အိမ်​ထောင်သည်များရင်ဖွင့်ရာ @flunk22 Channel on Telegram

အိမ်​ထောင်သည်များရင်ဖွင့်ရာ

@flunk22


အိမ်​ထောင်သည်များရင်ဖွင့်ရာ (Burmese)

အိမ်​ထောင်သည်များရင်ဖွင့်ရာဆိုတာဆိုတာသည် အိမ်သည် ထောင်သည် များရင် ဖွင့်ရာ ဆိုပြီး အခန်းနှစ်လုံး အကြံညဏ်သူတို့အတွက် သည်ငလင်းဆောင်းအားဖြင့်အောင် ပြောင်းလဲပြီး လူ့အမိန်များနှင့် အချင်းခေါင်းမှုများကို ပြောင်းလဲပြသကားပြီး အဆင့်အတန်းတစ်ခုဖြစ်သည်။ ဤသည်ငလင်းများအတွက် အစုံတစ်ခေါက်အားဖြင့် အရေးယူပြီး သည်တို့အတွင်း ထိုင်းဒုတိယတို့ဖြင့် အဆင့်အတန်းသာ ဖွင့်အောင် အသုံးများအပ်ခဲ့သည်။

အိမ်​ထောင်သည်များရင်ဖွင့်ရာ

28 Nov, 22:08


အကြံ​ပေးကြပါ

အိမ်​ထောင်သည်များရင်ဖွင့်ရာ

28 Nov, 21:25


ဘယ်အ​ကြောင်းအရာမျိုးတင်​ပေး​စေချင်လဲ

အိမ်​ထောင်သည်များရင်ဖွင့်ရာ

26 Nov, 23:23


အမျိုးသမီးတွေ တကယ်ပြီးမြောက်ကြရဲ့လား?

“ပြီးတယ်” ဆိုတာ ဘာလဲဆိုတာကို သိပ်တော့ ရှင်းပြစရာလိုမယ်မထင်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေ အကြားမှာပေါ့။ လိင်မှုကိစ္စအဝဝရဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး တစ်ဒင်္ဂအခိုက်အတန့်လေးကို ပြီးတယ်လို့ သုံးနှုန်းတတ်ကြတာမျိုးပါ။

ပုရိသ အမျိုးသားတွေအတွက် “ပြီးမြောက်တယ်” ဆိုတာက လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရည်အာသာဖြေတာစတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြစ်နိုင်ခြေရှိပေမယ့် အမျိုးသမီးထုအတွက်ကျ အခြေအနေက မတူညီပါဘူး။ နောက်ပြီး ဒီအချက်ကို အမျိုးသားအများစုက သိနားလည်ထားကြခြင်းမရှိကြပါဘူး။

အမျိုးသမီးတွေရဲ့ ပြီးမြောက်မှုဟာ အမျိုးသားတွေထက် ပိုမိုရှုပ်ထွေးလှပြီး တစ်ချို့သောလေ့လာချက်တွေမှာပြောထားချက်တွေအရဆိုရင် တစ်ချို့သော အမျိုးသမီးတွေဟာ အသက်သေဆုံးသွားချိန်အထိ ပြီးမြောက်တဲ့ခံစားချက်ကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးတာမျိုးတောင် ရှိပါတယ်တဲ့။ အမျိုးသမီးတွေရဲ့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ချိန်ဟာ အခြေအနေ၊ အချိန်အခါကိုလိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပြန်ပါဘူး။

လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။

ပိုဆိုးတာက အပြာရုပ်ရှင်တွေထဲက မင်းသမီးတစ်ချို့ရဲ့ လွဲမှားစွာပုံဖော်နေမှုတွေကြောင့်လို့ ကနေဒါနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနတစ်ရပ်က ဆိုထားပါတယ်။ လေ့လာချက်တွေအရ အပြာရုပ်ရှင်တွေရဲ့ ၁၈.၃ ရာခိုင်နှုန်းမှာသာ အမျိုးသမီးတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်မှုကို မှန်ကန်စွာ သရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်။

အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် အရေးအပါဆုံးအချက်က လိင်အင်္ဂါအစေ့ (Clitoris) ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဖင်လန်နိုင်ငံအခြေစိုက် Population Research Institute ရဲ့ လေ့လာချက်တစ်ခုထဲမှာဖော်ပြထားတာကတော့ အသက် ၃၅ နှစ်အောက် အမျိုးသမီး အများစုဟာ သူတို့ရဲ့ ပထမဆုံး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို တစ်ကိုယ်ရည်အာသာ ဖြေခြင်းကနေတဆင့်သာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ပြီး ပြီးမြောက်နှုန်းဟာလည်း ၆% သာရှိပါတယ်တဲ့။ ဆိုလိုချင်တာက အမျိုးသမီးတွေ လိင်ခံစားချက် အထွတ်အထိပ်ရောက်ဖို့ကိစ္စဟာ အမျိုးသားတွေထက် ပိုခက်ခဲပြီး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုကနေတဆင့် အထွတ်အထိပ်ရောက်ဖို့ကလည်း မလွယ်ကူဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။

အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ဖို့အတွက် အဓိကလိုအပ်ချက်တွေက မအင်္ဂါစေ့နှိုးဆွခံရမှုရယ်၊ လိင်ဆန္ဒ ပြင်းပြနှုန်းရယ်၊ လိင်ပိုင်းဆိုင်ရာ ယုံကြည်ချက်ရယ်၊ အဖော်ဖြစ်သူနဲ့ ပွင့်လင်းစွာ ဆက်နွယ်နေမှုရယ်ဖြစ်တယ်လို့ သုတေသနပညာရှင် ပါမောက္ခ အော့စ်မို ကွန်တူလာက ပြောဖူးပါတယ်။

အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့အတွက်က ခက်ခဲလှရတဲ့ကြားထဲ သူတို့ကို ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ ဟန့်တားနေတဲ့အချက်တွေကလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

· ပင်ပန်းခြင်း၊
· ရှက်ရွံ့စိတ်ကြောင့် အတွေးများခြင်း၊
· စိတ်ဖိအား ခံစားနေရခြင်းနဲ့
· အာရုံစူးစိုက်နိုင်စွမ်း နည်းခြင်း တို့ဖြစ်ကြပါတယ်။

ခြုံပြောရရင် အမျိုးသမီးတွေနဲ့ လိင်ခံစားမှုအထွတ်အထိပ်ရောက်ဖို့ အမျိုးသားတွေထက် ပိုမိုခက်ခဲပါတယ်။ ဒါကြောင့်လည်း ဆက်ဆံဖော်ကျေနပ်စေဖို့ ဟန်ဆောင်ပြီးမြောက်မှုတွေ ပြုလုပ်ကြတာမျိုးတွေ ဖြစ်လာတာပါ။

လိင်ကိစ္စဆိုတာ ပျော်ရွှင်မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာပါ။ ၂ နှစ်ဦး ၂ ဘက်လုံး ကျေနပ်နှစ်သက်မှုအပြည့်နဲ့ ပြီးမြောက်နိုင်စေဖို့ဆိုရင် အပြန်အလှန်ပွင့်လင်းပြီး နားလည်မှုပြည့်ဝနေမှသာ ဖြစ်နိုင်မယ်ဆိုတဲ့အကြောင်း အကြံပြုလိုက်ပါရစေ။
Crd to original uploader

#Healtppy #LiveLongerBetter

အိမ်​ထောင်သည်များရင်ဖွင့်ရာ

19 Nov, 13:09


လူတော်တော်များများက ပေးဆပ်တတ်တဲ့သူဆိုရင် တန်ဖိုးရှိတယ်မမြင်ကြဘူး။
အပေါ်ယံဟန်လေးလုပ်ပြမှ တန်ဖိုးရှိသူလို့မြင်တတ်ကြတာ...

စိတ်ပူလို့ စကားအများကြီးပြောတတ်တဲ့သူဆိုရင် အလေးအနက်မထားချင်ကြဘူး။
ပလီပလာ စကားလေးတစ်ခွန်းကမှ လေးနက်တယ်ထင်ကြတာ...

ပြောမနာ ဆိုမနာ အပြောခံတတ်တဲ့သူဆိုရင် မလေးစားကြဘူး။
အလေးမစိုက်တဲ့ဟန်ကိုကျတော့ မမြင်ဘဲခေါင်းပဲ ညိတ်ပြနေတဲ့သူကမှ
လေးစားစရာကောင်းတယ်ထင်ကြတာ...

အစဉ်တစိုက် ကြိုးစားနေတဲ့သူကိုဆိုရင် အထင်မကြီးကြဘူး။
သူများနှာခေါင်းပေါက်နဲ့ အသက်ရှူပြီး အောင်မြင်နေကြတဲ့သူတွေကိုမှ
အထင်ကြီးပြီးလက်ခုပ်တီးပေးကြတာ...

မှန်ရာကို ခပ်ပြတ်ပြတ်ပြောတတ်တဲ့သူကိုဆိုရင် ပြတ်သားတတ်တယ်လို့ မထင်ကြဘူး။
စကားပေါ်မှာ ပျားရည်လေးလောင်းထားမှ ချီးကျူးစရာကောင်းတယ်လို့မြင်ကြတာ...

ရှိရှိ မရှိရှိ ရိုးရိုးသားသားနေတဲ့သူကိုဆိုရင် လူရာမသွင်းချင်ကြဘူး။
ဟိတ်ကြီး ဟန်ကြီး ထုတ်ကြွားနိုင်တဲ့သူကိုမှ လူရာဝင်တယ်ထင်ကြတာ...

မဟုတ်မခံပြန်ပြောတတ်တဲ့သူကိုဆိုရင် အမှန်တရားကိုမြတ်နိုးတတ်သူလို့မမြင်ကြဘူး။
မှားမှားမှန်မှန် ပြောသမျှ ငြိမ်ခံနေမှ လူလိမ္မာလို့သတ်မှတ်ကြတာ...

တကယ်လိုအပ်မှ ကူညီတတ်သူကို စာနာစိတ်လေးရှိတယ်လို့မမြင်ကြဘူး။
မလိုအပ်ဘဲ နှမ်းလိုက်ဖြူးနေတဲ့သူတွေကိုမှ ယဉ်ကျေးမှုရှိတယ်လို့ မြင်တတ်ကြတာ...

အပေါ်ယံကိုကြိုက်တဲ့လူတွေကြားထဲမှာ သူတို့စိတ် သူတို့သဘော မလိုက်လျောနိုင်သရွေ့
ကိုယ်တို့ဟာ ဗီလိန်တွေဖြစ်နေရဦးမယ်မဟုတ်လား.....။

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
#ဗဟုသုတ

အိမ်​ထောင်သည်များရင်ဖွင့်ရာ

17 Oct, 01:32


အိမ်ထောင်ရေးကံ ဆိုတာ တကယ်ရှိတယ်။

ရုပ်ရည်နဲ့လည်း မဆိုင်ဘူး။

စည်းစိမ်နဲ့လည်း မဆိုင်ဘူး။

ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်ဘူး။

ပြောတတ် ဆိုတတ် နေတတ် ထိုင်တတ်ခြင်းနဲ့လည်း
မဆိုင်ဘူး။

အိမ်ထောင်ဖက်ကို ဘယ်လို ကိုင်တွယ်တတ်ခြင်းနဲ့လည်း မဆိုင်ဘူး။
ဘာဆို ဘာနဲ့မှကို မဆိုင်ဘူး။

လူတစ်ယောက်ကို ဘယ်လိုမှ လိုက်ယှဉ်လို့
မရတဲ့ နေရာဟာ အိမ်ထောင်ရေးကံပဲ။

မယူခင်က လူကောင်းဖြစ်ပြီး
ယူပြီးခါမှ သုံးစားမရတော့တာဟာ
အိမ်ထောင်ရေးကံ။

မယူခင်က ဆိုးသလောက်
ယူလည်းပြီးရော လူကောင်းဖြစ်လာတာ
အိမ်ထောင်ရေးကံ။

လူတစ်ယောက် ပြောင်းလဲလာဖို့
ဘယ်နတ်ဘုရားမှ မစွမ်းဆောင်နိုင်ဘူး။

ဘယ်သူမှ ဝင်မပြုပြင်နိုင်ဘူး။
ကာယကံရှင်ကိုယ်တိုင် ပြုပြင်ချင်စိတ် မရှိသ၍၊
အားထုတ်ခြင်း မရှိသ၍
ဘာနဲ့မှ လုပ်ယူလို့ မရတာ အိမ်ထောင်ရေး ကံပါပဲ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့
နာကျင်ရတဲ့အခါ ငါဘာမှားလို့လဲ
တွေးစရာမလိုတာ အိမ်ထောင်ရေးကံပါပဲ။

ဝမ်းနည်းရတာတွေအတွက် ကိုယ့်ကိုယ်ကို
အပြစ်တင်နေဖို့ မလိုတာ အိမ်ထောင်ရေးကံပါပဲ။

အိမ်ထောင်ရေးကံ မကောင်းသူ တစ်ယောက်ကိုလည်း
နင်က ဘာဖြစ်တာကိုး ညာဖြစ်တာကိုးတွေ
လုံးဝ မပြောသင့်ဘူးပေါ့။

သူကြိုးစားခဲ့ရတာ သူအသိဆုံး၊
သူနာကျင်ရတာလည်း သူသာ အသိဆုံးပါ။
လူသားစင်စစ် ကာယကံရှင် မပြောနဲ့
ဘယ်တန်ခိုးရှင်မှ ဝင်ပြင်လို့ မရတာ
အိမ်ထောင်ရေးကံပါပဲ။

မျက်ရည်ကျတဲ့အခါ သုတ်ပေးပြီး
တုန်ရီနေတဲ့အခါ ထွေးပွေ့လို့
အထီးကျန်နေတဲ့အခါ
အတူရှိနေပေးရုံကလွဲရင်
ဘယ်အရာနဲ့မှ ထပ်မနာကျင်စေသင့်သူတွေပါ။
Credit :
#Crdဘဝရဲ့ခရီးသည်😊

အိမ်​ထောင်သည်များရင်ဖွင့်ရာ

15 Oct, 18:39


👉 အာဂယောက်ျားကြီးများ ပညာယူနိုင်ကြဖို့ပါ

မနက်က အိမ်ထောင်ရေး ဟာသတခုဖတ်ရ

သမီးရည်းစားချင်း ကောင်မလေးက မေးနေတာ …

မောင် .. ကျမတို့ အိမ်ထောင်ကျပြီးလို့ ရန်ဖြစ်ရင် လက်ပါ မှာလား ..

ပါသင့် ပါရမှာပေါ့

ဘာ….

အော် …ချစ်ကလည်း .. ပါးစပ် နဲ့ ရှင်းပြလို့ မရရင် လက်အုပ်ချီ ပြော ရမှာပေါ့ တဲ့ ..

ကိုယ်က ဒီဆရာ အထာလောက်တော့ ပြုံးမိနေရသေး

ဒို့က မိန်းမ နဲ့ ရန်ဖြစ်ရင် ပါးစပ် မက လက် / ခြေ / မျက်စိ အကုန် ပါ ရ တာ

သူ့လို မျိုး လက်အုပ်ချီပြောမှာတေ ဘာတေ ဇာတ်နာအောင် ဒရာမာ မခင်းဘူး

စကားများရင် လက်ဦးမှာ နိုင်အောင် ပြောကြည့်တယ် …မရဘူး နော်..

လက်လှုပ်တော့ ..လက်က လုပ်စရာ ရှာကြံလုပ်တော့

ဥပမာ - ဘုရား သောက်တော်ရေ ကမန်းကတန်းထလဲ .. ပန်းအိုးဆေး .. မီးဖိုချောင်ထဲ တန်းလန်းရှိတာတွေ အကုန်ထဆေး .. အဝတ်တွေရုပ် ၊ ခေါက်

ထိုင်ရာမထ စကားများတာ နဲ့ စာရင် တခုခုလုပ်နေမှ ကိုယ်က upper hand ရောက်တာရယ် ( negotiated compromise ချင်ရင် true action အရင်ပြ )

တခုခု ကို ဇယ်ဆက်သလို လုပ်ရင်းနဲ့ကကို စကားများတာက ပိုပြီး tense ဖြစ်လာပြီ ၊ သူ့ မျက်နှာက နီနေပြီ .. အသံ မထွက်လာဘဲ နှုတ်ခမ်းချည်း ပဲ အပေါ်-အောက် လှုပ်နေပြီ ဆိုရင်တော့ မျက်စိက ပြေးပေါက် ကို ရှာကြည့်ထား ၊ ခြေထောက်က ရယ်ဒီ နော် …

ဘာလဲ မိန်းမ က အကြမ်းဖက်တော့မှာမို့ ထွက်ပြေးရသလား လို့ အထင်မလွဲနဲ့ …

ငါ တ ခု ခု လုပ် မိ တော့ မယ် နော …လို့ ကြိမ်းပြီ ဆိုပါတော့ ၊ ကိုယ့် ဘာမှ မလုပ်ဘူး သူ့သူ လုပ်မယ် ပြောတာ၊ အဲ့သာ လုပ်တဲ့ အဆင့် မရောက်စေရဘူး

သူ့ မျက်စိအောက်က ပြေးရမှာ ..

ပြေးတာလည်း ပညာ ပါရသယ်နော်

မိန်းမများ သူရို့နဲ့ စကားများနေရင်း ဖြတ်ချထွက်သွားရင် အင်နန် အခံရခက်ကြသာ

အဲ့တော့ ပြေးပေါက်ရှာတယ် ဆိုတာ escape route ကို ယုတ္တိကျကျ ထွက်ရတယ် ..

ဥပမာ .. တသက်လုံး က မပစ်ဘဲ ထားလို့ ရှုပ်ပွနေတဲ့ ကတ်ထူစက္ကူလို အမှိုက်အိတ်လို ဟာမျိုး ကောက်ကာ ငင်ခါ ပစ်ချင်လာတဲ့ စတိုင်နဲ့ ပေါ့

ပြီးရင် စကားများနေတဲ့ ပါးစပ်ကို တန်းပိတ်ပြီး အသံ မတိတ်လိုက်နဲ့
ခြေ တလှမ်းချင်း ဝေးအောင် သွက်သွက် လျှောက်ရင်း ကိုယ့် အသံ ကို ဖြည်းဖြည်း ချင်း တိုးလိုက် ..အာ့ဆို ရန်ဖြစ်ခြင်း အမှုဟာ ပါးစပ် ခြေ လက် မျက်စိ အားလုံး ပကတိ ငြိမ်းချမ်းခြင်း ဆီ ပြန်လည် ဆင်းသက်လာပါရော့ …..

ပျူးဝါးလိ ပါဆင်နယ် မို့ ကိုယ်တွေ့ ရှယ်ရခြင်းသာ ဖြစ်ပါတယ်

စီနီယာများ ခေါင်းပေါ်ကျော်ပြီး ဆရာမလုပ်ဝံ့ပါကြောင်း

👉 စကားများရာ လက်မပါ သင်သာမှားတော့မည်
ခြေ လက် မျက် စိ ၊ အမြန်ကြည့် ၊ ပီဘိ ငြိမ်းအေးမည် ။ 😁😁

Crd... to original uploader.

အိမ်​ထောင်သည်များရင်ဖွင့်ရာ

14 Oct, 18:30


" သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပါ "
-------------------------------------

မှန်မှန်ကန်ကန်ပဲ သုံးသပ်ကြည့်ရအောင်
လူတစ်ယောက်ဟာ အချိန်တိုင်းမှာပျော်နေပြီး
အမြဲတမ်း အဆင်ပြေနေဖို့ဆိုတာ မလွယ်ပါဘူး။

တစ်နေရာမဟုတ် တစ်နေရာ
တစ်ချိန်မဟုတ် တစ်ချိန်မှာတော့
မပြေလည်မှုတွေ အခက်အခဲဒုက္ခတွေဟာ
ကိုယ့်ဘဝနဲ့ ကိုယ်
ကိုယ့်အထွာနဲ့ကိုယ်တော့ ရှိကြတာပါပဲ။

လောကမှာ ကျွန်တော်တို့
အစားဝင်ကြည့်ပေးလို့မရတဲ့ ဘဝတွေ
မျှပြီးခံစားပေးလို့မရတဲ့ ခါးသီးမှုတွေရှိပါတယ်။

သူ့ အလုပ်မှာ
ဘယ်လိုအဆင်မပြေဖြစ်နေတာလဲဆိုတာမသိရင်
သူ ဘယ်လောက် စိတ်ရှုပ်နေလိမ့်မလဲဆိုတာ
ကိုယ် မ သိ နိုင် ဘူး။

ဒီလိုဘဲ ကိုယ်လျှောက်တဲ့လမ်းကို
သူမလျှောက်ဖူးရင်လဲ ကိုယ်ကြုံခဲ့ရတဲ့ဒုက္ခကို
သူ မ သိ နိုင် ဘူး။

ကိုယ်ချင်းစာတရားဆိုတာ
စကားကြီးစကားကျယ်တွေ ပြောရတာမဟုတ်ဘူး။
ကိုယ်အကြင်နာတရားရှိမှန်း
လူသိအောင် ချပြရတာမျိုးလဲ မဟုတ်ဘူး။

အမှန်က ကိုယ်ချင်းစာတရားဆိုတာ
ဘဝမှာဆင်းရဲဒုက္ခတွေကို ကိုယ်တိုင်းကြုံခဲ့ဖူးပြီး
သူတစ်ပါး အဆင်မပြေ ပြိုလဲ ကျရှုံးသွားတဲ့
အခါမှာ ငါလဲ ဒီလိုခံစားဖူးတာပဲလေဆိုတဲ့စိတ်နဲ့
သူနေ့ရာကို ဝင်ကြည့်ပေးပြီး
သနား ကရုဏာ မေတ္တာထား စာနာပြီးတော့
ဘယ်သူ့ကိုမှ ဒုက္ခမပေးတက်တဲ့ စိတ်ထားမျိုးပါ။

လူအများစုကတော့
ငါပြောရင်အမှန် ငါလုပ်တာမမှားဘူး။
ငါခိုင်းသလိုလုပ် ငါထားသလိုနေဆိုတဲ့
ငါ့ဆန္ဒ ငါ့အတ္တတွေကိုပဲ
ရှေ့တန်းတင်ထားကြတာ များပါတယ်တယ်။

မိသားစုထဲမှာပဲဖြစ်ဖြစ်
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ်
ချစ်သူ ရည်းစားတွေမှာပဲဖြစ်ဖြစ်ပေါ့။

အတ္တတွေကြီးနေမယ်
အခြေအနေကို သေချာမသုံးသပ်ဘဲနဲ့
ထင်ရာမြင်ရာတွေနဲ့ ဒေါသတွေထွက်နေမယ်
နားလည်မှုတွေလွဲပြီး သံသယတွေများနေမယ်
ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တဲ့ပုံစံနဲ့
ကိုယ့်ဆန္ဒတွေကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင်

အဲ့ဒီ အသိုင်းအဝိုင်းဟာ
စိတ်ဒုက္ခ ပူလောင်မှုတွေ ပြဿနာတွေနဲ့ပဲ
အမြဲကြုံတွေ့နေရပြီးတော့
ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။

ဘယ်နေရာမှာပဲဖြစ်ဖြစ်
ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်ပေါ့
သူ့ဘက် ကိုယ့်ဘက် မျှကြည့်တက်ဖို့လိုပါတယ်။

တစ်ခုတော့ သတိထားပါ
သူ့ဘက်ကိုပဲ အမြဲကြည့်ပေးပြီး
ကိုယ့်ဘဝ ကိုယ့်မိသားစုကို အထိခိုက်ခံဖို့
မလိုသလို ကိုယ့်အတွက်ပဲ ကြည့်ပြီးတော့လဲ
သူ့ဘဝကို မထိခိုက်စေနဲ့။

နားလည်မှုတွေ မရှိတော့တဲ့အခါ
အချစ်ဟာ အဝေးဆုံးကို ပြေးထွက်သွားမှာပါ။

ချစ်ခြင်းမေတ္တာဆိုတာ
အတ္တတွေရှိတဲ့ကမ္ဘာမှာ ကြာကြာမပျော်ပါဘူး။

ကိုယ်ချင်းစားတရားဆိုတာ
လူပီသကြောင်း သက်သေပြနေတာဖြစ်ပြီးတော့

သူ့ဘက်ကိုယ့်ဘက် မျှကြည့်ပေးတတ်ခြင်းက
ကြီးမြတ်တဲ့ လူသားတစ်ယောက်ဖြစ်ကြောင်း
ကိုယ့်လုပ်ရပ်က သက်သေပြသွားတာပါပဲ။

ကိုယ်မကောင်းရင် သူလဲ
ကိုယ့်နားမှာ ကြာကြာနေမှာ မဟုတ်သလို

သူမကောင်းဘူးဆိုရင်လဲ
သူ့နားမှာ ကိုယ်ကြာကြနေနိုင်မှာ မဟုတ်ဘူး။

ဘဝက ခက်ခဲပါတယ်
အတူတူ လက်တွဲသွားနိုင်ရင်တော့
ပို ကောင်း တာ ပေါ့

တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်
သူ့ဘက်ကိုယ့်ဘက် မျှကြည့်ပေးနိုင်တယ်ဆိုရင်
ဘဝမှာ ချစ်ရတဲ့သူတွေနဲ့
မသေမချင်း ခွဲမသွားရလောက်ပါဘူး

ဘာပဲ ဖြစ်ဖြစ်ပေါ့
အတက်နိုင်ဆုံး ကိုယ်က မေတ္တာတွေပေးမယ်
လောကကြီးအတွက်
ကောင်းတာတွေပဲ ထားခဲ့မယ်။

ပြီးတော့ ကိုယ်အောင်မြင်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့ဘူးဆိုရင်

ကိုယ် ပျော်ရွှင်ရဖို့အတွက်
ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူးဆိုရင်

ကိုယ် အကောင်းထင်ခံရဖို့အတွက်
ဘယ်သူ့ကိုမှ မကောင်း မပြောခဲ့ဘူးဆိုရင်

ကိုယ်အဆင်ပြေဖို့အတွက်
ဘယ်သူ့ကိုမှ တွန်းမချခဲ့ဘူးဆိုရင်

ကိုယ်စားတဲ့ ထမင်းလုပ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါခဲ့ဘူးဆိုရင်

ကိုယ်ဟာ လိပ်ပြာသန့်သန့်လေးနဲ့မို့
ဘဝဟာ ပျော်စရာကောင်းလာမှာပါ။

အား လုံး ဟာ
ကိုယ့်ပေါ်ကောင်းနေနိုင်မှာ မဟုတ်သလို
လူတိုင်းကလဲ
ကိုယ်လိုစိတ်မျိုးတော့ ထားနိုင်မှာ မဟုတ်ပါဘူး

သူကောင်းတာ မကောင်းတာ သူ့အကြောင်း
သူမကောင်းလဲ ခွင့်လွှတ်ထားလိုက်

ကိုယ်ကောင်းတာ မကောင်းတာကမှ
ကိုယ့်အကြောင်းမို့
ကိုယ့်ကိုကိုယ်ပဲ ကောင်းအောင်နေပါ။

အဆင်မပြေမှုတွေ ကိုယ်စီ
ဒုက္ခတွေနဲ့ လူဖြစ်နေရတာချင်းအတူတူ
သူသာတယ် ကိုယ်နာတယ်
ဆိုးတယ် ကောင်းတယ် မမှတ်ပဲနဲ့
သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပေးတတ်ပြီး
ကိုယ်ချင်းစာစိတ်လေး ထားနိုင်မယ်ဆိုရင်တော့
အ ကောင်း ဆုံး ပဲ ပေါ့ ။

#credit
#heinwaimoe

အိမ်​ထောင်သည်များရင်ဖွင့်ရာ

14 Oct, 08:35


ပြောချင်ပေမယ့်
မရှင်းပြဖြစ်တော့တဲ့ စကားလုံးတွေရှိတယ်

ဖြစ်ချင်ပေမယ့်
မေ့ထားလိုက်ရတဲ့ အိပ်မက် တချို့တွေ
ရှိတယ်

စကားတွေ
အများကြီးပြောချင်သေးပေမယ့်
အဆက်သွယ်တောင် မလုပ်ဖြစ်တော့တဲ့
လူတချို့တွေရှိတယ်

ငွေကြောင့်နဲ့လဲ မျက်နှာ ငယ်ရခဲ့ဖူးတယ်

ဘဝထဲက တချို့သော အဖြစ်ပျက်ကြောင့်
မေ့မရနိုင်တဲ့ နာကျင်ခြင်းတွေရှိတယ်

ဒီနေ့ ဒီချိန်ထိ အခက်ခဲ တွေကို
ရင်ဆိုင်နေရတုန်းပါပဲ

ဘဝဆိုတော့ ဒီလိုဘဲပေါ့နော်
ကွေ့ကောက်တဲ့ လမ်းကို
လိုက်ကွေ့လျှောက်နိုင်မှ လိုရာ ခရီးကို
ရောက်နိုင်မှာဖြစ်သလို

အခက်အခဲ တွေကို ကြံ့ကြံ့ခံနိုင်မှ
လိုချင်တဲ့ ဘဝတစ်ခုကို
ရနိုင်မယ် မဟုတ်လား..

ဒီနေ့က ခက်ခဲတယ်
မနက်ဖြန်လဲပိုခက်ခဲနိုင်တယ်
ခက်ခဲတယ် ဆိုပြီး အရှုံးမပေးရဲခဲ့ဘူး
ဒါတွေလဲ မနေ့ကလိုဘဲ
ပြီးဆုံးသွား မှာပါလေနော်

မှောင်တဲ့ညတောင်
ကျော်ဖြတ်နိုင်ရင် ဒီအခက်ခဲလဲ
ရင်ဆိုင်နိုင်ရမှာပေါ့

မုန်တိုင်းပြီးရင် လေပြေ
ဒီအခက်ခဲ ပြီးရင် အဆင်ပြေမူက
ရနိုင်တော့မှာမို့ ခက်ခဲနေပါစေ
နောင်တဆိုတာ မရှိအောင်
သတ္တိရှိရှိ ရှေ့ဆက်ပစ်လိုက်တယ်။

ကြမ်းတမ်း တဲ့ လောကဓံကို
ကြံ့ကြံ့ခံနိုင်မှ လူ့ဘဝဆိုတာ
ဖြောင့်ဖြူးတာတဲ့။

#credit
#heinwaimoe

အိမ်​ထောင်သည်များရင်ဖွင့်ရာ

14 Oct, 08:34


အားလုံးပဲရွှင်လန်းချမ်း​မြေ့ကြပါ​စေ

အိမ်​ထောင်သည်များရင်ဖွင့်ရာ

07 Oct, 18:34


Hello

အိမ်​ထောင်သည်များရင်ဖွင့်ရာ

07 Oct, 18:31


Channel created

2,016

subscribers

0

photos

0

videos