ကျောက်စိမ်းရောင်းဝယ်ရေး

@khinmghtay15


ကျောက်စိမ်းရောင်းဝယ်ရေး

29 Jun, 06:20


ဖယောင်းခွံ = ဖယောင်းရည်
သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။
...    မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ် ။ မျိုးကောင်းတတ်ပါတယ် ။
...    မုံထု ခွံကြွေ = လက်နဲ ့ကိုင်ကြည့် လိုက် ရင်
အခွံ အစအန လေး တွေ ပါလာမယ် ။ မျိုးကောင်းတတ်ပါတယ် ။
...    ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ် ။
...    ခွံထူ = အခွံ မှာ သိသိသာသာ ထူနေတတ်ပါတယ် ။ အရည်အသား ကောင်းမကောင်း နဲ ့တော့ မသက်ဆိုင်ပါ ။
...    ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ် ။ အသား ပျက်တတ်ပါတယ် ။
...    ခွံပျက် = ကျောက် တစ်တုံးထဲ ရဲ ့
တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို ့ခေါ်ပါတယ် ။ အသားပျက်တတ်ပါတယ် ။
...    ဒါကတော့
အခွံ များရဲ ့သဘော သဘာဝ အကြောင်းပါ ။
...    ရေမဆေး ကျောက် ဆိုတာ မျိုး ကို ဝယ်တော့မယ် ဆိုရင် ၊ သူ ့ရဲ ့အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ဝယ်ယူရပါတယ် ။
#ကျောက်စိမ်းတွင်ပါဝင်သောအပြစ်အနာများ
၁။ ရှင်းမည်း၊ ရှင်းနက် - အခွံပေါ်တွင်အမည်းစက်များရှိသည် ။ထိုအမည်းစက်များ
    သည်အခွံ့ပေါ်ကအတိုင်း ကျောက်သားတွင်းတွင် တည်ရှိနေသည်။
    ဖျက်အားကောင်းသည်။
၂။ ရှင်းစိမ်း - ချကြည့်လျှင်မည်းနေပြီး နေရောင်တွင် ကာဖျင်ဖြင့်ကြည့်လျှင်စိမ်း
    နေသည်။ သိပ်မဆိုးသေးပါ
၃။ စိုက်ရှင်း - အခွံ့ပေါ်မှရှင်းမဲသည် ကျောက်သားတွင်းသို့စိုက်ဝင်နေသည်။
    ဖျက်အားကောင်းသည်။
၄။ ကပ်ရှင်း - ကျောက်စိမ်းတုံး၏ အခွံ့ပေါ်မှာသာရှိသည်။ အတွင်းသို့မဝင်ပါ
   သိပ်မဆိုးရိမ်ရ။
၅။ အက်ကြောင်း - အခွံ့ပေါ်တွင် ရှိသကဲ့သို့ ကျောက်သားအတွင်းသို့ဝင်နိုင်သည်
    အရည်/ အသားကို ဖျက်သည်။
၆။ မြင်းမြှီးရိုက် - ကမ္ဘာ့မြေပုံကဲ့သို့ ကျောက်စိမ်းတစ်တုံးလုံး အနာများ ရှုပ်ယှက်ခတ်
    နေသည်။ သတိထားရှောင်ရမည်။
၇။ ရှိုနာ -  သဘာဝအတိုင်း အက်ကွဲနေသောအနာကြီးဖြစ်သည်။
    သိပ်မဆိုးရိမ်ရပါ
၈။ ရို့နာ -      ဖြတ်သားတွင် အပ်ချည်မျှင် အပိုင်းအစကဲ့သို့ အက်ရာအနာ အသေး
    လေးများ ဖြစ်ပေါ်နေသည် ။ အရည် အသားကောင်းသော်လည်း သွေးလျှင်
    အရောင်မတက်ပါ။
၉။ ယင်ထောင် -  လချေးပြား ကပ်ထားသကဲ့သို့ အခွံ့ပေါ်တွင် ယမ်းပြားငယ်များ
    ကပ်နေသည်။ အရည်/ အသားကို ဖျက်သည်
၁၀။ မာယား -  ယင်ထောင်ထက်ကြီးသည်။ ပိုဆိုးသည်။
၁၁။ ခွေးရိုးထိုး -  မာယားယမ်းထက်ကြီးသည်။ ပို၍ပို၍ ဆိုးသည်။
၁၂။ ဆန်ပြုတ်၊ ဆန်နှစ်  -  ကျောက်စိမ်းအသားထဲတွင် ဆန်ပြုတ်ဖက်၊
      ဆန်နှစ်ဖက်များကဲ့သို့ အဖြူပွင့်များဖြစ်နေသည်။ အရည်/ အသားကို
      ဖျက်သည်။
၁၃။ ဖြုတ်ချေး -  အခွံ့နှင်အသားတွင် အမဲစက်များ ထင်ရှားစွားဖြစ်နေသည်
      အဖျက်ဖြစ်သည်။
၁၄။ ဝက်မြှင် -  ဝက်ကိုယ်ပေါ်မှ အမွှေး အမြှင်များ ကဲ့သို့ အက်ရာအနာများ
      ဖြစ်သည်။ အဖျက်ဖြစ်သည်။
၁၅။ မှည့် -  အသားထဲတွင် မှည့်ကဲ့သို့ အမဲစက်များ ဖြစ်ပေါ်နေသည်။
      အရည်နေရာတွင်ရှိလျှင် အရည်မပွင့်ပါ။
၁၆။ ဖားမျက်စံ -  ဖားမျက်စံကဲ့သို့ အလယ်မှာ အမဲစက် ဖြစ်ပေါ်နေသည်
     အရည်/ အသားကို ဖျက်သည်။
သိထားသမျှလေးပြန်လည်မျှဝေပေးပါတယ်။
မူရင်းဆရာသမားများကို creditပေးပါတယ်။

ကျောက်စိမ်းရောင်းဝယ်ရေး

15 Jun, 05:16


တစ်ပင်တိုင်ဂျိုးလေးလှလာဗျာ

ကျောက်စိမ်းရောင်းဝယ်ရေး

24 Apr, 03:28


ကျောက်ကောင်းတွေ၏ အခွံကောင်းတွေ စုစည်းရှာဖွေတင်ပေးလိုက်ပါတယ်။
ပုံလေးတွေ ဆွဲကြည့်ပါ ။
နားမလည်ပါက မန့်မှာ မေးထားခဲ့ပါ။
အချိန်ရတာနဲ့ ပြန်ဖြေပေးပါမည်။

1,409

subscribers

155

photos

11

videos