Последние посты Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies) в Telegram

Посты канала Kyaw Gyi Up To Date Movies (Free Channel)

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 подписчиков
1,247 фото
542 видео
Последнее обновление 26.02.2025 06:44

Похожие каналы

SPORT4U
43,188 подписчиков
DeFinder Capital
31,189 подписчиков
Hunt in Blockchain
10,113 подписчиков

Последний контент, опубликованный в Kyaw Gyi Up To Date Movies (Free Channel) на Telegram


About Family (2024)
Comedy, Drama, Fantasy
IMDB: 8/10

Lee Seung-Gi နဲ့အတူ Kim Yun-Seok၊ Kim Sung-Ryoung၊ Kang Han-Na တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Lee Seung-Gi ကို ဘုန်းကြီးအဖြစ် မြင်တွေ့ရမဲ့ ရုံတင်မိသားစုဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအညွှန်း

ဟမ်မူအို့ (Kim Yun-Seok) က ဖက်ထုပ်ဆိုင်ဖွင့်ထားပြီး သူ့ဆိုင်က စားကောင်းလွန်းတဲ့အတွက် အမြဲတမ်း လူကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်လေးပေါ့။ ဒါ့အပြင် အဆောက်အဦများစွာလည်း ပိုင်ဆိုင်ထားပြီး ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးဖြစ်နေပေမဲ့ သူ့ဘဝမှာ မပြည့်စုံတာတစ်ခုကို ပြောပါဆိုရင် အဲဒါက သူ့ရဲ့သားဖြစ်သူ ဟမ်မွန်းဆော့ (Lee Seung-Gi) ပါပဲ။ မွန်းဆော့က အမေ့ကို ဆေးကုသပေးဖို့ ဆေးတက္ကသိုလ်တက်ခဲ့ပေမဲ့ တကယ်တမ်း ဆေးမကုသပေးလိုက်နိုင်ဘဲ အမေဆုံးပါးသွားတဲ့နောက်မှာ ဘုန်းကြီးဝတ်သွားခဲ့လို့ပဲဖြစ်ပါတယ်။ ဟမ်မူအို့က မြေးမချီနိုင်တော့ဘဲ မျိုးဆက်ပြတ်မှာကို စိုးရိမ်နေတဲ့အချိန်မှာပဲ သူ့ရဲ့ဖက်ထုပ်ဆိုင်ကို ဟမ်မွန်းဆော့က သူတို့အဖေပါလို့ပြောနေတဲ့ ကလေးနှစ်ယောက် ရောက်ချလာတဲ့အခါမှာတော့…

ခြောက်သွေ့နေခဲ့တဲ့ ဟမ်မူအို့ရဲ့ဘဝထဲ ချစ်စရာမြေးလေးတွေ ဝင်ရောက်လာတဲ့အခါမှာ သူ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ။ မွန်းဆော့ ဘုန်းကြီးမဝတ်ခင်က သူမသိရှိခဲ့တဲ့ ထိတ်လန့်စရာ အမှန်တရားတစ်ခုက ဘာများဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။

Movie Link - https://t.me/sparrowmovies93/571

About Family (2024)
Comedy, Drama, Fantasy
IMDB: 8/10

Making Family (2016)
IMDB: 7/10

2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူးခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။ ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိသုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့် အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ…

ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Movie Link - https://t.me/sparrowmovies93/570

Making Family (2016)
IMDB: 7/10

Remember Me (2010)
IMDB: 7.2/10
4 wins & 3 nominations

2010 ခုနှစ်မှာထွက်ရှိထားတဲ့ ဇာတ်လမ်းဆိုပေမယ့် 2001ခုနှစ်ဝန်းကျင်လောက်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေမှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုရဲ့ရိုက်ခက်မှု တစ်ခုဆီနဲ့ဇာတ်အိမ်ကိုတည်ထားပါတယ်။ ညီမလေးကို အရမ်းချစ်တဲ့ တိုင်လာဟာ အဖေဖြစ်သူကစီးပွားရေးကိုသာ ဦးစားပေးပြီး မိသားစုရေးရာကိစ္စတွေမှာ လစ်ဟာနေတယ်လို့ ထင်တဲ့အတွက် အဖေနဲ့ အမြဲ ပြသနာဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး လမ်းပေါ်ကရန်ပွဲတစ်ခုကို ဝင်ရောက်ဖြေရှင်းရင်းရာကနေ ရဲတစ်ယောက်နဲ့ ပြသနာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ရဲဖြစ်သူရဲ့သမီး နဲ့ ဇာတ်လမ်းဖြစ်ကြရာမှာ…

ဒီဇာတ်လမ်းအမျိုးအစားက Drama/Romance အမျိုးအစားဖြစ်ပြီး IMDb rating ကတော့ 7.2/10 ထိ ရရှိထားပါတယ်။ Drama ဇာတ်လမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/569

Faceless (2024)

ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီး မာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။

ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာ ရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့ အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက် သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ... ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ... သူ့မှာ ဘာပလန်တွေရှိနေမလဲ... ဆိုတာကို ကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/568

Bogotá: City of the Lost (2024)
IMDB: 7.4/10

ဒီတစ်ခေါက်မှာတော့ ကြည့်ရူသူပရိတ်သတ်ကြီးတို့အတွက် အလန်းစား Crime, Thriller, Action ကားလေးနဲ့ မိတ်ဆက်ပေးပါရ‌စေ။ မင်းသားချော Song Joong-Ki၊ Lee Hee-Joon၊ မင်းသားကြီး Kwon Hae-Hyo နှင့် အခြားသော သရုပ်ဆောင်ပေါင်းများစွာရဲ့ အရှိန်အဟုန်ပြင်းတဲ့သရုပ်ဆောင်မှုများကို ရူစားကြရမှာဖြစ်ပါတယ်။

ငယ်ငယ်ထဲက ကြမ်းကြမ်းရမ်းရမ်းနေလာခဲ့တဲ့ ဂုဟီးရဲ့ မိသားစုလုပ်ငန်းဟာ ၁၉၉၇ခုနှစ်မှာ IMF အကျပ်အတည်းများကြောင့် ခက်ခဲချို့တဲ့လာပြီး ကိုလံဘီယာနိုင်ငံမှ ဘိုဂိုတာမြို့လေးကို ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ နိုင်ငံရပ်ခြားမှာ ရိုးရိုးအေးအေးနေရမှာ ပျင်းတဲ့ဂုဟီးဟာ လူမျိုးတူဖြစ်ပြီး အရှိန်အဝါကြီးတဲ့ စီးပွားရေးသမား ဘတ်မျိုးရိုးလက်အောက်မှာ ဝင်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တဇွတ်ထိုးဆန်ပြီး အလုပ်ကြိုးစားတဲ့ ဂုဟီးဟာ ဘတ်မျိုးရိုးရဲ့ အာရုံစိုက်မှုကိုရရှိလာပြီးနောက် ဘတ်ဟာ ဂုဟီးကို အန္တရာယ်များလွန်းတဲ့ စမ်းသပ်မှုတစ်ခုကို ခိုင်းစေလာပါတော့တယ်။ ဂုဟီးတစ်ယောက် အဲဒီစမ်းသပ်မှုကို အောင်မြင်ပါ့မလား... စမ်းသပ်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လိုကမ်းလှမ်းမှုတွေ စီးကြိုနေမှာလဲ... အောင်မြင်မလား ကျရှုံးမလား စတာတွေကို ရင်တထိတ်ထိတ် ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/567

Bogotá: City of the Lost (2024)
IMDB: 7.4/10

The Prosecutor (2025)
IMDB: 6.5/10

Ip Man မင်းသားကြီး Donnie Yen ရဲ့ ရှေ့နေကားသစ်ကြီးရပါပြီ။ Donnie Yen ကအစိုးရရှေ့နေလုပ်နေပြီဆိုပြီးတော့ အက်ရှင်တွေမပါဘူးလို့တော့ မထင်လိုက်ပါနဲ့... (၆၁)နှစ်အရွယ်မင်းသားကြီးရဲ့လက်ရည်တွေကို မြင်ရဦးမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိဟော့ဟာ တရားခံနဲ့ရှေ့နေတွေပူးပေါင်းပြီး တရားဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးတော့ ပြစ်မှုကနေကွင်းလုံးကျွတ်လွတ်သွားတာကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ရာထူးမှနှုတ်ထွက်ခဲ့ရတယ်။ အဲဒီနောက်မှာ သူကဥပဒေပညာကိုကြိုးစားသင်ယူပြီးတော့ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။ တရားဥပဒေဌာနကိုရောက်တဲ့အခါမှာလဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားမှုနဲ့ကြုံလာတဲ့အခါ သူ့ရဲ့တရားဥပဒေအပေါ်ခေါင်းမာတဲ့စိတ်နဲ့မတရားမှုကို တော်လှန်နိုင်ဖို့ကြိုးစားတဲ့အခါ အောင်မြင်လာနိုင်မလားဆိုတာကို အက်ရှင်တွေနဲ့စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/566

Kingdom 4: Return of the Great General (2024)
IMDB: 7.6/10

Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။ အခုဆိုရင် လေးကားတောင်ရှိပြီဆိုတော့ ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့ Kingdom 3: Flame of Destiny (2023) တို့ရဲ့ဇာတ်ကြောင်းကို ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့ ပြန်နွှေးလိုက်ရအောင်...

ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်း ဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။

ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။

တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက်ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo) ဆီသွားပါတော့တယ်။ အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူးရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ် နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ်ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့ မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း (စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင်ဘက်က စစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့ အဆုံးသတ်သွားပါတယ်။

အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာ ဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့ “Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာသရုပ်ဆောင်တဲ့ Araki Yuko က ချစ်စရာကောင်းလှပါတယ်။

Movie Link - https://t.me/sparrowmovies93/555

1 - Kingdom (2019) - IMDB: 7.1/10 - Movie Link - https://t.me/sparrowmovies93/156
2 - Kingdom 2: Far and Away (2022) - IMDB: 6.8/10 - Movie Link - https://t.me/sparrowmovies93/157
3 - Kingdom III: The Flame of Destiny (2023) - IMDB: 6.9/10 - Movie Link - https://t.me/sparrowmovies93/158
4 - Kingdom 4: Return of the Great General (2024) - IMDB: 7.6/10 - Movie Link - https://t.me/sparrowmovies93/555