December 3 ရက်နေ့ဆိုတာက ကိုယ်ချစ်တဲ့သူတွေကို Sweater ပေးကြတဲ့နေ့ဆိုပြီးတော့ Social Media မှာ အရမ်းကို ရေပန်းစားနေပါတယ်ပေါ့နော်။ လက်ဆောင်ပေးရတာကတော့ သမိုင်းကြောင်းတွေ ဘာတွေနဲ့တော့ သိပ်မသက်ဆိုင်လှပါဘူး။ လူတွေက ဒီဇင်ဘာရဲ့အစမှာ သူတို့ချစ်ရ ခင်ရတဲ့သူတွေကို နွေးထွေးစေချင်တဲ့ ရည်ရွယ်ချက်ကလေးနဲ့ December 3rd ကို Sweater ပေးကြတဲ့နေ့ဆိုပြီးတော့ သတ်မှတ်လိုက်ကြတာပါနော်။
ဒီဇင်ဘာလဆိုတာက ကမ္ဘာ့နေရာ အတော်များများမှာ အထူးသဖြင့်ဆိုရင်တော့ ကမ္ဘာ့မြောက်ဘက်ခြမ်းပေါ့ အဲ့ဒီနေရာမှာဆိုရင် ဆောင်းရာသီရဲ့ အစဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြီးတော့ နွေးနွေးထွေးထွေးလေး နေထိုင်နိုင်ဖို့ December 3rd ကို ကိုယ်ချစ်ရတဲ့သူတွေကို နွေးထွေးစေဖို့ အတွက် Sweater ကိုလက်ဆောင်ပေးကြတာပါ။ ဒီဇင်ဘာဆိုတာက ကမ္ဘာတစ်ခုလုံးနဲ့ ချုံ့ပြောရမယ်ဆိုရင် ခရစ္စမတ်ပွဲအပါအဝင် အခြားသောပွဲတော်တွေနဲ့ အားလပ်ရပ်တွေ အများဆုံးရတဲ့ လဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အားလပ်ရက်တွေမှာ ချစ်ရ ခင်ရသူတွေနဲ့ နွေးနွေးထွေးထွေးလေးနေဖို့ Sweater ကိုလက်ဆောင်ပေးကြတယ်ပေါ့နော်။ နောက်တော့ လက်ဆောင်အလဲအလှယ်အဖြစ် ဆွယ်တာတွေကို လဲလှယ်ကြပါသေးတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေက ဒီဇင်ဘာအစောပိုင်းရက်တွေမှာ Sweater လဲလှယ်တဲ့ ပွဲတော်ဆိုပြီး ကျင်းပကြပါတယ်။ “St. Nicolas Day” ဆိုပြီးတော့တောင် နာမည်ကျော်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အဲ့ဒီပွဲတော်ကို သိပ်ပြီး မပြုလုပ်ကြတော့ပါဘူး။ အဲဒီအစား December 3rd ကို ကိုယ်ချစ်ခင်ရတဲ့ သူတွေကို နွေးထွေးစေချင်တဲ့အနေနဲ့ Sweater ပေးကြတဲ့ နေ့ဆိုပြီး သတ်မှတ်လိုက်ကြပါတော့တယ်။
#Maysi
#forward_only
#crd_to_Pp
#december3