Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies) Kanalının Son Gönderileri

Kyaw Gyi Up To Date Movies (Free Channel) Telegram Gönderileri

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 Abone
1,247 Fotoğraf
542 Video
Son Güncelleme 26.02.2025 06:44

Kyaw Gyi Up To Date Movies (Free Channel) tarafından Telegram'da paylaşılan en son içerikler


Better Man (2024)
Biography, Drama, Fantasy, Musical
IMDB: 7.7/10

Forbidden Fairytale (2025)
IMDB: 7.7/10

New World (2013)
IMDB: 7.5/10

Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min, Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်း

အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း (Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။ Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။ ၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း (Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ဆော့ချူဒုံကလည်း ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတာဖြစ်လို့ Goldmoon လုပ်ငန်းစုတွင်းက ဂျောင်ချောင်းနဲ့ သူ့ရဲ့ပြိုင်ဘက် အီဂျွန်ဂူ (Park Sung-Woong) တို့ကြားဆက်ခံသူနေရာအတွက် အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။

တစ်ဖက်မှာလည်း အီဂျာဆောင်းက Goldmoon ဥက္ကဌ ဆုံးပါးသွားပြီဖြစ်လို့ သူလျှိုအဖြစ်ကနေ ရပ်လိုက်ဖို့ ဆန္ဒရှိလာပါတယ်။ ဒါပေမဲ့ ဌာနမှူးဂန်က Goldmoon ဥက္ကဌ‌နေရာ ဆက်ခံသူကို ရွေးချယ်မှုမှာ ဝင်ရောက်စွက်ဖက်မဲ့ “ကမ္ဘာသစ်” စစ်ဆင်ရေးအတွက် ဂျာဆောင်းကို လိုအပ်သေးတာဖြစ်လို့ လက်မခံခဲ့ပါဘူး။ ဂျာဆောင်းတစ်ယောက် စစ်ဆင်ရေးအောင်မြင်ဖို့ တစ်ခုပဲ ခေါင်းထဲရှိတဲ့ ဌာနမှူးဂန်နဲ့ အစ်ကိုရင်းတစ်ယောက်နဲ့ မခြားတဲ့ ဂျောင်ချောင်းတို့ကြား ဘက်ရွေးချယ်ရခက်လာတဲ့အခါမှာတော့…

ဂျာဆောင်းက သူလျှိုဆိုတဲ့ သရုပ်မှန်ကို အဆုံးအထိ ပိပိရိရိ ဖုံးကွယ်ထားနိုင်ပြီး စစ်ဆင်ရေး အောင်မြင်သွားမလား။ Goldmoon လုပ်ငန်းစု ဥက္ကဌနေရာကိုရော ဘယ်သူရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။

Movie Link - https://t.me/sparrowmovies93/579

New World (2013)
IMDB: 7.5/10

My Happy Marriage (2023)
IMDB: 6.8/10

Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ ဒါ့အပြင် IMDb rating ကလည်း 6.8 ဆိုတော့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို မင်္ဂလာဆောင်ခဲ့ရတဲ့ အိမ်ထောင်ရေးတစ်ခုက မွေးဖွားလာခဲ့တဲ့ Miyo Saimori…

မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီး စွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့ စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲ မိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။ အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို နာမည်ကြီးတဲ့ စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖိုဖြစ်လာပါတယ်။ ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့ Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊ သူတိုနှစ်ယောက်ရဲ့အိမ်ထောင်ရေးက ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြရအောင်...

Movie Link - https://t.me/sparrowmovies93/578

Twenty (2015)
IMDB: 6.8/10

ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို ကြုံဖူးကြပါလိမ့်မယ်... ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကို စိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊ အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)၊ ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)… ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို တစ်ကားလုံး အခွီတွေချည်းပဲနော်… စကားအပြောအဆိုတွေနဲ့ တချိုအခန်းတွေက ++ လေးတွေပါပေမယ့်မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါ…

ဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ်... ကြည့်ပြီးနောင်တမရစေရပါဘူး… ကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လိုပဲမထင်လိုက်နဲ့နော်... သိချင်ရင် ဒေါင်းကြည့်ကြနော်... ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို အာမခံပါတယ်...

Movie Link - https://t.me/sparrowmovies93/577

Rebellious (2024)
IMDB: 6.5/10

ဒီတစ်ခေါက်မှာတော့ ပရိသတ်များအတွက် Animation ကားကောင်းလေးတစ်ကား တင်ဆက်ပေးမှာပဲဖြစ်ပါတယ်… Mina ဆိုတဲ့ မင်းသမီးလေးတစ်ပါးဟာ ဆတ်ဆတ်ကြဲ မဟုတ်မခံသူလေးဖြစ်ပါတယ်... မင်းသမီးလေးဟာ အရွယ်ရောက်လို့ ကြင်ယာတော်နဲ့ လက်ဆက်ဖို့အချိန်ကျရောက်လာတဲ့အခါမှာတော့ ခမည်းတော် ဘုရင်ကြီးဟာ နေရာချထာားပေးဖို့ စီစဉ်ခဲ့ပါတယ်… သို့သော်လည်း မင်းသမီးလေးဟာ သူချစ်ရသူ စာဂျပိုးလေး Ronan ကို လက်ထပ်ဖို့ဆုံးဖြတ်ထားတာကြောင့် ဘုရင်ကြီးဆီကို တောင်းဆိုဖို့ ဖြစ်လာရပါတော့တယ်... တစ်ချိန်တည်းမှာပဲ လက်မထပ်ရသေးသူ မင်းသမီးများကို လုယူဖမ်းဆီးခေါ်ဆောင်လေ့ရှိသော မှော်ဆရာကြီး Kezabor ပုံပြင်ဟာလည်း နာမည်ကြီးလို့နေပါတယ်... မှော်ဆရာကြီး Kezabor ဟာ သတို့သမီးတွေကို ဖမ်းယူကာ ၎င်းရဲ့ရဲတိုက်ကြီးဆီ ခေါ်ဆောင်သွားလေ့ရှိပြီး သူနဲ့အတူ နေထိုင်ဖို့ကို အတင်းဖိအားပေးသူဖြစ်ပါတယ်…

ကမ္ဘာအရပ်ရပ် သတို့သမီးပေါင်းများစွာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော်လည်း ပြန်လွတ်လာသူမရှိ၊ ကယ်တင်ဖို့ သွားရောက်ကြသူ စစ်သည်တော်ရဲမက်များလည်း Kezabor ၏ရဲတိုက်ဆီသို့ရောက်အောင်မသွားနိုင်ကြဘဲရဲတိုက်သို့ ဝင်ရောက်ရာ တောင်ကြားလမ်းဝတွင်သာ ဘဝဆုံးကြရပါတယ်... ထိုသို့သော အဖြစ်အပျက်ဟာ အသစ်စက်စက်သတို့သမီးလေး Mina အပေါ်ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာရာ လက်ထပ်ပွဲပျက်စီးသွားပြီး ဝင်ရောက်အရွေးခံသူ ကြင်ယာတော်လောင်းလျာများအဖို့ ဒုတိယအခွင့်အရေး ထပ်မံရရှိခဲ့ပြန်ပါတယ်… ဘုရင်ကြီးဟာ သူ့သမီးတော် Mina ကို ကယ်တင်နိုင်သူထံ သမီးတော်နဲ့တကွ နိုင်ငံကိုပါ အပ်နှင်းမည်ဟု ကျေညာလိုက်ပြီးနောက်မှာတော့ ကြင်ယာတော်လောင်းလျာများ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့နေရာမှာ ဖမ်းဆီးခံထားရတဲ့ မင်းသမီးလေးကို ရှာဖွေကယ်တင်ဖို့လုပ်ရပါတော့တယ်... ကြင်ယာတော်လောင်းလျာများဟာ များသောအားဖြင့် ခွန်အားအရာကြီးမားသူတွေဖြစ်သော်လည်း မင်းသမီးလေးရဲ့ ချစ်သူကတော့ စာဂျပိုးလေးသာဖြစ်နေကာ အတိုက်အခိုက်လည်းမရဘဲ မင်းသမီးလေးကို ရှာ‌ဖွေဖို့အရေး မျှော်လင့်ချက်မဲ့ကာ တွန့်ဆုတ်နေရချိန်မှာတော့…

ဒီဇာတ်ကားလေးမှာဆိုရင် အဓိကဇာတ်ကောင်မင်းသမီး Mina ဟာ အနုအရွဖြစ်မနေဘဲ ရဲရင့်တဲ့အသွင်နဲ့ ဖျတ်ဖျတ်လတ်လတ်ရှိနေတာကို သဘောကျဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ချစ်စရာ အရောင်အသွေးစုံ ယဉ်ကျေးမှုနောက်ခံအစုံ စိတ်နေစိတ်ထားအစုံ ဇာတ်ကောင်လေးများကိုမြူးမြူးကြွကြွကြည့်ရှုခံစားရမှာဖြစ်လို့ Animation ကားချစ်သူ ကာတွန်းကားချစ်သူ ပရိသတ်များ လက်မလွတ်ရစေဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…

Movie Link - https://t.me/sparrowmovies93/576

Rebellious (2024)
IMDB: 6.5/10

Mother (2009)
Crime, Mystery, Thriller
IMDB: 7.7/10

ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့ Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့ မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja, DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာ ဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက် သားဖြစ်သူအပြစ်မရှိကြောင်းကို သက်သေပြဖို့ သက်သေတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေကာ ဘယ်လိုတွေ လုပ်ကိုင်သွားမလဲ… ထိုခက်ခဲလှတဲ့အခြေအနေတွေကြား သားဖြစ်သူအပေါ် ထားရှိတဲ့ အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာဖြစ်တဲ့အလျောက် လှည့်ကွက်ပေါင်းများစွာနဲ့ လှလှပပလေး ဖော်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦး...

Movie Link - https://t.me/sparrowmovies93/572

Mother (2009)
Crime, Mystery, Thriller
IMDB: 7.7/10