أحدث المنشورات من ⛩Japanese Self Study by Akiyama 秋山学生 (@jpselfstudyaki) على Telegram

منشورات Japanese Self Study by Akiyama 秋山学生 على Telegram

⛩Japanese Self Study by Akiyama 秋山学生
15,157 مشترك
339 صورة
101 فيديو
آخر تحديث 28.02.2025 19:36

قنوات مشابهة

N5 Listenings
4,721 مشترك

أحدث المحتوى الذي تم مشاركته بواسطة Japanese Self Study by Akiyama 秋山学生 على Telegram


မှတ်မိကြလား မသိ

အရင်နှစ် ဒီအချိန်လောက် ပုံမှန်ဆို
YouTuber Life မဟုတ်တဲ့ အပြင်ဘဝက

ပိုက်ဆံရတဲ့အလုပ်လေး ပြေးလုပ်နေကြ

ခုတော့
Application က အဆင်မပြေတာနဲ့ရော ပေါင်းပြီး

YouTube studio တောင် browser ကနေ မဝင်ဖြစ်တော့ဘူး။ 😓😓😓

Application အတွက်က
နည်းလမ်းမျိုးစုံနဲ့တော့ ကြိုးစားနေပါတယ်။

လောလောဆယ် တင်ထားပေးတဲ့

Goi video လေးတွေ ကြည့်ပြီး စာကျက်ထားပေးကြပါဦး။

Listening old questions တွေလဲ ဆက်တင်ပါ့မယ်နော်။
ごめんなさい
(_ _;)

တသက်လုံးကအလေလိုက်ခဲ့ပြီးခုမှJLPTဖောင်တင်မိလို့စာထလုပ်မဲ့သူငယ်ချင်းနှင့် မြန်မာနှစ်သစ်ကူးမှစကြိုးစားဖို့ကြံထားတဲ့မိမိ

ဂျပန်စာသင်ဖို့ရွေးချယ်မိလို့ နောင်တရလို့ကျတဲ့မျက်ရည်🥲

https://www.facebook.com/share/p/12EvntAnabj/

စာအုပ်အလှူ link ပါ

Group တစ်ခုထဲက
ဆရာကျော်မြင့်ဦး share ပေးထားတဲ့ စာအုပ်အလှူလေးကို ထပ်ဆင့် share ပေးထားပါတယ်။

ရန်ကုန်က လူတွေအတွက်ပါ

**ဦးချစ်မောင်လမ်းဘက်မှ ကိုယ်ပိုင်ကား
or Taxiဖြင့် လာပါက၊ ရန်ကင်းစင်တာ
ဘက်မှ ဦးချစ်မောင်လမ်းတွင်းသို့ဝင်ပါ

စျေးကွေ့မှတ်တိုင်အလွန် ၃လမ်းမြောက်
တွင်ရှိသော အနောက်စျေးဟောင်းလမ်း
(လမ်းထ်ိပ်တွင် ဆိုင်းဘုတ်ရှိ) ဆုံးသည်
ထိဝင်ပြီးဘယ်ချိုးပါ

ကိုက်၂၀ခန့်မောင်းလျှင် ညာဘက်တွင်
တွေ့ရမည့်လမ်းတွင်းသို့ဝင်ပါ ကိုက်၂၀
ခန့်ဝင်လျှင် ဘယ်ဘက်တွင်တွေ့ရမည့်
ကားပါကင်တွင် ရပ်ပါ

https://play.google.com/store/apps/details?id=com.naing.mmradio
ဈေးကွေ့မှတ်တိုင်အထိ YBS
စီးဘို့ 🚌Bus လမ်းညွှန် Applicationပါ
【(ဘုန်းကြီးလမ်း)စံပြ⇒ဈေးကွေ့ရှာပြထား】

https://goo.gl/maps/2AAjb5kwWDG2

ဈေးကွေ့မှတ်တိုင် ရောက်ပြီးနောက်
အိမ်ကိုရှာမတွေ့ပါက Google map
ကြည့်ပြီးလာခဲ့ပါ
095157267ကို ဖုန်းခေါ်လိုက်ပါ

Shin Thant Lwin Oo
Sxin Thant
ဖတ်စာအုပ်လိုအပ်နေသူMembersများ
အောက်ပါလိပ်စာမှာ စာအုပ်လာယူလို့ရ
ပါတယ် နာမည်ရင်း + လာယူနိုင်မယ့်
အချိန်ကို Comment ရေးပြီး ကြိုတင်
အကြောင်းကြားပါ

ဦးရာလူစနစ်နဲ့ မိမိနှစ်သက်ရာ၂စုံစီ
ရွေးပြီး ယူနိူင်ပါတယ် နောက်ကျရင်
တော့ သူများရွေးကျန်ပဲ ရမှာပါ😚

မိမိကိုယ်စား တယောက်၂ကို လာယူ
ခိုင်းလို့လည်း ရပါတယ်
(စနေတနင်္ဂနွေရုံးချိန်09:00~17:00
အတွင်းမှာ လာယူပေးကြပါ)

↓☟↓☟လိပ်စာ
ဖေါရက်စ်ဗီလာ(ဆရာစံ)
အမှတ်၄၂/၁ သီရီဂုဏ်ရည်ခြံ၊
ကုက္ကိုင်းရေကူးကန်လမ်းဆုံး၊
ဆရာစံမြောက်/ အနောက်
ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

#လမ်းညွှန် ↓☟↓☟

****ဦးချစ်မောင်လမ်းဘက်မှ Busဖြင့်
လာပါက ဈေးကွေ့မှတ်တိုင်တွင်ဆင်းပါ
ဦးချစ်မောင်လမ်း၏လမ်းသွယ်ဖြစ်သည့်
အနောက်ဈေးဟောင်းလမ်းတွင်းသို့ ဝင်ပါ
လမ်းအဆုံး =လမ်းဆုံတွင် ဘယ်ချိုးပါ
ပေ၆၀ခန့် ဆက်သွားပြီးညာဘက်တွင်
တွေ့ရမည့် လမ်းတွင်းသို့ဝင်ပါ
ပေ၇၀ ခန့်ဝင်လျှင် ဘယ်ဘက်၌ ဖော
ရက်စ်ဗီလာ၏ ကားပါကင် ရှိပါသည်

---------------------------------------------------------

MAJA Page link

👇👇👇
https://www.facebook.com/share/p/18C8wTMfmo/

၂၀၂၅ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်
(တစ်ဦးချင်း)

၂၀၂၅ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၆) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ တစ်ဦးချင်းအနေဖြင့် လျှောက်ထားဖြေဆိုမည့် စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် Website လိပ်စာ - edit ပြုလုပ်ပေးပါမည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက် (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)

၄။ လျှောက်လွှာလက်ခံကာလ
Level N1 - ၂၅.၂.၂၀၂၅ (အင်္ဂါနေ့)၊ ၂၆.၂.၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ ၂၇.၂.၂၀၂၅ (ကြာသပတေးနေ့)
Level N2 - ၂၅.၂.၂၀၂၅ (အင်္ဂါနေ့)၊ ၂၆.၂.၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ ၂၇.၂.၂၀၂၅ (ကြာသပတေးနေ့)
Level N3 - ၃.၃.၂၀၂၅ (တနင်္လာနေ့)၊ ၄.၃.၂၀၂၅ (အင်္ဂါနေ့)၊ ၅.၃.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
Level N4 - ၅.၃.၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ ၆.၃.၂၀၂၅ (ကြာသပတေးနေ့)၊ ၇.၃.၂၀၂၅ (သောကြာနေ့)
Level N5 - ၂၆.၂.၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ ၂၇.၂.၂၀၂၅ (ကြာသပတေးနေ့)၊ ၂၈.၂.၂၀၂၅ (သောကြာနေ့)

၅။ လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)

လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
မှတ်ပုံတင်လျှောက်ထားခြင်း -https://www.facebook.com/share/p/1DD7ztmjXt/

- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။

- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါမည်။

- လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
* ပထမဂဏန်းသည် သုည “0” ဖြစ်၍ မရပါ။ (အလယ်နှင့် အနောက်တွင် "0" ထည့်သွင်းနိုင်သည်)
* ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
* စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
* ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။

- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။
အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။
တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် 01- 757 10 15 (ext 1)