Happy Variety Channel @happy_vshow_channel Channel on Telegram

Happy Variety Channel

@happy_vshow_channel


For kdrama lovers,for happiness

https://t.me/Happy_Main_Channel_1

Happy Variety Channel (English)

Are you a fan of Korean dramas and are always on the lookout for new and exciting content to bring happiness into your life? If so, then the Happy Variety Channel on Telegram is the perfect place for you! With the username @happy_vshow_channel, this channel is dedicated to providing a variety of entertaining and engaging kdrama content that will surely put a smile on your face. Whether you're a seasoned kdrama enthusiast or just starting to explore the world of Korean entertainment, the Happy Variety Channel has something for everyone. From exclusive behind-the-scenes footage to reviews of the latest dramas, you'll find a wealth of information and entertainment to keep you entertained for hours on end. But this channel is not just about watching kdramas - it's about experiencing happiness in every aspect of your life. The content curated on the Happy Variety Channel is carefully selected to bring joy and positivity to your day. With regular updates and a vibrant community of like-minded individuals, you'll feel like you're part of a larger family sharing in the happiness that kdramas bring. So who is the Happy Variety Channel for? It's for anyone who loves kdramas and wants to add a touch of happiness to their daily routine. What is the Happy Variety Channel? It's a haven for kdrama lovers looking to connect with others who share their passion for this unique form of entertainment. If you're ready to make your days a little brighter and your evenings a little more exciting, then join the Happy Variety Channel today and start your journey towards a happier, more fulfilling life. Simply click on the link provided in the description and immerse yourself in the world of kdramas and happiness. Your next favorite drama might be just a click away!

Happy Variety Channel

06 Jan, 14:53


Running Man E734 Decision To Leave

2025 ရဲ့ပထမဆုံးအဖွင့်အပိုင်းမှာတော့ လူတိုင်းမျှော်နေကြတဲ့ ဂန်ဟွန်းလေး ပြန်ပါလာပါပြီနော်

၂၀၂၄ ကို နှုတ်ဆက်တဲ့ အထူးအစီအစဥ်အဖြစ် အဖွဲ့ဝင်တွေဟာ မိမိတို့ မလိုချင်တော့တဲ့ ပစ္စည်းတွေကို ယူလာပြီး ဂိမ်းကစားကြရမှာဖြစ်ပါတယ်

ကိုယ်မလိုချင်တဲ့ပစ္စည်းကို သူများကိုရအောင်ပေးရမှာဖြစ်ပြီး သူများမလိုချင်တဲ့ပစ္စည်း ကိုယ့်ဆီရောက်လာရင်တော့ ပြစ်ဒဏ်ခံရမှာဖြစ်လို့ ဘယ်လိုရုန်းကန်ကြရင်း နှစ်ကုန်လက်ဆောင်ပေးသွားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်

🎬 https://t.me/running_man_happy/539

Happy Variety Channel

05 Jan, 14:45


Rented in Finland Ep5

အပိုင်းသစ်လေး ရပါပြီ

🎬 https://t.me/+I0YnV7FJZ1RmZmU1

Happy Variety Channel

04 Jan, 04:24


When the star goosip (2025)

Drama ဖန်စစ်စစ်ဆိုရင် ကျိန်းသေပေါက်ကို ကြည့်သင့်တဲ့ ကိုးရီးယားပထမဆုံး Space Office Drama

ကမ္ဘာမြေဆွဲအား Zero ဖြစ်နေတဲ့နေရာ Space Station မှာ အလုပ်လုပ်တဲ့ Space Scientist Eve နဲ့ လျှို့ဝှက်မစ်ရှင်ဆောင်ရွက်ဖို့ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည် Gong Ryong တို့ရဲ့ ကမ္ဘာအပြင်ဘက်က ဘဝဇာတ်လမ်း။

ဇာတ်လမ်းပုံစံလေးကတော့ Scientist Eve နဲ့အဖွဲ့ဝင်တွေဟာ ကမ္ဘာမြေမှာ ဖြစ်ပျက်နေတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အာကာသစခန်းကနေပြီးတော့ သီးထိုးယင်တို့ကြွက်တို့လို စမ်းသပ်ခံသက်ရှိတွေနဲ့ သုတေသနပြုလုပ်နေကြတာပါ။ Zero-gravity အရပ်ဖြစ်တဲ့ ကမ္ဘာမြေပတ်ဝန်းကျင်နဲ့ လုံးဝမတူတဲ့ အာကာသ သုတေသနစခန်းမှာတော့ အရာရာဟာ အသစ်အဆန်းဖြစ်ပြီီး အခက်တွေ့နေကြတဲ့အခြေအနေပါ။ သူတို့ရဲ့ အာကာသစခန်းက သုတေသနဟာ အောင်မြင်တဲ့ရလဒ်ထွက်လာနိုင်မလား။ ဒါ့အပြင် ကမ္ဘာမြေပူနွေးလာမှုကြောင့်  အာကာသမှာ ကောက်ပဲသီးနှံစိုက်ဖို့ ကြိုးစားပြီး လူတွေရဲ့ အစားအသောက်အခက်အခဲကို ဖြေရှင်းကြမဲ့ သူတို့ရဲ့အစီအစဥ်တွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုစောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

National Boyfriend ဖြစ်ခဲ့တဲ့ အချစ်ဦးလေး အီမင်ဟိုနဲ့ မမဂုံဟိုဂျင်းတို့ရဲ့ ကားသစ်လေးကို ဒီနေ့ကစ စကြည့်မယ်နော်

🎬 https://t.me/+LjVR_YL85C01YzZl

Happy Variety Channel

01 Jan, 06:26


Project 7 E12 (Final)

နောက်ဆုံးအပိုင်းလေး ရပါပီ

🎬 https://t.me/happy_survival_show_3/276

Happy Variety Channel

31 Dec, 14:29


One Win (2024)

ဒီတစ်ခါတော့ A Taxi Driver, Parasite နဲ့ Uncle Samsik ဇာတ်ကားတွေထဲက မင်းသားကြီး Song Kang-Ho၊ Uprising, Smugglers နဲ့ အသစ်ထွက်ရှိလာမယ့် Harbin ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Park Jeong-Min၊ The 8 Show ဇာတ်လမ်းတွဲထဲက မင်းသမီး Lee Joo Young၊ I, the Executioner နဲ့ Money Heist ဇာတ်ကားတွေထဲက မင်းသမီး Jang Yoon Ju စတဲ့ မင်းသမီးများစွာကို အားကစားသမားဇာတ်ကောင်ကနေ ကြည့်ရှုကြရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။


ဂင်အူဂျင် (Song Kang-Ho) ဟာ အထက်တန်းကျောင်းသားဘဝတုန်းက ဘော်လီဘော ကစာသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘော်လီဘော သင်တန်းတစ်ခု ဖွင့်ထားပြီး ကလေးတွေကို ဘော်လီဘောဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သင်ပေးနေတဲ့ နည်းပြတစ်ယောက်ပါ။ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး သင်တန်းဖွင့်ထားတဲ့ နည်းပြဆိုပေမယ့်လည်း ယခင် နည်းပြလုပ်ခဲ့သမျှ အဆင်မပြေ၊ အလုပ်ပြုတ်၊ အလုပ်ဖြုတ်၊ လုပ်သမျှ စီးပွားပျက်ရတဲ့အထဲ မိန်းမနဲ့ပါ ကွာရှင်းထားတဲ့ ကံခေသူကြီး တစ်ယောက်ပါ။ နည်းပြအဖြစ်နဲ့ အောင်ပွဲရာခိုင်နှုန်း ၁၀ မကျော်တဲ့ သူ့ဆီကို အမျိုးသမီး ပရို ဘော်လီဘောအသင်းတစ်သင်းရဲ့ နည်းပြဖြစ်ပေးဖို့ ကမ်းလှမ်းချက်တစ်ခု ရောက်လာခဲ့ပါတယ်။

Pink Storm ကတော့ ပွဲတိုင်းအရှုံးလို့ နာမည်ကြီးနေတဲ့ အဖွဲ့ဖြစ်ပြီး တော်တဲ့ကစားသမားတွေကလည်း အခြားအသင်းတွေဆီ ပြောင်းသွားတာကြောင့် အသင်းဖျက်သိမ်းတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။ ဒီမျှော်လင့်ချက်မဲ့နေတဲ့ Pink Storm အသင်းကို ဂန်ဂျောင်ဝန်း (Park Jeong-Min) ဆိုတဲ့ သူဌေးတစ်ယောက်က ဝယ်လိုက်ပြီးတော့ လောင်းကြေးကြီးကြီးတွေနဲ့ အတူ အသင်းကို အနိုင်ရအောင် လုပ်မယ်ဆိုပြီး နည်းပြဂင်အူဂျင်ကို ခန့်လိုက်ပါတော့တယ်။

ပွဲတိုင်းရှုံးနေတဲ့ Pink Storm နဲ့ နည်းပြဂင်အူဂျင်တို့ ဘယ်လိုစခန်းသွားကြမှာလဲ။ Pink Storm ကတော့ တစ်ပွဲတော့ အနိုင်ရနိုင်မှာလား ဆိုတာတွေကို စိတ်ဝင်တစားနဲ့ ဟာသလေးနှောပြီး ကြည့်ရမှာမို့လို့ အရမ်းကို ကြည့်လို့ကောင်းမှာပါ။ ဘော်လီဘောကြိုက်တဲ့သူတွေအတွက်ကတော့ သေချာပေါက် ကြည့်ရတာတန်မယ့် ဇာတ်ကားလေးပဲ ဖြစ်မှာပါ။

🎬 https://t.me/+hc5HNIHlw0RjMTRl

Happy Variety Channel

30 Dec, 14:59


Knowing Bros Ep463

အပိုင်းသစ်လေး ရပါပြီနော်

🎬 https://t.me/knowing_bros_by_happy

Happy Variety Channel

29 Dec, 22:07


Hangout with Yoo E262 The Year End Party

ဒီအပတ်မှာတော့ နှစ်တစ်နှစ်ရဲ့ အဆုံးကိုရောက်တိုင်း Hangout အဖွဲ့သားတွေ လုပ်နေကျဖြစ်တဲ့ လူစုပြီးတော့ အချင်းချင်း သိချင်တဲ့ မေးခွန်းလေးတွေ မေးမယ်၊ တစ်နှစ်တာအတွက် လူကြည့်အများဆုံး အပိုင်းတွေအကြောင်း ပြောကြမယ်နောက်ဆုံးမှာတော့ နောက်နှစ် 2025 ခုနှစ်အတွက် တစ်နှစ်တာ ကံကြမ္မာကို ဟောပေးမယ့် ဆရာမနဲ့ တွေ့ကြမှာပဲ ဖြစ်ပါတယ်။

ဘယ်ဧည့်သည်တွေ လာခဲ့တဲ့ ဘယ်အပိုင်းတွေက လူကြည့်အများဆုံး ဖြစ်မလဲ၊ နောက်နှစ်အတွက် ကံကြမ္မာတွေကရော ဘယ်လိုဖြစ်ကြမှာလဲဆိုတာကို အတူတူ စောင့်ကြည့်လိုက်ကြမယ်နော်

🎬 https://t.me/hangout_with_yoo_by_happy/216

Happy Variety Channel

29 Dec, 10:54


University War S2 E8 (Final)

ဘယ်တက္ကသိုလ်က ဖိုင်နယ်မှာ ပထမရသွားမလဲဆိုတာ ခုပဲကြည့်လိုက်တော့နော် 🤔

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

29 Dec, 07:11


ယနေ့ ဖြစ်ပွါးခဲ့တဲ့ လေယာဉ်မတော်တဆမှုကြောင့် Running Man အပိုင်းသစ် ၇၃၃ ကို ဒီတပတ် မထုတ်လွှင့်ဖြစ်ကြောင်း SBS မှ ကြေငြာထားပါတယ် 🥺

🖇️ https://t.me/running_man_happy

Happy Variety Channel

28 Dec, 14:55


Rented in Finland Ep4 🇫🇮

အပိုင်းသစ်လေး ရပါပြီနော်

🎬 https://t.me/+I0YnV7FJZ1RmZmU1

Happy Variety Channel

26 Dec, 15:15


Whenever Possible S2 E9

မျှော်နေတဲ့အပိုင်းသစ်လေး ရပါပြီ

🎬 https://t.me/happy_variety_show_1/130

Happy Variety Channel

25 Dec, 14:22


Hear Me: Our Summer (2024)

ဒီတစ်ခါမှာတော့ Happy ကနေ အေးအေးချမ်းချမ်း၊ ချိုချိုမြိန်မြိန် Romance လေးကိုမှ ဆွံ့အနားမကြားသူတွေရဲ့ ဘဝကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ယုံးဂျွန်း (Hong Kyung) ဟာ အသက် ၂၆ နှစ် အရွယ်ပေမယ့် သူ့ဘဝမှာ သူဘာလုပ်ချင်လဲဆိုတာကို အခုထိ မသိသေးသလို စဉ်းစားကြည့်ဖို့လည်း မရှိတဲ့ လူငယ်လေးတစ်ယောက်ပါ။ အလုပ်လျှောက်တာ အဆင်မပြေလို့ မိဘတွေပိုင်တဲ့ ထမင်းဆိုင်မှာ ပါဆယ်ပို့တဲ့အလုပ်ကို အချန်ပိုင်း ဝင်လုပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ ရေကူးကန်တစ်ခုမှာ ပါဆယ်သွားပို့ရင်းနဲ့ ‌ယောရွန်း (Roh Yoon-Seo) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ပါတယ်။ ယောရွန်းက ဆွံ့အနားမကြားသူမှန်း သိသွားတဲ့ ယုံးဂျွန်းဟာ သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြဘာသာစကားကို အသုံးချပြီး ယောရွန်းကို ချဉ်းကပ်ခဲ့ပါတော့တယ်။

တစ်ဖက်မှာလည်း ယောရွန်းမှာ ဂါအူးလ် (Kim Min-Ju) ဆိုတဲ့ ဆွံ့အနားမကြားတဲ့ ရေကူးကစားသမား ညီမလေးတစ်ယောက် ရှိနေပါသေးတယ်။ ညီမဖြစ်သူရဲ့ အိပ်မက်ဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ဖို့အတွက် ညီမဖြစ်သူကို စောင့်ရှောက်ရင်း အချိန်ပိုင်းအလုပ်တွေ လိုက်လုပ်ရင်းနဲ့ ယောရွန်းဟာ ထမင်းစားချိန်တောင် မရှိတဲ့အထိ အလုပ်များသူပါ။

ယုံးဂျွန်းရဲ့ အချစ်တွေက စစ်မှန်စွာနဲ့ ယောရွန်းကို ချဉ်းကပ်လာတဲ့အခါ ယောရွန်းက လက်ခံပေးပါ့မလား။ သူတို့နှစ်‌ယောက်က အဆင်ပြေသွားပါ့မလားဆိုတာကို စီးမြောကြည့်ရှုလိုက်ရအောင်ပါ။

သရုပ်ဆောင်တွေအနေနဲ့ Revenant, Weak Hero Class 1 ထဲက မင်းသား Hong Kyung၊ Our Blues, 20th Century Girl ထဲက မင်းသမီး Roh Yoon Seo နဲ့ IZ*ONE ရဲ့ Kim Minju တို့က အဓိကပါဝင်ထားပါတယ်။

🎬 https://t.me/+hc5HNIHlw0RjMTRl

Happy Variety Channel

23 Dec, 15:40


Knowing Bros Ep462

ဒီအပတ် Knowing Bros ကျောင်းတော်ကြီးကို ကျောင်းပြောင်းလာတဲ့သူတွေကတော့ ဒီနေ့ခေတ်လူငယ်တွေကြားမှာ Youtuber တွေ Entertainer တွေအဖြစ်နဲ့ အသိများပြီး အဆိုတော်အဖြစ် သိပ်မသိကြပေမဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့ကြတဲ့ အဆိုတော်သုံးယောက်ဖြစ်တဲ့ Typhoon အဖွဲ့၀င် ဆိုဘီ၊ BTOB အဖွဲ့၀င် အီချန်းဆော့ နဲ့ နာမည်ပြောင်များတဲ့ Ballad အဆိုရှင် Car the garden တို့ပဲဖြစ်ပါတယ်

ဒါ့အပြင် ပျားရည်စမ်းခရီးထွက်နေတဲ့ သတို့သားအသစ်လေး ဂယောင်းဟွန်းလည်း ပြန်ရောက်လာပါပြီမို့လို့ လူစုံတက်စုံနဲ့ ဘယ်လိုတွေရီနေရဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦး

🎬 https://t.me/knowing_bros_by_happy/15

Happy Variety Channel

23 Dec, 15:20


Hangout With Yoo E261 Hangout Fashion Showdown

ဒီအပတ်အပိုင်းမှာတော့ အဖွဲ့ဝင်အူဂျယ်ရဲ့ ဖက်ရှင်မော်ဒယ်တွေရဲ့ လက်စွမ်းတွေကို မြင်တွေ့ရမဲ့ အပိုင်းလေးပဲဖြစ်ပါတယ်။

First Generation မော်ဒယ်စီနီယာကြီး ဘယ်ဂျောင်နမ်နဲ့ ဂျူနီယာလေး အူဂျယ်နဲ့ ချောလ်အုံးတို့က HOWY အဖွဲ့ဝင်တွေကို ခေါင်းအစ ခြေအဆုံး စတိုင်ပြောင်းပြီး အကဲဖြတ်ခံကြရမှာပဲဖြစ်ပါတယ်။

ပိတ်ရက်မှာ HWY New Episode နဲ့ ပျော်ပျော်ကြီး ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်နော်…

🎬 https://t.me/hangout_with_yoo_by_happy/211

Happy Variety Channel

23 Dec, 14:02


Running Man E732 Cool Year-End Party,Part 2

တစ်ညအိပ်နှစ်ရက်ခရီး ထွက်လာကြတဲ့ RM အဖွဲ့ဝင်တွေက အေးခဲနေတဲ့ ဆောင်းတွင်းကြီးမှာ အပြင်မှာ ညမအိပ်ရရေးအတွက်
မစ်ရှင်တွေကို ကြိုးစားလုပ်ကြရပါတယ်

မစ်ရှင်တွေ လုပ်အပြီး အိပ်ချိန်မရောက်ခင်မှာ အဖွဲ့ဝင်တွေစုပြီး မုန့်တွေစားရင်း နွေးနွေးထွေးထွေးစကားလက်ဆုံ
ပြောကြတာလေးကိုလည်း ကြည့်ရှုရဦးမှာပါ

ဘယ်သူတွေက အပြင်မှာ ညအိပ်ရပြီး ဘယ်လိုနွေးထွေးတဲ့ ညအိပ်ခရီးလေးဖြစ်မလဲဆိုတာ Happy နဲ့အတူတူကြည့်ကြမယ်နော်

🎬 https://t.me/running_man_happy/533

Happy Variety Channel

23 Dec, 04:07


Project 7 E11

အပိုင်းသစ်လေး ရပါပြီ
ဖိုင်နယ်ရောက်ဖို့ တစ်ပိုင်းပဲလိုတော့တယ်...

🎬 https://t.me/happy_survival_show_3/271

Happy Variety Channel

22 Dec, 06:40


Rented in Finland Ep3

မျှော်နေတဲ့ အပိုင်းသစ်လေး တင်ပေးလိုက်ပြီနော်

🎬https://t.me/+I0YnV7FJZ1RmZmU1

Happy Variety Channel

21 Dec, 15:08


University War S2 E7

ဒီတစ်ပတ်အတွက် ခေါင်းစားရမယ့်ဟာလေး ကြည့်လို့ရပါပြီနော်

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

19 Dec, 03:54


Whenever Possible S2 E8

Davichi တို့နဲ့ တစ်ဆုံးရယ်ရမယ့် အပိုင်းသစ် ရပါပြီ

🎬 https://t.me/happy_variety_show_1/126

Happy Variety Channel

16 Dec, 13:04


Running Man E732 Cool Year End Party

ဒီတစ်ပတ်အပိုင်းကတော့ တစ်ညအိပ်နှစ်ရက်ခရီး ထွက်လာကြတဲ့ RM မန်ဘာတွေက ဒီခရီးစဥ်မှာ ကိုယ်တိုင်ချက်စားရမှာပါ

ပါဝင်ပစ္စည်းတွေကို ပေးထားပြီး တာဝန်ခွဲလုပ်ကြမှာပေါ့

ဝက်သားအမှုန့်ကပ်ကြော်လုပ်တဲ့သူတွေက လုပ်၊ ပီဇာလုပ်တဲ့အဖွဲ့က သက်သက်၊ ဆလပ်လုပ်တဲ့သူက တစ်ဖွဲ့နဲ့ ချက်ပြုတ်နေကြတာကို မြင်ရမှာပါ

စားပြီးတဲ့အခါမှာတော့ ခုလိုအေးခဲတဲ့ဆောင်းတွင်းမှာ အပြင်မှာ ဘယ်သူအိပ်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့ မစ်ရှင်တွေအကြိတ်အနယ်လုပ်ကြမှာ ဖြစ်လို့ ခုပဲတင်ပေးလိုက်ပြီနော်

🎬 https://t.me/running_man_happy/529

Happy Variety Channel

16 Dec, 02:47


Knowing bros (2024)

ဒါလေးက ဒီတစ်ပတ်လည်း မထွက်လို့နော် ထွက်တာနဲ့ အမြန်ဆုံးတင်ပေးပါ့မယ်ရှင့် 😉

ရှေ့အပိုင်းကြည့်ချင်ရင် ဒီလင့်ထဲ ဝင်ကြည့်လိုက်နော် ⬇️⬇️

🎬 https://t.me/knowing_bros_by_happy/12

Happy Variety Channel

15 Dec, 14:34


Project 7 E10

အပိုင်းသစ် ရပါပြီ

🎬 https://t.me/happy_survival_show_3/268

Happy Variety Channel

15 Dec, 07:19


Rented in Finland 🇫🇮 Ep2

အပိုင်း ၂ ရပါပြီ

🎬 https://t.me/+I0YnV7FJZ1RmZmU1

Happy Variety Channel

14 Dec, 16:57


University War S2 E6

အပိုင်း ၆ လည်း ရပြီနော်

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

14 Dec, 16:32


University War S2 E5

မျှော်နေရတဲ့ အပိုင်းသစ်လေး ရပါပြီနော်

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

13 Dec, 09:21


University War S2

ဒါလေးမထွက်သေးလို့နော် ရတာနဲ့ Happiness တို့အတွက် အမြန်ဆုံးတင်ပေးထားမယ်နော် 😗

Happy Variety Channel

11 Dec, 22:45


Whenever Possible S2 E7

မျှော်နေတဲ့ အပိုင်းသစ်ရပါပြီ

🎬 https://t.me/happy_variety_show_1/123

Happy Variety Channel

09 Dec, 14:54


Project 7 E9

ဖိုင်နယ်နီးလာလေ part ခွဲယူတာနဲ့ပတ်သက်ပြီး ပူပန်စိတ်များလာတဲ့ ကိုကို/မောင်လေးတွေကို ကြည့်ဖို့ အပိုင်း ၉ ရပါပြီ

🎬 https://t.me/happy_survival_show_3/265

Happy Variety Channel

09 Dec, 13:05


Running Man E731Invitation Doesn't Go As Planned

နှစ်ကုန်ရာသီရောက်ပြီဆိုတော့ အဖွဲ့ဝင်တွေဟာ နောက်အပိုင်းမှာတော့ မိသားစုဆန်ဆန်နဲ့ တစ်ညအိပ်နှစ်ရက်ခရီးသွားကြမှာပဲဖြစ်ပါတယ်။

ဒီအပတ်အပိုင်းမှာတော့ နောက်အပတ်ခရီးအတွက် ခရီးစဉ်ပလန် အစအဆုံးကို မစ်ရှင်တွေကစားရင်း သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

မကြာခင်ကျရောက်တော့မဲ့ ခရစ်စမတ် အငွေ့အသက် အပြည့်နဲ့ အရသာရှိတာတွေ လိုက်စားရင်း ဂိမ်းတွေလည်း ကစားကြရင်း နောက်အပတ်အတွက် ခရီးစဉ်က ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ကြရမှာပဲဖြစ်ပါတယ်။

🎬 https://t.me/running_man_happy/525

Happy Variety Channel

08 Dec, 23:35


Rented In Finland Ep1

ကိုယ်လူချော‌ ၄ယောက်ရဲ့ ဖင်လန်အရပ်သို့ ခရီးထွက်ခြင်း 😎
Lee Jaehoon, Lee Dong Hwi, Cha Eun Woo, Kwak Dong Yeon ပါဝင်ရိုက်ကူးထားတဲ့ ရှိုးအသစ်လေးပါ

သဘာဝတရားကြီးကို ခံစားရှုမြင်ဖို့ မင်းသား ၄ယောက်က ဥရောပမြောက်ပိုင်းက မြို့တစ်ဝက် တောတစ်ဝက်ရှိတဲ့ Finland နိုင်ငံဆီ သွားကြမှာပဲဖြစ်ပါတယ်

မျက်မှောက်ခေတ်အသုံးအဆောင်ပစ္စည်းတွေအစား သဘာဝက ရတဲ့အရာတွေနဲ့ ရှင်သန်နေထိုင်သွားကြမှာ ဖြစ်ပါတယ်၊ တစ်ခုခုချက်ဖို့ ကိုယ်တိုင်ထင်းခွဲပြီး မီးမွှေးရမှာဖြစ်သလို ရေသာက်ဖို့လည်း ကိုယ်တိုင်ရေခပ်ဆင်းရမှာဖြစ်ပါတယ်၊ ဝိုင်ဖိုင်နဲ့ ဖုန်းလိုင်းလည်း နေရာတိုင်းမမိသလို လျှပ်စစ်မီးမရှိပဲ ရုန်းကန်ရမှာပါ

ထင်ထားပေမယ့် ထင်ထားတာထက် ပိုတယ်လို့ ပြောကြတဲ့ ကိုယ်လူချောတို့ ၄ယောက် ဒီခရီးစဥ်တစ်လျှောက် ဆုံးခန်းတိုင်အောင် တောင့်ခံနိုင်ကြမလားဆိုတာ ခုပဲကြည့်လိုက်ကြတော့နော်

🎬 https://t.me/+I0YnV7FJZ1RmZmU1

Happy Variety Channel

03 Dec, 11:13


Hangout With Yoo E260 Aftersales Service Special

ဒီတစ်ပတ်အပိုင်းမှာတော့ ယူဂျယ်ဆော့ရယ် ဟားဟားရယ် အူဂျယ်ရယ်၊ Hangout with Yoo ရဲ့ လာနေကျဧည့်သည် KCM တို့ camping ထွက်ပြီး ငါးဖမ်းကြမှာပါ

ငါးဖမ်းနေကျ camping ထွက်နေကျ KCM ကို အားကိုးပြီး ဂျယ်ဆော့၊ ဟားဟားနဲ့ အူဂျယ်တို့အတူ ပျော်ပျော်ပါးပါး သွားခဲ့ကြပေမယ့် အစ်ကိုကြီးဆိုပြီး အာဏာရှယ်ပြတဲ့ ယူဂျယ်ဆော့နဲ့ ငါးဖမ်းကျွမ်းတယ်ဆိုပြီး တစ်ကောင်မှဖမ်းမမိတဲ့ KCM  က တစ်ဖွဲ့၊ သူတို့နှစ်ယောက်ကို မျက်စိဆံပင်မွေးစူးနေတဲ့ ဟားဟားနဲ့ အူဂျယ်တို့က တစ်ဖွဲ့ အဖွဲ့ကွဲသွားပြီး အချင်းချင်းကတောက်ကဆတ် တီကီတာကာနဲ့ ကလေးတွေလို အနိုင်ယူကြမယ့်ပုံကို ကြည့်လို့ရပါပြီနော်

🎬 https://t.me/hangout_with_yoo_by_happy/206

Happy Variety Channel

03 Dec, 01:48


Knowing Bros Ep461

ဒီတစ်ပတ်မှာတော့ Knowing Bros ကို ညီအငယ်ဆုံးလေး ပျားရည်ဆမ်း ခရီးထွက်နေတုန်း guest အဖွဲ့တစ်ဖွဲ့က ကျောင်းပြောင်းလာခဲ့ပါတယ်။ ဒါကတော့ တခြားအဖွဲ့မဟုတ် ကိုးရီးယားမှာ တအားရေပန်းစားနေတဲ့၊ debut လုပ်ထားတာ မကြာသေးတဲ့ JAESSBEE ပါ။

တခြား idol group နဲ့ မတူ တစ်ယောက်က youtuber, တစ်ယောက်က နာမည်ကြီးdancer, တစ်ယောက်ကတော့ သာမန်ပြည်သူ။ ဒီလိုထူးခြားတဲ့ idol group နဲ့အတူ စကားတွေလက်ဆုံပြောရင်း ဂိမ်းတွေဆော့ရင်း JAESSBEE အကြောင်းလည်း သိရရင်းနဲ့ ခွီနေဦးမယ့် episode မို့ ကြည့်ရှုခံစားလိုက်ကြပါဦးရှင်။

🎬 https://t.me/knowing_bros_by_happy/12

Happy Variety Channel

02 Dec, 15:50


Running Man E730 The Wise Odd & Even Choices

ဒီအပတ်အပိုင်းမှာတော့ RM အဖွဲ့သားတွေနဲ့အတူ Twice ဒါဟျွန်းနဲ့ Super Junior ဂယူဟျွန်းတို့က ဧည့်သည်အဖြစ် ပါဝင်သွားကြမှာပဲ ဖြစ်ပါတယ်။

ဒီနေ့ ဂိမ်းအမည်ကတော့ အမျှော်အမြင်ရှိတဲ့ စုံဂဏန်း၊ မဂဏန်း ရွေးချယ်ခြင်းပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အဖွဲ့သားတွေဟာ ပေးထားတဲ့နေရာ နှစ်နေရာထဲက တစ်နေရာကို ရွေးချယ်ပြီး ကိုယ်ရောက်ရှိတဲ့နေရာမှာ စုဝေးမိတဲ့အဖွဲ့သားအရေအတွက်က စုံဂဏန်းဖြစ်မလား မဂဏန်းဖြစ်မလားဆိုတာကို ကြိုပြီး ခန့်မှန်းထားရမှာပဲဖြစ်ပါတယ်။ ပွဲစဉ်တိုင်းမှာ စုံဂဏန်း၊ မဂဏန်းနဲ့ ဆိုင်တဲ့ခန့်မှန်းချက်တွေကို လုပ်ရမှာဖြစ်ပြီး ခန့်မှန်းချက်မှားတဲ့အခါမှာ ပြစ်ဒဏ်ဘောလုံးတစ်လုံးစီ ရရှိမှာပဲဖြစ်ပါတယ်။ တကယ်လို့ အဖွဲ့သားတွေအားလုံးက စုံဂဏန်း သို့မဟုတ် မဂဏန်း ရွေးချယ်မှု တူနေတဲ့အခါမှာဆိုလည်း အယောက်‌စေ့ ပြစ်ဒဏ်ဘောလုံး ထပ်ရရှိမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ မဲပုံးထဲကနေ ဘောလုံး ၅လုံးရွေးပြီး ရွေးချယ်ခံရတဲ့အဖွဲ့သားတွေက ပြစ်ဒဏ်ခံရမှာပဲဖြစ်ပါတယ်။

ကဲ ဒါဆို စုံဂဏန်းနဲ့ မဂဏန်း ပြိုင်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲဆိုတာ အတူလိုက်ခန့်မှန်းရအောင်နော်...

🎬 https://t.me/running_man_happy/520

Happy Variety Channel

01 Dec, 17:34


Project 7 E8

သင်တန်းသား ၃၅ယောက်ပဲ ရှင်ကျန်နိုင်မယ့်အထဲမှာ ကိုယ်အားပေးနေတဲ့ ကိုကို/မောင်လေး ပါလားဆိုတာကြည့်ဖို့ အပိုင်း ၈ ရပြီနော်

🎬 https://t.me/happy_survival_show_3/261

Happy Variety Channel

30 Nov, 13:19


University War S2 E4

ဒီတစ်ပတ်အတွက် ခေါင်းစားရမယ့်ဟာလေး အပိုင်းသစ်ရပြီနော်

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

29 Nov, 06:54


Whenever Possible S2 E6

အပျင်းပြေရယ်မောရမယ့် အပိုင်းသစ်လေး ရပါပြီ

🎬 https://t.me/happy_variety_show_1/119

Happy Variety Channel

28 Nov, 18:55


Knowing Bros Ep460 (2024)

Happy မှာလည်း Knowing Bros ကြည့်လို့ရပြီနော် 😉

ဒီတစ်ပတ်အပိုင်းလေးကတော့ Knowing Bros မန်ဘာဝင်တစ်ဦးဖြစ်တဲ့ အငယ်ဆုံးမန်ဘာ မင်ဂယောင်းဟွန်းရဲ့ မင်္ဂလာပွဲအခမ်းအနားကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်

နောက်ဆုံးတော့ ဟီချောကိုထားခဲ့ပြီး single လူပျိုကြီးဘဝကနေ ရုန်းထွက်သွားတဲ့ ဂယောင်းဟွန်းအတွက် မင်္ဂလာဂုဏ်ပြုသီချင်း သီဆိုပေးဖို့ အစ်ကိုကြီးတွေက သီချင်းရွေးဆုံးဖြတ်ပြီး လေ့ကျင့်ကြမှာဖြစ်ပြီး မင်္ဂလာအခမ်းအနားအစီအစဥ်တွေကိုလည်း အပြည့်အဝကြည့်ရှုနိုင်မှာဖြစ်လို့ ကြင်စဦးဇနီးမောင်နှံအတွက် ဝမ်းသာကြည်နူးတဲ့စိတ်နဲ့ ကြည့်လို့ရပါပြီနော်

🎬
https://t.me/knowing_bros_by_happy/5

Happy Variety Channel

28 Nov, 08:19


Stage Fighter (2024) E9 Final

မျှော်နေကြတဲ့ Stage Fighter အပိုင်း ၉ ရပါပြီ...

🎬 https://t.me/happy_survival_show_2/54

Happy Variety Channel

25 Nov, 12:59


Running Man E729 Intimate Overseas Trip

ဒီအပတ်မှာတော့ ဧည့်သည်တွေ မပါပဲနဲ့ Running Man အဖွဲ့ဝင်တွေချည်းပဲ ကမ္ဘာပတ်ကြမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

နိုင်ငံနဲ့ အချိန်နဲ့ကို ရွေးပြီးတော့ ဆိုးလ်မြို့ထဲမှာပဲ ရွေးချယ်ထားတဲ့ အနီးစပ်ဆုံးတူတဲ့နေရာကို သွားပြီးတော့ ဓာတ်ပုံရိုက်ရမှာဖြစ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို ပြည်သူတွေကို ပြတဲ့အခါ နိုင်ငံနဲ့ အချိန်နဲ့ကို ခန့်မှန်းနိုင်ရင် အနိုင်ရရှိမှာပဲ ဖြစ်ပါတယ်။

အချိန် ၆ နာရီအတွင်းမှာ နိုင်ငံ ၃ နိုင်ငံကို သွားရောက်ကြရမှာဖြစ်ပြီး အချိန်မီအောင်မြင်ပါ့မလား ဘယ်နိုင်ငံတွေကို သွားကြမလဲ ဘယ်လိုမျိုး နိုင်ငံခြားခရီးစဉ်အဖြစ် ဟန်ဆောင်ကြမလဲဆိုတာကို အတူတူ စောင့်ကြည့်လိုက်ကြမယ်နော်။

🎬 https://t.me/running_man_happy/516

Happy Variety Channel

25 Nov, 04:11


Hangout With Yoo E259 Waking Up And Preparing For Winter

ဒီတစ်ပတ်ဟာ ရှေ့တစ်ပတ်ရဲ့ အဆက်ဖြစ်ပြီး ‌ယူဂျယ်ဆော့၊ ဆော့ဟွန်းနဲ့ ဂျင်ဂျူတို့က လမ်းပေါ်က သစ်ရွက်ကြွေတွေကို ရှင်းလင်းရေးလုပ်မှာပါ

ဟားဟား၊ အူဂျယ်နဲ့ မီဂျူတို့က ကုန်တိုက်မှာ လာမယ့်ဆောင်းရာသီအတွက်  ပြင်ဆင်ထားတဲ့ ခရစ္စမတ် theme park ကို သန့်ရှင်းရေးလုပ်ရမှာဖြစ်ပြီး ကုန်တိုက်လူသွားလမ်းတွေကိုပါ ပြောင်နေအောင် လုပ်ကြမယ့် Hangout မန်ဘာတွေရဲ့ ကြိုးပမ်းမှုကို ဆက်လက်ကြည့်ရှုကြပါစို့

🎬 https://t.me/hangout_with_yoo_by_happy/202

Happy Variety Channel

24 Nov, 19:59


Project 7 E7

အဆင်လေးတွေငမ်းဖို့ အပိုင်း ၇ ရပြီနော်

🎬
https://t.me/happy_survival_show_3/258

Happy Variety Channel

24 Nov, 17:09


အပိုင်း ၂ ပိုင်းထဲနဲ့ When The Phone Rings Couple ဆိုပြီး နာမည်ကြီးနေတဲ့ အတွဲလေးရဲ့

Whenever Possible S2 E5 ကို လာတာလေး weekday ၅ ရက်မှာ အလွမ်းပြေကြည့်ထားလို့ရပြီနော် 🫶💯

🎬 https://t.me/happy_variety_show_1/116

Happy Variety Channel

23 Nov, 14:00


Universiry War S2 E3

🧠စားတာမျိုးမှ ကြည့်ချင်သူတွေအတွက် အပိုင်း ၃ ရပါပြီ 😎

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

23 Nov, 05:46


University War S2 E2

အပိုင်း ၂ ရပါပြီ

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

23 Nov, 04:08


University War Season 2 E1

Season 1 မှာတုန်းက တဝိုးဝိုး တဝါးဝါးနဲ့ ပါးစပ်တောင်မပိတ်နိုင်ဘဲ ကြည့်ခဲ့ရတဲ့ ဉာဏ်ကြီးရှင်လေးတွေရဲ့ရှိုးက Season 2 ထွက်လာပါပြီနော်။

University War ဆိုတဲ့ ရှိုးလေးကတော့ Seoul National University, KAIST, Pohang University of Science and Technology, Yonsei University, Korea University ‌ဆိုတဲ့ ထိပ်တန်းတက္ကသိုလ် ၅ ခုက ထိပ်တန်းကျောင်းသားတွေက သူတို့ရဲ့ထူးချွန်တဲ့ဉာဏ်ရည်တွေနဲ့ အတွက်အချက်စွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည် စတာတွေကို ယှဉ်ပြိုင်ကြတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။

Season 2 မှာတော့ ပိုအသေးစိတ်ကျတဲ့ဂိမ်းပုံစံတွေနဲ့ ပါဝင်သူတွေရဲ့ထူးချွန်တဲ့ဉာဏ်ရည်တွေကို မစ်ရှင်တွေပေးပြီး စစ်ဆေးသွားမယ့် စစ်မှန်တဲ့ဉာဏ်ရည်ပြိုင်ပွဲတစ်ခုဖြစ်လာမယ်လို့ ဆိုထားပါတယ်။

Season 1 မှာ အနိုင်ရရှိခဲ့တဲ့ SNU က Season 2 မှာလည်း အထူးချွန်ဆုံးအဖြစ် ဆက်လက်ထိန်းသိမ်းသွားနိုင်မှာလား ဒါမှမဟုတ် ဘယ်တက္ကသိုလ်က ကျော်တက်သွားမလဲဆိုတာ ဉာဏ်ကြီးရှင်လေးတွေကို အားပေးရင်း စောင့်ကြည့်လိုက်ရအောင်လားနော်။

🎬 https://t.me/+Un9m97NejrliOWFl

Happy Variety Channel

22 Nov, 13:03


Stage Fighter (2024) E8

မျှော်နေကြတဲ့ Stage Fighter အပိုင်း ၈ ရပါပြီ...

🎬 https://t.me/happy_survival_show_2/51

Happy Variety Channel

22 Nov, 02:54


Whenever Possible S2 E5

မျှော်နေကြတဲ့ Whenever Possible E5 ရပါပြီ

🎬 https://t.me/happy_variety_show_1/116

Happy Variety Channel

19 Nov, 13:29


Veteran 2 (2024)

Veteran 1 မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သလို ၂၀၂၄ မှာလည်း ကြည့်ရှုသူ ၇ သန်းကျော်နဲ့ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တဲ့ Veteran 2 ကို Happy က တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းလေးကတော့ အလုပ်ကြိုးစားတဲ့ စုံထောက်ကြီး ဆောဒိုချော (Hwang Jung Min) တို့ရဲ့ အကြမ်းဖက်မှုခင်းတပ်ဖွဲ့ကို ခေါင်းစားအောင်လုပ်မယ့် ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ သေဆုံးသွားတဲ့သူတွေကလည်း ပြစ်မှုကျူးလွန်ခဲ့ဖူးတဲ့ တရားခံတွေချည်း ဖြစ်နေလေတော့ အင်တာနက်ပေါ်မှာ ဒီလူသတ်သမားကို ထောက်ခံတဲ့သူတွေ အများအပြားပေါ်ပေါက်လာပါတော့တယ်။ တစ်ရက်မှာ ထောင်ထဲကနေ ပြန်လွတ်လာတဲ့ တရားခံတစ်ဦးရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်ကြီးက ဆောဒိုချောတို့ အဖွဲ့ဆီ ရောက်လာပါတော့တယ်။ တရားခံကို ကာကွယ်ပေးရင်း စွမ်းဆောင်ရည်ရှိတဲ့ ပြည်တွင်းရဲတပ်ဖွဲ့ဝင်လေး ဘတ်ဆွန်းဝူ (Jung Hae In) နဲ့ တွေ့ကြတဲ့အခါ ဆောဒိုချောက သူတို့အဖွဲ့နဲ့ အတူ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီလိုနဲ့ပဲ တစ်ရက်ကျတော့ ဆောဒိုချောတို့ကို ခေါင်းစားစေတဲ့ ကွင်းဆက်လူသတ်သမားက သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို ရိုက်ပြထားတဲ့ ဗီဒီယိုကို Streamer တွေဆီ ပို့လိုက်လို့ အဲဒီလူသတ်သမားကို ဆောဒိုချောတို့လည်း လိုက်ရှာရပါပြီ။ ဝါရင့်စုံထောက် ဆောဒိုချောတို့အဖွဲနဲ့ ရဲအရာရှိလေး ဘတ်ဆွန်းဝူတို့ အတူတူ ပူးပေါင်းပြီး တရားခံကို ရှာတွေ့ကြပါ့မလား၊ တရားခံကရော ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဒီလိုလူသတ်ရတာလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုခံစားကြရမှာပါ။

သရုပ်ဆောင်တွေအနေနဲ့ 12:12 The Day, The Point Men နဲ့ The Wailing ကားထဲမျာ နတ်ဆရာကြီးအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Hwang Jung Min နဲ့ လတ်လတ်လောလောမှာ ပဲ ဘေးအိမ်က အမေ့သူငယ်ချင်းရဲ့ သားလေးဖြစ်ခဲ့တဲ့ Love Next Door ထဲက Jung Hae In တို့က ဦးဆောင်ထားတာမို့လို့ နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကို တဝကြီး ကြည့်လို့ရပါပြီ။

🎬 https://t.me/+_idicZv4stMwMDc1

Happy Variety Channel

18 Nov, 09:53


Hangout With Yoo E258 Outing At The End of Autumn

ဒီအပတ်မှာတော့ နှစ်ဖွဲ့ခွဲပြီးတော့ ဆောင်းဦးရာသီရဲ့ နောက်ဆုံးအပတ်မှာ ဆိုးလ်မြို့ရဲ့ အလှတရားတွေကို ခံစားကြမှာပါ

ရွေးချယ်ထားတဲ့ နေရာတွေကို သွားပြီးတော့ အဲဒီနေရာတွေက စားသောက်ဆိုင်တွေမှာ စားကြသောက်ကြ၊ အထင်ကရနေရာတွေမှာ ဓာတ်ပုံရိုက်ပြီး အမှတ်တရတွေ ဖန်တီးကြနဲ့ ဆောင်းဦးရာသီ နောက်ဆုံးပတ်ကို ဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကို ကြည့်လိုက်ရအောင်နော်...

🎬 https://t.me/hangout_with_yoo_by_happy/198

Happy Variety Channel

18 Nov, 08:10


Running Man E728 Decision to Trust

ဒီတစ်ပတ်အပိုင်းမှာတော့ သိပ်မကြာသေးခင်က လာဖူးတဲ့ သရုပ်ဆောင်ဂျူဟျွန်းယောင်းက guest အဖြစ် ပြန်လည်ပါဝင်ထားပါတယ်

ဒီနေ့မှာ ယုံကြည်မှုကို အဓိကထားပြီး ဂိမ်းတွေကစားသွားကြမှာဖြစ်ပြီး RM မန်ဘာတွေအချင်းချင်း ဘယ်လောက်ယုံကြည်ကြလဲ အချင်းချင်း သစ္စာရှိကြလားဆိုတာကို စမ်းသပ်သွားမှာပါ
 
Running Man ထုံးစံအတိုင်း နောက်ကျောဓားထိုးကြဦးမလား၊ ဒီတစ်ခါတော့ တကယ်ပဲယုံကြည်မှုနဲ့ ကစားသွားကြမလားဆိုတာ ကြည့်လို့ရပါပြီနော်

🎬 https://t.me/running_man_happy/512

Happy Variety Channel

17 Nov, 13:50


Project 7 E6

Project 7 အပိုင်း ၆ ထိ ရပါပြီ...

🎬
https://t.me/happy_survival_show_3/255

Happy Variety Channel

15 Nov, 05:53


Stage Fighter (2024) E7

မျှော်နေကြတဲ့ Stage Fighter အပိုင်း ၇ ရပါပြီ...

🎬 https://t.me/happy_survival_show_2/48

Happy Variety Channel

14 Nov, 12:40


Whenever Possible S2 E4

မျှော်နေကြတဲ့ Whenever Possible E4 ရပါပြီ

🎬 https://t.me/happy_variety_show_1/113

Happy Variety Channel

12 Nov, 07:41


Hangout With Yoo E257 Flea Market

ဒီအပတ်မှာတော့ အဖွဲ့ဝင်တွေဟာ အစဥ်အလာမပြတ် တတိယအကြိမ်မြောက် အဟောင်းဈေးဖွင့်ကြဦးမှာပါ

ဒီတစ်ခါမှာလည်း နာမည်ကြီး အနုပညာရှင်တွေက လာပြီး ဈေးဝယ်ဈေးရောင်းလုပ်ကြဦးမှာပါ 

ဒီတစ်ခါမှာရော ဘယ်သူတွေက ဘယ်လိုပစ္စည်းတွေကို ရောင်းသွားဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ကြရမှာပဲဖြစ်ပါတယ်

🎬 https://t.me/hangout_with_yoo_by_happy/194

Happy Variety Channel

11 Nov, 14:06


Project 7 E5

Project 7 အပိုင်း ၅ ထိ ရပါပြီ...

🎬
https://t.me/happy_survival_show_3/249

Happy Variety Channel

11 Nov, 08:58


Running Man E727 Presumptuous Election for Class President

ဒီအပတ်မှာတော့ အဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ အထက်တန်းတုန်းက ယူနီဖောင်းတွေကို ပြန်ဝတ်လာရပြီး အထက်တန်းကျောင်းသားတွေ ပျော်ပွဲစားထွက်ကြတဲ့ concept နဲ့ ဂိမ်းကစားကြမှာဖြစ်ပါတယ်။

Guest တွေကတော့ မင်းသား Kim Dong Jun နဲ့ BABYMONSTER အဖွဲ့ဝင် RAMI နဲ့ RORA တို့က ပါဝင်ထားပါတယ်။

ဂိမ်းတစ်မျိုး Theme တစ်ခုဖြစ်ပြီး Theme အလိုက် မဲပေးပြီး အတန်းခေါင်းဆောင်ရွေးချယ်ရမှာဖြစ်ပြီး ဘယ်သူတွေက ဘယ်လိုထူးဆန်းတဲ့ခေါင်းစဥ်နဲ့ အတန်းခေါင်းဆောင်ဖြစ်ကြဦးမလဲဆိုတာကို ရယ်မောရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်

🎬 https://t.me/running_man_happy/504

Happy Variety Channel

10 Nov, 05:47


Road to Kingdom : Ace of Ace E8 (Final)

မျှော်နေကြတဲ့ Road to Kingdom အဆုံးထိ ရပါပြီ

🎬
https://t.me/happy_survival_show_1/87

Happy Variety Channel

08 Nov, 06:40


Whenever Possible S2 E3

မျှော်နေကြတဲ့ Whenever Possible E3 ရပါပြီ

🎬 https://t.me/happy_variety_show_1/110

Happy Variety Channel

06 Nov, 07:45


Gangnam B-side (2024)

Queen Woo မှာ ဘုရင်ကြီးကို ကြည့်မဝလိုက်တဲ့သူတွေအတွက် Ji Chang Wook Oppa ရဲ့ Aura ကို ထပ်မံမြင်တွေ့ရဦးမယ့် Gangnam B-Side

Gangnam ဆိုတာ တောင်ကိုရီးယားရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်သလို မူးယစ်ဆေး၊ အရက်၊ မှုခင်းတွေနဲ့လည်း ရောထွေးနေတဲ့ သုံးနိုင်စွဲနိုင် အထက်တန်းလွှာတွေရဲ့ ပတ်ဝန်းကျင်တစ်ခုလို့ပြောရမှာပါပဲ

သူငယ်ချင်းရဲ့သမီးဖြစ်သူကပါ သားကောင်ဖြစ်လာခဲ့ပြီး ဒီရှုပ်ထွေးတဲ့ Community ကို ဘယ်လိုစူးစမ်းအဖြေရှာသွားမလဲ

ဘယ်လိုမထင်မှတ်ထားတာတွေ ကြုံတွေ့ရမလဲ
မှုခင်းဒရာမာ တို့ရဲ့ ထုံးစံအတိုင်း ခန့်မှန်းရခက်တဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးကိုမှ သဘောကျသူတို့အကြိုက်ဖြစ်လာဦးမှာပါ

Bonus အနေနဲ့ကတော့ Ji Chang Wook X BiBi တို့ရဲ့ Chemistry ကို ထပ်မြင်တွေ့ရမှာမို့ လုံးဝလက်မလွှတ်သင့်တဲ့ Series ပါပဲနော်

🎬 https://t.me/+g1kGoQXaM4FiNTRl

Happy Variety Channel

04 Nov, 14:15


Brewing Love - အချစ်ချိုချို အရက်ခါးခါး

Business Proposal လိုမျိုး Rocom စစ်စစ်လေးကို စောင့်နေသူတွေရဲ့ အိုအေစစ်လေးဖြစ်လာဦးမယ့် ''Brewing Love'' 😍💯

ဒီညပဲ အတူတူကြည့်ကြစို့နော်...

🎬 https://t.me/+3q1Rf5nMrthiMzRl

Happy Variety Channel

04 Nov, 11:29


Running Man E726 Be Clever to Trust Race

ဒီနေ့ကတော့ မန်ဘာတွေအချင်းချင်း အရိပ်ချည်ကြည့်ပြီး နံပါတ်အနိမ့်အမြင့်တွေကို ရွေးချယ်ကာ ယှဉ်ပြိုင်ရမဲ့ပြိုင်ပွဲပါ။

အဖွဲ့သုံးဖွဲ့အနေနဲ့ ခွဲပြီး စုစုပေါင်းနံပါတ် အမြင့်ဆုံးအဖွဲ့က အနိုင်ရရှိမှာပါ။ ဒါပေမဲ့ အနိုင်ရရှိတဲ့အဖွဲ့ထဲမှ နံပါတ်အမြင့်ဆုံးကိုလည်း ထပ်ရွေးမှာမို့လို့ဘယ်သူက ဆုလက်ဆောင်ရရှိသွားပြီး ဘယ်သူကအပြစ်ဒဏ်ရရှိသွားမလဲဆိုတာ အခုပဲကြည့်ရှုလိုက်တော့နော်။

ဧည့်သည်တော်တွေအဖြစ် I*Zone အဖွဲ့ဝင်ဟောင်း Minju, Roh Yoonseo, Hong Kyung တို့မှ ပါဝင်ထားပါတယ်။

🎬 https://t.me/running_man_happy/504

Happy Variety Channel

04 Nov, 04:45


Hangout With Yoo E256 Kimchi Making Day With Msters

ဒီအပိုင်းမှာတော့ အစ်ကိုကြီးနှစ်ယောက်အတိုင်း ညီလေးညီမလေးတွေကလည်း ပါဆယ်လိုက်ပို့ကြမှာဖြစ်ပါတယ်။

ဆိုးလ်မှာဆိုပေမဲ့ ပစ္စည်းပို့ရခက်တဲ့ တောင်ပေါ်က ဘုရားကျောင်းကို တောင်ပေါ်ထိ အထမ်းစင်ထမ်း လမ်းလျှောက်တက်ပြီးပစ္စည်းပို့ကြရမှာပါ။

ပြီးရင်တော့ ဂင်ချီနယ်ပယ်က ဆရာမကြီးတွေရဲ့ ဂင်ချီသိပ်နည်း recipes တွေကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။

🎬 https://t.me/hangout_with_yoo_by_happy/189

Happy Variety Channel

03 Nov, 12:57


Project 7 E4

Project 7 အပိုင်း ၄ ထိ ရပါပြီ...

🎬
https://t.me/happy_survival_show_3/249

Happy Variety Channel

02 Nov, 10:49


Road to Kingdom : Ace of Ace E7

မျှော်နေကြတဲ့ Road to Kingdom အပိုင်း ၇ ရပါပြီ

🎬
https://t.me/happy_survival_show_1/84

Happy Variety Channel

26 Oct, 04:25


Whenever Possible S2 E1

April တုန်းက S1 ထွက်ခဲ့ပြီး ယူဂျယ်ဆော့နဲ့ ယူယွန်းဆော့တို့က MC အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့ ဒီရှိုးလေးက S2 ထွက်ပြီနော်

ဒီတစ်ခါလည်း ရှေ့ Season တုန်းကလို Guest တွေဆီ သွားလည်ပြီး Guest တွေကို လက်ဆောင်ကောင်းကောင်းတွေ ပေးနိုင်ဖို့ အခွင့်အရေး ၁၀ခါအတွင်း ကြိုးစားပမ်းစားဂိမ်းကစားပြသွားမှာဖြစ်ပါတယ်

အပိုင်းတိုင်းမှာလည်း အလန်းစား Cele Guest တွေလည်း လာဦးမှာမို့ အပျင်းပြေ ရယ်ရယ်မောမောကြည့်ရဖို့ တင်ပေးလိုက်ပြီနော်

🎬 https://t.me/happy_variety_show_1/103

Happy Variety Channel

24 Oct, 15:10


Stage Fighter (2024) E5

မျှော်နေကြတဲ့ Stage Fighter အပိုင်း ၅ ရပါပြီ...

🎬 https://t.me/happy_survival_show_2/42

Happy Variety Channel

22 Oct, 16:19


Project 7 E2

အသည်းအသက်လေးတွေ ဖြစ်လာမယ့် Project 7 အပိုင်း ၂ ထိ ရပါပြီ...

🎬
https://t.me/happy_survival_show_3/243

Happy Variety Channel

22 Oct, 13:24


Hangout With Yoo E254  Invigorating Autumn Dishes

ဒီတစ်ပတ်အပိုင်းမှာတော့ အဖွဲ့ဝင်တွေနဲ့ အစ်ကိုကြီး ဂွမ်ဂယူတို့က ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို လုပ်ကြမှာ ဖြစ်ပါတယ်။

ဆောင်းဦးရာသီ ဝင်လာတာနဲ့အညီ ဆောင်းရာသီမှာ ကျန်းမာအောင်လို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆေးစစ်ချက်တွေ ခံယူကြပြီးတော့ ကျန်းမာတဲ့ အစားအသောက်တွေ စားပြကြမယ့် ဒီအပတ်အပိုင်းလေးကို အခုပဲ Happy မှာ ကြည့်လိုက်ကြမယ်နော်။

🎬 https://t.me/hangout_with_yoo_by_happy/179

Happy Variety Channel

21 Oct, 11:43


Running Man E724 Hierarchical Clan

ဒီအပတ်မှာတော့ ဧည့်သည်နှစ်ယောက်ဖြစ်တဲ့ မင်းသမီး You Mi နဲ့ မင်းသား Do Hwan တို့နဲ့ အတူ အကြွေစေ့စုကြမှာပါ။

ထူးထူးခြားခြားအနေနဲ့ကတော့ ဒီအပတ်အစီအစဉ်မှာ ဘုရင်၊ အထက်တန်းလွှာနဲ့ အစေခံဆိုပြီး အဆင့်အတန်းခွဲခြားထားမှာ ဖြစ်ပါတယ်။

အဆင့်အတန်းခွဲခြားထားလို့ သည်းမခံနိုင်တဲ့သူတွေကတော့ သတ်မှတ်ထားတဲ့ အကြွေစေ့ကို ပေးပြီး အတွင်းမှာ စာထည့်ထားတဲ့ ဘူးသီးကြီးတွေကို ခွဲခွင့်ရမှာဖြစ်ပါတယ်။

ဘဝဆိုတာ ခန့်မှန်းမရဘူးဆိုတဲ့အတိုင်း ဘယ်သူတွေက ဘုရင်ဖြစ်လာပြီး ဘယ်သူတွေက အစေခံဖြစ်သွားမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ကြရမှာဖြစ်လို့ Happy မှာ စောင့်ကြည့်လိုက်ကြမယ်နော်။

🎬 https://t.me/running_man_happy/494

Happy Variety Channel

21 Oct, 06:23


Project 7 (2024)

Survival Show တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် JTBC ကနေ ထုတ်လုပ်လိုက်တဲ့ ပုံစံအသစ်အဆန်း show လာပါပြီ။

ပြိုင်ပွဲဝင်တွေ‌ဟာ အဆင့်ဆင့် ယှဉ်ပြိုင်ပြီး နောက်ဆုံးမှာ Debut ခွင့်ရတဲ့ ပုံစံ၊ ပြိုင်ပွဲ တစ်ဆင့်ချင်းဆီမှာ ဒိုင်လူကြီးတွေရဲ့ အမှတ်နဲ့အတူ ပရိသတ်တွေရဲ့ မဲအရေအတွက်နဲ့ အမှတ်ပေးတဲ့ ပုံစံ ဒီပုံစံတွေကို အားလုံးလည်း ရင်းနှီးပြီးသားပါ။

ဒါပေမယ့် Project 7 ကတော့ တမူထူးခြားပါတယ်။ ဘာလို့လဲဆို ဒီအစီအစဉ်မှာ ကိုယ် အားပေးတဲ့ ပြိုင်ပွဲဝင်ကို မဲပေးရုံတင်မကဘူး၊ ပြိုင်ပွဲဝင်ရဲ့ မစ်ရှင်တွေမှာ အတူယှဉ်ပြိုင်ကြမယ့် အဖွဲ့ဝင်တွေကိုပါ အွန်လိုင်းကနေ မဲပေးပြီး ရွေးချယ်ပေးရမှာပါ။

အရင်ကလို ဒိုင်တွေ ရွေးချယ်တာ၊ ပြိုင်ပွဲဝင်ကိုယ်တိုင် ရွေးချယ်ရတာမျိုး မဟုတ်ပဲ ဒီပြိုင်ပွဲဝင်ရဲ့ ခြေလှမ်းတိုင်းမှာ အားပေးသူ ပရိသတ်ကြီးကပါ အတူပါဝင်နေမှာပါ။ အရေးကြီးတဲ့ မစ်ရှင်တွေမှာ အတူယှဉ်ပြိုင်ရမယ့် အဖွဲ့ဝင်တွေကလည်း အရေးကြီးတာဆိုတော့ ဘယ်သူတွေက ရှေ့ဆက်ရပြီး ဘယ်သူတွေက ကျန်ရစ်ခဲ့ရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲ စောင့်ကြည့်ကြရမှာပါ။

MC အနေနဲ့ Lee Soo Hyuk က ပါဝင်ထားပြီး ဒါရိုက်တာတွေအနေနဲ့ Ryan S. Juhn, Lee Hae In, Ha Sung Woon နဲ့ Bada Lee တို့ ပါဝင်ကြမှာမို့လို့ ကြည့်ရကောင်းဦးမယ့် အစီအစဉ်ပါပဲ။ ကိုယ် နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို အားပေးရင်း Happy မှာ ကြည့်လိုက်ကြမယ်နော်။

🎬 https://t.me/happy_survival_show_3/240

Happy Variety Channel

19 Oct, 13:30


Road to Kingdom : Ace of Ace E5

မျှော်နေကြတဲ့ Road to Kingdom အပိုင်း ၅ ရပါပြီ

🎬
https://t.me/happy_survival_show_1/78

Happy Variety Channel

17 Oct, 15:44


Stage Fighter (2024)

အပိုင်း ၄ - E4

Mnet လို့ပြောလိုက်ရင် ပေါ်ပြူလာ Survival Show တွေမရေမတွက်နိုင်အောင် ထုတ်လုပ်တဲ့ရုပ်သံလိုင်းက ဒီတစ်ခါမှာလည်း Street Woman Fighter လိုမျိုး နောက်ထပ်ပေါက်ဖို့ရှိတဲ့ Dance Competition ပါ

ဒီရှိုးမှာဆိုရင်  Ballet, Contemporary Dance, နဲ့ Korean Traditional Dance Genre တတ်ကျွမ်းတဲ့ Male Dancer တွေ ပါဝင်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်

Dancer တစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့စတိုင်နဲ့ Modern, Popular အကစတိုင်တွေကို ပေါင်းစပ်ပြီး ရင်သပ်ရှုမောဖွယ် Performance တွေ ကြည့်နိုင်မယ့် ရှိုးသစ်လေးပါ

ကဲ အခုပဲ Mnet ရဲ့ Show အသစ်လေးကို ကြည့်ရှုခံစားလိုက်ရအောင်ဗျာ...

🎬 https://t.me/happy_survival_show_2/39

Happy Variety Channel

14 Oct, 17:53


Running Man E723 Tenacious Dieters to Keep Weight Off Race

ဒီအပတ်အပိုင်းလေးကတော့ ‌ဝိတ်တက်လွယ်တဲ့ ဆောင်းဦးရာသီအတွက် ပြင်ဆင်ထားတဲ့ ကျန်းမာမှုအတွက် ကိုယ်အလေးချိန်ကို ထိန်းထားရမယ့် ပြိုင်ပွဲလေးပါ။

အသားတင်အ‌လေးချိန်က 1kgအထက် တိုးတာနဲ့ နောက်အပတ်ရိုက်ကူးရေးအတွက် ၁နာရီစောလာရမှာဖြစ်ပါတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေက ဘယ်လိုအစားအသောက်တွေနဲ့ဆွဲဆောင်ပြီး RMအဖွဲ့သား‌တွေက နောက်အပတ်ရိုက်ကူးရေးကို ဘယ်အချိန်လာကြရမလဲဆိုတာ အခုပဲကြည့်လိုက်တော့နော်။ ဒီနေ့အပိုင်းကတော့ No Guestပါ။

🎬 https://t.me/running_man_happy/490

Happy Variety Channel

14 Oct, 13:19


Hangout With Yoo E253 Delivery Service

ဒီတစ်ပတ်အပိုင်းမှာတော့ မန်ဘာတွေက deli လိုက်ပို့တဲ့အလုပ်ကို လုပ်ကြမှာဖြစ်ပါတယ်

ယူဂျယ်ဆော့နဲ့ ဟားဟားက တောင်ပေါ်ဒေသနဲ့ မြို့စွန်နားတွေက အိမ်တွေဆီ ပါဆယ်ထုပ်လိုက်ပို့ပေးပြီး ကျန်တဲ့မန်ဘာတွေက စျေးထဲက အစားအသောက်မှာထားသူတွေဆီ လိုက်ပို့ပေးကြမယ့် အပိုင်းပါ

တစ်ထောင့်တစ်နေရာက ကူညီလိုတဲ့စိတ်နဲ့ စေတနာပါပါ ကူညီသွားကြမယ့် မန်ဘာတွေရဲ့ ပုံရိပ်ကိုကြည့်ချင်တယ်ဆိုရင်တော့ ခုပဲလင့်ထဲဝင်လိုက်‌တော့နော်

🎬 https://t.me/hangout_with_yoo_by_happy/171

Happy Variety Channel

13 Oct, 16:02


Fresh Off The Sea E13 (Final)

မျှော်နေကြတဲ့ Healing Vibe အပြည့်အဝ ရစေမယ့် Fresh off The Sea အပိုင်း ၁၃ ရပါပြီ...

🎬 https://t.me/happy_variety_show_1/93

Happy Variety Channel

12 Oct, 14:03


Road to Kingdom : Ace of Ace E4

မျှော်နေကြတဲ့ Road to Kingdom အပိုင်း ၄ ရပါပြီ

🎬
https://t.me/happy_survival_show_1/75

Happy Variety Channel

11 Oct, 06:46


Stage Fighter (2024)

အပိုင်း ၃ - E3

Mnet လို့ပြောလိုက်ရင် ပေါ်ပြူလာ Survival Show တွေမရေမတွက်နိုင်အောင် ထုတ်လုပ်တဲ့ရုပ်သံလိုင်းက ဒီတစ်ခါမှာလည်း Street Woman Fighter လိုမျိုး နောက်ထပ်ပေါက်ဖို့ရှိတဲ့ Dance Competition ပါ

ဒီရှိုးမှာဆိုရင်  Ballet, Contemporary Dance, နဲ့ Korean Traditional Dance Genre တတ်ကျွမ်းတဲ့ Male Dancer တွေ ပါဝင်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်

Dancer တစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့စတိုင်နဲ့ Modern, Popular အကစတိုင်တွေကို ပေါင်းစပ်ပြီး ရင်သပ်ရှုမောဖွယ် Performance တွေ ကြည့်နိုင်မယ့် ရှိုးသစ်လေးပါ

ကဲ အခုပဲ Mnet ရဲ့ Show အသစ်လေးကို ကြည့်ရှုခံစားလိုက်ရအောင်ဗျာ...

🎬 https://t.me/happy_survival_show_2/36

Happy Variety Channel

07 Oct, 14:01


Running Man E722 The Boss of the Alley

ဒီအပတ်မှာတော့ ဆိုးလ်မြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်တွေ တည်ရှိရာ လမ်းတွေကို သွားရောက်လည်ပတ်ကြမှာပါ။

လမ်းတစ်လမ်းကို သွားတဲ့အခါ အဲဒီလမ်းအတွက် ခေါင်းဆောင်က အခမဲ့အနေနဲ့ ကြိုက်တဲ့ အစားအစာကို ကြိုက်သလောက် အခမဲ့ စားနိုင်မှာဖြစ်ပြီးတော့ ကျန်တဲ့သူတွေကတော့ ကျသင့်တဲ့ငွေကို ကိုယ့်ရဲ့ မစ်ရှင်ငွေထဲကနေ အိတ်စိုက်ပြီး ရှင်းပေးရမှာဖြစ်ပါတယ်။

အဆုံးမှာ မစ်ရှင်ငွေ အနည်းဆုံး ၃ ယောက်ဟာ ပြစ်ဒဏ်ကျခံရမှာပါ။

ဘယ်သူတွေက ဘယ်လမ်းမှာ ခေါင်းဆောင်တွေ ဖြစ်ကြမှာလဲ။ ဘယ်စားသောက်ဆိုင်တွေမှာ ဘာတွေကို စားကြမှာလဲ။ နောက်ဆုံးမှာ ပြစ်ဒဏ်ခံရမယ့် ၃ ယောက်ကရော ဘယ်သူတွေလဲဆိုတာကို ကြည့်လိုက်ကြမယ်နော်။

🎬 https://t.me/running_man_happy/486