CIS - ConceptX International School @conceptxcis Channel on Telegram

CIS - ConceptX International School

@conceptxcis


CIS - ConceptX International School (English)

Welcome to CIS - ConceptX International School! Are you looking for a place where your child can thrive academically and personally in an international setting? Look no further, as CIS is here to provide a world-class education tailored to meet the needs of every student. Our school, with the username @conceptxcis on Telegram, is dedicated to fostering a diverse and inclusive community that values creativity, critical thinking, and global citizenship. At CIS, we believe in preparing our students to become future leaders who can make a positive impact on the world. Who is CIS? CIS is a premier international school that offers a holistic education that goes beyond the traditional classroom setting. Our dedicated team of educators is committed to providing a supportive and stimulating learning environment where students can excel academically, socially, and emotionally. With a focus on personalized learning and innovative teaching methods, CIS ensures that each student receives the attention and support they need to reach their full potential. What is CIS? CIS is not just a school; it is a community where students, parents, and teachers come together to create a dynamic and enriching educational experience. From early childhood education to high school, CIS offers a comprehensive curriculum that combines academic rigour with real-world applications. Our extracurricular activities, sports programs, and community service initiatives provide students with opportunities to explore their interests and develop essential life skills. With a strong emphasis on cultural diversity and global awareness, CIS prepares students to thrive in an increasingly interconnected world. Join us at CIS - ConceptX International School and discover a world of possibilities for your child's future. Follow us on Telegram at @conceptxcis to stay updated on our latest news, events, and educational resources. Together, we can nurture the leaders of tomorrow and create a brighter future for all. Enroll your child at CIS today and watch them soar to new heights!

CIS - ConceptX International School

31 Dec, 17:40


ကြည်နူးမှုအပြည့်နဲ့ ၂၀၂၅ နှစ်သစ်

နှစ်သစ်ကစတင်လို့ ပိုမိုကောင်းမွန်တဲ့ ပညာရေးအခွင့်အလမ်းတွေ၊ ဘဝတက်လမ်းတွေ အောင်မြင်ပိုင်ဆိုင်နိုင်ပါစေ၊ နှစ်သစ်တစ်ခုကို ကြည်နူးမှုအပြည့်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ConceptX International School က ဆုတောင်းပေးလိုက်ပါတယ်။

ConceptX တည်ထောင်သူ ဆရာဦးစိုးထက်က ကျောင်းသားမိဘတွေ၊ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေအတွက် နှစ်သစ်ဆုတောင်းစကား မျှဝေရင်း ကျောင်းသင်ကြားရေးရဲ့ အောင်မြင်မှုတစ်ခုကို မျှဝေပြောပြပေးခဲ့ပါတယ်။ 🎖️

အရည်အသွေးပြည့်မီတဲ့ နိုင်ငံတကာပညာရေးတစ်ခုကို အသက်သာဆုံးနှုန်းထားနဲ့ သင်ကြားပေးရင်း အရည်အချင်းပြည့်ဝတဲ့ ကျောင်းသားကျောင်းသူတွေ၊ Online ပညာရေးနဲ့ On Campus တန်းခွဲတွေကနေတစ်ဆင့် အကောင်းဆုံး ကြိုးစားသင်ယူနိုင်တဲ့ ကျောင်းသားကျောင်းသူတွေကို မွေးထုတ်သင်ကြားပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

“မြန်မာနိုင်ငံသားတိုင်း ပညာတတ်ရမည်”ဆိုတဲ့ ConceptX ရဲ့ ရည်မှန်းချက်နဲ့အတူ နှစ်သစ်မှာလည်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ကျောင်းသားကျောင်းသူတိုင်း ပိုမိုကောင်းမွန်တဲ့ ပညာရေးအခွင့်အလမ်းတွေကို အသက်သာဆုံးနှုန်းထားတွေနဲ့ သင်ယူနိုင်အောင် ConceptX က စွမ်းဆောင်ကြိုးစားသွားပါ့မယ်။ 🏆

--------------------

𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐕𝐞𝐫𝐬𝐢𝐨𝐧

Blessed 2025 New Year

ConceptX extends heartfelt wishes to all our students for better educational and life opportunities in the coming year. We hope you all experience a year filled with sweet moments.

Sayar U Soe Htet, the founder of ConceptX, shares his New Year greetings with all students, parents, employees, and teachers through this video. In this message, he also highlights a significant achievement of our school.🎖️

We are proud to have nurtured talented and outstanding students both online and on campus, while providing the best international education system at an affordable price.

Our primary mission is to spread the highest quality education to everyone in Myanmar. We promise to continue our efforts to offer the best education to all students in Myanmar at the most affordable price. 🏆

#ConceptX #CIS #NewYear
We are proud to have nurtured talented and outstanding students both online and on campus while providing the best international education system at an affordable price.

CIS - ConceptX International School

22 Dec, 05:25


Christmas ပွဲတော်ကျင်းပမည်ဖြစ်ပါသဖြင့် one way စနစ်ဖြင့် ဝင်ရောက်ပေးရန် ကြေညာချက်

ပေါ်ဆန်းမွှေး Campus ရှိ CIS ကျောင်းကြို/ပို့ယာဉ်များအနေဖြင့် ယခင် CIS ကျောင်းဘက်သို့ ဝင်ရောက်မည့်နေရာတွင် Christmas ပွဲတော်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် 23.12.2024(တနင်္လာနေ့) နှင့် 24.12.2024(အင်္ဂါနေ့) (၂)ရက်ထဲသာ ပုံတွင် ဖော်ပြထားသောလမ်းကြောင်းအတိုင်း အပြာရောင်မျဥ်းသတ်မှတ်ထားသော CLL Immunisation Centre ရှိသောလမ်းမှဝင်ရောက်ပြီး အနီရောင်မျဥ်းသတ်မှတ်ထားသော SIS ဘေးလမ်းမှ ပြန်လည်ထွက်ခွာပေးပါရန် အသိပေးအပ်ပါသည်။

CIS - ConceptX International School

14 Dec, 05:32


ConceptX International School တွင် January 10 Intake , 2025 တွင်စတင်တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများ နှင့် လက်ရှိတက်ရောက်နေသောကျောင်းသား၊ကျောင်းသူများအား အသိပေး‌အကြောင်းကြားခြင်း။

➣ January 10 Intake, 2025 တွင် Ferry စီးလိုသောကျောင်းသား၊ကျောင်းသူများအနေဖြင့် Ferry ​ စီးလိုပါက (၁၅.၁၂.၂၀၂၄) ရက်နေ့မှ (၂၂.၁၂.၂၀၂၄) နောက်ဆုံးထားပြီး ငွေသွင်းပြီး Form ဖြည့်ပေးကြပါရန်အသိပေး‌အကြောင်းကြားအပ်ပါသည်။

➣ သက်ဆိုင်ရာမြိုနယ် အလိုက် Ferry စျေးနှုန်းများကို Ferry Department Hotline နံပါတ် 09775111113 လိုင်းခွဲနံပါတ် (6) ကိုဆက်သွယ်၍သော်လည်းကောင်း၊ ConceptX Ferry Telegram - https://t.me/conceptxferry ၌သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

➣ Ferry Department ဘက် မှ သတ်မှတ်ထားသော မြို့နယ်လမ်းကြောင်းများထက် ကျော်လွန်ပြီး ငွေသွင်းထားသောကျောင်းသား၊ကျောင်းသူများအား အတတ်တိုင်ဆုံးညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်၍ မရသောလမ်းကြောင်းများရှိပါက ​ Ferry Department ဘက်မှ Refund ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

➣ ငွေသွင်းပြီး ဖောင်ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများအားလုံးသည် (10.1.2025) ရက်နေ့တွင် Ferry စတင်စီးနိုင်မည်။

➣ January 10 Intake , 2024 Intake အတွက် Ferry စီးလိုသောကျောင်းသား/ကျောင်းသူများအနေဖြင့် ငွေသွင်းပြီးလျှင် ငွေသွင်းထားသောပြေစာကို ယခုပေးထားသော Ferry Payment Form Link တွင် ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
​ ​ ​ ​ ​ ​
➣ Ferry Payment form Link: https://forms.gle/uZ4oX8Vv5FT8Qex97

မှတ်ချက် ။ ​ ​ ​ ​ ​ ​ ​ ​ ။ (၂၂.၁၂.၂၀၂၄) ရက်နေ့နောက်ဆုံးထားပြီး ငွေသွင်းထားခြင်းမရှိသော ကျောင်းသား၊ကျောင်းသူများ နှင့် Ferry Payment Form မဖြည့်ထားသော ကျောင်းသား၊‌ကျောင်းသူများကို CIS Ferry Department ဘက် မှ Ferry စီစဉ်ပေးမည် မဟုတ်ကြောင်းအသိပေး‌အကြောင်းကြားအပ်ပါသည်။လက်ရှိတွင်တတ်ရောက်နေသော ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ဖယ်ရီစီးလိုပါက (၂၂.၁၂.၂၀၂၄) ရက်နေ့နောက်ဆုံးထားပြီး ငွေသွင်းထားပါက ဖယ်ရီစီစဥ်ပေးမည်ဖြစ်သည်။

CIS - ConceptX International School

11 Dec, 09:18


ConceptX Online Class အတွက် “JUNEFERRAL” Program

2025 ခုနှစ် June လမှာ ConceptX International School ရဲ့ Online Class June Intake ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေ၊ တက်ရောက်ဖို့ စိတ်ပါဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ “June Intake” အတွက် Referral ရယူနိုင်မဲ့ “JUNEFERRAL” Program မှာပါဝင်ပြီး ကျောင်းလခ သက်သာခွင့်တွေ ရယူနိုင်မှာပါ။ 🎖

—--------------------------------

𝐉𝐔𝐍𝐄 𝐑𝐅𝐄𝐑𝐑𝐀𝐋 𝐏𝐫𝐨𝐠𝐫𝐚𝐦

✔️ CIS မှာတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းသားကျောင်းသူအသစ်တွေကို Referral ပေးပြီး ကျောင်းသားသစ်ရော ကျောင်းသားဟောင်းပါ တစ်နှစ်စာ ကျောင်းလခသက်သာခွင့်များ ရရှိနိုင်မှာပါ။

✔️ ကျောင်းသားဟောင်း 1 ယောက်မှ ကျောင်းသားသစ် 3 ယောက်အထိ Refer ပေးနိုင်ပြီး တစ်နှစ်စာကျောင်းလခရဲ့ 30% သက်သာခွင့်ကို အများဆုံး ရယူနိုင်မှာဖြစ်ပါတယ်။

—--------------------------------

❇️ 𝐉𝐔𝐍𝐄𝐅𝐄𝐑𝐑𝐀𝐋 𝐏𝐫𝐨𝐠𝐫𝐚𝐦 စည်းကမ်းချက်များ ❇️

Refer ပြုလုပ်ခံရသောကျောင်းသားကျောင်းသူအသစ်သည်
▪️ Referral ပေးသော ကျောင်းသားဟောင်း၏ မောင်နှမရင်း မဖြစ်ရပါ
▪️ CIS ၏ Online နှင့် On Campus တွင် လုံးဝတက်ရောက်ဖူးခြင်း မရှိသူ
▪️ Online Class June Intake တွင် တက်ရောက်မည့်သူ ဖြစ်ရမည်

—--------------------------------

CIS Online Class June Intake အတွက် ကျောင်းလခနှုန်းထားများ

Online Class ကျောင်းလခ စာသင်နှစ် တစ်နှစ်စာအတွက်
• Pre-Primary to Primary 6 – 768,900 MMK
• Secondary 1 & Secondary 2 – 878,900 MMK
• Secondary 3 (IGCSE Year 1) – 988,900 MMK
• Secondary 4 (IGCSE Year 2) – 1,098,900 MMK ကျသင့်မှာဖြစ်ပြီး ကျောင်းလခအား
(၁) ကြိမ်၊ (၂)ကြိမ်၊ (၃)ကြိမ်ခွဲ၊ (၄)ကြိမ် အသီးသီး ခွဲပြီး ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။ ​ ​ ​ ​ ။ Registration and Admission Fees ကို ကျောင်းသားဟောင်းများအတွက် 30,000 MMK နှင့် ကျောင်းသားအသစ်များအတွက် 50,000 MMK ပေးသွင်းရမည် ဖြစ်ပါသည်။

—------------------------------------

𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 𝐋𝐢𝐧𝐤:
https://forms.gle/guWDLZ2QdbKD6RDs8
Deadline : April 28th, 2025

𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞

Register ပြုလုပ်ထားသော ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့် ကျောင်းလစာအား May 5, 2025 နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပြီး Payment Form ကို CIS Online Facebook Page Messenger မှတစ်ဆင့် တောင်းယူဖြည့်သွင်းနိုင်ပါသည်။

Registration ပြုလုပ်ပြီးသော ကျောင်းသားကျောင်းသူအသစ်များအနေဖြင့် Placement Test Result ထွက်ရှိပြီး 10 ရက်အတွင်း ကျောင်းလခပေးသွင်းရန် လိုအပ်ပါသည်။

—------------------------------------------

CIS ၏ Online Class တန်းခွဲများအကြောင်း အသေးစိတ်စုံစမ်းသိရှိလိုပါက ကျောင်းသို့လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်း အပ်နှံနိုင်ပါတယ်။

𝐂𝐚𝐦𝐩𝐮𝐬 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:

Pre Primary to IGCSE Campus Address: အမှတ် (၁/က၁)၊ ပေါ်ဆန်းမွှေးလမ်း၊ သင်္ဃန်းကျွန်း မြို့နယ် (ပေါ်ဆန်းမွှေးလမ်းအဆုံးရှိ SIS ကျောင်း ညာဘက်ရှိ ​ ကိုယ်ပိုင်လမ်းအဆုံး၏ဘယ်ဘက်)

𝐂𝐨𝐧𝐭𝐚𝐜𝐭 - စုံစမ်းရန်

CIS ကို လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်ရန် Hotline number - 09 775 111 113 ကို ရုံးချိန် မနက် 8 နာရီမှ ညနေ 4 နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မှတ်ချက်
ရရှိလာသော referral reward ကို 2026 ခုနှစ် June လ intake တွင်သာ ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

#ConceptXOnline #ConceptX #CIS #Juneferral #ReferralProgram
#ပညာရေး #education #online #live_class #international #international_school #primary1 #primary2 #primary3 #primary4 #primary5 #primary6 #secondary1 #secondary2 #secondary3 #secondary4 #IGCSE

CIS - ConceptX International School

23 Nov, 02:46


မင်္ဂလာပါခင်ဗျာ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့သည်
မြန်မာနိုင်ငံအမျိုးသားနေ့ ဖြစ်ပါသောကြောင့်
ConceptX Campus နှင့် Online ကျောင်းတို၏
ကျောင်းပိတ်ရက်ဖြစ်ပါကြောင်း အသိပေး
ကြေညာအပ်ပါတယ်ခင်ဗျာ 📢📢📢

#ConceptX #Holiday #Announcement

CIS - ConceptX International School

12 Nov, 08:18


ကထိန်ပွဲတော်ကျင်းပမည်ဖြစ်ပါသဖြင့် one way စနစ်ဖြင့် ဝင်ရောက်ပေးရန် ကြေညာချက်

ပေါ်ဆန်းမွှေး Campus ရှိ CIS ကျောင်းကြို/ပို့ယာဉ်များအနေဖြင့် ယခင် CIS ကျောင်းဘက်သို့ ဝင်ရောက်မည့်နေရာတွင် ဒုတိယအကြိမ်မြောက်ကထိန်ပွဲတော်ကျင်းပမည်ဖြစ်ပါသဖြင့် 13.11.2024(ဗုဒ္ဓဟူးနေ့) တစ်ရက်ထဲသာ ပုံတွင် ဖော်ပြထားသောလမ်းကြောင်းအတိုင်း အပြာရောင်မျဥ်းသတ်မှတ်ထားသော CLL Immunisation Centre ရှိသောလမ်းမှဝင်ရောက်ပြီး အနီရောင်မျဥ်းသတ်မှတ်ထားသော SIS ဘေးလမ်းမှ ပြန်လည်ထွက်ခွာပေးပါရန် အသိပေးအပ်ပါသည်။

CIS - ConceptX International School

31 Oct, 08:43


🪔 ကြည်နူးချမ်းမြေ့ဖွယ်ရာ ဒီပါဝလီပွဲတော်
အခါသမယဖြစ်ပါစေလို့ ConceptX မှ ဆုတောင်း
မေတ္တာပို့သလိုက်ပါတယ်။ 🪔

ဒီပါဝလီ မီးထွန်းပွဲတော်ကာလမှာ ထွန်းညှိတဲ့
ဆီမီးအလင်းစနဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ
ကျောင်းသားကျောင်းသူများနဲ့ မိဘပြည်သူများရဲ့
နှလုံးသားတွေလည်း နွေးထွေးပါစေ၊ ကျန်းမာ
လုံခြုံမှုတွေနဲ့ ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိိုင်ပါစေ
လို့လည်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။ ❤️
—--------------------------

🪔 Wishing everyone a peaceful
Diwali festival from ConceptX! 🪔

As we celebrate the radiant festival
of Diwali, we extend our heartfelt
wishes to all our students and parents
in Myanmar. May this festival of lights
bring warmth to your hearts, and may
you enjoy a healthy and peaceful life. ❤️

#ConceptX #CIS #Myanmar #Diwali

CIS - ConceptX International School

10 Oct, 08:07


🎊 သီတင်းကျွတ်ကာလမှာ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများကို ကျေးဇူးသိတတ်သောအားဖြင့် ပြုလုပ်ကျင်းပမည့်အာစရိယပူဇော်ပွဲကို ConceptX International School မှ ကျောင်းသား/သူများ တက်တက်ကြွကြွ ပါဝင်နိုင်ကြဖို့ အောက်ပါပွဲအစီအစဉ်တို့ကို ကြေညာအပ်ပါသည်။ 🎉

အစီအစဉ်
📆 နေ့စွဲ ။ ။ ၁၁.၁၀.၂၀၂၄ (သောကြာနေ့)
🕰 အချိန် ။ ။ မနက် ၈ နာရီ - နေ့လယ်၂ နာရီ
🏫 နေရာ ။ ။ ConceptX International School (Pawsan Campus)
🔸အစီအစဉ် ။ ။ ဆရာများကို ကန်တော့ရန်

🙇‍♀️🙇မနက် ၉ နာရီ မှ ၁၀ နာရီ (Primary 5,6)
🙇‍♀️🙇မနက် ၁၀:၃၀ နာရီ မှ ၁၁:၃၀ နာရီ (Secondary 1,2)
🙇‍♀️🙇မနက် ၁၁ နာရီ မှ ၁၂ နာရီ (IGCSE, A-level 1,2)

❗️လိုက်နာရမည့် ကျောင်းစည်းကမ်းများ❗️
- ကျောင်းနှင့်သင့်တော်သောမြန်မာဝတ်စုံ၊တိုင်းရင်းသားဝတ်စုံများကိုသာဝတ်ဆင်စေချင်သည်။
- ပြင်ပကျောင်းသား/သူများ၊ ကျောင်းသားဟောင်းများကို လာရောက်ရန်ဖိတ်ကြားခြင်း မပြုရန်။
- ကျောင်းကားစီစဉ်ပေးမည် ဖြစ်သဖြင့် နောက်ကျလာခြင်း၊ စောပြန်ခြင်း မပြုရန်။
- အစားအသောက်တန်းများရှိမည်ပြီး ကျောင်းသား၊ကျောင်းသူများဝယ်ယူစားသောက်နိုင်ရန် အစီအစဉ်များရှိသော်လည်း လိုအပ်မည်ဆိုပါက မိမိတို့၏နေ့လယ်စာများ စီစဉ်လာနိုင်ပါသည်။

🖇 ထပ်မံသိရှိလိုသောအကြောင်းအရာများကို သက်ဆိုင်ရာအတန်းပိုင်ဆရာ/မများထံမေးမြန်းနိုင်ပါတယ်။

ပေါ်ဆန်း‌မွှေးကျောင်း၏ပွဲတော်ရက်တွင် ကျောင်းသားကျောင်းသူများ၏လုံခြုံရေးကို အကြောင်းခံ၍ မိဘ အုပ်ထိန်းသူများနှင့် အပြင်လူများကို ကျောင်းဝင်းအတွင်းသို ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

CIS - ConceptX International School

10 Oct, 04:15


သီတင်းကျွတ်ကျောင်းပိတ်ရက်များအား အသိပေးကြေညာခြင်း
----------

ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ
ConceptX International School မှ သီတင်းကျွတ်ကာလ ကျောင်းပိတ်ရက်များအဖြစ် ၁၂ . ၁၀ . ၂၀၂၄ (စနေနေ့) မှ ၂၀ . ၁၀ . ၂၀၂၄ (တနင်္ဂနေနေ့) အထိ ကျောင်းပိတ်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်ခင်ဗျာ။

#CIS
#၂၀၂၄သီတင်းကျွတ်ကျောင်းပိတ်ရက်

CIS - ConceptX International School

09 Oct, 08:33


Concept X International School(Pre Primary to Primary 4)-
Pawsan Campus ၏ ဆရာကန်တော့ပွဲနေ့ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။


နေ့စွဲ -၁၀.၁၀.၂၀၂၄(ကြာသပတေး)
အချိန်- မနက် ၉:၀၀ မှ နေ့လယ် ၁၂:၀၀ ထိ
နေရာ - Concept X International School
(Pawsan Campus)

Dress code - Traditional Costumes

PE Room တွင် မုန့်ဈေးတန်းများ ထားရှိ ရောင်းချပေးနေမည် ဖြစ်သော်လည်း နေ့လယ်စာထမင်းဘူးများ ယူဆောင်‌လာပေးပါရန် မှာကြား လိုပါသည်ရှင်။

ကျောင်းမှပြေးဆွဲပေးသော ကျောင်းဖယ်ရီ များက ပုံမှန်အတိုင်းရှိနေမည်ဖြစ်ပြီး ပွဲချိန်အတိုင်း အကြို၊ အပို့ ပြုလုပ်သွားမည် ဖြစ်ပါသည်။
အပြင်ဖယ်ရီ နှင့် ကိုယ်ပိုင်အစီအစဉ်ဖြင့်လာသော သားသား၊မီးမီးတို့ကိုလည်း နေ့လယ် ၁၂ တွင် လာရောက်ကြိုပေးပါရန် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်ရှင်။

ပေါ်ဆန်း‌မွှေးကျောင်း၏ပွဲတော်ရက်တွင် ကျောင်းသားကျောင်းသူများ၏လုံခြုံရေးကို အကြောင်းခံ၍ မိဘ အုပ်ထိန်းသူများနှင့် အပြင်လူများကို ကျောင်းဝင်းအတွင်းသို ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

CIS - ConceptX International School

08 Oct, 09:23


🎊 ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်စရာ အချိန်ကောင်းတွေ ရရှိကြပါစေကြောင်း CIS မိသားစုများက ဆုမွန်ကောင်းတောင်းအပ်ပါတယ်🎉

၉.၁၀.၂၀၂၄(ဗုဒ္ဓဟူးနေ့) တွင် ConceptX International School ၏ စာပေ‌ပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

စာပေပွဲတော်နေ့တွင် မြန်မာစာဌာနမှ အဖတ်၊ အရွတ်၊ အပြော Final ပွဲစဉ်များ၊ အင်္ဂလိပ်စာဌာနမှ Role Play, Impromptu Talk ၏ Final ပွဲစဉ်များ ကျင်းပပြီး၊ နေ့လယ်တွင် ဆုပေးပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

စာပေပွဲတော်အတွက် အသေးစိတ်အစီအစဉ်များအား သက်ဆိုင်ရာ Student Telegram Group များတွင် ကြေညာထားပြီးဖြစ်ပါသည်။

ပေါ်ဆန်း‌မွှေးကျောင်း၏ပွဲတော်ရက်တွင် ကျောင်းသားကျောင်းသူများ၏လုံခြုံရေးကို အကြောင်းခံ၍ မိဘ အုပ်ထိန်းသူများနှင့် အပြင်လူများကို ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

CIS - ConceptX International School

04 Oct, 09:05


ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ
ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ
ဆရာများခင်ဗျာ (၁၀ . ၁၀ . ၂၀၂၄) ကြာသပတေး
နေ့သည် သီတင်းကျွတ်လဆန်း(၈)ရက် ဥပုသ်နေ့
ဖြစ်ပါ၍ (၅ . ၁၀ . ၂၀၂၄) စနေနေ့သည်
ကျောင်းတက်ရက်ဖြစ်ပါ‌ကြောင်း ကြိုတင်
အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။

#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

27 Sep, 03:00


ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ
ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ
ဆရာများခင်ဗျာ (၂ . ၁၀ . ၂၀၂၄) ဗုဒ္ဓဟူးနေ့သည်
တော်သလင်းလကွယ် ဥပုသ်နေ့ ကျောင်းပိတ်ရက်
ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

သို့ဖြစ်ပါ၍ (၂၈ . ၉ . ၂၀၂၄) စနေနေ့သည်
ကျောင်းတက်ရက်ဖြစ်ပါ‌ကြောင်း ကြိုတင်
အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။

#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

19 Sep, 23:48


CIS ပေါ်ဆန်းကျောင်း ကားပတ်လမ်းရေအနည်းငယ်ကျော်နေပါသဖြင့် 20.Sep.2024 (Fri) တစ်ရက်ကျောင်းပိတ်ပါသည်။
အသေးစိတ် ထပ်မံကြေညာပေးပါမည်။
ကျေးဇူးတင်ပါသည်။

ConceptX International School

CIS - ConceptX International School

19 Sep, 08:31


ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ
ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ
ဆရာများခင်ဗျာ (၂၅ . ၉ . ၂၀၂၄) ဗုဒ္ဓဟူးနေ့သည်
တော်သလင်းလပြည့်ကျော်(၈)ရက် ဥပုသ်နေ့
ကျောင်းပိတ်ရက်ဖြစ်ပါကြောင်း အသိပေးကြေညာ
အပ်ပါသည်။

သို့ဖြစ်ပါ၍ (၂၁ . ၉ . ၂၀၂၄) စနေနေ့သည်
ကျောင်းတက်ရက်ဖြစ်ပါ‌ကြောင်း ကြိုတင်
အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။

#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

14 Sep, 13:07


မင်္ဂလာပါခင်ဗျာ
CIS မှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊
ဆရာ ဆရာမများနှင့် ဝန်ထမ်းများ ခင်ဗျာ မြန်မာနိုင်ငံတစ်၀န်းရှိ
လတ်တလောဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကြောင့်
ရေဘေးဒုက္ခ ခံစားနေရသော ဒေသများအတွက် ConceptX
ကျောင်းမှ (၂၀,၀၀၀,၀၀၀) သိန်းနှစ်ရာကျပ် တိတိကို  မ, တည်
လှူဒါန်းသွားမည် ဖြစ်ပါသည်။

ကျွန်တော်တို့နှင့်အတူ ပါဝင်လှူဒါန်းလိုသော ကျောင်းသား၊
ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများနှင့်
ဝန်ထမ်းများ အနေဖြင့် (အလှူငွေ၊ ဆေးဝါး၊ အဝတ်အထည် နှင့်
အစားအသောက်) များကို  CIS ကျောင်း၏ reception
ထံသို့ လည်းကောင်း KBZ Pay အကောင့်နှင့် ဖုန်းနံပါတ်
သို့လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်ခင်ဗျာ။

KBZ Pay ဖြင့် လှူဒါန်းမည့် သူများအနေဖြင့် Note တွင်
CIS Flood Donation ဟု ရိုက်ထည့်ပေးပါရန်
မေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျာ။ အဝတ်အထည်များ
လှူဒါန်းရာတွင်လည်း ကောင်းမွန်သော အခြေအနေနှင့်
လုံခြုံစွာဝတ်ဆင်နိုင်စေမယ့် အနေအထားရှိသော အဝတ်
အထည်များကို ဦးစားပေး၍ လှူဒါန်းပေးစေလိုပါသည် ခင်ဗျာ။
လက်ခံရရှိသော အလှူငွေစာရင်းများကို ကျောင်းဖက်မှ
ငွေစာရင်းရှင်းတမ်း ပြန်လည်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

အမှန်တကယ် လိုအပ်လျှက်ရှိသော နေရာဒေသများကို
ရွေးချယ်လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှု မှတ်တမ်းများနှင့်
အသေးစိတ်စာရင်းကို ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
----------
လှူဒါန်းနိုင်သော ဘဏ်အကောင့်နံပါတ်များ
Account Name  -Ma Lai Yee Mon Aung

KBZ Old         -  0703 0104 4008 37902
KBZ Special  -  2985 1104 4008 31901

AYA Old         -  2000 4474 834
AYA Special  -  4002 9483 224

CB Old         -  0081-6005-0005-5506
CB Special    -  0094-1009-0000-6335

KBZ Pay နှင့် Wave Pay အကောင့်များမှ
လှူဒါန်းလိုပါက အောက်တွင်ဖော်ပြထားသော ပုံပါ
QR code များကို scan ဖတ်ပြီး လှူဒါန်းနိုင်ပါသည်။
----------
Hotline
09 775 111 113

CIS - ConceptX International School

12 Sep, 07:07


ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ
ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ
ဆရာများခင်ဗျာ (၁၇ . ၉ . ၂၀၂၄) အင်္ဂါနေ့သည်
တော်သလင်းလပြည့် ဥပုသ်နေ့ ကျောင်းပိတ်ရက်
ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သို့ဖြစ်ပါ၍ (၁၄ . ၉ . ၂၀၂၄) စနေနေ့သည်
ကျောင်းတက်ရက်ဖြစ်ပါ‌ကြောင်း ကြိုတင်
အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။

#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

07 Sep, 23:31


Happy International Literacy Day! 📚
At ConceptX, we believe that the power
of reading opens doors to endless
opportunities. Let's celebrate the joy
of learning and the journey of knowledge
together. Every book is a step towards
a brighter future! 🌍

#InternationalLiteracyDay
#ReadToLead #ConceptX

CIS - ConceptX International School

05 Sep, 00:30


ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ (၁၀ . ၉ . ၂၀၂၄) အင်္ဂါနေ့သည် တော်သလင်း လဆန်း(၈)ရက် ဥပုသ်နေ့ကျောင်းပိတ်ရက်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

သို့ဖြစ်ပါ၍ (၇ . ၉ . ၂၀၂၄) စနေနေ့သည် ကျောင်းတက်ရက်ဖြစ်ပါ‌ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။

#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

30 Aug, 07:40


ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ (၃၁ . ၈ . ၂၀၂၄) စနေနေ့အား ဝါတွင်းကာလ အစားထိုး ကျောင်းပိတ်ရက်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

23 Aug, 07:24


ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း
----------
ConceptX International School မှ
ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ
ဆရာများခင်ဗျာ (၂၇ . ၈ . ၂၀၂၄) အင်္ဂါနေ့သည်
ဝါခေါင်လဆုတ် ဥပုသ်နေ့ ကျောင်းပိတ်ရက်
ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
သို့ဖြစ်ပါ၍ (၂၄ . ၈ . ၂၀၂၄) စနေနေ့သည်
ကျောင်းတက်ရက်ဖြစ်ပါ‌ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။
#CIS
#၂၀၂၄ဥပုသ်နေ့ကျောင်းပိတ်ရက်

CIS - ConceptX International School

21 Aug, 12:31


🌟 Daily Excellence 🌟

Discover what drives our students at ConceptX! From the first alarm to the final study session, excellence is woven into every moment. Watch how our students balance learning, teamwork, and growth every single day. 🎒📚💪

👉 Check out the full video and see the future leaders in action!
#DailyExcellence
#ConceptXSchool
#StudentLife
#EducationMatters

CIS - ConceptX International School

20 Aug, 12:01


A-Level Qualification
(Episode-6) Final

A Level ဆိုတာ Advanced Level ရဲ့အတိုခေါက်ဖြစ်ပြီး ယူကေအစိုးရမှ ၁၉၅၁ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ယူကေနိုင်ငံမှ General Certificate of Education (GCE) ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပေးအပ်သောဘာသာရပ်အခြေခံ Secondary School Qualification လက်မှတ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ International School များတွင် တက်ရောက်အောင်မြင် ရရှိနိုင်ပါတယ်။ Secondary School ရဲ့ နောက်ဆုံး ၂ နှစ်အနေဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြားအရွယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားတဲ့အတန်းအဖြစ် သိရှိနားလည်ထားကြပါတယ်။

A-Level ဟာ အခြား International Qualification များ ဖြစ်သော International Baccalaureate (IB)၊ အမေရိကန်နိုင်ငံမှ Advanced Placement (AP) တို့နှင့် အဆင့်အတန်း တူညီပါတယ်။ A-Level ရဲ့ ထူးခြားချက်ကတော့ subject အနည်းငယ်ကို နက်နက်နဲနဲ အတွင်းကျကျ သင်ကြားပို့ချပေးတာပဲ ဖြစ်ပါတယ်။

A-Level Exam ဟာ နိုင်ငံတကာရှိ ကျောင်းအားလုံးမှ Gold Standard Exam အဖြစ် လက်ခံထားတာဖြစ်ပြီး A-Level တွင် Grade A ၃ လုံးနှင့် အထက် ရရှိထားသူများဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။ ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်ခွင့် ရရှိပြီဆိုပါက မိမိကိုယ်ကိုယ်ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကျောင်းသားတစ်ယောက်အဖြစ် သတ်မှတ်လို့ရပါတယ်။

ဒါကြောင့် A-Level တက်ရောက်ပြီး နိုင်ငံတကာပညာရေးနဲ့ ပိုမိုချိတ်ဆက်ကာ အခွင့်အလမ်းကောင်းတွေဖန်တီးချင်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ConceptX မှာ A-Level တက်ရောက်လျှက်ရှိသောကျောင်းသား၊ ကျောင်းသူများနဲ့ သူတို့ရဲ့ A-Level အပေါ်မှာထားရှိတဲ့အမြင်၊အတွေ့အကြုံနဲ့ အကြံပေး စကားများကို ယခုလိုပဲသွားရောက်မေးမြန်းပြီး ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

(Episode ၆ခု ရှိမှာဖြစ်ပြီး ယခု video ကတော့
နောက်ဆုံး Episode-6 ဖြစ်ပါတယ်)

A-Level နဲ့ ပတ်သက်ပြီး အသေးစိတ်ပိုမို သိရှိလိုပါက ConceptX International School သို့ လာရောက်ပြီး အသေးစိတ် စုံစမ်း မေးမြန်း အပ်နှံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

#ConceptX
#InternationalQualification
#AdvancedLevel
#ALevel

5,274

subscribers

138

photos

16

videos