဲ့နေ့ကစပြီး ယနေ့ခုချိန်ထိ အားပေးနေကြတဲ့ ငယ်လေးတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲနဲ့ ဒီးတို့channelလေးမှ ကျေးဇူးတင်ရှိပါတယ်နော်။ နောက်နောင်ကျရောက်လာမည့် နှစ် လ ရက်များတွင်လည်း ဆက်လက်ရပ်တည်နေနိုင်ဖို့အတွက် ငယ်လေးတိူ့ရဲ့ အားပေးမှုများစွာလိုအပ်ပါတယ်ရှင်။

ယနေ့ယခုအချိန်ထိ အားပေးပြီး တူတူရှိနေပေးကြတဲ့ channelရဲ့ ငယ်လေးတွေအားလုံးကို ဒီးတို့admin teamမှလည်း အသိမှတ်ပြု ကျေးဇူးတင်ရပါတယ်နော်။

Channelလေးအပေါ် ပြောလိုသောအရာများ၊ အကြံပြုလိုသည်များရှိပါကလည်း ပြောဆိုရေးသားနိုင်ပါတယ်ရှင်💗။နောက်လမှာ ကျရောက်မယ့် နှစ်သစ်မှာလည်း စိတ်သစ် လူသစ် ပျော်ရွှင်မှုအသစ်များစွာနှင့် ဖြတ်သန်းနိုင်ကြပါစေနော်။

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်ကာ ပြည့်စုံကြသော အားကိုးရာလေးများ ဖြစ်ကြပါစေလို့ admin teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်✨💞။

#admin team

Hometown🌻

17 Nov, 06:15


ကိုယ် ဒီနေ့ပြောပြချင်တဲ့fic လေးကတော့ " Let’s Get Divorced “ ဆိုတာလေးပဲ ဖြစ်တယ်။ fic name ဖတ်ပြီး လန့်လဲမသွားနဲ့ကြအုံးနော်။ ကိုယ် ညွှန်းပေးသမျှ happy ending တွေဆိုတာကို ယုံတယ်မလား။

ဒီ fic လေးကတော့ rebirth ပုံစံလေးသွားမယ်ဆိုပေမဲ့ တခြားfic တွေနဲ့ မတူကွဲပြားတာလေးတွေကိုတွေ့ရမယ်။ ကျွန်တော်၊ကျွန်မတို့ကတော့ စဥ်းစားတွေးတော ပဟေဠိ ဆန်တာမှကြိုက်တယ်ဆိုတဲ့ စုံထောက်ပေါက်စလေးတွေဖတ်ရင် ကြိုက်မဲ့ ပုံစံလေးပါပဲ

ဇာတ်လမ်းကနည်းနည်းပြောရင် စပွိုင်းသလိုဖြစ်မှာစိုးလို့ နည်းနည်းလေးတော့ပြောပြမယ်။

သူငယ်ချင်းအရင်းတွေဖြစ်ပြီး ရင်းနှီးခဲ့တဲ့ သူရိန်မင်းထင်နဲ့ မြတ်ဘုန်းခေါင် ဆိုတဲ့ကောင်လေးနှစ်ယောက်ရှိတယ်။

မြတ်ဘုန်းခေါင်ကတော့ မိုးကျရွှေကိုယ် တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူရိန်မင်းထင်ကတော့ ဆန့်ကျင်စွာ သူ့ကလေးလေး မြတ်ဘုန်းကို အလိုလိုက်တတ်သူဖြစ်တယ်။

မြတ်ဘုန်းရဲ့ တဇွတ်ထိုးလုပ်မှုတွေကြောင့် နှစ်ဦးသား ဆက်ဆံရေးမှာ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး နာကျည်းမုန်းတီးမှုတွေလဲ ပါဝင်လာခဲ့တယ်။ မြတ်ဘုန်းရဲ့ သဝန်တိုမှုတွေကိုလဲ သူရိန်မင်းထင်ဟာ စိတ်ညစ်လာခဲ့တယ်။

ဒီလိုနဲ့ မြတ်ဘုန်းတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးပါးသွားပြီးနောက် ပြန်လည်မွေးဖွားလာချိန်မှာ တချိန်က သူ့ရဲ့တဇွတ်ထိုးဆန်မှု အမှားတွေကို ဘယ်လိုပြန်ပြင်ကြမလဲ။ ပိုပဲဆိုးသွားမလား ပိုပဲကောင်းသွားမလား။

သေချာတာကတော့ ရိုးရှင်းမှုမရှိတဲ့ ဇာတ်လမ်းလှည့်ကွက်တွေကို တွေ့မြင်ရမှာကတော့ အသေချာပါပဲ။ စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ ညွှန်းပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာအယူသဘောလေးတွေကိုပါ စာရေးသူက ရေးပေးထားတာကြောင့် ဗဟုသုတလေးတွေလဲရမယ်လို့ ထင်ပါတယ်။

Admin မှိုင်း

https://www.wattpad.com/story/344572574?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=hsuwaihtethlaing

Hometown🌻

08 Nov, 17:30


💌 ကျေး‌ဇူးတင်စာလွှာ 💌

←9.11.2024→
ငယ်လေးတို့အားလုံး မဂ်လာပါ‌ရှင်။
ဒီနေ့လေးကတော့ ဒီးတို့channelလေးရဲ့ 3years & 3months ပြည့်ပြီဖြစ်သော channel anniversary လေးပဲဖြစ်ပါတယ်နော်💞။

ဒီးတို့ရဲ့ Hometown channel လေးကတော့ နွေးနွေးထွေးထွေးနဲ့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယခုအချိန်ထိ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ Channelလေးစတင်တည်ထောင်ခဲ့သောနေ့မှစ၍ ယနေ့အချိန်အထိ စဉ်ဆက်မပြတ် အတူရှိနေပေးကြသော ငယ်လေးတွေအားလုံးကို ဒီးတို့channelလေးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်နော်။ နောက်နောင်သော နှစ် လ ရက် ကာလများတွင်လည်း ဆက်လက်တည်မြဲနေနိုင်ဖို့အတွက် channelလေးမှ ငယ်လေးတို့ရဲ့ နွေးထွေးသော အားပေးမှုများစွာ လိုအပ်ပါတယ်နော်။

ယနေ့ထိတိုင် အားပေးပြီးအတူရှိနေ‌ေပးကြတဲ့ ငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို Hometown ဆိုတဲ့channelလေးမှ အသိမှတ်ပြု ကျေးဇူးတင်အပ်ပါတယ်ရှင်။

ဒီးတို့channelလေးအပေါ် လိုအပ်တာများ အကြံပြုချင်ပါက ပြောဆိုရေးသား အကြံပြုနိုင်ပါတယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါရှင်💞။< ဒီးတို့ဘက်တော့ မိုးအေးနေတာရက်ရှည်နေပါတယ်ရှင့် ဒါကြောင့် ရာသီဥတုတူတဲ့ငယ်လေးတွေ ရှိကြမယ်ဆိုရင် နွေးနွေးထွေးထွေးနေကြပါနော်>

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော အချိန်လေးတွေ ပိုင်ဆိုင်ပြီး ပြည့်စုံကြပါစေလို့ admin teamမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်✨💘

#admin team

Hometown🌻

12 Oct, 14:54


ဒီနေ့ မိတ်ဆက်ပေးချင်တာလေး တစ်ခုရှိပါတယ်

State ကျောင်းသားဘဝကနေ uni lifeထိသွားတဲ့ ရိုရိုချိုချို Fic လေး
မတည့်အတူကနေ crushမိသွားတဲ့ ကောင်လေးတစ်ယောက်က သူ့
Crushဆီကနေ ဟန်ဆောင်အနမ်းတွေနဲ့ အပြစ်ပေးတာခံနေရတယ်
အရူးလုပ်ခံနေရတယ် ။ သူ့ကိုယ်တိုင်ကလည်း ဒူနေပြန်ရော
ကိုယ့်ကို ဘာကြောင့် ဒီလိုတွေ လုပ်နေရလဲဆိုပြီး …

တဖက်ကလည်း ဒူနေတဲ့ကောင်လေးကို ဘာကြောင့် အကြင်နာ အပြစ်တွေပေးနေမိလည်း ဘာကြောင့် ညာနေမိလည်း သူ့ကိုယ်တိုင်မသိ…

ချစ်မိတာကို ဘယ်လိုဝန်ခံကြမလဲ
ဝန်ခံလိုက်ရင်ကော ဘယ်လိုတွေ ကြုံတွေ့ကြမလဲ တွဲကြမှာလား အငြင်းခံရမှာလား

ကီးနဲ့အတူ စောင့်ကြည့်ပေးပါအုံး ရှင့် ။ ကီးရဲ့ ကိုယ်ပိုင်ဖန်တီးမှူလေးပါနော် ။ update ကတော့ ၂ရက်ခြားတခါပါ…..

Admin ကီး

https://www.wattpad.com/story/274922732?utm_source=ios&utm_medium=link&utm_content=share_reading&wp_page=library&wp_uname=kikey00

Hometown🌻

08 Oct, 17:51


💘 ကျေးဇူးတင်စာလွှာ 💘

☆ 9. 10. 2024 ☆
အားလုံးပဲ မဂ်လာပါငယ်လေးတို့ရေ။
ဒီနေ့လေးကတော့ ဒီးတို့channelရဲ့ 3years & 2months anniversary ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်နော်။

Hometown channelလေးဆိုတာနဲ့ သိရှိပြီး အားပေးနေကြ အားပေးခဲ့ကြတဲ့ ငယ်လေးတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်။ channelလေးကတော့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယနေ့ထိတိုင် နွေးထွေးစွာ တည်ရှိနေတာပဲ ဖြစ်ပါတယ်ရှင်။ စတင်တည်ထောင်ခဲ့တဲ့နေ့ကစပြီး ယနေ့ခုချိန်ထိ အားပေးနေကြတဲ့ ငယ်လေးတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲနဲ့ ဒီးတို့channelလေးမှ ကျေးဇူးတင်ရှိပါတယ်နော်။ နောက်နောင်ကျရောက်လာမည့် နှစ် လ ရက်များတွင်လည်း ဆက်လက်ရပ်တည်နေနိုင်ဖို့အတွက် ငယ်လေးတိူ့ရဲ့ အားပေးမှုများစွာလိုအပ်ပါတယ်ရှင်။

ယနေ့ယခုအချိန်ထိ အားပေးပြီး တူတူရှိနေပေးကြတဲ့ channelရဲ့ ငယ်လေးတွေအားလုံးကို ဒီးတို့admin teamမှလည်း အသိမှတ်ပြု ကျေးဇူးတင်ရပါတယ်နော်။

Channelလေးအပေါ် ပြောလိုသောအရာများ၊ အကြံပြုလိုသည်များရှိပါကလည်း ပြောဆိုရေးသားနိုင်ပါတယ်ရှင်💗။
ကျန်းမာရေးလည်း ဂရုစိုက်ကြပါရှင့်။ <မီးပျက်နေလို့နောက်ကျသွားတာလေး ခွင့်လွှတ်ကြပါနော်🫡>

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်ကာ ပြည့်စုံကြသော အားကိုးရာလေးများ ဖြစ်ကြပါစေလို့ admin teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်✨💞။

#admin team

Hometown🌻

12 Sep, 05:07


နေပြည်တော်မှာ ရေတွေကြီးနေတာကြောင့် ကိုယ် အကူအညီရမဲ့ ကယ်ဆယ်ရေး နံပါတ်လေးတွေတင်ပေးလိုက်ပါတယ်။ ရေတက်တာကော ရေစီးကော အရမ်းမြန်တာကြောင့် ကိုယ်တို့ဘက်လဲ စိုးရိမ်နေရပါတယ်။ ဘေးကင်းကြပါစေနော် ကလေးတို့ရေ။

Hometown🌻

08 Sep, 17:30


💘 ကျေးဇူးတင်စာလွှာ 💘

☆ 9. 9. 2024 ☆
အားလုံးပဲ မဂ်လာပါငယ်လေးတို့ရေ။
ဒီနေ့လေးကတော့ ဒီးတို့channelရဲ့ 3years & 1 month anniversary ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်နော်။

Hometown channelလေးဆိုတာနဲ့ သိရှိပြီး အားပေးနေကြ အားပေးခဲ့ကြတဲ့ ငယ်လေးတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်။ channelလေးကတော့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယနေ့ထိတိုင် နွေးထွေးစွာ တည်ရှိနေတာပဲ ဖြစ်ပါတယ်ရှင်။ စတင်တည်ထောင်ခဲ့တဲ့နေ့ကစပြီး ယနေ့ခုချိန်ထိ အားပေးနေကြတဲ့ ငယ်လေးတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲနဲ့ ဒီးတို့channelလေးမှ ကျေးဇူးတင်ရှိပါတယ်နော်။ နောက်နောင်ကျရောက်လာမည့် နှစ် လ ရက်များတွင်လည်း ဆက်လက်ရပ်တည်နေနိုင်ဖို့အတွက် ငယ်လေးတိူ့ရဲ့ အားပေးမှုများစွာလိုအပ်ပါတယ်ရှင်။

ယနေ့ယခုအချိန်ထိ အားပေးပြီး တူတူရှိနေပေးကြတဲ့ channelရဲ့ ငယ်လေးတွေအားလုံးကို ဒီးတို့admin teamမှလည်း အသိမှတ်ပြု ကျေးဇူးတင်ရပါတယ်နော်။

Channelလေးအပေါ် ပြောလိုသောအရာများ၊ အကြံပြုလိုသည်များရှိပါကလည်း ပြောဆိုရေးသားနိုင်ပါတယ်ရှင်💗။
ကျန်းမာရေးလည်း ဂရုစိုက်ကြပါရှင့်။

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်ကာ ပြည့်စုံကြသော အားကိုးရာလေးများ ဖြစ်ကြပါစေလို့ admin teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်✨💞။

#admin team

Hometown🌻

25 Aug, 12:29


" ဦးလေးကြီး ကြောင်နဲ့ ခွေး ဘယ်ဟာ ချစ်လဲ "

" ၂ခုလုံးပေါ့ "

" ကျွန်တော်ကတော့ ဦးလေးကြီးကို ပိုချစ်တယ် "

ဦးလေးကြီးနဲ့ ချာတိတ်လေးတို့ကြားက ဇာတ်လမ်းလေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်

ကြောင်ကလေးဟန်နီ လေး ဟာ တိကုဆရာဝန်လေးနဲ့ သူ့သခင်ကို မြှားနတ်မောင် အောင်သွယ်တော်လေး လုပ်ပေးခဲ့ရောလေ

ဟန်နီလေးကို အကြောင်းပြပြီး ဆေးခန်းသွားရတာနဲ့ ဆေးခန်းကို ပန်းတွေ နေ့တိုင်းပို့ပြီး crush ကို ကြူးကြူးနေတဲ့ ချာတိတ်လေး

ကြောင်လေးကို အကြောင်းပြုရင်း
ဟန်နီလေးသခင် ကို ပိုးပန်းနေတဲ့ တိကုဆရာဝန် ဦးလေးကြီး

Second lead အတွဲလေးတွေကလည်း ချစ်စရာကောင်းတာမလို့

ချိုချို အေးအေးလေး ဖတ်ကြည့်ဖို့ recommend လေး ပေးချင်ပါတယ်

Admin ကီး

https://www.wattpad.com/story/322192869?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=kikey00

Hometown🌻

09 Aug, 02:40


3နှစ်ပြည့်တဲ့ ani dayလေးမှာ သီချင်းလေးဆိုပြလိုက်ပါတယ်။ fic review လေးတွေလဲ ရေးပေးမယ်နော် ကိုယ့်ကလေးလေးတို့ရေ။

Admin မှိုင်း

Hometown🌻

09 Aug, 00:13


ဒီ နေ့ Gl လေးက “ရင်နှင့်အမျှ ချစ်ရသည်” ဆိုတဲ့ fic လေးပါ

Broken Family ဖြစ်ပြီး မိခင်ဖြစ်သူနဲ့သာ ရွာမှာနေတဲ့ ကောင်မလေးတစ်ယောက်……

တက္ကသိုလ်တက်ဖို့အကြောင်းဖန်ရင်း
ဖခင်နဲ့မိထွေးဖြစ်သူတို့နဲ့ အတူနေဖို့ ဖြစ်လာတဲ့
တေးသွားသွင် ဆိုတဲ့ကောင်မလေး…..

“ပန်းဝယ်လာတာဆို အကြွေးတော့ မရောင်းနိုင်ဘူးနော်”

“နှင်းဆီးမှာ ဆူးတွေ မပါဘူးနော်”

🫧ရင်ခုန်သံတွေသာ အနီ တစ်ဦးတည်းအတွက် ဖြစ်တည်ခဲ့တာ ဆိုလျှင် ချစ်ခြင်းတစ်ခုအစပျိုးခဲ့တာ အခုမှ မဟုတ်နိုင်တော့….


အတိတ်ထဲမှာ နစ်မြှုပ်ရင်း အချစ်ကို အယုံကြည်မရှိတဲ့ ကောင်မလေး……

အမျိုးတွေကပါ အတိတ်ကဖြစ်ရပ်ကြောင့် အပြစ်တင်ခံနေရတဲ့ ကမာနီ…..

တစ်ရက် တစ်ရက်မှာတော့ အတိတ်ကနေ ရုန်းထွက်နိုင်အောင် အစစရာရာ ပြုပြင်ပေးမယ့် လူတစ်ယောက်နဲ့တွေ့ဆုံတဲ့နောက်………

“နှင်းဆီဆိုရင် ဆူးပါမှ ကျွန်မက နှစ်သက်တာကလေးမရဲ့….မင်းကိုပေးတဲ့ နှင်းဆီမှာတော့ ဆူးတွေမပါစေချင်ဘူးကွယ်……”

“နှင်းဆီးကိုးပွင့်ရဲ့ အဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ”



🫧မျဉ်းပြိုင်နှစ်ခုလိုပဲ ဘယ်တော့မှ ဆုံစည်းလို့ရမှာ မဟုတ်တော့ဘူး….



🫧ဖြစ်နိုင်မယ်ဆို အနီးနားမှာ တတ်နိုင်သမျှ အရာရာဖြည့်ဆည်းပေးခွင့် ရတဲ့သူက ကျွန်မပဲ ဖြစ်ချင်တယ်



“တေးဖေဖေနဲ့သာ မဆုံစည်းခဲ့ဘူးဆိုရင် ဒီကလေးအနား လိုက်တွယ်ကပ်နေမဲ့ မိန်းမတစ်ယောက်
ဖြစ်နေမယ်ထင်တယ်……”


✨✨✨


“တေးသွားသွင်….အမှန်တိုင်းဖြေ ငါ့ကိုစိတ်ကုန်နေပြီလား ဘာလို့ထွက်သွားတာလဲ”

“လက်မထပ်နိုင်လို့”


🫧တို့က မင်းတရားဝင် လက်ထပ်ယူထားတာမဟုတ်တဲ့ တိတ်တိတ်ပုန်းမယားပဲလေ……

Admin နှိုင်း

https://www.wattpad.com/story/306435733?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=JBhsupyae

Hometown🌻

08 Aug, 17:30


💘 ကျေးဇူးတင်စာလွှာ 💘

☆ 9. 8. 2024 ☆
အားလုံးပဲ မဂ်လာပါငယ်လေးတို့ရေ။
ဒီနေ့လေးကတော့ ဒီးတို့channelရဲ့ 3years anniversary dayလေးပဲဖြစ်ပါတယ်ရှင်။ တဖြည်းဖြည်းနဲ့ရောက်ရှိလာခဲ့တာ သုံးနှစ်တောင် ပြည့်ခဲ့ပါပြီရှင်။

Hometown channelလေးဆိုတာနဲ့ သိရှိပြီး အားပေးနေကြ အားပေးခဲ့ကြတဲ့ ငယ်လေးတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်နော်။ channelလေးကတော့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယနေ့ထိတိုင် နွေးထွေးစွာ တည်ရှိနေတာပဲ ဖြစ်ပါတယ်ရှင်။ စတင်တည်ထောင်ခဲ့တဲ့နေ့ကစပြီး ယနေ့ခုချိန်ထိ အားပေးနေကြတဲ့ ငယ်လေးတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲနဲ့ ဒီးတို့channelလေးမှ ကျေးဇူးတင်ရှိပါတယ်နော်။ နောက်နောင်ကျရောက်လာမည့် နှစ် လ ရက်များတွင်လည်း ဆက်လက်ရပ်တည်နေနိုင်ဖို့အတွက် ငယ်လေးတိူ့ရဲ့ အားပေးမှုများစွာလိုအပ်ပါတယ်ရှင်။

ယနေ့ယခုအချိန်ထိ အားပေးပြီး တူတူရှိနေပေးကြတဲ့ channelရဲ့ ငယ်လေးတွေအားလုံးကို ဒီးတို့admin teamမှလည်း အသိမှတ်ပြု ကျေးဇူးတင်ရပါတယ်နော်။

Channelလေးအပေါ် ပြောလိုသောအရာများ၊ အကြံပြုလိုသည်များရှိပါကလည်း ပြောဆိုရေးသားနိုင်ပါတယ်ရှင်💗။
ကျန်းမာရေးလည်း ဂရုစိုက်ကြပါရှင့်။

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်ကာ ပြည့်စုံကြသော အားကိုးရာလေးများ ဖြစ်ကြပါစေလို့ admin teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်✨💞။

#admin team

Hometown🌻

08 Jul, 17:30


💌 ကျေး‌ဇူးတင်စာလွှာ 💌

←9.7.2024→
ငယ်လေးတို့အားလုံး မဂ်လာပါ‌ရှင်။
ဒီနေ့လေးကတော့ ဒီးတို့channelလေးရဲ့ 2years & 11months ပြည့်သော channel anniversary လေးပဲဖြစ်ပါတယ်နော်💞။

ဒီးတို့ရဲ့ Hometown channel လေးကတော့ နွေးနွေးထွေးထွေးနဲ့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယခုအချိန်ထိ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ Channelလေးစတင်တည်ထောင်ခဲ့သောနေ့မှစ၍ ယနေ့အချိန်အထိ စဉ်ဆက်မပြတ် အတူရှိနေပေးကြသော ငယ်လေးတွေအားလုံးကို ဒီးတို့channelလေးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်နော်။ နောက်နောင်သော နှစ် လ ရက် ကာလများတွင်လည်း ဆက်လက်တည်မြဲနေနိုင်ဖို့အတွက် channelလေးမှ ငယ်လေးတို့ရဲ့ နွေးထွေးသော အားပေးမှုများစွာ လိုအပ်ပါတယ်နော်။

ယနေ့ထိတိုင် အားပေးပြီးအတူရှိနေ‌ေပးကြတဲ့ ငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို Hometown ဆိုတဲ့channelလေးမှ အသိမှတ်ပြု ကျေးဇူးတင်အပ်ပါတယ်ရှင်။

ဒီးတို့channelလေးအပေါ် လိုအပ်တာများ အကြံပြုချင်ပါက ပြောဆိုရေးသား အကြံပြုနိုင်ပါတယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါရှင်💞။

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော အချိန်လေးတွေ ပိုင်ဆိုင်ပြီး ပြည့်စုံကြပါစေလို့ admin teamမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်✨💘

#admin team

Hometown🌻

22 Jun, 10:36


ကိုယ် ဒီနေ့ပြောပြချင်တဲ့ fic လေးကတော့ " Our Neverland” ဆိုတာလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ လူဘော်ကြော့သူဌေးသားလေးအဖြစ် ဘာကိုမှမပူမပင်နေရတဲ့ကောင်လေး။ ညီမလေးတစ်ယောက်ရှိပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေတဲ့ ကောင်လေး။ သူ့ရဲ့ထူးခြားတဲ့အချက်ဟာ အိမ်နံရံတံတိုင်းမှာ တွယ်ကပ်ပေါက်ရောက်နေတဲ့ သော်ကပန်းပင်ဝါတွေပါတဲ့။

သူနေမကောင်းပြီဆို သော်ကပန်းတွေက ညိုးသွားတတ်သတဲ့။ အဲ့ဒီပန်းတွေရဲ့ နံရံနားမှာ ပင်လယ်လေသံတွေကိုလဲ သူကြားနေရသတဲ့။

တစ်နေ့ ပင်လယ်ဘက်ခရီးသွားရင်း black hole ကြီးကနေ လမ်းပျောက်သွားခဲ့ပြီး သဘော်တခုလုံးပျောက်ဆုံးသွားသတဲ့။

တဖက်မှာလဲ ဘယ်မြေပုံမှာမှ မရှိတဲ့ lost country တစ်ခုဖြစ်ပြီး ထုံးတမ်းစဥ်လာတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်ကြီးတစ်ခုလဲ ရှိနေတယ်။ အဲ့ဒီရဲ့အိမ်ရှေ့မင်းသားကတော့ သူ့ရဲ့ကြင်ယာတော်ဖြစ်လာမဲ့သူဟာ ကံကြမ္မာရဲ့စီမံပေးမှုတွေဆိုတာ လက်မခံနိုင်ဖြစ်နေတဲ့လူတစ်ယောက်။

ဒီလိုနဲ့ သူတို့နှစ်ယောက် အမှတ်မထင်ပဲ တွေ့ဆုံလာကြတဲ့အခါ သူတို့ရဲ့မတူညီတဲ့ နေရာနှစ်ခုကနေ ဘယ်လိုအသားကျအောင်လုပ်ကြမလဲ။ ကောင်လေးကရော အဲ့ဒီတိုင်းပြည်ကြီးကနေ အိမ်ပြန်နိုင်သွားမလား။

ဘာမြူတာတြိဂံအကြောင်းတွေ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ်တို့တွေ မမြင်ရမသိရတဲ့ နေရာတွေကို စိတ်ဝင်တစားဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။

Admin မှိုင်း

https://www.wattpad.com/story/353202199?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=mhaingyate

Hometown🌻

08 Jun, 17:50


💌ကျေးဇူးတင်စာလွှာ💌

✨9.6.2024✨
ငယ်လေးတို့အားလုံး မဂ်လာပါရှင်
ဒီနေ့ကတော့  ဒီးတို့channelလေးရဲ့ 2years & 10months anniversityပြည့်တဲ့‌ေန့လေးပဲ ဖြစ်ပါတယ်ရှင်🤭

Channelလေးစတင်တည်ထောင်ဖြစ်တည်ခဲ့တဲ့နေ့မှစ၍ ယနေ့အချိန်အထိ တူတူရှိနေပေးပြီး အားပေးခဲ့ကြတဲ့ ငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်နောင်‌ေသာ နှစ် လ ရက် များမှာလည်း ဆက်လက်တည်ရှိနေနိုင်ဖို့အတွက် ငယ်လေးတို့ရဲ့အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်ရှင်  နွေးထွေးပြီး အတူတူရှိနေပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် ငယ်လေးတို့ရေ။  ယနေ့ထိတိုင်အထိ အတူရှိနေပေးတဲ့ ‌တစ်ယောက်ချင်းဆီတိုင်းကို Hometownဆိုတဲ့ adminတို့ရဲ့ channelလေးက‌ေန လှိုက်လှိုက်လှဲလှဲအသိမှတ်ပြုရပါတယ်နော်။

ငယ်လေးတို့အနေနဲ့ ချန်နယ်လေးအပေါ် လိုအပ်တာများ အကြံပြုချင်သည့် အရာများရှိလျှင်လည်း ပြောဆိုရေးသားအကြံပြုနိုင်ပါတယ်နော်။

ကျန်းမာရေးလည်း ဂရုစိုက်ကြပါနော်🫶🤍 ကောင်းသောညလေး ဖြစ်ပါစေ ငယ်လေးတို့ရေ........

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်ကြပါစေလို့admin teamမှ  ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်✨🤍


#admin team

Hometown🌻

08 May, 17:30


💌 ကျေး‌ဇူးတင်စာလွှာ 💌

←9.5.2024→
ငယ်လေးတို့အားလုံး မဂ်လာပါ‌ရှင်။
ဒီနေ့လေးကတော့ ဒီးတို့channelလေးရဲ့ 2years & 9months ပြည့်သော channel anniversary လေးပဲဖြစ်ပါတယ်နော်💞။

ဒီးတို့ရဲ့ Hometown channel လေးကတော့ နွေးနွေးထွေးထွေးနဲ့ ချစ်ရတဲ့ငယ်လေးတွေနဲ့အတူ ယခုအချိန်ထိ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ Channelလေးစတင်တည်ထောင်ခဲ့သောနေ့မှစ၍ ယနေ့အချိန်အထိ စဉ်ဆက်မပြတ် အတူရှိနေပေးကြသော ငယ်လေးတွေအားလုံးကို ဒီးတို့channelလေးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်နော်။ နောက်နောင်သော နှစ် လ ရက် ကာလများတွင်လည်း ဆက်လက်တည်မြဲနေနိုင်ဖို့အတွက် channelလေးမှ ငယ်လေးတို့ရဲ့ နွေးထွေးသော အားပေးမှုများစွာ လိုအပ်ပါတယ်နော်။

ယနေ့ထိတိုင် အားပေးပြီးအတူရှိနေ‌ေပးကြတဲ့ ငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို Hometown ဆိုတဲ့channelလေးမှ အသိမှတ်ပြု ကျေးဇူးတင်အပ်ပါတယ်ရှင်။ ကျေးဇူးအမြဲတင်နေရတာမို့ ငယ်လေးတို့လည်း စားလို့သာရရင် ဗိုက်လေးတွေ ပြည့်နေလောက်ပါပြီ။ နောကိလည်းကျေးဇူးလေးတွေ ဆက်ကျွေးနေအုန်းမှာပါနော်🤭။

ဒီးတို့channelလေးအပေါ် လိုအပ်တာများ အကြံပြုချင်ပါက ပြောဆိုရေးသား အကြံပြုနိုင်ပါတယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါရှင်💞။

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်သော အချိန်လေးတွေ ပိုင်ဆိုင်ပြီး ပြည့်စုံကြပါစေလို့ admin teamမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်✨💘

#admin team

Hometown🌻

13 Apr, 13:50


ညကြီးမှ ပြောရလို့ နောက်တောင်ကျသွားတယ် ကလေးတို့ရေ။ နှစ်သစ်မှာပျော်ရွှင်ပါစေနော်။ ရွှင်လန်းအေးမြပါစေ။ thingyan မှာ ပျော်ရွှင်စွာ ကြိုဆိုနိုင်ပါစေ လို့ ကိုယ်တို့က ဆုမွန်ကောင်းတောင်းပေးလိုက်တယ်နော်။

အရမ်းပူလို့ ရေတွေလဲ အရမ်းမကစားကြပါနဲ့နော်။ ချစ်တယ် လပ်ယူ😙❤️

Hometown🌻

08 Apr, 17:30


💌ကျေးဇူးတင်စာလွှာ💌

✨9.4.2024✨
ငယ်လေးတို့အားလုံး မဂ်လာပါရှင်
ဒီနေ့ကတော့  ဒီးတို့channelလေးရဲ့ 2years & 8months anniversityပြည့်တဲ့‌ေန့လေးပဲ ဖြစ်ပါတယ်ရှင်🤭

Channelလေးစတင်တည်ထောင်ဖြစ်တည်ခဲ့တဲ့နေ့မှစ၍ ယနေ့အချိန်အထိ တူတူရှိနေပေးပြီး အားပေးခဲ့ကြတဲ့ ငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်နောင်‌ေသာ နှစ် လ ရက် များမှာလည်း ဆက်လက်တည်ရှိနေနိုင်ဖို့အတွက် ငယ်လေးတို့ရဲ့အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်ရှင်  နွေးထွေးပြီး အတူတူရှိနေပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် ငယ်လေးတို့ရေ။  ယနေ့ထိတိုင်အထိ အတူရှိနေပေးတဲ့ ‌တစ်ယောက်ချင်းဆီတိုင်းကို Hometownဆိုတဲ့ adminတို့ရဲ့ channelလေးက‌ေန လှိုက်လှိုက်လှဲလှဲအသိမှတ်ပြုရပါတယ်နော်။

ငယ်လေးတို့အနေနဲ့ ချန်နယ်လေးအပေါ် လိုအပ်တာများ အကြုံပြုချင်သည့် အရာများရှိလျှင်လည်း ပြောဆိုရေးသားအကြံပြုနိုင်ပါတယ်နော်။

ကျန်းမာရေးလည်း ဂရုစိုက်ကြပါနော်။
မကြာခင်မှာလည်း အတာသက်ြန်ရောက်တော့မှာမို့ နှစ်သစ်မှာရွှင်လန်း ချမ်းမြေ့ကြပါစေနော် 🫶🤍 ကောင်းသောညလေး ဖြစ်ပါစေ ငယ်လေးတို့ရေ........

ချစ်ရသူတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်ကြပါစေလို့admin teamမှ  ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်✨🤍


#admin team

Hometown🌻

24 Mar, 11:57


ကလေးလေးအိပ်ချိန်

နောက်နေ့ review လေးတပုဒ်လာမယ်နော်။ မလာခင် လာချော့သိပ်တာ😌🫶

1,332

subscribers

43

photos

13

videos