👄 နှုတ်ခမ်းလေးတွေက အထူးသဖြင့် Matte တွေ Powder type တွေဆိုးများ တဲ့သူလေးတွေဆိုရင် မဖြစ်မနေ Care ပြန်လုပ်သင့်တယ်ဆိုပြီးခွါညို က review လေးမျှဝေပေးထားပါတယ်🍋🍯
🙆🏻♀️ Review လေးမျှဝေပေးတဲ့ ခွါညို ကိုလည်း ကျေးကျေးပါရှင့်
👉🏻😍 ကဲ... ဒါဆို ခွါညို ရဲ့ Reviewလေးဖတ်ပြီး အမြန် ဆုံးလေးအော်ဒါတင်ထားလိုက်တော့နော်..
**************
နှုတ်ခမ်းသားလေးတွေကိုရော treatment ပေးဖြစ်ရဲ့လား။
နှုတ်ခမ်းလေးတွေက အထူးသဖြင့် matte တွေ powdery type တွေဆိုးများတဲ့သူလေးတွေဆိုရင် မဖြစ်မနေ care ပြန်လုပ်သင့်တာပေါ့နော်။
- Colourless lip treat ရယ်
- Tinted lip treat ရယ် ဆိုပြီး ၂မျိုးလာတယ်။
အဓိက သူ့ရဲ့ဟာလေးတွေက..
- Vitamin E အခြေခံထားလို့ နှုတ်ခမ်းခြောက်တာ အဖတ်လန်တာသက်သာစေတယ်။
- Cocoa butter ကြောင့်နှုတ်ခမ်းသားလေးတင်းရင်းစေတယ်။
- အဓိကက နှုတ်ခမ်းနီနေ့တိုင်းဆိုးတဲ့သူတွေအနေနဲ့ lip care အနေနဲ့ ညဖက်သုံးပေးတာဖြစ်ဖြစ်၊ နှုတ်ခမ်းနီမဆိုးတဲ့သူတွေက နှုတ်ခမ်းသားတင်းပြီး ဖူးနေအောင် tinted balm အနေနဲ့ဆိုးတာဘဲဖြစ်ဖြစ်၊ ယောကျ်ားလေးတွေအနေနဲ့လည်းနှုတ်ခမ်းသားခြောက်တဲ့အခါ အရောင်မပါတဲ့ lip treat လေးဆိုးပြီးသက်သာစေတာဖြစ်ဖြစ် အတော်လေး အဆင်ပြေတာပေါ့နော်။
သူ့ရဲ့ အားသာချက်က..
- Lip balm လိုမျိုး မုန့်စားလို့ ဆီပေသလိုမဖြစ်ဘူး။
- သူ့ကိုဆိုးထားပြီးရင် နှုတ်ခမ်းသားအိအိ စိုစိုလေးဖြစ်တာခံစားရတယ်။
- နှုတ်ခမ်းခြောက်၊ အဖတ်လန်တာ ကွာတာတွေသက်သာစေတယ်။
- သူ့ရဲ့အနံ့လေးတွေကလည်း သင်းသင်းချိုချိုလေးတွေ။
သူ့မှာ colourless နဲ့ tinted ၂မျိုးလာတာပေါ့နော်။
Honey Lemon (Colourless lip treat)
- သူက အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ vitamin E, cocoa butter အပြင် ပျားရည်နဲ့ lemon တို့ပါဝင်တာပေါ့နော်။
- သူက အရောင်မပါတာဖြစ်တဲ့အတွက် ညဖက်ဘဲ lip treatment အနေနဲ့ဆိုးမလား၊ နှုတ်ခမ်းနီ မဆိုးခင် အောက်ခံ lip care အနေနဲ့ခံဆိုးမလားအတော်လေးအဆင်ပြေတယ်။
- Lip balm ရွေးချင်တဲ့ ယောကျ်ားလေးတွေဆိုရင်လည်း ဒါလေးကိုသာရွေးကြည့်။
- Lip balm တွေထက် ပိုပြီး စိုအိစေတယ်လို့ ခံစားရတယ်။
Watermelon (Tinted lip treat)
- သူလည်းဘဲ အဓိကပါဝင်ပစ္စည်းတွေအပြင် watermelon extract ပါဝင်တာပေါ့နော်။
- သူကကျ tinted ဆိုတဲ့အတိုင်းအနီဖက်ကိုသွားတာလေး။
- တထပ်တည်းဆိုးရင် နှုတ်ခမ်းသားသဘာဝဆန်ဆန်နီနေသလိုလေးရပြီး layering လုပ်ရင် လုပ်သလောက်ရဲရဲလေးရတာပေါ့နော်။ (ပုံမှာလည်းဆိုးပြထားတယ်)
- သူကကျ နှုတ်ခမ်းနီအနေနဲ့ရောဆိုးချင်သူတွေအတွက်အရမ်းအဆင်ပြေတယ်။
Packaging
- ဘူးလေးကလည်း ချစ်စရာရာ လေးမို့ ဘောင်းဘီအိတ်ထဲဘဲ ထိုးထည့်သွားသွား အိတ်ထဲဘဲ ထည့်သွားသွား အဆင်ပြေတဲ့ size လေး။
အချုပ်ပြောရရင်..
- ဆောင်းတွင်းရောက်ခါနီးလာပြီ (ခွါညိုဆို ရာသီဥတုကသာမအေးတာ အသားခြောက်တာ နှုတ်ခမ်းကွဲတာကတော့ပုံမှန်ဘဲ သူများတော့မသိဘူး🥴) ဆိုတော့ကာ lip balm/ lip treatment လေးတစ်ချောင်းဝယ်ဖို့ရှိတယ်ဆိုရင် ဒီဟာလေးကို မမေ့သင့်ဘူးလို့။
ချစ်တဲ့
ခွါညို (Beauty by Emerald)