Htun Myint Htay @htunmyint Channel on Telegram

Htun Myint Htay

@htunmyint


Mechanical Engineer

Htun Myint Htay (English)

Are you a mechanical engineering enthusiast looking for a channel that offers valuable insights, tips, and resources in the field? Look no further than 'Htun Myint Htay' on Telegram! This channel, managed by the username @htunmyint, is dedicated to providing a platform for mechanical engineers to connect, learn, and grow. Who is 'Htun Myint Htay'? Htun Myint Htay is a platform created by a passionate mechanical engineer who wants to share his knowledge and expertise with fellow professionals, students, and enthusiasts in the field. With years of experience under his belt, Htun Myint Htay understands the challenges and opportunities that come with being a mechanical engineer. What is 'Htun Myint Htay'? 'Htun Myint Htay' channel on Telegram is an invaluable resource for anyone interested in mechanical engineering. Whether you are a student looking to learn more about the field, a professional seeking career advice, or an enthusiast wanting to stay updated on the latest trends, this channel has something for everyone. From informative articles and tutorials to practical tips and industry news, 'Htun Myint Htay' covers a wide range of topics related to mechanical engineering. Join 'Htun Myint Htay' today and become a part of a supportive community of mechanical engineers who share your passion for the field. Stay informed, inspired, and connected with like-minded individuals who are just as dedicated to advancing the field of mechanical engineering as you are. Don't miss out on this opportunity to enhance your knowledge, skills, and network in the world of mechanical engineering. Subscribe to 'Htun Myint Htay' on Telegram now!

Htun Myint Htay

09 Sep, 01:57


Live stream finished (5 minutes)

Htun Myint Htay

09 Sep, 01:51


Live stream started

Htun Myint Htay

09 Mar, 09:57


Htun Myint Htay Academy Channel ကို အ ရေးအခင်းကာလမှာပဲ စတင်တည် ဆောက်လိုက်ပါပြီ။ ဒီ channel က နေ free joint ပြီး သင်ကြား လေ့လာနိုင် သော group တွေကို ဝင် ရောက်နိုင်ပါပြီခင်မျ။

Htun Myint Htay

09 Mar, 09:57


https://t.me/joinchat/9UkmtEj2CsM1YTA1

Htun Myint Htay

24 Jan, 02:02


စေတနာ့ဝန်ထမ်းတွေက သူ့ရဲ့ဗီဒီယိုတွေကို ဘာသာစကားများစွာကို ဘာသာပြန်ပေးပါတယ်။ အင်မတန်ကြီးကျယ်တဲ့ ဈေးကွက်ရှိပြီး သင်ခန်းစာတွေက အကြီးအကျယ်အောင်မြင်ပေမဲ့ သူက ဒါကိုအသုံးချပြီး လုပ်ငန်းမထူထောင်ပါဘူး။ စီးပွားဖြစ်ရင်းနှီးမြှုပ်နှံမှုတွေ လက်မခံပါဘူး။ ကုမ္ပဏီ ရှယ်ယာရောင်းချတာတွေ မလုပ်ပါဘူး။ ဒါဆိုရင် များပြားလှတဲ့ လုပ်ငန်းလည်ပတ်စရိတ်၊ နည်းပညာစရိတ်၊ ဝန်ထမ်းစရိတ်တွေကို ဘယ်လိုဖြေရှင်းပါသလဲ။

သူ့ရဲ့ စေတနာကို နားလည်တဲ့ ပရဟိတအလှူရှင်တွေက ရန်ပုံငွေထောက်ပံ့ပေးပါတယ်။ အများသိတဲ့လှူဒါန်းသူတွေကို ပြောပြရမယ်ဆိုရင် Google က ၂၀၁၀ မှာ ဒေါ်လာ ၂ သန်းလှူဒါန်းခဲ့ပါတယ်။ ဘီလ်ဂိတ်ဖောင်ဒေးရှင်းက ၁.၅ သန်းလှူဒါန်းခဲ့ပါတယ်။ ခုနှစ် (၂၀၂၁) ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အီလွန်မတ်စ်က Musk Foundation ကတဆင့် ဒေါ်လာငါးသန်း လှူဒါန်းခဲ့ပါတယ်။ တခြားသော စေတနာရှင်တွေလည်း အများကြီးပါပဲ။ ၂၀၁၂ ခုနှစ်မှာ Forbes မဂ္ဂဇင်းရေးသားချက်အရ Khan Academy က ဒေါ်လာ ၁၆.၅ သန်း ရန်ပုံငွေရှိပါတယ်။ ခုဆိုရင်တော့ ဒါ့ထက် များနေလောက်ပါပြီ။ အီလွန်မတ်စ်လှူတာနဲ့တင် ငါးသန်း ဖြစ်နေပြီမို့ပါ။

စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ရှိပါတယ်။ Khan Academy ကို တည်ထောင်သူ ဆယ်လ်ခန်းက ချမ်းသာသလား ဆိုတာပါ။ တကယ်လို့သာ သူက Khan Academy ကို စီးပွားဖြစ်လုပ်ခဲ့မယ်ဆိုရင်တော့ ဒီမေးခွန်းက မလိုအပ်ပါဘူး။ သူက ဘီလျံနာတစ်ယောက်ဖြစ်နေမှာပါ။ ခုအနေအထားကို ပြောရမယ်ဆိုရင်တော့ CEO တစ်ယောက်အနေနဲ့ သူက ၂၀၁၈ ခုနှစ်မှာ နှစ်စဉ်လစာ $824,000 ရပါတယ်။ လစာအပေါ်အခြေခံတွက်ချက်မှုအရ သူ့ရဲ့အသားတင်ကြွယ်ဝမှုကတော့ ၁.၅ သန်းရှိတယ်လို့ ခန့်မှန်းကြပါတယ်။ Youtube ဗီဒီယိုတွေကို ကြည့်ရှုမှုတွေကနေ ရရှိနိုင်မယ့် ဝင်ငွေအရ ခန့်မှန်းတွက်ချက်တာကတော့ ၂၅ သန်း ရှိတယ်လို့ဆိုပါတယ်။ ဘယ်သူမှတော့ အတိအကျမသိပါဘူး။

၂၀၁၆ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ဆယ်လ်ခန်းက သူ့သင်ခန်းစာတွေရဲ့ အကန့်အသတ်ကို အသိအမှတ်ပြုပြောထားပါတယ်။ “သူတို့က တန်ဖိုးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူတို့က တနည်းနည်းနဲ့ ပြီးပြည့်စုံတဲ့ ပညာရေးဖြစ်တယ်လို့ ကျွန်တော်ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး” တဲ့။ ဒီအချက်ကို သတိထားစရာပါ။ Khan Academy ကိုယ်တိုင်က သူတို့သင်ခန်းစာတွေက အတန်းတွင်းသင်ကြားမှုကို ဖြည့်စွက်တဲ့အနေနဲ့၊ ကျောင်းသားတစ်ဦးချင်းစီရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရည်ရွယ်ချက်အနေနဲ့ပဲ ထားပါတယ်။

ဘယ်လောက်ပြီးပြည့်စုံတဲ့ အသင့်ပြင်ဆင်ထားပြီးသား သင်ခန်းစာတွေပဲဖြစ်ပါစေ နည်းလမ်းတကျသင်ကြားတဲ့ ကျောင်းတွင်း၊ တက္ကသိုလ်သင်ကြားမှုကိုတော့ အစားမထိုးနိုင်ပါဘူး။ ဒါပေမဲ့ ကျောင်းမှာ၊ တက္ကသိုလ်မှာသင်ကြားတာတွေကို အွန်လိုင်းသင်ကြားတာတွေနဲ့ ဖြည့်စွက်သင်ယူပြီး ကိုယ့်ရဲ့သင်ယူမှုနယ်ပယ်ကို ချဲ့ထွင်သင့်ပါတယ်။

စည်သူထက်
19.1.2021

References:
1. https://edition.cnn.com/2021/01/17/us/elon-musk-khan-academy-5-million-donation-trnd/index.html
2. https://www.khanacademy.org/
3. https://www.forbes.com/sites/michaelnoer/2012/11/02/one-man-one-computer-10-million-students-how-khan-academy-is-reinventing-education/?sh=5c961b8344e0
4. https://trustednetworth.com/sal-khan-net-worth/
5. https://peopleai.com/fame/identities/sal-khan
6. https://skoll.org/organization/khan-academy/#:~:text=10%2C000%20unique%20videos%2C%203%2C000%20unique,999%20million%20lessons%20delivered.
7. https://www.mmtimes.com/national-news/9263-online-academy-launches-myanmar-translation-videos.html

Htun Myint Htay

24 Jan, 02:02


လူတိုင်းအတွက် ကမ္ဘာ့အဆင့်မီ အခမဲ့တက္ကသိုလ်
******************************************

ဒီနှစ်ဆန်းပိုင်းမှာ ကမ္ဘာကျော် ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က သူ့ရဲ့ Musk Foundation ကနေ Khan Academy ကို အမေရိကန်ဒေါ်လာ ၅ သန်းလှူဒါန်းခဲ့ပါတယ်။ Khan Academy ကို တည်ထောင်သူ ဆယ်လ်ခန်းက သူ့ရဲ့ ယူကျူ့ဗီဒီယိုကနေ မတ်စ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ ဒီလိုမျိုး အီလွန်မတ်စ်က ဒေါ်လာငါးသန်းတောင် လှူရတဲ့ Khan Academy ဆိုတာ ဘာများပါလဲ။

Khan Academy ဆိုတာ ကမ္ဘာ့အဆင့်မီပညာရေးကို လူမရွေး၊ နေရာမရွေးအခမဲ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ အကျိုးအမြတ်မယူတဲ့ ပညာရေး အဖွဲ့အစည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေက Khan Academy က ဗီဒီယိုတွေကို အသုံးချပြီး လေ့လာနိုင်ပါတယ်။ ဗီဒီယိုတွေကို ဘာသာစကား ၃၆ မျိုးကျော်အထိ ဘာသာပြန်ထားပြီးပါပြီ။ Khan Academy က ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်က အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး ဗီဒီယိုတွေကို မြန်မာဘာသာနဲ့ စာတန်းထိုးနိုင်ဖို့ လုပ်ခဲ့ပါတယ်။ ဒီလိုမျိုး တင်ထားတဲ့ ဘာသာရပ်အစုံက သင်ခန်းစာ ဗီဒီယိုပေါင်း တစ်သောင်းကျော်၊ ဆောင်းပါး ၃၀၀၀၊ လေ့ကျင့်ခန်း ငါးသောင်းကျော်ကို ကျောင်းသားတွေက ကိုယ်ကြိုက်တဲ့အချိန်၊ ကိုယ်ကြိုက်တဲ့ နှုန်းနဲ့ လေ့လာလို့ ရပါတယ်။ website ဖြစ်တဲ့ https://www.khanacademy.org/ ၊ Youtube channel ဖြစ်တဲ့ https://www.youtube.com/user/khanacademy၊ Khan Academy mobile apps တို့ကနေ sign up လုပ်ပြီး လေ့လာနိုင်ပါတယ်။

ဒီလို လေ့လာတဲ့အခါ video တွေကြည့်ရုံတင်မက စိတ်ဝင်စားစရာကောင်းတဲ့ လေ့ကျင့်ခန်းတွေ၊ Quiz တွေ၊ အဖြေမှားသွားခဲ့ရင် အဖြေမှန်ရှင်းလင်းချက်တွေ၊ Level တဆင့်ပြီးတဆင့် မြှင့်ပြီးလေ့ကျင့်ရအောင် အမှတ်ပေးပုံတွေနဲ့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သင်ပေးတဲ့ အကြောင်းအရာတွေကလည်း စုံလင်လှပါတယ်။ သင်္ချာ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ၊ ဘာသာစကား၊ အရေးအဖတ်၊ ကွန်ပျူတာ၊ စီးပွားရေး၊ ဘဝတွက်တာ စွမ်းရည်စတဲ့ဘာသာရပ်အစုံအလင်ကို ကျောင်းနေအရွယ်အဆင့်ကနေ တက္ကသိုလ်အဆင့်အထိ လေ့လာနိုင်ပါတယ်။ ပညာလိုလားသူတွေအဖို့ ကမ္ဘာ့အဆင့်မီ အခမဲ့ ကျောင်းကြီးတစ်ခု၊ တက္ကသိုလ်တစ်ခုလိုပါပဲ။

လက်ရှိမှာ Khan Academy မှာ မှတ်ပုံတင်ထားတဲ့ သုံးစွဲသူပေါင်း သန်း ၁၂၀ ကျော်ရှိပြီး လစဉ် ကျောင်းသား သန်း ၃၀ လောက်က ဒီပလက်ဖောင်းကို အသုံးပြုနေတာပါ။ ခုလို ကိုဗစ်ကာလ ကျောင်းတွေ၊ ကျူရှင်တွေ၊ တက္ကသိုလ်တွေ ပိတ်ထားချိန်မှာ ပညာလိုလားတဲ့ မိဘတွေ၊ ကျောင်းသားတွေက Khan Academy ကို ပိုပြီး အားကိုးအားထား ပြုလာကြပါတယ်။

Khan Academy ကို တည်ထောင်သူကတော့ ဆယ်လ်မန်ခန်းပါ။ ဆယ်လ်ခန်း (Sal Khan) လို့လည်း ခေါ်ပါတယ်။ သူက ၂၀၀၈ ခုနှစ်မှာ Khan Academy ကို ထူထောင်ပါတယ်။ ဒီလိုထူထောင်ဖြစ်ရတဲ့ အကြောင်းကတော့ ဆယ်လ်ခန်းက သူ့ရဲ့ဝမ်းကွဲညီကို အင်တာနက်ကနေ သင်္ချာသင်ပေးတယ်။ သင်တော့ အဲဒီခေတ်က ရှိတဲ့အခြေအနေအတိုင်း Yahoo! Doodle Image ကို သုံးပြီး သင်ပေးပါတယ်။ အဲဒီမှာ အဆင်ပြေတော့ တခြားဝမ်းကွဲညီတွေပါ သင်ပေးရပါတယ်။ နောက်တော့ တောင်းဆိုကြတာ များတဲ့အတွက် သူက သူ့ရဲ့ ဗီဒီယိုတွေကို အများကြည့်လို့ရအောင် ဖန်တီးပြီး You Tube မှာ တင်လိုက်တယ်။ ဒီကနေ Khan Academy ဆိုပြီး ဖြစ်လာတာပါ။

ဒီလိုကနေ စခဲ့ပြီး ခုချိန်မှာ လေ့လာသူ သန်းရာချီ ရှိနေတဲ့ Khan Academy ရဲ့အောင်မြင်မှုဟာ ဆယ်လ်ခန်းရဲ့ သင်ကြားရေး ဗီဒီယိုတွေရဲ့ အရည်အသွေးကောင်းမွန်မှုကြောင့်ဆိုတာ အသေချာပါပဲ။ ဒီလို ကောင်းမွန်တဲ့ သင်ကြားရေး ဗီဒီယိုတွေကို ဖန်တီးနိုင်တာဟာ သူက ဆရာအလုပ်မှာ ဝါရင့်ပြီးသားတစ်ယောက်ဖြစ်လို့ ဆိုပြီးထင်ရင် မှားပါလိမ့်မယ်။

ဆယ်လ်ခန်းအကြောင်းကို ပြန်ကြည့်ရင် သူ့ကို ဘင်္ဂါလီမိဘတွေက အမေရိကန်ပြည်ထောင်စု၊ လူဝီဇီယန်းနား ပြည်နယ်မှာ မွေးခဲ့ပါတယ်။ သူက နာမည်ကျော် MIT (Massachusetts Institute of Technology) ကို တက်ခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာဘာသာသာနဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်တွေမှာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့ကို ရခဲ့ပါတယ်။ နောက်ထပ်ဘွဲ့အနေနဲ့လည်း သင်္ချာဘာသာမှာ သိပ္ပံဘွဲ့ ရခဲ့ပါသေးတယ်။ MIT က ဘွဲ့တွေရခဲ့တဲ့အပြင် Harvard Business School ကနေ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ဘွဲ့လည်း ရခဲ့ပါတယ်။ သူ့ရဲ့ဝမ်းကွဲညီ နာဒီယာကို စာသင်ပေးတဲ့အချိန်မှာ သူက ဆရာတစ်ယောက်မဟုတ်ပါဘူး။ Financial Analyst (ဘဏ္ဍာရေး စိစစ်သူ) တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုတွေ လူကြိုက်များလာတော့ ၂၀၀၉ ခုနှစ်နှောင်းပိုင်းမှာ သူ့အလုပ်ကနေ ထွက်လိုက်ရပြီး သူ့ရဲ့ Youtube channel နဲ့ Khan Academy ကို အချိန်ပြည့်အာရုံစိုက်ပါတော့တယ်။

သမ္မတရဲ့ စီးပွားရေးအကြံပေးကောင်စီရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်းပညာရေးမှာ သုံးစွဲတဲ့ပမာဏက အမေရိကန်ဒေါ်လာ ၃.၉ ထရီလီယံ ရှိပါတယ်။ အမေရိကကအများဆုံးပါပဲ။ တစ်နှစ်ကို ၁.၃ ထရီလီယံ သုံးစွဲပါတယ်။ ဒီလိုမျိုးသုံးစွဲကြပြီး ပညာရေးအတွက် ငွေပေးရတာ မနှမျောကြပေမဲ့ ဆယ်လ်ခန်းက သူ့ရဲ့သင်ခန်းစာတွေကို အခမဲ့ သင်ကြားပေးပါတယ်။ စတင်ပြီး နှစ်နှစ်အတွင်းမှာ သူ့ရဲ့ဗီဒီယိုတွေကို ကြည့်တဲ့အကြိမ်ပေါင်း သန်း ၂၀၀ ကျော်ခဲ့ပါတယ်။

Htun Myint Htay

18 Dec, 13:54


https://t.me/joinchat/H2xAIVg_HcBpD_8bcbDQ6w

Htun Myint Htay

03 Dec, 10:11


Heavy Duty Truck System
💙💙💙💙💙💙💙💙💙💙
ဒီစာအုပ်က 2019 မှာထုတ်ဝေခဲ့ပြီး နောက်ဆုံးပေါ်နည်းပညာတွေ ဖတ်ရမှာ ဖြစ်ပါတယ်။ စာမျက်နှာပေါင်း 1,377 ပါရှိပြီး Quality စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကားကြီးပိုင်းစာအုပ်တွေထဲမှာတော့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ပီဒီအပ်ဖ်စာအုပ်ရောင်းဝယ်ရေး Telegram Group မှာ ရောင်းနိုင်သောစာအုပ်တွေကို ထပ်မံတင်ပေးထားပါတယ်။

https://t.me/joinchat/H2xAIUUEz1Vyj_G0eKTh3w

Htun Myint Htay

24 Nov, 10:50


ီဂရုလေးက ဖွင့်တာဖွင့်တာ ဘာမှတင်စရာ မရှိသေးပါဘူး။ လိုအပ်သူများ Join ထားရင်တော့ အကျိုးရှိလာမှာပါ။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙
ကျွန်တော့ဘဝမှာလည်း လူတချိုရဲ့ နှုတ်၏စောင်မခြင်းကြောင့် အကျိုးအများကြီး ရခဲ့ပါတယ်။ တကယ်ကို တန်ဖိုးဖြတ်လိုမရလောက်အောင် အကူအညီရခဲ့ဖူးပါတယ်။ ကျွန်တော့အနေနဲ့လည်း လူအများကို ကူညီနိုင်သလောက် ကူညီပေးဖို စဥ်းစားထားပါတယ်။ ကျွန်တော်ကူညီလို အရမ်းအဆင်ပြေသွားတာတွေလည်း ရှိပါတယ်။ တကယ်တော့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ လူသားဆန်မှု လူပီသမှုအလုပ်လေးပါပဲ။
https://t.me/joinchat/H2xAIVeNV1ilejwWGs3hnQ

Htun Myint Htay

23 Nov, 22:09


ေးချင် သိချင်တာရှိရင် Cbထဲ မေးထားနိုင်ပါတယ်

စေတနာဖြင့် ❤️
U_Lwin_Zaw_Phyo

2,910

subscribers

172

photos

1

videos