အတူတူ ဂျပန်စာလေ့လာရအောင်

@japansar


အတူတူ ဂျပန်စာလေ့လာရအောင်

10 Sep, 22:34


မြန်မာအစိုးရမှ တရားဝင်သတ်မှတ်ထားသော
ဝန်ဆောင်ခ

US $1500

👉တိုခုတဲအိဂိနိုး စာမေးပွဲနှင့်ပတ်သက်၍ ဖြေလို့
ရသောစာမေးပွဲများအကြောင်း ပို့တင်ဘူးသည်။

💴လစာ အခြေအနေ 💴

👉မိမိဝင်သည့်ကုမ္ပဏီအပေါ်မူတည်ပါသည်။
👉training visa ထက်များသည်။
👉အလုပ်သတ်မှတ်ချက်ကိုက်ည်ီလျှင်
အလုပ်ပြောင်း၍ရသည်။
👉ယ္ခုပညာအရည်အချင်း သက်အှတ်ချက်များ
ကိုက်ညီပါက work visa ပြောင်း၍ရသည်ဟု
ကြားသိရပါသည်။(သို့သော် စုံစမ်းမေးမြန်းကြည့်ပါ)

____

4️
⃣STUDENT VISA

➀Language school
 ➁ college
③ University
____

Language School (日本語学校)

👉မြန်မာနိုင်ငံမှာ အထက်တန်းအောင်ရင် /
တက္ကသိလ်မပြီးသူများ /
တက္ကသိုလ်ပီးသူများတတ်လို့
ရပါတယ်
👉JLPT N4 ~N3ဂျပန်စာ အခြေခံ level
တတ်ထားဖို့လိုပါတယ်
 
ကျောင်းလျှောက်ရန်လိုအပ်ချက်
▪️▪️▪️👇👇👇👇👇👇👇▪️▪️▪️
1️⃣ မြန်မာနိုင်ငံမှ ကျောင်းနှင့်ပါတ်သက်သော
အချက်အလက်
➀အမှတ်စာရင်
  ➁အောင်လက်မှတ်
2️⃣ ဂျပန်စာအခြေခံသင်ယူတတ်မြောက်ထားသော
အောင်လက်မှတ်
JLPT N4~N3
3️⃣ ဂျပန်နိုင်ငံတွင်ပညာသင်ကြားနေစဉ်အတွင်းကျောင်း
လခ ထောငိပံ့ပေးမည့် သူ(မိဘ) ​၏
➀လုပ်ငန်းလိုင်စင်
  ➁Bank Statement (ကျောင်းလခပေးချေနိုင်မှုငွေ
အမောင့်ရှိရန်လိုသည်။ဥပမာ သိန်း၂၀၀ အထက်
4️⃣ဂျပန်နိုင်ငံဘက် ကျောင်းမှထုတ်ပေးထားသော
ကျောင်းလျှောက်လွှာတွင် အချက်အလက်များဖြည့်
ပြီး ကျောင်းသို့ ဖောင်တင်ရမည်။ဆေးစစ်ပေးရန်
လိုသည် ကျောင်းမှ ညွှန်ကြားပေးသည်

▪️လက်ခံမည်ဆိုပါက▪️

Internet ဖြင့် အင်တာဗျူးမည်။

👍👍အင်တာဗျူး အောင်မြင်ပါက ဂျပန်ကျောင်းမှ
လိုပ်သောစာရွက်စာတမ်းများထပ်မံတောင်း
ဆိုပြီး ဂျပန် လဝက သို့ ဗီဇာ တင်ပေးမည်။
(((လျှောက်သည့်ကျောင်းပေါ်မူတည်၍စာရွက်စာ
တမ်းကွဲပြားသည်။)))
👉🏾ကြာချိန် တစ်လ မှ နှစ်လ အတွင်းကြာသည်။

ဗီဇာတင်နေစဉ်တွင် လဝက မှ လျှောက်ထားသူထံ (သို့)
မိဘအုပ်ထိန်းသူထံ ဖုန်းဆက်၍ လျှောက်ထားချက် ကိုက်ညီမညီ စုံစမ်း စစ်ဆေးတတ်သည် ။ဖြေဆိုချက် ကွဲလွဲပါက ဗီဇာ ရီဂျက် ထိနိုင်သည်။ စာရွက်စာတမ်းများ ကွဲလွဲမှုရှိပါက ဗီဇာရီဂျက်ထိနိုင်သည်။ မွေးသက္ကရာဇ် မှတ်ပုံတင် passport အရာအားလုံး ဖောင်တင်သောစာရွက်စာတမ်းများအားလုံး အရေးကြီးသော အချက်အလက်များ မှား၍မရပါ။

ဗီဇာရပါက (COE) လဝက မှ ကျောင်းသို့
  အကြောင်းကြားမည်။ကျောင်းမှလျှောက်ထားသူထံ
အကြောင်းကြားမည်။
ဗီဇာရပြီး ၃ လအတွင်း ဂျပန်နိုင်ငံသို့ ထွက်ခွာရမည်။
မြန်မာနိုင်ငံရှိဂျပန်သံရုံးတွင်ဗီဇာလျှောက်ရန်လိုသည်။
____

➁C
OLLEGE
👉ဂျပန်ဘာသာ N3 ~N2 level
ဖြင့်လျှောက်ထားနိုင်သည်။
👉မြန်မာနိုင်ငံမှ တက္ကသိုလ်မပြီးထားသူများ
လျှောက်၍ရသည်။(သို့သော်)ဂျပန်စာ
အရည်အချင်းနှင့် လက်ခံမည့်ကျောင်း
အပေါ်မူတည်သည်။
ကော်လိပ် ၂ နှစ်ပြီးပါက တက္ကသိုလ်ဆက်
တတ်၍ရသည်။
ကော်လိပိကျောင်းပီးပါက အလုပ်လျှောက်ရန်
မရပါ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှ
တက္ကသိုလ်ဘွဲ့မရထား၍ဖြစ်သည်။
ထို့ကြောင့်တက္ကသိုလ်ဆက်တတ်ရန်လိုသည်။

_\\\\\\\\\\\\_\\\\\\\\\\\

③UNIVERSITY

ဂျပန်ဘာသာ N3~N2 level
မြန်မာနိုင်ငံမှ ဘွဲ့ ရပြီးသူများ ဒုတိယနှစ်မှ စတင်
လျှောက်ထား၍ရသည်။ဂျပန်စာမရလျှင်မလွယ်
ကူပါ။
ကျောင်းလျှောက်ရန်လိုအပ်ချက်များမှာ အားလုံးနီး
ပါးတူညီသည်👉🏾(language schoolလျှောက်ရန်လို
ပ်ချက်နှင့်)

အတူတူ ဂျပန်စာလေ့လာရအောင်

10 Sep, 22:34


ခုတစ်လော မြန်မာပြည်ကနေဂျပန်လာချင်လို့မေးနေတဲ့

😍အသိမိတ်ဆွေ သူငယ်ချင်းတွေ အတွက်😍

ဗီဇာနဲ့ပါတ်သက်လို့ သိထားသင့်တဲ့ အချက်လေးတွေမျှဝေပါမည်။

လက်ရှိရရှိထားသော ဘွဲ့ ပညာအရည်အချင်းများအလဟသ မဖြစ်စေလို
(သင့်တော်မည့် နည်းလမ်းရွေးချယ်နိုင်ကြပါစေ)

လက်ရှိလာလို့ရတာ ပုံမှန် ဗီဇာ(၄)မျိုး ရှိပါတယ်

1️⃣WORK VISA(技術・人文知識・国際業務)
2️⃣JISSHUUSEI VISA (training visa 3 years)
技能実習生
3️⃣TOKUTEIGINO VISA( skill worker 5 years visa)
  特定技能
4️⃣STUDENT VISA(ကျောင်းသား ဗီဇာ)留学生
____________

1️⃣WORK VISA (技術・人文知識・国際業務)
(ယခုအများခေါ် အင်ဂျင်နီယာ ဗီဇာ)

👉ဂျပန်စာ လိုအပ်ချက် အနိမ့်ဆုံး N3, N2
~~~~~~~~
မြန်မာအစိုးရမှ တရားဝင်သတ်မှတ်ထားသော ဝန်ဆောင်ခ သက်မှတ်ထားခြင်းမရှိပါ

လိုအပ်ချက် 👇👇

👉ဂျပန်မှာ လုပ်မယ့်အလုပ်နှင့်သက်ဆိုင်သော ဘွဲ့ တစ်ခု
 ခုရထား ရပါမည်။

👩🏻‍🎓. IT နှင့်ပတ်သက်သောအလုပ်ဆိုလျှင် ITဘွဲ
🧑‍🎓. အလုပ်ဝင်မည့်ကုမ္ပဏီ နှင့်သက်ဆိုင်သောဘွဲ့
👩🏻‍🎓. စကားပြန် အလုပ်ဆိုလျှင် JLPT N2 နှင့်
မြန်မာနိုင်ငံမှဘွဲ့ တစ်ခုခု
👩🏻‍🎓.ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာကျောင်း ပြီး JLPT N2
အောင်မြင်လို့အလုပ်ဗီဇာလျှောက်မည်ဆိုက
မြန်မာပြည်ဘွဲ့တစ်ခုခု ရရှိရန်လိုအပ်သည်

💴လစာ အခြေအနေ 💴ကုမ္ပဏီအလိုက်ကွဲပြားသည်

👉အလုပ်စစဝင်ခြင်း ပုံမှန်အခြေခံလစာ ၁၈သောင်း
မှစတင်ပေးသောကုမ္ပဏီများသည်။

(အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီ အနေဖြင့်
အလုပ်သမားနှင့်ပတ်သက်သောအခွန်ဆောင်ရာ
တွင်လည်းသက်သာသောကြောင့်ဟု မိမိမှ ယူဆ
သည်)

💴ဒုတိယအချက်💴

ကုမ္ပဏီ ကောင်းလျှင်(၂၂ ~ ၂၅ )သောင်းအထိပေး
သည်။

အလုပ်ဗီဇာ(技術・人文知識・国際業務)တွင်

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
👉 အလုပ်ပြောင်း၍ရသည်။
👉ကုမ္ပဏီ အလိုက် ခံစားခွင့် ရှိသည်(ဘောနပ်,အလုပ်
ထွက်လျှင်ပေးသော 退職金 လုပ်သက်အလိုက် ငွေ
အမောင့်ကွာသည်။
👉အိမ်လခ ပျှမ်းမျှ ၃၀%
👉လမ်းစရိတ်
👉ဂျပန်နိုင်ငံတွင် အချိန်အကန့်အသက်မရှိ
သက်တမ်းတိုး အလုပ်လုပ်နိုင်သည်။
👉၁၀ နှစ်အထက်ကျော်ပါက PR လျှောက်နိုင်သည်။
အခွန်သေချာဆောင်ရန်နှင့်ပြစ်မှုမရှိရန်လိုသည်။

IMPORTANT
~~~~~
ဂျပန်စကားကျွမ်းကျင်ရန်လိုအပ်သည်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️◾️◾️◾️◾️
——————————————————————————
2️⃣TRAINING VISA(技能実習生)

👉ဂျပန်စာလိုအပ်ချက် အနှိမ့်ဆုံးN4
~~~~~~

မြန်မာအစိုးရမှ တရားဝင်သတ်မှတ်ထားသော
ဝန်ဆောင်ခ

        US $ 2800

▪️▪️▪️TRAINING VISA ▪️▪️▪️

👉နည်းပညာလိုအပ်သောနိုင်ငံများမှ သင်တန်းသား
အနေဖြင့်ခေါ်ယူပြီး
👉ဂျပန်တွင် သင်ရိုးအတိုင်း အလုပ်လုပ်ကိုင် (သင်ယူ)
(3)နှစ်ပြည့်လျှင်အမိနိုင်ငံသို့ပြန်၍ သင်ယူခဲ့သော
ပညာများက်ိုအသုံးချစေခြင်း

အလုပ်အမျိုးအစားပေါ်မူတည်၍
▪️၁နှစ်
▪️၃နှစ်
▪️၅နှစ် ကာလ ရှိပါသည်။

“”””””သင်တန်းသားကာလပြီးဆုံးပါက အမိနိုင်ငံသို့
မပြန်မနေရပြန်ရမည်ဟု သက်မှတ်ထားပါသည်။

👍👍👍👍သို့သော်👍👍👍👍

ယ္ခုအခါ ထိုကာလပြည့်လျှင် တိုကုတေးဂိနိုး သို့ပြောင်းလဲနိုင်ပါသည် ။

IMPORTANT
~~~

သင်တန်းကာလ ပြီးဆုံးမှသာ ပြောင်းခွင့်ရှိပါသည်။

💴လစာအခြေအနေ💴

👉မိမိဝင်သည့်ကုမ္ပဏီအပေါ်မူတည်၍ကွာခြားသည်။
👉အခြေခံအားဖြင့် ၁၅~၁၆ သောင်း
👉時給(တစ်နာရီ လုပ်အားခ မှာ မြို့အလိုက်ကွာသည်။
👉အိုဗာတိုင်အပေါ်မူတည်၍လည်းလစာကွာသည်။
👉နေစရာ နေရာ ကုမ္ပဏီမှစီစဉ်ပေးသည်။
အိမ်လခ တစ်လ ၂ သောင်း(သက်မှတ်ထားသည်)
👉ဝိုင်ဖိုင် ,ရေ,မီး,gas ပျှမ်းမျှ တစ်လ ၁ သောင်း
👉သင်တန်းကာလပြီးလျှင် တိုကုတေးဂိနိုးသို့
ပြောင်းနိုင်သည်။

😰😰😰အခက်အခဲများကို 😰😰😰

👉ခုမိအိုင်းထံအကူအညီတောင်းခံနိုင်သည် ။
👉စကားပြန် စိတ်ကောင်း သဘောကောင်းလျှင်
အရမ်းအဆင်ပြေ သည်👍
👉ဂျပန်တစ်နိုင်ငံလုံးတွင် စနေ တနင်္ဂနွေ ဂျပန်စာ
သင်တန်း အခမဲ့ သင်ပေးသည့်
ဂျပန်ဆရာ/ဆရာမ volunteer ရှိသည်
အလုပ်ပိတ်ရက်ဆိုပါက သင်တန်းတတ်နိုင်သည်။
(မိမိနေသည့် ရပ်ကွက်ရုံးတွင်စုံစမ်းနိုင်သည်။
👉မိမိ ရပိုင်ခွင့် အခွင့်အရေး ကို စကားပြန် သို့သေ
ချာမေးမြန်းပါ

◾️◾️သင်တန်းကာလအတွင်း ◾️◾️
◾️အလုပ်(အကြောင်းအရာ)ပြောင်းခြင်းမရပါ။
◾️အလုပ်(ကုမ္ပဏီ) ပြောင်းခြင်း မရပါ။

——————————————————————————

3️⃣TOKUTEIGINO VISA(5)နှစ်

👉ဂျပန်စာလိုအပ်ချက် အနိမ့်ဆုံး N4~N3
~~~~~~~~~

အတူတူ ဂျပန်စာလေ့လာရအောင်

10 Sep, 11:45


1)📩レターパックプラス520円

レターパックプラス520円 ကို စာတိုက်နှင့် ၂၄နာရီကွန်ဗီနီစတိုးဆိုင်များတွင် ဝယ်ယူလို့ရပါတယ်။
* A4 Size
* အလေးချိန်4kg အတွင်းဖြစ်ပါက အထူ3cm ကျော်လည်းပဲပို့လို့ရပါတယ်။
* ဒီစာအိတ်ကို 3cm အထူကျော်နေတဲ့ ပစ္စည်းထည့်ချင်ရင် ခေါက်နည်း Youtube မှာ ရှာကြည့်နိုင်ပါတယ်။
* မိမိပေးပို့ထားသော စာအိတ် ဘယ်နေရာရောက်နေပြီလဲလို့ အင်တာနက်မှာ စာအိတ်နံပါတ်ရိုက်ပြီး ရှာလို့ရပါတယ်။
* ပိုက်ဆံနှင့် ကွဲလွယ်ရှလွယ်သော ပစ္စည်းများစသည့်တို့ ထည့်ပို့၍ မရပါ။
* အိတ်ကို ပိုခိုင်မြဲအောင် မိမိဆန္ဒဖြင့် တိပ်ထပ်ကပ်ပါက အရှေ့မျက်နှာက တံဆိပ်နေရာကို မဖုံးမိ စေရန် သတိထားပါ။
* လက်ခံမည့်သူထံသို တိုက်ရိုက်ပေးပို့ပါတယ်။ အိမ်တွင်မရှိပါက စာတိုက်မှ 不在(ふざい)အိမ်တွင်လူမရှိကြောင်း အသိပေးစာ ထည့်ခဲ့ပါမယ်။ ထားခဲ့တဲ့ (不在) စာရွက်အနီလေးကို ယူ၍ မိမိအိမ်နှင့်အနီးဆုံး စာတိုက်တွင် ကိုယ်တိုင်သွားထုတ်လို့ရပါတယ်။ မိမိအိမ်လိပ်စာ မှန်ကန်ကြောင်း အထောက်အထား🆔ကဒ် တခုခုပြရပါမယ်။ ဥပမာ- ဇိုင်းလျူးကဒ်၊ ဖုန်း(သို့) အင်တာနက်က နေလည်း မိမိအိမ်တွင်ရှိမည့်အချိန် ရေးသွင်း၍ နောက်တကြိမ် ပြန်လာပို့ဖို့ အကြောင်းကြားနိုင်ပါတယ်။

(2)📩レターパックライト370円

レターパックライト370円 ကို စာတိုက်နှင့် ၂၄နာရီကွန်ဗီနီစတိုးဆိုင်များတွင် ဝယ်ယူလို့ရပါတယ်။
* A4 Size
* အလေးချိန်4kg အတွင်း၊ အထူ3cm အထိပဲရပါတယ်။
* မိမိပေးပို့ထားသော စာအိတ် ဘယ်နေရာရောက်နေပြီလဲလို့ အင်တာနက်မှာ စာအိတ်နံပါတ်ရိုက်ပြီး ရှာလို့ရပါတယ်။
* ပိုက်ဆံနှင့် ကွဲလွယ်ရှလွယ်သော ပစ္စည်းများစသည့်တို့ ထည့်ပို့၍ မရပါ။
* အိတ်ကို ပိုခိုင်မြဲအောင် မိမိဆန္ဒဖြင့် တိပ်ထပ်ကပ်ပါက အရှေ့မျက်နှာက တံဆိပ်နေရာကို မဖုံးမိ စေရန် သတိထားပါ။
* ပစ္စည်းသည် လက်ခံသူဘက်မှ စာတိုက်အဝနှင့် အဆံ့ဘဲ ထည့်မရပါက (不在) အိမ်တွင်လူမရှိ ကြောင်း အသိပေးစာ ထည့်ခဲ့ပါမယ်။ ထားခဲ့တဲ့ (不在) စာရွက်အနီလေးကို ယူ၍ မိမိအိမ်နှင့်အနီးဆုံး စာတိုက်တွင် ကိုယ်တိုင်သွားထုတ်လို့ရပါတယ်။ မိမိအိမ်လိပ်စာ မှန်ကန်ကြောင်း အထောက်အထား🆔ကဒ် တခုခုပြရပါမယ်။ ဥပမာ- ဇိုင်းလျူးကဒ်

(3)📧スマートレター180円

* A5 Size
* အလေးချိန်1kg အတွင်း၊ အထူ2cm အထိ
* ပိုက်ဆံနှင့် ကွဲလွယ်ရှလွယ်သော ပစ္စည်းများစသည့်တို့ ထည့်ပို့၍ မရပါ။
* အိတ်ကို ပိုခိုင်မြဲအောင် မိမိဆန္ဒဖြင့် တိပ်ထပ်ကပ်ပါက အရှေ့မျက်နှာက တံဆိပ်နေရာကို မဖုံးမိ စေရန် သတိထားပါ။
စာရေးသူကတော့ Phone Simcard , ပစ္စည်းအသေးအမွှား လေးများပို့ရန် သုံးပါတယ်။

(4)📧切手(きって)တံဆိပ်ခေါင်းကပ်၍ပို့ခြင်း

👉မိမိပို့လိုသည့်ပစ္စည်းကို စာအိတ်ထဲသို့ထည့်၍ အလေးချိန်ချိန်ပါ။ အလေးချိန်ပေါ်မူတည်၍ တံဆိပ်ခေါင်းဘယ်လောက်ဖိုးကပ်ရမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ စာတိုက်နှင့် ကွန်ဗီနီဆိုင်များတွင် အလေးချိန်ချိန်ခိုင်း၍ အဆိုပါအလေးချိန်နှင့်ကိုက်ညီတဲ့ တံဆိပ်ခေါင်းကပ်ခိုင်းလို့ရပါတယ်။
👉အကယ်၍ စာရွက်စာတမ်းများ အမြန်ရောက်လိုပါက စာတိုက်တွင် 速達(そくたつ)အမြန်ချောပို့နဲ့ ပို့ချင်ပါတယ်လို့ပြောပေးပါ။
ဒီတခါရေးပေးတဲ့ ပို့နည်း(၄) မျိုးက စာရွက်စာတမ်းနဲ့  စာအိတ်ထဲထည့်လို့ဆန့်တဲ့ ပစ္စည်းဆိုဒ်သေးသေးလေးတွေကို စျေးသက်သက်သာသာနဲ့ ပို့နိုင်တဲ့နည်းဖြစ်ပါတယ် ။

အတူတူ ဂျပန်စာလေ့လာရအောင်

10 Sep, 11:45


ဂျပန်နိုင်ငံတွင်းပါဆယ်ပို့နည်း အပိုင်း(၂)

🗾ဂျပန်နိုင်ငံတွင်နေထိုင်နေကြတဲ့ မြန်မာလူမျိုးများ ပစ္စည်းပို့တဲ့အခါ အဆင်ပြေစေရန် သိထားတာလေးတွေ Sharing လုပ်ပါရစေနော်။
ဂျပန်နိုင်ငံတွင်း ပါဆယ်ပို့နည်းတွေအများကြီးရှိပါတယ်။ အရှေ့က အပိုင်း(၁)မှာ စာတိုက်၊ကွန်ဗီနီစတိုးကနေ ပစ္စည်းပို့နည်းတွေကို ရှင်းပြပေးထားပါတယ်။ The Daily Update page မှာရှာကြည့်နိုင်ပါတယ်။
ဒီတခေါက်က​တော့ စာရွက်စာတမ်း(သို့)ပစ္စည်းသေးသေးလေးပဲ ပို့ချင်တဲ့အခါ အသုံးဝင်မယ့်ပို့နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(

အတူတူ ဂျပန်စာလေ့လာရအောင်

08 Sep, 11:09


Hotel
9

အတူတူ ဂျပန်စာလေ့လာရအောင်

08 Sep, 11:07


Hotel
8

အတူတူ ဂျပန်စာလေ့လာရအောင်

08 Sep, 11:05


Hotel
7

အတူတူ ဂျပန်စာလေ့လာရအောင်

08 Sep, 10:44


N2
Kanji master
Ch 14

အတူတူ ဂျပန်စာလေ့လာရအောင်

08 Sep, 10:36


N2
Kanji master
Ch 15

အတူတူ ဂျပန်စာလေ့လာရအောင်

08 Sep, 10:30


N2
Kanji master
Ch 13

အတူတူ ဂျပန်စာလေ့လာရအောင်

04 Sep, 14:50


A yaw
https://youtu.be/UQNSybYgZTo?si=U4Fp9-lRzZkvDypy

အတူတူ ဂျပန်စာလေ့လာရအောင်

04 Sep, 14:48


Hotel စာမေးပွဲ ဖြေမဲ့လူတွေ အတွက်
Sensei Aye chit Phyu
https://youtu.be/iaoGXp-MAUQ?si=flKZi44y2aENZvSJ

အတူတူ ဂျပန်စာလေ့လာရအောင်

04 Sep, 13:31


Hotel
6

1,531

subscribers

668

photos

225

videos