ထိတွေ့ဆက်ဆံမူက အစစ်မတွေထက် ပိုသာယာပိုကောင်းတဲ့
ခံစားမူဖြစ်စေတယ်လို့ ဆိုပါတယ်။
[မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့အခန်းအနည်းငယ်တော့ ပါပါတယ်]
Transgender အကြောင်း ကြားဖူးနားဝသာရှိရင်
ဒီရုပ်ရှင်ကနေ ဖြတ်ဖေါက်ချုပ်အော်ပရေးရှင်းဘယ်လို
လုပ်ရသလဲ ကွက်ကွက်ကွင်းကွင်းသိသွားမှာဖြစ်သလို
မိန်းကလေးလို ရင်သာမျိုး အစားထိုးနိုင်ဖို့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကနေ ထုတ်ယူအသုံးချလဲသိရမယ်။
LGBT ဗီဇဆိုတာ မွေးရာပါဆိုပေမဲ့ ရောဂါမဟုတ်ဘူး။
LGBT ဆိုတာ လိင်ပိုင်းဆိုင်ရာဆိုတာထက် သဘာဝ
အလျောက်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလို့ ပြောရင်ပိုမှန်တယ်။
လှောင်စရာမဟုတ်၊ ရှက်စရာမဟုတ်၊ မျက်နှာမပြရဲစရာ၊
လူတောမတိုးရဲစရာအကြောင်းမရှိဘူး။
ဇာတ်လမ်းလေးက ဇာတ်အိမ်ဖွဲ့ထားတာကြည့်ကောင်းပြီး LGBT တွေရဲ့ဘဝကို အပြည့်အဝမဟုတ်တောင် အနည်းငယ်တော့ စာနာ နားလည်နိုင်မယ်ထင်ပါတယ်