Latest Posts from နားထောင်ရင်းလှူပေးပါ။ (@a13895e) on Telegram

နားထောင်ရင်းလှူပေးပါ။ Telegram Posts

နားထောင်ရင်းလှူပေးပါ။
Click လုပ်ရပိုလွယ်အောင်ရည်ရွယ်ပြီး Telegram Channel လေးထောင်ထားပါတယ်။
2,920 Subscribers
780 Photos
2 Videos
Last Updated 12.03.2025 13:38

The latest content shared by နားထောင်ရင်းလှူပေးပါ။ on Telegram

နားထောင်ရင်းလှူပေးပါ။

05 Mar, 06:33

2,484

🛑 ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု 🛑

🔥သမ္မတဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရအနေနဲ့ စစ်တပ်ရဲ့ အကြီးဆုံး ဒေါ်လာဝင်ငွေလမ်းကြောင်းဖြစ်တဲ့ မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့မှုပြုလုပ်ရေးတောင်းဆိုခြင်း နှင့် အကြမ်းဖက်စစ်တပ်အား ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် ငွေအများဆုံးပေးဆောင်နေတဲ့ PTTကုမ္ပဏီအား သပိတ် မှောက်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မကြာခင်ရက်ပိုင်းအတွင်း စတင်တော့မှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဆိုတဲ့ အတိုင်း ပြည်တွင်း ၊ ပြည်ပမှာ မြေပြင်ရော အွန်လိုင်းပါ တပြိုင်နက်လုပ်ဆောင်သွားမှာပါ။

⏱️ နေ့ရက်
၂၀၂၃ မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၉) ရက်နေ့အထိ

🛑အွန်လိုင်းလှုပ်ရှားမှုများ🛑
📣 - ဓာတ်ပုံ ကမ်ပိန်းများ
📣 - Twitter Mass Trendingလှုပ်ရှားမှုများ
📣 - ကွန်းမန့်ကမ်ပိန်းများ
📣 - အီးမေး ကမ်ပိန်းများ

စသည့် အစီစဉ်များပါဝင်မည်ဖြစ်ပါသည်။
ပြည်တွင်း၊ ပြည်ပမှ ပြည်သူလူထုအားလုံး တတ်နိုင်တဲ့ကဏ္ဍများမှ နည်းလမ်းပေါင်းစုံကနေ အတူပါဝင်လုပ်ဆောင်ကြဖို့အတွက် တိုက်တွန်းပါတယ်ခင်ဗျာ။

#US_SanctionMOGE
#TakeAction_NoMoreWord
#PTT_StopSponsoringJunta
#PTT_MustStopPaymentToJunta
#Boycott_PTT
#WhatsHappeningInMyanmar
#နားထောင်ရင်းလှူပေးပါ။
နားထောင်ရင်းလှူပေးပါ။

04 Mar, 03:01

2,194

" The Starry Night Project "
Vincent van Gogh အမှတ်တရ။

ဒီ fundraising program လေးကို Myanmar Youth Political Unit - MYPU နဲ့ The New Millennium တို့က ပူးပေါင်းစီစဥ်ထားတာပဲ ဖြစ်ပါတယ်။ နားထောင်ရင်းလှူပေးပါမှလည်း media supporter အဖြစ်ပါဝင်ပေးထားပါတယ်ရှင့်။

ဒီတစ်ခါတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာကျော်ပန်းချီဆရာတစ်ဦးဖြစ်တဲ့ Vincent van Gogh အတွက် အမှတ်တရ project လေး တစ်ခုလောက် လုပ်ချင်ပါတယ်ခင်ဗျ။ လာမယ့် မတ်လ ၃၀ ရက်နေ့ ဆိုရင် သူ့ရဲ့မွေးနေ့ရောက်ပါပြီ၊ project က အနည်းငယ်တော့ စောစောလုပ်ဖြစ်သွားတယ်။ သူ့ရဲ့ နာမည်ကျော်ပန်းချီလက်ရာဖြစ်တဲ့ " The Starry Night " ကို ကျွန်တော်တို့က ukulele လေး တစ်လုံးပေါ်မှာ artstyle မဆိုသလောက်လေးနဲ့ ပြန်ရေးထားတာဗျ။

Vincent van Gogh အကြောင်းကတော့ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ဘူးဗျ၊ ပန်းချီဝါသနာရှင်အတော်များများ သိထားကြပြီးသားပါ။ ကျွန်တော်တို့က The Starry Night ပန်းချီရဲ့အလယ်မှာ " ကြယ်တွေစုံပြီလား " ဆိုတဲ့ စာလေးတစ်ကြောင်း ထည့်ရေးထားပါတယ် ... တော်လှန်ရေးအတွင်းက လူငယ်ခေါင်းဆောင်တွေကို ကိုယ်စားပြုသလိုသဘောမျိုးပေါ့။ Ukulele ရဲ့ brand ကတော့ Dodomi brand ဗျ (ဆေးခြယ်လိုက်လို့ ဖုံးသွားတယ်)၊ ပန်းချီလက်ခနဲ့ဘာနဲ့ဆိုရင် ၁ သိန်း ကျော်ကျော်လောက် တန်ကြေးရှိပါတယ်။

ဒီတစ်ခါပရောဂျက်အတွက် မဲလက်မှတ်တစ်စောင်လျင် " ၅၀၀၀ ကျပ် " နှုန်းထား သတ်မှတ်ထားရှိပြီး အစောင်ရေ " ၃၀၀ မဲ " သာ ရောင်းချပေးသွားဖို့အတွက် ဆုံးဖြတ်စီစဥ်ထားပါတယ်။ ပေါက်မဲအနေနဲ့ကတော့ " ၁ မဲ " သာ ရှိမှာပဲ ဖြစ်ပါတယ်။

တန်ဖိုး : ၅၀၀၀ ကျပ်
မဲလက်မှတ်အရေအတွက် : ၃၀၀ မဲ
ပေါက်မဲ : ၁ မဲ
ဆုလက်ဆောင် : " The Starry Night " Ukulele

မဲရောင်းချတဲ့ကာလကိုတော့ ယနေ့ 12th February ကနေ 28th February အထိ ၁၇ ရက်တာ ကာလသာ ဦးစွာသတ်မှတ်ထားရှိပါတယ်၊ ဒါပေမဲ့ လိုအပ်မယ်ဆိုရင်တော့ အချိန်ကာလ ထပ်မံတိုးမြှင့်ရောင်းချသွားရမှာပဲ ဖြစ်ပါတယ်။

ဒီကရလာတဲ့ အကျိုးအမြတ်တွေအကုန်လုံးကို ကျွန်တော်တို့ရဲ့နောက်ခံအဖွဲ့အစည်းဖြစ်တဲ့ Myanmar Youth Political Unit - MYPU ရဲ့ စီမံခန့်ခွဲမှုကနေတစ်ဆင့် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။ Ukulele တီးရတာကို သဘောကျတဲ့သူတွေ၊ Vincent van Gogh ကို အမှတ်ရနေသူတွေနဲ့ ပန်းချီလက်ရာတွေကို ကြိုက်နှစ်သက်တူတွေအတွက် ဒီလောက်အလှူငွေပမာဏနည်းနည်းလေးနဲ့ ဒီလို ukulele လှလှလေးတစ်လုံးကို ပိုင်ဆိုင်ရမယ်ဆိုတာက အရမ်းကိုတန်နေလွန်းတာမို့ လုံး၀လက်လွှတ်မခံသင့်ပါဘူးနော်။ ဒါကြောင့် raffle tickets လေးတွေ လာရောက်၀ယ်ယူပြီး တော်လှန်ရေးကိုထောက်ကူပေးကြဖို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

* The Prophets' Extra Service *

Ukulele ပေါက်မဲ " ၁ မဲ " အပြင် The Prophets' Extra Service အဖြစ် Tarot / Zodiac Birth Chart / Cartomancy ၃ မျိုးထဲက မိမိနှစ်သက်ရာတစ်မျိုးကို Free Service (3 questions) " ၂ မဲ " ပါ နှစ်သိမ့်ဆုမဲအဖြစ် ပါ၀င်ဦးမှာမို့ ၀ယ်ယူအားပေးဖို့အတွက် စိတ်ကူးမလွဲလိုက်နဲ့နော်။

Raffle Ticket ၀ယ်ယူအားပေးရန် : The New Millennium's Chatbox

The Prophets ( ရှေ့ဖြစ်ဟောသူများ )
https://www.facebook.com/104130832338273/posts/104830088935014/

#raffle
#info
#thestarrynightukulele
#TheNewMillennium_AdminTeam
#နားထောင်ရင်းလှူပေးပါ။