أحدث المنشورات من Infinity Group (@infinitygroupkbu) على Telegram

منشورات Infinity Group على Telegram

Infinity Group
ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ်

သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် –
ကိုအနန္တ @iggp21
ကို​ရွှေကြာ @shwekyarinfinitygroup
ရင်ငြိမ်းမိုး @iggp23
ကိုဉာဏ်ဇင် @nzigp
2,916 مشترك
565 صورة
23 فيديو
آخر تحديث 01.03.2025 04:40

أحدث المحتوى الذي تم مشاركته بواسطة Infinity Group على Telegram


ကန့်ဘလူနယ်​တောင်ခြမ်းအ​ခြေအ​နေ အစီရင်ခံစာ

ကန့်ဘလူ​တောင်ခြမ်းအ​ခြေအ​နေနဲ့ပတ်သက်လို့ မ​ပြောပဲငုံထားတာကြာပါပြီ။လက်နက်ကိုင်​တော်လှန်​ရေးစကတည်းက စစ်​ကောင်စီရဲ့နယ်​မြေရှင်းလင်း​ရေးစစ်​ကြောင်း​တွေ ဝင်လာတိုင်း နယ်​မြေခံပကဖနဲ့LOCALအဖွဲ့​တွေကပဲ ရှိတဲ့အင်အားနဲ့ ဖြစ်သလိုခုခံကာကွယ်လာတာ ဒီ​နေ့ဒီအချိန်ထိပါပဲ။

ကန့်ဘလူ​တောင်ခြမ်းကို စစ်​ကြောင်းတ​ကြောင်းထိုးလာရင် MOD လက်​အောက်က တပ်ရင်းတပ်ဖွဲ့​တွေ ကလာပြီး ကာကင်း​လုပ်ပေးတာ​တောင် မရှိဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။လာတဲ့အခါဆိုရင်တောင်မှ စစ်​ကြောင်းကပ်လာချိန်ဆို တပ်ရင်းကလာတဲ့ရဲ​ဘော်​တွေ ​ပျောက်​ပျောက်သွားတယ်လို့ဆိုပါတယ်။

ကန့်ဘလူ​တောင်ခြမ်းမှာ ဘာ​ကြောင့်ဒီလိုဖြစ်​နေရသလဲဆိုတာ ကန့်ဘလူနယ်စစ်​ရေးတာဝန်ခံ​တွေအ​နေနဲ့ ပြန်စဥ်းစားကြဖို့လိုပီထင်ပါတယ်။အခုဆို ​တော်လှန်​ရေးအင်အားစုအား​ကောင်းတဲ့ ကန့်ဘလူနယ်​တောင်ခြမ်းက ရွာ​တွေဟာ ခြံခတ်ခံထားရတဲ့နွားအုပ်လိုဖြစ်​နေပါပြီ။

ဒီ​နောက်ပိုင်း စစ်​ကြောင်းထိုးထာထက်ဆိုးတာက ကန့်ဘလူနယ်​တောင်ခြမ်းကိုပတ်လည်ဝိုင်းပီး စစ်တပ်အထိုင်စခန်း​တွေ တိုးတိုးချလာတာပါပဲ။အ​ရေးအ​ကြောင်းဆို ​ဆေးဝါးကုသဖို့သွားရလာရ​​အောင်တောင် ဝင်​ပေါက်ထွက်​ပေါက်ရှာ​နေရတာနဲ့ ဒုက္ခအ​တော်များလှပါပြီ။

ဒီအတိုင်းဆို ကန့်ဘလူနယ်​တောင်ခြမ်းက ရွာ​တွေဟာ စားဝတ်​နေ​ရေးကအစ သယ်ယူပို့​ဆောင်​ရေးအဆုံး လမ်း​ကြောင်း​တွေ တခုပီးတခုပိတ်ခံ​နေရတာမို့ အဆင်မ​ပြေနိုင်ပါဘူး။ကန့်ဘလူနယ်​တောင်ခြမ်းရွာ​တွေကဆို အနီးနားမှာရှိတဲ့ ဇီးကုန်း၊ထန်းကုန်းက စစ်တပ်နဲ့ပျူဂိတ်​တွေက ဝင်ထွက်သွားလာခွင့် ပိတ်ထားတာ​ကြောင့် အ​ခြေခံစား​သောက်ကုန်​၊​လောင်စာဆီ စတဲ့အရာ​တွေက အကန့်အသတ်နဲ့သာ ရနိုင်တာပါ။

ဒါကို ကန့်ဘလူမြို့နယ်ထဲက စစ်​ရေးတာဝန်ခံ​တွေအ​နေနဲ့ မျက်ကွယ်ပြုမထားသင့်ပါဘူး။ခင်ဗျားတို့​ပြော​ပြော​နေတဲ့ စစ်နိုင်တယ်ဆိုတာ စစ်တိုက်လို့နိုင်တာထက် နယ်​မြေပိုင်ဆိုင်တာကလည်း စစ်နိုင်တာပဲဆိုရင် ကိုယ့်ဘက်ကစိုးမိုးနယ်​မြေ​တွေ အရင်ကထက် ကျဥ်း​မြောင်းမသွားဖို့ဟာလည်း သိပ်ကိုအ​ရေးကြီးသလို လုပ်သင့်တာကို တစိုက်မက်မက်လုပ်​နေဖို့အ​ရေးကြီးပါတယ်။

အခုတ​ခေါက် ကန့်ဘလူနယ်​တောင်ခြမ်းကို စစ်​ကြောင်းထိုးလာချိန်မှာ ကန့်ဘလူ​တောင်ခြမ်းက သရက်​ခေါင်းရွာက အရပ်သား ၂ ဦးက ဒရုန်းဗုံးထိမှန်ပီး ​သေပါတယ်။သ​ပြေသာ​လေးရွာက အရပ်သား ၁ ဦးက လက်နက်ကြီးထိမှန်ပီး ​သေပါတယ်။သရက်​ခေါင်းရွာက ​နေအိမ် ၇၂ လုံးနဲ့ရှမ်းတပ်ရွာက ​နေအိမ် ၁၁၅ လုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။အရပ်သား ၄ ဦးကို စစ်​ကြောင်းက ဖမ်း​ခေါ်သွားပါတယ်။

စစ်​ရေးအရှိန်မြင့်​နေတဲ့ ဒီလိုကာလမှာ ကိုယ့်ဘက်က ထိုးစစ်မလုပ်နိုင်​သေးသည့်တိုင်၊ကြားဖြတ်မတိုက်ခိုက်နိုင်​သေးသည့်တိုင် အရပ်သားပြည်သူ​တွေ​ဘေးကင်းလုံခြုံ​စေဖို့ စစ်​​ကြောင်းကို ကင်း​ထောက်တဲ့ ကာကင်း​တွေ​တော့ လုံလုံ​လောက်​လောက်​ပို့​ပေးဖို့ ဖြစ်သင့်ပါတယ်ဗျာ။

July 27,2024 ကိုအနန္တ​ရေးသည်

#infinitygroup