♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

@witnessdaily


News Channel

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 14:54


သန်လျင်မြို့ ရပ်ကွက်များ၌အကြမ်းဖက်စကစထွေအုပ်ကနေ ညွန်းကြားချက်အရဆိုပြီး ရပ်ကွက်တွေ၌ လုံခြုံရေးကင်းတဲ အနည်းဆုံး ၃ခုကနေ ၅ခုလောက်ထိကို ဆောက်လုပ်ထားကြောင်းသိရသည်။

အဆိုပါကင်းတဲများကို စစ်မူထမ်းဟောင်းဆိုသူများကို လခပေးပြီး ကင်းစောင့်ခိုင်းမယ်လို့သိရပါသည်။

ရပ်ကွက်တွေရှိပြည်သူ့တွေကနေ တစ်အိမ်ထောင်ကိုဘယ်လောက် သတ်မှတ်ငွေကြေးကောက်ပြီး လစဥ်ကောက်ခံမယ်ဆိုတဲ့အကြောင်းလည်းသိရပါသည်။

22-10-2024

#ThanlyinMedia

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 13:36


Dana ဆိုင်ကလုန်းအန္တရာယ်အတွက် အိန္ဒိယကြိုတင်ပြင်ဆင်

https://burmese.voanews.com/a/7832316.html

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:47


ဘုတလင်မှာ စစ်တပ်က အငြိုးတကြီး စစ်ကြောင်းထိုးနေ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ဆို

CJ Platform

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ခရိုင် ဘုတလင်မြို့နယ်မှာ စစ်ကြောင်းတစ်ကြောင်းလုံး တိုက်ခံရပြီးနောက် စစ်အုပ်စုဟာ အောက်တိုဘာလဆန်းကနေ စတင်ပြီး ရွာစဉ်အလိုက် စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဘုတလင်မြို့နယ်၊ ကူတော်ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီ စစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကြောင်းတစ်ခုလုံး ပြိုပျက်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကြောင်းမှူး၊ ဗိုလ်မှူးတွေ အပါအ၀င် ၃၅ ဦး သေဆုံးပြီး ၄၃ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-20246/

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:47


မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေက ရပ်ကွက်တချို့ ရေဝင်ရောက်မှု ပိုဆိုးလာ

CJ Platform

ရန်ကုန်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာ နှစ်ရက်ဆက်ရှိပြီဖြစ်လို့ ဆင်ခြေဖုံးမြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တချို့မှာ နေအိမ်တွေထဲ ရေဝင်ရောက်မှု ပိုမိုဆိုးရွားလာတယ်လို့ ရပ်ကွက်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံစတဲ့ မြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်နေပြီး ရပ်ကွက်နေ ပြည်သူတချို့ဟာ ပြောင်းရွှေ့နေထိုင်နေရတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/2210-2024-5/

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:47


ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် စဖြစ်၊ သုံးရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီး/လေပြင်းတိုက်ခတ်နိုင်

CJ Platform

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလနဲ့ မိုးလေဝသပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်နဲ့ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ မှာရှိနေပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်နှုန်းခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-2024-5/

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:47


သတင်းပို့ပေးမှုမရှိတဲ့ NGO/INGO တွေကို သွားလာခွင့် ပြုမှာမဟုတ်လို့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ အသိပေး

CJ Platform

ချင်းပြည်၊ မတူပီ၊ ထန်တလန်၊ ပလက်ဝ စတဲ့ လေးမြို့နယ်က မရာနယ်မြေမှာ သတင်းပို့ပေးမှုမရှိတဲ့ ပြည်တွင်းပြင်ပအဖွဲ့စည်း (NGO/INGO) တွေကို လှုပ်ရှားသွားလာခွင့်ပြုမှာ မဟုတ်ဘူးလို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) က ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မရာနယ်မြေအတွင်း NGO/INGO တွေအနေနဲ့ လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေဖို့အတွက် လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ပေးစေဖို့ အသိပေးထားပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-20243/

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:46


မန္တလေးသူ/သားတို့ရေမြို့အခြေအနေ သတင်း အပြန်အလှန်ဆွေးနွေးလို့ရအောင် ကြိုတင်ပြင်ဆင်ထားတဲ့ Group ကို Join ထားပါ 👇👇👇

https://t.me/+M7MBL-fNCiI2NTQ1

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:46


ရန်ကုန်သူ/ရန်ကုန်သားတို့ရေ မင်မင်တို့နဲ့အတူမြို့အခြေအနေသိရအောင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် Join ထားပါ

https://t.me/+D4xlWACNhKUwOWQ1

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 11:41


🚨  တာမွေ  🚨

ရေကြီးရေလျှံ ခြင်းကြောင့် ရှောင်သင့်သော  ရန်ကုန်မြို့နယ် ထိစပ် လမ်းဧရိယာများ၊

ရန်ကုန်မှာ မိုးကြီးရင်ရေလျှံတတ်တဲ့ လမ်းတွေကို ရှောင်ချင်တဲ့ သူတွေအတွက် သိသလောက်စာရင်းပြုစုပေးလိုက်ပါတယ်။

၁။ ကမ်းနားလမ်းတလျှောက်ရှိ အောက်ဆုံးဘလောက်မှလမ်းများ။ (မိုးသည်းချိန်နှင့် မြစ်ရေတက်ချိန်ဆုံလျှင်ပိုဆိုးပါသည်)

၂။ ရန်ကုန်မြို့လည်ခေါင် ဆူးလေဘုရားတဝိုက်

၃။ ဗိုလ်အောင်ကျော်လမ်း ဝန်ကြီးများရုံးအောက်ဖက်

၄။ တာမွေ Ocean Centre တစ်ဝိုက်

၅။ မိုးကောင်းဘုရားလမ်း (သစ္စာလမ်းနှင့် အောင်ဇေယျလမ်းကြား)

၆။ အောင်ဇေယျလမ်း ( မိုးကောင်းလမ်းနှင့် ဝေဇယန္တာ လမ်းကြား)

၇။ ဝေဇယန္တာလမ်း ( ပါရမီ မီးပွိုင့်အနီး)

၈။ ဗြဟ္မစိုလ်လမ်း ( ဝေဇယန္တာနှင့် သုမင်္ဂလာလမ်းကြား)

၉။ မြောက်မြင်းပြိုင်ကွင်းလမ်း

၁၀။ ရန်ကင်းလမ်း ( Golden City Condo ရှေ့)

၁၂။  ကမ္ဘာအေးဘုရားလမ်း (အင်းယားလိပ်ဟော်တယ် အနီး)

၁၃။ ‌စမ်းချောင်းလမ်း ( ရှမ်းလမ်းဖက်)

၁၄။ ဆီဆုံလမ်း( ရှမ်းလမ်းဖက်)

၁၅။ ပြည်လမ်း (အင်းယားကန်‌ဘောင်တံတားဖြူရှေ့)

၁၆။ အောင်သိဓ္ဒိလမ်း (မရမ်းကုန်း) မင်းဓမ္မနှင့် အင်းစိန်လမ်းကြား

၁၇။ အရှေ့ကြို့ကုန်းလမ်း( မင်းဓမ္မနှင့် အင်းစိန်လမ်းကြား )

၁၈။ သမိုင်းလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ

၁၈။ ဘုရင့်နောင်ပွဲရုံ အချို့လမ်းများ

🚨 သိသလောက်နဲ့ကြုံဖူးသလောက်ပါ။ အခြားမြို့နယ်တွေနဲ့  လမ်းတွေကျန်နိုင်ပါသေးတယ်။ အချို့နေရာတွေမှာ ရေမြောင်းတူးဖေါ်တိုးချဲ့မှုတွေကြောင့် အပြောင်းအလဲဖြစ်နိုင်ပါတယ်။

မိုးရွာသွန်းမှုကြာမြင့်ချိန်နဲ့ ရေပါရင်ပါသလို လမ်းပေါ်ရေတက်တဲ့ အမြင့်နဲ့ ရေတင်နေတဲ့အချိန် အနည်းအများရှိနိုင်ပါတယ်။ လပြည့်ကျော် ၃ ရက်လိုမျိုး ရေထရက်တွေမှာ မိုးများရင် ရေတော်တော်နဲ့ ပြန်မကျပဲ ရေတင်ချိန်ပိုကြာတတ်ပါတယ်။

  card to org owner
@TM_Informer

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

22 Oct, 10:00


■ ဘင်္ဂလားပင်လယ်အော်မှာ ၁၂ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင်

(ရန်ကုန်မှာ မိုးအဆက်မပြတ် ရွာသွန်း၍ ရပ်ကွက်အများအပြား ရေနစ်မြုပ်)

Western News| အောက်တိုဘာ ၂၂


YouTube: https://youtu.be/IkFV34QOw68
Website: https://westernnewsmm.com/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/@western_news
Instagram: https://www.instagram.com/thewestern_news/