အသည်းရောင် အသားဝါရောဂါ (#Hepatits_A) ကြိုတင်ကာကွယ်ပါ💊🫁
🌡️💉ကုသခြင်းထက် ကာကွယ်ခြင်းကပိုထိရောက်တဲ့အတွက်ကြောင့် အသည်းရောင်အသားဝါရောဂါကို မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့ ဘယ်အချက်တွေကိုသိထားသင့်လဲ??
- အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း။
- လက်ဆေးခြင်း၊ သန့်ရှင်းသော ရေနှင့်အစားစာများကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်း။
- အသည်းရောင်အသားဝါ A ကာကွယ်ဆေး (Havrix, Vaqta) ထိုးထားခြင်း။
- (Post-exposure prophylaxis) ပိုးရှိသူနှင့် ထိတွေ့ပြီး(လိင်ဆက်ဆံပြီး) ၂ ပတ်အတွင်း ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ကိုယ်ခံအားပစ္စည်း (immune globulin) ပေးခြင်း။
❗Hepatitis-A ကူးစက်နိုင်သည့်အရာများ (Transmission)
HAV သည် အဓိကအားဖြင့် စအိုနှင့် ပါးစပ်လမ်းကြောင်း (fecal-oral route) မှ များမှ အဓိက ကူးစက်နိုင်သည်။
▪️ညစ်ညမ်းသော အစားအစာ သို့မဟုတ် ရေမသန့်ခြင်း
▪️လူမှလူသို့ ထိတွေ့ခြင်း (ပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ခြင်း၊ အထူးသဖြင့် လက်သန့်မစင်ခြင်း)
▪️လိင်ဆက်ဆံခြင်း (အထူးသဖြင့် ပါးစပ်၊ စအိုတို့ဖြင့် ဆက်ဆံခြင်း)
❗ Hepatitis A စတင်ဖြစ်ပေါ်သည့် လက္ခဏာများ 🦠
အသည်းရောင်အသားဝါ-A (HAV) သည် အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်ပြီး၊ လက္ခဏာများသည် ပေါ်ပေါက်ရန် ၁၅-၅၀ ရက် (ပျမ်းမျှ ၂၈ ရက်) ကြာမြင့်ပြီးစတင်ဖြစ်ပေါ်သည့် လက္ခဏာများမှာ…
- အဖျားတက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း)
- အဆစ်မြစ်နာကျင်
- ဝမ်းပျက် ဝမ်းလျှောဖြစ်ခြင်း
- ရေဖျဉ်းစွဲခြင်း
- အော့အန်ခြင်း
- ဗိုက်အောင့်ခြင်း
- ဆီးအရောင်ရင့်ခြင်း (အညိုရင့်ရောင်)
- အသားဝါခြင်း (မျက်လုံးနှင့် အရေပြားဝါခြင်း)
▪️ကလေးများတွင် လက္ခဏာမပြဘဲ ဖြစ်တတ်ပြီး၊ လူကြီးတွေမှာတော့ သိသိသာသာဖြစ်တတ်ပါတယ် Virus ဖြစ်တဲ့အတွက်ကြောင့်တော့ ကုသတဲ့ဆေး တိတိကျကျမရှိပါဘူး (အများစုမှာ သူ့ဟာသူပျောက်ပါတယ်)
😍ဒါကြောင့် bella မိသားစုမှ ကြိုတင်ကာကွယ်ခြင်းဖြင့်
Star လေးတို့ ကျန်းမာရေးကို ဂရုစိုက်ပါလို့ သတိပေးမေတ္တာစာလေး နှင့်အတူ အနာရောဂါကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်...
✍🏻အချက်အလက်လေးတွေတွက် မူရင်းရေးသားသူများအား Credit ပေးပါတယ်ရှင့်
#bella
#Hepatitis-A
#အသဲရောင်အသားဝါA
#ရန်ကုန်မှာအဖြစ်များနေတဲ့HepatitisAရောဂါ