𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎ @enhypenzengenes Channel on Telegram

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

@enhypenzengenes


☆ 𝑨ʟʟ ᴀʙᴏᴜᴛ ᴇɴʜʏᴘᴇɴ [ ɴᴏ ᴜᴘᴅᴀᴛᴇs ]
☆ 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧 𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝
☆ 𝐒𝐨𝐧𝐠𝐬 𝐄𝐝𝐢𝐭𝐬 ☆

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎ (English)

Welcome to 𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎! This Telegram channel, with the username @enhypenzengenes, is dedicated to everything related to ENHYPEN. Here, you will find a community of fans who share their love for this talented group. The channel provides fans with a space to connect, discuss the latest news and updates about ENHYPEN, and share their favorite songs and moments. Whether you're a long-time fan or new to the fandom, 𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎ is the perfect place to immerse yourself in all things ENHYPEN. Join us today and become part of this vibrant community! Remember, it's all about sharing the love for ENHYPEN here. So why wait? Come join us and be surrounded by fellow fans who are just as passionate as you are!

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

16 Nov, 11:19


စိတ်မရှည်ပါဘူးဆို

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

16 Nov, 11:18


တော်ပြီ ရောင်းစားပြီ

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

16 Nov, 11:15


𝖢𝗈𝗇𝗌𝗎𝗆𝖾 𝖻𝗒 𝖢𝗁𝖺𝗌𝖾 𝖠𝗍𝗅𝖺𝗇𝗍𝗂𝖼



• 𝖵𝗂𝖽𝖾𝗈 •


𝗘𝗱𝗶𝘁𝗲𝗱 ʙʏ ℱᴜᴊɪᴡᴀʀᴀ ᴢᴇʟ


: 𝐑𝐨𝐦𝐚𝐧𝐜𝐞 𝐄𝐦𝐩𝐞𝐫𝐨𝐫 𝐨𝐟 𝐄𝐧𝐡𝐲𝐩𝐞𝐧

#HeeHoon

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

15 Nov, 11:17


🛐❤️‍🔥

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

13 Nov, 15:04


ချစ်လိုက်တာ ရည်းစားရှာပေးလိုက်တော့

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

13 Nov, 15:01


ရီအက်ဘေဘီတို့ ရီအက် လို့ ရီအက်ပေးနည်းမသိရင် တကယ်ရောင်းစားမယ်

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

13 Nov, 14:49


𝖱𝗎𝗇



𝖫𝗂𝗄𝖾 𝗉𝗅𝗓 [ https://vt.tiktok.com/ZSjygVbhv/ ]

: 𝖥𝗎𝗃𝗂𝗐𝖺𝗋𝖺𝖹𝖾𝗅

𝗥𝗲𝗮𝗰𝘁𝗶𝗼𝗻𝘀 𝗡𝗘𝗘𝗗 !

#HeeJake • #Edit

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

13 Nov, 05:48


@enhypenxengenez

ရော့ ဒါလေးဂျွိူင်းလိုက်ကြ ^^

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

13 Nov, 05:36


ရောင်းစားမခံချင်ရင် ရီအက်အမြဲပေး ဒါဆိုမရောင်းစားတော့ဘူး ကတိပေးတယ် ရီအက်အစုံမြင်နေရရင်မရောင်းရက်ဘူး ရီအက်မရရင် ညည်းတို့အကုန်ကိုရောင်းစားမယ် ဒါပဲ

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 10:27


- Part 3 -

လေသာဆောင်မှာ စကားပြောလို့အပြီး Dinner ခန်းထဲကိုပြန်လာခဲ့ကြသည် ။

" နှစ်ယောက်သားပျောက်ချက်ကောင်းလိုက်တာ "

" ဟုတ်ပါ့ဗျာ မိတ်ဆွေဖွဲ့နေကြတာလား လျှို့ဝှက်ပြီး "

ဂျယ်ယွန်းက အသက်မပါသည့်အပြုံးဖြင့် ရယ်ပြလိုက်ပြီး ဟီဆွန်းကတော့ ပုံပျက်နေသည့် ကုတ်အကျီအား ပြန်ပြင်ဝတ်ရင်း

" ဒါဆို ကိုယ် သွားတော့မယ်နော် ကလေးငယ် "

ကလေးငယ် ' ဆိုသည့်စကားကြောင့် မျက်စိရှေ့မှောက်တွင် ထိုင်နေကြသည့် ဒီဇိုင်နာများပင် မျက်စိအပြူးကြောင်သားဖြင့် ။

ဂျယ်ယွန်းလဲ မျက်နှာတွင် ပန်းနုရောင်ဖြာသန်းပြီး အံကြိတ်ပြလိုက်ပြီးမှ နားလည်သွားလိုက်သည် ။

တစ်နှစ်ကျော်ချစ်ခြင်းပဲ ၊ ဒီလိုမျိူးဖွင့်ဟပြီးလက်ခံလိုက်တာက ဟီဆွန်းအတွက် ပေါ့ပါးစေမယ်ထင်ပါတယ် ။

" ဟုတ်ကဲ့ပါဗျာ "

ဂျယ်ယွန်းနှင့်ဟီဆွန်းကိုကြောင်ကြည့်နေကြသည့် ဒီဇိုင်နာများကလည်း အခြေနေကိုနားမလည်သူများပီပီ

" ဘာလို့ ကလေးငယ် လို့ခေါ်တာလဲ မစ္စတာရှင်းမ် "

" တစ်ခုခုများဖြစ်လာကြတာလား "

သူတို့တွေရဲ့မဆုံးနိုင်သည့်မေးခွန်းပေါင်းများစွာကို ဂျယ်ယွန်းကဖြေလိုက်သည်မှာ

" အီဟီဆွန်းက ကျွန်တော့်အပိုင် ၊ ကျွန်တော့်ကောင်လေး " တဲ့လေ ...

ထိုသတင်းကအပြင်ကိုဘယ်လိုပေါက်ကြားသွားတယ်မသိ ၊ ဂျယ်ယွန်းရဲ့အဖေကိုယ်တိုင်ကပါ ပါးစပ်အဟောင်းသားဖြင့် သားဖြစ်သူကိုဘာမှမပြောနိုင်ပဲ

" မင်းဘာတွေလုပ်နေတာလဲ ဂျိတ်ခ် "

" ကျွန်တော့်အချစ်စစ်နောက်ကိုလိုက်နေတာလေ "

" So what about your company? "

" Don't say nonsense,I can control the company . "

ဩဇီလေသံဖြင့် အဖေနဲ့သား၏ စကားပြောခန်းတွင် တစ်ခုမှတော့သဘောကျချင်စရာမကောင်းပါ ။

" ဒါပေမယ့် မင်းမှန်တယ်ထင်တာကိုလုပ်နေတာမဟုတ်လား ဂျိတ်ခ် ? "

" ဒါကကျွန်တော့်တစ်ဘဝလုံးစာ အမှန်ဆုံးလုပ်ရပ်ပဲလို့ ကျွန်တော်ထင်ပါတယ် "

သားဖြစ်သူရဲ့ စကားကို သဘောကျသွားတာမို့ ဘာမှဆက်မပြောတော့ပဲ အခန်းထဲကထွက်လာခဲ့သည် ။

သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့လဲပြင်ဆင်နေကြောင်းကို ဂျယ်ယွန်းက ပို့စ်တင်လိုက်သောအခါ ...

" ဟယ်လို ရှင်းမ်ဂျယ်ယွန်းပါ "

" ကိုယ်ပါ အီဟီဆွန်း "

" ဪ ဒါလင် ဘာလို့ဖုန်းဆက်တာလဲ "

ဒါလင်တဲ့လား ၊ သိပ်ကိုချိူမြိန်တဲ့ နာမ်စားပါပဲ ၊ အွန်း ... အဲ့နေ့ညက ဝိုင်သောက်ထားတဲ့ လူနှစ်ယောက်ရဲ့အနမ်းတွေလိုပဲ ၊ ကိုယ်တို့က ဝိုင်မူး‌နေခဲ့ကြတာမဟုတ်ပဲ အချစ်မူးမူးနေခဲ့ကြတာ ... ။

" အာ .. "

ဒါလင် ဆိုတဲ့အသုံးအနှုန်းကြောင့် လူရိုးကြီးဟီဆွန်းခမျာ ပြောစရာစကားပင်ရှာမရ ။

" ဘာလဲလို့ ပြောလေဗျာ အချိန်ရတာမဟုတ်ပဲနဲ့ "

" သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုလို့လေ ကိုယ်လာခဲ့မယ်လို့ အဲ့တာမင်းကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အကြောင်းကြားတာ "

ဂျယ်ယွန်းက ဖုန်းတစ်ဖက်ကနေ ရယ်လိုက်ပြီးမှ

" ဒါလင်ရယ် "

" ဘာလို့လဲဟင် "

" တကယ် အဲ့လိုအကြောင်းကြားနေစရာတောင်မလိုပါဘူး အနှောင့်အယှက်လဲမဖြစ်ပါဘူး မဟုတ်တောင် ကျွန်တော်က ဒါလင်မလာလောက်ဘူးထင်နေတာ "

ဟီဆွန်းက ဂျယ်ယွန်းကိုသဘောကျရခြင်းမှာလည်း ဤကဲ့သို့သော ကြိုမြင်ကြိုသိနေတတ်ခြင်းလည်း ပါမည် ။

" အဲ့တာဆို ကိုယ်လာမယ်နော် "

" အွန်း နေ့လည်ကျ တွေ့ကြမယ် ကိုကိုဒါလင် "

" ဟုတ်ပြီ ဘေဘီ "

သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် အနယ်နယ်အရပ်ရပ်မှ သတင်းဌာနကသတင်းထောက်တိုင်း ရောက်လာကြပြီး ဂျယ်ယွန်းနဲ့ဂျယ်ယွန်းဘေးနားက လူကြီးအကြောင်းကို တစ်မေ့တစ်မောနားထောင်ကြသည် ။

မဟုတ်ဘူး ဂျယ်ယွန်းရဲ့အပိုင် ၊ အင်း .. ဂျယ်ယွန်းရဲ့အပိုင်ပဲ အီဟီဆွန်းက ...

" ဒါဆို ဒီဖက်က အီဗန်နဲ့ရှင်းမ်ဂျယ်ယွန်းတို့က ချစ်သူတွေပေါ့နော် "

ဂျယ်ယွန်းက လက်ဖြင့်နောက်စေ့ကို ပွတ်သပ်လိုက်ပြီးမှ

" အဲ့ထပ်ပိုပါတယ် "

ဟီဆွန်းက ခပ်သဲ့သဲ့ရယ်လိုက်ပြီး

" လက်တွဲဖော်တွေပါ ဂျယ်ယွန်းက ကိုယ့်အတွက်တော့ မရှိမဖြစ်ပဲမို့ "

ဒီသတင်းကြောင့် အကုန်လုံး အံ့ဩနေခဲ့ကြပြီး နာမည်အကြီးဆုံးလဲဖြစ်လာခဲ့သည် ။

ဟီဆွန်းရဲ့ တစ်နှစ်ကျော်ကြာ ကိုယ်သဘောကျတဲ့လူနောက်ကိုလိုက်ခဲ့ရတဲ့ ပုံစံတွေကိုလဲ ဟီဆွန်းက ပြောပြတာမို့ ဒီလိုအကြောင်းအရာမျိူးက လူငယ်များကြားတွင်လည်း ရေပန်းစားသွားခဲ့သည် ။

နတ်ဖက်တဲ့စုံတွဲ ‌ဆိုတာဒါမျိူးထင်ပါရဲ့ ၊ နှစ်ယောက်စလုံးက အဖက်ဖက်မှာတော်နေကြပြီး ပြည့်စုံလွန်းနေတော့လည်း ဘယ်သူမှမခွဲနိုင်ဘူးလေ ... ။

- Stalker
- Zel Valentine
- HeeJake

#HeeJake • #One_Shot

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 09:54


ဟီဆွန်းက ရုတ်တရက် ‌Toilet ကိုသွားဖို့လမ်းစရှာလိုက်သည်မို့ ဂျယ်ယွန်းလဲ စိုက်ပဲကြည့်နေမိသည် ။

ဒီလောက်ဆိုပြန်လာသင့်ပြီကို ဘာလို့ပြန်မလာသေးတာပါလိမ့် ...

ဂျယ်ယွန်းလဲပြောပြောဆိုဆိုနဲ့ပင် ဟီဆွန်းနောက်ကိုလိုက်သွားသည် ၊  ထူးဆန်းတာက ဟီဆွန်း Toilet ထဲတွင်မရှိပါ ဒါ့ကြောင့် လေသာဆောင်အထိလိုက်လာခဲ့သည်။

" လိုက်လာတာလား "

အမှောင်ထဲကအသံကိုကြားလိုက်သည်မို့
ဂျယ်ယွန်းလဲ လန့်သွားပြီး ဆံပင်ကိုခါလိုက်သည် ။

" မလိုက်လာပါဘူး လေညင်းလာခံတာ "

ဂျယ်ယွန်း လိမ်တာကို ဟီဆွန်းကောင်းကောင်းသိသည် ။

ဟီဆွန်းက ‌လက်ရန်းပေါ်ကိုလက်တင်ထားရင် စကားစ လိုက်သည်မှာ

" ကိုယ့်ကိုတကယ်ပဲမသိဘူးလား "

ဂျယ်ယွန်းအတွက်တော့ ဟီဆွန်းက ပထမဆုံးမြင်ဖူးသည့် လူတစ်ယောက်ထပ်မပိုပါ ။

" ဗျာ ဘာအဓိပ္ပာယ်လဲဗျ "

" ကိုယ့်ကိုတကယ်မသိတာတော့ ရင်နာစရာပဲ "

" ဘာတွေပြောနေ ... "

ဟီဆွန်း က ဂျယ်ယွန်းစကားပင်မဆုံးလိုက်သေးခင်မှာပဲ အိတ်ထဲက ဓာတ်ပုံတွေနှင့်အတူကျောင်းသားကတ်ကိုပါပြလိုက်သည် ။ ဂျယ်ယွန်းကလန့်သွားပြီးမှ ...

" အာ... ကျွန်တော်နဲ့ကျောင်းတူခဲ့တဲ့စီနီယာပဲ ၊ ဘာလို့ ဒီဖက်ရှင်လောကထဲဝင်လာတာလဲ အဲ့ကျောင်းကသူတွေတော်တော်များများက စီးပွားရေးပညာရှင်တွေဖြစ်ကုန်တာကိုလေ "

" မင်းကြောင့် "

ဟီဆွန်းက ဂျယ်ယွန်းရဲ့မျက်နှာဖက်ကိုမလှည့်ပဲ အီဖယ်တာဝါတိုင်ကြီးဆီကိုပဲအကြည့်ရောက်နေရင်းကနေ ပြောလိုက်သည် ။

" ဗျာ ဘာကိုပြောနေတာလဲဆိုတော့ ကျွန်တော်နားမလည်ဘူးနော် "

ဟီဆွန်းက ဂျယ်ယွန်းအနားကိုတဖြေးဖြေးချင်းကပ်လာလိုက်ပြီးမှ လွန်ခဲ့တဲ့တစ်နှစ် သို့မဟုတ် 2023 / May လတုန်းကအကြောင်းကနေစပြီးပြောပြသည် ။

" အဲ့လိုပါပဲ ကိုယ်ကမင်းကိုနောက်ယောင်ခံနေခဲ့မိတယ်ထင်ပါရဲ့ ၊ ကိုယ်က မင်းကိုမနှောင့်ယှက်ချင်ဘူးလေ ဒါပေမဲ့ မြင်ချင်တဲ့အချိန်လေးရှိရင်တော့ ကိုယ့်ဖက်ကပဲ စီစဉ်ပြီးမရောက်ရောက်အောင်စီစဉ်ရမှာပေါ့ ။  အထူးသဖြင့် ကိုယ်သဘောကျမိသွားတာ
ဒီဇိုင်နာဆိုတော့လည်း ... "

" ကျွန်တော်ကဒီဇိုင်နာမို့ ကျွန်တော့်ကိုလိုက်ပြိုင်တယ်ဆိုတဲ့သဘောလား အီဗန် "

ဟီဆွန်းက ဂျယ်ယွန်းရဲ့မျက်လုံးထဲကိုစိုက်ကြည့်လိုက်ပြီးအတော်အတန်ကြာမှ နားဖျားနားကပ်ကာ -

" ကိုယ်က ပြိုင်နေခဲ့ရင်တောင် ကိုယ့်နှလုံးသားက ရှူံးပြီးသားပဲမဟုတ်ဘူးလား ကလေးရယ် "

ဂျယ်ယွန်းကနောက်ကိုခြေတလှမ်းဆုတ်လိုက်ပြီးမှ ပြောမည့်စကားကိုအရှိန်ယူစဉ်းစားသည် ။

" ဒါဆို ကျွန်တော့်ကိုသဘောကျနေခဲ့တာပေါ့ "

" မဟုတ်ဘူး အဲ့ထပ်ပိုတယ် "

" ကိုယ့်ကိုမစဉ်းစားပေးလဲဖြစ်ပါတယ် အလုပ်ကအရေးကြီးတယ်မို့လား ဒီဇိုင်နာအနေနဲ့ပြိုင်ချင်ရင်တော့ပြိုင်လို့ရတာပေါ့ ကိုယ်က မင်းအကြောင်းမသိတာလဲမဟုတ်ဘူးလေ "

ဒီစကားကိုတော့ ဂျယ်ယွန်းလက်ခံသည် ။ ဟီဆွန်းက ဂျယ်ယွန်းဘယ်နေရာမှာဘာလုပ်တတ်သည် ဘာကိုဘယ်လောက်အရေးပေးသည်ကို သူ့ထပ် ဟီဆွန်းကပိုသိသည်ကို ဂျယ်ယွန်းနားလည်သည် ။

" ကျွန်တော့်ကို ဘာလို့ကျောချမ်းစရာကောင်းအောင် နောက်ယောင်ခံလိုက်နေခဲ့တာလည်း "

" ကျောချမ်းစရာကိစ္စတော့မရှိဘူးထင်ပါရဲ့ ၊ ဘာလို့ဆို ကိုယ် နောက်ယောင်ခံလိုက်တယ်ဆိုတာကိုလည်း ခုမှပြောတာလေ အရင်တည်းကမင်းသိရင် အိမ်ထဲကအိမ်ပြင်မထွက်ပဲနေမှာပေါ့ "

ဟီဆွန်းက လွတ်နေတဲ့ထိုင်ခုံလေးတစ်ခုံကိုယူထိုင်ရင်း

" ကိုယ်မင်းအနားကနေ ပစ္စည်းပို့သမားအဖြစ်ကော ၊ ကျောင်းသားအဖြစ်ကော ၊ ရုံးဝန်ထမ်းအဖြစ်ကော အမျိူးမျိူးဟန်ဆောင်ပြီးရောက်လာခဲ့ဖူးပါတယ် ၊ မင်းသတိထားမိလားမလားလို့ စကားတစ်ခွန်းကိုလဲ ထပ်ခါထပ်ခါသုံးခဲ့ပါတယ် "

" ဟုတ်ပြီ ' ဆိုတာလား အီဗန် "

ဟီဆွန်းက ခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီး

" ဉာဏ်ကောင်းသားပဲ ဂျယ်ယွန်းက "

ဂျယ်ယွန်းက ဒီတစ်ခါတော့ ဟီဆွန်းကို သဘောကျမိသည် ။ သူ့ကိုအရေးတယူနောက်ယောင်ခံရုံတင်မကပဲ သူ့အတွက်နဲ့ ဝါသနာတွေကိုစွန့်လွှတ်ပြီး လားလားမှမသက်ဆိုင်တဲ့ ဒီဇိုင်နာဖက်အထိကူးလာသည်မို့ ၊

" ဆိုတော့ ကျွန်တော့်ကောင်လေးလုပ်မယ်မလား ? "

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 09:54


- Part 2 -

" ညစာစားပွဲကျင်းပမှာမို့ Designer တွေအကုန်လုံးကို ဖိတ်လိုက်ပါ ။ "

ဂျယ်ယွန်းရဲ့စကားသံကိုကြားပြီးတာနဲ့ မန်နေဂျာကအစ သန့်ရှင်းရေးသမားတွေအထိ လှုပ်လှုပ်ယွယွဖြစ်ကုန်ကြတော့သည် ။ စင်စစ်မှာ ဂျယ်ယွန်းကဉာဏ်သိပ်ကောင်းသည် ၊ အကယ်လို့ Lee Evan ဆိုတဲ့သူက လျှိူ့ဝှက်ဆန်းကြယ်နေပြီး စစချင်းမှာပင်ဒီလောက်အစွမ်းပြနိုင်နေလျှင် တိုက်ခိုက်ဖို့အစား ငြိမ်းချမ်းရေးယူဖို့ကိုပဲ ဂျယ်ယွန်း စဉ်းစားမည်။ အရှုံးပေးခြင်းလဲမဟုတ်သလို အနိုင်ရယူလိုက်ခြင်းလဲမဟုတ်ပြန် ။

ဂျယ်ယွန်းကသူ့နည်းလမ်းအတိုင်း Lee Evan ဆိုတဲ့လူဆီကို Message ပို့ပြီးဖိတ်လိုက်သည် ။ ဒါမျိူးကမ်းလှမ်းချက်ကိုမှငြင်းလိုက်ရင်တော့ ရူးနေတာမို့ , တဖက်မှာလဲ ကိုယ်သဘောကျလာတဲ့သူနဲ့တွေ့ရမယ့်အခွင့်အရေးကိုဆုံးရှူံးလိုက်ရရင် ရင်နာဖို့ကောင်းသည်မို့ ။

" ဆရာ သူတို့လက်ခံပါတယ် "

ဂျယ်ယွန်းက ပြုံးလိုက်ပြီး ရေခွက်ထဲကရေကိုမော့သောက်လိုက်ပြီး

" ဒါဆို ရုံးစောစောဆင်းမယ် ၊ ကိုယ်တို့လဲပြင်ဆင်စရာရှိတာပြင်ဆင်ထားမှာမို့ Lee Evan ဆိုတဲ့လူကိုမြင်ရဖို့မစောင့်နိုင်တော့ဘူး "

ဂျယ်ယွန်းက အိမ်ပြန်ဖို့ပြင်ဆင်နေတုန်းမှာပဲ သူ့ကို တစ်ယောက်ယောက်ကဝင်တိုက်သွားတာမို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည် ။

" တောင်းပန်ပါတယ်ဗျ့ "

ဂျယ်ယွန်းက ပြုတ်ကျသွားတဲ့ စာရွက်စာတမ်းတွေကိုကုန်းကောက်နေရင်းမို့ မျက်နှာကိုမမြင်လိုက်ရပေမယ့် အသံကိုတော့ တစ်နေရာရာမှာကြားဖူးသည် ။

" ရပါတယ် ဘာမှမဖြစ်ပါဘူး "

" ဟုတ်ပြီ "

ထပ်ပြီး ဟုတ်ပြီ ?

ရူးနေကြလို့ ခုခေတ်ကြီးကယဉ်ကျေးမှုမရှိတော့တာလား ဘာလို့ ဟုတ်ပြီကိုပဲသုံးနေကြတာလဲ ။

" ဒီမှာခမျ နေဦး "

ဂျယ်ယွန်းဒီတခါတော့ သိချင်စိတ်တွေကိုထိန်းမရတော့သည်မို့ အကျီအမဲဝတ်ထားတဲ့ လူထူးဆန်းကို ရပ်ခိုင်းလိုက်သည် ။

ထိုအမဲရောင်လူသားကလဲ ခဏနေဦး ဆိုလို့သာရပ်ပေးရသည် ။ ထွေထွေထူးထူးဘာမှမလုပ်ထားသည်မို့ ...

" ဒီရုံးကဝန်ထမ်းဟုတ်လားမဟုတ်လား သိချင်လို့ ကတ်လေးတစ်ချက်လောက်ပြပေးပါ့လားဗျ့ "

အမဲရောင်လူသားကလဲ ချက်ချင်း ကတ်ကိုထုတ်ပြလိုက်ပြီး နှုတ်ခမ်းဖျားကိုလျှာဖြင့်သပ်နေမိသည် ။

" အီဟီဆွန်း ? ရှိတာပဲ မရှိဘူးထင်နေတာ ရော့ပါဗျ့ "

" ကျေးဇူးပါဗျ့ "

" ဒါနဲ့ကော်ဖီလာပို့ဖူးလား ကျွန်တော့်ရုံးခန်းထဲ "

ဟီဆွန်းဆိုတဲ့အမဲရောင်လူသား လှည့်အပြန် ဂျယ်ယွန်းဆီကစကားကြောင့် တန့်သွားသည်။

" မပို့ဖူးပါဘူး က်ိုယ်က သာမန်လုပ်သားပါ "

ကိုယ် မင်းကို ခဏခဏ မြင်ဖူးတွေ့ဖူးတယ် ၊ ကိုယ် မင်းအကြောင်းတွေလဲ အကုန်သိတယ် ၊
ကိုယ် မင်းကို သိပ်သဘောကျတယ် ။

Flash Back ( 2023 / May )

Designer သင်တန်းကို စတက်တော့မယ့် ရှင်းမ်ဂျယ်ယွန်းအနေနဲ့ ကျောင်းစာတွေကိုလက်လွတ်ရတော့မည်မှာ သေချာသလောက်ရှိနေသည် ။

" မင်း တကယ်ကြီး Designer ‌လုပ်တော့မှာလား "

" အွန်းလေ ဂျူံဆောင်းကလဲ ဖေဖေ့နေရာကို ငါဆက်ခံရမှာပေါ့ကွ "

" ဒါဆို မင်းရဲ့စာတွေကကော "

" ထွက်မှာ‌ဆိုတော့မလုပ်ရတော့ဘူးလေ "

အဲ့နေ့အဲ့ချိန်အဲ့နှစ်အဲ့ရက်တွေကတည်းက
ဂျယ်ယွန်းကိုတိတ်တခိုးသဘောကျလာသူမှာ စီနီယာဟီဆွန်းဖြစ်ပေလိမ့်မည်။

စီနီယာတန်းကဖြစ်တာမို့ ဂျူနီယာတွေကို ဂရုစိုက်ပေးရမည့်တာဝန်ရှိသည့်အလျှောက် ဂျယ်ယွန်းဆိုတဲ့ကောင်ကလေးကို မျက်စိဒေါက်ထောက်လိုက်စောင့်ကြည့်ရင်းကနေ

" STALKER ဟီဆွန်းပဲကွ "

သူငယ်ချင်းတစ်ယောက်ကပေးသည့်နာမည်ကိုရလာသည် ။ နာမည်စီးသွားသလားတော့မပြောတတ်ပေ ၊ ဂျယ်ယွန်း ကိုရီးယားကနေထွက်သွားခဲ့ပေမယ့်လည်း ပြင်သစ်အထိရောက်သည့်တိုင်အောင် ဟီဆွန်း အကုန်စုံစမ်းခဲ့သည် ။

သူဘယ်နှနာရီမှာအပြင်သွားတယ် ၊ ဘယ်အချိန်မှာဘာလုပ်တယ်ဆိုတာကအစ ဟီဆွန်း အကုန်သိသည်။ ဒါပေမဲ့ ဒီလိုလုပ်နေတာတွေက ဂျယ်ယွန်းကို သဘောကျလို့ လို့ပဲထင်နေခဲ့တာ အမှန်တော့ သဘောကျတာထပ်ပိုခဲ့သည် ။

ဟီဆွန်းရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ဂျယ်ယွန်း ဆိုတဲ့အမည်ရှိသောလူသားအား ကလေးငယ် ' လို့သုံးနှုန်းထားသည်ကိုမြင်လျှင် အံ့ဩမှင်သက်မှုများစွာဖြင့် ယုံနိုင်လိမ့်မည်မဟုတ် ။

ဟီဆွန်းရဲ့အချစ်ကိုဖော်ပြနေတတ်သည်က သူ့ရဲ့ အချိန်တွေ ၊ ဒါမှမဟုတ် ဂျယ်ယွန်းအကြောင်းတွေနဲ့ပဲပြည့်နေတတ်တဲ့စာမျက်နှာတွေပင်ဖြစ်လိမ့်မည် ။ တကယ်လည်း သဘောကျတာထပ်ပိုခဲ့တာကိုး...

Present ( 2024 / Nov )

" ကိုယ်က အီဗန်လီ ပါ ၊ အီဗန် လို့ခေါ်လည်းအဆင်ပြေပါတယ် ။ "

ညစာစားပွဲမှာ Designer တွေအကုန်လုံးရဲ့ စောင့်ကြည့်ခြင်းကိုခံနေရသည်က ဟီဆွန်း ခေါ် အီဗန့်ကိုပင် ။

ဂျယ်ယွန်းကပဲ အီဗန်နှင့်မိတ်ဆွေဖြစ်ချင်သူမို့ ဂျယ်ယွန်းကဖက်ပဲစကားစလိုက်ရသည် ။

" ဒါနဲ့ အီဗန့်ဒီဇိုင်းတွေလှတယ်နော် "

ဘယ်ကောင်ကလေးပါလိမ့် ၊ ပြောသလောက်လဲမလှပဲနဲ့ လို့ပြောခဲ့တာက ...

" ကျေးဇူးပါဗျ့ "

ဟီဆွန်းဆိုသည့်လူကသိပ်ကိုထူးဆန်းသည် ၊တခြားသော ဒီဇိုင်နာများကဲ့သို့လည်း ချီးကျူးလျှင်ရောယောင်ပြီး မကြွားဝါပါ ။

" အဲ့ဒီဇိုင်းတွေက တကယ်ကိုအမြင်ဆန်းသစ်တယ်နော် "

" ကျေးဇူးပါဗျာ "

ဂျယ်ယွန်း စိတ်အနည်းငယ်မရှည်တော့တာမို့ စကားဆက်မပြောတော့ပဲ ဈေးအကြီးဆုံးဝိုင်ကိုထည့်ပေးလိုက်သည် ။

" ဝိုင်လေးသောက်ပါဦး "

" ကျေးဇူးပါဗျ "

ကျေးဇူးပါဗျ ပဲသူပြောတတ်တာလား ?

" ဒါနဲ့ ကိုယ့်ကိုခဏခွင့်ပြုပါဦး "

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 09:37


နေစမ်းပါဦး ၊ Sim ကုမ္ပဏီကိုသူကမသိလို့ ငြင်းတာလား သိရဲ့သားနဲ့ငြင်းတာလား ။

ချက်ချင်းပဲ မီတင်တစ်ခုထပ်လုပ်လိုက်ပြီး Designer တွေအကုန်လုံးကို ညစာဖိတ်ကျွေးမယ့် Dinner လုပ်လိုက်ဖို့ပြောသည်။

အချစ်တွေရဲ့ဖွင့်ဟဝန်ခံခြင်းက အဲ့မှာ စခဲ့တာ ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 09:37


မှောင်ရီစပျိူးလာပြီမို့ ဂျယ်ယွန်းရဲ့အရိပ်ကလဲ မြေပြင်ပေါ်မှာပျောက်လုမတတ် ၊ လမ်းမီးတိုင်တွေတော့ရှိပါရဲ့ ၊ ရယ်ချင်စရာမှာ Fashion Designer တစ်ဦးဖြစ်တဲ့ ရှင်းမ်ဂျယ်ယွန်းက အမှောင်သိပ်ကြောက်သည်ဆိုသည့်အကြောင်းဖြစ်မည် ။

Phone Screen ကိုဖွင့်လိုက်ပြီး သီချင်းတစ်ပုဒ် ဖွင့်လိုက်ခြင်းက သူ့အတွက်အဖော်ရကောင်းရနိုင်မည်မဟုတ်လား ...။

ခဏလောက်ကြာတော့ နောက်ကနေ အရိပ်မဲမဲတစ်ခုကို ဖြတ်ခနဲ မြင်လိုက်ရသည် ။ဂျယ်ယွန်းတော်တော်လေးကိုသွေးပျက်သွားပြီး လှည့်ကြည့်သော်လည်း ဘာမှမတွေ့ရ ။

သူ့ခြေလှမ်းတွေက သူမသိလိုက်ခင်မှာတောင် မြန် လာသည် ။

" ဟိတ် "

ဂျယ်ယွန်းရဲ့ပုခုံးကိုလှမ်းကိုင်လိုက်တာကြောင့် ဂျယ်ယွန်းလဲ ဘာလုပ်လို့ဘာကိုင်ရမယ်မသိပဲ အားတင်းလိုက်ပြီး လှည့်ကြည့်မိတော့ပြန်သည် ။

" ဗျာ "

" ရော့ ဒီမှာ မင်းရဲ့ကတ် ပြုတ်ကျနေခဲ့လို့ "

ဪ့ဟော် ကတ်လေးတစ်ကတ်ပြုတ်ကျတာက ဂျယ်ယွန်းကိုတော်တော်လေးအတွေးလွန်သွားစေတာပဲ ။

" ကျေးဇူးပါဗျ့ "

" ဟုတ်ပြီ "

ဂျယ်ယွန်းချက်ချင်းပင် ခေါင်းကိုဆတ်ခနဲမော့ကြည့်လိုက်မိသည် ။ ကတ်လာကမ်းပေးတဲ့သူဟာ သူ့ထပ် အသက်ကြီးပုံရသည် ၊ အရပ်လဲရှည်သည် ၊ အကျီကလဲအမဲပေါ်အမဲထပ်ကာ ဝတ်ထားသေးသည် ၊ လျှာထိုးဦးထုပ်ကိုလဲ နောက်လှန်ဆောင်းထားသေးသည် ။

သူ့အတွက် ဒါတွေကထူးဆန်းသည်မဟုတ် ၊ ထူးဆန်းတာက သူ့ရဲ့ စကားလုံး အထူးသဖြင့် ' ဟုတ်ပြီ ' ‌ဆိုတာက ‌မနက်ခင်း ကော်ဖီလာပို့တဲ့သူရဲ့လေသံနှင့်တော်တော်ဆင်သည် ။

ဂျယ်ယွန်းကြောင်ကြည့်နေမိပေမယ့်လည်း ကတ်ကမ်းပေးတဲ့လူမှာ ပေးပေးပြီးချင်းကျောခိုင်းသွားသည်မို့ ဂျယ်ယွန်း မေးချင်ရင်တောင်မေးချိန်မရလိုက်ပါ ။

" စိတ်ထင်တာနေမှာပါ "

ဂျယ်ယွန်းလဲ မသိစိတ်ကိုပဲအပြစ်ပုံချလိုက်ပြီး ခပ်သုတ်သုတ်လျှောက်ပြန်ခဲ့သည် ။

" ကိုယ်လေ ကလေးငယ်ရဲ့ ၊ မင်းကို သိပ်သဘောကျတဲ့ ကိုယ် ၊ အီဟီဆွန်းပါ "


" သားကေ ဟီဆွန်း ၊ မေမေ့ကို ဒါလေး ကူ ယူပေးပါဦးလားကွယ် "

ညကြီးမိုးချူပ်အချိန်မတော်မှ အိမ်ပြန်ရောက်လာခဲ့သည့် ဟီဆွန်းအား သူ့မေမေက အလုပ်ဖြင့်ကြိုဆိုလိုက်သည် ။

ခြေသံမကြားအောင်ဝင်လာတာဖြစ်ပေမယ့်လည်း မေမေ ဘယ်လိုသိသွားလဲ စဉ်းစားမရ ။

" ဟုတ်ကဲ့ပါ မေမေ "

ခိုင်းထားတဲ့အလုပ်ကိုအပြီးဖြတ်ခဲ့ပြီး အိမ်ထဲသို့ခြေချလိုက်သည် ။

" ဘယ်သွားလာတာလဲ နောက်ကျနေပြီ "

ဟီဆွန်းက နှုတ်ခမ်းဖျားကိုသပ်လိုက်ပြီးမှ

" ဒီလိုပါပဲ လမ်းခဏထွက်လျှောက်တာပါ "

ဂျယ်ယွန်းလဲ အိမ်ကိုပြန်ရောက်လာပြီး ဖုန်းဖွင့်ကြည့်လိုက်တော့ Instagram မှာ Comments တွေတဟုန်ထိုးတက်နေတာကိုမြင်လိုက်ရပြီး လန့်သွားသည် ။

' ဒီ Design က ရှင်းမ်မျိူးနွယ်စုတို့ထပ်ပိုမိုက်တာပဲ '

' အမည်မသိတီထွင်သူဆိုပဲ အမလေး လှလိုက်တာ '

' နာမည်ရမှာတော့သေချာတယ်ကွာ ၊ ကြည့်စမ်းပါဦး "

ဂျယ်ယွန်းလဲစိတ်ဝင်စားသွားသည်မို့ ပုံတွေတစ်ခုချင်းလိုက်ကြည့်ကြည့်တော့ ဒီဇိုင်းပုံတွေပင်ဖြစ်သည် ။ သေချာပေါက် ပြိုင်ဖက်ကုမ္ပဏီပေါ်လာပြီ ဆိုတာကို သူသိလိုက်သည် ။

" ပြောသလောက်လဲ ဒီဇိုင်းတွေကမလှပါပဲနဲ့ "

အစမရှိအဆုံးမရှိစကားဆိုပေမယ့်လည်း ဒီဇိုင်းပုံတွေကိုပြောသည်ဆိုတာထင်ရှားသည် ။

Posted by @ Lee_Evan

အကောင့်နာမည်ကိုစိုက်ကြည့်နေလိုက်ပြီးမှ ဂျယ်ယွန်း ကုတင်ပေါ်ကိုခေါင်းချလိုက်သည် ။

" ရယ်စရာပဲ ခုမှပေါ်လာတဲ့ ခပ်အောက်အောက်ဒီဇိုင်းတွေနဲ့ ကျော်တက်လို့ရမယ်ထင်နေတာပဲ "

ဟက်ခနဲ တချက်ရယ်လိုက်ပြီး ညတာရှည်ကို အိပ်စက်ခြင်းဖြင့် စတင်လိုက်တော့သည် ။

" ပြဿနာပဲ ရှင်းမ်ဂျယ်ယွန်း "

" ဟမ် ဘာဖြစ်တာလဲ "

ဂျယ်ယွန်းရဲ့ သူငယ်ချင်း နီခီက မနက်အစောကြီးဖုန်းဆက်ပြီး ဟယ်လိုတောင်အသံမပြုပဲ မထင်မှတ်ထားသည့်စကားဖြင့်စလိုက်သည်မို့ ။

" မင်းတို့ဂျပန်မှာ Top 1 ဝင်ထားတဲ့ design တွေအကုန် Top 2 ကိုဆင်းသွားပြီ "

" ဘယ်လိုတောင်အဓိပ္ပာယ်မရှိတဲ့စကားလဲ။ မဖြစ်နိုင်တာ "

" ဒါဆို မင်း ကွန်ပျူတာနဲ့ကြည့်ကြည့်လေကွာ "

ဂျယ်ယွန်းက လက်တဖက်ဖြင့် ဖုန်းကိုကိုင်ထားရင်း ကျန်လက်တဖက်ကလဲ ကွန်ပျူတာကိုကြည့်လိုက်ရင်း အံ့ဩသွားခဲ့သည် ။

" တွေ့လား ဟေ့ကောင် ၊ နံပတ် တစ် ကို ဘယ်သူရလဲကြည့်လိုက် "

" Lee Evan ဆိုတဲ့ကောင်က ဘယ်သူမို့လို့လဲ "

ဂျယ်ယွန်းက ဒေါသတကြီးဖုန်းကိုချလိုက်ပြီး ရုံးကိုသွားဖို့ ကပျာကယာပြင်ဆင်လိုက်ရတော့သည် ။

" အကုန်လုံးကိုပြောစရာရှိတယ် ၊ မနေ့တနေ့ကမှအသစ်ထွက်လာတဲ့ ဒီဇိုင်နာက ခု ငါတို့ဈေးကွက်ကိုထိခိုက်နေပြီဆိုတာမြင်တယ်မလား ၊ သူ့ပို့စ်တင်တင်ချင်း ၅ မိနစ်အတွင်းမှာတင် ဈေးကွက်တွေထိုးကျကုန်တာ စိတ်ပူစရာကောင်းတယ်မဟုတ်လား "

ဂျယ်ယွန်းက ချက်ချင်းပင် မီတင်ခန်းထဲမှာ အရန်အစီအစဉ်တွေကိုစတင်တော့သည် ။

" ကိုယ့်ကို သူနဲ့ဆက်သွယ်ဖို့ စီစဉ်ပေး "

လက်ထောက်အကူလေးက ကြောင်အမ်းအမ်းဖြစ်သွားသည်မို့ ဂျယ်ယွန်းကို စိုက်ကြည့်နေမိသည် ။

" ဆက်သွယ်ဖို့နည်းလမ်းရှာပေးလို့ ဘာကိုစိုက်ကြည့်နေတာလဲ "

ဂျယ်ယွန်းက ထ အော်လိုက်မှ ‌လက်ထောက်မလေးကလဲ အရိုအသေပြုပြီး အခန်းထဲကထွက်လာတော့သည် ။

" သူ့ကိုဆက်သွယ်လို့်မရဘူး အကုန်ငြင်းနေတယ် "

ဂျယ်ယွန်း က စိတ်ဝင်တစ်စားရှိသွားပြီး အကြံကောင်းကောင်းတစ်ခုကိုအမြန်စဉ်းစားလိုက်သည် ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 09:36


- Part 1 -

Paris မြို့ ၊ Eiffel tower ကြီးအောက်မှာ တွေ့ကြမယ်နော် !

နာမည်ကြီး Sim ကုမ္ပဏီရဲ့ တစ်ဦးတည်းသောသား ၊ ရှင်းဂျယ်ယွန်းရဲ့ ပထမဆုံး ပွဲဦးထွက် ဖက်ရှင်ပြပွဲ ။

ရှင်းဂျယ်ယွန်းရဲ့လက်ရာတွေက ခုတလော Trend ဖြစ်နေတဲ့ Design တွေပိုများလာတယ်နော် ။

စ တဲ့ တိုးတိုးကြိတ်ကြိတ်စကားသံတွေဟာ ဟိုနေရာတစ်ကွက် ၊ ဒီနေရာတစ်ကွက် ကြားရစမြဲ ။

အပေါ်ယံစကားတွေဖြစ်‌တဲ့ အသက်ကြီးကြီး အဖိုးကြီးတွေရဲ့ပါးစပ်ကထွက်လာတဲ့ ဂုဏ်ပြုစကားတွေကိုလဲ ဂျယ်ယွန်းတစ်ယောက် မနှစ်မြို့ပါ ။ သို့သော် ဘာအရေးလည်း အချိန်ကုန်ခံပြီးတောင် ပြပွဲကိုလာပေးကြတာပဲ ကျေးဇူးတင်ရမှာပေါ့ ။

" ဓာတ်ပုံရိုက်ကြရအောင် လူစုပေးပါဦး "

ကင်မရာမန်း က ဓာတ်ပုံရိုက်ဖို့ လူစုကြရန် ပြောလိုက်သည် ။

ပြပွဲလုပ်သည့်နေရာမှာ ပဲရစ်မြို့၏အထင်ကရ အီဖယ်တာဝါကြီးအောက်တွင်ဖြစ်တာမို့ ဘယ်ရှူ့ထောင့်ကပဲ ရိုက်ရိုက် ကြည့်လို့လှသည် ။

ပြပွဲကား အတော်နှင့်မပြီး အကြောင်းရင်းမှာ စကားစကို ပြန်ပြန်ကောက်ပြီး အဆက်မပြတ်ပြောနေတတ်သည့် ရှင်းဂျယ်ယွန်း၏အဖေကြောင့်ပင် ။

" ကျွန်တော် ပြန်တော့မယ် "

လူကြီးတွေရဲ့စကားဝိုင်းထဲကို တိုးဝင်လာပြီး ခွင့်တောင်းလိုက်သည့် လေသံဖျော့ဖျော့လေးမှာ နှစ်ကိုယ်ကြား ကြားရရုံလောက် ။

ဂျယ်ယွန်းရဲ့‌အဖေက ခေါင်းကို သာသာဆတ်ပြလိုက်ပြီး ပြန်တော့ ဟုခွင့်ပြုပေးလိုက်သည် ။

ဂျယ်ယွန်းလဲ နှုတ်ဆက်သင့်နှုတ်ဆက်ထိုက်သည့် လူကြီးပိုင်းအရာရှိတွေအားလုံးကို နှုတ်ဆက်ခဲ့ပြီး ခပ်သုတ်သုတ်ကားပေါ်တက်ပြီး အိမ်သို့ပြန်ခဲ့သည် ။

ထို့နောက် သူ့လက်ကိုင်ဖုန်းကိုဖွင့်လိုက်ကာ Instagram တွင် ဒီနေ့ပြပွဲကပုံတွေအား Caption လှလှလေးဖြင့် ပို့စ်တစ်ခုရေးရင်း ... ။

" တိုက်ဆိုင်တာတွေက အရမ်းများလွန်းနေတာပဲ ‌ကလေးငယ် ၊ ကိုယ်လဲ အဲ့နေ့ညက အဲ့တာဝါတိုင်အောက်မှာရှိနေခဲ့တာ "

အိမ်ကိုပြန်ရောက်တာနဲ့တပြိုင်နက် ‌တကိုယ်ရေသန့်ရှင်းရေးပြုလုပ်ပြီး အိပ်ရာပေါ် ခေါင်းတင်လိုက်တာနှင့်အမျှအိပ်ပျော်သွားသည် ။ ပင်ပန်းလိုက်တာ တစ်နေ့တာအဖို့က ...

ဂျယ်ယွန်းမသိခဲ့သည်မှာ ထို အကျီအမဲနှင့် လျှာထိုးဦးထုပ်တစ်လုံးကိုနောက်ပြန်ဆောင်းထားတဲ့ လူတစ်ယောက်အကြောင်း ။ ထိုလူလဲ အဲ့နေ့က အဲ့ရိုက်ကွင်းမှာရှိနေခဲ့သည်ဆိုတာကို ဂျယ်ယွန်းသိသင့်ခဲ့သည် ။ ဒါမှမဟုတ် သိလာရတော့မှာများလား ...

" ကျွန်တော်ပြောပြီးသားလေ ဒီ section ကိုမှ ဒီလိုမထားရင် ကျွန်တော်ဆက်မလုပ်ဘူးလို့ "

မန်နေဂျာရုံးခန်းထဲအထိ ‌မနက်စောစောစီးစီး ဒေါသတွေပုံချနေတဲ့ ဂျယ်ယွန်းခမျာ ဒေါသထွက်လွန်းလို့ အသက်တောင်မနည်းရှူနေရသည် ။

" စိတ်လျှော့ပါဗျာ စိတ်လျှော့ပါ ကျွန်တော်တို့ပြင်ပေးပါ့မယ် "

" ပြင်ပေးပါ့မယ် ပြင်ပေးပါ့မယ်‌နဲ့ ကြာနေပြီလေ ၊ ခဏခဏဒါမျိူးပြင်နေရရင်မကောင်းဘူးလေ "

ဂျယ်ယွန်းကဒေါသတကြီးနဲ့ စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက်လှန်လှောကြည့်နေသည် ။ တော်တော်လေးကြာခါမှ

" သုံးရက်အတွင်း အပြီး ပြန်လိုချင်တယ် ရော့ ပြန်ပြင်ခဲ့ "

" ဟုတ် ... ဟုတ်ကဲ့ပါ "

စိတ်ဖိစီးသွားပြီမို့ လက်ထောက်အကူတစ်ယောက်အား ကော်ဖီယူလာခဲ့ဖို့မှာလိုက်သည် ။

ထူးဆန်းတာက ဂျယ်ယွန်းက ကုမ္ပဏီအတွင်းက ကော်ဖီကိုလုံးဝမသောက် ၊ သူ့အကြိုက်ကလဲ ရှားသည် ၊ အရာရာကိုစေ့စပ်တိကျနေတတ်သည့် ဂျယ်ယွန်းအဖို့ ရုံးတွင်းက ခပ်ပျော့ပျော့ကော်ဖီဟာအဆင်မပြေ ။

" ကော်ဖီ ရပါပြီ "

" ရုံးကကော်ဖီမဟုတ်ရင်ပြီးတာပဲ ဒီခုံပေါ်မှာတင်ခဲ့လိုက်ပါ ။ "

စာအုပ်စင်ဖက်ကိုမျက်နှာမူနေသည်မို့ ကျောပေးလျက်အနေအထားဖြင့် ပြောလိုက်သည်မို့ ကော်ဖီလာပို့သူကိုလည်း မမြင်လိုက်ရပါ ။

" ဟုတ်ပြီ "

ဂျယ်ယွန်းရဲ့ခေါင်းထဲမှာဖြတ်ခနဲအတွေးတစ်ခုဝင်လာသည် ။ ဘယ်လိုရုံးဝန်ထမ်းမျိူး က အထက်လူကြီးကို ဟုတ်ပြီ ' လို့သုံးလို့လည်း ?

ဂျယ်ယွန်း ချက်ချင်းလှည့်အကြည့်မှာတော့ ကော်ဖီလာပို့တဲ့သူဟာ လေထဲတွင်ပျောက်ကွယ်သွားသလားတောင်ထင်ရသည် ၊ ချက်ချင်းပင် ခြေရာမကျန်ပျောက်သွားသည်မို့ ။

" ထူးဆန်းလိုက်တာ "

ဂျယ်ယွန်းလဲ နားကြားမှားသည်ဟုအထင်နဲ့ ဖိုင်တွဲတွေကို ဆက်ပြီးကြည့်‌နေလိုက်သည် ။ ခုနကလာပို့တဲ့ကော်ဖီကိုလဲ သောက်လိုက်ရင်း သူပြောလိုက်သည်က

" ကော်ဖီကအကြိုက်တူနေတာပဲ ၊ ငါ့အကြိုက်ကို ငါကလွဲပြီးဘယ်သူမှမသိတာကို ... "

‌အဖြစ်အပျက်တွေအားလုံးက အဲ့‌ကော်ဖီခွက်လေးကနေ စတင်လာခဲ့သည် ။

" ကလေးငယ်က သကြား ၃ ဇွန်းနဲ့ နွားနို့ တစ်ဝက်ပါတဲ့ ကော်ဖီကိုကြိုက်တာပဲ "

ဒီအသံက စိတ်ထဲကပြောလိုက်သည့်လေသံမျိူးပင် ။ သို့သော် မကြားလိုက်ရပါ ။

အချိန်မှာ ညနေ 6 နာရီမို့ အိမ်ပြန်ဖို့အတွက် စတင်ပြင်ဆင်ရတော့သည် ။

" ကားဘီးပေါက်သွားလို့ နည်းနည်းကြာမယ် Boss "

ဂျယ်ယွန်းရဲ့စိတ်ကိုအရာအားလုံးက စမ်းသပ်နေကြပုံကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့လူတွေကို သူသိပ်မုန်းသည် ။

" တော်ပြီ လာမကြိုနဲ့တော့ လမ်းပဲလျှောက်ခဲ့မယ် "

" ဒါပေမဲ့ အကြာကြီး.. "

" ဒါဆိုလည်း မင်းအစတည်းက ကားဘီးအပိုတစ်ခုတပ်ထားလေကွာ "

ဂျယ်ယွန်းက စိတ်တိုသွားသည်မို့ တစ်ဖက်က ဒရိုင်ဘာကို အသံစူးစူးဖြင့်အော်လိုက်သည် ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

12 Nov, 01:57


HeeJake ' Stalker ' is coming soon ><

Join my updates Ch - @Flamingopinkuz

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 12:10


- Part 4 - 

" မဂ်လာပွဲဖျက်သိမ်းလိုက်ပြီ "

ဟီဆွန်းကို ဆောင်းဟွန်းက ပြုံးပြုံးကြီးကြည့်ပြီး ပြောလိုက်သည့် စကား ။

ဟီဆွန်းလဲပျော်မိသည် 8 နှစ်အတွင်း ထင်ထင်သာသာပြုံးလာသည့် အပြုံးတစ်ပွင့် ။

" ကိုယ်နဲ့ လက်ထပ်မှာလား "

ဟီဆွန်းကတချက်ချက် ထထ မေးတတ်သည့် မေးခွန်းတွေကြောင့် ဆောင်းဟွန်းခမျာ တိတ်သွားရသည့်အခါပေါင်းမနည်း ။

" လက်ထပ်မှာမလို့ ခုမဂ်လာပွဲကိုဖျက်သိမ်းလိုက်တာလေ "

" ဒါနဲ့ ဒီမဂ်လာပွဲက ဘေဘီသဘောကျလို့ လက်ထပ်တာမဟုတ်ဘူးလား "

" မဟုတ်ပါဘူး မေမေစီစဉ်တာကြီး ကျွန်တော်မကြိုက်ဘူး " 

ဟီဆွန်းက စိတ်အေးချမ်းသွားရသည်မို့ သက်ပြင်းရှည်ကြီးချလိုက်မိသည် ။

ကျေးဇူးပါပဲ ဆောင်းဟွန်း ၊ ကိုယ့်ဒဏ်ရာတွေအတွက် Plaster လေးဖြစ်လာပေးလို့ ... 

ဟီဆွန်း မသိတာတစ်ခုတော့ရှိသည် ။ ဆောင်းဟွန်းနှင့်ဟီဆွန်းကို ဆောင်းဟွန်းဖက်ကမိဘတွေက သဘောမတူကြဘူးဆိုတာပင် ။

ဆောင်းဟွန်းက ပြောပြဖို့အတွေးမရှိပါ ဘာလို့ဆို သူဘာလုပ်သင့် ဆိုတာကို ကောင်းကောင်းသိသည် ။

" ကျွန်တော်တို့ ကိုရီးယားမှာအခြေချရအောင် "

" မင်းမိဘတွေ‌ဆီကခွင့်ပြုချက်ရမှ ကိုယ်နဲ့လက်ထပ်ကြမယ်လေ "

" ဟင့်အင်း "

ဆောင်းဟွန်းရဲ့အသံကတုန်ယင်နေသည်မို့ ဟီဆွန်း အနည်းငယ်တွေဝေသွားသည် ။

" ဘာဖြစ်လို့လဲ ဘေဘီ "

" သူတို့သဘောမတူကြဘူး " 

ဟီဆွန်းက ကြားလိုက်ရသည့်စကားကိုပင် မယုံနိုင် ။

" ဒါပေမဲ့ ဘေဘီ .. "

" တော်ပြီ ဆက်မပြောနဲ့တော့ ကိုရီးယားမှာအတူတူသွား‌နေကြရအောင် မိသားစုကြောင့်နဲ့ ဒါလင့်ကို လက်မလွှတ်ချင်ဘူး " 

ဟီဆွန်း က သူ့ကိုယ်သူပြန်မြင်လိုက်ရသလိုခံစားလိုက်ရသည် ။

ကောင်းခြင်းတစ်ခုမှာ ကိုယ့်ကိုလက်လွှတ်အဆုံးရှူံးမခံနိုင်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်‌ ရခဲ့တာပဲပင် ။

ထို့ကြောင့် ဟီဆွန်း ကိုရီးယားကို ချက်ချင်းပြန်ဖို့ဆုံးဖြတ်လိုက်ပြီး ဆောင်းဟွန်းကိုလဲ အထုပ်တွေသိမ်းခဲ့ဖို့ ပြောလိုက်သည် ။

- Part - 5 ( Final Part ) -

နွေ ၊ မိုး ၊ ဆောင်း စတဲ့ဥ‌တုတွေအပြောင်းအလဲကြား မပြောင်းလဲသည့် အရာမှာ ထိုကောင်လေးနှစ်ယောက်ရဲ့အချစ်တွေပင် ဖြစ်လိမ့်မည် ။

ဟီဆွန်းရဲ့အမှောင်ကျနေတဲ့ဘဝထဲ ဝင်ရောက်လာပြီး ဟီဆွန်းတစ်ဦးတစ်ယောက်အပိုင် နေရောင်ခြည်လေးတစ်ဖြစ်လဲ ဒဏ်ရာတွေအတွက် Plaster လေးဖြစ်လာခဲ့ရခြင်းမှာ ကောင်းမွန်စွာနဲ့ပဲအဆုံးသတ်သွားလေတော့သည် ။

Spoiler Part :

ဆုတောင်းတွေကိုမယုံကြည်ခဲ့တဲ့ ဟီဆွန်းက ဘုရားကျောင်းမှာ ဆုတောင်းခဲ့သေးသည် ။

" ဒီ လူသားလေးကို သိပ်သဘောကျတာမို့ကျေးဇူးပြုပြီး ဘယ်အရာကမှ သူ့ကို ကျွန်တော့်ဆီကနေ ဆွဲမထုတ်သွားပါစေနဲ့ " 

သိလား ဆောင်းဟွန်း ...

" ကိုယ် ဆောင်းဟွန်းကို သိပ်ချစ်တယ် " 


The END.

- Plaster
- Zel Valentine 
- Heehoon 

#OneShot • #HeeHoon

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 11:46


" မဟုတ် .. "

" ဟုတ်ပါတယ် သူ့ရည်းစားပါ ပတ်ခ်ဆောင်းဟွန်းလို့ခေါ်ပါတယ် "
‌
ဆောင်းဟွန်းက လေသံမြင့်မြင့်နဲ့ပြောလိုက်ပြီး ဟီဆွန်းလက်ကိုကိုင်ကာ 

" လာ ဒါလင် သွားကြရအောင် " 

ဒီကောင်လေးက တကယ်ကိုလူထူးလူဆန်းလေးပဲ ဒါပေမဲ့ သဘောကျတယ် ၊ ဟင့်အင်း ချစ်တယ် ။

" ဘာလို့ ကိုယ့်ကောင်လေးလို့ပြောတာလဲ "

" သူငယ်ချင်းတွေက စွဲစွဲမက်မက် နမ်းကြလို့လား "

" ကိုယ် အဲ့နေ့ကအတွက် တောင်းပန်ပါတယ် "

" မလိုပါဘူး ဒါက အနမ်းလေးတခုပဲလေ ကျွန်တော်လဲ သဘောကျခဲ့တာပဲကို " 

ဆောင်းဟွန်းရဲ့ ရွှန်းရွှန်းဝေနေတဲ့စကားပြော‌နေဟန်ကိုကြည့်ပြီး ဟီဆွန်း ပြုံးမိသွားသည် ။

ဝယ်လာတဲ့ မုန့်ပေါင်းကိုဖြည်နေတဲ့ပုံစံလေးကိုလဲ တစိမ့်စိမ့်ငေးကြည့်မိနေသည် ။

" ဒါလေး စားကြည့်ချင် .. "

ဆောင်းဟွန်းရဲ့ နှုတ်ခမ်းဖျားပေါ်ထပ်ပြီးဝင်ရောက်လာသည့် အနမ်းတစ်ပွင့် ။ဒီတစ်ခေါက်အနမ်းကတော့ ထိန်းမရလို့မဟုတ်ပဲ အစတည်းကအစီအစဉ်နဲ့ လာသည်မို့ ပိုပြီးတော့တောင် ယစ်မူးဖွယ်ကောင်းသည် ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 11:45


- Part 3 - 

ရက် ၊ လ နှစ်တွေကြာလာသော်လည်း 
ဟီဆွန်းတစ်ယောက်ကိုရီးယားကိုမပြန်ချင်သေးပါ ။ ဆောင်းဟွန်းနှင့်အတူရှိနေချင်သေးတာမို့ဖြစ်သည် ။ အကြောင်းပြချက်ကတော့ သူ့ရဲ့ ထိန်းချူပ်မရတဲ့ မသိစိတ်က ရင်ခုန်သံတွေကြောင့် 

" ‌အကိုဟီဆွန်း ကိုရီးယားမပြန်သေးဘူးလား "

" ဟင့်အင်း ဘာလို့မေးတာလဲ "

ဆောင်းဟွန်းက ခေါင်းကို ကုတ်နေလိုက်ပြီးမှ စကားပြန်စသည် ။

" ကျွန်တော် လက်ထပ်တော့မှာလေ ကိုရီးယားမှာ " 

ကြားလိုက်ရတဲ့စကားကြောင့် ဟီဆွန်း လက်အသားတွေတုန်တက်သွားသည်ကို သူပဲသိသည် ။

လက်ထပ်မယ် ? 

" ဪ ... "

ဟီဆွန်းက ဪ တစ်လုံးထဲပဲအသံပေးလိုက်ပြီး ဘာစကားမှပြန်မလာတော့ပါ ။

" အကို ကျွန်တော့်မဂ်လာပွဲကိုလာမယ်မလားဟင် " 

ဆောင်းဟွန်းက ဟီဆွန်းကိုကျောပေးထားသည့်အနေအထားဖြင့် စကားကိုပြန်ဆက်လိုက်ပြီး မေးသည် ။

ဟီဆွန်းအတွက်ဘယ်လောက်နာကျင်ရမလဲ ဆိုတာကို သူနားမလည်ပဲနဲ့ ... 

" မင်း လက်မထပ်လို့မရဘူးလား "

‌အတော်အတန်ကြာမှ ကြားရသည့်စကားမို့ ဆောင်းဟွန်းကိုယ်တိုင်ပင်မယုံနိုင်ဖြစ်သွားသည် ။ မျက်လုံးလေးတွေတောင်ဝင်းခနဲ ..

" ဗျာ " 

" ကိုယ်ပြောတာရှင်းတယ်လေ လက်မထပ်နဲ့လို့ "

" ဒါပေမဲ့ ဘာလို့ .. "

လျပ်တပြတ်တင် ဆောင်းဟွန်းနဲ့နှုတ်ခမ်းပါးပေါ်ကျူးကျော်ဝင်ရောက်လာသည့် အနမ်းတစ်ပွင့် ။

ဆောင်းဟွန်းက တားမြစ်ဖို့ကြိုးစားပေမယ့်လည်း လက်တွေက မတားလိုက်မိသလိုပါပဲ ၊ အနမ်းတွေက သိပ်ကိုသဘောကျချင်စရာကောင်းသည် ၊ ရုန်းပင်မထွက်ချင်တော့ပါ ။

ဟီဆွန်းဆိုတဲ့လူကြီးကြောင့် ရူးတော့မှာပဲ '

ဟီဆွန်းက သူ့ရဲ့ကျူးကျော်အနမ်းတွေကိုရပ်လိုက်ပြီး နောက်ကိုခြေတစ်လှမ်းဆုတ်သွားလိုက်သည် ။

ဆောင်းဟွန်းက ဟီဆွန်းရဲ့နောက်ဆုတ်သွားတဲ့ခြေထောက်နောက်ကို ဟန်ချက်မပျက်လိုက်ပြီး နမ်းလိုက်သည် ။

" မရပ်နဲ့ ကျွန်တော်သဘောကျတာမို့ "

" အွန်း မင်းသဘောပဲ " 

မိုးစက်ကျဲကျဲလေးတွေ ၊ မှန်ပြင်ဖက်က မိုးရေပေါက်လေးတွေက သိပ်ကို နုနယ်လွန်းလှသည် ။

ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုအား အခန်းတစ်ခုအတွင်းထဲရှိ ကောင်လေးနှစ်ယောက်အပိုင်နီးကပ်နေတဲ့ အနေအထားဆီမှ နွေးထွေးမှုတွေက ဖြိုခွင်းသွားသည် ။

" ကျေးဇူးပြုပြီး ကျွန်တော့်ကို နမ်းနေတာကိုမရပ်လိုက်ပါနဲ့ " 

အချိန်မှာနေ့လည်ခင်းမို့ အခုလောက်ဆိုမုန့်ဆိုင်တွေဖွင့်လောက်ပါပြီ ။

" လာ မုန့်သွားစားရအောင် "

စာအုပ်ဖတ်နေတဲ့ ဟီဆွန်းကိုလှမ်းတို့လိုက်ပြီး အပြင်ထွက်ဖို့တဆာဆာပြောနေပုံက ကလေးတစ်ယောက်လို ။

" မလိုက်ချင်ဘူး ပျင်းတယ် "

" လာလို့ သွားစားကြမယ်ဆို မိုးလဲတိတ်ပြီပဲကို မပျင်းပါနဲ့ လာပါ ဒါလင်ရာ "

ဒါလင် ? အခု ဆောင်းဟွန်းက သူ့ကို ဒါလင် လို့ခေါ်လိုက်တာလား 

" ဘာလို့ ဒါလင် .. "

ဆောင်းဟွန်းက ခုံအပုလေးတစ်ခုကို ရွှေ့လာလိုက်ပြီး သူ့ဘေးနားလာထိုင်သည် ။

" ကိုကို လို့ခေါ်ရင် ဒါလင့်အရင်တုန်းက တစ်ယောက်ကိုသတိရနေမှာစိုးလို့လေ ၊ သတိရတာကပြဿနာမဟုတ်ပါဘူး သူပေးခဲ့တဲ့ဒဏ်ရာတွေကို သတိရနေမှာ ကျွန်တော်မကြိုက်တာမို့ "

အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခု ပစ္စပ္ပုန်အချိန်က ဆောင်းဟွန်း ဆိုသည့် လူသားလေးကတော့ ဟီဆွန်းအတွက် နတ်သားလေးတစ်ယောက်ဖြစ်သည် ။

မင်း ကိုယ့်ကို ကုသပေးမယ်မလား ဟင် ။

" လာပါ သွားရအောင်လို့ "

ဟီဆွန်းကလဲ ဆောင်းဟွန်းနောက်ကို တရွတ်တိုက်ဆွဲပါလာပြီး ဆောင်းဟွန်း စားချင်တဲ့ ဂျပန်ရိုးရာအစားအစာတွေမှန်သမျှကိုဝယ်ကျွေးသည် ။

တစ်ထောက် ဘုရားကျောင်းတစ်ခုကိုရောက်တော့ -

" ဆုတောင်းချင်လို့ လိုက်ခဲ့ပါ့လား "

" ဆုတောင်း‌တွေကဘယ်တော့မှမပြည့်ခဲ့ဖူးဘူး "

ဟီဆွန်းက တကယ်ကို လက်ပေါက်ကပ်တဲ့ အသက်ကြီးကြီး ယောင်္ကျားတစ်ယောက်ပဲ ၊ ဒါလေးအတူတူဆုတောင်းရအောင်ပါဆိုတာကို 

" လာစမ်းပါဗျာ " 

ဘယ်လိုပဲဖြစ်နေပါစေ ဆောင်းဟွန်းကိုတော့ သူငြင်းမရသည်မို့

ဆုတောင်းဝတ်ပြုသူတွေအများကြီးလာကြတဲ့ကြားထဲမှာမှ ဟီဆွန်း မမြင်ချင်သည့်လူတစ်ယောက်ကိုမြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ဟီဆွန်း မျက်ရည်များပင်ကျလာသည် ။

ဆောင်းဟွန်းက ဆု‌တောင်းအပြီးလှည့်ကြည့်လိုက်ချိန်မှာတော့ မျက်ရည်အဝဲသားဖြင့် ဟီဆွန်း ကိုသာမြင်လိုက်ရသည် ။

" ဘာလို့ ငိုနေတာလဲ " 

" မဟုတ်ပါဘူး မငိုပါဘူး "

" လိမ်မနေနဲ့ ငိုနေတာကို "

ဆောင်းဟွန်းကဟီဆွန်းကြည့်နေတဲ့နေရာကိုရောယောင်ကြည့်လိုက်ပြီး သဘောပေါက်သွားသည် ။

" ရည်းစားဟောင်းမလား "

အရိပ်အကဲနားလည်လွယ်နေတတ်တဲ့ဆောင်းဟွန်းအဖို့ ဟီဆွန်းလိမ်သည်ဆိုတာ သူအိပ်နေသလောက်ပင်  ။

" လာ ကျွန်တော့်လက်ကိုကိုင် "

ဟီဆွန်းက နောက်ကိုခြေတလှမ်းဆုတ်သည့်အမူအရာဖြင့် မလိုက်ချင်ယောင်ကို ပြသည် ။

" လာ ကိုင် "

ဂျယ်ယွန်းတစ်ယောက်လဲ ဂျပန်ကို ထွက်လာပြီး ဒီဘုရားကျောင်းမှာ ဆုလာတောင်းသည့် အဖြစ်အပျက် ၊ တိုက်ဆိုင်လွန်းလှသည် ။

ဂျယ်ယွန်းက ဟီဆွန်းကိုမြင်သည်နှင့် ထပ်ပြီး ကစားကြည့်ချင်သေးတာမို့ လက်ပြနှုတ်ဆက်လိုက်သည် ။

" ဟိုင်း ဟီဆွန်း ၊ အာ ... မေ့လို့ ကိုကိုလား "

ဟီဆွန်းက မျက်နှာပျက်သွားပြီး ဆောင်းဟွန်းဖက်ကိုလှည့်ကြည့်လိုက်သည် မနေချင်တော့ဘူးဆိုတဲ့သဘောမျိူး ။ 

" ဒါက အခုလက်ရှိရည်းစားလား "

တကယ်ပင်အကြပ်ရိုက်ပါပြီ ၊ သူငယ်ချင်းဆက်ဆံရေးရှိတဲ့လူတစ်ယောက်ပဲကို ၊

 á€’ဍပ္မဲအ သူငယ်ချင်းတွေက နှုတ်ခမ်းဖျားတွေပေါက်ကြတဲ့အထိ နမ်းကြလို့လား

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 11:26


" ဘာလို့ငိုနေတာလဲ ငိုစရာပါသွားတာလား မငိုနဲ့တော့ တိတ်ပါဗျာ ကျွန်တော်ဘာပြောမိလို့လည်း " 

ဟီဆွန်းက ရှိူက်ကြီးတငင်ငိုနေတာကိုကြည့်ပြီး ဆောင်းဟွန်းလဲ အံ့ဩသွားခဲ့ပေမယ့် ဘာမှမပြောနိုင်တော့ ။

ကိုယ့်မှာဒဏ်ရာတွေရှိတယ် အဲ့တာတွေအကြောင်းကို‌မင်းကိုပဲပြောပြဖြစ်ခဲ့တာ ၊ ကိုယ့်ရဲ့ဒဏ်ရာတွေအတွက် Plaster လေး ဖြစ်လာပေးရင်သိပ်ကောင်းမယ် ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 11:26


- Part 2 -

ခုဆို 2 နှစ်တောင် အခန်းတွင်းထဲအောင်းနေခဲ့ပြီးပြီဖြစ်သည် ။

" ကိုယ် ခရီးထွက်မို့ ကုမ္ပဏီကိစ္စ မင်းကိုပဲအပ်ခဲ့မယ်နော် " 

ဂျူံဆောင်း၏ပုခုံလေးကိုအသာအယာပုတ်ပြလိုက်ပြီးပြောလိုက်သည့် စကားတစ်ခွန်းကြောင့် ဂျူံ‌ဆောင်း ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည် ။


ဂျပန်နိုင်ငံရဲ့ တိုကျိူကအရမ်းလှတာပဲ ။

တိုင်းတပါးသားဖြစ်ပေမယ့်လည်း ယခင်က အလုပ်ကိစ္စကြောင့် ခဏခဏရောက်ဖူးသည့် ဟီဆွန်းအတွက် ဒါတွေက မထူးဆန်းပေ ။

လေယာဉ်စိုက်သည်နဲ့ ဖုန်းနံပတ်လေးတစ်ခုရှိရာသို့ လက်လေးတွေက တတောက်တောက်နှိပ်မြဲ ။

" ဆောနူး အော်န် အစ်ကို ရောက်နေပြီ လာကြိုတော့လေ " 

ဟီဆွန်း၏ လုပ်ဖော်ကိုင်ဖက်ညီလေးတစ်ဖြစ်လဲ ညီအရင်းလိုပင် သဘောထားရသည့် ဆောနူးကို ဖုန်းဆက်ခေါ်လိုက်ပြီး အနီးအနားရှိ ကော်ဖီဆိုင်တွင်ဝင်ထိုင်နေလိုက်သည် ။

" ဟီဆွန်းဟျောင်း "

" အော် ဆောနူး ကိုယ် ဒီမှာ "

" အရမ်းကြာသွားလားဟင် " 

" မကြာပါဘူး ကိုယ်လဲခုတင် တစ်ခွက်သောက်ပြီးတာ " 

" ဒါဆိုကားပေါ်တက်လေ ဟျောင်းအတွက်ဟိုတယ်ခေါ်သွားပေးမယ် ကျွန်တော်အကုန်ပြင်ပေးပြီးပြီ နားလိုက်ပေါ့ "

ဆောနူးက သိပ်ကိုအားကိုးရသည်မို့ ဟီဆွန်းကလဲ သူရှိရာ ဂျပန်ကိုရွေးလိုက်ခြင်းပင် ။

" Arigato Gosaimez " 

Counter က ဂျပန်မလေးဆီကနေ အခန်းသော့ယူပြီးတာနဲ့ သော့ကိုဟီဆွန်းလက်ထဲပေးလိုက်ပြီး ဓာတ်လှေကားရှိရာသို့ခေါ်ဆောင်သွားတော့သည် ။

" ဟျောင်း နားလိုက်တော့နော် ကျွန်တော် အလုပ်ကိစ္စလေးရှိလို့ ပြန်နှင့်မယ် "

" ဟုတ်ပါပြီ ကျေးဇူးနော် ဆောနူး "

" ရပါတယ်ဗျာ အချင်းချင်းပဲကို "

ဆောနူးက ပါလာတဲ့ကားလေးနဲ့ မောင်းထွက်သွားပြီး များမကြာမီအချိန်အတွင်း ဟီဆွန်းလဲ ရေချိုးဖို့ရာစတင်လုပ်တော့သည် ။

" ဟိုင်း " 

ထိုစဉ်‌အနောက်ကကြားလိုက်သည့်စကားတစ်ခွန်း ။

လှည့်ကြည့်လိုက်ပြီး  

" ဟုတ်ကဲ့ ? "

" ခများက ဟီဆွန်းမလားဟင် " 

" ဟုတ်ပါတယ် ဒါနဲ့မင်းက ... "

ထို လေသံဖျော့ဖျော့လေးဖြင့်လူသားက ကဒ်လေးတကဒ်ကိုကိုင်ပြလိုက်ပြီး ဟီဆွန်းဆီသို့ပြန်ပေးလိုက်သည် ။

" ကိုရီးယားလူမျိူးထင်ပါရဲ့ ကျွန်တော်က ဆောင်းဟွန်း  ပတ်ခ်ဆောင်းဟွန်း "

ဘယ်သူထင်မှာလည်း အမှတ်တမဲ့တွေ့‌ဆုံခဲ့တာဆိုမယ့် အမှောင်ကျနေတဲ့ ဟီဆွန်းရဲ့ဘဝအတွက်နေရောင်ခြည်လေးဖြစ်လာလိမ့်မယ်လို့ 

" ဪ တွေ့ရတာဝမ်းသာပါတယ် "

" ထပ်တူပါပဲ " 

ပြောချင်တာပြောပြီး ထွက်သွားပေမယ့် ဟီဆွန်းအတွက်ကစိတ်ခုနေစရာဖြစ်ခဲ့သည် 
 á€˜á€šá€şá€œá€­á€Żá€œá€°á€™á€ťá€­á€°á€¸á€€ ယဉ်ကျေးမှုမရှိ ထပ်တူပါပဲ လို့သုံးလို့လည်း ...

ဂျပန်ရဲ့ ဖူဂျီတောင်ကအရမ်းလှတာဆိုပြီးလည်းနာမည်ကြီးသည်မို့ ဟီဆွန်းက လည်ပတ်ဖို့စီစဉ်မိသွားသည် ။

လက်ဖက်ရည်ဆိုင်မှာ ခဏတဖြုတ်ဝင်သောက်ရင်း အမှတ်မထင်ပြန်တွေ့ရပြန်ပြီပဲ ၊ 

" ဪ့ ဟီဆွန်း "

ဟ့ ဒီကောင်ကလေး တယ်ခက်ပါရောလား သူ့ထပ်အသက်ကြီးတာကို ဟီဆွန်းတဲ့ မရိုင်းလွန်းဘူးလား 

" အာ .. ဟိုင်း "

ဆောင်းဟွန်းကဟီဆွန်းခုံဆီအမြန်လာထိုင်ပြီး ကော်တီတခွက်မှာလိုက်သည် ။

" ဟို ကျွန်တော့်ထပ်အသက်ကြီးတယ်မလားဟင် ? "

" ဒါပေါ့ "

ဟီဆွန်းကလဲ ထိုစကားမမေးလာခင်တည်းကဖြေချင်နေသည့်ပုံ

" အဲ့တော့ အကိုပေါ့ "

ခက်ပြီ ၊ ဟျောင်းလို့ခေါ်လဲရတာပဲ ဘာလို့ အကိုလဲ ?

" သဘောပါ ကြိုက်သ‌လိုခေါ် " 

" ကျွန်တော်နဲ့ခင်ပြီမို့ ရင်းရင်းနှီးနှီးဆက်ဆံကြတာပေါ့ " 

ဂျပန်ကိုရောက်နေတာလဲ နှစ်ပတ်ကျော်ကြာနေပြီမို့ ဟီဆွန်းအဖို့နှံ့နှံ့စပ်စပ်သိနေပြီးဖြစ်သည် ။ ဒါပေါ့ အဲ့ကောင်ကလေးအကြောင်းကိုကော ...

" အကိုဟီဆွန်း ကျွန်တော်နဲ့လမ်းလျှောက်ထွက်ကြမလား " 

ညနေစောင်းတစ်ခုတွင် ဟီဆွန်းအားမှောင်ရိပ်ထဲကတဆင့်အော်လိုက်သည့် အရိပ်အယောင်လေးတစ်ခု ။ 

" အွန်း "

ဟီဆွန်းကကော ဘာလို့ ဒီကောင်လေးစကားဆိုမလွန်မဆန်နိုင်ဖြစ်နေရတာလဲ ဘာလို့ ဒီကောင်ကလေးနဲ့အတူတူရှိနေရချိန်ဆိုအရာအားလုံးကိုမေ့ထားနေနိုင်ရတာလဲ ။ 

" စကားလေးဘာလေးပြောလေ အကို့အကြောင်းပြောပြ "

" စပ်စုတယ် " 

အစမရှိအဆုံးမရှိ စပ်စုတယ်တဲ့ အံ့ဩမိပါရဲ့ ဒီစကားကဘယ်သူ့ကိုပြောတာလဲဆိုတာ ဆောင်းဟွန်း သိသည် ။ 

" မစပ်စုပါဘူး သိချင်လို့လေ " 

ဟီဆွန်းက သူ့အကြောင်းတွေပုံမှန်ဆိုမပြောတတ်ပေမယ့် ဒီကောင်လေးကိုတော့ ပြောပြချင်မိသည် ။

" အွန်း "

" ကိုယ်က ကိုရီးယားက လုပ်ငန်းရှင်တစ်ယောက် ၊ ကိုယ့်မှာ ငွေလဲရှိတယ် အာဏာလဲရှိတယ် အကုန်ရှိတယ် မရှိတာကတော့ အချစ်စစ်အချစ်မှန်ပါပဲ ၊ ကိုယ့်မေမေကပြောဖူးတယ် ကိုယ်သဘောကျတဲ့အရာတွေကို မထွက်သွားစေချင်ရင် ကိုယ်ကကောင်းကောင်းဆက်ဆံပေးရမယ် တဲ့  ၊ ကိုယ်ကအဲ့လိုဆက်ဆံပေးပါလျက်နဲ့ကော သူတို့က ကိုယ်နဲ့အတူတူမနေကြရင် ကိုယ် ဘာလုပ်သင့်လဲ "

ဆောင်းဟွန်း က ခဏမျှငြိမ်နေလိုက်ပြီးမှ

"အဲ့တာက‌ အတိုးအလျှော့လိုအပ်လို့‌ အဲ့လိုဆိုတိုင်းလဲ ကိုယ့်‌ဆီကထွက်သွားချင်တဲ့လူတိုင်းက မထွက်သွားမှာမှမဟုတ်ပဲ ၊ ကိုယ့်ဆီမှာနေတယ်ဆိုတာကလဲ သူတို့လိုချင်တာရှိလို့နေနေတာမျိူးပေါ့ ၊ တခါတလေမှာအဲ့တာကခံရခက်ပေမယ့် တခါတရံကျတော့လည်း မျှတတယ်လို့မြင်မိနေတတ်ပါတယ် ကြည့်ရတာ အကိုဟီဆွန်း ... " 

နောက်မှရပ်နေခဲ့ပြီး မျက်နှာပေါ်လက်ဝါးအုပ်မိုးကာငိုနေသည့် ဟီဆွန်းအား ဆောင်းဟွန်းမြင်ပြီး လန့်သွားသည် ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 10:17


ထပ်ပြောလာပြန်တဲ့ အဲ့စကား ၊ ဟီဆွန်းဘယ်လောက်မုန်းလဲ ဂျယ်ယွန်းသိသားနှင့် ပြောပြန်ပြီ ။

" က်ိုယ် ဘာလုပ်မိလို့လဲ  "

" ဒီတိုင်းပဲ မပတ်သတ်ချင်တော့ဘူး "

" ကိုယ် ဘာမှားသွားလို့လဲဟင်၊ ကိုယ်ဘာလုပ်မိလို့လဲ ကိုယ် မင်းမကြိုက်တာလဲတစ်ခုမှမလုပ်ဘူးလေ မင်းမကြိုက်ဘူးဆိုလို့ နိုင်ငံခြားက အသိတွေကိုတောင် မဆက်သွယ်တော့ဘူး ၊  ကိုယ့်ရဲ့မိသားစုကိုလဲကိုယ်မဆက်သွယ်ဘူးလေ ကိုယ် ... " 

" ပါးစပ်ပိတ်ထားစမ်းပါ ခများ "

" ... " 


ဟီဆွန်းက ဂျယ်ယွန်းမရှိတော့လျင် အသက်သေနိုင်သည် ။

ဂျယ်ယွန်းအတွက်နဲ့တင် သူ့အတွက်ခေါင်းတိုးငိုစရာရင်ခွင်မရှိလောက်တော့တဲ့အထိတိုင်အောင် လူရင်းလူယုံမှန်သမျှကိုလဲ အဝေးရောက်အောင်ပုတ်ထုတ်ပေးခဲ့ပြီးပြီးဖြစ်သည်။  

" ကိုယ့်စကားကိုနားထောင်ပါဦး ဂျယ်ယွန်း ကိုယ်လေ ကိုယ့်မှာမင်းကလွဲဘယ်သူမှမရှိတော့တာမို့ ကိုယ့်ကိုပစ်မချခဲ့ပါနဲ့လား ဂျယ်ယွန်းရယ် ကိုယ် ဘာလုပ်ပေးရမလဲဟင် ကိုယ်တခုခုလုပ်ပေးနိုင်မလားဟင် ကိုယ်တို့ပြန်စကြမယ်လေ " 

ခရီးဆောင်အိတ်ကိုအိမ်အပြင်ထုတ်ဆွဲလာခဲ့တဲ့ ဂျယ်ယွန်းအား ဟီဆွန်းမျက်ရည်အဝဲသားနှင့် ထွက်မသွားဖို့တားနေခဲ့မိသည် ။ စင်စစ်မှာ ဂျယ်ယွန်းက ဟီဆွန်းမရှိလဲဖြစ်သည် ။ အခုဆို ဟီဆွန်းဆီက ဘဏ်အကောင့် ၊ ကိုယ်ပိုင်ကျွန်း ၊ အိမ်ရာတွေပါရပြီးပြီမို့ ... ။

" ခများပဲ ပြန်စနေလိုက်ပါ ၊ ခများက ဘာတွေများစွန့်လွှတ်ခဲ့ရလို့ ဒီစကားတွေပြောနေတာလည်း " 

ဖြစ်စဉ်အကုန်လုံးကိုအစအဆုံးမြင်နေရသည့် ဂျူံဆောင်းအတွက်တော့ ဂျယ်ယွန်းရဲ့ထိုစကားကအမှား‌ဆုံးဆိုတာကိုသိသည်မို့ ရုတ်ချည်းပင် မျက်နှာကိုပြေးထိုးလိုက်သည် ။

" မင်းရဲ့ ရွံစရာပါးစပ်ကနေ ဒီလိုမျိူးခွေးတောင်မပြောတဲ့စကားတွေကိုထပ်မပြောနဲ့ ရှင်းမ်ဂျယ်ယွန်း ၊ မင်းကြောင့် ဟျောင်းအကုန်စွန့်လွှတ်ခဲ့တာ ၊ မင်းမှာက ခေါင်းတိုးငိုစရာရင်ခွင်ကြီးနဲ့ ဟျောင်းမှာကဘာမှမရှိတော့ဘူး မင်းလိုမျိူးရွံစရာကောင်းတဲ့ကောင်မျိူး .. "

ဟီဆွန်းက ဂျူံဆောင်းရဲ့လက်ကိုဆွဲလိုက်ပြီးနောက်ဆုတ်ဖို့ တားလိုက်သည် ။

" ဘာပြောထားလည်း ဝင်မပါနဲ့လို့ ဂျူံဆောင်းရ "

ဂျယ်ယွန်းက ဟက်ခနဲတချက်ရယ်ပြီး

" နောက်ဆုံးအချိန်ထိတောင် ဟီဆွန်းဆိုတဲ့ခများက အရှူံးသမားသာသာပါပဲဗျာ " 

လှောင်သံနှင့်အတူ ကားတစ်စီးပေါ်ပါသွားပြီး ဟီဆွန်းကတော့ ထိုနောက်ကျောပြင်လေးကို ငေးကြည့်လျက် ... ။

တကယ်ထွက်သွားတာပဲ .. 

ဟီဆွန်းက အဲ့နေ့ကစပြီး ဘာမှမစားတော့မသောက်တော့သလို အခန်းထဲမှာပဲ နေနေတတ်တော့သည် ။

ကုမ္ပဏီကိစ္စတွေကိုလည်း ဂျူံဆောင်းကိုလွှဲထားပြီး အခန်းထဲကနေမထွက်တော့ပါ ။

" မင်းသိလား ဂျူံဆောင်း ၊ ဘာလို့ ကိုယ်ကပဲအမြဲထားခဲ့ခံနေရတာလဲ "

စကားတစ်ခွန်းဆိုပေမဲ့ ဝမ်းနည်းမှုများမှာ ပြည့်လျှံလျက် .. ။

" ဟျောင်းရယ် အပြင်ထွက်လာပြီး မုန့်လေးစားပါဦးလား ခရီးလေးဘာလေးထွက်ကြည့်ပါ့လားဟင် " 

ဥတုတွေတစ်ခုပြီးတစ်ခုပြောင်းလဲသွားသောလည်း ဒဏ်ရာမှာမပျောက်သေးသည်မို့ ..

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 10:17


- Part 1 - 

အမှောင်ကျနေခဲ့သော လူတစ်ဦး၏ ဘဝထဲကို 
အမှတ်မထင်ဝင်ရောက်လာခဲ့တဲ့ ထိုလူသား  ။

" ကျွန်တော်က ဆောင်းဟွန်းလေ " 

လူသားတစ်ယောက်ရဲ့အသံက ဒီလောက်နူးညံ့နေစရာလိုလို့လား ?

" ဟီဆွန်း ဟုတ်ပါတယ်နော် ? " 

" ဟုတ်ပါတယ် ဒါနဲ့ မင်းက ? " 

အဲ့နေ့က အရာအားလုံး စ ခဲ့တာနဲ့တူပါရဲ့ ..

အီဟီဆွန်း ဆိုသည်မှာ နယ်နယ်ရရစီးပွားရေးပညာရှင်တော့ မဟုတ် ၊ သူ့ရဲ့တွေးခေါ်ကြံတတ်မှုတွေကြောင့် ပြည်တွင်းမှာတင်မဟုတ် ပြည်ပအထိ နာမည်ကြီးသော လူတစ်ဦး ပင် ။

" ကိုယ်တောင်းပန်ပါတယ် ရှင်းဂျိတ်ခ်ရာ ၊ ကိုယ့်ကိုတကယ်ပဲ ထားသွားတော့မလို့လား ၊ "

တစ်ဖက်တွင်လည်း အီဟီဆွန်း၏ရည်းစားဖြစ်သူ ရှင်းဂျိတ်ခ်၏ ခြယ်လှယ်မှုကို နာကျင်စွာခံစားနေရသူတဖြစ်လဲ သူ့အတွက်တော့ ဘဝကြီးဟာ ရှင်သန်နေရတာအဓိပ္ပာယ်မရှိသလိုပင် ။

အီဟီဆွန်း၏ ငယ်ဘဝမှာတည်းက အမေနဲ့အဖေကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် တခါတရံမှာ ယောင်္ကျားတစ်ယောက်ဖြစ်ပြီး ငိုနေတတ်တာကိုလည်း အပြစ်တင်လို့မရဘူး မဟုတ်လား ?

" ကိုယ့်ကိုထားမသွားပါနဲ့ ကိုယ်ကပဲမှားတာမို့ ကိုယ်ကတောင်းပန်ပါတယ် ဂျယ်ယွန်းရယ် ကျေးဇူးပြုပြီး လမ်းခွဲမယ်ဆိုတဲ့စကားကိုတော့မပြောပါနဲ့နော် "

စီးပွားရေးနှင့်ပတ်သတ်လာလျင် စွမ်းစွမ်းတမံကြံဆောင်တတ်ပေမယ့် အချစ်ရေးတွင်တော့ ဟီဆွန်းတို့အတွက်ကောင်းကွက်ဆိုတာတစ်ကွက်မှမရှိပါ ၊  သို့သော် ရှင်းဂျိတ်ခ်ကိုတော့ သူ ချစ်သည် ။ သူအရမ်းသဘောကျသည်မို့ ဒူးထောက်အရှူံးပေးစမြဲပင် ။

" ဟီဆွန်းကအလကားပါကွာ ၊ စီးပွားရေးပဲလုပ်တတ်တာ ငါ့အတွက်ဆို ဘာမှမလုပ်ပေးနိုင်ပါဘူး "

ဂျူံဆောင်းတို့နှင့်ပါတီတက်နေတုန်းက ခဏသောက်ကြရင်း ဂျယ်ယွန်းပါးစပ်ကထွက်လာသည့်စကားတစ်ခွန်း ။

ဂျယ်ယွန်း စကားမမှန်ကြောင်းကိုလည်း ဂျူံဆောင်းသိသည်။ ဒီသကောင့်သားက ဟီဆွန်းဆီကအကုန်ရနေတာကိုဘာတွေများထပ်လိုနေ‌ချင်သေးတာလဲ ? ။  ဂုဏ် ‌၊ ငွေ ၊ အာဏာ ၊ အချစ် အကုန်လုံးကို သူ့ဆီမှာအပ်နှင်းထားတာကို ဒီလိုစကားမျိူးလက်လွတ်စပယ်မပြောသင့်ဘူးထင်ပါရဲ့ ။ 

" အဲ့လိုတော့မပြောပါနဲ့ ဟျောင်းက သူတတ်နိုင်တာမှန်သမျှတော့ မင်းကိုပေးပါတယ်ကွာ သူအကုန်တတ်နိုင်နေတော့လဲ အကုန်ပေးနေတာပဲမဟုတ်ဘူးလား " 

" ငါကတော့ ဟီဆွန်းဆိုတဲ့လူကြီးကိုမချစ်ဘူးရော် ၊ မချစ်ခဲ့ဘူး ဒီတိုင်း အသုံးချချင်လို့ ၊ မင်းသိလား အဲ့ဟီဆွန်းဆိုတဲ့ဘဲကြီး ငါ့ဖက်ကနေပြတ်မယ်ပြောတိုင်း ငိုယိုပြီးတောင်းပန်တဲ့ပုံစံကိုမင်းမြင်စေချင်တယ် ၊ အရမ်းရယ်ရတာပါဆိုကွာ " 

ဂျူံဆောင်းက မျက်စောင်းတစ်ချက်ပဲကြည့်လိုက်ပြီး  ဘာမှဆက်မပြောတော့ချေ ။ အင်း ... ဟီဆွန်းကဘယ်လိုဝဍ်မျိူးကိုခံစားနေရတာလည်း ... 

" လာ သွားရအောင် ကိုယ် လာခေါ်ပြီလေ ဂျယ်ယွန်း ပြန်ကြရအောင်ပါ " 

ဟီဆွန်းကိုယ်တိုင် ဂျယ်ယွန်းကို ဘားအထိ အောက်ကျနောက်ကျခံပြီးလိုက်ခေါ်လည်း 
ဂျယ်ယွန်းကမပြန် ။ အဲ့တာအစား ဟီဆွန်းကို လူရှေ့တင်ထပ်ပြီးအရှက်ခွဲလိုက်ပြန်သည် ။

" ကျွန်တော့်ကို ဒူးထောက်ပြီးတောင်းပန်ရင် ကျွန်တော်ပြန်လိုက်မယ် " 

ဂျူံဆောင်းက ဂျယ်ယွန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အံကြိတ်လိုက်သည် ။

" မင်း လွန်နေပြီ ဂျယ်ယွန်း လူရှေ့မှာလေကွာ " 

" မင်း .. အသာနေပါ "

ဂျူံဆောင်းရဲ့လက်ကိုခါထုတ်လိုက်ပြီး ဟီဆွန်းဆီကိုတချက်လှည့်ကြည့်လိုက်သည် ။

" အခုထိဒူးမထောက်သေးဘူးဆိုတော့ မပြန်စေချင်လို့ပေါ့ " 

ဟီဆွန်းက သူဝတ်ထားတဲ့ အနက်ရောင် Leather Coat အရှည်ကြီးကိုချွတ်လိုက်ပြီး ချက်ချင်းပဲ ဂျယ်ယွန်းရှေ့မှာ ဒူးထောက်လိုက်သည် ။

ဂျယ်ယွန်းကရယ်နေပြီး လက်ထဲက ဝိုင်ကိုမော့လိုက်ရင်း 

" မပြောင်းလဲသေးဘူးပဲ ၊ ခများက အရှူံးသမားပါပဲ " 

ဂျူံဆောင်းက စုတ်တစ်ချက်သပ်လိုက်ပြီး ဂျယ်ယွန်းကို ကားပေါ်ခေါ်တင်သွားတော့သည် ၊ သူတို့နှစ်ယောက်နောက်မှ ဟီဆွန်းလဲ ထပ်ကြပ်မကွာလိုက်လာရင်း ...  ။

" ဟျောင်း သူ့ကိုအရမ်းအလျှော့ပေးလွန်းတယ်လို့ ကျွန်တော်ထင်တယ် "

တိတ်ဆိတ်နေသည့်အနောက်ခန်းထဲမှ ထွက်လာသော လေသံ ။

" ဂျယ်ယွန်းက ဟျောင်းမို့လို့မကောင်းတာ ဟျောင်းသိရဲ့သားနဲ့ ပြတ်လိုက်ပါတော့လား " 

" နောက်ခါအဲ့ပြတ်လိုက်ပါတော့လားဆိုတဲ့စကားကိုထပ်မပြောမိစေနဲ့ ပတ်ခ်ဂျူံဆောင်း ၊ ငါက ဂျယ်ယွန်းမို့ အကုန်သည်းခံနေတာ "

ဂျူံဆောင်းက ကားပြတင်းပေါက်အပြင်ဖက်ကိုငေးလိုက်ပြီးမှ

" ဒါကအချစ်မှမဟုတ်တာ သည်းခံပေးနေတာဆိုပြီး 6 နှစ်ကျော်နေပြီမလား "

ဟီဆွန်းကဂျူံဆောင်းကိုတစ်ချက်လှမ်းကြည့်ပြီး လုပ်လက်စ အလုပ်ကိုပဲဆက်လုပ်နေလိုက်သည် ။

" အင်း .. ဂျယ်ယွန်းကို ကိုယ်သိပ်ချစ်တာမို့ ကိုယ် ဒူးထောက်ထားတာ ၊ ဂျယ်ယွန်းသာ ဘယ်မှမသွားပဲ ကိုယ့်အနားမှာနေပေးမယ် ကိုယ့်ကိုလွှတ်မချလိုက်ဘူးဆိုရင် ကိုယ် ဘာပဲလုပ်ရလုပ်ရ .. " 

ဂျယ်ယွန်းအတွက်တော့ ဟီဆွန်းက အရုပ်လေးတစ်ရုပ်သာသာ ၊ သူလိုအပ်လာရင် ကိုကို ဆိုတဲ့စကားလုံးလေးကိုသုံးပြီး မလိုအပ်တော့ရင် ရင်ဘက်အစုံကိုနင်းကန်ပြီး ထွက်သွားမယ် တကဲကဲပြောမည်။ 

ဟီဆွန်းကတော့ ကိုယ်သဘောကျတဲ့အရာတွေကို မထွက်သွားစေချင်ရင် ကိုယ်ကကောင်းကောင်းဆက်ဆံပေးရမည် ဟူသောစကားကိုသာ တဖက်ပိတ်ကြီးဖြင့် ‌မြေဝယ်မကျ လိုက်နာသည် ။

ဒီသံသရာနဲ့တင် ဟီဆွန်းဆီမှာဒဏ်ရာဒဏ်ချက်တွေဟာ များပြားလျက် ၊ တစ်ခုသာရှိသည် ဒီဒဏ်ရာတွေအတွက် ဆေးမရှိသလို အပြင်လူလဲမမြင်နိုင်ပါ ။ 

" လမ်းခွဲကြမယ် "

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 09:30


တော်ပြီအေ Heehoon ရေးပြီးသားမတင်တော့ဘူး ပျင်းသွားပြီ ရီအက်မရမှာနဲ့အတူတူတော့ မတင်ဘူး

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

11 Nov, 09:10


https://youtu.be/rDolt3jJRsM


Let's Gaurrr !!!

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

10 Nov, 09:16


𝗦𝗻𝗶𝗽𝗲𝗿 , 𝗪𝗶𝗳𝗲𝘆


• 𝖧𝖾𝖾𝖧𝗈𝗈𝗇 𝗆𝖺𝗍𝖼𝗁𝗂𝗇𝗀 𝗉𝖿𝗉 •


ᴄʀᴇᴀᴛᴇᴅ ʙʏ ℱᴜᴊɪᴡᴀʀᴀ ᴢᴇʟ


: 𝐑𝐨𝐦𝐚𝐧𝐜𝐞 𝐄𝐦𝐩𝐞𝐫𝐨𝐫 𝐨𝐟 𝐄𝐧𝐡𝐲𝐩𝐞𝐧

#HeeHoon ••

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

09 Nov, 14:39


• https://t.me/flamingopinkuz/4 •

ရှေ့လျှောက် ဇယ်လ်ရေးမယ့် fiction နဲ့ပတ်သတ်တာလေးတွေ ၊ အကြံလေးတွေကို အဲ့ချန်နယ်မှာတင်ဖြစ်မှာမို့ သဘောကျရင် ဂျွိူင်းထားလို့ရပါတယ် , Don't forget to react ! ㅠㅠ

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

09 Nov, 11:40


ဒါကို စာမေးပွဲပြီးမှ ဇာတ်သိမ်းအထိအပြီးရေးပေးတော့မယ်နော် ခုတော့ မရေးတော့ပဲ စာလုပ်မှာမို့ Break a leg for me HeeeHee ><

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

09 Nov, 09:21


`` 🖇️🫧


  ĘŹĘŹ ┄─┄─ Ö¸ Öš ⋆ ࣪. ᧔᨟᧓ ፝֟ ˖ Öš  Ö¸   ┄─┄─ ĘŹĘŹ




♡₊˚ 𝐒𝐭𝐢𝐜𝐤𝐞𝐫 𝐧𝐚𝐦𝐞
#Jake 🌷

♡₊˚ 𝐓𝐲𝐩𝐞
#Cute 🎀

♡₊˚ 𝐌𝐚𝐝𝐞 𝐛𝐲
#𝐙ᴇʟ 🍓

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

09 Nov, 07:43


𝗖𝗶𝗻𝗻𝗮𝗺𝗼𝗻 𝗚𝗶𝗿𝗹


: 𝖧𝖾𝖾𝖧𝗈𝗈𝗇

: 𝖥𝗎𝗃𝗂𝗐𝖺𝗋𝖺𝖹𝖾𝗅

𝗅𝗂𝗄𝖾 𝗉𝗅𝗌 - [ https://vt.tiktok.com/ZSjSgKBqq/ ]


#HeeHoon #Edit

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

09 Nov, 04:50


𝖠𝗅𝗅 𝖺𝖻𝗈𝗎𝗍 𝗆𝖾 ♡︎

☆ 𝖣𝖺𝗂𝗅𝗒
☆ 𝖤𝗇𝗁𝗒𝗉𝖾𝗇'𝗌
☆ 𝖫𝗈𝗏𝖾 𝖲𝗍𝗈𝗋𝗒
☆ 𝖢𝗁𝖺𝗍 𝗐𝗍𝗁 𝗆𝖾

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

09 Nov, 03:27


Heehoon is coming!!! ^^

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

08 Nov, 15:32


Love it or not ? Rate my Writing pls ^^ and thankchuu for 1.5k Engene hope you guys not leave my lil Home 🫶🏻🤍

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

08 Nov, 15:18


ကျွန်တော်မလိမ်ပါဘူး ကိုကို ၊ ကိုကို့ကိုအိပ်မက်ထဲမှာထည့်မမက်တဲ့ညတွေရယ်လို့မရှိပါဘူး ။ ကျွန်တော် သိပ်သဘောကျတဲ့ ကိုကို့ရဲ့ ပုံတူရုပ်ထုလေးတွေက အခု‌ ကျွန်တော့်အခန်းထဲမှာနေရာတိုင်းပဲ ၊ ဟိုးနားက ပင်ကွင်းရုပ်လေးဆို ခရစ္စမတ်တုန်းက ကိုကိုနဲ့ ကျွန်တော် စကိတ်ကွင်းသွားရင်ရခဲ့တာလေး ၊ ကိုကိုနဲ့တူတာမို့လေ ကျွန်တော်ကတော့ သိပ်သဘောကျတာပဲ  ။

ကိုကို့ကို ကျွန်တော်က သိပ်လွမ်းနေတာကိုကိုရဲ့ ၊ ကိုကို့ရဲ့ အသားအရောင်နဲ့လိုက်မယ့် အကျီတွေကို ကျွန်တော်မှရှာမရွေးပေးရင် ဘယ်လိုလူက‌ရွေးပေးနိုင်မှာလဲနော် ၊ ကိုကိုကတခါတလေ ဖျားနာနေရင်ကော ကျွန်တော့်လိုဘယ်သူကဖက်ထားပေးနိုင်မှာလဲ ။

ကျွန်တော်ကြိုက်တဲ့ မြေပဲချိူချဉ်တွေကိုကော ဘယ်သူကဝယ်ကျွေးမှာလဲ ၊ ကျွန်တော်နားမလည်တဲ့ ပုစ္ဆာတွေကိုကော ဘယ်သူကအဖြေထုတ်ပေးမှာလဲ ။ ပြီးတော့ ဒီနှစ်ဆောင်းတွင်းကိုကော ကိုကိုမရှိပဲ ဘယ်လိုဖြတ်သန်းရမှာလဲ ...

" ကိုကိုသိလား "

" ဘာကိုလဲ ကလေးလေးရဲ့ "

" ကိုကိုခုတလောအရမ်းဖျားနေတာလေ အဲ့တာ ဘာလို့လဲဆိုတာကျွန်တော်သိပြီထင်တယ် ၊ ကိုကိုအဲ့တာကိုသိလား "

ကင်ဆာနဲ့မို့ အသက်ရှင်ဖို့ ၃ လသာကျန်တော့တဲ့ ဆောင်းဟွန်းအဖို့ လက်ရှိသက်တမ်းမှာ ဆောနူးနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေနေရခြင်းသည်သာ နိဗ္ဗာန် ။

" မသိဘူးလေ ကလေးလေး ပြောကြည့်ပါဦး "

" အဲ့တာ ကျွန်တော့်ကိုမြေပဲချိူချဉ်ဝယ်မကျွေးလို့ပဲ "

ဆောင်းဟွန်းက ဟက်ခနဲထရယ်လိုက်ပြီး ဆောနူးရဲ့နှာခေါင်းလေးကိုညှစ်ကာ

" အမယ် ဟိုတရက်ကပဲ ကိုကိုအထုပ်လိုက်ဝယ်ပေးထားတယ်မို့လား ကလေးလေးရဲ့ အများကြီးစားရင်ချောင်းဆိုးမှာပေါ့ "

ဆောနူးက ‌အကြည့်စူးစူးတစ်ချက်ပေးလိုက်ပြီး စတင် ငိုတော့သည် ။

" ကိုကိုက ကျွန်တော့်ကိုမချစ်‌တော့လို့ မြေပဲချိူချဉ်ဝယ်မကျွေးတော့တာလား ကိုကိုက ကျွန်တော့်ကိုမချစ်တော့ဖူးလားဟင် ကျွန်တော့်ကိုမချစ်တော့ဖူးပေါ့ ကိုကို "

" ဟော ငိုပြန်ပြီ မငိုပါနဲ့ တိတ်ပါ ၊ ကိုကိုကဝယ်ကျွေးမှာပါ ကိုကိုကသတိရမိလို့ပြောတာပါ ကလေးလေးရာ မငိုပါနဲ့နော် "

ဒီလောက်အငိုသန်တဲ့ကလေး ၊ ကိုယ်သာမရှိတော့ရင် မင်း ဘယ်လိုများရှင်သန်မှာလည်း ...


" ဆောင်းဟွန်း ဆေးရုံတက်ရလို့ ကင်မ်ဆောနူး အဲ့တာ ငါတို့မင်းကိုဖုန်းဆက်တာ "


ဆောနူးရဲ့ သူငယ်ချင်းအတွဲတွေတဖြစ်လဲ ဂျူံဆောင်းနဲ့ဂျောင်ဝန်းပြောလို့ ဆောနူး သိရခြင်းသာဖြစ်သည် ။

‌ကုတင်ပေါ်တွင် မျော့မျော့လေးလှဲအိပ်နေသည့် ဆောင်းဟွန်းခမျာ အသက်တောင်မနည်းပြန်လုရှူနေရသလို ။

" ကိုကို ဘာဖြစ်တာလဲ "

ဂျောင်ဝန်းနဲ့ဂျူံဆောင်းကို မပြောပြဖို့မှာထားသည့် ကတိစကားကို သူတို့အတွဲတည်ခဲ့ပါသည် ။

" အပြင်းဖျားတာ အဲ့တာအခြေနေမဟန်လို့ ဆေးရုံတက်ရတာ "

ဆောနူးက အလန့်တကြားဖြစ်နေပြီး လက်သည်းတွေကို သွေးထွက်မတတ်ကိုက်နေသည် ။

" ဒီကိုလာဦး ကလေးလေး ကိုကို့ဆီခဏလာပါဦး "

ဆောင်းဟွန်းကကုတင်ပေါ်ကနေ ခေါ်လိုက်ပြီး ဂျောင်ဝန်းနဲ့ဂျူံဆောင်းကလဲအလိုက်တသိအခန်းထဲကနေထွက်သွားသည် ။


" ကိုကိုပြောတာနားထောင် "

" မငိုနဲ့ မငိုရဘူး ကိုကိုက သက်သာသွားမှာပါ မငိုရဘူးနော် မငိုနဲ့တော့နော် "

ဆောနူးရဲ့မျက်ရည်တွေကိုသုတ်ပေးနေပြီး အိတ်ကပ်ထဲက မြေပဲချိူချဉ်လေးကိုပေးလိုက်သည် ။

" ကိုကို့ကို ဖက်ထားရင်အဲ့အဖျားတွေပျောက်သွားမှာလားဟင် "

" ဒါပေါ့ဗျာ လာပါဦး အကြာကြီးဖက်ထားနော် "

ဆောင်းဟွန်းက အသက်ရှင်ဖို့အချိန်မကျန်တော့တာကိုလည်းသိသည် ။ သို့ပေမဲ့ ဆောနူးကိုလဲ သူမထားခဲ့ရက်နိုင် ။

ကျွန်တော်က ကိုကို့ကိုသိပ်ချစ်တာလေ ၊ ကိုကို့အကြောင်းတွေ‌ ကျွန်တော်ကအကုန်သိတယ် ၊ ကိုကိုဘာကြိုက်တတ်လဲ ကိုကိုဘာတွေသဘောကျတတ်လဲကအစကျွန်တော်အကုန်သိတယ် ၊ ကျွန်တော်ကလိုက်မှတ်ထားတာလဲမဟုတ်ပါဘူးနော် သူ့အလိုလိုကိုသိနေတော့တာ ဟီး ။

" ကိုကို ငါ့ဖုန်းကိုမကိုင်ဘူး ဂျောင်ဝန်း အိမ်မှာလဲ ငါမမြင်ခဲ့ဘူး သူဘယ်မှာလဲ "

" ကိုကို့ကိုခေါ်ပေးလို့ "

ဂျောင်ဝန်းက ဆောနူးကို စိတ်အရင်ငြိမ်အောင်ထားဖို့ပြောလိုက်ပြီး နိုင်ငံခြားကိုထွက်သွားကြောင်း လိမ်လည်လိုက်ရသည် ။

အမှန်တော့ ဘယ်တော့မှပြန်လမ်းမရှိတဲ့ ဒီလောကကြီးနဲ့အဝေးဆုံးဖြစ်တဲ့နေရာတစ်ခုခုကိုပေါ့ ...

ဆောနူးမှာ ကမ္ဘာပျက်မတတ်ငိုကြွေးခဲ့ရပြီး အပူအပင်တွေများစွာရှိခဲ့‌တာမို့ အဲ့ဒဏ်တွေကို

" ကိုကိုက ငါ့ကိုပြန်လာခေါ်မှာ " ဆိုတဲ့စကားတစ်ခွန်းနဲ့ကြိတ်မှိတ်ပြီးသည်းခံခဲ့တာ အခုဆို 6 နှစ်တောင်ရှိနေပြီ ...

ဆောနူး ညတိုင်း ကြယ်လေးတွေနဲ့ စကားပြောဖြစ်တယ်

" ကိုကို နေလို့မှကောင်းရဲ့လား ၊ ကိုကို့ကိုဖက်ထားပေးမယ့်ကျွန်တော်မရှိတော့ အဖျားဖြစ်ရင်ကော ပျောက်ပါ့မလား " တဲ့လေ ... ။


• Blurry Love
• SunSun
• Zel Valentine

#SunSun #Oneshot #Fiction

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

08 Nov, 15:17


" ရုပ်ထုလေးတစ်ခုက ဘာလို့ ဆောနူးအတွက်အဲ့လောက်အရေးကြီးနေရတာလဲ ဒီကိုပေးစမ်းပါဗျာ "

ပြောပြောဆိုဆိုနဲ့ပင် ‌တယုတယသိမ်းထားခဲ့သော ရုပ်ထုလေးနှယ် ကြမ်းပြင်ပေါ်တွင် တစ်စစီကြေမွလျက် ... ။

" ဟီဆွန်း အဲ့လိုမလုပ်ပါနဲ့ "

ဆိုသည့် တားမြစ်စကားကိုလဲ ဆောနူးပြောလိုက်သလားမပြောလိုက်သလား မသေချာ ၊ သို့သော် သူ့ရဲ့နှလုံးသားသည်လည်း ထိုကြေမွနေသောရုပ်ထုလေးနှင့်အတူ ကွဲကြေသွားတာကတော့ သေချာသည် ။

" ကိုကို ကိုကိုနာသွားလားဟင် "

ကျိူးပဲ့ကြေမွသွားသော ရုပ်ထုလေးကို တစ်စစီပြန်လိုက်ကောက်ရင်း ရင်ထဲမှာထွေးပွေ့ထားလိုက်ကာ ပါးစပ်ကနေလဲ မပီမသစကားတွေပြောနေမိသည် ။

" နောက်ခါ ကိုကို့ကို ကျွန်တော်မထားခဲ့တော့ဘူးနော် ကျွန်တော်ဘယ်ကိုပဲသွားသွား ယူသွားပါ့မယ် "

" မင်းရဲ့ကိုကိုက မင်းကိုပစ်သွားခဲ့တာနော် မင်းကိုချစ်ပေးနေတဲ့ ငါ့ကိုလဲ ငဲ့ဦး ကင်မ်ဆောနူး !!! "

အီဟီဆွန်း ဆိုသည်မှာလည်း ဆောနူးကိုချစ်တာမို့ သူ့ဆီကိုတန်ပြန်လာလေ့မရှိတဲ့ မေတ္တာတွေကို အကြမ်းနည်းနဲ့ရရ အနုနည်းရရ လုယူနေတတ်သည့် အရှူံးသမားသာသာဝယ် ။

" ချစ်တာနဲ့ သဘောကျတာ ဘာကွာလဲဟင် ဆောင်းဟွန်းဟျောင်း "

" ချစ်တယ်ဆိုတာကအဲ့လူတစ်ယောက်ကို မတွေ့ရမနေနိုင်တာမျိူး ၊ မမြင်ရမနေနိုင်တာမျိူး ၊ သူဘာလုပ်လုပ်ဘယ်လိုပဲနေနေ သဘောကျနေတတ်တာမျိူး ၊ ညဖက်အိပ်ရင်လည်း သူ့အကြောင်းကိုပဲတွေးနေတာမျိူး ၊ သူ့ကိုမြင်နေရရင်အလိုလိုကိုပျော်နေတာမျိူး စတဲ့ ချိူချိူအီအီခံစားချက်လေးတွေပါမှာပေါ့ မင်းက တယောက်တယောက်ကိုချစ်မိနေလို့လား "

" ဒါဆို ကျွန်တော် ဟျောင်းကိုချစ်တယ်လေ ၊ သဘောကျတာမဟုတ်ပဲ ဆောင်းဟွန်းဟျောင်းပြောတဲ့ အဲ့လိုမျိူးခံစားချက်တွေနဲ့ကိုက်ညီတာမို့ ချစ်တယ် "

ဆောနူးနဲ့ဆောင်းဟွန်း က ကျောင်းတက်ကတည်းက စီနီယာနှင့်ဂျူနီယာဆက်ဆံရေးရှိသည် ။ ပြီးတော့ တခြားကျောင်းသားတွေထက်လည်း နီးနီးကပ်ကပ်နေသည် ။ စင်စစ်မှာ ဆောနူးက ဆောင်းဟွန်းအတွက်မရှိမဖြစ်အရာလေးတစ်ခုလိုပဲမို့ ။

" ဆောနူးရယ် ဒါမျိူးခံစားချက်က မင်းတို့အရွယ်တွေမှာဖြစ်တတ်ပါတယ်ကွာ ၊ ကိုယ်နဲ့ကအနေနီးလို့ခံစားမိတာနေမှာပေါ့ကွ "

ဆောင်းဟွန်းက ဆောနူး သူ့ကိုပုံမှန်အတိုင်းစနောက်နေကြထင်ပြီး ရယ်သံရွှမ်းရွှမ်းဖြင့်ပြောလိုက်ပြီး လသာဆောင်က ကြယ်တွေကိုပဲငေးနေလိုက်သည် ။

" ဒါပေမဲ့ ကျွန်တော်က အဲ့ခံစားချက်တွေကို လေးနှစ်ကြီးများတောင် ခံစားလာရတာလေ ဟျောင်း ကျွန်တော်တို့အတန်းကိုပြန်ဆင်းလာတည်းက ကျွန်တော်ကခံစားလာရတာကို ဘာလို့ ဟျောင်းက ကျွန်တော့်ခံစားချက်တွေကို ပေါ့သေးသေးလိုသဘောထားနေတာလဲ "

ထိုစကားနှင့်အတူ ကပ်ပါလာသော မျက်ရည်တွေဝယ် မျက်နှာအနှံ့ပြန့်လျက်ရှိသည် ။

" မငိုပါနဲ့ မငိုပါနဲ့ ကလေးလေးရာ ၊ ကိုယ်က မင်းနဲ့ပတ်သတ်ရင် ဘာကိုမှပေါ့သေးသေးလိုသဘောမထားဖူးပါဘူး။ ကလေးလေးရာ မငိုပါနဲ့တော့ တိတ်တိတ်နော် မငိုပါနဲ့ တကယ်ပြောတာပါ ကိုယ်ကမင်းနဲ့ပတ်သတ်ရင်ဘာကိုမှပေါ့သေးသေးသဘောမထားဖူးပါဘူး ဆောနူးရယ် "

ဆောင်းဟွန်းခမျာ အပြေးအလွှား အလောတကြီးဖြစ်ပြီး မျက်ရည်တွေကိုသုတ်ပေးရင်း ဇောချွေးတွေတောင်ပြန်သွားသည် ။

လေးနှစ်သာကြာတာ ဒီလိုအငိုလွယ်တတ်တဲ့အကျင့်ကမပျောက်သေးပါ့လား ။

" အဲ့တာဆို ကျွန်တော့်ကို ပြန်ချစ်မှာလားဟင် "

တအီအီနဲ့ရှူံ့နေတဲ့အသံသေးသေးလေးတွေကြားကနေ ထွက်လာခဲ့တဲ့မေးခွန်းတစ်ခုကြောင့် ဆောင်းဟွန်းရဲ့မျက်နှာတွေပင်နီရဲမတတ် ။

" အဲ့တာက ကိုယ်အခုပြောရမှာလား "

" ဆောင်းဟွန်းဟျောင်းကလဲ ၊ လေးနှစ်ကြီးများတောင် ကျွန်တော်ကသဘောကျလာတာလေ ကျွန်တော့်ကိုအားနာသင့်ပြီပေါ့ ခုပဲ ပြောပါနော် "

အိမ််ကို ဘေးတိုက်တူတူလျှောက်ပြန်နေသည့်အနေအထားကနေ ဆောင်းဟွန်းရှေ့ပိတ်ရပ်လိုက်ပြီး အရုပ်မရမချင်း အိမ်မပြန်တော့မည့်ကလေးလိုပြုမူနေလိုက်သည် ။

" ဟုတ်ပါပြီ "

" ဘာဟုတ်ပါပြီလဲ လက်ခံတာလားမခံတာလား လူကိုသေချာပြောလေ မသိရင် ကျွန်တော်ကဓားပြတိုက်နေရသလိုပဲ "

" တကယ်လဲမင်းဓားပြတိုက်‌သလိုမေးနေတာကို "

ဆောနူးက အကြည်ည့်စူးစူးတစ်ချက်ဖြင့် စောင်းကြည့်လိုက်ပြီး နှုတ်ခမ်းပါးကိုအသာအယာဖိကိုက်ထားလိုက်သည် ။

ပုံစံက အဖြေမှ သေချာမပြောရင် အိမ်မပြန်ဟူသည့် ပုံစံ ။

" လက်ခံတယ်လို့ လာတော့ အဲ့နေရာကနေ "

" ဘာပြောလိုက်တာလဲ မကြားလိုက်ဘူး ကိုကို "

သူသေချာပေါက်ကြားတာကို ဒီကလေးကတော့

ဆောင်းဟွန်းက ပြုံးပြလိုက်ပြီး အကျယ်ကြီးလှမ်းအော်လိုက်သည် ။

" ဆောနူးကိုလဲ ဆောင်းဟွန်းကသဘောကျပါတယ်ဗျ့ "

ဆောနူးက မတ်တပ်ရပ်နေသည့်နေရာကနေ အပြေးအလွှားပြေးလာပြီး ဆောင်းဟွန်းလက်ကိုချိတ်ကာ အိမ်ရောက်သည်အထိ လမ်းလျှောက်ပြန်လာခဲ့ကြသည် ။

ကိုကိုနဲ့အတူ ကျွန်တော်လုပ်ဖူးချင်တာတွေရှိတယ် ၊ ကစားကွင်းတူတူသွားမယ် ၊ ကျွန်တော်နဲ့ ကာတွန်းကြည့်ကြမယ် ၊ ကျွန်‌တော်ကြိုက်တဲ့မုန့်တွေဝယ်စားမယ် ။

ဒါပေမဲ့ အဲ့တာတွေက အိပ်မက်တစ်ခုပဲဖြစ်ခဲ့တယ်ထင်ပါရဲ့ ၊ အိပ်မက်ဆိုတာလက်တွေ့မှာတကယ်ဖြစ်မလာနိုင်တာတွေကို စိတ်ကူးယဉ်တာ‌တဲ့လေ ။

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

07 Nov, 07:35


@enhypenzengenes ÂŤ

1.5k ပြည့်ရင် Jake Sticker တင်ပေးပါ့မယ် Engene အသိတွေရှိရင် Share pls !!!

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

07 Nov, 04:39


`` 🖇️🫧


  ĘŹĘŹ ┄─┄─ Ö¸ Öš ⋆ ࣪. ᧔᨟᧓ ፝֟ ˖ Öš  Ö¸   ┄─┄─ ĘŹĘŹ




♡₊˚ 𝐒𝐭𝐢𝐜𝐤𝐞𝐫 𝐧𝐚𝐦𝐞
#Sunoo 🌷

♡₊˚ 𝐓𝐲𝐩𝐞
#Cute 🎀

♡₊˚ 𝐌𝐚𝐝𝐞 𝐛𝐲
#𝐙ᴇʟ 🍓

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

03 Nov, 13:41


@enhypenxengenez ÂŤ Join pls ^^

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

03 Nov, 04:03


Btw Let's gaur to 1.5kkkkk !!! 😭💕

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

03 Nov, 03:14


ဟိုင်း မောနင်း မေးစရာရှိလို့

- Enhypen ot 7 icons
- Couple pfp
- Stickers
- Gif

Only တင်တဲ့ Channel ထောင်ရမလား အိုင်ဒီယာခုတင်ရလာလို့ Comment plzz !! 🐇✨

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

02 Nov, 11:37


ပိုက်ဆံ ?

" ဒါပေါ့ဗျာ အဲ့ပိုက်ဆံဆိုတဲ့အရာမရှိရင် ဘယ်အရာကိုမှမရနိုင်ဘူး "

လေးထောင့်အခန်းဖြူဖြူလေးရဲ့ထောင့်မှာ သောက်လက်စဝိုင်အရက်ကိုသောက်ရင်း ပြောလိုက်တဲ့ စကားတခွန်း ။

‌‌သူပြောလိုက်တဲ့စကားပေါ်မှာ ကျေနပ်နေတဲ့ပုံစံပြပေမယ့် မျက်လုံးအိမ်ထဲက ဆည်ရိုးကျိူးသလို တားဆီးမရတဲ့မျက်ရည်တွေက ဝမ်းနည်းနေကြောင်း ဖော်ပြနေသည် ။

အဲ့နှစ်ကနောက်ဆုံးပဲ

အဲ့နှစ်က တကယ့်အရာအားလုံးရပ်တန့်သွားခဲ့တဲ့ နောက်ဆုံး ... ။

" သိလား နီခီ မင်းရဲ့ရည်းစား လက်ထပ်တော့မယ် "

အစ်ကိုအရင်းတစ်ယောက်လိုလဲခင်ရပြီး အကြံဉာဏ်မှန်သမျှကိုလဲတိုင်ပင်ဖော်ရသည့် ဟီဆွန်းပါးစပ်ကထိုစကားကို နီခီ မယုံရေးချမယုံ ။

" မင်း ဂျပန်မှာ အလုပ်တွေသာကုန်းရုန်းလုပ်နေတာ မင်းရည်းစားကလက်‌ထပ်တော့မှာကွ "

နာသည် ၊ ရင်ထဲနင့်နေအောင်နာသည် ။ နာကျည်းမှုကို မည်သည့်နည်းနဲ့မျှ မပြောပြနိုင်လောက်အောင်အထိ နာသည် ။

" ဗျာ .. အစ်ကို တကယ်လား "

18 နှစ်ပဲရှိသေးသည့် နီခီ့အတွက် ကျောင်းတက်နေရင်း ခလုတ်တိုက်မိခဲ့တဲ့ စီနီယာဆောနူးက သိပ်ကိုသဘောကျချင်စရာကောင်းသည် ။ ရွှေအိုရောင်ဆံပင် ၊ ပြာလဲ့လဲ့မျက်လုံးလေးတွေ အိပ်မက်သာဆိုတကယ်ကိုနိုးမထချင်တော့ပါ ... ။

နီခီက ဆောနူးကိုသိပ်သဘောကျတာမို့ ရည်းစားစကားခဏခဏပြောခဲ့ပေမယ့် ဆောနူးက ငြင်းလဲမငြင်းခဲ့သလို လက်လဲလက်မခံခဲ့ပါ ။ အကြောင်းရင်းမှာ ကျောထောက်နောက်ခံ ငွေ ဆိုတဲ့အရာသာမရှိရင် တစ်လေထဲတောင်အတူတူမရှူနိုင်ဘူး ဆိုတဲ့ ဆောနူးရဲ့အဖေကြောင့် ။

ဆောနူးက ‌နီခီ့ရဲ့ချစ်ခြင်းတွေကိုလက်ခံခဲ့ပေမယ့် ဆောနူးရဲ့အဖေကလက်မခံခဲ့ ။

ထပ်ပြီးငွေကြောင့်ပဲလား ?

ဒါ့ကြောင့် နီခီက ကိုးရီးယားကနေထွက်သွားခဲ့ပြီး ဂျပန်ကို အလုပ်ကိစ္စနဲ့ထွက်သွားခဲ့ခြင်းပင် ။

" အွန်း ... သူ စီအီးအိုပတ်ဆောင်းဟွန်းနဲ့ လက်ထပ်တော့မှာတဲ့ "

နီခီကဖုန်းကိုအသာအယာလေးချလိုက်ပြီး ဘာမှဆက်မစဉ်းစားတော့ပဲ ကိုရီးယားကိုအမြန်ပြန်လာခဲ့ဖို့ဆုံးဖြတ်လိုက်သ‌ည်။

ဆောနူးကိုဖုန်းဆက်ခဲ့ပေမယ့် သူမကိုင်ခဲ့တာမို့ အိမ်အထိကိုလိုက်လာခဲ့လိုက်သည် ။

" ထပ်ပြီးလာမပတ်သတ်ရင်ကောင်းမယ် နီရှီမူရာ ၊ ငါက ဆောင်းဟွန်းရဲ့တရားဝင်ရည်းစားဖြစ်နေပြီမို့ အထင်လွဲမှာမလိုလားဘူး "

နီခီက စိုက်ကြည့်နေခဲ့ပြီး ဒေါသတွေထွက်နေခဲ့ပေမယ့် ဘယ်တတ်နိုင်လေမလဲ ဒါသူ့တက်လမ်းပဲကိုး ...

မဂ်လာဆောင်တဲ့အချိန်တွေအထိ နီခီ တောက်လျှောက်စောင့်ကြည့်ခဲ့သည် ။

ဒါကကျွန်တော်တို့စိတ်ကူးခဲ့တဲ့အိပ်မက်လေးမဟုတ်လား ၊ ဆောနူးမို့ ဒါမျိုးလုပ်ရက်တယ် ... ။

- Love or Money
- Sunki
- Zel Valentine

#Sunki • #One_Shot

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

02 Nov, 09:15


ရွက်လှေ

: 𝓢ᴜɴᴋɪ

: ℱᴜᴊɪᴡᴀʀᴀ ᴢᴇʟ

#Sunki • #Edit

" မိဘချင်းသဘောတူလို့အမှတ်သည်းခြေကြီးပြီး အရိုင်းဆန်တတ်ပေမဲ့ သူ့ကိုတော့အသက်ပါပေးရဲလောက်တဲ့အထိချစ်ရတဲ့ကောင်လေးဖြစ်တဲ့ နီခီ့ကို အဆက်အသွယ်ဖြတ်လိုက်ပြီး CEO ဖြစ်တဲ့ Park Sunghoon ရဲ့ တရားဝင်ရည်းစားဖြစ်သွားခဲ့ရတဲ့ ကင်မ်ဆောနူး "

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

02 Nov, 03:58


ရီအက်အစုံပို့စ်နှစ်ခုလုံးမှာရရင် နောက်ထပ်တစ်ပုဒ်ထပ်တင်မယ် 🫰🏻

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

31 Oct, 02:07


မှားတင်တာ ဟီး

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

30 Oct, 10:52


Reaction need >>>

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

30 Oct, 10:37


𝗟𝘂𝗻𝗰𝗵

: ℋᴇᴇʜᴏᴏɴ

: ғᴜᴊɪᴡᴀʀᴀ ᴢᴇʟ

#HeeHoon • #Edit

Like plz - [ https://vt.tiktok.com/ZSjYHqVUr/ ]

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

30 Oct, 05:00


Guys , Deja-vu သီချင်းနဲ့ အက်ဒစ်ပေးမို့ Sunsun - Heehoon လုပ်လိုက်ရမလား ဘလာဘလာ

° Fiction spoiler :

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

30 Oct, 03:23


Reaction need >>>

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

30 Oct, 03:21


𝗙𝗼𝗿𝘁𝗻𝗶𝗴𝗵𝘁



: ℋᴇᴇᴊᴀᴋᴇ



: 𝐅ᴜᴊɪᴡᴀʀᴀ 𝐙ᴇʟ



#HeeJake • #Edit

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

29 Oct, 06:13


Edit လုပ်ချင်လာလို့ HeeJake ဒါမှမဟုတ် ခေါက်ဆွဲအတွဲ ရွေးပေးကြပါဦး

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

29 Oct, 02:54


တကယ်လဲအက်ဒစ်ပြီးတင်ပေးတော့ ရီအက်လဲမရဘူး ညည်းတို့ စက်မတွေ နဝါးတွေလား ခဏခဏပြောနေလည်းနားမဝင်တာ 🫵🏻

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

29 Oct, 02:46


𝗕𝗮𝗯𝘆 𝗗𝗼𝗹𝗹

: ℋᴇᴇʜᴏᴏɴ

: 𝐙ᴇʟ 𝐕ᴀʟᴇɴᴛɪɴᴇ • ℱᴜᴊɪᴡᴀʀᴀ 𝐙ᴇʟ 🎀🤍


𝗟𝐢𝐤𝐞 𝐩𝐥𝐳 - [ https://vt.tiktok.com/ZSjFj4GeL/ ]

#HeeHoon ~ #Edit ‹🥕

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

28 Oct, 07:05


• https://vt.tiktok.com/ZSjNQmjps/ •

Like and Follow plzz!

Btw ခုလောလောဆယ် ဘယ် Ship နဲ့ Edit ပေးရမလဲ 🩰✨

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

22 Oct, 11:25


• https://www.wattpad.com/1486756381?utm_source=android&utm_medium=link&utm_content=share_published&wp_page=create_on_publish&wp_uname=bambiez_elynn •

ဂိုက်စ်!!! Support me on Wattpad 😭🤏🏻

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

22 Oct, 10:55


𝗔 𝗣 𝗧

: 𝓢ᴜɴᴋɪ

: 𝖹𝖾𝗅 𝖵𝖺𝗅𝖾𝗇𝗍𝗂𝗇𝖾

#Sunki • #Edit

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

21 Oct, 12:55


: ℬʟᴀᴄᴋ ᴄᴀᴛ

: 𝐇𝐞𝐞𝐇𝐨𝐨𝐧𝐊𝐢

: 𝖫𝗂𝗇𝗄 𝖧𝖾𝗋𝖾 «

𝗡𝗲𝗲𝗱 𝗥𝗘𝗔𝗖𝗧𝗜𝗢𝗡𝗦 !!!

𝗪𝗋𝗂𝗍𝗍𝖾𝗇 𝖻𝗒 : 𝖹𝖾𝗅 𝖵𝖺𝗅𝖾𝗇𝗍𝗂𝗇𝖾

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

21 Oct, 07:02


Guys , ရီအက် ခဏခဏတောင်းနေရရင် တကယ်တကယ် ဒီချန်နယ်ကိုဖျက်မှာ 🥺

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

08 Oct, 10:14


@Loverz_rock ÂŤ Join plzzzz

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

28 Sep, 15:34


ဒါကတင်ပေးရမာလား ဖတ်ကြမာလား မဖတ်ကြဘူးလား 🐇

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

28 Sep, 06:34


အူဝါးးးး ဖတ်ကြည့်လိုက်တော့ မရေးပေးချင်တော့ဘူး ဖျက်လိုက်တော့မယ် တကယ်‌ ဆောင်းဟွန်းကြီးစိမ်းချက်ကိုမပြချင်တော့ဘူး မတင်တော့ဘူး ကလေးတို့ 😭

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

26 Sep, 15:42


ဟီးဟွန်းကမတင်ပေးချင်တော့တာပါရှင် စိတ်ပြောင်းသွားပါတယ် ဂျေးဝန်းလေးဖတ်ချင်ရင် အောက်တိုဘာတရက်အထိစောင့်ပါရှင် ဂျေးဟွန်းကတော့ အားရင်အားသလို one shot ရေးပေးပါ့မယ်နော့် HeeJake , Jakehoon & HeeJakehoon ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာလေးရှိလို့ တော်တော်ကြာ‌ကြာလေး Drop ထားပါ့မယ်နော် 🤩

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

26 Sep, 12:48


မဖတ်နဲ့တော့ အောက်တိုဘာတစ်ရက်အထိ ဂျေးဝန်းကိုစောင့်ကြတော့ 😔🫶🏻

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

26 Sep, 12:46


Heehoon ရေးထားတာလေးရှိတယ် ဖတ်ချင်ကြလားဗျိူ့ ~

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 12:46


Jaywon is Coming 🐩

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 12:11


ရီအက်လေးကောပေးလို့ရပါတယ် plot က စဉ်းစားပီးသားမလို့ ပုံလေးလုပ်ပြီးတင်ရုံပါပဲနော် ပြောချင်တာကတော့ ရီအက်ရှင်ပါရှင်

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 12:07


7 နာရီကျ ပိတ်ပါ့မယ် ရွေးခိုင်းတာလေးပဲရွေးပေးကြပါ ။

• HeeYunki
• HeeJake
• Heehoon
• Jaywon
• Yunki
• Sunwon


" ရီအက်မရရင်မတင်ပေးပါဘူး "

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 05:47


အရမ်းတိုသွားခဲ့ရင် မီယန်းနဲလ်ပါ အဟိဟိ ကြိုက်ကြမယ်လို့ထင်ပါတယ်

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 05:37


" ဟာ ဟိုမာ နာမည်ကြီးမော်ဒယ် ကင်မ်ဆောနူး ထွက်လာပြီ "

အလင်းချိန်ကင်မရာအသီးသီး ၊ မိုက်ခ်တွေအသီးသီးနဲ့ ဟောခန်းမကြီးထဲကထွက်လာတဲ့ ‌ဖက်ရှင်လောကမှာနာမည်ကြီး ၊ သရုပ်ဆောင်လောကမှာပါ နာမည်တွင်နေတဲ့ ကင်မ်ဆောနူး ဆီကို အပြေးအလွှားသွားကြတယ် ။


" ဖက်ရှင်လောကရဲ့ စတားတစ်ယောက်အနေနဲ့ ဒီတစ်ခေါက်တက်ရောက်ထားတဲ့ ပွဲကို သဘောကျရဲ့လားဗျ "

" ထပ်ပြီး ဘယ်လိုပွဲတွေမှာပါဖို့ရှ်ိဦးမလဲ ကင်မ်ဆောနူးရှင့် မေးခွန်းလေးတွေဖြေပေးပါဦး "

လုံခြုံရေးတွေကြားထဲ တိုးတိုးကြိတ်ကြိတ်လိုက်မေးနေတဲ့ သတင်းထောက်တွေကို ကင်မ်ဆောနူး တစ်ယောက် စိတ်အနှောင့်အယှက်မဖြစ်ရဘူးဆို လိမ်ရာကျလိမ့်မည် ။

" ‌မေးခွန်းတွေကိုမဖြေနိုင်သေးလို့ မမေးကြပါနဲ့ဦးဗျ တရားဝင်သတင်းစာရှင်းလင်းပွဲလုပ်ပါ့မယ် "

အမဲရောင် BMW ကားကြီးပေါ်ကို ပိုးသားကတ္တီပါဖိနပ်နဲ့ တစ်ဆင့်ချင်းတက်သွားတာမျိူးက တကယ်ကိုနန်းဆန်ပြီး ယောင်္ကျားတယောက်အနေနဲ့ ပြည့်စုံလွန်းလှသည် ။

" အားး ဒီနေ့လဲပင်ပန်းလိုက်တာ အိမ်ရောက်တာနဲ့ ပီဇာလေးမှာပြီး စားရမယ် "

ကားဒရိုင်ဘာ က ‌ကင်မ်ဆောနူးရှိတဲ့ နောက်ဖက်ကထိုင်ခုံပေါ်ကိုလှမ်းကြည့်လိုက်ပြီး

" သခင်လေး ဒီနေ့ည အိမ်မာပဲအိပ်မာလားဗျ "

" အွန်းလေ အရင်ကလိုအပြင်မာမအိပ်တော့ပါဘူး တစ်ယောက်တည်းအိမ်မာဖြစ်နေလည်းအိပ်ရတော့မာပဲ "

" ဟုတ်ကဲ့ပါဗျ "

အိမ်ပြန်ရောက်တာနဲ့တပြိုင်နက် 1980s vibe သီချင်းဖွင့်ပြီး ရေချိူးရင်း နောက်နေ့လုပ်ရမယ့် အစီအစဉ်တွေကို I pad တစ်လုံးနဲ့ ကြည့်နေလေရဲ့ ။

" မှာထားတဲ့ ပီဇာရောက်ပါပြီ "

‌အိမ်အောက်က ဘဲလ်တီးသံကြောင့် ကြည့်နေတဲ့ I pad ကိုခဏထားထားခဲ့ပြီး Towel နဲ့အိမ်အောက်ကိုဆင်းလာခဲ့တယ် ။

" ခဏလေးနော် "

" ဒီမာပါဗျ "

ဘာလို့ ဝတ်ထားတဲ့တီရှပ်ကအမဲရောင်ဖြစ်နေရတာလဲ ၊ ဒါက ပီဇာဆိုင်တွေရဲ့ ဒီဇိုင်းမှမဟုတ်ပဲ ၊ ပြီးတော့ ကားလဲမပါဘူး ၊ ထူးထူးဆန်းဆန်းပါပဲ ။

" ကင်မ်ဆောနူး ဟုတ်ပါတယ်နော် ? "

ဆောနူးက မျက်လုံးအဝိုင်းသားနဲ့ ကြည့်လိုက်မိပြီး

" အာ ... ဘာလုပ်မလို့လဲဗျ "

" ကျွန်တော်က မင်းရဲ့ big fan ပါ ပြီးတော့ မင်းနောက်ကိုတကောက်ကောက်လိုက်နေမှာလေ "

ပြောရင်းဆိုရင်းနဲ့ပင် အိမ်ထဲကိုခြေလှမ်းတွေက ကျော်လွန်လာခဲ့ပြီး ဆောနူးကလဲ နောက်ဖက်ကိုတလှမ်းချင်းဆုတ်သွားတယ် ။

" PAPARAZZI !!! "

ဆောနူးက အသံကျယ်ကြီးနဲ့အော်လိုက်ပြီး လက်ကိုကာထားတယ်

" Arrr မဟုတ်တာပဲ ကိုယ်က Paparazzi ဆိုပေမဲ့ မင်းကိုအခက်တွေ့မယ့်မေးခွန်းတွေ မင်းမကြိုက်တဲ့မေးခွန်းတွေမမေးပါဘူး "

အဲ့တစ်ယောက်က ဘယ်သူမလို့လဲ ၊ ဘာလို့အဲ့လောက်အတင့်ရဲနေတာလဲ ?

" မင်းနာမည်ကဘာလဲ "

" ကိုယ်က နီရှီမူရာရီခီ ၊ အရမ်းရှည်‌လွန်းနေပါ့မယ် မောင် လို့ပဲပြောင်းခေါ် "

" မင်း လွန်လွန်နေပြီလို့မထင်ဘူးလား ပိုင်နက်ကျူးကျော်မှုနဲ့တရားဆွဲမာနော် ရီခီ ! "

" မဟုတ်တာပဲ မောင် လို့ခေါ်ပါဆို "

ဒီတစ်ယောက်က စိတ်မနှံ့ဘူးလား ၊ မောင်ဆိုတာကြီးကိုပဲ‌ဇွတ်ခေါ်ခိုင်းနေတာ ၊ ဘာအထာလဲ ???

" ထွက်သွား ငါ့အိမ်ထဲကနေ "

" ထွက်သွားမှာပါဗျာ ဒါပေမဲ့ မှတ်ထားနော် ကိုယ်က မင်းအနားမှာအမြဲရှိတယ် ၊ မင်းအချစ်ကိုပြန်မရမချင်းလိုက်နေမှာ "


- Paparazzi ( Sunki )
- Elynn Pleasure

#Sunki #OneSot

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 05:22


Sunki is coming

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

20 Sep, 04:46


10 minutes vote

Sunki or HeeJake ? 🐩

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

17 Sep, 13:09


Guys , ရှေ့လျှောက် Video တစ်ခုမှာ reaction 30 မရရင် ထပ်ပြီးအသစ်တွေမတင်တော့ဘူးနော် Btw HeeJakeHoon ကိုက ရေးနေပါပြီ မတင်အားတာပါ 😔🤏🏻 ၂

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

17 Sep, 04:44


• မီးနဲ့ရေ 📎


Join for more - @LuvxEnhypen 💗



#HeeJakeHoon 📎

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

16 Sep, 04:56


ဒါလေး ညနေကျ Wattpad မှာတင်မာမလို့ Pls support me ပါနော် အင်ဂျင်းတို့ TvT 🫶🏻

𝗘ɴɢᴇɴᴇs' 𝑯ᴏᴍᴇ♡︎

16 Sep, 02:50


ရဲတွေဖက်က 3 နှစ်ကျော်ကြာ ပျောက်ဆုံးနေပြီး အလိုရှိနေတဲ့ ရာဇဝတ်သား နီခီရှီမူရာ ကို ဆိုးလ်မြို့လယ်က အဆောက်အဦးတစ်ခုထဲမှာ တွေ့ထားတယ် လက်နက်‌ကောပါနိုင်‌ခြေရှိတယ် ' လို့ သတင်းရထားတယ် ။

' ဆရာဟီဆွန်း ဒါကို ဘယ်လိုထင်လဲ ? '

အရာရှိတစ်ဦးကနေမေးလိုက်တဲ့စကားကြောင့် သောက်လက်စကော်ဖီကို ချထားလိုက်ပြီး စဉ်းစားကြည့်တယ် ။

" အဲ့အဆောက်အဦးထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ ၊ ငါတို့ကယ်ရမဲ့လူဦးရေ ပျမ်းမျှ "

" အားလုံးပေါင်း 12 ယောက်ထဲပါဆရာ ဒါကို ဘယ်လိုလုပ်ကြမလဲ "

" ဟုတ်ပြီ ငါတို့အရင်သွားနှင့်ကြတာပေါ့ ပြီးကျမှ အကူခေါ်ကြမယ် "

ရဲကားတစ်စီးနဲ့အတူ နီခီစံရှိတယ်လို့သတင်းရထားတဲ့အဆောက်အဦးထဲကိုဝင်သွားကြပြီး အသင့်အနေအထားနဲ့ စောင့်ကြည့်နေတယ် ။

မကြာပါဘူး ၊ နောက်ကနေကြားလိုက်ရတဲ့ တိုက်ခိုက်သံတွေ ၊ သေနတ်ပစ်သံတွေ ။

" ဆရာဟီဆွန်း ကျွန်တော့်လူတွေ ဒဏ်ရာရကုန်ပြီ ၊ ပြည်သူတွေကို အပြင်ရအောင်ထုတ်သင့်တယ်လို့ထင်တယ်ဆရာ "

ဆက်သွယ်ရေးကိရိယာတစ်ခုကနေ ဗလုံး‌‌ဗထွေးပြောလိုက်တဲ့ စကားတစ်ခွန်း ။

" ဟုတ်ပြီ ငါက ရှေ့တက်ပြီးဖမ်းလိုက်မှာမလို့ ပြည်သူတွေကိုပဲဘေးကင်းအောင်လုပ်ပါ ။


အီဟီဆွန်းဆိုသည်မှာလဲ အန္တရာယ်တွင်းထဲကိုတစ်ယောက်ထဲသွားမိသည့် ယုန်ငယ်တစ်ကောင်အလား ၊ နီခီစံနှင့်ထိပ်တိုက်တွေ့တော့ အပြန်အလှန် ယှဉ်ချခဲ့ပေမယ့် ဒီလောက်နာမည်ကြီးပြီး လက်ရုံးရည်ကော နှလုံးရည်မှာပါ တော်လွန်းတဲ့ နီခီ့ကိုမနိုင်နိုင်တာ သူသိခဲ့သင့်သည် ။

" မင်း ဒီလိုတွေလုပ်နေ‌တာ‌ မကောင်းဘူးနော် နီခီ ၊ ငါ့စကားကိုနားထောင် "

" နားထောင်မယ်လေ မောင် လို့ခေါ်ရင် "

" မင်း မိုက်ရိုင်းလှချည်လား "

" ကျွန်တော်မိုက်ရိုင်းတာအစတည်းကသိသင့်တာလေ ၊ ကျွန်တော်ဘာလို့ ပြန်ပေါ်လာလဲကောသိရဲ့လား "

ဟီဆွန်း ခဏတွေဝေသွားပြီး နီခီ့ရဲ့စကားကိုစောင့်နေမိတယ် ။

" အမည်က အီဟီဆွန်း ၊ အကြီးတန်းအေးဂျင့် ၊ လူလွတ် ၊ အမေဖြစ်သူက 1992 ခုနှစ်မှာ အေးဂျင့်အဖြစ်ကနေရပ်နားထားတယ်၊ အစ်ကိုဖြစ်သူက ရေတပ်ထဲကဗိုလ်မှူး ၊ ညီမဖြစ်သူက အတော်ဆုံး အလွတ်တန်းအေးဂျင့်တွေထဲကတယောက် "

" နေစမ်းပါဦး ဒါတွေကိုမင်းဘယ်လိုသိတာလဲ ၊ မင်း ငါ့ကို စောင့်ကြည့်နေခဲ့တာလား ? "

နားမလည်ဟန်ဖြင့် မေးလိုက်မိသည့်မေးခွန်းကြောင့် နီခီ ဟက်ခနဲ တစ်ချက်ရယ်လိုက်သည် ။

" အွန်းပေါ့နော် မောင်လဲ အစကတော့ ဒီတိုင်းစိတ်ဝင်စားတာနဲ့ ပြေးတမ်းလိုက်တမ်းကစားချင်ခဲ့ရုံပါပဲ ၊ ဒါပေမဲ့ ပြေးတမ်းလိုက်တမ်းကစားရတာပျင်းသွားပြီ ဒီကအေးဂျင့်ကြီးရဲ့ အချစ်တော်လေးပဲဖြစ်ချင်တော့တယ် "

" မင်း ..မောင်ဆိုတာကြီးကိုထည့်မသုံးစမ်းပါနဲ့ ၊  မင်းလိုကောင်က ငါ့ရဲ့အချစ်တော် ? ၊ စဉ်းစဉ်းစားစားလဲ လုပ်ပါဦးကွာ "

ဟီဆွန်းက ရယ်သံသဲ့သဲ့ဖြင့်ပြောလိုက်သောစကားကို နီခီက မကြားချင်ဟန်ဆောင်ပြီး ဟီဆွန်းအနားကိုကပ်လာခဲ့သည် ။

" စဉ်းစားနေစရာလိုသေးလို့လား ၊ မောင်က ဟီဆွန်းကိုချစ်တယ်လေ "

ထိုချိန်မာပဲ ကောင်းကင်ယံက Helicopter တစ်စီးရဲ့ အသံ ။

" ကြည့်ရတာ မောင် သွားရတော့မယ်ထင်ပါရဲ့ ၊ သွားပြီနော် ဟီဆွန်း မောင် ပြန်လာခဲ့မယ် "

ဟီဆွန်းတကယ်ကို အံ့ဩလျက်သားနဲ့ငေးကြည့်မိနေခဲ့သည်မှာအမှန် ။ ဒီကောင်လေးက ဟီဆွန်းထပ်ငယ်မယ့်ပုံပေါ်ပေမဲ့ စကားလုံးတွေက နှင်းဆီရဲ့ဆူးလို စူးရှပြီး တခါတလေမှာအဆိပ်ရှိနိုင်သည် ။ တခါတရံမှာလဲ သဘောကျချင်စရာကောင်း ၏ ။

" မောင် ကိုကို့ဆီ အရောက်ပြန်လာခဲ့မယ် "

- Criminal
- Elynn Pleasure


#Heeki #OneShot

1,538

subscribers

10

photos

9

videos