Daily Devil Fruit mm @devilfruitmm Channel on Telegram

Daily Devil Fruit mm

@devilfruitmm


Daily Devil Fruit mm (English)

Are you a fan of One Piece and its fascinating Devil Fruits? Look no further than the Daily Devil Fruit mm Telegram channel, where you can get your daily dose of Devil Fruit goodness! Whether you're a new fan looking to learn more about these mysterious powers or a seasoned enthusiast eager for the latest updates, this channel is the perfect place for you. nnWho is it? Daily Devil Fruit mm is a Telegram channel dedicated to all things related to Devil Fruits from the popular anime and manga series One Piece. From discussions about the different types of Devil Fruits to in-depth analysis of characters who possess them, this channel covers it all. nnWhat is it? Daily Devil Fruit mm provides daily updates, fun facts, and engaging discussions about Devil Fruits. Members can participate in polls, quizzes, and interactive activities to test their knowledge and connect with fellow fans. With a friendly and active community, this channel is the ultimate destination for all things Devil Fruit-related. nnJoin Daily Devil Fruit mm today and embark on an exciting journey through the world of One Piece's mystical powers! Let's unravel the mysteries of Devil Fruits together and dive into the adventure that awaits us. Don't miss out on the fun - join us now!

Daily Devil Fruit mm

03 Jul, 16:05


Vagabond manga ဘာသာပြန်ကို ဒီချန်နယ်မှာ တင်ပေးသွားပါ့မယ်။ ဒါပေမယ့် နောက်လမှစတင်မှာမို့ ကြို Join ပြီးစောင့်နေလို့ရပါတယ်။ ဒီချန်နယ်ကအရင်တုန်းက Record of Ragnarok တင်ခဲ့တာမို့ အဲ့တာကြည့်ရင်းစောင့်နေလို့လည်းရပါတယ်။

https://t.me/vagabondmmsub

Daily Devil Fruit mm

27 Jun, 13:24


One Piece Season 2 မှာ Smoker နေရာကပါဝင်မယ့် Callum Kerr နဲ့ Tashigi နေရာကပါဝင်မယ့် Julia Rehwald

Daily Devil Fruit mm

25 Jun, 14:08


Breaking News

Hollywood ကနာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ David Dastmalchian ဟာ လာမယ့် One Piece Season2 မှာ Mr. 3 အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကသူတွေကတော့ Ant-Man နဲ့ The Suicide Squad ကနေ တဆင့်သိကြမှာပါ။

ဘဲကြီးက ဟာသသရုပ်‌ဆောင်မှုတွေနဲ့ လူကြိုက်များတာမို့ Mr. 3 နဲ့တော်တော်လိုက်ဖက်ပါတယ်။

Daily Devil Fruit mm

17 Jun, 02:58


စစ်တမ်းလေးကောက်ဖို့အချိန်ရောက်လာပါပြီ။

မိတ်ဆွေတို့ရဲ့ ပထမဆုံးကြည့်ဖူးတဲ့ Anime တွေ သို့မဟုတ် Anime လောကထဲကိုဝင်ဖို့အစပြုပေးခဲ့တဲ့ Anime တွေအကြောင်း အောက်က Comment မှာရေးသွားခဲ့ကြပါဦး။ Anime တစ်ခုထက်ပိုပြီးရေးခဲ့လို့လည်းရပါတယ်။

Daily Devil Fruit mm

13 Jun, 02:31


Neko Neko No Mi

English - Cat Fruit

Model - Saber Tiger

Type - Ancient Zoan

Current User -Who who

First Arc - Wano Arc

အစွမ်း - ဒီအသီးဟာ User ကို Saber-Tooth Tiger ဆိုတဲ့ မျိုးသုဉ်းကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲပေးပါတယ်။ ဒီကျားကြီးတွေဟာ ချွန်ထက်ရှည်လျားတဲ့အပေါ်စွယ် ၂စုံကြောင့် နာမည်ကြီးပါတယ်။ ဒါကြောင့် User ဖြစ်တဲ့ Who's Who ဟာ သူရဲ့အစွယ်တိုက်ခိုက်ချက်တွေကိုပဲ အဓိကထားပါတယ်။ သားရဲသတ္တဝါရဲ့အသီးဖြစ်တာကြောင့် User ကို ရက်စက်ကြမ်းတမ်းတဲ့တိုက်ခိုက်နိုင်စွမ်းကိုပေးပါတယ်။ အားနည်းချက်အနေနဲ့ Hybrid form မှာ User ဟာ ခန္ဓာကိုယ်တအားကြီးသွားတာမို့ ပစ်မှတ်ထားရတာလွယ်စေပါတယ်။ ဒါပေမယ့်လည်း ကျားတစ်ကောင်ဖြစ်တာနဲ့အညီ အမြန်နှုန်းကျမသွားတာကြောင့် ဒီအားနည်းချက်ဟာ မပြောပလောက်ပါဘူး။ Rob Lucci ရဲ့ ကျားသစ်အသီးနဲ့လည် ခပ်ဆင်ဆင်ပါပဲ။

Daily Devil Fruit mm

12 Jun, 02:31


Kumo Kumo No Mi

English - Spider Fruit

Model - Rosamygale Grauvogeli

Type - Ancient Zoan

Current User - Black Maria

First Arc - Wano Arc

အစွမ်း - ဒီအသီးဟာ User ကို Rosamygale Grauvogeli လို့ခေါ်တဲ့ မျိုးသုဉ်းပင့်ကူကြီးအဖြစ်ပြောင်းလဲစေပါတယ်။ ဒါပေမယ့် Black Maria ဟာ သူ့ရဲ့ ပင့်ကူပုံစံကို သဘောမကျတာကြောင့် ဆေးတစ်မျိုးသုံးပြီး လူတစ်ဝက် ပင့်ကူတစ်ဝက်ပုံစံပြောင်းထားပါတယ်။ User ဟာ စေးကပ်ပြီး မီးလောင်လွယ်တဲ့ ပင့်ကူမျှင်တွေထုတ်လွှတ်နိုင်ပါတယ်။ ဒီနည်းနဲ့ User ဟာ ရန်သူကိုပင့်ကူမျှင်တွေနဲ့ဖမ်းချုပ်ပြီး မီးနဲ့တိုက်ခိုက်တာမျိုးလုပ်လို့ရပါတယ်။ အားနည်းချက်ထွေထွေထူးထူးမရှိပါဘူး။

Daily Devil Fruit mm

11 Jun, 02:27


Ryu Ryu No Mi

English - Dragon Fruit

Model - Triceratops

Type - Ancient Zoan

Current User - Sasaki

First Arc - Wano Arc

အစွမ်း - အရင်ရက်တွေက Ryu Ryu No Mi တွေလိုပါပဲ။ User ကို Triceratops ဆိုတဲ့ ဒိုင်နိုဆောအဖြစ်ပြောင်းလဲနိုင်ပါတယ်။ Triceratops တွေဟာ ချို ၃ ခုရှိပြီး လည်ပင်းမှာအရိုးပြားကြီးရှိတဲ့ ဒိုင်နိုဆောတွေဖြစ်ပါတယ်။ ဒါကြောင့် User ရဲ့ beast form မှာ ချိုတွေနဲ့တိုက်ခိုက်နိုင်ပြီး လည်ပင်းကအရိုးပြားကြီးကို အကာကွယ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Ryu Ryu no mi တွေရဲ့ ထူးခြားတဲ့အချက်လို့ ဆိုရမယ့်အတိုင်း User ဖြစ်တဲ့ Sasaki ဟာ သူ့လည်ပင်းအရိုးပြားကြီးကို ဒလက်လိုလည်ပြီး ပျံနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ user ဟာ လေးလံနှေးကွေးသွားပြီး သူ့ရဲ့မာကျောတဲ့နေရာတွေကလွဲရင် တခြားအရေပြားတွေက တိုက်ရလွယ်တဲ့နေရာတွေပါ။

Daily Devil Fruit mm

10 Jun, 11:30


Ryu Ryu No Mi

English - Dragon Fruit

Model - Pachycephalosaurus

Type - Ancient Zoan

Current User - Ulti

First Arc - Wano Arc

အစွမ်း - ဒီအသီးဟာ User ကို Pachycephalosaurus ဆိုတဲ့ ဒိုင်နိုဆောတစ်ကောင်အဖြစ်ပြောင်းလဲစေပါတယ်။ ဒီဒိုင်နိုဆောတွေဟာ ခေါင်းထိပ်မှာမာကျောတဲ့အရိုးတုံးကြီးရှိပြီး ဦးခေါင်းနဲ့တိုက်ခိုက်တတ်တယ်လို့ ယူဆကြပါတယ်။ User ဖြစ်တဲ့ Ulti ဟာလည်း ဦးခေါင်းအသားပေးတိုက်ခိုက်တတ်သူဖြစ်ပါတယ်။ တခြား Ability တွေအနေနဲ့ ဒိုင်နိုဆောဖြစ်တာမို့ ခွန်အားနဲ့သက်လုံမှာ သူများနဲ့မတူ ထိုးတက်သွားပါတယ်။ Ulti ဟာ သူ့ရဲ့လက်သည်းတွေနဲ့တိုက်ခိုက်တတ်သူလည်ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ ထူးထူးခြားခြားမရှိပါဘူး။

Daily Devil Fruit mm

09 Jun, 02:31


Goe Goe No Mi

English - Scream Fruit

Type - Paramecia

Current User - Eldoraggo

Film - One Piece the Movie

အစွမ်း - ဒီအသီးကတော့ User ကို ဖျက်အားပျင်းတဲ့အသံလှိုင်းတွေ ထုတ်လွှတ်နိုင်စေပါတယ်။ အဲ့အသံလှိုင်းတွေကို အလင်းတန်းကြီးတစ်ခုအနေနဲ့မြင်ရပြီး လမ်းတောက်လျှောက်မှာရှိသမျှ အရာမှန်သမျှ ဖောက်ခွဲဖျက်စီးသွားပါတယ်။ ပြီးတော့ အလင်းတန်းရဲ့ Strength ကိုလည်းထိန်းချုပ်လို့ရပါတယ်။ ဒါပေမယ့် အားနည်းချက်အနေနဲ့ ပျော့ပြောင်းတဲ့မျက်နှာပြင်နဲ့ထိ‌တွေ့မယ်ဆို ပေါက်ကွဲဖို့ပြင်းအယး မလုံလောက်တော့ပါဘူး။ ဒါကလည်း Luffy ရဲ့ရာဘာ ခန္ဓာကိုယ်ဟာ အားနည်းချက်ဖြစ်နေတာပါ။ Filler အသီးဖြစ်ပေမယ့် သန်မာတဲ့ Character လက်ထဲမှာဆို ပိုသန်မာ‌တဲ့လက်နက်အနေနဲ့ Upgrade မြှင့်လို့ရမယ်လို့ထင်ပါတယ်။

Non Canon

Daily Devil Fruit mm

08 Jun, 02:31


Ryu Ryu No Mi

English - Dragon Fruit

Model - Spinosaurus

Type - Ancient Zoan

Current User - Page One

First Arc - Wano Arc

အစွမ်း - User ကို Spinosaurus လို့ခေါ်တဲ့ ဆူးတောင်ခြမ်းဒိုင်နိုဆောကြီးအဖြစ်ပြောင်းလဲပေးပါတယ်။ Spinosaurus ဟာအဖျက်စွမ်းအားကြီးသလို အမြဲရန်လိုနေတတ်တဲ့သားရဲတစ်ကောင်ဖြစ်ပါတယ်။ Jurassic fan တွေ Spinosaurus ဘယ်လောက်အန္တရာယ်များမှန်သိကြမှာပါ။ User ရဲ့ Speed ဟာလည်း တခြားဒိုင်နိုဆောအသီးတွေထက်ပိုမြင့်ပြီး Page One ဟာလည်း Hybrid form ကိုတော်တော်ကျွမ်းကျွမ်းအသုံးပြုနိုင်တယ်လို့ ပြောလို့ရပါတယ်။ Page One ကတော့ Big Mom အမှောက်သိပ်တာ ခံလိုက်ရပါတယ်။ အားနည်းချက်ထွေထွေထူးထူးမရှိပါဘူး။ သန်မာပေမယ့် သူ့ထက်သန်မာတဲ့ရန်သူတွေ့ရင်တော့ သူလည်းခံရမှာပါ။

Daily Devil Fruit mm

07 Jun, 02:32


Ryu Ryu no Mi

English - Dragon Fruit

Model - Pteranodon

Type - Ancient Zoan

Current User - King

First Arc - Wano Arc

အစွမ်း - ဒီအသီးဟာ Ancient Zoan Type ဖြစ်ပြီး User ကို ဒိုင်‌နိုဆောရှူးပျံကြီးဖြစ်တဲ့ Pterandon အဖြစ်ပြောင်းလဲစေပါတယ်။ နဂိုထဲကဒိုင်နိုဆောတစ်ကောင်အနေနဲ့ သန်မာမှုရထားတဲ့အပြင် ပျံပါပျံနိုင်သေးတယ်ဆိုတော့ တော်တော်အသုံးဝင်တဲ့ Devil Fruit လို့ပြောလို့ရပါတယ်။ ဒါ့အပြင် User က King လိုလူဖြစ်နေတာကလည်း အသီးကို Overrated ဖြစ်သွားစေတဲ့အချက်လို့ပြောလို့ရပါတယ်။ King ဟာလည်း သူ့ရဲ့ Katana ကိုပဲ အဓိကအားကိုးတတ်သူဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ Beast Form မှာဆို သူ့ရဲ့ငှက်နှုတ်သီးနဲ့တိုက်ခိုက်နိုင်ပါတယ်။ နောက်ထပ်ထူးခြားချက်က Queen လိုပဲ သူ့ရဲ့နှုတ်သီးကိုအဝေးကနေ ပစ်လွှတ်တိုက်ခိုက်နိုင်ပါတယ်။
(တကယ့်အပြင်က ဒိုင်နိုဆောတွေအ့လိုမလုပ်နိုင်ပါဘူးခင်ဗျာ)

Daily Devil Fruit mm

06 Jun, 02:31


Ryu-Ryu no Mi

English - Dragon Fruit

Model - Brachiosaurus

Type - Ancient Zoan

Current User - Queen

First Arc - Wano Arc

အစွမ်း - ဒီအသီးဟာ User ကို ရှေးခေတ်က Brachiosaurus ဆိုတဲ့လည်ပင်းရှည် ဒိုင်နိုဆောကြီးအဖြစ်ပြောင်းလဲစေပါတယ်။ ဒိုင်နိုဆောတွေဟာ နဂိုထဲကခွန်အားကြီးတဲ့သားရဲတွေဖြစ်တဲ့အပြင် Brachiosaurus ဟာလည်း အလေးဆုံးဒိုင်နိုဆောမျိုးစိတ်ထဲပါပါတယ်။ တိုက်ခိုက်မှုမှာတော့ Queen ဟာ သူ့ရဲ့လက်နက်တွေကို အားကိုးတတ်တဲ့သူမို့ လည်ပင်းနဲ့အမြှီးတရမ်းရမ်းလုပ်တာကလွဲရင် သေချာမတွေ့ရသေးပါဘူး။ ဒါပေမယ့်လည်း ခွန်အားအကြီးဆုံးဒိုင်နိုဆောတစ်ကောင်ဖြစ်တာမို့လည်း သူ့ရဲ့သာမာန်တိုက်ခိုက်ချက်တွေက Damage ပြင်းပြင်းထန်ထန်ရစေမှာပါ။ အားနည်းချက်အနေနဲ့ကတော့ ခန္ဓာကိုယ်ကြီးမားတာကြောင့် အလွယ်တကူပစ်မှတ်ထားခံရနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ Queen ဟာသူ့လည်ပင်းရှည်နဲ့အမြှီးကို ကိုယ်ကနေခွဲထုတ်ပြီး မြွေတစ်ကောင်လိုတိုက်ခိုက်နိုင်ပါတယ်။ အဲ့လိုပုံစံမျိုးကို Ancient Zoan user တစ်ယောက်ဖြစ်တဲ့ King မှာလည်းတွေ့ရပါတယ်။

Daily Devil Fruit mm

05 Jun, 02:31


Zou Zou No Mi

English - Elephant Fruit

Model - Mammoth

Type - Ancient Zoan

Current User - Jack

First Arc - Zoa Arc

အစွမ်း - ဒီအသီးစားသုံးလိုက်တဲ့ User ဟာ ကမ္ဘာဦးက မျိုးသုဉ်းသွားပြီဖြစ်တဲ့ အမွှေးရှည်ဆင်ကြီးအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဆင်တွေဟာ မြေပေါ်သတ္တဝါတွေထဲ အမောကျောဆုံး‌နဲ့ အသန်မာဆုံးသတ္တဝါတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ Jack ဟာလည်း မာကြောတဲ့အသားရေနဲ့ သန်မာတဲ့ခွန်အားကိုရရှိသွားပါတယ်။ အားနည်းချက်အနေနဲ့ နှေးလွန်းပါတယ်။ Jack ဟာ ငါးလူသားဖြစ်တာမို့ Devil Fruit ကြောင့်ရေမကူးနိုင်ပေမယ့် ရေနစ်မသေနိုင်ပါဘူး။ Jack ဟာ လူသား form မှာ သူ့တံစဉ်ပုံစံ ဓားကောက်နဲ့တိုက်ခိုက်ပြီး Mammoth form မှာဆိုရင် ခွန်အားနဲ့တိုက်ခိုက်ပါတယ်။

Daily Devil Fruit mm

04 Jun, 16:36


ပျောက်သွားတုန်းကကျ ပျောက်သွားလို့ဆိုပြီး ပြန်တင်တော့လည်း ဘယ်သူမှတောင်မဝန်းရံကြတော့ဘူးနော် ယူတို့ ကော်မန့်လေးတောင်ဝင်မမန့်ကြတော့ဘူး

Daily Devil Fruit mm

04 Jun, 02:31


Supa Supa No Mi

English - Dice Fruit

Type - Paramecia

Current User - Daz Bone (Mr.1)

First Arc - Alabasta arc

အစွမ်း - User ဟာ သူ့ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းကဆို ဓား‌သွားတွေအဖြစ်ပြောင်းလဲနိုင်ပါတယ်။ ဒီအချက်ကလွဲရင် တခြားထူးထူးခြားခြားအချက်တွေမရှိပေမယ့် Mr.1 ဟာ ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ခဲ့ပါတယ်။ ခုခံပိုင်းအရမှာဆိုရင်လည်း ဓားသွားအစိတ်အပိုင်းတွေနဲ့ကာကွယ်နိုင်တာကြောင့် တိုက်ခိုက်ရေးကော ခုခံရေးပိုင်းမှာပါ တော်တော်ကောင်းတဲ့အသီးပါ။ အားနည်းချက်ထူးထူးခြားခြားမရှိပါဘူး။ Daz Bone ဟာ အခု Crocodile တို့ Yonko အဖွဲ့မှာဆက်ရှိနေတုန်းပါ။

Daily Devil Fruit mm

03 Jun, 02:31


Inu Inu No Mi

English - Dog Fruit

Model - Wolf

Type - Zoan

Current User - Jabra

First Arc - Enies Lobby

အစွမ်း - Zoan အသီးဖြစ်ပြီး User ကို ဝံပုလွေတစ်ကောင်အဖြစ်ပြောင်းလဲစေပါတယ်။ Hybrid form နဲ့ Beast form မှာလည်းပိုပြီးတော့ကြမ်းပါတယ်။ User က ဝံပုလွေတစ်ကောင်ရဲ့ခွန်အားနဲ့အတူ လက်သည်းရှည်ကြီးတွေ အစွယ်တွေနဲ့လည်းတိုက်ခိုက်နိုင်ပါတယ်။ Jabra ဟာသူ့အသီးအစွမ်းကို Rokushiki Technique နဲ့တွဲသုံးခဲ့ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ထူးထူးခြားခြားမရှိသေးပါဘူး။ ယခု Jabra ဟာ Cp0 အဖွဲ့ဝင်အဖြစ်လုပ်ကိုင်နေပါတယ်။

Daily Devil Fruit mm

25 Jun, 00:30


Doku Doku No Mi

English - Venom Fruit

Type - Paramecia

Current User - Megallan

First Arc - Impel Down Arc

အစွမ်း - User ဟာအဆိပ်ရည်တွေကိုဖန်တီးထိန်းချုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်ဟာအဆိပ်ရည်အဖြစ်ပြောင်းလဲနိုင်တာမို့ Logia နဲ့ခပ်ဆင်ဆင်ပေမယ့် သဘာဝဒြပ်စင်မဟုတ်ပါဘူး။ အဆိပ်ရည်တွေကို ကိုယ်လိုချင်တဲ့ပုံစံကိုပြောင်းလဲ တိုက်ခိုက်နိုင်ပါတယ်။ အဆိပ်ရည်အပြင် အဆိပ်ငွေတွေနဲ့ပါတိုက်ခိုက်နိုင်ပြီး သူ့ရဲ့အဆိပ်တွေဟာ ပြင်းရင်ပြင်းသလို အရာဝတ္ထုတွေအပေါ်ပါအရည်ဖျော်ပစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့သာမာန်အဆိပ်တွေက Galdino ရဲ့ဖယောင်းတွေကို မထိခိုက်ခဲ့ပါဘူး။

Note - ကြမ်းပေ့ဆိုတဲ့ထောင်သားတွေကိုထိန်းဖို့ ထောင်စောင့်မှူးကြီးတစ်ယောက်အနေနဲ့ ဒီလိုကြောက်စရာအသီးကြီးစားထားတာ တော်တော်လိုက်ဖက်ပါတယ်။ ဒီအသီးက အနာဂတ် Yonko ၃ယောက်ကို ဒုက္ခပေးခဲ့တဲ့အသီးပါ။ Megallan သာ Haki user ဆို Luffy တို့ ပိုလို့တောင် ဒုက္ခရောက်ကြမှာပါ။

Daily Devil Fruit mm

24 Jun, 00:31


Gasu Gau No Mi

English - Gas Fruit

Type - Logia

Current User - Caesar Clown

First Arc - Punj Hazard

အစွမ်း - ဒီအသီးဟာ Logia အသီးဖြစ်နေတဲ့အပြင် ဓာတ်ငွေ့အသီးပါဖြစ်နေတာမို့လို့ ဂတ်သ်အမျိုးအစားတွေကို လိုသလိုထိန်းချုပ်နိုင်ပါတယ်။ ဓာတ်ငွေ့အမျိုးအစားတွေကို Swap နိုင်တဲ့အပြင် ဖျောက်ဖျက်နိုင်တဲ့ထိပါ ထိန်းချုပ်နိုင်ပါတယ်။ အဲ့လိုနည်းနဲ့ရန်သူတွေကို အသက်ရှူကြပ်စေသလို အဆိပ်ဓါတ်ငွေ့တွေကိုပါ ထုတ်လွှတ်တိုက်ခိုက်နိုင်ပါတယ်။ တခြား Logia အသီးတွေလို Haki မပါပဲ မတိုက်ခိုက်လို့မရပါဘူး။ Gas ဖြစ်နေတာကြောင့် အလေးချိန်လည်းမရှိတော့ပါဘူး။

Note - Smoker ရဲ့အသီးနဲ့တူပေမယ့် ဒီအသီးကပိုကြမ်းတာသိသာမှာပါ။ အထူးသဖြင့် Ceaser လို သိပ္ပံပညာရှင်လက်ထဲမှာ အသီးကပိုကြမ်းသလို သူ့ရဲ့ ဓါတုဗေဒဗဟုသုတတွေနဲ့ အသီးကပိုအားကောင်းစေပါတယ်။ Op Op no mi နဲ့ Law လိုပါပဲ။ Punk Hazrad အပြီးထဲက Luffy တို့နဲ့အတူခရီးထွက်လာတဲ့ Ceaserဟာ လက်ရှိ Vinsmoke တို့ Germa66 မှာအတူတူရှိနေပါတယ်။

Daily Devil Fruit mm

23 Jun, 00:31


Inu Inu No Mi

English - Dog Fruit

Model - Okuchi-no-Makami

Type - Mythical Zoan

Current User - Yamato

First Arc - Wano Arc

အစွမ်း - User ဟာ Wano ရဲ့အစောင့်အရှောက်နတ်ခွေးအသွင်ကိုပြောင်းလဲနိင်ပါတယ်။ Mythical Zoan ဖြစ်နေတဲ့ မူလ Zoan တွေမှာရနိုင်တဲ့ ခွန်အားတွေ စွမ်းအားတွေအကုန်ထောင်တက်သွားပါတယ်။ ထူးခြားတဲ့အစွမ်းတစ်ခုကတော့ ပါးစပ် သို့မဟုတ်ခန္ဓာကိုယ်ကနေ ရေခဲတွေထုတ်လွှတ်နိုင်ပါတယ်။ ဒီအတွက် အသွင်တောင်ပြောင်းဖို့မလိုပါဘူး။

Note - အသီးရဲ့အားနည်းချက်ကို မတွေ့ရသေးပါဘူး။ အသားစား Zoan အမျိုးအစားမို့လို့ တခြား Zoan user တွေထက် Raw Power ပိုပြင်းပါတယ်။ အဲ့တာအပြင် Mythical Zoan ဖြစ်တာမို့ ပိုကြမ်းသွားတာပါ။ Yamato ဟာလည်း မိန်းကလေးတစ်ယောက်ပေမယ့် ယောက်ျားတစ်ယောက်နီးပါးသန်မာသူမို့ ဒီလိုအသီးကသူနဲ့တော်တော်လိုက်ဖက်လွန်းပါတယ်။

Daily Devil Fruit mm

22 Jun, 00:30


Ushi Ushi No Mi

English - Ox Fruit

Model - Griffe

Type - Zoan

Current User - Kaku

First Arc - Enies Lobby arc

အစွမ်း - User ကို သစ်ကုလားအုတ်တစ်ကောင်အဖြစ်ပြောင်းလဲသွားစေပါတယ်။ အစွမ်းတွေကတော့ တခြား Zoan အသီးတွေလို ခွန်အားတက်သွားစေတာကလွဲရင် ဘာမှမရှိပါဘူး။ သစ်ကုလားအုတ်ဖြစ်သွားတာမို့ ရှည်လျားတဲ့လည်ပင်းနဲ့တိုက်ခိုက်နိုင်ပါတယ်။ အားနည်းချက်က သိတဲ့အတိုင်း သစ်ကုလားအုတ်က အရပ်လည်းတခြားကောင်တွေထက်ရှည်သလို အရွယ်အစားလည်းကြီးတာမို့ နေရာကျဥ်းတဲ့ Battle နေရာတွေဆို တော်တော်ကို့လို့ကန့်လန်နိုင်ပါတယ်။ မသုံးရင် မသုံးတတ်သလိုတော်တော်ဒုက္ခရောက်ပါတယ်။ kaku မို့လို့သေချာထိန်းနိူင်တာပါ။

Note - Cp9 မှ Kaku ကစားထားပြီး အခုတော့ Cp0 ကိုရောက်နေပါပြီ။ Hybrid form မှာ kaku ကဓါးနဲ့တိုက်ခိုက်တတ်ပါတယ်။ Luffy vs Lucci လို တစ်ချိန်က Zoro ရဲ့ enemy ဖြစ်ခဲ့ပေမယ့် အခုတော့ ၂ယောက်ယှဥ်နိုင်တဲ့အနေအထားမရှိပါဘူး။

Daily Devil Fruit mm

21 Jun, 00:53


ဒီနေ့အသီးသစ်မတင်ဖြစ်ပါခင်ဗျာ