Yin Twin Pyit (skk) (@daisy222111)の最新投稿

Yin Twin Pyit (skk) のテレグラム投稿

Yin Twin Pyit (skk)
3,727 人の購読者
8,063 枚の写真
82 本の動画
最終更新日 01.03.2025 05:19

Yin Twin Pyit (skk) によってTelegramで共有された最新のコンテンツ


ဝန်တွေထဲမှာ မိသားစုဝန်က အလေးဆုံးပဲ
အိမ်တစ်အိမ်မှာ အဲဒီ ဝန်ကို ထမ်းထားတဲ့
လူတစ် ယောက် ရှိကို ရှိတယ်

အဲဒီလူက
အဖေ ဖြစ်ချင်ဖြစ်မယ်
အမေ ဖြစ်ချင်ဖြစ်မယ်
အကြီးဆုံး ဖြစ်ချင်ဖြစ်မယ်
အလတ် ဖြစ်ချင် ဖြစ်မယ်
အငယ် လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်

ပင်ပန်းပေမယ့် မရပ်တန့်ဘူး
လေးလံ နေပေမယ့် လွှတ်မချဘူး

ခက်ခဲပင်ပန်းနေတဲ့ ကြားက
အသက်ကို လုရှူရင်း
မောဟိုက်နွမ်းနယ်နေချိန်မှာတောင်
ကိုယ်လွတ်ရုန်းဖို့ စိတ်ကူးမရှိဘူး

မိသားစုဆိုတဲ့ အတွေးနဲ့တင်
ရှေ့ကို ‌ခြေ တစ် လှမ်းတိုးဖို့အတွက်
လုံလောက်တဲ့ အားအင်ရတာမို့ ..

သူတို့အတွက် ..
တွန်းအားဟာ မိသားစုဖြစ်ပြီး
ခွန်အားဟာလည်း မိသားစုပဲ ဖြစ်တယ်။

မိသားစုတွေထဲက
တစ်ဦးတစ်ယောက်ပေါ့ ..
လေးစားချစ်ခင်ရတဲ့
တစ်ဦးတစ်ယောက်ပေါ့ .. ။

Credit မူရင်း
#SM

နွေဦးရာသီ 🍂
သင်္ကြန်မိုး||

ဘဝကြီးမှာ ဘာတွေလိုချင်လဲလို့ မေးလာတဲ့အခါ....
“ အေးချမ်းမှု ” ဒီအတိုင်း “စိတ်အေးချမ်းမှု” လို့ဖြေမိမှာ

ဘာမှမတွေးဘဲ ငြိမ်ငြိမ်သက်သက်လေးနဲ့ အရာအားလုံးကို အရှိကိုအရှိအတိုင်း လက်ခံပြီး နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ဖို့ပဲ တွေးနေမိတယ် ။

ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ ဘယ်သူကမှလည်း စိတ်အနှောင့်အယှက်မပေးဘဲ ဒီတိုင်းလေးပဲ အေးအေးချမ်းချမ်းလေး နေ့ရက်တွေကို ကုန်ဆုံးသွားချင်တော့တယ် ။

ဒီလောက်ပါပဲ...

crd

🌟

မမေ့နိုင်တာ သေချာနေခဲ့လည်း
ကျွန်တော်တို့ လက်လွှတ်ပေးခဲ့ကြတာပဲ။
ကိုယ့်မှာ ဘာတွေဘယ်လိုဘဲ နာကျင်ရသည်ဖြစ်စေ
အဲ့ဒီတစ်ယောက်ကိုတော့ ပျော်စေချင်ခဲ့တာကိုး။
- မိုးနေ့

ဇွဲကပင်တောင်ခြေက
သုခရိပ်မြုံလေး🍀
သစ်ပင်တွေနဲ့ဝန်းရံထားတဲဲ့
𝐇𝐨𝐭𝐞𝐥 𝐤𝐚𝐫𝐞𝐧 𝐯𝐚𝐥𝐥𝐞𝐲🍀
🏡ဇွဲကပင်တောင်ရဲ့အလှနဲ့ သဘာဝရဲ့ လေနုအေးလေးကိုခံစားရင်း Hotel Karen valley မှာဖြတ်သန်းကြရအောင်
🏡အမှတ်တရတွေဖန်တီးဖို့ တကယ်ကိုလှပတဲ့နေရာလေးပါ
🏡 ပုံတွေကို ကြည့်လိုက်တာနဲ့ မေးစရာမလိုတော့လောက်အောင်ပါပဲလှပတဲ့ဟိုတယ်လေးပါ
🏡အေးအေးဆေးဆေး Relax လုပ်ချင်တဲ့သူတွေအတွက် Private ဆန်တဲ့ ဟိုတယ်လေးပါ
🌊ရေကူးကန်လည်းပါပြီးကြည်လင်နေတဲ့ရေကိုဆော့ကစားရင်းနဲ့အေးအေးဆေးဆေး အနားယူပြီးတော့ တောတောင်တွေရဲ့အလှအပကို ကြည့်ရှုခံစားမယ်
🍃စိမ်းလန်းစိုပြည်ပြီး လှပတဲ့ သစ်ပင်‌တွေနဲ့ ဝန်းရံထားတာဖြစ်လို့ လတ်ဆတ်တဲ့ လေထုကိုလည်း သဘာဝအတိုင်း အပြည့်အဝခံစားနိုင်မှာအသေချာပါ
🍀အခန်းရှေ့ကနေဘယ်ဘယ်ညာပဲကြည့်စိမ်းလန်းစိုပြေနေတဲ့နေရာလေးတွေမြင်ရတော့ စိတ်အေးချမ်းနေရော
🤩ဒီဟိုတယ်တည်းဖူးတဲ့သူတိုင်းကတော့ တစ်ခေါက်ရောက်ဖူးပြီးရင် နောက်တစ်ခေါက် ထပ်သွားချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ဟိုတယ်လေး🍀
🍃သဘာဝတောတောင် ရှုခင်းတွေကြားမှာ သဘာဝရဲ့အနှစ်သာရကို အပြည့်အဝ ခံစားပြီး အမှတ်တရတွေကို အပြည့်အဝ ဖန်တီးယူလိုက်ပါ

No one is perfect.
ခြောက်ပြစ်ကင်း သဲလဲစင်သူ မရှိပါ။
တစ်စုံတစ်ယောက်ရဲ့ဘဝနဲ့ သူတို့ရဲ့ကျရှုံးမှုတွေအကြောင်း အတင်းအဖျင်းတွေမဖြန့်ခင်မှာ...လူသိရှင်ကြား မဖတ်ပြချင်တဲ့ သင့်ဘဝရဲ့ အခန်းကဏ္ဍတွေရှိတယ်ဆိုတာ သတိရပါ။
"Before you spread gossips about somebody's life and their failures, remember that there are chapters of your life that you don't want to read out loud either."

ကျေးဇူး

ငယ်ငယ်က ကျောင်းသွားရင် မာတာမိခင်

လိမ်းပေးနေကျ ပါးပါးကြည်ကြည် လေး 😂😁

သူတော်ကောင်းလို့အထင်ခံရမှာအကြောက်ဆုံးပါပဲ
အာမခံနိုင်တာဆိုလို့
ဘယ်သူ့အပေါ်မှ မယုတ်မာဖူးတာပဲရှိပါတယ်
ကျန်တာကတော့ သူလိုကိုယ်လိုပါပဲ
တရားနာချင်တဲ့အခါ နာပြီး
အရက်နာကျတဲ့အခါ ကျနေတာပါပဲ||