Living Tarot By Aungzinmyat @livingtarotazm Channel on Telegram

Living Tarot By Aungzinmyat

@livingtarotazm


Living Tarot By Aungzinmyat (English)

Are you interested in exploring the mystical world of Tarot? Look no further than Living Tarot By Aungzinmyat! This Telegram channel, run by the talented and experienced Tarot reader Aungzinmyat, offers daily insights, guidance, and readings to help you navigate life's challenges and opportunities. Through the power of Tarot cards, Aungzinmyat provides personalized readings that can offer clarity, guidance, and inspiration. Whether you're seeking answers to specific questions or simply looking for spiritual guidance, Living Tarot By Aungzinmyat is the perfect place to turn to. Join our community of like-minded individuals who share a passion for Tarot and self-discovery. Take the first step towards unlocking the secrets of the Tarot and start living your best life today. Follow us on Telegram @livingtarotazm and embark on a journey of self-discovery and enlightenment with Aungzinmyat as your guide.

Living Tarot By Aungzinmyat

16 Sep, 11:41


Sep 17 18 19 အတွက် စီးပွား ငွေကြေး အချစ်ရေး အိမ်ထောင်ရေး ကျန်းမာရေး ပညာရေး အကြံပေးဟောကိန်းများကို ကိုယ်တိုင် တားရော့ဆွဲမေးမြန်းနိုင်ပါပြီ။

ဝင်မေးရမည့် Program လင့်

https://bit.ly/3TwBJ6m

Living Tarot By Aungzinmyat

26 Jun, 13:27


လမ်းခွဲထားတဲ့ ချစ်သူနဲ့  ကိုယ်ရဲ့ကြားက အခြေအနေ?
ပြန်ဆုံနိုင်ဖို့ရှိသေးလား?

ဒီတခါလုပ်ပေးထားတဲ့ readingလေးက အပေါ်က အမေး၂ခုပါ။

အဖြေကို Program လေးကနေ ဝင်ကြည့်ပေးပါ
မေးရမယ့် Program လင့်

https://bit.ly/3VWKmc2


တခါဘဲမေးပီး တခါတည်းရတဲ့အဖြေကို အတည်ပြုပေးပါ။


Android ဖုန်းသုံးသူများ
App ဒေါင်းရန်
https://play.google.com/store/apps/details?id=com.ttes.livingtarot

iOS userများအတွက် Website
www.tarotbyaungzinmyat.com

Living Tarot By Aungzinmyat

13 Jun, 07:48


Android ဖုန်းသုံးသူများ
App ဒေါင်းရန်
https://play.google.com/store/apps/details?id=com.ttes.livingtarot

iOS userများအတွက် Website
www.tarotbyaungzinmyat.com

Living Tarot By Aungzinmyat

10 Jun, 12:32


#လာဘ်ခေါ်အဆောင်
လာဘ်ခေါ်ဆိုတဲ့အတိုင်း လာဘ်ကို လာဖို့ခေါ်တာပါ။
လာဘ်ဆိုတာ ဝယ်သူ ပေးသူ ပြေလည်သူရှိရင် ရတဲ့အရာပါ။

ဒါကြောင့် ဝယ်သူများ ပေးသူများ ပြေလည်သူတွေများကြစေဖို့ရည်ရွယ်ပီး မိမိရဲ့ စီးပွားဓနပြေလည်မှုကို ဆောင်ယူတဲ့ အဆောင်ပါ။

ဒီအဆောင်က ၁၀ ရက်နေ့ ၂၀ အထိ ဆောင်ဖို့ပါ။

ပုံထုတ်ပီးဆောင်မယ်ဆို Color နဲ့ထုတ်ပါ အရောင်တွေနဲ့အယူအဆထားပီး ကျွန်တော်လုပ်ပေးထားလို့ပါ။

ဖုန်းမှာ Wallpaperထားပီး ဆောင်မယ်ဆိုလည်းအဆင်ပြေပါတယ်ဗျ။

Living Tarot By Aungzinmyat

09 Jun, 14:11


၁၀ရက်နေ့ငွေကံထွန်းပစေရန် ငွေဝင်ယတြာ
ဒီစာကိုမြင်တာနဲ့ ဒီယတြာလေးကိုလုပ်ဖြစ်အောင်လုပ်ပါ

ဘယ်ဘက်လက် လက်မနဲ့ လက်သူကြွယ် ထိပီး
ဧဟိလာဘံ ၁၀ခါရွတ်ဆိုပါ။

အချိန်ရသူများ နေအိမ်ဘုရားကျောင်းဆောင်မှာ ဆီမီး၁၀တိုင်ပူဇော်ပေးပါ။

၁၀ရက်နေ့ ငွေကြေးကိစ္စအဝဝ အဆင်ပြေချောမွေ့ကြပါစေ။ ငွေဝင်လာဘ်ရွှင်ပါစေ။ ငွေကံထွန်းပပီးငွေကြေးကံကောင်းပါစေခင်ဗျာ။

Living Tarot By Aungzinmyat

09 Jun, 11:11


စနေ သားသမီးများဟာ ဒီ၃ရက်တာကာလအတွင်းမှာ တွေဝေမှုများပြားနေတက်ပါတယ်။ တွေဝေနေခြင်းက အခွင့်အရေးကောင်းကို လက်လွတ်ဆုံးရှုံးစေတက်ပီး နောင်တရတက်ခြင်းကို တွန်းအားပေးစေပါတယ်။ တွေဝေမှုကို ကင်းဝေးစေဖို့အတွက်ကလည်း မိမိရဲ့ စိတ်မှာ အကြည်ဓာတ်အားကောင်းနေမှသာ တွေဝေလေးလံမှုကို ရှောင်လွဲနိုင်မှာပါ။

ဝေဖန်ခြင်းကို မမုန်းပါနဲ့ အပြစ်မတင်ပါနဲ့။ ဝေဖန်ခံရခြင်းတွေက ပြုပြင်မှုနှင့် နည်းလမ်းကောင်းကို ရှာဖွေရရှိစေပါလိမ့်မည်။

အချစ်ရေး အိမ်ထောင်ရေးအတွက် မလိုအပ်သော အပိုစကား အပိုလုပ်ရပ်တွေက အဆင်မပြေမှုကို ဖြစ်စေတက်တာကြောင့် တစ်ဖက်သား ရဲ့ လိုအပ်ချက်နှင့် ခံစားချက်ကို ထည့်တွက် စဉ်းစားပေးခြင်းက ဒီရက်ကာလလေးထဲ မဖြစ်မနေ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

ဒီရက်ကာလလေးမှာ သင်ဟာ ဘယ်အရာကိုမဆို ရေလိုက်သင့် ငါးလိုက်သင့်နေထိုင်တက်ဖို့ သင်ယူပါ။ သင်မရှိလည်း လောကကြီးက လည်ပါတ်နေမှာပါ။ သင်ဟာ ထင်သလောက် အရေးမပါတာကို သိနေရုံနဲ့ သင်ဖြစ်ချင်တာကို သင် စိတ်အေးချမ်းစွာ လုပ်ကိုင်နိုင်ပီး နေဝင်ချိန်ကို အနားယူဖို့နဲ့ နေထွက်ချိန်ကို ရုန်းကန်တက်ဖို့ သင်ယူရလွယ်သွားပါလိမ့်မယ်။

ကျန်းမာရေးဆိုင်ရာ ကောင်းမွန် တိုးတက်ခြင်း အားကောင်းနေပါတယ်။ သွား ခံတွင်းဝေဒနာ ဝမ်းပျက် ဝေဒနာ မေ့လျော့လွယ်သော ဝေဒနာ သတိထားပေးပါ။

ကြံရည် ဘုရားကပ်လှူပေးခြင်းက ဒီ၃ရက်တာ ကာလအတွင်းမှာ သင့်ကို ကံမကောင်းခြင်းကနေ ကင်းဝေးစေပါလိမ့်မယ်။

အကျိုးပေး အရောင် -အုန်းခွံ့ရောင်

Living Tarot By Aungzinmyat

09 Jun, 11:11


သောကြာ သားသမီးများဟာဒီ၃ရက်တာကာလအတွင်းမှာ မိမိအလိုရှိတဲ့ အိမ်မက်တွေကို မိမိရဲ့ ကြိုးစားမှုကသာ ပို့ဆောင်ပေးမည်ကို ယုံကြည်ထားပေးပါ။ ဒီရက်ကာလတွေမှာ ကံကို ထိုင်မျှော်မနေပါနှင့်။ ကံတရားက သင်မလှုပ်သရွေ့ သူကလည်း အိပ်စက်နေအုန်းမှာ အသေအချာဘဲ ဖြစ်ပါတယ်။ ဒီရက်တွေထဲမှှာ မပြေမလည်ဖြစ်နေတဲ့ ပြသနာတွေကို ပြေလည်မှုအစ သို့မဟုတ် အပီးတိုင်ပြေလည်စေမှု ရရှိသည်အထိ ဖြေရှင်းဆောင်ရွက်နိုင်စွမ်း ရှိနေပါတယ်။

လုပ်ငန်းငွေကြေးတွေအပေါ် တပ်မက်ခြင်း လောဘနှင့် မကျေနပ်ခြင်းတွေကို စိတ်ထဲကနေ ခဏဖယ်ထားပါ။ ဒီရက်ထဲမှာ သင်လိုတာတွေထက် ပိုပီးလောဘကြီးလာရင် သင့်အတွက် ကံဆိုးမှုကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲဆိုတာ သတိပြုဖို့လိုပါတယ်။

သင်ထင်တာတွေက သင့်အတွက် အမှန် ဖြစ်စေတာ သေချာလားဆိုတာ ဝေခွဲမရရင် အချစ်ရေး အိမ်ထောင်ရေး ငွေကြေး ကိစ္စရပ်တွေမှာ ထိခိုက်စေတက်တာကြောင့် သေချာတဲ့ အမြင်တစ်ခုကို လက်တွေ့ကျကျ စစ်ထုတ် သုံးသပ်စေလိုပါတယ်။

နောက်တစ်ခု ထပ်သတိထားရမှာက သင့်ရဲ့ အချိန်တွေကို ကုန်လွယ်စေတဲ့ အရာတွေ လူတွေကို သင်ရှောင်နိုင်ဖို့ သတိထားစေလိုပါတယ်။ လူမှုရေးအတွက် မိတ်ဟောင်းဆွေဟောင်းတွေရဲ့ အကူအညီကို ရရှိစေတက်ပါတယ်။

ခါးနာခြင်း ထိခိုက်ဒဏ်ရာရရှိတက်ခြင်းတို့ ဖြစ်တက်သောကြောင့် သတိထား သွားလာသင့်ပါတယ်။

ဂျုံနှင့်ပြုလုပ်ထားသော မုန့် ဘုရားဆွမ်းတော်ကပ်လှူပေးခြင်းက ဒီ၃ရက်တာ ကာလအတွင်းမှာ သင့်ကို ကံမကောင်းခြင်းကနေ ကင်းဝေးစေပါလိမ့်မယ်။

အကျိုးပေး အရောင် -ရောယှက်ရောင်

Living Tarot By Aungzinmyat

09 Jun, 11:11


ကြာသပတေး သားသမီးများဟာဒီ၃ရက်တာကာလအတွင်းမှာ မိမိရဲ့ လုပ်ဆောင်မှုတိုင်းကို ဂရုတစိုက်လုပ်ကိုင်ပါ။ ပေါ့ဆခြင်းများက အခက်အခဲကို ဖြစ်စေတာထက် ပိုဖြစ်စေတဲ့ သဘောဆောင်ပါတယ်။ ဒီရက်ကာလဟာ အလင်းအားကောင်းနေတဲ့ မီးအိမ်တစ်ခုဟာ ဆီခမ်းလာချိန် မီးအားနည်းလာတာမျိုးနဲ့ သဘောတူညီနေပါတယ်။ ဒီအတွက် လုပ်ဆောင်မှုတိုင်းအတွက် လိုအပ်ချက်ကို နံပါတ်တစ် ရှာဖွေပါ။ ကောင်းမွန်နေတဲ့ အရာတွေကို ပိုကောင်းနေအောင် ဆက်ကောင်းနေအောင် ထိန်းသိမ်းဖို့ နံပါတ်နှစ် သတိထားပါ။ ဘာကို မဆို ပေါ့ပေါ့ဆဆ တွေးတောရှုမြင်ခြင်းကို နံပါတ် ၃ သတိချပ်ပါ။

ရိုးသားစွာ ကြိုးစားပီး ရောင်းအားဝယ်အား လုပ်ငန်းများ တိုးတက်ပါလိမ့်မည်။

အချစ်ရေးမှာ စန်းပွင့်ပါလိမ့်မယ်။ ကိုယ်ချစ်ရတဲ့သူအပေါ် ပိုချစ်ခြင်းက သင်ရဲ့ အချစ်ရေး ပျော်ရွှင်ခြင်း ရဲ့လမ်းစတခု ဖြစ်မှာပါ။

ဒီရက်ကာလဟာ သင့်ဘဝအတွက်သင်ဟာ လမ်းပြဖြစ်ပီး သင်ဟာဘဲ နောက်လိုက်ကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။

ဝမ်းရောဂါ၊ အစာအိမ် လေနာ ရောဂါ သတိထားစေလိုပါတယ်။ ကျန်းမာရေး အညံ့ရှိနေသူများ ကောင်းမွန်သက်သာစေလွယ်တက်သော ရက်ကာလလေးဖြစ်ပါတယ်။

မြေပဲယို ဘုရားဆွမ်းတော်ကပ်လှူပေးခြင်းက ဒီ၃ရက်တာ ကာလအတွင်းမှာ သင့်ကို ကံမကောင်းခြင်းကနေ ကင်းဝေးစေပါလိမ့်မယ်။

အကျိုးပေး အရောင် -ရောယှက်ရောင်

Living Tarot By Aungzinmyat

09 Jun, 11:10


ဗုဒ္ဓဟူး ရာဟု သားသမီးများဟာ ဒီ၃ရက်တာကာလအတွင်းမှာ ကန့်သတ်ထားတဲ့ အခြေအနေတွေကြောင့် လုပ်ကိုင်ရခက်ခဲမှု ကြန့်ကြာမှုတွေကို တွေ့ကြုံရတက်ပါတယ်။ ဒီရက်တွေမှာ ကြုံတွေ့ရတဲ့ အရာတိုင်းကို တည်ငြိမ်စွာ တုံ့ပြန်ပါ။ ယောက်ယတ်ခတ်ခြင်း မဖြစ်ပါစေနဲ့။ အကောင်းမြင်ဝါဒကို မိမိအတွက် ရှုမြင်သုံးသပ်ပီး အမှန်အမှားကို ဝေဖန်သုံးသပ်ပါ။

ငွေကြေးနဲ့ပက်သက်တဲ့ ကိစ္စရပ်များကို အကောင်းဘက်က ရှုမြင်ပီး လုပ်ဆောင်ခြင်းက အကျိုးအမြတ်ကောင်းကို ရရှိစေမဲ့ ကာလလည်းဖြစ်ပါတယ်။ ကိုယ့် မိတ်ဆွေများရဲ့ အခက်အခဲကို ကူညီပေးနိုင်ပါလိမ့်မယ်။

အချစ်နှင့်ပတ်သက်သော စိတ်ခံစားချက်များ ပြောင်းလဲနေတက်သည်။

ဒီရက်ကာလထဲ ကျေးဇူးတရားနဲ့ ပါတ်သက်ပီး အကောင်းအဆိုးလေးတွေ ဖြစ်စေတက်ပါတယ်။

ဝမ်းကိုက်ခြင်း၊ ဖျားနာတက်ခြင်း၊ ဆေးဖိုးဝါးခ ကုန်ကျများတက်ခြင်း ဖြစ်လွယ်တက်ပါတယ်။

ကြွေပန်းကန်ထဲ ကြံ သို့ ချိုသောအရသာ ရှိသော အစားအသောက် ဘုရားဆွမ်းတော်ကပ်လှူပေးခြင်းက ဒီ၃ရက်တာ ကာလအတွင်းမှာ သင့်ကို ကံမကောင်းခြင်းကနေ ကင်းဝေးစေပါလိမ့်မယ်။

အကျိုးပေး အရောင် -မိုးပြာရောင်

Living Tarot By Aungzinmyat

09 Jun, 11:10


အင်္ဂါ သားသမီးများဟာ ဒီ၃ရက်တာကာလအတွင်းမှာ အောင်မြင်တိုးတက်ရေးအတွက် ရပ်တန့်မနေဘဲ ပုံမှန်ကြိုးစားသင့်ပါတယ်။ ဖြေးဖြေးနှင့် မှန်မှန် သွားပါ။ သွားရင်းနှင့် ခရီးတွင်ပါလိမ့်မည်။ အလျင်လည်း မလိုလိုက်ပါနဲ့။ အလျင်လိုရင် ပိုကျန့်ကြာနေတက်ပါတယ်။ ရည်ရွယ်ချက်တွေ ရည်မှန်းချက်နှင့်ပတ်သက်ပီး စိတ်တိုင်းမကျ ဖြစ်နေတက်ပါတယ်။

လုပ်ငန်းငွေကြေးတွေအပေါ် တပ်မက်ခြင်း လောဘနှင့် မကျေနပ်ခြင်းတွေကို စိတ်ထဲကနေ ခဏဖယ်ထားပါ။ ဒီရက်ထဲမှာ သင်လိုတာတွေထက် ပိုပီးလောဘကြီးလာရင် သင့်အတွက် ကံဆိုးမှုကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲဆိုတာ သတိပြုဖို့လိုပါတယ်။

အချစ်ရေးဆောင်ရွက်မှုများ အလောမကြီးပါနှင့်။ မိမိဖြစ်တည်မှုကို တန်ဖိုးထားသလို ချစ်ရသောသူရဲ့ ဖြစ်တည်မှုကိုလည်း တန်ဖိုးထားပေးပါ။

ယဉ်ပါးစေသည့် စွမ်းအားဆိုတဲ့ သဘောတရားကို အသုံးချရမယ့်ရက်ကာလတစ်ခုပါ။ မိမိရဲ့ အရည်အချင်းတွေ တိုးတက်စေမယ့် ရက်ကာလလည်းဖြစ်လို့ ကိုယ့်ရဲ့ အရည်အသွေးကို မြင့်တင်ဖို့ လေ့လာမှု သင်ယူမှုတွေ လုပ်ရမယ်ဆိုရင်လည်း မပျင်းရိဖို့တော့ သတိလေးပေးချင်ပါတယ်။

ကျန်းမာရေးအတွက် မိသားစုအတွင်း နေထိုင်မကောင်းသူရှိပါက ဆေးဝါဒ ဓာတ်စာ ဂရုတစိုက် ပြုစုပေးဖိို့လိုအပ်ပါတယ်။ နား နှာခေါင်း လည်ချောင်း ဝေဒနာ အစာမကျေသော ဝေဒနာများကို ဂရုစိုက်ပေးပါ။

နို့ပါသော စားသောက်ဖွယ်ဘုရားဆွမ်းတော်ကပ်လှူပေးခြင်းက ဒီ ကာလအတွင်းမှာ သင့်ဆီကို ကံကောင်းခြင်းတွေယူဆောင်လာမှာပါ။

အကျိုးပေး အရောင် -ပန်းရောင်

Living Tarot By Aungzinmyat

09 Jun, 11:09


တနင်္လာ သားသမီးများဟာဒီ၃ရက်တာကာလအတွင်းမှာ အဘယ်ဘယ်သော ကိစ္စကိုမဆို စဉ်းစားချင့်ချိန် လုပ်ကိုင်စေလိုပါတယ်။ ချင့်ချိန် တွက်ချက် လုပ်ကိုင်နိုင်လေလေ ပိတ်ဆို့နေတဲ့ အရာတွေကို ကျော်လွှားနိုင်လေလေ သဘောတရားရှိတဲ့ ရက်ကာလဖြစ်ပါတယ်။ ဒီရက်ကာလလေးထဲ အတားအဆီး ပိတ်ပင်မှု အရန်အသင့်မဖြစ်မှု ကြန့်ကြာတက်မှုတို့က စိတ်ကောလူပါ အနှောက်အယှက်ဖြစ်တက်ပါတယ်။ စိတ်မညစ်ပဲ အတားအဆီးကို နင်းပီး အပေါ်ကို တက်လှမ်းဖို့ အားထုတ်ဖို့ လိုအပ်ပါတယ်။

ငွေကြေး အကျိုး စီးပွားအကျိုး လိုလားသူတွေက ဒီရက်ကာလလေးထဲမှာ အတွေးလွန်နေမယ့်အစား လက်တွေ့ အနီးစပ်ဆုံး လုပ်နိုင်သမျှကို ကြိုးစားစေလိုပါတယ်။

အချစ်ရေးနှင့် လူမှုရေး ရောယှက်မှုများက စိတ်သောကများစေတက်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးဆိုင်ရာ အရှုပ်အထွေးတွေက ကိုယ့်ရဲ့ ဖြစ်တည်မှုကို တော်တော်လေး ထိခိုက်စေတက်တဲ့ ရက်ကာလလေးဖြစ်ပါတယ်။

လူမှုရေးမှာ ပေးသောလက်ဖြစ်နေပီး ပြန်ရတဲ့အခါကောင်းမွန်တဲ့ သစ်ချိုသီးတွေကို လက်ခံနိုင်မယ့် အခြေအနေမျိုး ကြုံတွေ့နိုင်တဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးကိစ္စတွေအပေါ် လူမှုရေး အရှုပ်အထွေးကို ချိန်ဆပီး သတိထားဖို့ မမေ့ပါနဲ့။

အိမ်တွင်းသက်ကြီးရွယ်အိုအဖို့ ကျန်းမာရေး ဂရုစိုက်ပေးပါ။ အိပ်စက်ခြင်းအချိန်ကို တန်ဖိုးထားပါ။

မြေပဲယို (သို့) မြေပဲ ဘုရားဆွမ်းတော်ကပ်လှူပေးခြင်းက ဒီ၃ရက်တာ ကာလအတွင်းမှာ သင့်ကို ကံမကောင်းခြင်းကနေ ကင်းဝေးစေပါလိမ့်မယ်။

အကျိုးပေး အရောင် -အပြာရောင်

2,006

subscribers

33

photos

3

videos