မိခင်ဖြစ်တော့မယ့် အမျိုးသမီးတိုင်းမှာ စိတ်လှုပ်ရှားမှုတွေနဲ့အတူ စိတ်ပူပန်မှုတွေလည်း ရှိနေတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အံ့ဖွယ် စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုဖြစ်သလို စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ
📍ကလေးလေးက ကျန်းမာစွာ ကြီးထွားနေပါ့မလား၊
📍မွေးဖွားပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်မလားဆိုတာကို အများဆုံး စိတ်ပူတတ်ကြပါတယ်။
📍ဒါ့အပြင် ရှောရှောရှူရှူမွေးနိုင်ပါ့မလားဆိုပြီး မွေးဖွားခြင်းအတွက်လည်း တွေးပူတတ်ကြပါသေးတယ်။
📍ကလေးလေးကို ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်ပါ့မလား၊
📍ကလေးနဲ့ အချိန်ပေးနိုင်ပါ့မလား၊
📍ကိုယ့်ဘဝအတွက်ကော အချိန်မရနိုင်တော့ဘူးလားဆိုတဲ့ အတွေးတွေလည်း ဝင်တတ်ပါသေးတယ်။
ဒါဟာ ကလေးလေးတွေ မီးမဖွားမှီ အချိန်အထိ မေမေတိုင်း ကြုံရတတ်တဲ့ စိတ်ပူပန်မှုလေးတွေ ဖြစ်ပါတယ်။
ဒီလို စိတ်ပူပန်မှုတွေကို လျော့ချနိုင်ဖို့ အတွက်ဆိုရင်
✅ မိသားစု၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ပွင့်လင်းစွာ ဆွေးနွေးဖို့ လိုပါတယ်။
✅ ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါတယ်။
✅ အခြားကိုယ်ဝန်ဆောင် မိခင်တွေနဲ့ တွေ့ဆုံပြီး အတွေ့အကြုံတွေကို မျှဝေတာကလည်း အထောက်အကူ တစ်ခု ဖြစ်နိုင်ပါတယ်။
✅ ကိုယ်ဝန်ဆောင်စဉ်မှာ လုံလောက်စွာ အနားယူဖို့လည်း လိုအပ်ပါတယ်နော်။
မိခင်ဖြစ်တော့မယ့် အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဖြစ်တာမို့ ပူပန်မှုတွေ ကြားထဲမှာ အရမ်းကြီး စိတ်အပင်ပန်းမခံဖို့ အရေးကြီးပါတယ် မေမေတို့ရေ။
မေမေတို့ကော ကိုယ်ဝန်ဆောင်စဥ် စိတ်ပူပန်မှုတွေ ဘယ်လို ကျော်လွှားသွားလဲဆိုတာ comment မှာ မျှဝေပေးပါဦးနော်။
“ခေတ်သစ်မိဘများအတွက် အဖြေရှာလို့ရတဲ့နေရာ Growth Session Myanmar
#GrowthSessionMyanmar #GSM #Modern_Parents #pregrancy