Pakokku city & University News

@pkcun


Pakokku city & University News

20 Oct, 14:47


" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "

သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။

သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။

သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။

သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။

သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။

သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။

သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။

သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

🔰 အစဉ်လေးစား ချစ်ခင်နေလျှက် ....... ✍🏻

Pakokku city & University News

20 Oct, 14:27


ပခုက္ကူမှာ ခိုးဆိူးလုနှိုက် ပျူသူခိုးတွေကတော့ သခင်အားရ ကျွန်ပါးဝနေကြလေရဲ့

Pakokku city & University News

16 Oct, 03:43


ယခုရက်ပိုင်း ပခုက္ကူမြို့တွင် စကစမှ အဝင်အထွက်တင်းကြပ်နေပါသဖြင့် အဝေးမှ ပခုက္ကူသို့လာမည့် မိဘပြည်သူများအထူးဂရုစိုက်ပေးကြပါ။အထူးသဖြင့် လူငယ်များဂရုစိုက်ပါ။စစ်ဆေးရေးဂိတ်များတွင် လူငယ်များဖမ်းဆီးခံရမှုတွေဖြစ်ပွားနေပါတယ်။ အထူးသဖြင့် တင်းဂတ်ဂိတ်မှ ပိုဆိုးနေကြောင်းသိရပါတယ်။

၁၆.၁၀.၂၄

Pakokku city & University News

16 Oct, 03:38


စခသဘော်နှစ်စီး ယနေ့မနက် ၁၀နါရီခန့်တွင် ဧရာဝတီမြစ်ကြောင်းမှ ပခုက္ကူမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်နေ။

၁၆.၁၀.၂၀၂၄

Pakokku city & University News

12 Oct, 13:40


ကိုယ်ချင်းစာတရား မိုးခေါင်တဲ့အရပ်မှာ
လူသားချင်းစာနာမှုကို
အရိပ်အယောင်မျှ ရှာနေမိတုန်းပဲ

မေတ္တာလည်းမကန်းခဲ့ဖူး
သစ္စာလည်းမကန်းခဲ့ဖူး
လောဘကြောင့်စုံလုံးကန်းတဲ့လူတွေ
များပြားလာတာနဲ့ အမျှ

လောကနိယာမတရားကြီးက
ကျနော်တို့အပေါ် မျက်စိစုံမှိတ်
ဥပေက္ခာပြုနေဦးမှာပဲ......................

#စောနရီ

Pakokku city & University News

10 Oct, 09:04


စခစစ်သဘေ်ာ၃စီ ဧရာဝတီမြစ်ကြောင်းမှ ပခုက္ကူမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ယနေ့မနက် ၈နာရီ ၅၈မိနစ်ခန့်က ဆန်တတ်သွားကြောင်းသိရ။

၁၀.၁၀.၂၄

Pakokku city & University News

10 Oct, 08:10


ပခုက္ကူမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နရီခန့်တွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစောထီးရွာကို မြို့နယ် ပကဖ နှင့် PKU Thurain အဖွဲ့တို့ ပူးပေါင်း၍ အနီးကပ်ချောင်းမြောင်းနေချိန်တွင် ကင်းပတ်ရန် ထွက်လာသော ရဲတပ်သား ၁ ဦးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရရှိသော ရဲတပ်သားထံမှ G3 သေနတ် (၁) လက်၊ ၎င်းကျည် (၂၀၃) တောင့်၊ ကာဘိုင်ကျည် (၂၀၈) တောင့်၊ ကာဘိုင်ကျည်ဘောက် (၄) ဘောက်၊ AK ကျည် (၁၆) တောင့်၊ 4.8 ကျည်အမျိုးအစား (၁၄) တောင့်၊ ၅.၅၆ ကျည် (၁၉၃) တောင့်၊ လက်ပစ်ဗုံး (၂) သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Pakokku city & University News

10 Oct, 07:53


ဒီနိုင်ငံမှာလူငယ်တွေအိမ်မက်က သိပ်စျေးကြီးတာပဲ

Pakokku city & University News

04 Oct, 14:34


ဖြတ်တောက်ပြစ်လိုက်ရတဲ့
ခြေတောက်​တဖက်ကို ငေးကြည်ရင်း
အိမ်ပြန်ဖို့ မဝံ့ရဲတော့တဲ့ လူငယ်တစ်ယောက်ပါ အမေ.......။

ကိုယ့်အတ္တ နဲ့ ကိုယ်ဆိုပေမဲ့
စိတ္တစ ညများအလယ် အမေအိမ်ကို
ခိုးလွမ်းနေမိပြန်တာ ဝန်ခံပါရစေ အမေ.......။

အဖေ တစ်ယောက်ကော
ကျန်းမာရဲ့လား အမေ
မိသားစုအတွက် အားကိုးဖော်မဖြစ်ခဲ့တဲ့
သားမိုက်က အဖေရဲ့ဆဲသံလေးကိုတော့
လွမ်းဆွတ်နေမိတယ်ဗျ.........။

ရာသီတွေ အလီလီပြောင်း
နှစ် တွေ ကြာညောင်းလို့ရှည်
သားတို့ရဲ့ အိမ်ပြန်ချိန်ဟာလေ
​မဝေးတော့တာမို့ အမေဂုဏ်ယူရမဲ့ရက်တွေ
နီးကပ်လို့ လာပြီ အမေ.........။

#ကျေးတမာ
#zka

Pakokku city & University News

25 Sep, 09:38


နှိပ်စက်ခံရမှာကြောက်လို့ဖြစ်ဖြစ်
အသတ်ခံရမှာကြောက်လို့ဖြစ်ဖြစ်
တိုးတက်မှုနဲ့ အမှန်တရားဘက်က
ရပ်တည်မယ့် လူတွေသာ
သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင်
လူ့လောကဟာ
တိရိစ္ဆာန်လောက သာသာလောက်ပဲ
ရှိနေဦးတော့မှာပေါ့မြိုင်ရယ်..........

—ဗန်းမော်တင်အောင် (‘မြိုင်’ ဝတ္ထုမှ)

Pakokku city & University News

25 Sep, 08:44


မကွေး‌တိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာ ဖက်ဆစ်ခွေးမိစ္ဆာ ပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်၊ မနက် ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၄ ကောင် သေဆုံး၊ ၂ ကောင် အရှင်ဖမ်းမိပြီး MA4 အောက်တွဲ တလက်၊ G3 တလက်၊ ကာဘိုင် ၂ လက်၊ ရှော့ဂန်း ၄ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ကာဘိုင်ကျည် ၇၅၆ တောင့်၊ G3 ကျည် ၃၀ တောင့်၊ ၅.၅၆ ကျည် ၁၄ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ဂျမ်မာအထိုင်စက် တလုံး၊ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Urban Underground Revolution Force - YSO ၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၁၀၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ မြိုင် ပကဖ ဒရုန်းတပ်ဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO၊ ဒေါင်းစစ်သည် ပခုက္ကူအဖွဲ့၊ ဒေါင်းညီသွေးနီ သွေးသောက် YSO၊ RDS၊ နဂါးနီအထူးတပ်ဖွဲ့ မြိုင်၊ Burma Revolution Force ၊ မြောင်တပ်ပေါင်းစု၊ Myaing Revolution Team ၊ ညီနောင်သုံးဖော် YSO ၊ Dragon Brother YSO ၊ RC တပ်ပေါင်းစုနဲ့RC ပလိပ်တပ်ပေါင်းစုအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Pakokku city & University News

25 Sep, 08:18


ဖန်တီးပုံဖော်ရကြိုးလေးနပ်ခဲ့ပြီး
အားပေးဖတ်ရှု့သောတစ်ယောက်ခြင်း
ဆီတိုင်းကိုအထူးလေးစာ
ခင်မင်လျက်ပါခင်ဗျ🙏🙏🙏😊
ဆန္ဒနဲ့ဘဝတစ်ထက်ထဲကျလို့
မြန်မာပြည်နှင့်တကွအားလုံးသော
သက်ရှိအပေါင်းငြိမ်းချမ်းသာယာ
အေးမြကြပါစေ🙏🙏🙏😊

#ဇိုရာ_မာန်_18_9_2024🍎🕊️

🌧️ ပါးပြင်ထက်က မိုးမခမုတ်သုံ ⛈️
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

{ 1 }

မနက်ခင်းတဲ့လား
အသက်သွင်း
ပေးကတည်းက
ခေတ်ဆိုးရဲ့
စနက်တံအောက်မှာ
တစပြင် ပြန့်ကျဲလို့လွင့်စင် ✍️

{ 2 }

ရင်နင့်စရာနဲ့
အဆုံးသတ်တဲ့ အဆုံးဖြတ်
မြင်ကွင်းများ
ရှစ်မျက်နှာ
ထောင်းလမောင်းကြေ စိတ်တံခါးများ
မှိုင်းမှိုင်းပြပြ ခိုတွဲလို့
သောင်းသောင်းဖြဖြ
ကြိုဆိုမှု့အောက်မှာ ခေါင်းမဖေါ်နိုင်တဲ့
ပစ္စုပ္ပန် အမာရွတ်များ ✍️

{ 3 }

စတေးခံရခြင်းမှာ
ဒဏ်ကြေတေးက
နာလန်မထူနိုင်ခဲ့ တစ်ရှိုက်ပြီးတစ်ရှိုက်
တစ်ယောက်ပြီး
တစ်ယောက်
ဖျစ်ညှစ်ဆုတ်ဖြဲ
ခံလိုက်ရတဲ့
ခါးကြောပျက် လမ်းမများ
တစ်ကောင်ပြီး တစ်ကောင်
တစ်တောင်ပြီး တစ်တောင်
တောလဲသံ အောက်မှာ
ယူကြုံးမရ
မြို့ပျက်ကြီးနဲ့
ထိန်းမြှားရင်း အထစ် ထစ်
အငေါ့ ငေါ့
အမောဖောက်သွားတဲ့
အနတ္တ ရထားလမ်းတစ်စင်း ✍️

{ 4 }

ကပ်ဆေးတာလား
ညစ်ထေးနေတဲ့
ခေါင် နံရံပေါ်က
ခြေယာဟာ
နတ်ဆိုးတစ်ကောင်ပဲ ဖြစ်မယ်
ဖက်မိုး ဓနိတောင်မချန်
ဇရပ်ပျက်လည်း
အိပ်ရေး ပျက်နေရှာပေါ့ ✍️

{ 5 }

ထွက်လုလု
ဝိညာဉ်ကောင်ကို ငုံ့ကြည့်တော့
အသက်လု
ပြေးလွှားနေတဲ့
ကြွေကျကမ်းပါးများ တရစပ်
ညဟာ
ဆာဆာလောင်လောင်
မြီးတစ်ကောင်လို မြည်တမ်းနေရှာခဲ့ ✍️

{ 6 }

ပြာချပြီးသား
ဆေးလိပ်တိုကို ရှိုက်ခါမှ
မနက်ဖြန်ဟာ
ပတ်ကြားအက်
အိမ်မက်သပ်သပ်ဆိုတာ သိခဲ့ရ
တံစက်မြိတ်မှာ
ခိုတွဲနေတဲ့ မိုးစက်တွေကို
ဘယ်နတ်ဘီးလူးက
စီးမိုးသွားလဲ
ညအရောင်ဆောင် ကောင်ဟာ
မျဉ်းပြိုင်ပေါ်မှာ
လျောက်နေလေရဲ့ ✍️

{ 7 }

သက်ဆိုးကြာရှည်နေတဲ့
ပုလင်းဝက
ချပ်ထိုးခံ မျက်နှာသေများ
ဖာရင်ဟိုက်
လွန်ကဲမှု့ ဆုံမှတ်မှာ
မိုးမခမုတ်သုံထဲ စီးနင်း
ဖွင့်မပြတဲ့
စကားလုံးတိုင်းက နက်နက်နဲနဲ
ကျမ်းတစ်ချက်ကို
ကိုင်ဆွဲလို့ ✍️

{ 8 }

ယိုင်နဲသွားတဲ့
အလံတော်
ဘယ်မြစ်ဖျားက နာခဲ့လို့လဲ
အတောမသက်
စီးဆင်းသွားတဲ့
ဆည်းဆာဟာ ခိုက်ခိုက်တုန်လို့
အရိုးကွဲမတတ် အော်ဟစ်
ချဉ်ဆီတွေ
ခမ်းခြောက်သွားမှ
ညဟာ
ပြာလဲ့လဲ့ကောင်းကင်အောက်မှာ
ဥပါဒ်ကင်းကင်းနဲ့
မနက်ဖြန်ကို
နေထွက်ခွင့် မပေးတော့ ✍️

#ဇိုရာ_မာန်_15_9_2024🍎🕊️

Pakokku city & University News

09 Sep, 04:00


ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၈

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလန်မြို့ အခြေစိုက်တပ်ရင်း၌ တာဝန်ကျနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးသည် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ မိသားစုကို လာရောက်ခေါ်ဆောင်စဉ် အင်ပင်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“အင်းပင်ရွာမှာက စကစ ကာကင်းစခန်းရှိတယ်။ သူက အင်ပင်စခန်းနဲ့ မနီးမဝေးလောက်ကနေ လာ စောင့်ခေါ်တာ၊ သတင်းကကြိုရလို့ စကစ ကာကင်းစခန်းရှိတဲ့ အင်ပင်ရွာနားအထိကပ်ပြီး စောင့်ဖမ်း ခဲ့တာ၊ သူက ရှမ်းပြည်ခိုလန်ဘက်မှာ တာဝန်ကျနေတာ။အသေးစိတ်တော့စစ်ဆေးနေတုန်းပဲ” ဟု Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Pakokku city & University News

19 Aug, 08:04


ေတာ်လှန်ရေးကာလ ၃နှစ်တောင်ကြာခဲ့ပြီအမေ
တစ်ချို့တွေ တော်လှန်ရေးအစမှာတင်
အသက်တွေ ပေးဆပ်ခဲ့ရ.......
တစ်ချို့လည်း အသက်တွေပေးဆပ်နေကြရတုန်း
ဒီခရီးဆုံးအောင်ထိ သူတို့တွေပါမလာတော့ဘူးအမေ..။

ကိုယ်အသက်စွန့်လုပ်နေရတဲ့ တာဝန်တွေက
ကိုယ်အတွက် ဟုတ်မဟုတ်မသေချာတာတောင်
သူတို့တွေနောက်မဆုတ်ခဲ့ဘူးအမေ......
အမေတို့မွေးလိုက်တဲ့ တိုင်းပြည်အနာဂါတ်တွေပေါ့...။

အိမ်မှာဆိုရင် ငါ့သားလူမိုက်ကြီးလို့
အမေခနဲ့နေကျ ဒီကောင်က
အခုလည်း ဆိုးလိုမဝသေးဘူးအမေ.....
ဒါပေမဲ့ ဒီတစ်ခါအမှန်တရားဘက်ကဆိုးနေခဲ့မိတာ
မိဘစကားနားမထောင်လေခြင်းလို့ အမေအပြစ်တင်မလား.....ဒါမှမဟုတ်ငါ့သားအာဇာနည်သူရဲကောင်းကြီးလို့
အမေဂုဏ်ယူနေလေမလား........။

မိသားစုအတွက်တာဝန်မကျေတဲ့သားရယ်လို့
အပြစ်မမြင်လိုက်ပါနဲ့အမေ......
ကျွန်တော်တိုင်းပြည်အတွက်တော့တာဝန်ကျေနေပါတယ်။

ဘယ်တော့အိမ်ပြန်လာမလဲလို့
အမေမျှော်နေမှာပဲနော်.....
သားလည်းအမြန်ပြန်လာချင်ပြီ...။

မရေရာမသေချာတဲ့လမ်းပေါ်မှာလျှောက်နေပေမဲ့
ကျွန်တော်တို့မှာ ယူံကြည်ချက်တွေအပြည့်နဲ့အမေ
အမေစောင့်နေပေးပါ အမေ့သားရဲ့အိမ်ပြန်လမ်းကို
ကျွန်တော်ဆက်ဆက်ပြန်လာခဲ့မှာပါ....။

#တော်လှန်ရေးရဲဘော်များအတွက်ခံစားရေးဖွဲ့သည်

Pakokku city & University News

19 Aug, 06:11


ပခုက္ကူမြို့ ရွှေချောင်းရပ်ကွက်တွင် မနေ့ညက ဧည့်စားရင်းမတိုင်သောကြောင့် အမျိုးသ မီးအချို့ အဖမ်းခံရကြောင်းသိရပါတယ်။

၁၉.၈.၂၀၂၄

Pakokku city & University News

27 Jul, 11:46


ပခုက္ကူရေ အသံတွေစွံ့ ၊နားတွေဖွင့်ပြီး နှုတ်လုံပေးကြပါ🙂🙏🙏🙏

1,129

subscribers

353

photos

2

videos