آخرین پست‌های Al Hanef (အလ်ဟနီးဖ်) (@alhanef786) در تلگرام

پست‌های تلگرام Al Hanef (အလ်ဟနီးဖ်)

Al Hanef (အလ်ဟနီးဖ်)
" လက်ရှိဖြစ်နေတဲ့သဗ်လိးဂ်
အတွင်းပြသာနာကိစ္စများကို
အထောက်အထားအပြည့်စုံနဲ့
တိကျစွာနေ့စဥ်နဲ့အမျှတင်ပြ
အသိပေးနေပါသည် "
3,660 مشترک
3,038 عکس
1,287 ویدیو
آخرین به‌روزرسانی 09.03.2025 02:49

کانال‌های مشابه

ISLAMIC LIBRARY
4,785 مشترک
Myanmar Sport
3,770 مشترک

آخرین محتوای به اشتراک گذاشته شده توسط Al Hanef (အလ်ဟနီးဖ်) در تلگرام

Al Hanef (အလ်ဟနီးဖ်)

26 Feb, 11:56

582

#အလ္လာဟ်ရှင်အထူးလက်ခံတော်မူပါစေ

မကြာခင်မှာ အာလမ်မီရှူရာ သဗ်လီးဂ်နဲ့
ပတ်သက်တဲ့ social media ပို့စ် တွေ
အားလုံးကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်
အမှန် အမှားက အရေးမကြီးတော့ပါဘူး
အချင်းချင်းချစ်ခင်မှု ပိုပြီးတော့အရေး
ကြီးကြောင်း အထူးသတိပေးလာသဖြင့်
ထက်ပြီး ဘာမှ ချပြတော့မည်မဟုတ်ပါ

ဒါကြောင့် မိတ်ဆွေ ညီနောင်အားလုံးပဲ
မိမိတို့ ဒိုအာမှာ သတိရပေးနေကြပါ
တင်ပြခဲ့သမျှ အားလုံးကိုလည်း အထူး
အလ္လာဟ်ရှင် ဟက္က်နဲ့ ဟေဒါယသ် ၏
အကြောင်းခံအဖြစ်ပြုပေးတော်မူပါစေ

သဗ်လီးဂ် သတင်းတွေ မီဒီယာပေါ်မှာ
တင်တာကို တချို့ မလိုလားသူတွေက
ဆရာတွေထံ လိုရာစွဲ သတင်းပေးပြီး
နောက်ကွယ် သွားရောက် တိုင်တန်းမှု
ပြုလုပ်နေတာတွေကြောင့် မရှ်ဝါရာနဲ့

ဆရာတွေရဲ ဆုံးမမှုအရ ဒီကနေ့ကစပြီး
ပို့စ်တွေ အားလုံးကိုအပြီးပိုင် ပိတ်သိမ်း
ဖျက်သိမ်းလိုက်မှာ ဖြစ်ပါတဟ် ။

မရှင်းတာ သိချင်တာရှိရင် အာလင်မ်
နီးစပ်ရာ ပညာရှင်များ တာ၀န်ခံများထံ
ဆက်သွယ်မေးမြန်း နိုင်ပါသည် ။

အလ္လာဟ်အထူးလက်ခံပါစေ

Al Haneef

#ကျွန်ုပ်တို့သည်Al_Haneefများဖြစ်ကြသည်
💐💐💐💐💐💐💐💐💐💐💐💐💐

လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေ
ကျုန်ုပ်တို့သည် Al Hanefအလ်ဟနီးဖ်များ
ဖြစ်ကြပါသည်

https://m.facebook.com/story.php?story_fbid=675977680087364&id=100030254153700
Al Hanef (အလ်ဟနီးဖ်)

26 Feb, 11:47

439

မကြာခင်မှာ အာလမ်မီရှူရာနဲ့ သဗ်လီးဂ်နဲ့ ပတ်သက်တဲ့ social media ဂရုပ်တွေ အားလုံးကို ဖျက်သိမ်းတော့မှာဖြစ်ပါတယ်

ဒါကြောင့် အားလုံးပဲ ဒိုအာမှာ သတိရပေးနေကြပါ

သဗ်လီးဂ်သတင်းတွေ မီဒီယာပေါ်မှာတင်တာကို တချို့မလိုလားသူတွေက ဆရာတွေထံ လိုရာစွဲ သတင်းပေးပြီး နောက်ကွယ်သွားရောက် တိုင်တန်းတာတွေကြောင့်

ဆရာတွေရဲ့ ဆုံးမ မှုအရ ဒီကနေ့ကစပြီး ဂရုပ်အားလုံးကိုအပြီးပိုင် ပိတ်သိမ်း ဖျက်သိမ်းလိုက်မှာ ဖြစ်ပါတဟ် ။

မရှင်းတာ သိချင်တာရှိရင် အာလင်မ်ပညာရှင်များ တာ၀န်ခံများထံ ဆက်သွယ်မေးမြန်း နိုင်ပါသည် ။

အလ္လာဟ်အထူးလက်ခံပါစေ

Al Haneef
Al Hanef (အလ်ဟနီးဖ်)

26 Feb, 10:12

447

#အာဖဂန်နစ္စတာန်တနိုင်ငံလုံးမှာရှိတဲ့
မရ်ကဇ် အားလုံး အာလမ်မီးရှူရာတို့
လက်၀ယ် အာဏာပိုင်မှ လွဲအပ်ခဲ့ပြီ

💚Alhumdulillah💚
အလ္လာဟ်ရှင့် မဟာဂရုဏာတော်ဖြင့်
{ ၂၀ ရက် ၂ လ ၂၀၂၅ ခုနစ် တွင် }
အာဖဂန်နစ္စတာန်မှာ ကျန်ရှိနေသော
စအ်ဒီယာနီညီနောင်တို့ရဲ့ တခုတည်း
ကျန်ရှိနေတဲ့သဗ်လီဂ်မရ်ကဇ်ဖြစ်တဲ့
ဂျလာလ် အာဘာသ် မရ်ကဇ်ကြီးကို
အာလမ်မီရှူရာ အကာဗိရ်များအဖွဲ့ရဲ့
လက်၀ယ်ကို အာဏာပိုင် အစိုးရ မှ
တရား၀င်လွဲပြောင်းပေးခိုင်းလိုက်ပြီး

ပြီးခဲ့တဲ့ ရှဗ်ဂိုဇာရီ မဂ်ရစ်ဗ် နမာဇ် ရဲ့
အပြီး ဘယာန်ကို အာလမ်မီးရှူရာ မှ
တာ၀န်ခံအကြီးအကဲဖြစ်သူဟဇရသ်
မော်လာနာ အဗ်ဒွရ်ရဟီးမ်ဆွာဟိဗ် မှ
စတင် ပြောကြား ပြုလုပ်ခဲ့ပါသည် ။

အလ္လာဟ် အထူး လက်ခံတော်မူပါစေ

*الحمد للہ، ثم الحمد للہ*

*20/2/2025 کو افغانستان کا واحد سعدیانی مرکز جلال آباد عالمی شوریٰ کے حوالے کر دیا گیا ہے افغان حکومت کی جانب سے۔*

*آج جلال آباد مرکز میں شب گزاری کے موقع پر بعد نماز مغرب بیان فرمایا شوریٰ نظام کے بزرگ حضرت عبد الرحیم صاحب حفظہ اللہ نے۔*

*الحمد للہ*

*اس وقت افغانستان کے تمام مراکز شورائی نظام کے ماتحت آ چکے ہیں۔*

Al Haneef
Al Hanef (အလ်ဟနီးဖ်)

25 Feb, 17:39

460

#မုဖ်သီသက္ကီးဆပ်အသံဖိုင်ကိစ္စ

မုဖ်သီသက္ကီးဆပ် ဆရာကြီးက သူ့ကို မော်လ၀ီစအဒ် အနည်းကပ်တွေ့ဆုံပြီး သောင်၀်ဗာဟ်လုပ် ဒေယိုဗန်ဒ်ကို ရိုဂျုအ်လုပ်ပြီးပြီဆိုပြီး လိမ်ပြောထားသမျှကို ဆရာကြီးကတကယ်ယုံနေပြီး လူတယောက်ကနောက်ကနေ ဆရာကြီးကို ဖုန်းအကြိမ်ကြိမ်ဆက်ပြီး ခေါင်းစားတာအရမ်း များလာတော့ စိတ်တိုပြီး အဲဒီလူကို မက်ဆေ့ချ်ဖိုင်နဲ့ ပြန်ပြောလိုက်တာပါ

တကယ်တော့ မော်လ၀ီစအဒ်ဟာ ရိုဂျုအ် မလုပ်ထားရသေးပါ ဆရာကြီးထင်တာက အရင် ၂၀၁၆တုန်းက သူ မူစာ နဗီကိစ္စ စာနဲ့ ရိုဂျုအ်လုပ်တာကို ဒေယိုဗန်ဒ်က လက်ခံပြီး ပြီလို့ ထင်နေတာပါ

အမှန်က သူ့စာကို ဒေယိုဗန်ဒ်ဖက်မှ လက်ခံကြောင်းပြန်စာ လာပို့တဲ့နေ့မှာပဲ ပြန်ပြီး မူစာ နဗီ ကို စော်ကားတာ ရိုဂျုအ် နောက်အမှားတွေ ထက်ခါတလဲတိုးပြီး ပြန်ပြောတာတွေကြောင့် ဒေယိုဗန်ဒ်က သူ့ရိုဂျုအ်ကို လက်မခံတော့ကြောင်း ကြေငြာပြီးသားဖြစ်တယ်

ဒေရိုဗန်ဒ်က တရား၀င် ရိုဂျုအ် လုပ်ပြိးကြောင်း မကြေငြာသ၍ ဘယ်ဆရာကြီး ပြောပြော အတည်မဖြစ်ပါ သူ့ကို ဖသ်ဝါထုတ်ထားတာ ဒါရုလ်အိုလူမ် ဒေယိူဗန်ဒ်က တညီတညွတ်ပါ

၃ ရက်အရင်ကမှ မော်လ၀ီစအဒ်တို့သားဖ ဒေယိူဗန်ဒ်လာပြီး ပွဲခံကာ ရိုဂျုအ်လုပ်ပြီးသလို သူ့နောက်လိုက်တွေက သတင်းမှားဖြန့်လို့ ဒေယိုဗန်ဒ်က ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင်ကြေငြာထားတာပါ မော်လ၀ီစအဒ်ဟာရိုဂျုအ်မလုပ်ထားပါ သူ့အပေါ် ထုတ်ထားတဲ့ဖသ်ဝါလည်းအတည်ရှိသေးကြောင်း တနေ့ထက်တနေ့ သူ့ဘယာန်တွေက ပိုဆိုးလာကြောင်း အာလင်မ်တွေကိုပါ စိန်ခေါ်ပြီး အမှားတွေဟောပြောနေကြောင်း မုဖ်သီအဗူလ်ကာစင်မ် ဆပ်ကိုယ်တိုင်ကြေငြာထားတာပါ ။

သဗ်လီးဂ်မှာ ၂ဖက်ခွပြီး ရန်တိုက်ပေးတဲ့ တတိယမြောက်အုပ်စုက ယူစူဖ် ဝါပီ ဆိုသူ ရှိုက်ခွလ်အစ္စလာမ် မုဖ်သီသက္ကီးအွစ္စမာနီဆပ် ကို နောက်ကနေလိုက်ပြီးမက္ကာဟ်မှာ မနစ်က မော်လ၀ိစအဒ်နဲ့ ဆရာကြီး ဆုံတွေ့စဥ် ရန်မဖြစ်ဖို့ မဇ်ဟဗ် ၂ခုလို မတူပေမည့် ရန်မမူကြောင်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ မော်လ၀ီစအဒ်ကို ချော့ပြီး ပြောတာကို မော်လ၀ီစအဒ်နောက်လိုက်တယောက်က အသံဖိုင် ကူးပြီး လိုင်းပေါ်ဖြန့်ခဲ့တာအဲဒီလို မဇ်ဟဗ် ၂ ခုလိုတူတူ နှိုင်းပြောရကောင်းမလားဆိုပြီး ဆရာကြီးကို ယူစူဖ်ဝါပီဆိုသူ က လိုက်ပြီး အာလမ်မီးရှူရာဖက်ကယောင်ဆောင်ကာ လိုက် ခေါင်းစား ဖုန်းဆပ် whatsapp ကနေ စာတွေပို့ပြိး ပြသာနာရှာ ဒုက္ခ စိတ်အနှေက်အယှက်ပေးလာတော့ဆရာကြီးပေါက်ကွဲပြီးသူ့ကို အသံဖိုင်ပို့လိုက်တာကို လိုင်းပေါ်လွင့်ပြီး မသိရင် ဆရာကြီးကပဲ ဆုံးဖြတ်ချက်ကြေငြာ လိုက်သလို ပွဲရှာနေကြတာပါ။

သိထားဖို့က မုဖ်သီသက္ကီးဆပ်တို့ ညိနှိုင်းပေးမည့်အဖွဲ့ ၂၅ပါး အာလင်မ်ကြီးပါတဲ့ အုပ်စုဟာ ဒေယ်ိုဗန်ဒ် ဖသ်ဝါကိစ္စ ကို လိုက်ပြီး ၀င်ရောက်မစွက်ဖက်ပါဘူး။
သို့သာမက သဗ်လီးဂ် ၂ဖွဲ့ အမှား အမှန် ဖယ်ထုတ်ကာ ဟကက် မှန်ကန်တဲ့ တဖွဲ့ပဲရှိပြီး ပြန်ပေါင်းစည်းရေးအတွက် ကြိုးပမ်း ဆုံးဖြတ် ညိနှိုင်းပေးရန် ဖြစ်တာကြောင့် ထို ၂၅ ပါးစလုံး လက်မှတ်ထိုးပြီးတရား၀င် စာမထုတ်ပဲ ဘယ်ဆရာပြောပြော အတည်မဖြစ်ပါ။

ထိုနည်းတူစွာ ဒေယိုဗန်ဒ်ဖသ်ဝါသည်လည်း မုဖ်သီတပါးပါး ရဲ့ ရိုင် ခံယူချက် ထင်မြင်ချက် သို့ ဆရာကြီး တဦး တယောက်ဖက်မှ ဥပမာ မုဖ်သီ အရ်ရှဒ်မဒနီဆပ် လိုဆရာကြီးပဲ ပြောတာ ဖြစ်နေပါစေ ရိုဂျုအ်လုပ်ပြီးပြီ ပြောလိုက်လို့ ဒေယိုဗန်ဒ် တရား၀င် ဖသ်ဝါသည် မပြောင်းလဲသွားပါ တရား၀င် ဒေယိုဗန်ဒ်ကျောင်းက ဆရာတွေအားလုံးဖက်ကနေ သဘောတူညီ စာမထုတ်ပြန်သ၍ ဘာမှ မပြောင်းလဲပဲ ဖသ်ဝါတည်ရှိနေမည်ဖြစ်သည် ။

၁၄၁ ပါး အာလင်မ်ကြီးများလက်မှတ်ထိုးထားတာ အထက်ဖော်ပြပါ တရား၀င် ပုံစံ အများသဘောတူ ဆုံးဖြတ်ချက်အပေါ် ဖြစ်သည် ဆရာတယောက် တလေရဲ့ သဘောထား အပေါ်မဟုတ်ပါ ။

အလ္လာဟ်နားလည်ခွင့်ပေးတော်မူပါစေ

*24 فروری 2025*
🎤 1.44 منٹ آڈیو.. *نیا*
مفتی تقی عثمانی صاحب کی غلط بات کی دارالعلوم دیوبند کے حضرت مولانا مفتی ابوالقاسم نعمانی صاحب کی وضاحت..

"حضرت نے فرمایا کے 2016 میں خط کے ذریعہ رجوع قبول کیا تھا لیکن رجوع کے چند گھنٹہ بعد سے ہی سعد صاحب کے مستقل غلط بیانی کا سلسلۂ آج تک جاری ہے

"کون سمجھا ئے مولانا سعد کو اور کتنا سمجھا ئے"

"ہم دین میں غلط باتوں کو دیکھ کر انکھ بند کر کے تو نہیں رہ سکتے ہیں"

Al Haneef
Al Hanef (အလ်ဟနီးဖ်)

25 Feb, 04:55

482

#ဘာမှထပ်ပြီးမပြောပြချင်တော့ပါဘူး

နောက်ဆို ဟစရသ်ကြီးရဲ့ လက်ဝါးစာ
မိမည်

စီရသ် အခ်လားက် နူးညံ့မှု ?

အလ္လာဟ်ရဟမ်လုပ်တော်မူပါစေ


Al Haneef
Al Hanef (အလ်ဟနီးဖ်)

24 Feb, 03:48

516

#စစ်မှန်တဲ့ဖုံးကွယ်ဖုံးဖိခံရတဲ့အမှန်တရား

ခါးသီးတဲ့ အမှန်တရား ဆိုသူတွေတောင်
သဗ်လီဂ် ကိစ္စ ဒေယိုဗန်ဒ်ဖသ်ဝါ ကိစ္စ တို့
ဟက္က် အမှန်တရား နဲ့ ပတ်သက်လာခဲ့ရင်
ဟစရသ်ကြီး အုပ်စုရဲ့ ခါးသီး ခံရမှာကို
ကြောက်ပြီးအမှန်တရားအသံမထွက်ရဲပါ
ကျယ်၀န်းလှတဲ့ မြေပထ၀ီ ကျင်းသွားမှာ
လည်း စိုးရိမ်ရ 🕋🌴🌊 🕌🎤🛋️💰

အထောက်အထားအစုံနဲ့ သိရှိထားတောင်
အမှန် အမှား သိသိနဲ့ဟိက်မသ်ဟု ဖုံးဖိပြီး
နှုတ်ဆိတ် နေရင်နေလိုက်မည် သို့မဟုတ်
၂ဖွဲ့ အတူတူပါပဲ ချစ်ကြည်ရေး​ ပြောမည်
ဒါမှမဟုတ် ၂ဖွဲ့စလုံးက ချနေ ပုတ်နေတာ
ဘာညာ ဘင်္ဂလားဒေ့ရှ် လုပ်ပြီးရောချကါ
ရှောင်ထွက်သွားမည် ။ မကွဲလွဲထားသော
ဒေယိုဗန်ဒ် ဖသ်ဝါ ကိစ္စကိုတောင်တချက်
ဟမည်မဟုတ် / သတိ 🍏 ပန်းသီးတို့ရန်

ဒီအချိန်မှာ အမှန်တကယ်လိုအပ်နေသည့်
ချိုမြိန်လှတဲ့ အရေးကြီးတဲ့အမှန်တရားကို​
ခါးသီးတဲ့ အမှန်တရား ဆိုသူတွေတောင်
ဆီးချို သွေးတိုး အကြောင်းပြချက်တို့ နဲ့
အများစုမှ စားသုံးကြဦးမည် မဟုတ်ပါ ။

Al Haneef
Al Hanef (အလ်ဟနီးဖ်)

24 Feb, 03:19

563

သိပ်ကိုတန်ဖိုးရှိလိုအပ်တဲ့သတိပေးမှု

ကုရ်အာန်ကျမ်းမြတ်ရဲ့ လကဗ် ဂုဏ်ပုဒ်
အမည် တစ်ခုမှာ ''ဖုရ်ကာန်'' ဖြစ်သည်။

ဒီကနေဘာသိရသလဲဆိုရင် ကျမ်းမြတ်
ကုရ်အာန်ဟာ အမြဲတမ်း စုစည်းစေခြင်း
တစ်မျိုးတည်းမဟုတ်ပါ။

" တစ်ခါတစ်ရံမှာ စုစည်းစေ၍
တခါတရံ မှာ ခွဲထွက်စေသည် "

ဟက္က် အမှန်တရား အပေါ်တွင် ရှိကြသူ
အားလုံးကိုစုစည်းစေဖို့ရာ မိန့်ကြား၍
ဘာသွိလ် လမ်းမှား သူများမှ ခွဲထွက်
စေရန် မိန့်ဆိုထား သည်။

မိန့်ခြွေသူ 💚
ဟကီမုလ် အွမ္မသ် မော်လာနာ အရှ်ရဖ်
အလီ ထာနဝီ (رحمۃ اللہ علیہ)
မုဖ်သီ အဗူနိုမိုင်းရ် အလ်အိုဝိုင်စီ

အလ္လာဟ်ရှင်အထူးအစားပေးတော်မူပါ

Al Haneef

#လူတိုင်းနားထောင်ဖို့လိုတဲ့ဘယာန်ပါ
💐အေဂျ်သေမာအီယသ် စုစည်းမှု နှင့်
အေခ်သေလာဖ် အကွဲလွဲဆိုတာ ဘာလဲ?
💐💐💐💐💐💐💐💐💐

ဒေယိုဗန်ဒ်ကျောင်းမှ ဆရာကြီး ဟဇရသ်
မော်လာနာ မုဖ်သီ စလ်မာန်း ဗိဂျ်နိုရီ ဆပ်

https://m.facebook.com/story.php?story_fbid=715409929477472&id=100030254153700
Al Hanef (အလ်ဟနီးဖ်)

22 Feb, 08:38

22

အာလမ်မီရှူရာလူဟောင်းများဂျိူရ်
    ကျောက်မြောင်းမာမ်စားဗလီ
၂၂ ရက် ၂လ ၂၀၂၅ ခုနစ် စနေနေ့
          မနက်ပိုင်း   ( ၉ :  ၃၀ )

    ရှူကူရ် ရဲ့ ဗီဇနဲ့ အလုပ်လုပ်ရန်

ပြောကြားသူ
မော်လ၀ီ ဖရ်ဟာန်ဆပ် ရိုင်၀င်န်ဒ်
အာလမ်မီရှူရာ  ဆုတောင်းပြည့်
မရ်ကဇ်  ရှူရာ တာ၀န်ခံ

အလ္လာဟ်အထူးလက်ခံပါစေ

Al Haneef
Al Hanef (အလ်ဟနီးဖ်)

22 Feb, 04:12

117

#မာရှာအလ္လာဟ်

ကျောက်မြောင်း မာမ်ဆားဗလီတွင်
လက်ရှိ ၉ ၃၀ မှ ၁၂ ၀၀ နာရီ အထိ
ပြုလုပ်ကျင်းပနေတဲ့အာလမ်မီရှူရာ
စုစည်းမှုဂျိုရ် ကို အလ္လာဟ်အထူးပဲ
လက်ခံတော်မူပါစေ Al Haneef
Al Hanef (အလ်ဟနီးဖ်)

19 Feb, 10:20

328

အလ္လာဟ်ရှင့် အသနားတော် နဲ့
ဧည့်သည် တာ၀န်ခံ ဂျမအသ်
ရောက်ရှိနေစဥ် အချိန်လေးမှာ

လာမည့်စနေနေ့ ၂၂/၂/၂၀၂၅
မနက် ၉ နာရီ မှ ၁၂ နာရီ အထိ
ကျောက်မြောင်းမာမ်စားဗလီ၌
အာလမ်မီးရှူရာ စုစည်းမှု ဂျိုရ်
လူဟောင်း လူသစ် အားလုံး
အစီအစဥ် ပြုလုပ်မည် ဖြစ်ပြီး

တိုကင်စနစ်ဖြင့် နေ့လည်စာပါ
စီစဥ်ပေးထားပါသည် ။

ကိုယ်တိုင်ရော နီးစပ်ရာရှိတဲ့
မကာမီများ စာထီမိတ်ဆွေ
အားလုံးကို အသိပေးဖိတ်ပြီး
ခေါ်ဆောင်လာကြပါရန်

အလ္လာဟ်အထူးလက်ခံပါစေ

Al Haneef